ဟောက်ထျန်းရဲ့ နှလုံးသားကအားငယ်နေပြန်ပြီ
Vol. 13 Ch. 181
ကောင်းကင်သုံးခု အဆင့် အဘိုးကြီးနဲ့ မျက်နှာချင်းဆိုင် တွေ့နေရတာကြောင့်.လင်းဟောက်ထျန်း ထိပ်လန့်နေခဲ့သည်..။
သူ အံကို ကြိတ်လိုက်ပြီး..
"ခင်ဗျား ကျုပ်ကို သတ်လို့ရတယ်..ဒါပေမဲ့ သူ့ကိုတော့ လွှတ်ပေးလိုက်.."
သူ ခြေထောက်အောက်က ..ကောင်းကင်မိုးကြိုး လင်းယုန်ကို ညွှန်ပြလိုက်သည်..။သူတို့ နှစိဦးက တွေဆုံကြတာ မကြာသေးပေမယ့် နက်ရှိုင်းတဲ့ ဆက်ဆံရေးတော့ ရှိနေကြပြီဖြစ်သည်..။
ကောင်းကင်မိုးကြိုး လင်းယုန်ဟာ နောက်တစ်ကြိမ် အော်ဟစ်လိုက်သည်..။သူ့ရဲ့စူးရှတဲ့ မျက်လုံးတွေကတော့..အဘိုးအို ကို နောက်မဆုတ်တဲ့ ရည်ရွယ်ချက်တွေနဲ့ ကြည့်နေခဲ့၏..။
လင်းဟောက်ထျန် စိတ်ခံစားချက် ဖြစ်သွားခဲ့သည်..။တစ်ချို့လူသားများသည် သူ့အတွက် မိသားစုကိုတောင် စွန့်လွန့်နိုင်ကြသည်..။အခုလည်း နတ်ဆိုးသားရဲက သူ့အတွက် သေခြင်းရှင်ခြင်း ကို စိန်ခေါ်နေခဲ့ပြန်သည်..။
ဒါကို တွေးမိသွားပြီး လင်းဟောင်ထျန် ရုတ်တရက် စိတ်သက်သာရာရသွားခဲ့သည်..။
အဘိုးအို ရဲ့ အကြည့်တွေဟာ ပတ်ဝန်းကျင်ကို ရောက်ကာ အေးစက်သွားခဲ့ပြီး..
"မင်းရဲ့ နောက်ကွယ်က လူက ထွက်မလာချင်မှတော့...ဒီလိုပဲ ရှိပါစေတော့.."
သူ လက်ကို မြှောက်ပြီးတိုက်ခိုက်ခါနီးတွင် တစ်ခုခုကို ခံစားမိပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်..။သူ့ အမူအရာ ချက်ချင်း ပြောင်းလဲ သွားခဲ့၏..။
ကောင်းကင်းထက်မှ ပြင်းထန်သည့် တိမ်တိုက်များ ပျောက်ကွယ်သွားခဲ့ပြီး..ရွှေရောင် အလင်းတန်းများ ကျဆင်းလာခဲ့သည်..။
မြို့သားများဟာ..ရွှေရောင် အလင်းတန်းများ အများကြီးပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်ကို မြင်လိုက်ကြရသည်..။
ဒီမြင်ကွင်းက အားလုံးကို တီးတိုးဆွေးနွေးမူများ ဖြစ်ပေါ်စေ၏..။အဖြူရောင် ဝတ်ရုံအစောင့်အကြပ်တွေတောင်..အင်ပါယာထံ သွားရောက် သတင်းပို့ခဲ့ကြသည်..။
အင်ပါယာ ရွှတ်ထျန်း
"အဲတာက ဘယ်နှစ်ကြိမ်ဖြစ်တာလဲ.."
အစောင့်အကြပ် ပြန်ဖြေလိုက်သည်..။
"ဒီဟာက လွန်ခဲ့တဲ့ နှစ်ဝက် အတွင်းမှာ ၇၃ ကြိမ် ရှိပါပြီ.."
"၇၃ ကြိမ်..။ကြည့်ရတာတော့ တကျန်းမှာ အန္တရာယ်တွေ ဝန်းရံနေပြီထင်တယ်.."
အင်ပါယာ ရွှန်းထျန်း ရေရွတ်လိုက်သည်..။တာအိုဘိုဘေးက ဟိုဟိုဒီဒီ လျောက်လုပ်နေတာ မဟုတ်ဘူးဟု သူ ယုံကြည်၏..။သူ ရင်ဆိုင်နေတဲ့ ကြီးမားသည့် ရန်သူတစ်ယောက် ရှိနေလိမ့်မည်..။
၇၃ ကြိမ်...
ဧကရာဇ် ရွှမ်ထျန်း အတွေးနက်သွားခဲ့သည်..။ထီးနန်း ကို ကာကွယ်ရသည်က ထင်ထားတာထက်ကို ပိုပြီး ရုန်းကန် နေရပေသည်..။
အင်ပါယာ ရွှန်းထျန်း အမိန့်ပေးလိုက်သည်..။
"ကျန်းချန်ရှန်း ကို စောင့်ကြည့်ပေး.."
"သိပါပြီ.."
သို့ပေမယ့် အင်ပါယာ ရွှန်ထျန်းဟာ..ဆက်ပြီးတော့ အာရုံ မစိုက်နိုငိတော့ပေ..။သူက မျက်မှောင်ကျုတ်နေပြီး..တစ်ခုခုကိုသာ တွေးတောနေခဲ့သည်..။
လင်းဟောင်ထျန်း ကောင်းကင်မိုးကြိုး သိမ်းငှက်ပေါ်တွင် ရပ်နေခဲ့သည်..။ကောင်းကင်မိုးကြိုး သိမ်းငှက်တောင်မှ ..တုန်ရီ နေခဲ့၏..။
ဘေးပတ်ဝန်းကျင်တွင်မူ..ရွှေရောင် အလင်းတန်းတွေ ယခုထိပင် ရှိနေသေးပြီး..သူတို့ကို ဝန်းရံထားသည့် ချန်လန် ဂိုဏ်းသား များကတော့ ဆိုးဆိုးဝါးဝါး သေကုန်ကြပြီ ဖြစ်သည်..။ယခုတော့ လူအိုကြီး အလောင်း တစ်ခုတည်းသာ ကျန်နေတော့သည်..။လူအိုကြီးကတော့..သူ့ ၏ ညာဘက်လက်ကို လေပေါ်တွင် မြှောက်ထားခဲ့သည်..။
"ကောင်းကင် သုံးခု အဆင့် ပညာရှင်ကလည်း ဒီလိုပဲ သေသွားပြီလား "
လင်းဟောက်ထျန်း ကြောင်အသွားခဲ့သည်..။
အတော်ကြာပြီးနောက် သူ အသိစိတ်ပြန်ဝင်လာခဲ့၏..။စိတ်လှုပ်ရှားစွာပဲ..သူ သိမ်းငှက်ပေါ်ကနေ ပြန်ဆင်းလိုက်ပြီး...
"ဟားဟားဟား..ငါ့ နောက်ခံက အင်အားကြီးတယ် မလား..."
"ဟင်း...သူတော်စင် စံအိမ်က အကြီးအကဲ တွေ စီနီယာကို ရှာ မတွေ့တာ အံ့ဩစရာ မရှိတော့ဘူး..။ကြည့်ရတာတော့..စီနီယာက ကောင်းကင်သုံးခု နယ်ပယ်ကို ကျော်လွန်ပြီးသွားပြီ ထင်တယ်..."
"ဘယ်လောက်တောင် သန်မာတဲ့ တကျန်းလဲ..။ရှောင်ယင်း..တွေ့တယ်မလား..။ငါ့နောက်ကို လိုက်ရင်..မင်း နာကျင်ရမှာမဟုတ်ဘူး.."
လင်းဟောက်ထျန်း ကလေးတစ်ယောက်လို ကခုန်နေခဲ့သည်..။
သူ့ရဲ့ ကျန်းချန်ရှန်းအပေါ် လေးစားမူက အထွပ်အထိပ်ကို ရောက်နေခဲ့ပါပြီ..။သူ တကျန်းကို ရောက်တဲ့ အချိန်ကနေ စပြီး သူ့ရဲ့ ဒီစီနီယာ နောက်ကို လိုက်ဖို့သာ ဆုံးဖြတ်ချက်ချလိုက်၏..။
တစ်ဖက်တွင်တော့..။
ကျန်းချန်ရှန်း ဟာ လင်းဟောက်ထျန်းရဲ့ အတွေးတွေကို ကြားပြီး အတော်လေး ကျေနပ်ပီတိ ဖြစ်နေခဲ့သည်..။
သူ ချန်လန် ဂိုဏ်း၏ တန်ဖိုးကို တွက်ချက်လိုက်၏..။
[ အမှတ် 3080000 ရရှိမည် ဖြစ်သည်..။ရှေ့ဆက်ချင်ပါသလား..]
နိုး..
လူအိုကြီး သေဆုံးသွားတာကြောင့် ချင်လျန် ဂိုဏ်း၏ တန်ဖိုးသည်လည်း အနည်းငယ် ကျဆင်းသွားခဲ့သည်..။ဒါက အတော်လေးကို ဆိုးဝါး၏..။
ကျန်းချန်ရှန်း ဟာ ချန်လန်ဂိုဏ်း ဒီလောက်နဲ့ လက်လျော့သွားမည်ကိုသာ တိတ်တဆိတ် မျှော်လင့်နေခဲ့၏..။ဘာပဲဖြစ်ဖြစ်..ကိုယ်ရေးကိုယ်တာကြောင့် ဂိုဏ်းတစ်ခုလုံးကို သူ ..အမြစ်မဖြုတ်ချင်ပေ..။
"လင်းဟောက်ထျန်း..လင်းဟောက်ထျန်း..အမြန်ရင့်ကျတ်ပေတော့..။ငါ မင်းကို အမြဲတမ်း မကာကွယ် နိုင်ဘူး..။မင်း အနာဂတ်မှာ ပြသနာ တွေ ပိုပြီး တွေ့လိမ့်မယ်..."
ကျန်းချန်ရှန်း မျက်လုံးတွေကို ပိတ်လိုက်သည်..။
သူ အချိန်အတော်ကြာအောငိ စောင့်နေသော်လည်း ရှင်သန်မူ ဆုလာဒ်ကို မရခဲ့ပေ..။
ဒီတစ်ကြိမ်တော့ သူ အနည်းငယ် နောင်တရမိ၏..။
ဒီလူက ကောင်းကင် သုံးခု နယ်ပယ် ပညာရှင်တစ်ယောက်ဖြစ်ပြီး..တစ်ယောက်ကို သတ်ချင်းက ကမ္ဘာပေါ်တွင် တစ်ယောက် လျော့သွားသည်ကို ဆိုလိုသည်မဟုတ်ပါလား..။ကံဆိုးချင်တော့ သူလုပ်နိုင်တာလည်း ဘာမှ မရှိပေ..။ကွာဟမူက အရမ်းများတာကြောင့် တစ်ဖက်လူက သူ့ရဲ့ ပြိင်ဘက် မဖြစ်နိုင်ခဲ့ပေ..။
ရွှန်းထျန်း ခေတ်..၂၁ နှစ်မြောက်..။ဖေဖော်ဝါရီလ..နွေရာသီ..။
ကျန်းချန်းရှန်း တရားထိုင်နေခဲ့ပြီး သူ၏ သိစိတ်ကတော့..တာအို ကမ္ဘာထဲကို ဝင်ရောက်နေခဲ့သည်..။
အခုချိန်တွင်တော့..တာအိုကမ္ဘာက ကမ္ဘာသစ်တစ်ခုတောင် ဖြစ်နေခဲ့ပြီဖြစ်သည်..။အပြာရောင် ကောင်းကင်ထက်တွင် တိမ်တိုက်များ ရှိနေခဲ့၏..။အစိမ်းရောင် သစ်တောများလည်း ကမ္ဘာကြီးထဲတွင် ရှိနေခဲ့သည်..။
လျိုယုဟာ တိမ်ပင်လယ်ထဲတွင် တောင်ပံများနှင့် ရှိနေပြီး သူ၏ နောက်တွင် အဖြူရောင် နဂါးက လိုက်နေခဲ့သည်..။အဖြူရောင် နဂါး၏ ပုံစံသည် အလွန်သေးငယ်နေခဲ့သည်..။
ကျနိးချန်ရှန်း ရဲ့ သိစိတ်သည် တိုက်ကြီး၏ အလယ်တွင် ရှိသည့် ကောင်းကင် နတ်ဘုရား သစ်ပင်ကို ကြည့်လိုက်သည်..။သစ်ပင်သည် ကြီးမား လာပြီဖြစ်ပြီး..သူ၏ ထိပ်တွင်တော့ တိမ်တိုက်များရှိနေခဲ့သည်..။ဒီသစ်ပင်က သစ်တောထဲမှာ အကြီးဆုံးသစ်ပင် မဟုတ်ပေမယ့် အတော်လေး..မျက်လုံး ဖမ်းစားနိုင်သည်..။
သို့ပေမယ့် ဒီသစ်ပင် ပိုပြီး မြင့်မားလာဖို့အတွက်..အချိန်အတော်ကြာအောင် စောင့်ရန် လိုအပ်နေပေသေးသည်..။
တာအို ကမ္ဘာထဲတွင် ကျန်းချန်ရှန်း သည် များပြားလှတဲ့ ပန်းပွင့်များ အပင််များကို စိုက်ပျိုးထားပြီး..အရင်းအမြစ်များမှာလည်း..မရှားပါးပေ..။တာအိုကမ္ဘာထဲတွင်တော့ ကျန်းချန်ရှန်းဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ စိတ်ဝိဥာဥ် စွမ်းအင်တွေကို စုပ်ယူဖို့ မလိုတော့ပေ..။သူ့ရဲ့ ကိုယ်ပိုင် စိတ်ဝိဥာဥ် စွမ်းအင်တွေက လှုံ့ဆော်ပေးနေပြီး လျိုယု နဲ့ အဖြူရောင် နဂါးကို ရှင်သန်စေသည်..။ဒီအထဲတွင် ကျန်းချန်ရှန်းတောင် လေ့ကျင့်လို့ရနိုင်ပေသည်..။
စိတ်ဝိဥာဥ် စွမ်းအင်တွေကို ခံစားနေရင်း ကျန်းချန်ရှန်းသည်..တာအိုကမ္ဘာကြီး၏ ဥပဒေသ များကို ခန့်မှန်းကြည့်နေခဲ့သည်..။စိတ်ဝိဥာဥ် စွမ်းအင်များသည် ကမ္ဘာကြီး၏ ဥပဒေသများအတွက် အခြေခံ အုတ်မြစ် ဖြစ်သည်..။စိတ်ဝိဥာဥ် စွမ်းအင် များလေလေ..သက်ရှိတွေ အများကြီး ရှင်သန်နိုငိလေ ဖြစ်၏..။
ကျန်းချန်ရှန်း ဟာ သူ့ရဲ့ သိစိတ်ကို ဆုတ်ခွာပြီး မျက်လုံးကို ဖွင့်လိုက်သည်..။
အံ့ဖွယ်ကံတရား အဆောင်မှ ကျန်းယင် ဟာ လာရောက်လည်ပတ်ခဲ့သည်..။သူ ရီယွန် နဲ့ ဓားနတ်ဘုရားကို အရိုအသေပေးပြီး ကျန်းချန်းရှန် ဆီကို ပို၍ ယဥ်ကျေးစွာ ရောက်လာခဲ့သည်..။
"တာအိုဘိုးဘေး..လတ်တလော..မြင့်မြတ်တဲ့ မင်းဆက် ရဲ့ အရိပ်အယောင်တွေ ထျန်းဟိုင် မြို့မှာ ပေါ်လာပါတယ်..။သက်သေတွေအရတော့ မြင့်မြတ်တဲ့ မင်းဆက်ဟာ..သူတို့ရဲ့ စောင့်ကြည့်မူတွေကို ထျန်ဟိုင် မြို့မှ ချထားပါတယ်..။ဒါက တကျန်းကို ကျိန်းသေ ပြသနာ ဖြစ်လာစေမယ့် အချက်ပါ.."
ကျန်းယင် ဂရုတစိုက်ပြောလိုက်သည်..။
ကျန်းချန်းရှန် တိတ်တဆိတ်သာ နေခဲ့၏..။
ကျန်းယင် ဆက်ပြောလိုက်သည်..။
"နဂါး သွေးကြောတိုက်ကြီးရဲ့ အနီးဆုံး မင်းဆက်က ဖန်ချန်း အင်ပါယာပါ..။ဖန်ထျန်း အင်ပါယာက လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က စတင်ပေါ်ပေါက်လာပြီး..တိုက်ကြီးနှစ်ခုလုံးကို ကြီးစိူးထားတာပါ..။ကိုယ်ခံပညာရှင်တွေ ဖွဲ့စည်း တည်ဆောက်မူဟာလည်း အံ့ဩလောက်စရာပါပဲ..။လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် ဖန်ထျန်း အင်ပါယာက ဓားကျောင်းတော်ကိုတောင် တည်ထောင်ခဲ့ပါသေးတယ်..။ဒီပင်လယ်ဒေသ ထဲမှာတော့ ဖန်ထျန်း ကျောင်းတော်က နံပါတ် ၁ လို့တောင် ပြောလို့ရတယ်လေ.."
ဓားကျောင်းတော်..။
ကျန်းချန်ရှန်း မျက်လုံးဖွင့်ပြီး ဓားနတ်ဘုရားကို ကြည့်လိုက်သည်..။
အရင်တုန်းကလည်း ဓားကျောင်းတော် ဓားနတ်ဘုရားကို လာခေါ်ခဲ့ဖူးပါတယ်..။သို့ပေမယ့် အဆုံးမှာတော့ ဓားသခင် ကိုယ်တိုင်မလာခဲ့ပေ..။သူတို့ ဒီကိစ္စကိုတောငိ မေ့နေခဲ့ပါပြီ..။
ကျန်းချန်ရှန်း စိတ်ထဲကနေ တိတ်တဆိတ်မေးလိုက်သည်..။
"ဖန်ထျန်း အင်ပါယာက ဘယ်လောက် အင်အားကြီးလဲ.."
[ အမှတ် 32018070 ရရှိမည် ဖြစ်သည်..။ရှေ့ဆက်ရန် ဆန္ဒရှိပါသလား..]
နိုး...
အမှတ်သုံးသန်း ဆိုတာက အတော်လေးကို များပြားပါတယ်..။
သို့ပေမယ့် အမှတ်သုံးသန်းက သူတို့ရဲ့ အစစ်အမှန်အင်အား မဟုတ်သေးပေ.။ဘာလို့လဲ ဆိုတော့..အင်ပါယာထဲမှာ ရှိနေတဲ့ ကိုယ်ခံပညာရှင် အရေအတွက်သည်..ကျောင်းတော်ထဲမှာ ပညာရှင် အရေအတွက်ထက် အများကြီး ကျော်လွန်နေသောကြောင့်ဖြစ်သည်..။
ကျန်းချန်ရှန်း စိတ်ထဲကနေထပ်မေးလိုက်၏..။
"တကျန်းက အခု ဘယ်လောက် အင်အားကြီးနေပြီလဲ.."
[ 1939200 အမှတ် ရရှိနိုင်လိမ့်မည်..။ရှေ့ဆက်ချင်ပါသလား...]
နိုး
ကွာဟချက်က များပေမယ့် ဒါက ပုံမှန်ပင်ဖြစ်သည်..။နတ်ဘုရား နယ်ပယ် အဆင့်ပညာရှင်က အမှတ်ရာချီ ပြီးသာ တက်စေပြီး..အစစ်အမှန် နတ်ဘုရားအတွက်ကတော့ အမှန် နှစ်ထောင် တိုးမည် ဖြစ်သည်..။
တကျန်းရဲ့ နယ်နိမိတ်က အလွန်ကြီးမားလှ၏..။သူ့ရဲ့ အရှည်က မိုင် ၃ သိန်းခန့် ရှိပြီး ဘီလီယံ နှင့်ချီသည့် ပြည်သူများ နေထိုင်နေကြသည်..။သူတို့ ဖော်ပြထားသည့် ကိုယ်ခံပညာရှင် အရေအတွက်က များပြာလှသော်လည်း အများစုသည် အားနည်းကြသည်..။
ကျန်းချန်ရှန်း တကျန်းရဲ့ အခြေအနေကို သိပ်ပြီး သဘောမတွေ့လှပေ..။
အမှတ် တစ်သန်းကျော်ရှိသည့် ဂိုဏ်းတစ်ခု သည် တကျန်း ထက် အတော်လေး သန်မာပေလိမ့်မည်..။ဒါက ဂိုဏ်းထဲတွင်..အားနည်းသည့်ကိုယ်ခံပညာရှင် မရှိဘူးဟု ဆိုလိုခြင်းဖြစ်သည်..။
တကယ်လို့ ကျန်းချန်းရှန် သာ မရှိလျင် တကျန်းသည် ဖန်ထျန်း အင်ပါယာကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ..။
ကျန်းချန်ရှန်း ကြီးမြတ်တဲ့ ချီ အကြောင်းတွေးမိလိုက်သည်..။လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းက ကြီးမြတ်တဲ့ ချီက မြင့်မြတ်တဲ့ အင်ပါယာ ဖြစ်လာခဲ့၏..။ဒီလိုတိုးတက်မူအပြီးတွင် သူတို့က နိမ့်ချပြီးသာ နေခဲ့ပြီး တကျန်းနဲ့ ထိတွေ့မူ မရှိခဲ့ပေ..။
သူတွက်ချက်ခဲ့တုန်းက ကြီးမြတ်သည့် ချီ ဟာ အမှန် ၁ သန်းကျော်သာ ရှိပြီး..တကျန်းထက် အတော် နည်းပါးလှသည်..။
သူတို့က ဘယ်လိုလုပ် မြင့်မြတ်တဲ့ အင်ပါယာ ဖြစ်လာတာလဲ...
ကျန်းချန်ရှန်း ရုတ်တရက် တစ်ခုခု လွဲမှားနေတာကို ခံစားမိလိုက်သည်..။
"ကြီးမြတ်တဲ့ ချီ နဲ့ ဖန်ထျန်း ကြားထဲမှာ ထိတွေ မူ ရှိနေတာလား စုံစမ်းလိုက်.."
ကျန်းယင် အံ့ဩသွားခဲ့သည်..။သူ မျက်မှောင်ကျုတ်လိုက်ပြီး..
"ကြီးမြတ်တဲ့ ချီက..ဖန်ထျန်းရဲ့ နယ်ရုပ်လေး ဖြစ်နေတာလား.."
ကျန်းချန်ရှန်း ပြောလိုက်သည်..။
"တကျန်းက သန်မာတယ် ဆိုပေမယ့် ကံကောင်းတဲ့ အင်ပါယာ အဆင့်မှာ ပဲ ရှိသေးတယ်..။ဒါတောင် သူက ကြီးမြတ်တဲ့ ချီ ထက်တော့ သန်မာနေတုန်းပဲ..။ဒါတောင် ဖန်ထျန်းက ကြီးမြတ်တဲ့ ချီအစား..ငါ ရှိနေတဲ့ တကျန်းကို ရင်ဆိုင်ဖို့ ရွေးချယ်လိုက်တယ်ဆိုတော့..။ဒါက သင့်တော်တယ်လို့ ထင်လို့လား.."
ကျန်းယင် အိပ်မက်က နိုးထလာသလို ခံစားလိုက်ရပြီး တစ်ခုခုကို နားလည်သွားခဲ့သည်။
"ထျန်ဟိုင် စီးပွားရေး ကုန်သွယ်မူက တချီ ထဲကို ဝင်ချင်ခဲ့တုန်းက အငြင်းခံရတာ အံ့ဩစရာ မရှိတော့ဘူး ..။ကြည့်ရတာတော့ ကြီးမြတ်တဲ့ ချီက ပင်လယ်ဒေသထဲကအင်အားစု တွေနဲ့ ဆက်သွယ်နေပုံပဲ..။ကျွန်တော် အခုပဲ..စုံစမ်းခိုင်းလိုက်ပါ့မယ်.."
သူ အမြန် အရိုအသေပေးပြီး ထွက်သွားလိုက်သည်..။
ပင်လယ်ဒေသ၏ အချက်အလက်များကို စူဆောင်းသည့်နေရာတွင် တကျန်းက အံ့ဖွယ်
ကံတရား စီးပွားရေးကုန်သည် အသင်းကို မယှဥ်နိုင်ပေ..။
အမှန်တော့ ကျန်းချန်ရှန်း..သူ့ အမှတ်တွေကို သုံးပြီး အသေးစိတ်ကို တွကိချက်ကြည့်နိုင်သည်..။သို့ပေမယ့် ..အမှတ် စျေးနှုန်းကိုကြည့်လိုက်တဲ့ အချိန်မှာတော့ မထိုက်တန်ခဲ့ပေ..။
"ကြည့်ရတာတော့ တကျန်းက စည်ကားပြန်တော့မယ် ထင်တယ်.."
ဓားနတ်ဘုရား ရယ်မောလိုက်သည်..။ဒေါင်ဟိုင် အင်ပါယာနဲ့ နောက်ဆုံး စစ်ပွဲပြီးကတည်းက သူက တကျန်း ကို အင်အားကောင်းတဲ့ ပြိုင်ဖက်နဲ့ ထပ်တွေ့ရန် မျှော်လင့်နေခဲ့ခြင်းဖြစ်သည်..။
ရီယွန် ပြောလိုက်သည်..။
"ဖန်ထျန်း ကြီးမြတ်တဲ့ အင်ပါယာ အရှေ့ဘက် နဂါး သွေးကြော တိုက်ကြီးမှာ ရှိနေတာ..။အရင်တုန်းက အဲ့ကို သွားချင်ခဲ့ပေမယ့် အရမ်းကို ဝေးကွာလွန်းနေတယိ..။တကယ်လို့ ကောင်းကင်သုံးခု ၊ နှစ်ခု နယ်ပယ် ပညာရှင်မျိုး ပေါ်လာခဲ့ရင်လည်း မဆိုးပါဘူး..။ငါ တိုက်ခိုက်ချင်မိတယ် "
ကျန်းချန်ရှန်း တိတ်ဆိတ်ပြီးသာ နေခဲ့သည်..။
ကျန်းချန်ရှန်း လုပ်စရာ မရှိတာကြောင့် ကမ္ဘာကြီးရဲ့ အင်အားကို တွက်ချက်ကြည့်လိုက်သည်..။
စနစ်၏ နယ်ပယ်အတွင်း ပညာရှင်တွေရဲ့ အမှတ်က ၁၀ သန်း ကျော်သွားခဲ့သည်..။ကြည့်ရသည်တော့ သန်မာသည့် ပညာရှင်က သူနှင့်အတူ တပည့်များ ခေါ်ဆောင်လာခဲ့ပုံပေါ်၏..။
ထပ်ပြောရရင် အသန်မာဆုံး ..အနီးနားဝန်းကျင်က အသန်မာဆုံး ပညာရှင် တွေရဲ့ အမှတ်ဟာ သုံးသန်းခန့်ထိုးတက်သွားခဲ့သည်..။သူတို့က ဖြတ်သွားဖြတ်လာ တာလား ဘယ်သူမှ မသိကြပေ..။
အခုချိန်မှာတော့ စနစ်ဟာ..နတ်ဆိုး မျိုးနွယ် နဲ့ လေးမြတ်သော အင်ပါယာကို မတွက်ချက်နိုင်သေးပေ..။ဒါကလည်း သူတို့ရဲ့ ကံတရား အရမ်းကောင်းနေတာကြောင့် စနစ်က မတွက်ချက်နိုင်သေးတာ ဖြစ်နိုင်ပေသည်..။
ဒါက ဖြစ်နိုင်ချေ ရှိ၏..။
စနစ်၏ ထောက်လှမ်းမူက မနှေးကွေးပေ..။ကြည့်ရတာတော့ ဒါက သူ၏ ခွန်အားနှင့်လည်း သက်ဆိုင်ပုံရ၏..။သူပိုပြီး သန်မာလာလေလေ တွက်ချက်တဲ့ စွမ်းဆောင်ရည်က ပိုပြီးတိုးလာလေ ဖြစ်သည်..။
နွေရာသီကျော်လွန်ပြီး ဆောင်းဦးရာသီ ရောက်လာခဲ့သည်..။ငါးနှစ်ခန့် ကျော်လွန်သွား၏..။
ရွှန်းထျန်း ခေတ် ...၂၆ နှစ်မြောက်..။
လွန်ခဲ့သည့် ခြောက်နှစ်လုံး တကျန်း နဲ့ ဖန်ထျန်း အင်ပါယာတို့..ထိတွေ့မူများ မရှိခဲ့ကြပေ..။တကျန်းသည် ပင်လယ်ဒေသများကို ထိန်းချုပ်နိုင်ရေး ဖြင့် အလုပ်ရှုပ်နေခဲ့ပြီး..ကျွန်းပေါင်း ၅၀၀ ကျော်ကို သိမ်းသွင်းနိုင်ခဲ့ပြီဖြစ်သည်..။သူတို့၏ သင်္ဘောပိုင်ဆိုင်မူ အရေအတွက်ဟာလည်း တိုးတက်လာခဲ့၏..။များပြားလှတဲ့ လွမ်းမိုးနိုင်စွမ်းရှိသူများသည် သိုင်းလောကထဲတွင် ပေါ်ထွက်လာခဲ့ကြသည်..။
ညဘက် အိပ်မက် ထဲတွင်..။
မူလင်လောင် ကျန်းချန်ရှန်းကို တစ်ခုခု လာပြောခဲ့သည်..။
"အစ်ကို ကျန်းချန်ရှန်..ညီမ သူတော်စင် စံအိမ်ကို စွန့်ခွာတော့မယ်..။မိသားစုကလည်း..ရှေးဟောင်း နတ်ဘုရား တိုက်ကြီးက နတ်ဆိုးတွေ စုစည်းနေကြတာကြောင့် ပြန်လာခိုင်းနေပြီ..။အခြေအနေက သိပ်မကောင်းတော့ဘူး..."