နံပါတ်တစ် နည်းစနစ် ၊ တိုက်ကြီးကို ကာကွယ်သည့် စစ်ပွဲ
Vol. 13 Ch. 185
ဩဂုတ်လ အလယ်တွင်..။
တစ်စုံတစ်ယောက်ဟာ သူရဲကောင်းသုသာန်ကို ဝင်ဖို့အတွက် တန်ချီ ဘုရားကျောင်းဆီကို ရောက်လာခဲ့သည်..။ကံဆိုးချင်တော့ သူက အစစ်အမှနတ်ဘုရား အဆင့်သာ ရှိသေးပြီး ယန်ကျိုးကို အနိုင်မတိုက်နိုင်ခဲ့ပေ..။သို့ပေမယ့် တစ်ဖက်လူက သူ့ရဲ့ သွေးနဲ့ ချီကို လောင်ကျွမ်းစေပြီး တန်ချီကျောင်းတော်၏ ဝင်ပေါက်တွင် အဆုံးစီရင်ခဲ့သည်..။ဒါကြောင့် ရွေးချယ်စရာ မရှိပဲ သူ့ကို မြေမြုပ်ပေးခဲ့ရ၏..။
ဒီကိစ္စက ချက်ချင်းပျံ့နှံ့သွားခဲ့ပြီး ပညာရှင်များဟာလည်း သူရဲကောင်းသုသာန်ကို ဝင်ဖို့ ဘယ်လောက် ခက်ခဲလဲ ဆ်ိုတာကို နားလည်သွားခဲ့ကြသည်..။ဒီအရာက သူရဲကောင်းသုသာန်ကို ကိုယ်ခံပညာရှင်တွေအတွက် အရေးကြီးသည့် နေရာတစ်ခု ဖြစ်လာစေခဲ့၏..။
နိုဝင်ဘာလတွက် ..အရှေ့ဘက် ပင်လယ်ပြင်မှ သတင်းတစ်ခု ရောက်လာခဲ့၏..။
ခြံဝင်းထဲတွင်တော့ လီဂျန်ဟာ ဒီသတင်းကို တင်ပြနေခဲ့သည်..။
"ကျွန်တော် သေချာစုံစမ်းထားပြီပြီ..။အမှန်တကယ်ပဲ ဖန်းထျန် အင်ပါယာ ပဲ..။တကျန်း နဲ့ ဖန်ထျန်း တို့ စစ်ပွဲက စတင်တော့မယ်..။ဒါပေမဲ့ ဖန်ထျန်းကတော့ စစ်ပွဲကို ချက်ချင်း စတင်လိုက်မှာမဟုတ်ဘူး..။သို့ပေမယ့် ကိုယ်ခံပညာရှင် အချို့က တကျန်းရဲ့ နယ်စပ်တွေကိုလာပြီး တိုက်ခိုက်တာတွေ ရှိတယ်..။အင်ပါယာ ရဲ့ ဒေါသကို ဆွဖို့ စကြဝဠာ အဆင့် တွေတောင် လှုပ်ရှားလာကြပြီ..."
လီဂျန် အကူညီမဲ့စွာ ပြောလိုက်သည်..။တကျန်းနဲ့ ရန်သူရဲ့ အင်အားက အတော်လေးကို ကြီးမားလှ၏..။သူတို့က ဖန်ထျန်း အငါပါယာ မှ ဆိုတာကို သိပေမယ့်လည်း တကျန်း အနေနဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို မသိခဲ့ပေ..။
ဖန်ထျန်း အင်ပါယာသည် နဂါးသွေးကြောတိုက်ကြီးနှင့် အတော်ဝေးကွာလွန်းလှသည်..။တကျန်း ၏ သင်္ဘောများမှာလည်း ဖန်ထျန်း အင်ပါယာက သင်္ဘောများလောက် မမြန်ကြပေ..။တကျန်းဟာ ဖန်ထျန်း အင်ပါယာ၏ တည်နေရာ အတိအကျကိုတောင် မသိပေ..။
ဒီကိစ္စအတွက်ကတော့ ကျန်းချန်ရှန်း အကြံဥာဏ် မပေးပဲ ဧကရာဇ်ကိုသာ တွေးတော ခိုင်းထား၏..။
ယင်းနောက် လီဂျန်ဟာ မြောက်ဘက်မှ နတ်ဆိုးဘုရင် အကြောင်းဆက်ပြီး ပြောခဲ့သည်..။လတ်တလောတွင် နတ်ဆိုးဘုရင်သည် ပျောက်ကွယ်နေပြီး..တကျန်းနှင့် ကြီးမြတ်သော ချီ ကြားထဲတွင် မည်သည့် နတ်ဆိုးများမှ ရှိမနေခဲ့ပေ..။
ကျန်းချန်ရှန်း ကောင်းကင်နှင့်မြေကြီး အကန့်အသတ်မဲ့ မျက်လုံးများဖြင့်ကြည့်လိုက်သည်..။အချိန်အတော်ကြာအောင် ရှာပြီးသည့်နောက် များပြားလှသည့် နတ်ဆိုးစစ်တပ်ကြီးကို တွေ့လိုက်ရ၏..။နတ်ဆိုးဘုရင်၏ ဦးဆောင်မူဖြင့် သူတို့သည် အနောက်ဘက်ဆီကို သွားနေခဲ့ကြသည်..။
"တာအိုဘိုးဘေ..ကျွန်တော်ရဲ့ မြေးလေးကို လောင်ချီ ဘုရားကျောင်းမှာ လေ့ကျင့်ဖို့ ပို့ပေးချင်လို့ပါ ဘယ်လိုထင်လဲ မသိ.."
လီဂျန် သိချင်စွာ မေးလိုက်သည်..။တာအိုဘိုးဘေး သိုင်းပညာ နည်းစနစ်တွေရပြီးကတည်းက လောင်ချီ ဘုရားကျောင်းသည် တဟုန်ထိုး တိုးတက်လာခဲ့၏..။လီဂျန် ဒါကို သတိထားမိသည်..။
ကျန်းချန်ရှန်း ဒါကိုကြားကာ ပြုံးလိုက်ပြီး..
"ဒါပေါ့..မင်းက်ို ဒီလောက်နှစ်တွေ အကြာကြီး ဒုက္ခပေးထားမိတာ..။ဒါပေမဲ့ မင်းရဲ့ စကားလုံးတွေက မင်းရဲ့ အဘိူးကိုတောင် ပြန်အမှတ်ရစေတယ်.."
လီဂျန် ပျော်ရွှင်သွားခဲ့ပေမယ့်..နောက်ဆက်တွဲစကားတွေကြောင့် အပြုံးဟာ ပျောက်ကွယ်သွားခဲ့သည်..။
အဘိုး လီ ကြောင့်သာ မဟုတ်ရင် သူ ဒီနေ့လိုကံကောင်းမူမျိုး ဘယ်လိုလုပ်ရနိုင်မှာလဲ..။သူ သက်ပြင်းချလိုက်ပြီး..
"အမှန်ပဲ..မသိလိုက်ခင်မှာပဲ ကျွန်တော်လည်း အဖိုးတစ်ယောက်ဖြစ်နေခဲ့ပြီ..။အရင်တုန်းက မခံစားမိခဲ့ဘူး..မြေးရပြီးတဲ့နောက်မှာ ပိုပြီးအသက်ကြီးလာသလိုခံစားရတယ်.."
သူတို့ နှစ်ယောက် အတိတ်ကို ပြန်ပြောနေခဲ့ကြ၏..။
လီဂျန် ထွက်သွားပြီးနောက် ကျန်ချန်ရှန်း မတ်တတ်ထရပ်ပြီး ဆေးဖော်စပ်ရန် ပြင်ဆင်လိုက်သည်..။
အချိန်တွေ ကုန်ဆုံးသွားခဲ့၏..။
ရွှန်းထျန် ခေတ် မေလ ၂၉ ရက်နေ့..။
ရီယွမ် ပြန်လာခဲ့ပြီဖြစ်သည်..။
ဒီတစ်ကြိမ်တော့ သူ စိတ်ဓာတ်တက်ကြွနေခဲ့၏..။နောက်ဆုံးတော့ သူ၏ အစွမ်းကို ပြနိုင်ခဲ့ပြီဖြစ်သည်..။
"အခုတော့ ထျန်ဟိုင်ရဲ့ မျ်ိုးရိုးနာမည်က ရီ ဖြစ်သွားပြီ..။အရင်က ထျန်ဟိုင်မှာ ကြီးဆိုးနေတာ ဖန်ထျန်း အင်ပါယာကပဲ..။သူ့ကို သေလောက်အောင် ရိုက်နှက်ထားခဲ့တယ်..။သူက အသနားခံပြီး နောက်တစ်ခါ မလာတော့ဘူးလို့တောင် ကတိပေးခဲ့တယ်လေ.."
ရီယွမ်ဂုဏ်ယူစွာ ပြုံးနေခဲ့၏..။
ဓားနတ်ဘုရားဟာ သိချင်စွာဖြင့်
"ဖန်ထျန်း အင်ပါယာ က သူ့ကို ပို့ခဲ့တာလား.."
ရီယွမ် ပြောလိုက်သည်..။
"အမှန်ပဲ ..အင်ပါယာ ဖန်ထျန်းက ကောင်းကင်အဆင့် ငါးယောက်ကို စေလွှတ်ပြီး နေရာအနှံ့က သိုင်းလောကကို စုစည်းစေခဲ့တာ..။သူသာ နေရာအနှံ့က သိုင်းလောကကို စုစည်းနိုင်ရင် အင်အားတည်ဆောက်ဖို့အတွက် လွယ်ကူသွားပြီလေ.."
ပိုင်ချီ အံ့ဩသွားပြီး..
"သူတို့က ကောင်းကင်အဆင့် ငါးယောက်တောင် စေလွှတ်တာလား..။ဖန်ထျန်း အင်ပါယာမှာ ကောင်းကင်အဆင့်တွေ ဘယ်လောက်တောင် ရှိနေတာလဲ.."
ရီယွမ် :
"ငါ မေးခဲ့ပေမယ့် သူလည်း မသိဘူး..။ဘာလို့လဲ ဆိုတော့ ဖန်ထျန်း အင်ပါယာက ပင်လယ်ဒေသတွေကို သိမ်းသွင်းနေတုန်း မို့လို့ပဲ..။သူသိသလောက်တော့ ၁၀ ယောက်လောက် ရှိတယ်.."
ကောင်းကင် အဆင့် ၁၀ ယောက်ဆိုတာက တကယ်ကြမ်းတာပဲ..။
ဓားနတ်ဘုရား ၊ ပိုင်ချီ နဲ့ ယန်ကျိုးတို့ ဆွံ့အသွားခဲ့ကြသည်..။
ကျန်းချန်ရှန်း ခနလောက် တွေးလိုက်၏..။ဖန်ထျန်း အင်ပါယာက ဂိုဏ်းတွေကို လိုက်ပြီး သိမ်းသွင်းနေလျင် ဒီအင်အားက တန်ဖိုးထဲတွက် ပါမှာမဟုတ်ပေ..။
တစ်နည်းအားဖြင့် ဖန်ထျန်း အင်ပါယာ ၏ တန်ဖိုး အမှတ်မှာ ကျ်ိန်းသေ သန်း ၃၀ ထက်ကျော်မည်ဖြစ်သည်..။
ရီယွမ်ဟာ ချန်းမိသားစု ရဲ့ ချီလက်ချောင်းကို ဖော်ပြလိုက်ပြီး..
"ဟားဟား ..ချန်းမိသားစု ရဲ့ ချီလက်ချောင်းသိုင်းက ထျန်ဟိုင်တစ်ခုလုံး ပျံနှံ့နေပြီ..။မကြာခင်မှာ ထျန်ဟိုင်ရဲ့ နံပါတစ် နည်းစနစ် ဖြစ်လာလိမ့်မယ်..။ဖြစ်နိုင်တာက ဖန်ထျန်း အင်ပါယာ အထိတောင် ပျံ့နှံ့နိုင်လောက်တယ်..။ချန်းမိသာစု ရဲ့ ချီလက်ချောင်းသိုင်းက သာမန်ပဲ ဆိုတာ သူတို့ဘယ်လိုသိမှာလဲ.."
သူ ချီလက်ချောင်းသိုင်းရဲ့ အစစ်အမှန်ကို သိခဲ့သည့် အချိန်တွင် အံ့ဩသင့်ခဲ့၏..။သို့ပေမယ့် လူတွေကို ယခုလိုခြိမ်းခြောက်ရသည်က အတော်လေး ပျော်စရာ ကောင်းလှသည်..။
ဓားနတ်ဘုရား :
"အနာဂတ်မှာ ငါ လည်း ချီလက်ချောင်းသိုင်းကို သုံးပြီး လူတွေဘယ်လိုမြင်ကြလဲဆိုတာ လေ့လာရမယ်.."
ကမ္ဘာကြီးကို အံ့ဩသင့်စေခဲ့တဲ့ နည်းစနစ်က တကယ်ပဲ သာမန်နည်းစနစ် တစ်ခုပါ..။တကယ်လို့ သိုင်းပညာရှင်တွေသာ အမှန်ကို ရှာတွေ့သွားရင် ကိုယ့်က်ိုကို သတ်သေလောက်ကြသည်..။
ဒီကိစ္စက အတော်လေး စိတ်ဝင်စားဖို့ကောင်း၏..။
ပိုင်ချီ ဒီဟာကို ကြားပြီး မျက်မှောင်ကျုတ်လိုက်၏..။ချန်းမိသားစုရဲ့ဘိုးဘေးက အုတ်ဂူ ထဲကနေပြန်ထွက်လာတော့မည်ဟု သူမ ခံစားနေခဲ့ရသည်..။
ကျန်ချန်းရှန်း သူတို့ စကားပြောနေကြတာကို ကြည့်ပြီး ပြုံးလိုက်သည်..။ဒီီလိုဘဝမျိုးက အတော်ပင် ပျော်စရာကောင်းလှ၏..။
ကျန်းချန်ရှန်း ဖြည်းဖြည်းချင်း မျက်လုံး ပိတ်ကာ ဆက်ပြီး လေ့ကျင့်လိုက်သည်..။
အရှေ့ဘက်ပင်လယ် ၊ ရွှန်းထျန်း မြို့..။
အင်ပါယာ သည် ဒီနေရာတွင် ဒုတိယ နန်းတော်ကို တည်ခဲ့သည်..။မြို့တော်နှင့် ယှဥ်လျင်တော့ ဒီနေရာက အတော်လေး သေးငယ်နေခဲ့၏..။
အဲ့အချိန်မှာတော့ ဧကရာဇ် ရွှန်းထျန်းသည် စားပွဲပေါ်မှ ရေတွေဝန်းရံနေသည့် သဲမြေပုံကို ကြည့်နေခဲ့သည်..။
ကျန်းဂျီယန် ဟာ ဧကရာဇ် ရွှန်းထျန်းရဲ့ ရှေ့တွင် မျက်မှောင်ကျုတ်ကာ ရပ်နေခဲ့၏..။
အဖြူရောင် ဝတ်လုံတော် အစောင့်တစ်ယောက် ဟာ ဝင်ရောက်လာခဲ့ပြီး..လျို့ဝှက်စာတစ်စောင် ပေးအပ်ခဲ့သည်..။
အင်ပါယာ ရွှန်းထျန်း ဖွင့်ကြည့်ပြီး မျက်မှောက်ကျုတ်လိုက်သည်..။
"ကြီးမြတ်သော ချီက ငါတို့နဲ့ လက်တွဲပြီး ဖန်ထျန်း အင်ပါယာကို တိုက်ချင်တာလား.။ဒါက မထင်မှတ်ထားစရာပဲ.."
ကျန်းဂျီယန် ဒါကိုကြားပြီး..
"သူတို့က ယုံကြည်ရပါ့မလား."
အင်ပါယာ ရွှန်းထျန်းဟာ လျ်ိုဝှက်စာကို ပေးဖတ်လိုက်သည်..။
ကျန်းဂျီယန် ဂရုတစိုက်ဖတ်လိုက်ပြီး..
"ကြီးမြတ်သော ချီရဲ့ ဧကရာဇ်က တကယ်ကို တော်တာပဲ..။သူက အခြေအနေတွေကို ကျွမ်းကျွမ်းကျင်ကျင် တွက်ချက်ပြီး ရိုးသားမူကိုလည်း ပြထားသေးတယ်.."
အင်ပါယာ ရွှန်းထျန်း :
"သူ့ရဲ့ အစီစဥ် အရတော့ တကျန်းနဲ့ တချီ တို့က ဖန်ထျန်းအင်ပါယာကို အတူတူ တိုက်ခိုက်ကြမယ်..။ငါတို့ ဖန်ထျန်းကို တိုက်ပြီးတာနဲ့ နဂါးသွေးကြော တိုက်ကြီးကို တိုက်ခိုက်ကြမယ်..။အနည်းဆုံးတော့ဒါက နှစ်ဖက်လုံး အတွက် အာမခံချက်ရှိတယ်..။ဒီတော့ တကျန်းနဲ့ ကြီးမြတ်သော ချီတို့ လက်တွဲပြီးတိုက်တာက မဖြစ်နိုင်စရာ မရှိဘူး.."
"ကြီးမြတ်သော ချီက ဖန်ထျန်းလက်အောက်ခံဖြစ်နေမှာကို ငါကစိုးရိမ်နေတာ..။အင်ပါယာ အသစ်က ဖန်ထျန်းကိုတောင် စစ်ပွဲစတင်ရဲလိမ့်မယ့်လို့ မထင်ထားဘူး.."
ကျန်းဂျီယန် ပြုံးလိုက်ပြီး..
"ကြီးမြတ်သော ချီက ဖန်ထျန်းကို အညံ့ခံမယ့်အစား တကျန်းဆီမှာပဲ အညံ့ခံလိုက်မယ်လို့ မပြောခဲ့ဘူးလား..။သူတို့ တိုက်ခိုက်ချင်တယ် ဆိုမှတော့ မျှော်လင့်ချက်အတွက်ပဲ တိုက်ခိုက်ကြလိမ့်မယ်..။တကယ်လို့ တကျန်းသာ ဖန်ထျန်အင်းပါယာကို စစ်ရှုံးသွားမယ်ဆိုရင် သူတို့အတွက်က မျှော်လင့်ချက် မရှိတော့ဘူး.."
အင်ပါယာ ရွှန်ထျန်း ပြုံးလိုက်ပြီး..
"ငါတော့ ဧကရာဇ် အသစ်ကို လေးစားနေမိပြီ..။ဒါပေမဲ့ ဂရုမစိုက်လို့ တော့မရဘူး..။တကယ်လို့ ကြီးမြတ်သော ချီ သာ တကျန်းကို သစ္စာဖောက်ရဲရင် ..ကြီးမြတ်သော ချီ ကို သက်ရှိငရဲဖြစ်အောင် လုပ်ပစ်မယ်.."
သူ့အသံမှာတော့ ရက်စက်မူတွေ ပါဝင်နေခဲ့သည်..။
ဒေါင်ဟိုင် အင်ပါယာကို အနိုင်ယူပြီးကတည်းက ဧကရာဇ် ရွှန်းထျန်း၏ တည်ရှိမူက ပြောင်းလဲသွားခဲ့၏..။သူက အရင်ကလို နိမ့်ချရတဲ့ အင်ပါယာ ငယ်လေး မဟုတ်တော့ပေ..။
အင်ပါယာ ရွှန်းထျန်း ပြန်လှည့်ပြီး စားပွဲဆီကို လျောက်သွားလိုက်သည်..။သူ စာတစ်စောင် ရေးပြီး တံဆိတိတော်နှင့် ပိတ်လိုက်၏..။ယင်းနောက် ဝတ်ရုံဖြူ အစောင့်ကို ကြီးမြတ်သော ချီထံသို့ ပို့စေခဲ့သည်..။
"နောက်တိုက်ပွဲက နဂါးသွေးကြောတိုက်ကြီးနဲ့ ဖန်ထျန်း တို့ကြားက တိုက်ပွဲပဲ.."
ဧကရာဇ် ရွှန်းထျန်း အေးစက်စွာ ပြောလိုက်ပြီး စားပွဲပေါ်က သဲမြေပုံကို ကြည့်လိုက်သည်..။
နှစ်ဝက်ကြာသည့် အချိန်တွင် တကျန်းနဲ့ ကြီးမြတ်သေယ ချီတို့ ပူးပေါင်းပြီး ဖန်ထျန်း အင်ပါယာကို တိုက်ခိုက်မည့်အကြောင်း ကြေညာခဲ့သည်..။
တိုက်ကြီး တစ်ခုလုံး အံ့ဩသင့်သွားခဲ့ကြ၏..။
ဒီမတိုင်ခင်က တကျန်းနဲ့ ကြီးမြတ်သော ချီတို့ တိုကိခိုက်ကြတော့မည်ဟုသာ အားလုံးက ထင်ထားခဲ့ကြသည်..။တစ်ချိန်တည်းမှာပဲ ဖန်ထျန်းသည် တိုက်ကြီးအတွင်းသို့ ပေါ်ပေါ်ထင်ထင် ဝင်ရောက်လာခဲ့ကြသည်..။
ကျန်းချန်ရှန်း ဒါကိုကြားပြီး အတွေးနက်နေခဲ့၏..။
ပိုင်ချီ အံ့ဩသင့်နေပြီး..
"ကြီးမြတ်သော ချီရဲ့ အင်ပါယာက မရိုးရှင်းဘူး.."
ရီယွမ် အထင်သေးစွာ ပြောလိုက်သည်..။
"ကြီးမြတ်သော ချီ မရှိပဲ နဲ့တောင် တကျန်းက ဖန်ထျန်းကို အနိုင်တိုက်နိုင်တယ်..။တကယ်လို့ ငါနဲ့ တာအိုဘိုးဘေးသာ ပူးပေါင်းလိုက်ရင်..ဖန်ထျန်းဆိုတာ ဘာဟုတ်ဦးမှာလဲ.."
ပိုင်ချီ ဒေါသထွက်သွားပြီး..
"မာစတာက နင်နဲ့ဘာလို့ ပူးပေါင်းရမှာလဲ..။နင်မရှိလဲ ဖန်ထျန်းက မာစတာရဲ့ ပြိုင်ဖက်မဟုတ်ဘူး.."
"ဒီခွေး..ငါက ကောင်းကင်နှစ်ခု နယ်ပယ် အဆင့်ပဲ..."
"ကောင်းကင်လေးခု နယ်ပယ် ပညာရှင်တောင် မာစတာရဲ့ လက်ထဲမှာသေခဲ့ပြီးပြီလေ..။နင့်အဆင့်က ဘာလုပ်ရမှာလဲ..
လူတိုင်းကတော့ သူတို့နှစ်ယောက် ငြင်းခုန်ကြတာကို အသားကျနေကြပြီဖြစ်သည်..။
ကျန်းချန်ရှန်းစိတ်ထဲကနေ သက်ပြင်းချလိုက်၏..။တကယ်လို့သာ ကြီးမြတ်သော ချီရဲ့ အင်ပါယာက ဝမ်ချန်း ဆိုတာကို ပိုင်ချီကို ပြောလိုက်ရင် သူမ ဘယ်လို တွေးမှာလဲ..။
ထားလိုက်တော့ ဒီကိစ္စက ပြောစရာ မလိုသေးဘူး...။
.
တကယ်လို့ သူ ပြန်လည်မွေးဖွားမူတွေကို ကြည့်လို့ရတာကိုသာ တစ်ကမ္ဘာလုံးက ပညာရှင်တွေသိသွားရင် ပြသနာ ရှုပ်ကုန်လိမ့်မည်ဖြစ်သည်..။
.
သူ မြောက်ဘက်ကို လှမ်းပြီး ကြည့်လိုက်သည်..။ကြီးမြတ်သော ချီ၏ တပ်သားများ မြောက်ဘက် နယ်စပ်တစ်လျောက်ချထားသည်ကို တွေ့လိုက်ရ၏..။ကြည့်ရသည်တော့ ကြီးမြတ်သော ချီ၏ ဧကရာဇ်သည် လေလုံးထွားနေခြင်း မဟုတ်ပေ..။သူက တိုက်ခိုက်ဖို့တောင် ပြင်ဆင်ပြီးနေပြီဖြစ်သည်..။
ကျန်းချန်ရှန်း မတ်တတ်ထရပ်ပြီး ကြွက်သားတွေကို ဆန့်လိုက်သည်..။နဂါးသွေးကြောတိုက်ကြီးတွင် သူနဲ့ ရီယွမ်ကလွဲလို့ ကျန်သည့် အသန်မာဆုံး ပညာရှင်များကို တွက်ချက်လ်ိုက်၏..။
[ အမှတ် 610000 လိုအပ်သည်..။ရှေ့ဆက်ချင်ပါသလား..]
ကျန်းချန်ရှန်း မျက်မှောင်ကျုတ်ပြီး အချက်ပေးသံကို ကြည့်လိုက်သည်..။
ကောင်းကင် နှစ်ခု နယ်ပယ် ကျွမ်းကျင်သူ..
ဆန်းကျယ်သည့် ပညာရှင်တစ်ယောက်ဟာ နဂါးသွေးကြော တိုက်ကြီးထဲကို ဝင်လာခဲ့သည်..။ကြည့်ရတာတော့ သူက ရန်သူ ဖြစ်နိုင်ချေ အများကြီးရှိ၏..။
ကျန်းချန်ရှန်း သူ့၏ နတ်ဘုရားအသိစိတ်ဖြင့် ပညာရှင်ကို အာရုံခံကြည့်လိုက်သည်..။မကြာခင်မှာပဲ သူ အင်အားကြီး အော်ရာကို ခံစားမိလိုက်၏..။
သူ ချက်ချင်းပဲ အကန့်အသတ်မဲ့ ကောင်းကင် နဲ့ မြေကြီး မျက်လုံးဖြင့် ကြည့်လိုက်သည်..။
ရွှန်းထျန် မြို့၏ အပြင်ဘက် တွင် တကျန်း စစ်သည်များဟာ ပြင်းထန်စွာ လေ့ကျင့်နေကြသည်..။သင်္ဘောများကိုလည်း စစ်ဆေးနေပြီး အစစ်အမှန် နတ်ဘရားများက လေပေါ်တွင် ဝဲပျံနေကြ၏..။
သူတို့နှင့် မနီးမဝေးရှိ တောင်ကုန်းမြင်ြတစ်ခုတွင် လူကြီးတစ်ယောက်ဟာ ဝိုင်ကို သောက်နေရင်း လှပသည့် မြင်ကွင်းကို ကြည့်နေခဲ့၏..။
သူက ပိန်ပိန်ပါးပါးဖြင့် သာမန် အဝတ်အစားကို ဝတ်ဆင်ထားခဲ့သည်..။သူ၏ မျက်နှာတွင် ကောက်ရိုးများရှိနေပြီး အဝတ်အစားများကလည်း တွန့်ကြေနေ၏..။
သူ နှာခေါင်းရှုတ်လိုက်ပြီး..
"အရမ်းတွေ စည်ကားနေတယ်ပေါ့..။နောက်ရက် အနည်းငယ်ကျရင် ထပ်ပြီး စည်ကားနိုင်မှာ မဟုတ်တော့ဘူး.."
သူ ပြောပြီးတာနဲ့ ကင်းခြေမြားတစ်ကောင်ဟာ သူ၏ အင်္ကျီီကော်လံထဲကနေ ထွက်လာပြီး..လည်ပင်းပေါ်ကို တွယ်တက်လာခဲ့သည်..။