အင်မော်တယ် နတ်ဘုရားဆိုတာဘာလဲ ၊ ခရမ်းရွှေရောင် သလင်းကျောက်
Vol. 13 Ch. 187
ရွှန်းထျန်းမြို့ , မိုးရွာပြီးနောက် , တစ်မြို့လုံးတွင် ငိုကြွေးသံများကို ကြားနေကြရသည်..။
ဒီမှာ ဘာသွေးမှ မထွက်သော်လည်း မြေကြီးပေါ်တွင် လဲလျောင်းနေကြသည့် ပုံရိပ်များမှာ များစွာ ရှိသေး၏..။
အင်ပါယာ ရွှန်းထျန်း ဟာ စာကြည့်တိုက် ခန်းထဲတွင် ထိုင်နေခဲ့သည်..။သူ၏ အစစ်အမှန်ချီကို ကြိုးစား၍ လှည့်ပတ်နေသော်လည်း..သူ၏ မျက်နှာကတော့ ဖြူဖျော့နေဆဲပင် ဖြစ်၏..။
အရမ်းကိူ ပြင်းထန်သည့် အဆိပ်များ သူ၏ ခန္တာကိုယ်ထဲကို ဝင်ရောက်ထားသည်ကြောင့် သူ၏ အရိုးနှင့်အကြောများလှုပ်မရဖြစ်နေခဲ့၏..။သူ ဘာနာကျင်မူမှ မခံစားရသော်လည်း..ဒီလို ဖြစ်နေခြင်းက သေခြင်းနှင့်နီးကပ်လာသလို ထိပ်လန့်နေမိသည်..။
သာမန် ခွန်အားမရှိသည့် မြို့သားများဆိုလျင် ကိုမား ဝင်သွားကြမည်ဖြစ်ပြီး နာကျင်မူ မရှိပဲ သေကြရလိမ့်မည်..။သို့ပေမယ့် သန်မာသည့် သူတို့လို လူတွေအတွက်တော့ ဒီအရာက နိပ်စက်နေသလိုပင်..။
"ချီးပဲ..."
အင်ပါယာ ရွှန်းထျန်း အံကို ကြိတ်ထားခဲ့သညါ..။တကယ်လို့ သူသေသွားပြီး တကျန်းကို အိမ်ရှေ့မင်းသား အုပ်ချုပ်လျင်တောင်..တကျန်းက အနောက်ကို ဆုတ်ယုတ်သွားပေလိမ့်မည်..။
သူ၏ ဂရုမစိုက်မူကြောင့် နောင်တရနေခဲ့မိ၏..။
"မကြောက်ကြနဲ့...ငါ အကုန်လုံးကို ကယ်တင်မယ်.."
ရင်းနှီးသည့် အသံတစ်ခုသည် ရွှန်းထျန်း တစ်မြို့လုံးကို ပဲ့တင်ထပ်သွားခဲ့သည်..။အင်ပါယာ ရွှန်းထျန်း မျက်လုံးဖွင့်ပြီး လှမ်းကြည့်လိုက်၏..။ကျန်းချန်ရှန်းသည် အစိမ်းရောင် အလင်းတနိးလေးနှင့်အတူ အဝေးမှ လာနေသည်ကို သူမြင်နေရသည်..။သူ၏ ဘေးနားတွင်တော့ တောက်ပသည့် ယန် အလင်းရောင် ရှိနေပြီး အားလုံးကို သူ၏ပုံရိပ်အား သေချာမမြင်ရဖြစ်စေသည်..။
အင်ပါယာ ရွှန်းထျန်း အံ့ဩသွားခဲ့၏..။သူ မျှော်လင့်ချက် အချို့ရှိပေမယ့် တာအိုဘိုးဘေး ကိုယ်တိုင်လာမယ်လ်ို့ မထင်ထားခဲ့ပေ..။
အရမ်းမြန်တယ်..
ဒါမှ မဟုတ် တာအိုဘိုးဘေးက အစောကတည်းက ကြိုသိခဲ့တာလား..
ကျန်းချန်ရှန်း သူ့ခေါင်းပေါ်က ဖြတ်သွားသည့် အချိန်တွင် အစိမ်းရောင်အလင်းတန်းလေးက သူ့ကိုယ်ပေါ်ကို ရောက်လာပြီး အဆိပ်တွေကို ထုတ်ပေးခဲ့သည်..။
အင်ပါယာ ရွှန်းထျန်း သူ့ကို ကြည့်လိုက်ပြီး တွေဝေစွာ ပြောလိုက်၏..။
ဘန်း..
ပျင်းတိပျင်းရွဲ လူကြီး၏ အလောင်းဟာ သူ့၏ ရှေ့တွေ ကျရောက်လာခဲ့သည်..။
အင်ပါယာ ရွှန်းထျန်း ဒီလူ၏ ဆိုးဝါးနေသည့် အခြေအနေကို ကြည့်ပြီး ဒီလူက တရားခံဖြစ်သည်ကို ချက်ချင်းသိလိုက်၏..။
ကျန်းချန်ရှန်းဟာ တစ်မြို့လုံးမှ လူများကို ကယ်တင်ပြီးသည်နှင့် အမြန်ထွက်ခွာသွားခဲ့သည်..။သူ မြို့ပြင်က လူများကိုလည်း အဆိပ်ကနေ ကယ်တင်ရဦးမည် ဖြစ်၏..။
မြို့ထဲတွင်တော့ မြို့သားတွေ..သိုင်းပညာရှင်တွေဟာ ဝမ်းသာနေခဲ့ကြသည်..။
"ငါတို့ကို ဘယ်သူကယ်တာလဲ.."
"ဒါက တာအိုဘိုးဘေးပဲ ဖြစ်ရမယ်..။အင်အားကြီးတဲ့ တာအိုဘိုးဘေးကပဲ တကျန်းကို ကာကွယ်ပေးနိုင်တာလေ.."
"အမှန်ပဲ..သူ့ရဲ့ ပုံစံက အင်မော်တယ် နဲ့တောင် တူနေသေးတယ်.."
"ငါတို့က ကယ်တင်ခံလိုက်ရတာလား..။ဒါမှမဟုတ် ငါတို့ ခုမှ နိုးလာတာလား.."
"ငါတို့ ပြန်ရှင်သန်လာကြတာဖြစ်မယ်..။ငါ့အဖေဆိူရင် အစောနက လေးတင် သေနေပြီ.."
အတော်ကြာပြီးနောက် ကျန်းချန်ရှန်းဟာ အဆိပ်မိထားသည့် လူအားလုံးကို ကယ်တင်ပေးနိုင်ခဲ့သည်..။အရေအတွက်က သန်းနှင့်ချီပြီးရှိသည့် အတွက် သူကိုယ်တိုင်လည်း အတော် မောပန်းခဲ့၏..။ထပ်ပြောရရင် ဒီမောပန်းခြင်းက သူ၏ စိတ်ဝိဥာဥ်မှ လာခဲ့ခြင်းဖြစ်သည်။
နတ်ဘုရား စွမ်းအား အသုံးပြုမူက သူထင်ထားတာထက် ကျော်လွန်သွားခဲ့သည်..။
ဒီအတွက် ဘေးထွက်ဆိုးကျိုးမရှိပေမယ့် သူအနည်းငယ်တော့ ထိပ်လန့်မိ၏..။
သူ အနာဂတ်တွက် အလျင်စလို လုပ်လို့ မရပေ..။အခုချိန် အင်အားကြီးသည့် ရန်သူ လာတိုင်ခိုက်ရင် မည်သို့လုပ်မည်နည်း.။
ကျန်းချန်ရှန်း တွေးတောရင်း လောင်ချီ ဘုရားကျောင်းကို ပြန်သွားခဲ့၏..။
ကျောင်းတွင်ထားခဲ့သည့် ကိုယ်ပွားကတော့ တိတ်ဆိတ်စွာပင် ပျောက်ကွယ်သွားခဲ့သည်..။
ကျန်းချန်ရှန်း ကိုယ်ပွားနည်းစနစ်တတ်သည်ကို ခန့်မှန်းမိသူမှာ ပိုင်ချီ တစ်ယောက်တည်းသာ ရှိ၏..။သို့ပေမယ့်သူမ ခန့်မှန်းနိုင်ရင်တောင် ထုတ်မပြောရဲပေ..။
ကျန်းချန်ရှန်း ပြန်ရောက်သည့်အခါတွင် ဘယ်သူမှ ဘာတွေဖြစ်နေလဲဆိုတာ မသိကြပေ..။ဒီတော့ သူတို့ အများကြီး အာရုံမစိုက်ကြတော့ပေ..။
သူ သစ်ပင်အောက်တွင်သာ ပင်ပန်းစွာ ထိုင်ချလိုက်၏..။
လူတစ်ယောက်ကို ကယ်တင်တာနှင့် လူသန်းချီပြီး ကယ်တင်တာက မတူညီသည့် အရာနှစ်ခုပင်ဖြစ်သည်..။
"ရွှန်းထျန် ခေတ် ၂၉ နှစ်မြောက်..။ဖန်ထျန်းအင်ပါယာသည် အဆိပ်ဘုရင်ကို လွှတ်ပြီး တကျန်းကို တိုက်ခိုက်ခဲ့သည်..။အဆိပ်ဘုရင်သည် သန်းချီသည့် စစ်သားများကို အောင်မြင်စွာ အဆိပ်ခတ်နိုင်ခဲ့၏..။သင်ဟာ ထိုသူကို အနိုင်ယူပြီး ကယ်ဆိုးကို ကယ်တင်ခဲ့သည်..။သင့်အား ရှင်သန်မူ ဆုလာဒ် အဖြစ် ခရမ်းရောင်ကျောက်မျက် အစောင့်အရှောက်ကို ပေးအပ်လိုက်သည် "
အချက်ပေးသံကို ကြားသည့်အခါ ကျန်းချန်ရှန်း ပြုံးလိုက်၏..။
မောပန်းမူက ထိုက်တန်ပေသည်..။
ခရမ်းရောင် ကျောက်မျက် အကာအကွယ်တွင် ကြီးမားသည့် နေရာလွတ် နှင့် ရန်သူကို စုပ်ယူနိုင်သည့် အကန့်အသတ်များ ပါဝင်နေခဲ့၏..။အကန့်အသတ်တွင် ..ချိတ်ပိတ်မူ နှင့် ဒြပ်စင်ပါးခု ပါဝင်သည်..။ချိတ်ပိတ်မူသည် ရန်သူ၏ထွက်ပြေးမူကို တားဆီးနိုင်ပြီး သူတို့၏ စိတ်ဝိဥာဥ်များ တစ်ခြားကမ္ဘာကို ထွက်ပြေးနိုင်ခြင်းမှ တားဆီးပေးသည်..။ဒြပ်စင်ငါးခု သည် သတ္တု ၊ သစ်သား ၊ ရေ ၊ မီး နှင့် ကမ္ဘာမြေကြီးတို့ကို နိုးထစေန်ိုင်ပြီး ရန်သူကို တိုက်ခြင်း နှင့် နိပ်စက်ခြင်းတို့တွင် အသုံးပြုန်ိုင်သည်..။
ဘယ်လို ရတနာမျိုးလဲ..
ဒီဘဝတွင် သူ အရမ်းကြီး မပင်ပန်းရပေ..။သူ့တွင် ခန္တာကိုယ်ပိုင်း ပင်ပန်းမူ မရှိပဲ..စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမူသာ ရှိ၏..။
နောက်တစ်ရက် နေ့လည်ဘက်တွင် အင်ပါယာ ရွှန်းထျန်းသည် အဆိပ်ဘုရင်၏ အလောင်းကို အရှေ့ဘက် ဂိတ်တွင် ချိတ်ဆွဲထား၏..။ဒါက အားလုံးအတွက် မနေ့က အဖြစ်အပျက်များကို ပြန်ပြီး အမှတ်ရစေသည့် အရာဖြစ်သည်..။
ဖန်ထျနိးအင်ပါယာက သူတို့ကို အဆ်ိပ်ခတ်ရန် ကြံစည်ခဲ့တာကို သိကြသောအခါ မြို့သားများသည် ဒေါသထွက်သွားကြ၏..။
အင်ပါယာ ကိုယ်တိုင်ကလည်း တာအိုဘိုးဘေး ၏ ကယ်တင်မူကို ထုတ်ဖော်ပြောဆိုကာ ကျေးဇူးတရားကို သိစေခဲ့သည်..။
တာအိုဘိုးဘေးက သန်မာလွန်းသည့်အတွက် လူသန်းပေါင်းများစွာကို ကယ်တင်ခဲ့သည်..။ဒီလိုအရာမျိုးက တစ်ခါမှပင် မကြားဖူးခဲ့ပေ..။
ဘယ်လို အင်မော်တယ် နတ်ဘုရားမျိူးလဲ..
လူသားတွေနှင့် သိုင်းပညာရှင်များ မလုပ်နိုင်သည့် အရာကို အင်မော်တယ် နတ်ဘုရား များသာ လုပ်နိုင်ကြသည်..။
အင်မော်တယ် ဆိုသည်မှာ ကမ္ဘာကြီးထဲမှလူသားတိုင်းအတွက် အထွပ်မြတ်ထားရာ အရာတစ်ခုဖြစ်၏..။အရင် ကျန်းချန်းရှန်း ဘဝမှာ လူတွေဟာလည်း အင်မော်တယ် များကို လေးစားအားကျကြ၏..။
အင်ပါယာဟာ ဖန်ထျန်း အင်ပါယာ၏ ယုတ်မာမူကို တရားဝင်ကြေညာပြီး စီရင်စု ၁၄၉ ခုကို ဒေါသထွက်စေခဲ့သည်..။မြို့သားများဟာ ဖန်ထျန်း အင်ပါယာ၏ ကိုယ်ကျင့်တရားမရှိသော လုပ်ရပ်ကို ဒေါသထွက်နေခဲ့ကြသည်..။သို့ပေမယ့် ဒီသတင်းက တကျန်းတစ်ခုလုံး ပျံ့နှံ့ရန် အချိန်တစ်ခု တော့ ယူခဲ့ရ၏..။
ကျန်းချန်ရှန်း ခုနှစ်ရက်ခန့် ပြန်နားပြီးသည့်နောက်တွင် သူ၏ အင်အားများ ပြန်ပြည့်လာခဲ့သည်..။
အနာဂတ်တွင်တော့ အရေးပါသည့်အကြောင်းကြောင့် မဟုတ်လျင် သူ၏ နတ်ဘုရား အစွမ်းကို အများကြီး ထုတ်သုံးတော့မည် မဟုတ်ပေ..။
ခရမ်းရောင် ကျောက်မျက် အကာအကွယ်အပြင် သူ၏ အမှတ်များဟာလည်းတစ်ဟုန်ထိုး မြင့်တက်လာခဲ့၏..။
[ လက်ရှ်ိ တက်လာသည့် အမှတ် 20708920 ]
နောက်ထပ် အမှတ် သန်း ၂၀ ခန့် တက်လာခဲ့ခြင်း ဖြစ်သည်..။
ဒါက တကယ်ကောင်းတယ်..။
အမှတ်တွေ တိုးလာခြင်းသည် စနစ်က တိုးတက်လာခြင်းကို ပြသနေခြင်းဖြစ်၏..။
ကျန်းချန်ရှန်းဟာ သူ နောက်တစ်ဆင့်ကို ထပ်မတက်ခင် အမှန် သန်း ၁၀၀ ခန့်ရောက်ရင် မျှော်လင့်မိ၏..။သိုပေမယ့် သန်း၁၀၀ က သူ၏ ရည်မှန်းချက် မဟုတ်ပေ..။
ကျန်းချန်ရှန်း မတ်တတ်ရပ်ပြီး နတ်ဘုရားအဆင့် နေပစ်ခွင်းသည့် လေးကို ယူလိုက်သည်..။
သူ ခေါင်းမိုးပေါ်ကို တက်လိုက်ပြီး အဆုံးမရှ်ိ ကောင်းကင် မြေကြီး မျက်လုံးဖြင့် သေးငယ်သည့် တိုက်တစ်တိုက်ကို ကြည့်လိုက်၏..။
ဖန်ထျန်းက သူ၏ နောက်လိုက်တစ်သန်းကျော်ကို အဆိပ်ခတ်စေခဲ့သည်..။ဒီအတွက် ဖန်ထျန်းဟာ ပြန်ပေးဆပ်ရမည်ဖြစ်၏..။
ပိုင်ချီ :
"မာစတာ..ဘယ်ကို ပစ်မလို့လဲ.."
ဓားနတ်ဘုရား ၊ ရီယွမ် ၊ ဟောင်ထျန် နှင့် ဟီထျန် တို့လည်း ကျန်းချန်ရှန်းကို ကြည့်လိုက်ကြသည်..။
ကျန်းချန်ရှန်း မျက်လုံးများ ကျဥ်းမြောင်းသွားကြပြီး..
"ဖန်ထျန်းက ..လူသန်းပေါင်းများစွာကို အဆိပ်ခတ်တဲ့အတွက် ပြန်ပေးဆပ်ရမယ်.."
အားလုံးကြောင်အသွားခဲ့သည်..။သူတို့ ဒီအကြောင်းအရာကို အခုထိ မသိကြသေးပေ..။မြို့တော်ထဲတွင် စာများကပ်ထားသော်လည်း တောင်အောက်ကို မဆင်းကြသောကြောင့် သူတို့မသိကြပေ..။
အဆုံးမရှိသည့် သမုဒ္ဒရာကြီးထဲတွင် မရေမတွက်နိုင်သည့် သင်္ဘောများဟာ တိုက်ကြီးတစ်တိုက်၏ အနားတွင် ကမ်းကပ်ထား၏..။သူတို့အနားတွင် ကြီးမားသည့် ပင်လယ်သားရဲကြီးများလည်း ရှိနေခဲ့သည်..။
ဒီတိုက်ကြီးအတွင်းရှိ ကြီးမားသည့် မြို့ကြီးထဲတွင် စစ်သားများဖြင့် ပြည့်နေကြ၏..။
အဲ့အချိန်မှာတော့ အင်ပါယာ ဖန်းထျန်း ပို့လိုက်သည့် ဗိုလ်ချုပ်ဝူယွဲ့ ဟာ စစ်သည်များနှင့် စံအိမ်ထဲတွင် နည်းဗျူဟာများကို ဆွေးနွေးနေခဲ့၏..။
ရုတ်တရက် အနက်ရောင် ပင်ကွင်းတစ်ကောင်ဟာ..ဝူယွဲ့၏ လက်ပေါ်ကို ရောက်လာခဲ့သည်..။သူ ငှက်၏ ခြေထောက်မှ လျိုဝှက်စာကို ယူပြီး ဂရုတစိုက် ဖတ်လိုက်၏..။မကြာခင်တွင် သူ၏ အမူအရာ နက်မှောင်သွားခဲ့သည်..။
စစ်သားများဟာ စိတ်ပူသွားပြီး အလျင်အမြန်မေးလိုက်၏..။
ဝူယွဲ့ အသက်ကို ပြင်းပြင်ရူလိုက်ပြီး..
"အဆိပ်ဘုရင် သေသွားပြီ..။သူ့အလောင်းက မြို့ဂိတ်မှာ ချိတ်ဆွဲထားတယ်.."
သူ ဒါကိုပြောလိုက်တာနဲ့ အားလုံး၏ မျက်နှာ ဖြူဖျော့သွားခဲ့၏..။
"ဘယ်လိုဖြစ်န်ိုင်မှာလဲ..။အဆိပ်ဘုရင်က ကောင်းနှစ်ခု နယ်ပယ် အဆင့်လေ.."
"ငါတို့က ဘုရင်ဆယ်ယောက်ထဲက တစ်ယောက်ကို ဒီလိုပဲ ဆုံးရှုံးသွားပြီလား.."
"တာအိုဘိုးဘေးလား..ယီယွန်လား.."
"ငါ လွတ်ထားတဲ့ သူလျ်ိုကလည်း ပြန်မရောက်လာသေးဘူး..။သူတို့က အခုထိ မြို့တော်က မထွက်နိုင်သေးဘူးထင်တယ်.."
"ဒါ မဖြစ်နိုင်တာ..။တကျန်းမှာ ကောင်းကင်နှစ်ခုနယ်ပယ် အထက် နောက်တစ်ယောက်ရှိနေတာတော့ မဟုတ်ပါဘူးနော်..။ဓားနတ်ဘုရားများ အဆင့်ချိုးဖျက်နိုင်သွားတာလား.."
စစ်သည်တော်တွေ ဆွေးနွေးနေကြပေမယ့် ဝူယွဲ့ကတော့တိတ်တဆိတ်သာ နေနေခဲ့သည်..။
သူကိုယ်တိုင်က စကြဝဠာ အဆင့်ဖြစ်တာကြောင့် အဆိပ်ဘုရင်ဘယ်လောက် အင်အားကြီးလဲ ဆိုတာကို ကောင်းကောင်းသိ၏..။
ဝူယွဲ့ အဖြေမထုတ်နိုင်သေးခင်မှာပဲ စံအိမ်တစ်ခုလုံးဟာ တုန်လှုပ်လာခဲ့သည်..။ဝူယွဲ့ ကောင်းကင်ကို လှမ်းကြည့်သည့်အခါ ရွှေရောင်အလင်းတန်းကိုသာ မြင်နေရ၏..။
"ဘယ်လိုဖြစ်နိုင်မှာလဲ.."
ဝူယွဲ့ မျက်မှောင်ကျုတ်ပြီးတစ်ခုခုပြောဖို့ လုပ်လိုက်သည်..။
ရွှေရောင်အလင်းတန်းသည် ကောင်းကင်ပေါ်ကနေ ကျလာပြီး မြို့သခင်၏ စံအိမ်ကို ထိမှန်ကာ တစ်စစီ ပေါက်ကွဲထွက်သွားခဲ့သည်..။အဆောက်အဦးတွေ လမ်းမတွေဟာ တစ်စစီ ဖြစ်သွားပြီး အထဲမှ လူများ သိုင်းပညာရှင်များဟာ ပြာဖြစ်သွားခဲ့ပြီဖြစ်သည်..။
ကြီးမားသည့် ရွှေရောင် အလင်းတန်းကြီးသည် တစ်မြို့လုံးကို ထိပ်လန့်စေခဲ့၏..။
သိပ်မဝေးသည့်နေရာတွင် မြင်ကွင်းကို လေပေါ်ကနေ မြင်နေရသည့် အစစ်အမှန် နတ်ဘုရား အဆင့် တစ်ယောက်ဟာ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်..။
သူ ၏မျက်လုံးများက်ိုတောင် မယုံနိုင်ခဲ့ပေ..။ဒါက ကောင်းကင်က အပြစ်ပေးခြင်းဖြစ်ပေလိမ့်မည်..။
"ပြီးသွားပြီ..."
ခေါင်မိုးတွင်တော့ ကျန်းချန်ရှန်း သူ၏ လေးကို လက်စွပ်ထဲသို့ ပြန်သိမ်းလိုက်၏..။
ပိုင်ချီ :
"မာစတာ ဒီမြားအရွယ်အစားက အရင်ကထက် သေးနေပါလား..။ခွန်အားကို ထိန်ချန်ထားတာလား.."
ကျန်းချန်ရှန်း ခြံဝန်းထဲကို ပြန်ဆင်းလိုက်သည်..။
ရီယွမ် :
"မဟုတ်ဘူး..ဒါက လှုပ်ရှားမူ အသေးလေး ဆိုပေမယ့် အထဲမှာပါဝင်တဲ့ခွန်အားက မသေးဘူး..။ထပ်ပြောရရင် မြားက ပစ်ပြီးတာနဲ့ ပျောက်ကွယ်သွာတာ..။ငါတော့ လေဟာနယ်ကို ဖြတ်သန်းသွားတယ်လို့ ထင်တာပဲ.."
လေဟာနယ်ကိုဖြတ်သွားတာလား..
ကျန်းချန်ရှန်း သူတို့ အကြည့်တွေကို လျစ်လျူရူလိုက်ပြီး..
"ငါ နည်းနည်းပင်ပန်းလို့ အနားယူလိုက်ဦးမယ်.."
သူ အခန်းထဲ ပြန်ရောက်ပြီး ခနအကြာတွင် အချက်ပေးသံမြည်လာခဲ့သည်..။
"ရွှန်းထျန်း ခေတ် ၂၉ နှစ်မြောက်တွင် ဖန်ထျန်း အင်ပါယာဟာ တကျန်းကို တိုက်ခိုက်ဖို့ အစီစဥ်ဆွဲနေကြသည်..။သင်၏ လုပ်ရပ်က သူတို့၏ အစီစဥ်ကို ပျက်ဆီးစေခဲ့၏..။သင့်အနေနဲ့ ရှင်သန်မူ ဆုလာဒ်ကို ရရှိခဲ့သည်.."
ရတနာ ' ရွှေရောင်ကြေးခွံ သစ်ရွက် x 9 '
မဆိုးဘူး...
ကျန်းချန်ရှန်း အများကြီး မတွေးတော့ပဲ ခရမ်းရောင် ကျောက်မျက် အစောင့်အရှောက်ကို ပြန်လည် သန့်စင်ရန်သာ အာရုံစိုက်လိုက်သည်..။
နောက်တစ်နေ့ နေ့လည်တွင် သူ အပြင်သို့ လမ်းလျောက်ထွက်လာခဲ့၏..။ဒီတစ်ကြိမ်တော့ သူ၏ ခါးတွင် ရွှေရောင် ဒီဇိုင်းနှင့် ခရမ်းရောင် အကာအကွယ် ရှိနေခဲ့သည့်..။ဒါက အတော်လေး အာရုံစိုက်စရာ ဖြစ်နေခဲ့၏..။
ပိုချီ စိတ်လှုပ်ရှားနေပြီ
"မာစတာ တကယ်ပဲ သေတဲ့လူကို ရှင်အောင် လုပ်နိုင်တာလား.."
ဒီမနက်တွင်တော့ တာအိုဘိုးဘေး၏ သတင်းများမှာ လောင်ချီ ကျောင်းတော်အထိ ပါ ရောက်လာပြီဖြစ်သည်..။ယန်ကျ်ိုးဟာ ကျန်းချန်ရှန်းကို တမင်တကာလာရှာခဲ့ပေမယ့် ရီယွမ်၏ တားဆီးမူကို ခံခဲ့ရ၏..။
ရီယွမ် ၊ ဓားနတ်ဘုရား ၊ ဟောင်ထျန် နဲ့ ဟီထျန် တို့ဟာ ကျန်းချန်ရှန်းကို ကြည့်နေခဲ့ကြသည်..။
ရီယွမ်၏ အမူအရာသည် အသေချာဆုံးဖြစ်၏..။တာအိုဘိုးဘေး သေတဲ့လူကို ပြန်အသက်သွင်းန်ိုင်သည်မှာ သေချာသလောက် ရှိသည်..။မဟုတ်ရင် ယန်ကျ်ုးက အစောကတည်းက သေနေပြီ မဟုတ်ဘူးလား....။