← Chapters

အံ့ဩစရာ သေခြင်းရှင်ခြင်း ၊ သေးငယ်သည့် ပန်းလိုင်ကျွန်း

Vol. 13 Ch. 188

အံ့ဩစရာ သေခြင်းရှင်ခြင်း ၊ သေးငယ်သည့် ပန်းလိုင်ကျွန်း

Vol. 13 Ch. 188

"ဟုတ်တယ် ဒါပေမဲ့ဒီလိုလုပ်မှပဲ ရတော့မှာမို့လို့..။ထပ်ပြောရရင် ဒါက ငါ့ရဲ့ သက်တမ်းကိုပါ တိုစေတယ်..."

ကျန်းချန်ရှန်း ကမ္ဘာမြေ စိတ်ဝိဥာဥ် သစ်ပင်ဆီလာပြီး ..ပြောလ်ိုက်ခြင်းဖြစ်သည်..။

ပိုင်ချီ ပိုပြီးတော့တောင် စိတ်လှုပ်ရှားသွားခဲ့၏..။ဓားနတ်ဘုရားလည်း ခံစားချက်တွေဖြစ်နေခဲ့ပြီး ရီယွမ်ကတော့ အတည်ငြိမ်ဆုံးဖြစ်သည်..။

တားမြစ်ချက်တွေ ရှိပေမယ့်လည်း ဒီနည်းစနစ်ဟာ အတော်လေးကို အံ့ဩဖို့ကောင်းလှသည်..။

ရီယွမ် :

"ဒါက ကိုယ့်ရဲ့ သက်တမ်းကို သေဆုံးတဲ့လူရဲ့ သက်တမ်းနဲ့ လဲလှယ်ပေးလိုက်ရတာနဲ့ မတူဘူးလား.."

ကျန်းချန်ရှန်း :

"ဒီဆိုးလိုချက်က ဆင်တူတယ်..။ဒါက သေဆုံးသွားတာ မကြာသေးတဲ့လူတွေ မှာပဲ အသုံးပြုနိုင်တာလေ..။ဒါကို အသုံးပြူလိုက်တာက ကောင်းကောင်ကို ဆန့်ကျင်လိုက်တာနဲ့ အတူတူပဲ.."

သူ ဒီနည်းနစ်ကို တတ်ကျွမ်းထားသည်ကို သိစေဖို့ ဒီလောက်က လုံလောက်၏..။တကယ်လို့ သူသာ ဒီလူတွေကို မကယ်တင်လိုက်လျင် မရေမတွက်နိုင်တဲ့လူတွေ ထပ်မံပေါ်ပေါက်လာတော့မည်ဖြစ်သည်..။

လူတွေရဲ့ သဘာဝသည် စွမ်းအားရှိပြီး မကူညီသည့် လူများကို..ဝေဖန်ပြောဆိုချင်လေ့ ရှိကြသည်..။အကယ်၍ သူသာ ဒီစွမ်းရည်ကို အသုံးချပြီး ပြန်အသုံးမချတော့ရင် ဝေဖန်မူတွေ ရှိလာနိုင်ပြီး သူ၏ အမှတ်တိုးတက်မူကို ထိခိုက်စေန်ိုင်လိမ့်မည်..။ဒီတော့ တန်ကြေးတစ်ခုကို ထည့်သွင်းထားသည်က အတော်လေး အကြောင်းကျိုး ဆီလျော်လှ၏..။

အကယ်၍ သူသာ လုံလောက်အောင် အင်အားကြီးနေလျင် ..ဒီအရာတွေကို စိုးရိမ်နေဖို့ မလိုအပ်ပေ.။သို့ပေမယ့် သူ အဆင့်တက်ရန် အမှတ်များကို လိုအပ်သေး၏..။

အနာဂတ်တွင် တစ်စုံတစ်ယောက်က မေးလာလျင်လည်း ဒါက သူ့အသက်ကို တိုစေသည်ဟုသာ ဖြေမည်ဖြစ်၏..။

ကျန်းချန်ရှန်း သူ့ကိုယ်သူ သူတော်စင် တစ်ယောက် အဖြစ် ဘယ်တော့မှ မသတ်မှတ်ပေ..။သူက ကျင့်ကျင်မူ ပြုလုပ်နေသည့် သာမန် သေမျိုးတစ်ယောက်သာ ဖြစ်၏..။သို့ပေမယ့် သူ၏ ကျင့်ကြံခြင်းလမ်းစဥ် တစ်လျောက်တွင် တစ်ခြားလူများကို တတ်နိုင်သလောက် ကူညီပေးသွားပြီဖြစ်သည်..။

ကောင်ကင်ဘုံကို တစ်ယောက် နိုင်သည့်လူတစ်ယောက်သည် .သူတို့၏ အသက်ကို သာမန်လူတွေ အတွက် ဘယ်တော့မှ လဲလှယ်မည် မဟုတ်ပေ..။

ရီယွမ် ပိုင်ချီ နှင့် ဓားနတ်ဘုရားတို့ အံ့ဩနေကြ၏..။သူတို့ဟာ သူတို့သိတဲ့ ထူးဆန်းသည့် နည်းစနစ်များအကြောင်းစတင် ဆြေိုလာခဲ့ကြသည်..။

ဒီရက်ပိုင်း အတွင်း ချင်အာ ယုယန်ယီ နှင့် ချန်းလီ တို့ဟာ ဒီနည်းစနစ် အကြောင်းလာမေးခဲ့ကြ၏..။သူ တူညီစွာပဲ ပြန်လည် ဖြေကြားခဲ့သည်..။ဘယ်သူမှ သူ့ကို မေးခွန်းပြန်မထုတ်ကြပေ..။

သေသည့်လူများကို အသက်သွင်းသည်က အံ့ဩဖို့ကောင်းသည့် နည်းစနစ် ဖြစ်ပေမယ့် တန်ရာတန်ကြေးတော့ ပြန်ပေးရမည်..။

ဒီသတင်းဟာ ပျံ့နှံ့သွားခဲ့၏..။

လူတွေ အများကြီးဟာ တာအိုဘိုးဘေးက သူ့အသက်ကို ရင်းပြီး ကယ်တင်ခဲ့ကြောင်း သိခဲ့ကြရသည်..။တစ်ချို့က မယုံကြည်နိုင်ဖြစ်ကြသည် .။တစ်ချို့က လေးစားနေကြသည်..။အဲ့အချိန်မှာတော့ ကျန်းချန်ရှန်း ၏ အမှတ်တွေဟာ လျင်မြန်စွာ တိုးတက်နေခဲ့၏..။

ဖန်ထျန်း အင်ပါယာ အတွင်းရှိ တိုက်ခိုက်ခံရမူသည် ထို တိုက်ကြီး အတွင်းမှ လူများကို ကြောက်လန့်စေခဲ့သည်..။နောက်ထပ်တစ်ကြိမ် တိုက်ခိုက်နိုင်သလား ဆိုတာကို သူတို့လည်း မသိပေ..။

ရွှန်ထျန်း အင်ပါယာ ခေတ် ၃၀ နှစ်မြောက်..ဂျန်နဝါရီလ ပထမရက်..။

အင်ပါယာ မြို့တော်ကို ပြန်ရောက်လာတာနဲ့ ကျန်းချန်ရှန်း ဆီကို လာရောက်လည်ပတ်ခဲ့သည်..။

သူ၏ ဂရုမစိုက်မူ ကြောင့် ကျန်းချန်ရှန်း၏ သက်တမ်းများ ပေးစပ်လိုက်ရခြင်းအတွက် များစွာ စိတ်မကောင်း ဖြစ်နေခဲ့သည်..။

"ကမ္ဘာကြီးက ကျယ်ပြန့်တယ်..သိုင်းပညာ နည်းစနစ် တွေကလည်း အများကြီးပဲ..။တကျန်းက ကိုယ်ခံပညာ အုတ်မြစ်တွေကို တိုးချဲဖို့ လိုအပ်နေသေးတယ်.."

ကျန်းချန် ရှန်း အဓိပ္ပါယ်အပြည့်နှင့် ပြောလိုက်၏..။အဆိပ်ဘုရင် သည် အမှန်ပင် အင်အားကြီးသည်..။ကျန်းချန်ရှန်းသာ အင်မော်တယ် ကျင့်ကြံသူ မဟုတ်ရင် သူ့ကို ဘယ်သူမှ သတိထားမိမည်မဟုတ်ပေ..။

အင်ပါယာ ရွှန်းထျန်း ခေါင်းညိမ့်ပြီး.

"အမှန်ပဲ..ကျွန်တော် မှတ်သားထားပါ့မယ်.."

သူ့လူတွေ ဘေးနားမှာ ရှိတာတောင် ဧကရာဇ်ဟာ ကျုပ် ဟု မသုံးတော့ပေ..။ကျန်းချန်ရှန်းက လူ သန်းပေါင်းများစွာကို ကယ်တင်ခဲ့ခြင်းဖြစ်ပြီး သူ၏ သက်တမ်းတွေ ဘယ်လောက်အထိ ကုန်ဆုံးသွားလဲ မသိနိုင်ပေ..။

လူသန်းချီ၏ အသက်နှင့်ယှဥ်လျင် သူဟာ ကျန်းချန်ရှန်း၏ အသက်ကို ပိုတန်ဖိုးထားသည်..။သူတို့တို့ ၏ သွေးသားတော်စပ်မူ ကြောင့်သာမက..တကျန်းအတွက် တာအိုဘိုးဘေးက ပို၍ အရေးကြီးနေခြင်းကြောင့်ဖြစ်၏..။

တာအိုဘိုဘေးသာ မရှိရင် သူတို့ကျဆုံးနေလောက်ပြီဖြစ်သည်..။တကျန်းက လူတွေ အကုန်လုံး ဒါကိုနားလည်ထား၏..။အရင် အင်ပါယာ တွေတောင် တာအိုဘိုးဘေး လောက် စွမ်းဆောင်နိုင်စွမ်း မရှိခဲ့ကြပေ..။

သူတို့ နှစ်ယောက် အတော်ကြာအောင် စကားပြောကြပြီးမှ အင်ပါယာ ရွှန်းထျန်းသည် ထွက်ခွာသွားခဲ့၏..။အခုမှစပြီး အဖြူရောင် ဝတ်ရုံ အစောင့်အကြပ်များသည့် နေ့စဥ်နေ့တိုင်း ကျန်းချန်ရှန်းဆီကို လက်ဆောင်များ လာရောက်ပို့နေကြ၏..။

နွေရာသီရောက်သောအခါ အင်ပါယာ ရွှန်းထျန်းသည် ကျန်းချီကို ခေါ်လာခဲ့၏..။သူတို့ သားအဖ နှစ်ယောက်သည် ကျန်းချန်ရှန်းကို ရေနွေးလာဆက်သ ခြင်းဖြစ်၏.။

ကျန်းချန်းရှန်းဟာ ဟာသတစ်ခုလို ခံစားလိုက်ရ၏..။ဒီကလေးက အဲ့ကိစ္စပြီးကတည်းက သူ အသက်ရှည်ရှည် မနေရတော့ဘူးလို့ ထင်နေတာလား...

သူ၏ ကလေးတွေ မြေးတွေရဲ့ ဂရုစိုက်မူက ကျေနပ်စရာ မကောင်းတာတော့ မဟုတ်ပေ..။

အင်ပါယာ ရွှန်းထျန်းဟာ ကျန်းချန်ရှန်းဟာ ဖန်ထျန်း အင်ပါယာကို လေးနဲ့ပစ်ခဲ့ကြောင်း ပိုင်ချီ ဆီမှ သိလိုက်ရ၏..။သူ ဒါက်ိုကြားပြီးနောက်တွင် စိတ်လှုပ်ရှားမူကို မထိန်းန်ိုင်ခဲ့ပေ..။

ဖေဖော်ဝါရီ ရောက်လာခဲ့သည်..။

အခုချိန်မှာ တာအိုဘိုးဘေးက သူ့သက်တမ်းကို ရင်းပြီး လူတွေကို ကယ်တင်ခဲ့သည့် သတင်းမှာ တိုက်ကြီးတစ်တိုက်လုံးကို ပျံ့နှံ့နေပြီဖြစ်သည်..။

တစ်ချို့က တာအိုဘိုးဘေး တကျန်းပြည်သူများက်ို ဂရုစိုက်ကြောင်းကို ချီးကျူးနေပြီး တစ်ချို့က တာအိုဘိုးဘေး၏ နည်းစနစ် များကို ချီးကျူးနေကြသည်..။လူအများကြီးဟာ တာအိုဘိုးဘေးသည် သိုင်းပညာ ကို လေ့ကျင့်တာမဟုတ်ပဲ အင်မော်တယ် ကျင့်စဥ်ကို လေ့ကျင့်ကြောင်း ယုံကြည်လာကြ၏..။

သူတို့ဟာ အင်မော်တယ်တွေ နတ်ဘုရားတွေ၏ ဒဏ္ဍာရီများကို ကြားဖူးသော်လည်း အခုထိ အင်မော်တယ်တစ်ယောက်ကို မမြင်ဖူးသေးပေ..။

ကျန်းချန်ရှန်း သူ၏ အလျင်အမြန်ထိုးတက်နေသည့် အမှတ်တွေကြောင့် စိတ်ကြည်လင်နေခဲ့၏..။

သေသည့်လူများက်ို ရှင်သန်စေခြင်းက တောင်တွေကို ရွေ့ပြီး မိုးရွာစေခြင်းထက် အများကြီး ပိုကောင်းသည်..။ထင်ထားသလိုပဲ..သေမျ်ိုးများသည် သေခြင်း ရှင်ခြင်းကို ဂရုမစိုက်ကြဆုံးဖြစ်၏..။

ဖန်ထျန်း အင်ပါယာ..။အင်ပါရီရယ် မြို့တော်..။

နန်းတော်ထဲတွင်..။

ဘန်း..

ကြောက်မက်ဖွယ်ရာ အော်ရာတွေ နန်းတော်ထဲပြည့်နက်လာခဲ့ပေမယ့် အစောင့်တွေဟာ မတုန့်ပြန်ခဲ့ကြပေ..။

"သေတဲ့လူကို ပြန်ရှင်စေတာလား..။ဘယ်လိုဟာသ မျိုးလဲ..။ဒါအမှန်ဆိုရင်တောင် မင်းတ်ို့က ကြောက်နေတာလား..။အဆိပ်ဘုရင်နဲ့ စစ်သားတွေ ၊ မြို့သားတွေ သေဆုံးရတာကို ဒီတိူင်းထားလိူက်ရမှာလား.."

ဒေါသတကြီးအော်သံကြီးဟာ ခန်းမတစ်ခုလုံး ပဲ့တင်ထပ်နေခဲ့သည်..။ပြောနေသူကတော့ အင်ပါယာ ဖန်းထျန်းပင်..။သူ့တွင် စူးရှသည့် အမူအရာ ရှိပြီး နဂါးဝတ်ရုံကို ဝတ်ဆင်ထား၏..။သူ၏ ကံတရားကြောင့် နဂါးပုံရိပ်များသည့် သူ့ဘေးနားတွင် ဝန်းရံနေခဲ့သည်..။

ခန်းမတစ်ခုလုံး တိတ်ဆိတ်နေ၏..။

ဒူးတစ်ဖက်ထောက်နေသည့် ဗိုလ်ချုပ်တစ်ယောက်သည် ပြောလိုက်သည်..။

"အရှင် ကျွန်တော်မျိုး စုံစမ်းပြီးပါပြီ..။တာအိုဘိုးဘေးက အစွမ်းထက်တယ် ဆိုပေမယ့် သူ့ရဲ့ သက်တမ်းက်ို ရင်းပြီး ကယ်တင်ခဲ့ရတာပါ..။အဆိပ်ဘုရင်ရဲ့ စွန့်လွတ်မူက အချည်းနှီး မဖြစ်ပါဘူး..။လူတွေ အများကြီးကို ကယ်တင်ခဲ့ရတာကြောင့် တာအိုဘိုးဘေးရဲ့ သက်တမ်းက အတော်လေးကို ထိခိုက်သွားမှာပါ..။ဒါက ဖန်ထျန်းအတွက် ကောင်းကင်ကို တက်လှမ်းဖို့ အခွင့်အရေးပါပဲ.."

သူ၏ စကားကို လက်ခံကြသည့် အရာရှိများရှိသော်လည်း..ငြင်းဆန်ကြသည့် လူများလည်း ရှိနေကြသည်..။တာအိုဘိူးဘေးက ဒီလောက်အထိ အားမနည်းဟု သူတို့ခံစားမိ၏..။

"ကိုယ့်ကိုကို မထိခိုက်ပဲ သေရာကနေ ပြန်ရှင်လာအောင်လုပ်တဲ့ နည်းစနစ်ဆိုတာမျိုးက ရှိလို့လား..။ပိုပြီးအစွမ်းထက်လေ ပေးဆပ်ရမူ များလေပဲ.."

အရာရှိ တစ်ယောက်ဟာ ဒီစကားနဲ့ငြင်းခုန်သူများကို ပါးစပ်ပိတ်စေခဲ့သည်..။

သူတို့ အမှန်ပင် ငြင်းခုန်ဖို့ အင်အားမဲ့ကြရ၏..။သူတ်ို့ဆက်ပြီး ငြင်းခုန်လေလေ..တကျန်းရဲ့ ဂုဏ်သတင်းကို တိုးတက်စေပြီး ဖန်ထျန်း၏ ဂုဏ်သတင်းကို ကျဆင်းစေလိမ့်မည်..။

နောက်ထပ် အရာရှိတစ်ယောက်သည် ပြောလိုက်၏..။

"အရှင် အခုချိန်မှာ နဂါးသွေးကြောတိုက်ကြီးရဲ့ ကြီးမြတ်သောချီနဲ့ တကျန်းတို့က ပူးပေါင်းသွားကြပါပြီ..။တကယ်လို့ ထပ်ပြီး စောင့်နေမယ် ဆိုရင် သူတို့က ပိုပိုပြီး သန်မာလာပါလိမ့်မယ်..။တစ်ချ်ိန်တည်းမှာပဲ ဖန်ထျန်းကို ရန်သူတွေ ဝန်းရံနေကြတော့မှာပါ.."

အင်ပါယာ ဖန်ထျန်း ဖြည်းညှင်းစွာပဲ ထိုင်လိုက်သည်..။သူ ရှေ့ကို ကြည့်လိုက်ပြီး..

"ငါတို့ နဂါးသွေးကြောတိုက်ကြီးကို အန်ိုင်တိုက်ရမယ်..။ငါ တာအိုဘိုးဘေးဆီကို လူလွှတ်ပြီး ညှိနှိုင်းခိုင်းမယ်..။သူ သဘောတူတူ မတူတူ ..စစ်ပွဲအတွက် ပြင်ဆင်ထားကြတော့.."

"ဖန်ထျန်း က ပင်လယ်လေးခုမှာ နှစ်ပေါင်းများစွာ အထိ ရပ်တည်လာခဲ့တာ..။ဒါပေမဲ့ စစ်သားတွေ အများကြီး ဘာမှန်းမသိတဲ့ အရာကြောင့် သေဆုံးခဲ့ရတယ်..။ဒါက ငါ့မျက်နှာကိုတင် မဟုတ်ဘူး ဖန်ထျန်းအင်ပါယာကိုပါ ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲ..။ငါတို့ နဂါးသွေးကြောတိုက်ကြီးကိုတောင် အန်ိုင်မယူနိုင်ရင် ဘယ်လိုလုပ် စစ်ပွဲတွေကြားထဲမှာ ရှင်ကျန်ရစ် နိုင်မှာလဲ.."

"တကျန်းနဲ့ ကြီးမြတ်သော ချီ အင်ပါယာ တို့ ပူးပေါင်းထားကြပြီဆိုတော့..အစစ်အမှန်အင်အားကဘာလဲ ဆိုတာကို သူတို့ သိစေရမယ်.."

အင်ပါယာ ဖန်ထျန်း၏ စကားလုံးတွေက အမိန့်တွေဖြစ်လာခဲ့သည်..။

သူ၏ သဘောထားကို မည်သူမှ မငြင်းဆန်ရဲကြပေ..။

တကျန်းရဲ့ တာအိုဘိုးဘေးက အံ့ဩစရာကောင်းပေမယ့် ဖန်ထျန်းက ပန်းတိုင်က်ို အရောက်သွားနိုင်ရမည် ဖြစ်သည်..။

.

ကြီးမြတ်သော ချီဟာလည်း စစ်သားတွေ ပြင်ဆင်နေခဲ့၏..။သူတို့က ဖန်ထျန်းအင်ပါယာရဲ့ အင်အားတစ်ခု ဖျက်ဆီးခြင်းခံလိုက်ရခြင်းကို သိရှိခဲ့ကြသည်..။ဘယ်သူလုပ်တာမှန်း မသိကြသော်လည်း တကျန်း မှ တာအိုဘိုးဘေးကလွဲလို့ ဒီလို လုပ်နိုင်သည့်သူ မရှိပေ..။

သို့ပေမယ့် ဒီစစ်ပွဲက နှစ်တွေကြာဦးမည်ဖြစ်သည်..။နှစ်ဖက်လုံးက စစ်သားများ ပို့ဆောင်ချင်လျင် ကျယ်ပြန့်သည့် ပင်လယ်ကြီးကို ဖြတ်ကျော်ကြရမည် ဖြစ်သည်..။

မျက်စိတ် တစ်မှိတ် အတွင်းမှာပဲ နောက်တစ်နှစ် ကူးပြောင်းသွားခဲ့၏..။

ရွှန်းထျန်း အင်ပါယာ ၃၁ နှစ်မြောက်..။

မတ်လ..။

လောင်ချီ ဘုရားကျောင်းကို ဧည့်သည်တစ်ယောက် ရောက်လာခဲ့သည်..။

ချင်အာ ကိုယ်တိုင်သတင်းလာတင်ပြခဲ့သည်..။သူမဟာ ကျန်းချန်ရှန်း ရှေ့မှာရပ်လိုက်ပြီး..

"တာအိုဘိုးဘေး ..ဒီလူက မရိုးရှင်းလောက်ဘူး..။ယန်ကျိုးသူ့ကို တိုက်ခိုက်တော့ ထိတောင် မထိခဲ့ပါဘူး..။တစ်ဖက်လူက ကျောင်းတော်က လူတွေကို အနာတရ မဖြစ်စေပဲ တာအိုဘိုးဘေးကိုပဲ တွေ့ချင်နေတာပါ..။ဘယ်လို ထင်ပါသလဲ.."

ကျန်းချန်ရှန်း ဟာ မျက်လုံးတောင် မဖွင့်ခဲ့ပဲ..

"သူ့ကို ဝင်လာခိုင်းလိုက်.."

ချင်အာ အသက်ကို ပြင်းပြင်းရူ ပြီး ချက်ချင်း ပြန်ထွက်သွားခဲ့၏..။

ခနကြာပြီးနောက် ယန်ကျိုး ဟာ

မကြည်လင်တဲ့ မျက်နှာနဲ့ ဧည့်သည်ကို အထဲခေါ်လာခဲ့သည်..။

ရောက်လာသည့် ဧည့်သည်မှာလည်း ဆံပင်အဖြူနှင့် တာအိုဘုန်းတော်ကြီးပင် ဖြစ်၏..။သူက တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး မြင်းမြီးကို လက်က ကိုင်ထားခဲ့သည်..။ဓားနတ်ဘုရား ၊ ပိုင်ချီ နှင့် ရီယွမ်တို့ သူ့ကို ကြည့်နေကြ၏..။

တာအိုဘုန်းတော်ကြီးဟာ ကျန်းချန်ရှန်း ဆီကို အပြုံးလေးနဲ့ ရောက်လာခဲ့ပြီး အရိုအသေ ပေးလိုက်သည်..။

"ကျွန်တော်နာမည် ဟီဟွန်ပါ..။မြောက်ဘက်ပင်လယ် ပန်းလိုင် ကျွန်းကနေ လာခဲ့ပါတယ်..။ဒီကိုလာလည်တာက တာအိုဘိုးဘေးရဲ့ ခန့်ညားမူတွေကို မြင်ချင်လို့ပါ.."

ဒီလို နေရာမျိုးကို ကျန်းချန်ရှန်း ပထမဆုံးကြားဖူးခြင်း ဖြစ်၏..။သူ့အရင်ဘဝတုန်းကလည်း ပန်းလိုင် ကျွန်းဆိုတာ ရှိခဲ့ဖူးသည်..။ဒီမှာလည်း ပန်းလိုင်ကျွန်းက ရှိနေလိမ့်မည်ဟု သူ မထင်ထားမိခဲ့ပေ..။

သူ မျက်လုံးကို ဖွင့်ပြီး တာအိုဘုန်းတော်ကြီး ဟီဟွန် ကိုကြည့်လိုက်၏..။

ဘုန်းတော်ကြီး ဟီဟွန်ဟာ စကြဝဠာ အဆင့်ဖြစ်ပြီး သူ၏ ချီက ဓားနတ်ဘုရား စကြဝဠာ အဆင့်တုန်းကထက်ပင် သန့်စင်နေခဲ့သည်..။

ရီယွမ် မျက်မှောက်ကျုတ်လိုက်ပြီး...

"ပန်းလိုင်ကျွန်းလား..။အဲဒီ ထူးဆန်းတဲ့ ကလိန်ကကျစ် ဂိုဏ်း.."

တာအိုဘုန်းတော်ကြီး ဟီဟွန်ဟာ သူ့က်ိုအကူညီမဲ့စွာ ကြည့်လိုက်ပြီး..

"ကျေးဇူးရှင်လေး..မင်းအဲလို မပြောရဘူးလေ..။ပန်လိုင်ကျွန်းက ဘယ်သူ့ကိုမှ မလိမ်ညာခဲ့ဘူး..။ကမ္ဘာကြီးက အဲဒီကနေ အကျိုးအမြတ်ရနေကြပေမယ့် မယုံကြည်နိုင်ကြသေးဘူးလေ.."

All Chapters