← Chapters

မိုးကောင်ကင်နတ်ဘုရား

Vol. 32 Ch. 450

မိုးကောင်ကင်နတ်ဘုရား

Vol. 32 Ch. 450

ဘာသာပြန်- The Fate

"နင်တို့ပုရွက်ဆိတ်တွေတောင် ဒီနေရာမှာ ပေါ်လာနိုင်သေးတာပဲ။ ငါကဘာလို့ ပေါ်မလာနိုင်ရမှာလဲ?"

သိချင်း၏ မျက်နှာမှာ အေးစက်နေခဲ့ပြီး သူမ၏ လှပသေးသွယ်သော ခန္ဓာကိုယ်ကလေးထံမှ ကမ္ဘာလောကကြီးကို တုန်လှုပ်စေနိုင်သော သတ်ဖြတ်ခြင်းအရှိန်အဝါများ ထွက်ပေါ်လျက်ရှိသည်။

မရဏမျိုးနွယ်စု၏ အမျိုးသမီးသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိကာ သူမ၏ မျက်နှာထက်၌ အကြောက်တရားများဖြင့် ပြည့်နှက်လာခဲ့သည်။ သူမဟာ ယခင်က မဟာနတ်ဆိုးကြီးရွှမ်ရှကို စနောက်ခဲ့သလိုမျိုး မောက်မာသည့် အသွင်အပြင်မျိုး မရှိတော့ပါ။ ထိုမြင်ကွင်းက မဟာနတ်ဆိုးရွှမ်ရှကို အင်မတန်မှ ပျော်ရွှင်သွားစေခဲ့သည်။

'ဒီမဟာနတ်ဆိုးကြီးရွှမ်ရှကို အနိုင်ကျင့်ချင်သေးလား? ဟမ်... ဒီနတ်ဆိုးအိုကြီးရဲ့ နောက်ခံကိုကြည့်လိုက်စမ်းပါ ။မင်းငါ့ကိုထပ်ပြီးတော့ အနိုင်ကျင့်ချင်သေးရဲ့လားကွ!'

မဟာနတ်ဆိုးကြီးရွှမ်ရှနှင့် နှိုင်းယှဥ်ပါလျှင် ဝမ်ဖုန်း၏ နှလုံးသားမှာ အနည်းငယ်လေးလံနေခဲ့သည်။ သိချင်း၏ လျှို့ဝှက်ဆန်းကြယ်သော သရုပ်မှန်က သူ့ကို သံသယဝင်လာစေခဲ့သည်။

ဒီလိုအဆင့်အတန်းမျိုးနဲ့ သိချင်းက ဘာလို့ ရှန်ရှန့်ကျုံဂိုဏ်းထဲကို ဝင်ရောက်လာခဲ့တာလဲ?။ ပြီးတော့သူ့ကိုလည်း အရမ်းလေးလေးစားစား ဆက်ဆံခဲ့သေးတယ်။ ဒါက ဘာ့ကြောင့်များပါလိမ့်?။

မရေမတွက်နိုင်သော မေးခွန်းများသည် ဝမ်ဖုန်း၏စိတ်အာရုံအတွင်း၌ ပြည့်နှက်လာခဲ့ကာ သူ့ကို ပဟေဠိဖြစ်လာစေခဲ့သည်။ 

ဘုန်း!

ဝမ်ဖုန်းက တွေးတောနေစဥ်တွင် သိချင်းက လှုပ်ရှားမှု တစ်ခုကိုပြုလုပ်လိုက်သည်။ သူမက လက်ကိုဆန့်ထုတ်လိုက်ပြီး မရဏမျိုးနွယ်စု၏ လူသုံးယောက်ကို ကြမ်းတမ်းစွာ ဖမ်းဆုပ်လိုက်သည်။ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများမှာ ပျံ့လွင့်ထွက်ပေါ်လာခဲ့ပြီး စွမ်းအားများမှ အသွင်ပြောင်းဖြစ်တည်လာသော ဧရာမလက်ဖဝါးကြီးသည် မရဏမျိုးနွယ်စု၏ လူသုံးယောက်ကို ပြင်းထန်စွာ ဖိနှိပ်ဆုပ်ကိုင်ထားခဲ့သည်။ 

ချန်ခွမ်းသူတော်စင်အထွတ်အထိပ်အဆင့်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သော သိချင်းကို ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်၌သာ ရှိသေးသော မရဏမျိုးနွယ်စု လူသုံးယောက်က မယှဥ်ပြိုင်နိုင်ခဲ့ချေ။ 

"ပြောစမ်း! မင်းတို့တွေ ဘာဖြစ်လို့ ယွမ်ဟွားကောင်းကင် ဘုံကြီးထဲမှာ ထွက်ပေါ်လာရတာလဲ? ဒီနတ်ဘုရားရဲ့ အမျက်ဒေါသကို မင်းတို့ကောင်းကောင်းသိသင့်တယ် ၊ မနာကျင်ချင်ဘူးဆိုရင် မင်းတို့ဘာသာပြောတာကောင်းလိမ့်မယ်"

သိချင်းက မရဏမျိုးနွယ်စု၏ လူသုံးယောက်ကို ထူးမခြားနားစွာစိုင်ကြည့်လိုက်ပြီး အေးစက်သောလေသံဖြင့် ပြောဆိုလိုက်သည်။ 

ထိုကဲ့သို့ ပြင်းထန်သည့်အမူအရာက မနီးမဝေးတွင်ရှိနေသော မဟာနတ်ဆိုးရွှမ်ရှကို ကြောင်အသွားစေခဲ့သည်။ သူ့ကို ကြောက်လန့်စေခဲ့သော စွမ်းအားရှင်ကြီးသုံးယောက်ကို ဂိုဏ်းချုပ်ရဲ့ မယားငယ်လေးက လက်ထဲမှာ အလွယ်တကူဖမ်းချုပ်ထားလိုက်တာလား?

ဂိုဏ်းချုပ်ကတော်၏ ထိတ်လန့်ချောက်ချားဖွယ်ကောင်းမှုကို ပြန်ပြောင်းတွေးမိလိုက်သည့်အခါ မဟာနတ်ဆိုးရွှမ်ရှက ဝမ်ဖုန်းကို နတ်ဘုရားတစ်ပါးအား စိုက်ကြည့်သလို လှမ်းကြည့်လိုက်မိသည်။

မဟေသီမိဖုရားကြီးက ကြောက်မက်ဖွယ်ကောင်းသလိုမျိုး ကြင်ယာတော်လေးကလည်း လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်လှပါလား။ ဂိုဏ်းချုပ်ကတော့ ကျုပ်နတ်ဆိုးအိုကြီးကို အရှက်ရစေမိပါပြီ။

မဟာနတ်ဆိုးရွှမ်ရှ၏ အတွေးများကို ဝမ်ဖုန်းသာသိရှိလိုက်ပါက သူ့ကို သေသည်အထိရိုက်နှက်မိပေလိမ့်မည်။

မရဏမျိုးနွယ်စု၏ အမျိုးသမီးသည် သိချင်း၏ စကားများကို ကြားလိုက်ရသည့်အခါ သူမ၏ကြီးမားသော ခန္ဓာကိုယ်မှာ တုန်ရင်သွားခဲ့ရပြီး သူမမျက်နှာထက်၌ စိတ်ပျက်အားလျော့သော အကြည့်များဖြစ်ပေါ်လာခဲ့သည်။ 

သွေးနီရောင်မိုးကောင်းကင်စစ်တပ်၏ သူတော်စင်သိချင်းလက်ထဲတွင် မရဏမျိုးနွယ်စုမှ လူပေါင်းအဘယ်မျှလောက် သေဆုံးသွားခဲ့သည်ကို ဘယ်သူကမှ မသိနိုင်ကြပါ။ 

တစ်ချိန်က သူမသည် မရဏမျိုးနွယ်စု၏ အကြီးအကဲတစ်ယောက်ဖြစ်သော သူမအဖေနောက်ကို လိုက်ပါသွားပြီး တိုက်ပွဲမြေပြင်ကို တွေ့မြင်ခွင့်ရခဲ့သည်။ ထိုအချိန်၌ သူမဟာ သွေးနီရောင်မိုးကောင်းကင်စစ်တပ်၏ သူတော်စင် သိချင်း အဘယ်မျှလောက်ကြောက်မက်ဖွယ်ကောင်းကြောင်းကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရသည်။

သူမ၏ မျက်ဝန်းထဲတွင် အင်မတန်မှ သန်မာလှသော မရဏမျိုးနွယ်စု၏ စွမ်းအားရှင်များသည် စစ်ပွဲသူတော်စင် သိချင်း၏ လက်ထဲတွင် ပုရွက်ဆိတ်များလိုမျိုး အလွယ်တကူ သတ်ဖြတ်ခြင်းခံလိုက်ရသည်။ ထိုမြင်ကွင်းက သူမ၏ စိတ်အာရုံထဲ၌ တစ္ဆေတစ်ကောင်လို အမြဲတမ်းခြောက်လှန့်နေခဲ့သည်။ သူမဟာ သိချင်းကို နှလုံးအိမ်ထဲမှနေ၍ နက်ရှိုင်းစွာ ကြောက်လန့်နေပါသည်။

"ကျွန်မ ဒီကိုဘယ်လိုရောက်လာသလဲ မသိဘူး... အစက ကျွန်မတို့ သုံးယောက်က မရဏနယ်မြေအတွင်းက လျှို့ဝှက်နယ်ပယ်လေးထဲမှာ ကျင့်ကြံနေကြတာ ၊ အဲ့ဒီလျှို့ဝှက်နယ်မြေထဲမှာ ကျောက်ကမ္မည်းတိုင်ကြီးတစ်ခုကို ကျွန်မတို့တွေ့ခဲ့ရတယ်... အဲ့ဒီကမ္မည်းတိုင်ကြီးကို ထိတွေ့လိုက်တဲ့အခါမှာ ယွမ်ဟွားကောင်းကင်ဘုံကို ရောက်လာရတာပဲ"

မရဏအမျိုးသမီးက အေးစက်မှုများ တရိပ်ရိပ်တိုးပွားလာသော သိချင်း၏ မျက်ဝန်းများကို မဝံ့မရဲစိုက်ကြည့်လိုက်ပြီး လျင်မြန်စွာပြောဆိုလိုက်သည်။

သူမဟာ တစ်ကယ်ပဲ ကြောက်လန့်နေပါပြီ။ ဤနှစ်များစွာအတွင်း၌ စစ်ပွဲသူတော်စင်သိချင်း မရဏမျိုးနွယ်စုမှ လူပေါင်းများစွာကို သတ်ဖြတ်နေသည့်မြင်ကွင်းဟာ သူမ၏စိတ်အာရုံအတွင်း၌ အကြိမ်ပေါင်းများစွာ ထွက်ပေါ်လာခဲ့သည်။ ယင်းက အိမ်မက်ဆိုးကြီးတစ်ခုအလားပင်။ သူမဟာ ထိုအိမ်မက်ဆိုးကြီးကို အပြီးတိုင်ဖျောက်ဖျက်နိုင်ခဲ့ပြီဟု ထင်ခဲ့သော်လည်း သိချင်းကို ပြန်လည်တွေ့မြင်လိုက်ရသည့်အခါ ထိုအိမ်မက်ဆိုးကြီးကို သူမ ဘယ်တုန်းကမှ ဖျောက်ဖျက်နိုင်ခြင်းမရှိကြောင်း သတိပြုမိခဲ့ရသည်။

"ကျောက်ကမ္မည်းတိုင်... ဟုတ်လား? ဘယ်လိုကျောက်ကမ္မည်းတိုင်လဲ?"

သိချင်းကမျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာ မေးမြန်းလိုက်သည်။

သိချင်း၏ ဘေးနားတွင်ရှိနေသော ဝမ်ဖုန်းဟာလည်း နားစွင့်လိုက်ပြီး အသေအချာ နားထောင်နေမိသည်။ လက်ရှိအချိန်တွင် မရဏဘုံလောကနှင့် နတ်ဘုရားဘုံလောကတို့သည် သူမထိတွေ့နိုင်သော အရာများဖြစ်ကြသည်။ သူဟာ သိချင်းတို့စကားဝိုင်းထံမှ ရနိုင်သမျှသော လျှို့ဝှက်ချက်များကို ရယူထားချင်သည်။

"ကျွန်မလည်း မသိဘူး... အဲ့ဒီကျောက်ကမ္မည်းတိုင်ကြီးက ဗလာဖြစ်နေတာ 'ယုထျန်းကန်ရှန်း' လို့ခေါ်တဲ့ စကားလုံးလေးလုံးကိုပဲ ရေးထွင်းထားတယ်"

အမျိုးသမီးက ခေါင်းခါလိုက်ပြီး ပြောဆိုလိုက်သည်။

"ယုထျန်းကန်ရှန်း...."

အဲ့ဒါ အဲ့ဒီကြွက်စုတ်တွေပဲ...

ဘုန်း!

အမျိုးသမီး၏စကားကိုကြားလိုက်ရသည့်အခါ သိချင်းက ဦးစွာပထမတီးတိုးစွာရေရွတ်လိုက်ပြီးနောက် သူမ၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။ သူမ ခန္ဓာကိုယ်တစ်ခုလုံးမှ အရှိန်အဝါများသည် ရုတ်တရက်ပြောင်းလဲသွားခဲ့ကာ အဆုံးအစမဲ့သော သတ်ဖြတ်ငွေ့များသည် သေးသွယ်နူးညံသော ခန္ဓာကိုယ်ကလေးထံမှ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ထိုသတ်ဖြတ်ခြင်း အရှိန်အဝါများ၏ မျက်မှောက်တွင် ကမ္ဘာလောကကြီး တစ်ခုလုံးက ကပြောင်းကပြန်ဖြစ်သွားခဲ့ရသည်။

ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါများသည် မရဏမျိုးနွယ်စုဝင်သုံးယောက်ကို တုန်လှုပ်စေခဲ့ရုံသာမက မဟာနတ်ဆိုးရွှမ်ရှ ၊ လီပိုင်နှင့် အခြားသူများကိုလည်း တုန်လှုပ်သွားစေခဲ့သည်။ သိချင်းက သူတို့ကို ထိခိုက်အောင်မလုပ်မှာကို သိနေခဲ့သော်လည်း သူတို့်အားလုံးဟာ မကြောက်လန့်ပဲ မနေနိုင်ကြပါ။

"ဟာဟား... ကောင်းကင်တာအိုမျိုးနွယ်စုရဲ့ ထွက်ပေါ်လာမှုက အဲ့ဒီကြွက်စုတ်တစ်သိုက်ကြောင့်ပေါ့လေ... အရမ်းကောင်းတယ်။ စောင့်နေလိုက်စမ်းပါ ဒီစစ်ပွဲသူတော်စင်က မင်းတို့ကြွက်စုတ်တွေကို အရေခွံနွှာပစ်မယ်"

ငရဲဘုံတမျှ အေးစက်ကြမ်းတမ်းလှသော အသံကြီးသည် သိချင်း၏ နှုတ်ဖျားမှ ပွင့်ဟထွက်ပေါ်လာခဲ့သည်။ ဤအချိန်၌ ဝမ်ဖုန်းကတောင် သိချင်းကြောင့်တုန်လှုပ်သွားခဲ့ရသည်။

ဤအချိန်တွင် သူမဟာ သွေးနီရောင်မိုးကောင်းကင်စစ်တပ်၏ မြင့်မြတ်သော စစ်ပွဲသူတော်စင်သိချင်း၏ သရုပ်မှန်ကို လှစ်ဟပြသခဲ့သည်။ သူ၏ ဘေးနားတွင် အစဥ်အမြဲသိမ်မွေ့စွာနေခဲ့သော သိချင်းနှင့် လားလားမျှမသက်ဆိုင်တော့ပါ။

ထိတ်လန််ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒများသည် သိချင်း၏ အနောက်ဘက်၌ မြင့်မြတ်သော သတ်ဖြတ်ရေးဓါးသွားအဖြစ်ပြောင်းလဲသွားခဲ့ကာ လေဟာ ပြင်ကို ထိုးခွင်းတော့မတက် ဖြစ်နေခဲ့သည်။ ရှေး ဟောင်းဗုဒ္ဓဂိုဏ်း နယ်မြေတစ်ခုလုံးသည် ဤသတ်ဖြတ်ခြင်းစိတ်ဆန္ဒများ၏ မျက်မှောက်၌ အေးစက်သော ရေခဲထုအဖြစ်သို့ ကူးပြောင်းသွားရသည့်အလားပင်။

ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ အပြင်ဘက်တွင်ရှိနေသော ပဏ္ဍိတနယ်ပယ် စွမ်းအားရှင် ၁၂ ယောက်၏ ကိုယ်ခန္ဓာများမှာ တောင့်တင်းသွားကြသည်။ မိုးကောင်းကင်ယံထိတိုင် ပျံ့လွင့်ထွက်ပေါ်လာသော အေးစက်သည့် သတ်ဖြတ်ခြင်းအရှိန်အဝါများသည် သူတို့ ယခုလေးတင် ခက်ခက်ခဲခဲလုပ်ဆောင်ခဲ့သော ချိပ်စည်းကို တိုက်ရိုက်ချိုးဖြတ်လိုက်သည်။ မှော်ဆန်သော သင်္ကေတများဖြင့် ပြုလုပ်ထားသည့် ထူထဲသော ချိန်းကြိုးကြီးများမှာ တစ်စစီ ကြေမွပျက်စီးသွားရသည်။

"ဘာတွေဖြစ်နေတာလဲ?"

"ဒီအရှိန်အဝါက...."

ပဏ္ဍိတနယ်ပယ်စွမ်းအားရှင် ၁၂ ယောက်သည် တညီ တညွတ်တည်း ရေရွတ်လိုက်မိသည်။ သူတို့ ၁၂ ယောက်၏ မျက်ဝန်းများအတွင်း၌ ကြောက်လန့်မှုများ ထွက်ပေါ်လာခဲ့သည်။ ဝန်းကျင်တစ်ခွင်ပျံ့လွင့်နေသော အေးသက်သည့် သတ်ဖြတ်မှုအရှိန်အဝါများက သူတို့ကို ရေခဲဂူကြီးအတွင်းသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရစေသည်။ ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ နယ်မြေအတွင်း၌ နတ်ဘုရားတစ်ပါး နိုးထဖြစ်တည်လာသည့်အတိုင်းပင်။ 

သူတို့ထိတ်လန့်နေကြစဥ်တွင် သတ်ဖြတ်မှုအရှိန်အဝါကြီးဟာ ပြန်လည်ပျောက်ကွယ်သွားခဲ့ပြီး သူတို့အပေါ် ဖိနှိပ်ထသော လေးလံသည့်ဖိအားသည်လည်း လွင့်ပြယ်သွားခဲ့သည်။ သူတို့ဟာ ကြီးလေးစွာ သက်ပြင်းချလိုက်မိပြီး သူတို့၏ အဝတ်အစားများက ချွေးအေးများဖြင့် စိုရွှဲနေခဲ့သည်။ 

"ကျုပ်တို့တွေ ဆက်ပြီး ချိပ်ပိတ်ကြဦးမှာလား? "

ကောင်းကင်ပြုပြင်ခြင်းဂိုဏ်း၏ ပဏ္ဍိတအိုကြီးသည် သူ့နှဖူးပေါ်ရှိချွေးအေးများကို သုတ်လိုက်ပြီး သတိကြီးစွာဖြင့် ပြောဆိုလိုက်သည်။ 

"ချိပ်ပိတ်ရမယ်! ဒီရှေးဟောင်းဗုဒ္ဓဂိုဏ်းနယ်မြေအတွင်းမှာ မခန့်မှန်းနိုင်တဲ့ အပြောင်းအလဲတွေဖြစ်ပေါ်နေတယ် ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာကို ချိပ်ပိတ်ရမယ်!"

ဟွမ်ထျန်းအိမ်တော်၏ ဘိုးဘေးအိုကြီးက ကျယ်လောင်စွာ ပြောဆိုလိုက်သည်။ မြောက်မြားစွာသော ပဏ္ဍိတနယ်ပယ်ဘိုးဘေးများကလည်း ဟွမ်ထျန်းအိမ်တော် ဘိုးဘေး၏ စကားကို သဘောတူကြသည်။ မြင့်မြတ်သော သင်္ကေတများမှာ ပြန်လည်၍ ထွက်ပေါ်လာကြပြီး သူတို့ဟာ ခွန်အားကုန်သုံး၍ ချိပ်ပိတ်နေကြသည်။ ဤတစ်ကြိမ်တွင် သူတို့ဟာ အနည်းငယ်တောင် ခွန်အားထိန်ချန်မထားဝံံ့ပဲ အရှိန်အဟုန်အပြည့်ကို ထုတ်ဖော်ခဲ့လေသည်။

ဘုန်း!

တစ်ချိန်တည်းမှာပဲ ရှေးဟောင်းဗုဒ္ဓဂိုဏ်း လျှို့ဝှက်နယ်မြေအတွင်း၌ မရဏမျိုးနွယ်စု၏ လူသုံယောက်သည်သိချင်း၏ တစ်စစီ ဆုတ်ခြေခြင်းကို ခံခဲ့ရသည်။ သူတို့၏ စိတ်ဝိညာဥ်မှတ်ဉာဏ်များကို သိချင်းက လေ့လာဆန်းစစ်ခဲ့ပြီး သိချင်း၏ မျက်ဝန်းများမှာ ပိုမို၍ အေးစက်လာခဲ့သည်။

ထိုကြွက်စုတ်များမှာ ဤနှစ်ပေါင်းများစွာကာလအတွင်း၌ ကောင်းကင်တာအိုမျိုးနွယ်စုအတွင်းသို့ လူမသိသူမသိ ထိုးဖောက်ဝင်ရောက်ခဲ့လေပြီ။

All Chapters