ကောင်းကင်အဆင့်၏ တွက်ချက်မူ ၊ တာအိုဘိုးဘေး၏ ကယ်တင်မူ
Vol. 13 Ch. 186
ကျန်းချန်ရှန်းဟာ ထူးဆန်းသည့်လူက ဘာမှ ဆိုးဝါးတာ မလုပ်သေးတာကြောင့် သူလည်း ဘာမှ မလုပ်ပဲ စောင့်ဆိုင်းနေခဲ့သည်..။
ညဘက်တွင်..ကျန်းချန်ရှန်း သူ၏ ကိုယ်ပွားကို လောင်ချီဘုရားကျောင်းတွင် ထားခဲ့ပြီး ဘယ်သူမှ သတိမထားမိခင် ထွက်သွားခဲ့သည်..။
ရက်များ ကုန်လွန်သွားခဲ့သည်..။
မသပ်မရပ်နှင့် လူကြီးဟာ တောင်ကုန်းပေါ်တွင် စောင့်ဆိုင်းနေတုန်းဖြစ်၏..။သူ့တွင် အရက်ကုန်သွားသည့်အချိန်တွင် အနီးနားရှိ မြို့ထဲတွင် သွားဝယ်လေ့ရှ်ိသည်..။သူက ကောင်းကင်နှစ်ခု နယ်ပယ် တစ်ယောက်ဆိုတာ ဘယ်သူမှ သတိမထားမိပေ..။
အင်ပါရီယာ...စာကြည့်တိုက်..။
အင်ပါယာ ရွှန်းထျန်း မသက်မသာခံစားနေရပြီး..သူ၏ မျက်ခုံးနှစ်ခုကြားထဲမှ တာအို အမှတ်အသားတွင် အလင်းရောင်များတောက်ပနေခဲ့သည်..။သူ၏ မွေးဖွားရာ အမှတ်က အန္တရာယ်ကြုံတွေ့ခါနီးတွင် အချက်ပေးသည်ဆိုသည်ကို သူ သိရှိပြီးဖြစ်သည်..။ဒီတော့ သူ အတွေးလွန်နေသည်ဟု အထင်မိပေ..။
.
သူ ချက်ချင်း ကျန်းဂျီယန်ကို ခေါ်လိုက်၏..။
As expected, Jiang Jian had the same feeling.DiiScôver 𝒏𝒆w stori𝒆s on no/𝒗/e()/lbin(.)com
ကျန်းဂျီယန် လည်း အတူတူပင်ဖြစ်သည်..။
သူတို့နှစ်ယောက် ဆွေးနွေးပြီး နောက်တွင် ကျန်းဂျီယန် ဟာ..အထူးစစ်သည်တော်များနှင့် အတူ ကင်းလှည့်ခဲ့သည်..။
ရွှန်းထျန်း စစ်တပ် ဟာ လူအိုကြီး ရှိသည့် တောင်ကုန်းမှ ဖြတ်သွားသည့် အချိန်တွင် လူအိုကြီးသည် အလျင်အမြန်ပုန်းအောင်း နေခဲ့သည်..။သူ၏ နည်းစနစ်များက ကောင်းမွန်လွန်းတာကြောင့် ဘယ်သူမှ ရှာမတွေ့ခဲ့ပေ..။
မျက်စိတစ်မှတ်အတွင်းမှာပဲ တစ်လ ကုန်သွားခဲ့၏..။
ကောင်းကင်တွင် မိုးခြိမ်းသံများ ကြားနေရ၏..။မိုးတိမ်များဟာ ပင်လယ်ပြင်ပေါ်ကနေပြီး နေရာတစ်ခုလုံး ဖုံးလွမ်းသွားခဲ့သသည်..။
ပျင်းတိပျင်းရွဲ လူအိုကြီးသည် ခေါင်းကို မော့ပြီး ပြုံးလိုက်သည်..။
"နောက်ဆုံးတော့ စောင့်ရကြိုးနပ်ပြီ..။လုပ်စရာ ရှိတာ မြန်မြန်လုပ်ပြီး ပြန်ရမယ်.."
တောင်ကုန်းတစ်ခုလုံးကို မိုးတိမ်တွေ ပြည့်သွားသည့် အချိန်တွင်..သူဟာ တောထဲကနေ ထွက်လာပြီး..မြားတစ်စင်းလ်ို တိမ်တွေထဲကို ပျံသန်းသွားခဲ့သည်..။
မိုးတိမ်တွေ ထဲတွင်တော့..သူ လက်မြှောက်လိုက်သည့်အချိန်တွင် များပြားလှသည့် အဆိပ် ပိုးကောင်များ ပျံသန်းလာခဲ့၏..။သူတို့က အဝေးကြီးအထိ မပျံပဲ အငွေ့များ အဖြစ် ပြောင်းလဲသွားကာ..တိမ်ထဲကို ဝင်သွားခဲ့ကြသည်..။
သူ၏ နောက်တွင် တစ်စုံတစ်ယောက်က စောင့်ကြည့်နေသည်ကိုတော့ သူသတိမထားမိပေ..။ဒါကတော့ ကျန်း ချန်ရှန်း ပင်..။
"ချီးကတော့ အဆိပ် ပိုးကောင်တွေ အဖြစ်ပြောင်းတာလား..မဆိုးပါဘူး.."
ကျန်းချန်ရှန်း တစ်ဖက်လူရဲ့ အဆိပ်ကို ကြည့်နေရင်း ဒါက လှုပ်ရှားလို့မရပဲ သေစေနိုင်သည့် အဆိပ်ဆိုတာကို နားလည်လိုက်သည်..။
အတော်ကြာပြီးနောက်..။
ပျင်းတိပျင်းရွဲ လူအိုကြီးဟာ ရပ်တန့်လိုက်သည်..။သူ မျက်နှာက ချွေးတွေကိုသုတ်လိုက်ပြီး..
"ဒါက အားအတော်ကုန်စေတာပဲ..။ငါ ပြန်ရောက်တဲ့ အချိန်ကျရင် အင်ပါယာကို ဆုချခိုင်းရမယ်.."
သူ ပြန်ထွက်သွားဖို့ လုပ်လိုက်တဲ့ အချိန်မှာတော့ လက်တစ်ဖက်ဟာ သူ့ပုခုံးပေါ်ကို ရောက်လာခဲ့သည်..။
ချက်ချင်းဆိုသလိူပဲ သူ၏ တံတောင်ကို ထုတ်ကာ ကျန်းချန်ရှန်း၏ ခေါင်းကို ဦးတည်လိုက်၏..။
ခရက်
ကျန်းချန်ရှန်း အခွင့်အရေးကို ဆုပ်ကိုင်ပြီး သူ၏ ညာဘက်ပုခုံးကို အဆစ်လွှဲပေးလိုက်၏..။လူအိုကြီးဟာ နာကျင်မူကြောင့် ချွေးစေးများထွက်လာခဲ့၏..။
လူအိုကြီးဟာ ကျန်းချန်ရှန်းကို စိုက်ကြည့်လိုက်သည်..။သူ တာအိုဘုန်းတော်ကြီး တစ်ပါးကို မြင်သည့်အချိန်တွင်..ကျိန်ဆဲဖို့ လုပ်လိုက်ပေမယ့် တစ်ခုခုကို မှတ်မိသွားခဲ့သည်..။
"မင်းက တာအိုဘိုးဘေးလား.."
ကျန်းချန်ရှန်း :
"ငါ့ ဂုဏ်သတင်းက ဒီလောက်ကြီးမားမယ်လို့ မထင်ထားခဲ့ဘူး.."
လူအိုကြီး၏ မျက်နှာဟာ ကြောက်ရွံ့မူကြောင့် ဖြူဖျော့သွားခဲ့သည်..။
အင်ပါယာ ဖန်းထျန်း သူ့ကို ဒီကိုပို့လိုက်တာကလည်း တာအိုဘိုးဘေး ကျန်းကို ကြောက်လို့ဖြစ်သည်..။သူက တကျန်းရဲ့ စစ်တပ်ကို ဖျက်ဆီးပြီး တာအိုဘိုးဘေး ကယ်တင်လို့ အချိန်မမှီအောင် လုပ်ချင်ခဲ့ခြင်းဖြစ်သည်..။ကံဆိုးချင်တော့..တာအိုဘိူးဘေးက ကြိုသိနေခဲ့၏..။
သူ ကြောက်လန့်မူကို ထိန်းချုပ်လိုက်ပြီး..
"မင်းဘယ်လိုရောက်လာတာလဲ..။ငါ့ကို ဘယ်လိုရှာတွေ့သွားတာလဲ.."
ဖြစ်နိုင်တာက တာအိုးဘိုးဘေးက ဒီနားဝန်းကျင်မှာ ပုန်းနေတာလား..။
ချက်ချင်းပဲ လူအိုကြီးဟာ အတွေးနက်သွားခဲ့သည်..။သို့ပေမယ့် သူ လွတိမြောက်မယ့် လမ်းကိုလည်း တွေးရန်လိုသေး၏..။
ကျန်းချန်ရှန်း :
"မကြာခနဆိုသလို ငါက ဒီတိုက်ကြီးကို စစ်ဆေးတတ်တယ်..။တိုက်တိုက်ဆိုင်ဆိုင် မင်းကို တွေ့လိုက်တာပဲ..။မင်းကံဆိုးတာပဲ..မင်းရဲ့ အော်ရာ တွေသာ အဲ့အချိန်မှာ ထွက်မနေခဲ့ရင် လွတ်မြောက်နိုင်သေးတယ်.."
သူ့မျက်လုံးထဲမှာတော့ တစ်ဖက်လူက အသေကောငိတစ်ယောက်ဖြစ်သည်..။ဒီတော့ အခြေအနေကို ပြောပြလို့လည်း ဘာမှမဖြစ်ပေ..။
နဂါးသွေးကြော တိုက်ကြီးကို စစ်ဆေးတာလား..
လူအိုကြီးဟာ ဒီအဓိပ္ပါယ်ကို နားမလည်ခဲ့ပေ..။သူ တစ်ခုခု ပြန်မေးဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ..
"စလိုက်ရအောင်..ငါ မတိုက်ခိုက်တာတောင် ကြာပြီ..။အကြောလျော့လိုက်ဦးမယ်.."
ဒါကိုကြားပြီး လူအိုကြီးဟာ သူ အဆုံးသတ်တော့မယ် ဆိုတာ သိလိုက်၏..။ကံကောင်းချင်တော့ သူ လုပ်စရာ ရှိတာကိုလုပ်ထားပြီးပြီဖြစ်သည်..။
သူ သေဆုံးသွားရင်တောင် မစ်ရှင်အောင်မြင်ရင် အင်ပါယာက သူ့မိသားစုများကို ကောင်းကောင်းဆက်ဆံပေလိမ့်မည်..။
လူအိုကြီးဟာ ဝိုင်အိတ်ကို ကောင်ကိုင်ပြီး အဝ မော့သောက်လိုက်၏..။ပြီးမှ..
"တာအိုဘိုးဘေး ကျန်းက ဘယ်လောက်တောင် သန်မာလည်း ကြရတာပေါ့..။ချန်းမိသားစုရဲ့ ချီလက်ချောင်းသိုင်းက ကျုပ်ကို သတ်နိုင်မလား စိတ်ဝင်စားစရာပဲ.."
ဘန်း..
သူ ရုတ်တရက် ကျန်းချန်းရှန်း ဆီကို ပြေးဝင်သွားခဲ့ပြီး ကောင်းကင်နှစ်ခု နယ်ပယ် စွမ်းအားတွေကို ဖော်ထုတ်လိုက်သည်..။
ဘန်း ဘန်း ဘန်း
သူတို့ နှစ်ယောက်ပြင်းထန်စွာ တိုက်ခိုက်နေကြ၏..။ပြင်းထန်းသည့် မိုးရေများဟာ ကျဆင်းလာခဲ့ပြီဖြစ်ပြီး..ကျယ်လောက်သည့် တိုက်ခိုက်သံများကို ဖုံးကွယ်ပေးထားသည်..။
ကျန်ဂျီယန် ဟာ စစ်သဟ်တွေနဲ့ အတူပြန်ရောက်လာခဲ့သည်..။ရုတ်တရက် ကျလာတဲ့ မိုးရေတွေက မသက်မသာခံစားရတာကြောင့် သူ တဲအပြင်မှာနေပြီး ကောင်းကင်ကို မော့ကြည့်နေခဲ့၏..။
သူ့ မျက်ခုံးကြားက အမှတ်သည် လင်းလက်လာခဲ့ပြီး နာကျင်မူကို ခံစားလိုက်ရသည်..။
အား...
သိပ်မဝေးသည့် နေရာတွင်တော့ ထမင်းပန်ကန်ကို ကိုင်ပြီးပြေးနေသည့် စစ်သားတစ်ယောက်သည် မြေကြီးပေါ်တွင် လဲကျသွားခဲ့သည်..။ကျန်းဂျီယန်ဟာ သာမန်လဲကျသွားသည် ထင်ပြီး သိပ်ဂရုမစိုက်ခဲ့ပေ..။သို့ပေမယ့် အတော်လေးကြာတဲ့ အထိ တစ်ဖက်လူဟာ ထမလာခဲ့ပေ..။
သူ တစ်ချက်သွားကြည့်ဖို့ လုပ်တဲ့ အချိန်မှာပဲ နောက်ထပ် ကင်းစောင့်နေတဲ့ စစ်သည်တွေဟာ တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်ကြသည်..။
"ဘာတွေဖြစ်နေတာလဲ.. "
"မပြောတတ်ဘူး..သူတို့ အဆိပ်မိကုန်ကြတာလား.."
"တစ်ယောက်ယောက် နေ့လည်စာထဲမှာ အဆိပ်ခတ်ထားတာလား.."
"ငါ..ကယ်ပါဦး.."
ထိပ်လန့်သည့် အော်သံတွေ ပျဲံ့နှံ့လာခဲ့သည်..။ကျန်းဂျီယန် စစ်သားဆီကို လျောက်သွားပြီး သူ၏ အစစ်အမှန်ချီနှင့် ကယ်တင်ရန်လုပ်လိုက်သည်..။မကြာခင်မှာပဲ ပြင်းထန်သည့် အဆိပ်က သူ၏ ချီကို ကန်ထုတ်လိုက်၏.။
သူ့အမူအရာ ပြောင်းလဲသွားခဲ့သည်..။ဒီလိုမျိူးကြုံရသည်က သူ့အတွက် ပထမဆုံးအကြိမ်ပင်ဖြစ်၏..။
ဘာတွေဖြစ်နေတာလဲ..
တစ်ချိန်တည်းတွင်..။
ရွှန်းထျန်း တစ်မြို့လုံး မိုးများရွာသွန်းနေခဲ့သည်..။များပြားလှသည့် မြို့သားများသည် သတိလစ်ကုန်ကြ၏..။နန်းတော်၏ အစေခံများမှာလည်း တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်ကြသည်..။
အင်ပါယာ ရွှန်းထျန်း မျက်မှောင်ကျုတ်ပြီး ကောင်းကင်ကို ကြည်လိုက်သည်..။ယင်းနောက် ကောင်ူကံကို ပျံတက်သွားပြီး တိမ်တွေထဲကို လေ့လာလိုက်၏..။ရုတ်တရက် သူ့ ခြေလက်တွေ လှုပ်မရသလို ဖြစ်သွားခဲ့သည်..။
ထင်ထားသလိုပဲ..
မိုးရေတွေထဲတွင် အဆိပ်ပါနေခြင်းဖြစ်သည်..။
သူ ကြည့်လိုက်တဲ့ အချိန်မှာတော့ တိမ်တိုက်တွေဟာ မိုင်နဲ့ချီကာ များပြားပြီး တကျန်း စစ်တပ်ကိုပါ ဖုံးအုပ်နေခဲ့သည်..။
ပထမဆုံးအနေနဲ့ သူ့ မျက်လုံးထဲတွင် ကြောက်ရွံ့မူများ ပေါ်လာခဲ့ပြီး..
"မဖြစ်နိုင်တာ.."
တိမ်များကြားထဲတွင်တော့..။
ကျန်းချန်ရှန်းဟာ လူအိုကြီးရဲ့ လည်ပင်းကိုညစ်ထားခဲပြီး..
"မင်း အင်အားက ဒါအကုန်ပဲလား..။မင်းက ရီယွမ်နဲ့တောင် အတော်ကွာနေတာပဲ.."
လူကြီး၏ ကြွက်သားတွေ အရိုးတွေ ကျိုးကြေသွားပြီး သွေးတွေ ဖုံးလွမ်းသွားခဲ့သည်..။သူ ရက်စက်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပြီး..
"တာအိုဘိုးဘေး ကျန်းက တကယ်သန်မာတာပဲ..။ဒါပေမဲ့ ကျုပ်မရှုံးဘူး..။ကျုပ်နဲ့အတူ တကျန်းစစ်တပ်ကိုပါ ခေါ်သွားရတဲ့အတွက် ထိုက်တန်တယ်.."
ကျန်းချန်ရှန်း :
"အတွေးလွန်မနေနဲ့..မင်းတစ်ယောက်ပဲသေရမှာ.."
လူကြီးဟာ ရယ်မောလိုက်ပြီး..
"တာအိုလိုးဘေး..မင်းက တကယ်တုံးအတာပဲ..။ငါ့ရဲ့ ကောင်းကင်နဲ့မြေပြင်အဆိပ်တွေက မိုးရေတွေနဲ့အတူပါသွားပြီ..။ငါ့ အဆိပ်တွေကို နတ်ဘုရားတောင် တောင့်ခံနိုင်မှာမဟုတ်ဘူး.."
"ဟားဟား..တာအိုးဘိုးဘေး တစ်ယောက်အထက်မှာ တစ်ယောက်ရှိတယ်..။စစ်တပ်မရှိပဲ ဖန်ထျန်း ကို ဘယ်လို တိုက်မှာလဲ..။ဒီတစ်တိုက်လုံးကို မင်းတစ်ယောက်တည်းကာကွယ် နိုင်လို့လား.."
သူ ရယ်မောလိုက်ပြီး
"ဒီလိုဆိုတော့လည်း မင်းကို အင်မော်တယ် နည်းစနစ်ကို ပြရတာပေါ့.."
ကျန်းချန်ရှန်း လက်ကိုမြှောက်ပြီး ဘေးဘက်ကို ဆွဲသိမ်းလိုက်သည်..။ချက်ချင်းဆိုသလိုပဲ..ကောင်းကင်ထက်က မိုးတိမ်များကို ကြီးမားတဲ့ အားတစ်ခုက ဖယ်ရှားလိူက်သလို ပျော်ကွယ်သွားခဲ့သည်..။တိုက်ခတ်နေတဲ့ မုန်တိုင်းဟာ ပျောက်ကွယ်သွားပြီး နေအလင်းရောင် ပြန်လည်ထွက်ပေါ်လာခဲ့၏..။
လူအိုကြီးဟာ မျက်လုံးပြူးသွားပြီး ယုံတောင်မယုံနိုင်ခဲ့ပေ..။
ကျန်းချန်ရှန်းဟာ လေနဲ့မိုးကို ထိန်းချုပ်နိုင်တဲ့ အစွမ်းရှိနေတဲ့ အတွက် တိမ်တိုက်တွေကို ဖယ်ရှားတာက ပြသနာ တစ်ခုမဟုတ်ပေ..။သူ့ရဲ့ စိတ်ဝိဥာဥ်စွမ်းအင်တွေက လေပြင်းတွေ သယ်ဆောင်လာပြီး တိမ်တိုက်များကို ဖယ်ရှားလိုက်ခြင်း ဖြစ်သည်..။
အနီးကပ်ဆုံးမှာ ကြည့်နေသည့် လူအိုကြီးကတော့ အံ့ဩအသင့်ဆုံးဖြစ်၏..။
သူ့အမြင်တော့ ကျန်းချန်ရှန်းဟာ ကောင်းကင်ကို ဆုပ်ဖြဲလိုက်ခြင်း ဖြစ်သည်..။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..
သူက လူရော ဟုတ်သေးရဲ့လား..
သူက အင်မော်တယ် နည်းစနစ်လို့ ပြောသွားတော့ အင်မော်တယ်လား...
ကျန်းချန်ရှန်း သူကို အောက်ဘက်ဆီ ခေါ်သွားခဲ့သည်..။
တကျန်း စစ်တပ်၏ စခန်းတွင်တော့ တိတ်ဆိတ်နေကြ၏..။
ကျန်းဂျီယန် တစ်ခုခု ပြောချင်ပေမယ့် တိတ်ဆိတ်နေခဲ့၏..။သူ၏ ဝေဝါးနေသည့် အမြင်တွင် တပ်သားများ တစ်ယောက်ပြီး တစ်ယောက် လဲကျနေကြသည်..။
ဘာတွေဖြစ်နေလဲ မသိပေမယ့် ကောင်းကင်စစ်တပ်နဲ့ ထျန်ရွှမ်းစစ်တပ် တော့ အဆုံးသတ်ပြီဆိုတာ သူ သိလိုက်သည်..။
အဘိုး..
ကျန်းဂျီယန် မြေကြီးပေါ် ဒူးထောက်ပြုတ်ကျသွားပြီး အားနည်းစွာ ပြောလိုက်သည်..။
သူ့အဘိုးက ဒီမှာမရှိပေမယ့် သူ မျှော်လင့်ချက် အနည်းငယ်ကြောင့် ရေရွတ်မိလိုက်ခြင်းဖြစ်သည်..။
ရုတ်တရက် သူ့ အမြင်အာရုံထဲကို အစ်ိမ်းရောင် အလင်းရောင်လေးတစ်ခု ဝင်လာခဲ့၏..။
ရင်းနှီးတဲ့ ပုံရိပ်တစ်ခု သူ့ရှေ့ကို ဆင်းသက်လာသည်ကို သူ ဝေဝါးစွာမြင်နေရသည်..။
ရုတ်တရက် လက်တစ်ချောင်းဟာ သူ့နှာဖူးကို လာထိတာခံလိုက်ရပြီး တစ်ကိုယ်လုံးနွေးထွေးသွားခဲ့သည်..။ဒါက သူ့ရဲ့ အစစ်အမှန်ချီကို နိုးထစေပြီ အမြင်အာရုံ ပိုမို ကြည်လင်လာခဲ့သည်..။
အဘိုး...
သူ ထပ်ခေါ်ဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ ကျန်းချန်ရှန်း သူ့ပါးစပ်ကို လက်နဲ့တားဆီးလိုက်သည်..။
.
သူ့ကို အဘိုးလို့ မခေါ်ပဲ ဘိုးဘေးလို့သာ ခေါ်သင့်သည်..။
"မကြောက်နဲ့..ငါ အကုန်လုံးက်ို ကယ်တင်ပေးမယ်.."
ကျန်းချန်ရှန်း၏ အသံဟာ တကျန်းရဲ့ စစ်တပ်တစ်ခုလုံး ပဲ့တင်သဲထပ်သွား၏..။အစိမ်းရောင် အလင်းတန်းလေးဟာ အလင်းတန်းတွေ အများကြီးအဖြစ်ခွဲထွက်သွားပြီး အဆိပ်မိနေတဲ့ စစ်သည်တွေ အပေါ်ကို ရောက်သွားခဲ့သည်..။
အစောက အဆိပ်မိနေတဲ့ စစ်သားများဟာ..ကျန်းချန်ရှန်းကို မြင်လိုက်ကြရ၏..။
စစ်သားများအတွက်တော့ သူက အင်မော်တယ် တစ်ယောက် ကမ္ဘာမြေပေါ်ကို ဆင်းသက်လာသည် နှင့်ပင်တူနေခဲ့သည်..။
တာအိုဘိုးဘေး..
တာအိုဘိုးဘေး၏ ဘေးနားတွင် အခြေအနေဆိုးနေသည့် လူတစ်ယောက်ကိုလည်း သူတို့တွေ့လိုက်ကြရသည်..။ဒီလူက သူတို့ကို အဆိပ်ခတ်ခဲ့တဲ့လူဆိုတာ ချက်ချင်း သိလိုက်ကြ၏..။
ကျန်းချန်ရှန်း ဟာ သူ့ရဲ့ နတ်ဘုရားစွမ်းအင်တွေနဲ့ မိုးရေကြောင့် ဖြစ်လာတဲ့ အဆိပ်တွေ အကုန်လုံးကို စစ်သည်တွေဆီက ဖယ်ရှားပေးပြီး အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်..။
"မဖြစ်နိုင်တာ...မဖြစ်နိုင်တာ..
လူအိုကြီးကတော့ တုန်ရီနေခဲ့သည်..။အဆိပ်မိနေသည့် စစ်သည်တွေ ပြန်ထလာခဲ့သည့် အချိန်တွင်တော့ သူ ဘယ်အရာမှကို နားမလည်နိုင်တော့ပေ..။
သူ့၏ သွေးနှင့် ချီ တို့သည့်..နှလုံးသားကို လာရောက် ရိုက်ခတ်ပြီး သတိလစ်သွားတော့သည်..။