← Chapters

အနားမယူတဲ့ တော်ဝင်မိသားစု ၊ ထျန်ရာ ပေါ်လာပြီ

Vol. 13 Ch. 183

အနားမယူတဲ့ တော်ဝင်မိသားစု ၊ ထျန်ရာ ပေါ်လာပြီ

Vol. 13 Ch. 183

ကျန်းချီ သူ့ရဲ့ နေ့စဥ်လုပ်ဆောင်မူတွေကို ရှင်းပြပြီးသည့်နောက်တွင်..ကျန်းချန်ရှန်းကို ကြောက်ရွံ့စွာ လှမ်းကြည့်လိုက်သည်..။တိုက်ဆိုင်စွာပဲ..သူ့ မျက်လုံးများက ကျန်းချန်ရှန်း နဲ့ အကြည့်ချင်းဆုံပြီး ကြောက်လန့်သွားခဲ့၏..။

ကျန်းချန်ရှန်း..ကျန်းချီ ၏ သိုသိပ်မူကို သဘောကျသွားခဲ့သည်..။

ဒီကလေးက မောက်မာမူတော့ ရှိပုံရသည်..။

တစ်စုံတစ်ယောက်က အင်ပါယာဖြစ်လာတဲ့ အချိန်ကျရင် ဒီလို ပြုမူလို့ မရပေ..။

ကျန်းချန်ရှန်း ပြောလိုက်သည်..။

"ဒီနေ့က စပြီး..မင်း ယန်ကျိုးနဲ့ လိုက်ပြီး ကိုယ်ခံပညာ လေ့ကျင့်ရမယ်..။မင်းရဲ့ အချိန်တွေကို နန်းတော်ကနေ ထုတ်ပြီး လောင်ချီ တောင်ကို လာခဲ့လိုက်.."

ဒီဟာကို ကြားပြီး ကျန်ချီ ကျေနပ်သွားကာ ကျန်းချန်ရှန်းကို ကျေးဇူးတင်လိုက်သည်..။

သူက ယန်ကျန်း ၏ သိုင်းပညာ အကြောင်းကြားဖူးနေသည်မှာ ကြာပြီဖြစ်၏..။သူက ယန်ကျန်း နောက်လိူက်ပြီး သန်မာ လာနိုင်ယုံတင်မကပဲ..ဆက်ဆံရေး တစ်ခုပါ တည်ဆောက်နိုင်ပေလိမ့်မည်..။

ပုံမှန်အားဖြင့် ဒါက တာအိုဘိုးဘေး၏ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ဖြစ်တာကြောင့် အတော်လေး..စိတ်လှုပ်ရှားနေမိ၏..။

တာအို ဘိုးဘေး၏ အသိအမှတ်ပြုမူကို ရသည်က..သူ့ရဲ့ အိမ်ရှေ့မင်းသား ရာထူး ခိုင်မာ သွားပြီဟု ဆိုလိုခြင်းဖြစ်သည်..။

သူက အိမ်ရှေ့မင်းသား ရာထူးကို ယူထားရသော်လည်း အမြဲတမ်း မသက်မသာ နေထိုင်နေခဲ့ရသည်မှာ ကြာနေခဲ့ပြီ ဖြစ်သည်..။

လွန်ခဲ့တဲ့ နှစ် ၁၄၀ အတွင်း..ကျန်းရန်ဇောင်ကလွဲလို့ ဘယ် အိမ်ရှေ့မင်းသားမှ ထီးနန်းကို ဆက်ခံနိုင်စွမ်း မရှိခဲ့ကြချေ..။တီးတိုးပြောဆိုသူတွေက အိမ်ရှေ့ရာထူး ရတဲ့လူ

ဟာ ကံဆိုးသူဟုပင် နောက်ပြောင်ကြ၏..။

သူ အရမ်း အားမထုတ်ခြင်းကလည်း လူရယ်စရာ အဖြစ်မခံလို၍ ဖြစ်၏..။

ဒီနေ့တော့ သူ ..ယုံကြည်မူ အချို့ ရရှိခဲ့ပြီဖြစ်သည်..။

ကျန်းချန်ရှန်း လက်ဝေ့ယမ်းပြီး ..ကျန်းချီကို ပြန်ဖို့ အချက်ပြလိုက်သည်..။ကျန်းချီ ချက်ချင်းပင် ဦးညွှတ်ပြီး ထွက်သွားခဲ့၏..။

သူ ထွက်သွားပြီးမှ ကျန်းချန်ရှန်း မှတ်ချက်ပြုလိုက်သည်..။

"ဒီကလေးက..အမှန်ပဲ ဓားရေး ရော နှုတ်ရေးရော ရတယ်..။ကံဆိုးချင်တော့..သူ့မှာက လွှမ်းမိုးနိုင်တဲ့ အော်ရာ အားနည်းနေတာပဲ.. "

ပိုင်ချီ အကူညီမဲ့စွာဖြင့်..

"မာစတာကောင်းလေး..တကယ်လို့ သူက ဒီရှေ့ကို လာပြီး လွှမ်းမိုးနိုင်စွမ်းတွေ ထုတ်ပြနေမှ ထူးဆန်းနေမှာ မဟုတ်ဘူးလား.."

ဓားနတ်ဘုရားဟာ အကူညီမဲ့စွာပဲ ရယ်မောလိုက်သည်..။ဒါက ရယ်စရာ ကောင်းသော်လည်း အမှန်ပင်ဖြစ်၏..။

ကျန်းချန်ရှန်း ဟောင်ထျန် နဲ့ ဟီထျန်ကို ကြည့်လိုက်သည်..။

"ကျန်းချီ အားတဲ့ အချိန်ကျရင် ဒီကောင်လေး နှစ်ကောင်နဲ့ ကစားခိုင်းရင်ရော ဘယ်လိုလဲ.."

ပိုင်ချီ ဒါကိုကြားပြီး ချက်ချင်း သဘောပေါက်သွားခဲ့သည်..။

ဓားနတ်ဘုရား သက်ပြင်းချလိုက်သည်..။

"ဒီလိုဆိုရင်တော့ အင်ပါယာ ရွှန်ထျန်းက ကံအကောင်းဆုံး အင်ပါယာ မဟုတ်တော့ဘူးပေါ့.."

ကျန်းချီရဲ့ အနာဂတ်က တိုင်းတာလိူ့ မရပေ..။သူ့ က ယန်ကျ်ိုးနဲ့ လေ့ကျင့်နိုင်ယုံတင်မကပဲ..နတ်ဆိုးကြောင်နှစ်ကောင်နှင့်ပင် မိတ်ဆွေ ဖွဲ့နိုင်ပေတော့မည်..။

"ရွေးချယ်စရာ မရှိပဲ..။တကျန်းကို ကူညီတာက ကိုယ့်ကိုကို ကူညီတာပဲ.."

ကျန်းချန်ရှန်း ပြောပြီးတာနဲ့ မျက်လုံးကို မှိတ်ထားလိုက်သည်..။

.

တစ်ဖက်တွင်တော့ ကျန်းချီ ပြန်ရောက်တာနဲ့ အင်ပါယာ ရှန်းထျန်းကို ဒီကိစ္စအကြောင်း ပြန်ပြောပြခဲ့၏..။

အင်ပါယာ ရွှန်ထျန်း သဘောကျစွာ ရယ်မောလိုက်သည်..။

"ချီအာ..မဆိုးဘူး..။ငါ တကယ်မှန်သွားပြီ..။အရမ်းကောင်းတယ်..မနက်ဖြန်ကနေ စပြီး ယန်ကျိုးနဲ့ သွားလေ့ကျင့်တော့..။မှတ်ထားပါ..လောင်ချီ ဘုရားကျောင်းကိုသွားတိုင်း တာအိုဘိုးဘေး အတွက် အချိုပွဲတွေကို ယူသွားပေး..။သူ့ဘေးနားမှာ အချိုပွဲ ချပေးပြီးတာနဲ့ တိတ်တဆိတ်ပြန်လာရမယ်..။သူ့ကို နှောက်ယှက်လို့ မဖြစ်ဘူး.."

"နားလည်ပါပြီ.."

ကျန်းချီ အံ့ဩသွားပြီး ပြန်ဖြေလိုက်သည်..။

.

ဒီရက်ပိုင်းအတွင်းတွင်..အိမ်ရှေ့မင်းသား တာအိုဘိုးဘေး ရဲ့ သဘောကျမူကို ခံရခြင်းသည် ပျံ့နှံ့သွားခဲ့သည်..။

တစ်ခြား မင်းသားများကတော့ ဒေါသထွက်သည့် သူကထွက်၊ စိတ်ပျက်တဲ့လူကပျက် နှင့် မပျော်မရွှင်ဖြစ်နေခဲ့ကြသည်..။

ရွှန်းထျန်း ခေတ် ၂၆ နှစ်မြောက် ။

ယန်ကျိုးဟာ အစစ်အမှန် နတ်ဘုရား နယ်ပင်ကို ဝင်ရောက်လာခဲ့ပြီး သူ့၏ ချီ အလင်းတန်းများသည် တောင်ချီ ဘုရားကျောင်းတစ်ခုလုံး စူးရှသွားခဲ့သည်..။

အဲ့အချိန်မှာတော့ မူလင်လောင်ဟာ သူမ၏ မိသားစု ဆီကို ပြန်ရောက်ပြီဖြစ်သည်..။

"ညီမ ဘာလုပ်ရမလဲ..။အစ်ကို အကြောင်းပေါ်သွားမှာကြောင့် အဖိုးကို မပြောနိုင်ဘူးဖြစ်နေတယ်.."

အိပ်မက်ထဲတွင် မူလင်လောင် ပြသနာ ဖြစ်နေတဲ့ အမူအရာနှင့်ပြောလိုက်ခြင်းဖြစ်သည်..။

ကျန်းချန်ရှန်း ပြုံးပြီး ပြောလိုက်သည်..။

"ပြောသာ ပြောလိုက်..။ဒါက ဘာမှ မဟုတ်ဘူး.."

အစတုန်းက သူ မူလင်လောင်ကို မပြောစေချင်တာက သူ ရှေးဟောင်းနတ်ဘုရား တိုက်ကြီးကို ကြောက်ရွံ့လို့ပါ..။အခုတော့ သူက တာအိုနည်းစနစ် ရဲ့ အဆင့် ၈ အထိ ကျော်ဖြတ်ထားပြီ ဖြစ်ပြီး ကြောက်စရာမလိုတော့ပေ..။

မူလင်လောင် ဒါကိုကြားတဲ့ အချိန်မှာတော့ ပျော်ရွှင်သွားခဲ့ပြီး..ကျန်းထျန်ရှန်းရဲ့ လက်မောင်းကို ဖက်ကာ ပြောလိုက်သည်..။

"အစ်ကို ချန်ရှန်းက အကောင်းဆုံးပဲ.."

သူမက ကျန်းချန်ရှန်းက သူမအတွက် စည်းမျဥ်းတွေ ချိုးဖောက်ပေးတယ်လို့ ထင်ခဲ့တာပါ..။ဒီတော့ သူမက ဘယ်လိုလုပ် စိတ်ခံစားချက်မဖြစ်ပဲ နေမှာလဲ..။

သူမ မူ မိသားစု နဲ့ ရှေးဟောင်း နတ်ဘုရား တိုက်ကြီး အကြောင်းကို စတင်ပြောလိုက်သည်..။

နတ်ဆိုးဘုရင် တွေက နေရာတိုင်းတွင် ပေါ်လာခဲ့သည်..။ဂိုဏ်းများအတွက်လည်း အတူတူပင်ဖြစ်သည်..။မူမိသားစု တောင် နတ်ဆိုးများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရ၏..။ရှေးဟောင်း နတ်ဘုရား တစ်တိုက်လုံး ဗရမ်းဗတာ ဖြစ်နေချေပြီ..။

မူ မိသားစု ခေါင်းဆောင်လည်း ရှေးဟောင်း နတ်ဘုရားတိုက်ကြီး ကနေ ထွက်ခွာချင်ပေမယ့် ဘယ်ကို ထွက်သွားရမလဲ ဆိုတာကို မသိပေ..။မူ မိသားစုရဲ့ ဆက်သွယ်မူတွေ အကုန်လုံးက..ရှေးဟောင်း နတ်ဘုရား တိုက်ကြီးမှာပဲ ရှိကြသည်..။

"စကားမစပ် အစ်ကို ချန်းရှန်း..တကယ်လို့ ညီမသာမူ မိသားစုနဲ့ ထွက်ခွာရင် တပည့်တစ်ချို့ကိုပါ လက်ခံလို့ရလား.."

ကျန်းချန်ရှန်း ပြုံးလိုက်ပြီး..

"ဒါပေါ့ ဒါပေမယ့် လူသားတွေရဲ့ နှလုံးသားက ခန့်မှန်းလို့မရဘူး..။သေချာ ဂရုစိုက်မှရမယ်.."

မူလင်လောင် သက်ပြင်းချလိုင်ပြီး..

"ဒါကတော့ မတတ်နိုင်ဘူး..။လတ်တလောမှာ သူတော်စင်စံအိမ်က လူတစ်ချို့လည်း ညီမဆီ လာကြသေးတယ်..။သူတို့ရဲ့ မိသားစုတွေကို နတ်ဆိုးတွေက ဖျက်ဆီးသွားကြပြီ.."

ကျန်းချန်ရှန်း လည်း ဒီလောက်အထိ လေးနက်မယ်လိူ့ မထင်ထားခဲ့ပေ..။သူ ချက်ချင်းပဲ မူလင်လောင်ကို အလျင်စလို တိုက်တွန်းလိုက်ပါတယ်..။

နောက်တစ်ရက်..။

သူတို့ အိပ်မက်ထဲတွင် ထပ်တွေ့လိုက်ကြသည်..။မူလင်လောင် ရှက်ရွံ့စွာဖြင့်..

"ညီမ အဘိုးက မယုံကြည်ဘူး..။သူက တကယ်လို့ သူ့က်ိုကယ်နိုင်ရင်..အစ်ကို့ရဲ့ အသန်မာဆုံး နည်းစနစ်ကို သူ့ကို ပြရမယ်လို့ ပြောတယ်.."

ကျန်းချန်ရှန်း ပြုံးလိုက်ပြီး..

"ဒါပေါ့..။မူ မိသားစု တစ်ခုလုံးကို တောင် အနောက်ဘက်မှာ စုဝေးခိုင်းလိုက်.."

မူလင်လောင် ခေါင်းညိမ့်ပြီး အိပ်မက်ထဲကနေ အမြန်ထွက်သွားခဲ့သည်..။

သူမ ခနနေမှ တစ်ခုခု မူမမှန်တာကို သတိထားမိလိုက်၏..။

အစ်ကို ချန်ရှန်းက တောင်နောက်ဘက်မှာ မူ မိသားစုတွေ စုဝေးကြတာကို ဘယ်လိုသိတာလဲ..

ယင်းနောက် သူမ မတွေးတော့ပဲ..မူ မိသားစု ဆီီကို ထွက်လာခဲ့သည်..။

မူ မိသားစု ၏ ခေါင်းတောင်သည် မူရှန်းဂန် ဖြစ်၏..။သူက မူလင်လောင်၏ အဖိုးလည်းဖြစ်သည်..။သူ ဒါကိုကြားသည့် အချိန်တွင်..သိပ်ပြီးစိတ်မပါသော်လည်း မူမိသားစုကို ခေါ်လိုက်သည်..။

မူမိသားစု ၏ အချက်ပေး ခေါင်းလောင်းသည် မြည်လာခဲ့လေပြီ..။

မူလင်လောင်ဟာ မူရှန်းဂန် နောက်ကနေ တောင်အနောက်ဘက်ကို လိုက်သွား၏..။မကြာခင်မှာပဲ သူမ၏ မိဘများကို တွေ့လိုက်ရသည်..။

မိသားစု အကြီးအကဲတွေ ရောက်လာသည့် အချိန်တွင် မူရှန်းဂန်ဟာ ကျန်းချန်းရှန်၏ တည်ရှ်ိမူကို ပြောပြလိုက်သည်..။ဒီဟာကို ပြောလိုက်သည်နှင့် အားလုံး၏ တုန့်ပြန်မူများသည် ကွဲပြားသွားကြ၏..။

"ဒါက တကယ်ကြီးလား..။လင်လောင်မှာ ဒီလို ကူညီမူမျိုး ရှိနေတာလား.."

"အဓိပ္ပါယ် မရှိတာ..။တကယ်ပဲ ဒီီလို နတ်ဆိုး ဆင့်ခေါ်တဲ့ နည်းစနစ်မျိုး ရှိတာလား.."

"မဖြစ်နိုင်တာ.."

"ငါတော့ မယုံဘူး..။ငါ့ မျက်လုံးနဲ့ တွေ့မှ ယုံကြည်ပေးန်ိုင်လိမ့်မယ်.."

"တစ်ဖက်လူက တစ်ခြားရည်ရွယ်ချက်တွေ ရှိနေတာလား.."

သံသယ တွေကြားထဲတွင် မူလင်လောင် ရဲ့ အမူအရာဟာ ပျက်ယွင်းနေခဲ့သည်..။

သူမ ၏ အမေကပါ..သူမကို ဘေးဖက်ကို ဆွဲခေါ်ပြီး အသံနိမ့်ကာ မေးလိုက်သည်..။

မူလင်လောင် ပြောလိုက်သည်..။

"ခနနေရင် သိလိမ့်မယ်.."

တစ်ဖက်တွင်တော့ ကျန်းချန်းရှန် အခြေအနေတွေကို ကြည့်နေခဲ့၏..။သူ ချက်ချင်း မတိုက်ခိုက်ပဲ စိတ်ရှည်စွာ စောင့်နေခဲ့သည်..။

အချိန်အတော်ကြာပြီးနောက်..။

အားလုံး လူစုံသွားသည့် အချိန်တွင် သူ..နေပစ်ခွင်းသည့် နတ်ဘုရားလေးကို ထုတ်ပြီး ရှေးဟောင်း နတ်ဘုရားတိုက်ကြီးကို လေးတစ်ချောင်း ပစ်လိုက်သည်..။ယင်းနောက် သူ၏ နတ်ဘုရား သိစိတ်ကိုပါ ချီထဲကို ထည့်ပေးလိုက်သည်..။

ဘန်း...

လောင်ချီ ကျောင်းတော်၏ ကောင်းကင်ထက်တွင် အလင်းတန်းကြီးထွက်ပေါ်လာခဲ့သည်..။သို့ပေမယ့် ဘေးပတ်ဝန်းကျင် လူတွေကတော့ ဒီအရာကို အသားကျနေကြပြီဖြစ်သည်..။တာအိုဘိုးဘေး သိုင်းပညာ တစ်ခုခုကို စမ်းသပ်နေခြင်းသာ ဖြစ်နိုင်၏..။

ပိုင်ချီ သိချင်စွာမေးလိုက်သည်..။

"ထျန်ဟိုင်မှာ တစ်ခုခုဖြစ်နေတာလား..။ရီယွမ်က အရမ်းအားနည်းလွန်းတယ်.."

ဓားနတ်ဘုရား မျက်မှောင်ကျုတ်လိုက်သည်..။ရီယွမ်က အားနည်းသည့် လူတစ်ယောက် မဟုတ်ပေ..။

ကျန်းချန်ရှန်း ရယ်မောပြီး ပြောလိုက်သည်..။

"မဟုတ်ဘူး..။တစ်ခြား တိုက်ကြီး တစ်ခုကို ပစ်လိုက်တာ.."

မူမိသားစု တောင်ကုန်းတွင်..။အကြီးအကဲ များဟာ သိချင်စွာ ဆွေးနွေးနေကြသည်..။

မူရှန်းဂန် ကောင်းကင်ကို ကြည့်နေခဲ့သည်..။ကောင်းကင်နယ်ပယ် အဆင့်ဖြစ်တာကြောင့် သူ့ရဲ့ အမြင်အာရုံက အတော်လေးကို ကျယ်ပြန့်ပြီး...တစ်ခြား ပညာရှင်တစ်ယောက်ယောက်ကို သူ မခံစားမိပေ..။

အဲ့အချိန်မှာပဲ အကြီးအကဲ တစ်ယောက်ဟာ တစ်ခုခု ပြောဖို့လုပ်လိုက်သည်..။

ဘန်း..

ထိပ်လန့်စရာ ဖိအားတစ်ခုက ဆင်းသက်လာတာကြောင့် လူတိုင်းက မော့ကြည့်လိုက်ကြ၏..။သူတို့ ၏ တစ်ဘဝလုံး အံ့ဩစရာ မြင်ကွင်းကို မြင်လိုက်ကြသည်..။

တိမ်ပင်လယ်တွေ ထက်ကနေ ..ရွှေရောင်အလင်းတန်း တစ်ခုဟာ ကြောက်စရာ လေပြင်းသံနဲ့အတူ ထိုးဆင်းလာခဲ့သည်..။ဒီရွှေရောင် အလင်းတန်းထဲတွင်..ပုံရိပ်တစ်ခုကို ထင်ထင်ရှားရှားမြင့်နေရ၏..။

ဒါကတော့ ကျန်းချန်ရှန်း ဖြစ်သည်..။

တစ်ခြားလူတွေ ပုံရိပ်ယောင်ဟု ထင်မည်စိုး၍ သူ့ရဲ့ အော်ရာ တွေကို ထည့်ပေးထားခဲ့သည်..။

မူရှင်းဂန် ၏ မျက်လုံးသည် ပြူးကျယ်ပြီး တုန်ရီသွားခဲ့၏..။

ကောင်းကင် နယ်ပယ်အဆင့် တစ်ယောက် အနေနဲ့ သူ ခံစားနိုင်စွမ်း အရှိဆုံးဖြစ်၏..။

ဒီလူက ကောင်းကယ်သုံးခု နယ်ပယ်ကို ကျော်လွန်နေပြီဖြစ်သည်..။

မူလင်လောက် ကျန်းချန်ရှန်း ၏ ပုံရိပ်ကို ကြည့်လိုက်ပြီး..

"ရှေးဟောင်း နတ်ဘုရားတိုက်ကြီးကတော့ ပြသနာတက်နေပြီ..။မူမိသားစုက မြောက်ပိုင်းကို ပြောင်းရွှေ့သင့်တယ်..။မြောက်ပိုင်းကို ရောက်တာနဲ့ ကျုပ်က ​မူ မိသားစုကို

ကာကွယ်ပေးမယ်.."

"ဒီ ခရီးက ခက်ခဲတယ် ဆိုပေမယ့်လည်း..ခင်ဗျားတို့ အတွက် လေ့ကျင့်မူ တစ်ခုပဲ..။ဒါက နှစ်ပေါင်းဆယ်ချီ ရာချီ ကြာမယ် ဆိုရင်တောင် မရပ်လိုက်နဲ့..။ဘာလို့လဲဆိုတော့ နတ်ဆိုးတွေက ပင်လယ်ဒေသ တစ်ခုလုံးကို သိမ်းပိုက်လိမ့်မယ်..။ချောချောမွေ့မွေ့ လာနိုင်ဖို့ မျှော်လင့်ပါတယ်.."

ကျန်းချန်ရှန်း ရဲ့ အသံဟာ..ဘာခံစားချက်မှ ရှိမနေခဲ့ပေ..။အသံဆုံးသွားတာနဲ့ ပုံရိပ်ဟာ ပျောက်ကွယ်သွားပြီး..အားလုံးအပေါ်ကဖိအားဟာလည်း ပျောက်ကွယ်သွား၏..။

မူ မိသားစု၏ တောင်ကုန်းတစ်ခုလုံး တိတ်ဆိတ်နေကြသည်..။

ခနကြာပြီးမှ...

"ဒါအမှန်ပဲ ဒါအမှန်ပဲ..."

"ဘယ်လောက်တောင် အင်အားကြီးလိုက်လဲ..။ဒါက အင်မော်တယ် နတ်ဘုရားလား.."

"သူက ဘာကိုဆိုလိုတာလဲ..။သူက ကမ္ဘာကြီးရဲ့ အဆုံးမှာလား.."

တပည့်တွေဟာ..စိတ်လှုပ်ရှားစွာ ဆွေးနွေးလိုက်ကြသည်..။

မူရှန်းဂန် ဟာ မူလင်လောင် အနားကို သွားလိုက်ပြီး..

"လင်လောင် ဒါက လူသားလား အင်မော်တယ်လား.."

မူလင်လောင် တည်ငြိမ်စွာ ပြောလိုက်သည်..။

"သူက သမီးရဲ့ အိပ်မက်ထဲကိုပါ လာနိုင်တယ်..။တကယ်တော့ သမီးတို့ ဘာမှ စိတ်ပူနေစရာ မလိုဘူး..။သူ သမီးဆီကို လာတာက သမီးရဲ့ အရည်အချင်းတွေကြောင့်ပဲ ဖြစ်နိုင်တယိ.."

သူမ ဒါကိုပြောလိုက်တာနဲ့ အကြီးအကဲ တွေဟာ ခေါင်းညိမ့်လိုက်ကြသည်..။သူတို့က အကြောင်းကျိုးသင့်လျော်သည်ဟု ခံစားမိလိုက်ကြ၏..။

ဒါအမှန်ပဲ..

ဒီ မိန်းကလေးရဲ့ အရည်အသွေးက နှစ်တစ်ထောင်တွင်တောင် အတော်ရှားပါးလှသည်..။ဒီတော့ အင်မော်တယ် တွေ သတိထားမိသည်က ပုံမှန်ပင်ဖြစ်သည်..။

မူရှန်းဂန် အသက်ကို ပြင်းပြင်းရူလိုက်ပြီး..

"အားလုံးပဲ..ထုတ်ပိုးကြ..။မနက်ဖြန်နေ့လည်ရောက်တာနဲ့ မိသားစု တစ်ခုလုံးမြောက်ဘက်ကို ရွှေ့ပြောင်းကြမယ်.."

All Chapters