ကမ္ဘာတစ်ခွင် ကျော်ကြားခြင်း ၊ စစ်ပွဲကြီး၏ နိမိတ်
Vol. 13 Ch. 184
လင်းဟောက်ထျန်းက လွဲပြီး အခုလည်း မူ မိသားစုက မှီခိုဖို့ လာခဲ့ပါပြီ..။ကျန်းချန်ရှန်း ကျေနပ်သွားခဲ့သည်..။
ရုတ်တရက် သူ နောက်ထပ် အကြံအစည်တစ်ခုကို တွေးမိလိုက်သည်..။နတ်ဆိုးတွေ တိုက်ခိုက်တဲ့ အချိန်ကြရင် သူ့ကို ယုံကြည်တဲ့ လူတွေကို ထုတ်သုံးပြီး..တကျန်းဆီကို ပညာရှင် တွေ လာအောင် ဆွဲဆောင်နိုင်ပေသည်..။
သို့ပေမယ့် ဒီအကြံအစည်ကဘယ်လောက်တောင် ယုံကြည်စိတ်ချရနိုင်လို့လဲ..။ဘာလို့လဲ ဆိုတော့ သူ့ကို ယုံကြည်သူအများစုက ကောင်းမွန်တဲ့ ကံတရားတွေ၊ ချမ်းသာမူတွေကို ရချင်ကြလို့ပါ..။
တကယ်လို့ သူသာ ဒီဟာကို အသုံးချပြီး..အစီစဥ်တွေဆွဲမယ်ဆိုရင် ပြသနာတွေ တက်နိုင်ပေသည်..။
ကျန်းချန်ရှန်း စိတ်ထဲကနေပြီး တွက်ချက်လိုက်သည်..။
"မူ မိသားစုက မူလင်လောင် အပါအဝင် ဘယ်လောက် အင်အားကြီးလဲ.."
[ အမှတ် 590870 ရရှိနိုင်လိမ့်မည်..။ဆက်လက်လုပ်ဆောင်ပါမည်လား..]
နိုး
သန်မာတာပဲ..
နဂါးသွေးကြော တိုက်ကြီး ဝန်းကျင်မှာ ရှိတဲ့ ရေတွေက အတော်လေး မြန်ဆန်တယ်လို့ ပြောလို့ရ၏..။
အကန့်အသတ်မဲ့ တဲ့ ပင်လယ်စီရင်စု များဟာ..ပင်လယ်များစွာကို ကျွမ်းကျင်စွာ သွားလာနိုင်ကြသူများဖြစ်သည်..။
ကျန်းချန်ရှန်း မျက်လုံးကို မှိတ်ပြီး ကျင့်ကြံမူကို သာ အာရုံစိုက်ထားခဲ့သည်..။
ထျန်ဟိုင်၏ စီရင်စုတစ်ခုတွင်..။အရိပ်နှစ်ခုဟာ လျင်မြန်တဲ့ အရှိန်နဲ့ တိုက်ခိုက်နေကြသည်..။ဒါက ပြင်းထန်းသည့် ကြယ်နှစိလုံး တိုက်မိသည်နှင့်ပက် တူနေ၏..။
မရေမတွက်နိုင်သည် ပညာရှင်များဟာ ကျွန်းပေါ်မှ တိုက်ပွဲအား ကြည့်ရူနေကြသည်..။သူတို့အများစုက တူညီသည့် ဝတ်စုံကို ဝတ်ဆက်ထားကြ၏..။သူတို့က တစ်ဂိုဏ်းထဲက ဆိုတာ ထင်ရှားနေခဲ့သည်..။
ရီယွမ်၏ ပတ်လည်ကို အဖြူရောင် မီးတောက်များ ဝန်းရံလျက်ရှိသည်..။သူ၏ မျက်နှာတွင်တော့ မောက်မာတဲ့ အပြုံးတစ်ခု ရှိနေပြီးတစ်ဖက်လူထံကို လက်သီတစ်ချက် ထိုးလိုက်၏..။ယင်းနောက် သူ ကောင်းကင်ကို အော်ဟစ်လိုက်ပြီး ပျက်ဆီးနေသည့်လမ်းကြောင်း မူလနတ်ဘုရား နည်းစနစ်အား အသုံးပြုလိုက်သည်..။ကောင်းကင်ထက်မှ ကြီးမားပျက်ဆီးနေသည့် ကျောက်တိုင်ကြီး ကျဆင်းလာပြီး ရန်သူဆီကို ရိုက်ခတ်သွားခဲ့သည်..။
သူနှင့်တိုက်ခိုက်နေသည့် သူက အဖိုးကြီးတစ်ယောက်ဖြစ်၏..။သူ့ပုံစံက အနည်းငယ် ပုပြီး ဝနေခဲ့သည်..။လက်ရှိတွင်ဝာ့ သူ့ပုံစံက အခြေအနေသိပ်မကောင်းလှပေ..။သူ ဟာ ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ ကျောက်စာတိုင်ကြီးကိုကြည့်ပြီး..သူ့ ဂိုဏ်းက လူတွေကို ထိမှာစိုးရိမ်သွားခဲ့သည်..။ထို့ကြောင့် သူ၏ နောက်ဆုံးနည်းစနစ်ကို အသုံးပြုပြီး ကာကွယ်လိုက်ရ၏..။
သူ ရှေ့ကိုတက်ကာ လက်သီးဖြင့်ထိုးလိုက်သည်..။သူ ၏ အစစ်အမှန် ချီက ကျားနှစ်ကောင် အဖြစ်ပြောင်းလဲသွားခဲ့သည်..။ကျားတစ်ကောင်က အဖြူဖြစ်ပြီး တစ်ကောင်က အနက်ဖြစ်၏..။ကျားတွေဟာ ကျောက်တိုင်ကြီးနဲ့ ဝင်ရောက်တိုက်ခိုက်ပြီးသည်နှင့် ချက်ချင်းပျောက်ကွယ်သွားကြသည် ။
ဘန်း..
အနက်ရောင် ဝတ်စုံနှင့်လူကြီး၏ ကိုယ်ပေါ်ကို ကျောက်တိုင်ကြီးက ရိုက်ခတ်သွားခဲ့ပြီး အလှုပ်နိုင်တော့ပေ..။သူ့ ပုံစံကတော့ လုံးဝကို ကြောက်ရွံ့နေခဲ့ပါပြီ..။
ရီယွမ် သူ့ကိုကြည့်လိုက်သည်..။ယင်းနောက် သူ့ညိုးကို မြှောကိပြီး လူကြီးဆီကို ချိန်ရွယ်လိုက်၏..။
အနက်ရောင်ဝတ်စုံနှင့်လူကြီးဟာ မျက်လုံးပြူးကျယ်သွားခဲ့ပြီး သေခြင်း၏ အငွေ့အသက်ကို ခံစားရလိုက်၏..။
အဲ့အချိန်မှာပဲ ကြီးမားသည့် ကျောက်တိုင်ကြီးသည် တစ်စစီ ဖြစ်သွားခဲ့သည်..။
ရီယွမ် ရပ်တန့်ကာ သူ့ကို ကြည့်လိုက်ပြီး..
"မှတ်ထားကြ..ထျန်ဟိုင်မှာ..ကြီးစိုးလို့ရတာ တစ်ယောက်ပဲ ရှိတယ်..။အဲတာ ငါပဲ.."
ဒီလိုပြောပြီးတာနဲ့ သူ ပြန်ထွက်သွားခဲ့သည်..။
သူထွက်သွားကာမှ အစစ်အမှန်နတ်ဘုရားများဟာ ပျံသန်းလာကြပြီး လူအိုကြီးကို တွဲလိုက်ကြ၏..။
လူအိုကြီးဟာ..သူ့ကို သူ တည်ငြိမ်အောင်ကြိုးစားပြီး..
"သူက ထပ်ပြီးသန်မာလာပြန်ပြီ.."
နောက်လ အနည်းငယ် အကြာတွင်တော့ ရီယွမ်၏ နာမည်ဟာ ထျန်ဟိုင်တစ်ခုလုံး လွှမ်းမိုးသွားခဲ့သည်..။
လူအများစုက ရီယွမ်ဟာ တကျန်းက တာအိုဘိုးဘေး လက်မှာ သေဆုံးသွားပြီးဟုသာ ထင်ထားခဲ့ကြခြင်းဖြစ်သည်..။သူအသက်ရှင်နေသေးမည်ဟု မထင်ထားခဲ့ကြပေ..။
အနားယူသော နှလုံးသား စားသောက်ဆိုင်။
ကျန်းယင် ဟာ ဇောင်ထျန်ဝူကို စားသောက်ဆိုင်ထဲ ခေါ်လာခဲ့သည်..။
သူတို့ နှစ်ယောက် စကားမပြောခင် ထိုင်ခုံတစ်ခုမှာအရင်ဝင်ထိုင်လိုက်ကြ၏..။
ရီယွမ်..။
ကျန်းယန် သက်ပြင်းချလိုက်ပြီး.
"ကြည့်ရတာတော့ ရီယွမ်က တာအိုဘိုးဘေးဆီက နည်းစနစ်တွေ သင်ယူလာခဲ့တယ်ထင်တယ်..။သူ့ အော်ရာ တွေက အရမ်းကို သန်မာတယ်..။ဘယ်သူမှ သူ့ဆီကနေ အကွက်တစ်ရာကို လက်မခံနိုင်ဘူး.."
ကျိုးထျန်းဝူ သူ့ရဲ့ လဖက်ရည်ခွက်ကို ကိုင်လိုက်ပြီး..
"တာအိုဘိုးဘေးက တကယ်ကို အံ့ဩစရာပဲ..။တာအိုဘိုးဘေး ဘက်က လူတွေက ပိုပြီးသန်မာလာကြပြီ.."
ပင်အန်း ၊ ကျန်းကျီအန် ၊ ဓားနတ်ဘုရား ၊ ရီယွမ်..
ကျန်းယင် ယန်ကျိုစအကြောင်းကို တွေးမိလိုက်သည်..။ယန်ကျိုးကလည်း အခုနောက်ပိုင်းမှာ အတော်ကျော်ကြားလာခဲ့တာပါ..။
"မင်း စိတ်ဆုံးဖြတ်ပြီးပြီလား.."
ဇောင်ထျန်ဝူ ခေါင်းညိမ့်ကာ ပြောလိုက်သည်..။
"အခုက တကျန်းက လုံလောက်အောင် သန်မာတယ်..။ငါ့နေရာကိုလည်း တစ်ခြားတစ်ယောက်က ယူသွားပြီ..။ငါ တစ်ယောက်တည်း တာအိုလမ်းကြောင်းကို ရှာဖွေပြီး ရွှေရောင်ခန္တာကိုယ် အဆင့် ရောက်ဖို့ အခွင့်အရေးကို စောင့်ရမယ်.."
ကျန်းယင် သူ့ အိတ်ထဲက ကတ်ပြားတစ်ခုကို ထုတ်ယူလိုက်ပြီး.
"ဒါက ပင်လယ်ဂိုဏ်းရဲ့ ကတ်ပြားပဲ..။သွားပြီးတော့ ကြိုးစားကြည့်လိုက်..။ပင်လယ်ဂိုဏ်းက ပုံမှန်အားဖြင့် ဘယ်အရှုပ်အထွေးမှာမှ ဝင်ပါလေ့ မရှိဘူး.။ပြီးတော့ သူက သိုင်းအင်ပါယာနဲ့လည်း နီးတယ်..။ဒီတော့ ပင်လယ်ဂိုဏ်းမှာလေ့ကျင့်တာက ပိုပြီးလုံခြုံလိမ့်မယ်.."
ဇောင်ထျန်ဝူ မျက်မှောင်ကျုတ်လိုက်ပြီး..
"ဒီ ကတ်ပြားက အတော်စျေးကြီးမှာပဲ ဟုတ်တယ်မလား.."
ကျန်းယင် လက်ဝေ့ယမ်းပြီး ပြောလိုက်သည်..။
"ငါတို့ရဲ့ ဆက်ဆံရေးက ဒါတွေပြောဖို့မလိုပါဘူး..။ငါက စီးပွားရေးသမားဆိုတော့ ဒါက ရင်းနှီးမြုပ်နှံမူတစ်ခုပေါ့..။အနာဂတ်မှာ ငါ ပြသနာဖြစ်ရင် မင်းကကျိန်းသေ ပြန်ကူညီမှာ မလား.."
ဇောင်ထျန်ဝူ ပြုံးလိုက်ပြီး ပင်လယ်ဂိုဏ်းရဲ့ ကတ်ပြားကို ယူလိုက်သည်..။
"ဒါဆို ငါ ယဥ်ကျေးမနေတော့ဘူး.."
ဝိတ်တာလေးက ဝိုင်လာချပေးပြီးတဲ့နောက် ကျန်းယင် ထပ်ပြောလိုက်သည်..။
"စောင့်နေလိုက်..ငါ မင်းအတွက် အထူးလက်တစ်ဖက်ကို ရှာထားပေးမယ်.."
အရင်တုန်းက ချင်ဘုရင်ကို ကယ်တင်ရင်း ကျိုးထျန်ဝူ လက်တစ်ဖက် ဆုံးရှုံးခဲ့ရ၏..။
ကျိုးထျန်းဝူ စနောက်လိုက်သည်..။
"ငါ့အတွက် သားရဲလက်မောင်းတော့ရှာမလာနဲ့နော်..။ငါ မွန်းစတား မဖြစ်ချင်ဘူး.."
ပင်လယ်ဒေသမှာ ခြေလက်ဆုံးရှုံးသွားတဲ့ ပညာရှင်တွေက သားရဲတွေရဲ့ လက်တွေကို တပ်လေ့ရှိကြသည်..။တစ်ချို့က ပိုသန်မာလာပြီး တစ်ချို့က နေမကောင်းဖြစ်ကာ သေဆုံးသွားကြ၏..။
ကျန်းယင် :
"မင်း စိတ်ချထားလိုက် ။ငါ ဒီကိစ္စကို ကိုင်တွယ်လိုက်မယ်.."
ရှောင်ဘုကူ ဟာ စားပွဲကို သုတ်နေရင်း သူတို့ပြောနေတာတွေကို နားထောင်နေခဲ့၏..။
ကျန်းယင်က ဒီကို လာနေကြလူတစ်ယောဖြစ်ပြီး ကုန်သယ်ကြီးများအသင်းခွဲ ရဲ့ ခေါင်းဆောင်တစ်ယောကိပါ..။သူ နတ်ဆိုး ဒန် ရဲ့ လက်ကနေ လွတ်မြောက်အောင် သူ့ကို မှီခိုနိုင်ပေလိမ့်မည်..။
ဩဂုတ်လ..။
ယန်ကျိုးဟာ ကိုယ်ခံပညာရှင် စုဝေးပွဲမှလောင်ချီ ဘုရားကျောင်းသို့ပြန်ရောက်လာခဲ့သည်..။ချန်ပီယံ ဖြစ်သွားသူကတော့ ရွှေရောင်ခန္တာကိုယ် အဆင့်ပညာရှင် တစ်ယောက်ဖြစ်၏..။တကျန်းတွင် ရွှေရောင်ခန္တာကိုယ် အဆင့်များ ပိုမိုများပြားသည့်တိုင် စကြာဝဠာ အဆင့်မှာ ရှားပါးနေဆဲဖြစ်သည်..။
ယန်ကျိုးသည် တစ်ယောက်တည်းသွားခဲ့ခြင်း မဟုတ်ပေ..။ကြယ်တာရာ ၁၈ ယောက်ကိုလည်း အမြင်ကျယ်အောင်ခေါ်သွားခဲ့၏..။
သူတို့ ပြန်ရောက်သော အခါယန်ကျိုးသည် ကျန်းချန်ရှန်းကို အခြေအနေတွေအကြောင်း ပြန်ပြောပြ၏..။သူကိုယ်တိုင်လည်း တိုက်ပွဲအချို့ကို ပါဝင်ခဲ့ပြီး ရွှေရောင်ခန္တာကိုယ် အဆင့်အောက်တွင် နံပါတ် တစ် ဖြစ်ခဲ့သည်..။
"အဲဒီ ကျိုးကြွယ် နဲ့ ယူချင်းလန် က အရမ်းသန်မာတယ်..။အထူးသဖြင့် ယူချင်းလန်ပဲ..။သူမရဲ့ နည်းစနစ်တွေက အံ့ဩလောက်စရာ ကောင်းတယ်..။ကံကောင်းချင်တော့ ကျွန်တော်က နတ်ဘုရားကိုးပါး တိုက်ပွဲနည်းစနစ် နဲ့ ပျက်ဆီးလမ်းကြောင်း မူလနတ်ဘုရားနည်းစနစ်ကို တတ်မြောက်ထားတယ်လေ..။သူတို့နှစ်ယောက်ကို အေးဆေးလေး အနိုင်ယူနိုင်တယ်.."
ယန်ကျိူး ပြုံးနေခဲ့သည်..။ထိုတိုက်ပွဲအပြီးတွင် ကျိုးကြွယ်နဲ့ယူချင်းလန်တို့သည် သူ၏ ပြိုင်ဖက်ဟု မဆိုထိုက်တော့ပေ..။
ပိုင်ချီစလိုက်၏..။
"အစွမ်းပြရတော့ ဘယ်လိုခံစားရလဲ.."
"အံ့ဩစရာပဲ.."
ယန်ကျိူးဘာမှ ဖုံးကွယ်မထားပေ..။ဒီခြံဝန်းအတွင်းထဲက လူများက မိသားစုများသာ ဖြစ်ပေသည်..။
ဟောင်ထျန် မကျေမနပ်ပြောလိုက်၏..။
"နောက်တစ်ခါ ငါတို့ကိုပါခေါ်သွားပေး"
"ဒါကတော့ တာအိုဘိုးဘေးရဲ့ ခွင့်ပြုချက်ကိုတောင်းသင့်တယိ.."
ယန်ကျိုး ပြောလိုက်ခြင်းဖြစ်သည်..။
ဟောင်ထျန် နဲ့ ဟီထျန်ဟာ ကျန်းချန်ရှန်းကို သမားစွာ ကြည့်လိုက်ကြ၏..။သူတို့ဟာ ကျန်းချန်ရှန်းကလွဲပြီး ဘယ်အရာကိုမှ မကြောက်ကြပေ..။
ကျန်းချန်ရှန်း ပြောလိုက်သည်..။
"သေချာလေ့ကျင့်ကြ..။နောက်ထပ် စုဝေးပွဲတွေကျရင် ပျော်ရအောင် လိုက်သွားလို့ရတယ်.."
ဒီလို ပြောလိုက်တာနဲ့ နတ်ဆိုးကြောင် နှစ်ကောင်ဟာ ပျော်ရွှင်သွားခဲ့သည်..။
ကျန်းချန်ရှန်း ယန်ကျိုးကို ကျေနပ်စွာကြည့်လိုက်၏..။
ပြန်လည်မွေးဖွားလာတဲ့ ရှေးဟောင်းပညာရှင် ယူချင်းလန် တောင် ယန်ကျိုး၏ ပြိုင်ဘက်မဟုတ်တော့ပေ..။ကြည့်ရတာတော့ သူက အသက်ကြီးလာလေ ပိုအားကောင်းလာလေ ဖြစ်ပုံရသည်..။
သူ ကြယ်တာရာ ၁၈ ယောက်ကြီးပြင်းလာတာကိုလည်း စောင့်ရပေဦးမည်..။သူတို့က ယန်ကျိုးနှင့်သင်ယူနေကြသော်လည်း သူတို့က တစ်တိုက်လုံးတွင် ထိပ်ပိုင်း ၅၀၀ အဆင့်မျှသာ ရှိသည်..။
ဓားနတ်ဘုရားလည်း..တာအိုဘိုးဘေး ၏ တစ်ပည့်တစ်ဝက် ဖြစ်နေရခြင်းကို ဂုဏ်ယူနေခဲ့မိသည်..။
ရွှန်းထျန်း ခေတ် ၂၆ နှစ်မြောက်..။
ဧပရယ်
တကျန်း၏ စစ်တပ်သည် အရှေဘက်ပင်လယ်တွင် ထူးဆန်းသည့် အင်အားများဖြင့် ထိတွေ့ခဲ့သည်..။ကျန်းဂျီယန် နှင့် ပင်းအာ တို့သည် ထိုနေရာသို့ ပို့ဆောင်ခြင်းခံရပြီး ရွှေရောင်ခန္တာကိုယ် ပညာရှင် ငါးယောက်ကို သတ်ခဲ့သည်..။ဒီသတင်း မြို့တော်ကို ရောက်သည့်အခါ အင်ပါယာသည် မအံ့ဩသည့်အပြင် နောက်ထပ်ပညာရှင်များ ထပ်ပို့ခဲ့၏..။
ဒီအင်အားစုသည် ရွှေရောင်ခန္တာကိုယ် ပညာရှင် ငါးယောက်ရှိတာကြောင့် ကျ်ိန်းသေ အင်အားသေးသေးလေး မဖြစ်နိုင်ပေ..။
ကျန်းဂျီယန် နဲ့ ပင်းအာ တစ်ခုခုဖြစ်မည်ဆိုးသောကြောင့် အင်ပါယာ ကိုယ်တိုင် လိုက်သွားဖို့ ဆုံးဖြတ်ခဲ့သည်..။သူ ရှိနေစဥ်အတွင်း ထိုနေရာကို မြို့တစ်ခု အဖြစ်တည်ဆောက် မည်ဖြစ်သည်..။ယု်းနောက် ကိုယ်ခံပညာရှင်များ စုစည်းပြီး ရုတ်တရက် တိုက်ခိုက်မူကို ကာကွယ်စေလိမ့်မည်..။
အသက် ၁၈ နှစ်အရွယ် ကိန်းချီ သည် နိုင်ငံရေးရာ များကို စတင်အုပ်ချုပ်ခဲ့ရသည်..။သို့ပေမယ့် လက်ရှိတကျန်း၏ စနစ် များက ပြီးပြည့်စုံနေသည့်အတွက် အဓိက စီရင်စု သုံးခုမှလူများဟာ နိုင်ငံရေးကိစ္စများအတွက် ကူညီပေးခဲ့ကြ၏..။ဒါကြောင့် သူ၏ လေ့ကျင့်မူများကို မထိခိုက်ခဲ့ပေ..။
အင်ပါယာ ရွှန်းထျန်း ကိုယ်တိုင် တိုက်ပွဲဆီသွားခြင်းသည် ပထမဆုံးအကြိမ်မဟုတ်ပေ..။အ ရာရှိများ မြို့သားများသည်..မစိုးရိမ်သည့် အပြင်..ပို၍ ပင်မျှော်လင့်နေကြသည်..။
ထီးနန်အတွက် တိုက်ပွဲက စပြီဖြစ်သည်..။ဒီအရာကလည်း အင်ပါယာ ရွှန်းထျန်းကိုယ်တိုင် တစ်စုံတစ်ယောက်ကို ဖြန့်ခိုင်းထားခြင်းဖြစ်၏..။
ကျန်းချန်ရှန်း ဒါကိုကြားသည့်အချိန်တွင် အရှေ့ဘက် ပင်လယ်မှ အခြေအနေကိုဟတစ်ချက်ကြည့်လိုက်သည်..။
တစ်နာရီကြာပြီးသည့်နောက်တွင် မရေမတွက် နိုင်သည့် သင်္ဘောများကို အရှေ့ဘက်ပင်လယ် ကျွန်းတစ်ခုတွင် တွေ့လိုက်ရ၏..။မရေမတွက် နိုင်သည့် စစ်သားများသည် ထိုနေရာတွင် မြို့တစ်ခု တည်ဆောက်နေကြကာ အလံကို လွင့်ထူထားကြသည်..။
ထင်ထားသလိုပင် ဖန်ထျန်း ကြီးမြတ်သော အင်ပါယာ ဟာ..နဂါးသွေးကြောတိုက်ကြီးကို မျက်စိကျနေပြီဖြစ်သည်..။
ကျန်းချန်ရှန်း မြောက်ဘက်မှ ကြီးမြတ်သော ချီကို ကြည့်လိုက်သည်..။
သူ မျက်ခုံး ပင့်တင်သွား၏..။
ဝမ်ချန်း ပြန်လည် မွေးဖွားလာသည့် ချီဟန်သည် အင်ပါယာ မြို့တော်ကို တိုက်ခိုက်နေခဲ့သည်..။သိန်းချီသည့် စစ်သားများက မြို့တော်ကို ဝန်းရံထားကြ၏..။ကောင်းကင်ထက်တွင်တော့ ရွှေရောင်အဆင့်ပညာရှင်များ တိုက်ခိုက်နေခဲ့ကြသည်..။အခြေအနေအရတော့ ချီဟန်က အသားစီးရနေခဲ့၏..။
သူက စကြာဝဠာ အဆင့် ပညာရှင်၏ အော်ရာကိုလည်း အာရုံခံမိ၏..။သူမက ချီဟန် ၏ ဘေးနားတွင် ရပ်နေသည့် မိန်းကလေး ဖြစ်သည်..။
စိတ်ဝင်စားစရာပဲ...
ဝမ်ချန်းက ထီးနန်ကို ရတော့မယ်ပေါ့
သူ အစကတော့ ကြီးမြတ်သော ချီကို ဖန်ထျန်း ရဲ့ လက်အောက်ခံအဖြစ် ထင်ခဲ့မိ၏..။သို့ပေမယ့် အခုတော့ ထူးဆန်းသည့် အင်အားစု တစ်ခုက ချီဟန်ကို ထောက်ပံ့ပေးနေခြင်းသာဖြစ်သည်..။
ဒီ ထူးဆန်းတဲ့ အင်အားက ဖန်ထျန်း အင်ပါယာ ထဲက ဖြစ်နေရင်ရော..
ဒါတော့မဖြစ်န်ိုင်ပေ..။
နောက်ထပ်ဖြစ်န်ိုင်ချေတစ်ခုက ဒီထူးဆန်းသည့် အင်အားစုက ဖန်ထျန်း ရော ကြီးမြတ်သော ချီ ထဲကရော မဟုတ်သည်ကိုပင်..။
ကျန်းချန်ရှန်း အခြေအနေကိုသာ ကြည့်နေပြီး တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိပေ..။
ကြီးမြတ်သော ချီ အင်ပါယာက တကျန်းကို မခြိမ်းခြောက်နိုင်ပေ..။ကျန်းချန်ရှန်းရဲ့ မြားတစ်ချောင်းတည်းဖြင့် ဖျက်ဆီးပစ်နိုင်တာကြောင့် သူ ရှိုးပွဲကိုသာ ကြည့်နေခဲ့၏..။
သူ အတော်ကြာအောင်ကြည့်ပြီးကာမှ.. မူမိသားစု ရဲ့ အခြေအနေကို ကြည့်လိုက်သည်..။
မူ မိသားစုသည် ပင်လယ်ထဲတွင် ရွက်လွင့်နေပြီဖြစ်သည်..။သူတို့က စုစုပေါင်း သင်္ဘော ၁၂၇ စီ ယူလာခဲ့ကြ၏..။ကျန်းချန်ရှန်း တွက်ကြည့်လိုက်ရာ မူမိသားစု တပည့် အရေ အတွက်က တစ်သိန်းခန့် ရှိသည်..။
အဲ့အချိန်မှာတော့ မူလင်လောင်ဟာ သင်္ဘောပေါ်တွင် ကျင့်ကြံနေခဲ့၏..။ကျန်းချန်ရှန်း၏ တည်ရှိမူကြောင့် သူမ၏ လက်ရှိအဆင့်အတန်းက မြင့်နေပြီး ဘယ်သူမှ သူမကို မနှောက်ယှက်ရဲကြပေ..။
သူတို့ရဲ့ အင်အားနဲ့ဆိုရင် ပင်လယ်ထဲမှ သာမန်အင်အားစုများက သူတို့ကို တားရဲမှာမဟုတ်ပေ..။ဒီတော့ သူတို့၏ ခရီးက လင်းဟောက်ထျန်း ထက် ပိုမိုလွယ်ကူနိုင်၏..။