← Chapters

ကြယ်တာရာ ရှစ်ယောက် ၊ ထျန်ဟိုင် ကိုငြိမ်းချမ်းစေခြင်း

Vol. 13 Ch. 182

ကြယ်တာရာ ရှစ်ယောက် ၊ ထျန်ဟိုင် ကိုငြိမ်းချမ်းစေခြင်း

Vol. 13 Ch. 182

" သူတော်စင် စံအိမ်က ထွက်ခွာဖို့ ခွင့်ပြုလို့လား.."

ရှေးဟောင်း နတ်ဘုရား တိုက်ကြီးက နတ်ဆိုးသားရဲ တွေ စုစည်းနေပြီဆိုတာက.. လေးမြတ်သော အင်ပါယာ ကျရှုံးခါနီးနေပြီလို့ ဆိုလိုခြင်းဖြစ်သည်..။

မူလင်လောင် ခေါင်းညိမ့်လိုက်ပြီး..

"ဟုတ်တယ်..မာစတာလင်း ခွင့်ပြုလိုက်ပြီ..။ညီမတစ်ယောက်တည်း မဟုတ်ဘူး..တစ်ခြား လူတွေလည်း မိသားစုတွေဆီကို ပြန်ဖို့လုပ်နေကြပြီ..။သူတော်စင် စံအိမ်က လေထုက အတော်ထူးဆန်းပြီး မာစတာ ဆိုရင်လည်း မကြာခန ဆိုသလို သက်ပြင်းချတတ်တယ်..။သူတော်စင် စံအိမ်တော့ မကြာခင် ပြိုလဲကျတော့မယ် ထင်တယ်.."

Disbanded?

ပြိုလဲတော့မှာလား.

ကျန်းချန်းရှန် မျက်မှောင်ကျုတ်လိုက်သည်..။သူဖြစ်နိုင်ချေတွေ အများကြီး တွက်ချက်ထားခဲ့ပေမယ့်..သူတော်စင် စံအိမ်က ဒီအဆင့်အထိ ရောက်လာမယ် လို့ မထင်ထားခဲ့ပေ..။

မူလင်လောင်က..ရွှေရောင်ခန္တာကိုယ် အဆင့် ရောက်နေပြီဖြစ်တာကြောင့်..သူတော်စင် စံအိမ်ကနေ ထွက်ခွာဖို့က ပြသနာ မဖြစ်နိုင်လောက်ပေ..။

"မူ မိသားစုကိုပါ..ထွက်ခွာခိုင်းလိုက်.."

ကျန်းချန်ရှန်း လေးနက်စွာ ပြောလိုက်သည်..။

စိုးရိမ်နေတဲ့ အမူအရာနှင့် မူလင်လောင် ပြောလိုက်သည်..။

"ညီမလည်း အဲလိုပဲ ထင်တယ်..။သူတော်စင် စံအိမ်တောင် တောင့်မခံနိုင်ရင် သူတို့ ရှေးဟောင်းနတ်ဘုရား တိုက်ကြီးမှာ ဆက်နေရင်လည်းသေမှာပဲ..။ညီမတော့ ဘယ်ကိုသွားရမလဲဆိုတာ မသိတော့ဘူး.."

သူမ ပုံမှန်အားဖြင့် သူတော်စင်စံအိမ်ကို ပြန်ပြီး အကျိုးပြုချင်ပေမယ့်..သူမ အတွေးလွန်နေခဲ့ခြင်းဖြစ်သည်..။သူတော်စင် စံအိမ် က သူမ မြင့်တက်လာတဲ့အထိ မစောင့်နိုင်ခဲ့ပေ..။

ကျန်းချန်ရှန်း ပြောလိုက်သည်..။

"မြောက်ဘက်ကိုသွားပြီး ထျန်ဟိုင်ကို ရှာလိုက်.."

နဂါးသွေးကြော တိုက်ကြီးတွင် ထျန်ဟိုင် သည်အတော် ကျော်ကြားလှ၏..။

မူလင်လောင် သိချင်စွာ မေးလိုက်သည်..။

"အစ်ကို ချန်ရှန်း က ထျန်ဟိုင် ကလား.."

"အစ်ကိုက ထျန်ဟိုင်မှာ မဟုတ်ဘူး..အနီးနားမှာ..။ထျန်ဟိုင်ဆိုတဲ့နာမည်က ရှာရတာ ပိုလွယ်ကူလိမ့်မယ်..။ဒါပေမဲ့ ပင်လယ်ဒေသရဲ့မြောက်ဘက်ကို သွားသ၍ အဆင်ပြေသွားလိမ့်မယ်.."

"သိပါပြီ..ညီမ မိသားစုဆီကို ပြန်ရောက်ရင် အဖိုးနဲ့ ဆွေးနွေးလိုက်ပါ့မယ်..။ဒါက ညီမဆုံးဖြတ်ချက် ချနိုင်တဲ့အရာ မဟုတ်ဘူးလေ.."

သူတို့နှစ်ယောကိ အတော်ကြာတဲ့အထိ စကားပြောခဲ့ကြသည်..။ဒီတစ်ကြိမ်တော့ မူလင်လောင် စိတ်ခံစားချက် သိပ်မကောင်းခဲ့ပေ..။

ကျန်းချန်ရှန်း မျက်လုံးဖွင့်လိုက်သည်..။ရီယွမ် နဲ့ ဓားနတ်ဘုရားတို့ဟာ ..တံစက်မြိတ်အောက်တွင် ထိုင်လျက်ရှိနေကြသည်..။ပိုင်ချီဟာ သူ့ရဲ့ ဘေးနားမှာ လဲလျောင်းနေခဲ့ပြီး..ဟောင်ထျန် နဲ့ ဟိုင်ထျန် တို့ကတော့ ဆေးအိုနားတွင် အိပ်နေကြ၏..။

ဘယ်လောက်လှပတဲ့ မြင်ကွင်းလဲ..

သူ စိတ်ပူသည့် အရာက တကျန်းကို သူ မကာကွယ်နိုင်ပဲ..လူအနည်းငယ်ဖြင့်သာ ထွက်ပြေးနိုင်မည်ကိုပင်..။

သို့ပေမယ့် ဒီစိတ်ပူမူ တွေဟာ အလျင်အမြန် ကွယ်ပျောက်သွားခဲ့၏..။စိတ်ပူနေခြင်းထက်စာရင် ကြိုးစားကျင့်ကြံချင်းကသာ အကောင်းဆုံးဖြစ်သည်..။

ကြီးမြတ်သော ချီ.. တောင်ဘက် နယ်စပ်..။

တောင်ကုန်းပေါ်တွင်..စစ်သည်နှင့် သားရဲများ၏ အလောင်းသည် ပြည့်နှက်နေခဲ့သည်..။ချပ်ဝတ်အင်္ကျီနှင့် ဗိုလ်ချုပ်တစ်ယောက်သည်..တပ်သားများနှင့်အတူ ရှိနေခဲ့၏..။သူတို့ အကုန်လုံးကတော့ ဒဏ်ရာ ရနေကြပြီဖြစ်သည်..။

ဗိုလ်ချုပ်ဟာ သူ့ခေါင်းကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်..။နေရောင်ခြည်က သူ့မျက်နှာပေါ်တွင်..ကျရောက်လာခဲ့၏..။သူကတော့ ချီ အင်ပါယာ ၏ မင်းစား ဖြစ်သူ ချီဟန် ပင်ဖြစ်သည်..။

ချီဟန် ကြည့်ရတာ ပင်ပန်းသွားပြီး..သူ့ မျက်လုံးများကတော့..မီးတောက်များနှင့် ပြည့်နှက်နေခဲ့သည်..။

ပုံရိပ်တစ်ခုဟာ..ကောင်းကင်ထက်ကနေ ပျံသန်းလာပြီး အလောင်းတွေကြားထဲတွင် ဆင်းသက်သွားခဲ့၏..။ဒီ ပုဂ္ဂိုလ်သည် တစ်ကိုယ်လုံးခြုံထားသည့် ဝတ်ရုံမျိူးကိူ ဝတ်ဆင်ထားခဲ့ပြီး လှပသည့် ပုံရိပ်တစ်ခု ရှိသည်..။သူမက မျက်နှာကို ပိတ်စနဲ့အုပ်ထားပြီး သူမ၏ ပုံရိပ်ကို ဆန်းကျယ်မူ တစ်ခု အဖြစ်ပုံပေါ်ထားခဲ့သည်..။သို့ပေမယ့် သူမ၏ ပုံရိပ်ကတော့ လူသားကမ္ဘာကို ဆင်းသက်လာသည့် နတ်သမီးတစ်ပါးနှင့်ပင် တူနေခဲ့သည်..။

"နင်က ကိုယ့်ကိုကို သက်သေပြလိုက်တာပဲ..။နင့်ကို ငါတို့မျိုးနွယ်တွေက ထောက်ပံ့ပေးလိမ့်မယ်.."

အမျိုးသမီးဟာ ညှင်သာစွာ ပြောလိုက်သည်..။

ဒါကိုကြားတဲ့ အချိန်မှာတော့ ချီဟန် ပြုံးလိုက်သည်..။ပြီးနောက် သူ အံသွားကို ကျိတ်လိုက်ပြီး..

"မစ္စ ဝေ..မင်း မိသားစုရဲ့ ရိုးသားမူကို အမြန်ဆုံးမြင်ချင်မိတယိ.."

မစ္စ ဝေ ပြန်ဖြေလိုက်သည်..။

"ဒီနှစ်ဝက် အတွင်းမှာ..ဝေမိသားစုက တော်ဝင် စစ်သည် ၃ သိန်းကို ပို့ပေးလိမ့်မယ်..။ဝေ မိသားစုရဲ့ တပည့်တွေက..မင်းသားကို ထီးနန်ရအောင် ကြိုးစားပေးသွားမှာပါ.."

ချီဟန် ပြုံးလိုက်ပြီး..

"ဒီလိုဆိုရင်တော့ ဒီမင်းသားက စောင့်နေရတော့မယ်.."

မစ္စ ဝေ ဟာ အရိုအသေပေးလိုက်ပြီး အလျင်အမြန် ထွက်သွား ခဲ့သည်..။

ချီဟန် ကျယ်ပြန့်တဲ့ စကြဝဌာ ကောင်းကင်ကြီးကို ကြည့်ပြီး ရေရွတ်လိုက်၏..။

"အဖေ..မင်းတို့က..ကြီးမြတ်တဲ့ ချီကို ခွေးတစ်ကောင် ဖြစ်စေချင်တော့လည်း..ထောက်ပံ့ပေတော့ပေါ့.."

ယင်းနောက်သူ့ နှုတ်ခမ်းထောင့်စွန်းဟာ.. ပြုံးသွားခဲ့သည်..။

အောက်တိုဘာလ ခြံဝန်းထဲတွင်..။

ပိုင်ချီ ခြံဝန်းထဲမှာ လျောက်ပြေးနေရင်းကနေ သူ့အနားကို ရောက်လာခဲ့သည်..။သူမ ပြုံးလိုက်ပြီး..

"မာစတာ ဒီ ကောင်လေး ၁၈ ယောက်က ပိုပိုပြီး သန်မာလာပြီနော်..။သူတို့ကို နာမည် တစ်ခုခု ပေးသင့်တယ် မဟုတ်ဘူးလား.."

သူတို့ကို လက်ခံပြီးနောက်တွင် ကျန်းချန်ရှန်း နောက်ထပ် တပည့်များထပ်လက်မခံ တော့ပေ..။

ကျန်းချန်ရှန်း မျက်လုံးကို ဖွင့်လိုက်ပြီး အတွေးနက်သွားခဲ့သည်..။

ပိုင်ချီ ၏ စကားက အဓိပ္ပါယ် ရှိ၏..။သူတို့တွင် သင့်တော်သည့် နာမည်တော့ ရှိသင့်သည်..။

ကျောင်းချန်ရှန် ဖြည်းညှင်းစွာ ပြောလိုက်သည်..။

"သူတို့ကို..ကြယ်တာရာ ၁၈ ယောက်လို့ ခေါ်ကြတာပေါ့.."

ပိုင်ချီ ချက်ချင်းပဲ သူ့ကို အရိုအသေပေးပြီး..ကောင်းကင်ထိတိုင် ချီးမွမ်းမူ ပြုလိုက်သည်..။

ကျန်းချန်ရှန်းဟာ..ယန်ကျိုးနဲ့ ကြယ်တာရာ ၁၈ ယောက်ကို လောင်ချီ တောင်ကုန်းတွငိ လေ့ကျင့်နေကြသည်ကို ကြည့်လိုက်သည်..။သူတို့ ၁၉ ယောက်ပူးပေါင်းပြီး ရီယွမ် ကို တိုက်ခိုက်နေကြ၏.။သူတို့က အရမ်းလျှင်မြန်ကြပေမယ်..ရီယွမ်ကို တော့ ထိခိုက်အောင် မတိုက်ခိုက်နိုင်ကြပေ..။

အခုချိန်မှာတော့ ယန်ကျိုး ဟာ နတ်ဘုရားနယ်ပယ်ကို ရောက်နေပြီဖြစ်သည်..။သူ့၏ စစ်မှန်သည့် ချီ နှင့် ပေါင်းစပ်မည်ဆိုလျင် အစစ်အမှန် နတ်ဘုရား တစ်ယောက်ကိုပင် ယှဥ်တိုက်ခိုက်နိုင်လိမ့်မည်..။

ရီယွမ် ဟာ ယန်ကျိုးကို ဒဏ်ရာရအောင် လုပ်သည့် အချိန်တိုင်း သူက အလျင်အမြန်ပြန်သက်သာပြီး အတွင်းချီများ တိုးတက်လာခဲ့သည်..။

ရီယွမ်၏ အမြင်တွင် ဒီလိုအားသာမူမျိုးက အမြဲတမ်း မရနိုင်ပေ..။ဘယ်လိုလုက် တစ်စုံတစ်ယောက်က ဒဏ်ရာတွေကို အမှီပြုပြီး ပိုသန်မာလာနိုင်မှာလဲ..။ကျန်းချန်ရှန်းလည်း ဒါကို သဘောတူသည်..။ယန်ကျိုးက နဂါးသွေးကြောတိုက်ကြီးတွင် အမှန်တကယ် နံပါတ် တစ် ဂျီးနီးယပ်ဖြစ်သည်..။

ပြီးခဲ့သည့် နှစ်တွင် အစစ်အမှန် နဂါး ကျောငိးတော်မှ ကျိုးယွဲ့ ဟာ ယန်ကျိုးကို စိန်ခေါ်လာခဲ့သော်လည်း..မယှဥ်ပြိုင်နိုင်ခဲ့ပေ..။

ဒီတိုက်ပွဲ အပြီးတွင် ယန်ကျိုး၏ ဂုဏ်သတင်းသည် သိုင်းလောကတစ်ခွင် ပျံ့နှံ့သွားခဲ့၏..။လောင်ချီ ကျောငိးတော်တွင်..ဂျီးနီးယပ် တစ်ယောက် ပေါ်ထွက်လာသည့်ကို လူတိုင်း သိသွားခဲ့ကြပြီဖြစ်သည်..။သူက တာအို ဘိုးဘေး၏ ကိုယ်တိုင် သင်ကြားမူတွေကို ရရှိခဲ့သည်ဟုတောင် ပြောကြားနေခဲ့ကြသည်..။

အတော်ကြာကြည့်ပြီးမှ ကျန်းချန်ရှန်း အကြည့်တွေကို လွှဲလိုက်သည်..။

သူ အတွင်းပိုင်း တွက်ချက်မူများကို ပြုလုပ်လိုက်၏..။

နဂါးသွေးကြော တိုက်ကြီးတွင် ပညာရှင်များ ပိုပိုပြီး ရောက်ရှိလာခဲ့သည်..။သူကလွဲလို့ ရီယွမ် ၊ ဓားနတ်ဘုရားနဲ့ တစ်ခြားဆန်းကျယ်သည့် ပညာရှင်များ ပေါင်းလျင် တန်ကြေးက အမှန် ၁ သိန်းကျော်၏..။သူတို့အကုန်လုံးက တချီတွင် ပုန်းအောင်းနေကြခြင်းဖြစ်သည်..။

ကြီးမြတ်သော ချီကတော့ သူ့ရဲ့ ခွန်အားတွေကို စုဆောင်း နေပြီဖြစ်သည်..။

ကောင်းကင် နယ်ပယ် တစ်ယောက်၏ အမှတ်မှာ ၁ သိန်း ခန့်ရှိသည်..။

တကျန်းက အင်ပါယာ သုံးခုကို သိမ်းပိုက်ထားသော်လည်း..ကြီးမြတ်သော ချီကတော့ အရှုံးပေးမည့်ပုံ မရှိပေ..။

အနောက်ဘက်တွင်တော့..ထျန်ဟန် အင်ပါယာဟာ နိမ့်ချပြီး နေနေခဲ့၏..။သို့ပေမယ့် ထျန်ဟန် အင်ပါယာ ၏ အသန်မာဆုံး ပညာရှင်ကတောင် အမှတ် ၅၀၀၀ မကျော်ခဲ့ပေ..။တစ်နည်း​ပြောရရင် ထျန်ဟန် အင်ပါယာ၏ နံပါတ်တစ် ပညာရှင်သည် ရွှေရောင် ခန္တာကိုယ် အဆင့်သာ ရှိသည်..။

ကျနိးချန်ရှန်း ပတ်ဝန်းကျင်ကို လေ့လာနေတုနိးတွင်..အင်ပါယာ ရွှန်ထျန် ဟာ အင်ပါရီယာ များကို စူးစမ်းနေခဲ့သည်..။

"ဒီဂိုဏ်းတွေက ဘာလုပ်နေကြတာလဲ..။သူတို့က ငါ့နယ်မြေတွေကို လက်လွှတ်ရအောင် လုပ်နေကြတာလား.."

အင်ပါယာ ရွှန်းထျန်း သည် သူ၏ အရာရှိများကို ဒေါသတကြီး အော်ဟစ်နေခဲ့သည်..။

သူတို့၏ ဘေးနားက ထိုင်ခုံတွင် လူငယ်တစ်ယောက်လည်း ရှိနေခဲ့၏..။သူကတော့ လက်ရှိ အိမ်ရှေ့စံ မင်းသား ကျန်းချီ ဖြစ်သည်..။

အဖြူရောင် ဆံပင်နဲ့ သူခိုးနတ်ဘုရား ဟာပြောလိုက်သည်..။

"အရှင်...အဖြူရောင် ဝတ်ရုံတော် အစောင့်အကြပ်များဟာ..ကြီးမြတ်သော ချီနဲ့ နတ်ဆိုး ဘုရင်တို့ရဲ့ တိုက်ပွဲက အနိုင်ရတဲ့လူမရှိပဲ ပြီးဆုံးသွားတာကို ထောက်လှမ်းရရှိခဲ့ပါတယ်..။ဒီကိစ္စအပေါ်မှာ တစ်ခုခု ထူးဆန်းတာ ရှိနေမှာကို ကျွန်တော် စိုးရိမ်မိပါတယ်.."

အင်ပါယာ ရွှန်းထျန် နှာခေါင်းရှုတ်ပြီး ပြောလိုက်သည်..။

"ကြီးမြတဲ့ ချီက နတ်ဆိုးဘုရင် နဲ့ လက်ဆွဲနှုတ်ဆက်လိုက်တာ ဖြစ်နိုင်မလား.."

သူခိုးနတ်ဘုရား၏ အဖြေကို စောင့်မနေတော့ပဲ..

"ကောင်းကင် စစ်တပ်ကို မြှောက်ဘက်ကို သွားဖို့ ပြင်ဆင်ထားလိုက်..။ငါ့ရဲ့ နယ်မြေတွေကို ချဲ့ပြီး ကြီးမြတ်သော ချီ ဆီကို ဦးတည်ဖို့ ပြင်ဆင်ရမယ်.."

"ထျန်ဟိုင်းအတွက်ကတော့ သူတို့ရဲ့ သိုင်းလောက ကို စုစည်းဖို့ တစ်ယောက်ယောက်ကို ရှာဖွေမှ ဖြစ်မယ်.."

ချန်းလီ မေးလိုက်သည်..။

"အရှင်..ထျန်ဟိုင်က နဂါးသွေးကြော တိုက်ကြီးက မဟုတ်ပါဘူး..။စကြဝဠာ အဆင့် နယ်ပယ်တောင် ထျန်ဟိုင်ကို အေးချမ်းအောင်ိ လုပ်နိုင်ဖို့ ခက်ပါတယ်.."

အင်ပါယာ ရွှန်းထျန် တည်ငြိမ်စွာ ပြောလိုက်သည်..။

"ချီအာ..လောင်ချီ ကျောင်းတော်ကို သွားပြီး..ရီယွမ် ကို လွှတ်ပေးဖို့ အတွက်သွားပြောချည်.."

ကျောငိးချီ ဟာ အမိန့်ရတာနဲ့ ချက်ချင်း ထွက်သွားခဲ့၏..။

အင်ပါယာ ရွှန်ထျန်းဟာ ချန်းလီကို ကြည့်လိုက်ပြီး..

"အရှေ့ဘက် ပင်လယ်ဒေသမှာ ထိပ်သီးကိုယ်ခံပညာ ရွေးချယ်ဖို့ အတွက် ဆွေးနွေးမူ ပြုလုပ်ရမယ်..။မင်းက ဒီဟာကို ဦးစီးပြီး စီစဥ်ထားလိုက်..။နောက်တစ်နှစ် ဂျွန်လမှာ နံပါတ်တစ် ကိုယ်ခံပညာရှင်ကို ဆုံးဖြတ်လိမ့်မယ်...။နံပါတ်တစ်ရတဲဲ့လူက တရားဝင်ဖော်ပြခြင်းခံရလိမ့်မယ်"

ကျန်းယန် ရဲ့ မျက်လုံးတွေ ဟာ ဒီလှပတဲ့ အကွက်ကြောင့် အရောင်လက်သွားခဲ့၏..။

တကျန်းက သန်မာပေမယ့် ကိုယ်ခံပညာရှင် များဟာ သီးသန့်နေကြသည့် လူများဖြစ်သည်..။တကယ်လို့ သူတို့သာ ဒီလူများ၏ စွမ်းအားများကို အသုံးချနိုင်လျင်..များစွာ အကျိုးများပေလိမ့်မည်..။

ခြံထဲတွင်..။

ကျန်းချီ ကျန်းချန်ရှန်း ရှေ့မှာ ကြောက်ရွံ့စွာ ဒူးထောက်ပြီး အင်ပါယာ၏ တောင်းဆိုချက်ကို တင်ပြနေခဲ့သည်..။

ကျန်းချန်ရှန်း ဟာ ကျန်းချီ၏ မျက်ခုံးကြားက အမှတ်ကို ကြည့်ပြီး စိတ်ခံစားချက် ဖြစ်သွားခဲ့၏..။

ပိုင်ချီ ..သူမရဲ့ မေးစေ့ကို ခြေထောက်နှင့် ပွတ်ကာ ရယ်မောလိုက်ပြီး..

"ရီယွမ်ကို လွှတ်ပေးရမှာလား..။သူက အကျဥ်းသားလေ..လွတ်သွားရင် ဘယ်လိုလုပ်မလဲ."

ကျန်းချီ ရှက်ရွံ့သွားပြီး ပြန်တောင် မကြည့်ရဲခဲ့ပေ..။

ရီယွမ် မျက်လုံးဖွင့်ကာ မပျော်မရွှင် ပြောလိုက်သည်..။

"ဟေး ဟေး ငါက ဘာလို့ လွတ်သွားရမှာလဲ..။ငါက တာအိုဘိုးဘေးရဲ့ ဘက်ကပဲ..။မင်း ဥာဏ်များတဲ့ ခွေး..လူတွေကို အရှက်ခွဲ မနေနဲ့.."

"ငါက ခွေးမဟုတ်ဘူး..ဝံပုလွေပဲ..။တော်ဝင် ဝံပုလွေ. "

"နင့်ကိုကြည့်ဦး.."

ပိုင်ချီ ဒေါသထွက်ပြီး ရီယွမ်ကို တိုက်ခိုက်ချငိပေမယ့် သူမက ဘက်မဟုတ်ခဲ့ပေ..။

ကျန်းချန်ရှန်း ပြောလိုက်သည်..။

"ရီယွမ် သွားပြီး ကြည့်ပေးလိုက်..။ထျန်ဟိုင်ရဲ့ သိုင်းလောကကို စုစည်းပြီးရင် ပြန်လာလို့ရပြီ..။မင်းရဲ့ တည်ရှိမူကို ကမ္ဘာကြီးဆီ ပြသဖို့အတွက် အချိန်ကောင်းပဲ.."

ရီယွမ်း သက်ပြင်းချလိုက်ပြီး..

"သွားပါ့မယ်.."

သူ့ကြည့်ရတာ အကူညီမဲ့နေပေမယ့် မျက်လုံးထဲတွင်တော့ စိတ်လှုပ်ရှားနေခဲ့၏..။

သူက တာအိုဘိုးဘေး သင်ပေးထားသည့်..နတ်ဘုရား ကိုးပါး တိုက်ပွဲ နည်းစနစ်ကို ကောင်းကောင်း ကျွမ်းကျင်နေပြီဖြစ်သည်..။ဒါက ချပြဖို့အတွက် အခွင့်ကောင်းတစ်ခုဖြစ်၏..။

"မင်းသွားလို့ရပြီ.."

"ကောင်းပါပြီ.."

ရီယွမ် မတ်တတ်ထရပ်လိုက်ပြီး..ဘာအထုတ်အပိုးမှ မယူပဲ ပျောက်ကွယ်သွားခဲ့သည်..။

ကျန်းချန်ရှန်း ပြောလိုက်သည်..။

"မတ်တတ်ရပ်ပြီး..ဘာတွေကို လေ့လာနေလဲ ဆိုတာ ပြောပါဦး.."

ကျန်းချီ မတ်တတ်ထရပ်လိုက်ပြီး..သူ့၏ ပုံမှန်ဘဝကို ပြန်တွေးလိုက်၏..။

သူက အင်ပါယာထဲမှ ညီအစ်ကို များလို ပျော်ပျော် မနေတတ်ပေ..။သူ ငယ်ရွယ်ကတည်းက အင်ပါယာ ရွှန်းထျန်ဟာ သူ့အပေါ်ကို တင်းကြပ်ခဲ့၏..။

နေ့လည် မတိုင်ခင်တွင် သူ တိုက်ခိုက်ရေး လေ့ကျင့်သည်..။နေ့လည်တွင် စာလေ့လာပြီး တစ်ခြား ကျွမ်းကျင်မူများကို သင်ယူရ၏..။သူ့၏ နေ့တိုင်းက အချိန်ဇယားများဖြင့်သာ ပြည့်နှက်နေခဲ့သည်..။

All Chapters