← Chapters

ရှေးဟောင်း လျိုဝှက်ချက် ၊ နဂါး၏ ကံတရား

Vol. 13 Ch. 189

ရှေးဟောင်း လျိုဝှက်ချက် ၊ နဂါး၏ ကံတရား

Vol. 13 Ch. 189

"ဒီလိုလား.."

ရီယွမ် သံသယဖြစ်တဲ့ အမူအရာရှိနေခဲ့သည်..။ပန်းလိုင် ကျွန်းကို သူ အမြင်မကြည်သည်မှာ သိသာ၏..။

ဘုန်းတော်ကြီး ဟီဟွန် :

"ပန်လိုင်ကျွန်းက သဘာဝကို ယုံကြည်ပြီး အရာအားလုံးက ကံတရားအတိုင်းဖြစ်လာတယ် ဆိုတာ လက်ခံထားတယ်..။ကမ္ဘာကြီးက အကူညီတောင်းလာတယ် ဆိုရင် ငါတို့ လုပ်နို်တာက..သူတို့ကို ပိုကောင်းတဲ့လမ်းကို ညွှန်ပေးဖို့ပဲ..။ဒါပေမဲ့ သူတို့ရဲ့ ကံတရားက စီမံထားပြီးသားလေ..။သူတ်ို့ ဘယ်အရာကိုပဲ..စားပါစေ ဒါက ရှင်သန်ဖို့ပဲ မဟုတ်လား.."

"ဒါပေမဲ့လူတွေက ကံတရားကို ပြောင်းလဲဖို့ပဲ စိတ်ကူးယဥ်နေကြတယ်လေ..။ကျုပ်တို့လို တာအိုကို ရှာဖွေနေကြတဲ့လူတွေက နတ်ဘုရားတွေ မဟုတ်ဘူး..။ဘယ်လိုလုပ် ဒီအရာတွေကို ဖြည့်ဆည်းပေးန်ိုင်မှာလဲ.."

သူ၏ အသံက အကူညီမဲ့နေမူ များနှင့် ပြည့်နှက်နေခဲ့၏..။ရီယွမ်ဟာ မေးခွန်းတွေ ရှိနေသေးပေမယ့်လည်း မလှောင်ပြောင်တော့ပေ..။

ကျန်းချန်ရှန်း :

"ပန်လိုင် ကျွန်းကလေးက ဘာအလိုရှိလို ရောက်လာတာလဲ သိပါရစေ.."

ဘုန်းတော်ကြီး ဟီဟွန်ပြုံးလိုက်ပြီး..

"ကျွန်တော်တို့ ကျွန်းရဲ့ မာစတာက..ဘိုးဘေးကို ဖိတ်ခေါ်ခိုင်းလို့ပါ..။လမ်းခရီးမှာ..သေချာ ပြုစုပေးပါ့မယ်.."

ကျန်းချန်ရှန်း :

"စိတ်မကောင်းပါဘူး..။ကျုပ်က တောင်အောက်ကို ဆင်းမှာမဟုတ်ဘူး..။ဒီခရီးက ပင်ပန်းနိုင်ပြီး လူများတာကိုလည်း ကျုပ်က မကြိုက်ဘူးလေ..။ကျုပ်ရဲ့ ကျောင်းဝန်းကိုသာ ကြည့်ပေတော့.."

ပိုင်ချီ ပြောလိုက်သည်..။

"ဘုန်းကြီးအိုကြီး.. ရှင့်ကို ဖန်ထျန်းက ဒီလိုလုပ်ဖို့ ခိုင်းထားတာတော့ မဟုတ်ဘူးမလား.."

ဟီဟွန် အမြန်ပြောလိုက်သည်..။

"ဒီလိုဘယ်ဟုတ်ပါ့မလဲ..။ကျွန်တော်တို့ ကျွန်းရဲ့ မာစတာက အသက်သေဆုံးကာ နီးနေပြီဖြစ်တာကြောင့် မသေခင်မှာ အင်မော်တယ် လမ်းစဥ်းကျင့်ကြံနေတဲ့လူကို မြင်ဖူးချင်လို့လေ.."

ကျန်းချန်ရှန်း ခေါင်းခါယမ်းလိုက်သည်..။

"ဘဝမှာ နောင်တရစရာ ဆိုတာ ရှိတာပဲမလား.."

ဘုန်းတော်ကြီး ဟီဟွန် အခက်တွေ့သွားခဲ့၏..။

ရီယွမ် စိတ်မရှည်စွာဖြင့်..

"တာအိုဘိုးဘေးက ဘယ်လိုလူမျိုးလဲ..။ဘယ်လ်ိုလုပ် ခင်ဗျားတို့ ဖိတ်ခေါ်ချင်တိုင်း ခေါ်လို့ရမှာလဲ..။တကယ်လို့ တာအိုဘိုးဘေး မလိုက်ချင်ရင် ကျုပ်လိုက်ခဲ့ပေးလို့ရတယ်..။ဒါပေမဲ့ သူ့ရဲ့နောက်ဆုံးခရီးကို လိုက်ပို့ရတာထက် နတ်ဘုရားတစ်ပါးကို ဖိတ်လိုက်တာကမှ ပိုလွယ်ဦးမယ်လေ..။ကျုပ်ကတော့ အဲလောက် အပင်ပန်းမခံနိုင်ဘူး.."

အဆုံးမှာတော့ သူ လှောင်ပြောင်တဲ့ အပြုံးကို ပြုံးလိုက်သည်..။

ဘုန်းတော်ကြီး ဟီဟွန် :

"ရှေးဟောင်း သိုင်းပညာရှင်တွေက..သူတို့ရဲ့ ကံတရားအတွက် ကောင်းကင်နဲ့မြေကြီးကို မှီခိုကြရတယ်..။အခုချိန်မှာ ဒီကမ္ဘာကြီးရဲ့ ကံတရားကို အင်ပါယာတွေက ထိန်းချုပ်ထားတယ်..။ပန်းလိုင်ကျွန်းက ဒီလိုမဖြစ်သင့်ဘူးလို့ ခံစားရတယ်လေ..။ကျွန်တော်တို့က ကံကောင်းမူ ဂိုဏ်းတစ်ခုကို တည်ထောင်ဖို့ဆန္ဒရှိပါတယ်..။တာအိုဘိုးဘေး ဒီအတွက် အကြံဥာဏ်လေးများရှိပါသလား.."

ကံကောင်းမူ ဂိုဏ်း

ဒါက တကယ်ကို အကြံကောင်းပါ..။

ကျန်းချန်ရှန်း စဥ်းစားနေလိုက်သည်..။

ဒီအကြံသာ အောင်မြင်သွားမယ် ဆိုရင် ကမ္ဘာကြီးထဲက ပညာရှင်တွေ အတွက်မှတ်တိုင် တစ်ခုဖြစ်လာပေလိမ့်မည်..။

သို့ပေမယ့် ကျန်းချန်ရှန်း စိတ်မဝင်စားပေ..။

သူ့မှာ လောင်ချီဘုရားကျောင်းရှိနေတာကို ဘာလို့ ဂိုဏ်းတစ်ခု ထောင်နေရဦးမှာလဲ..

ကျန်းချန်ရှန်း စိတ်ထဲမှ မေးလိုက်၏..။

"ပန်းလိုင်ကျွန်းက ဘယ်လောက်အင်အားရှိလဲ.."

[ 300010 မှတ် တိုးလာလိမ့်မည်..။ရှေ့ဆက်ချင်ပါသလား..]

ဒီပမာဏက နည်းတဲ့အရာတော့ မဟုတ်ပေ..။

ကျန်းချန်ရှန်း ပြောလိုက်သည်..။

"ဒီလို အတွေးတော့ မရှိသေးဘူး..။အခုချိန်မှာ ကျုပ်က လောင်ချီကျောင်းတော်က တာအိုဘုန်းကြီးလေ..။ကျုပ်က အေးဆေးပဲ လေ့ကျင့်ချင်တာပါ..။တကယ်လို့ ပြောစရာ မရှိတော့ရင် သွားလိူ့ရပါပြီ.."

ဘုန်းတော်ကြီး ဟီဟွန် ကြောင်အသွားခဲ့သည်..။သူတစ်ခုခု ပြောချင်ခဲ့ပေမယ့်လည်း..ဘေးနားက အကြည့်တွေကြောင့် သက်ပြင်းသာချလိုက်၏..။ယင်းနောက် အရိုအသေပေးကာ ထွက်သွားခဲ့သည်..။

သူ ထွက်သွားပြီးနောက် ရီယွမ်က

"ကောက်ကျစ်တဲ့ မြေခွေး အိပ်မက်ဆက်မက်နေလိုက်.."

ကျန်းချန်ရှန်း မျက်လုံးကို ပိတ်ကာ ဆက်လက် လေ့ကျင့်နေခဲ့သည်..။

မြို့တွင်းရှိ စားသောက်ဆိုင်ထဲတွင်..။

ဘုန်းတော်ကြီး ဟီဟွန် အခန်းတစ်ခုဆီ ဝင်သွားကာ တံခါးပိတ်လိုက်၏..။ယင်းနောက် ကုတင်ပေါ်တွင် ထိုင်နေသည့် ပုံရိပ်တစ်ခုကိုကြည့်ပြှး..

"စီနီယာ အစ်ကို ဒီ တာအိုဘိုးဘေးက တကယ်ထူးဆန်းတယ်..။သူ့ရဲ့ ငယ်ရွယ်မူကို ထိန်းထားနိုင်တဲ့ နည်းစနစ်ကလည်း အံဩစရာပဲ..။သူ့ကျောင်းဝန်းထဲမှာ သားရဲတွေလည်း မွေးထားသေးတယ်..။သူက ပြန်မွေးဖွားလာတဲ့ အင်မော်တယ် တစ်ယောက်လိုပဲ..။ငါတို့လည်း တာအိုကို လေ့ကျင့်နေပေမယ့် သာမန်သိုင်းပညာရှင်ပဲ ရှိနေသေးတယ်လေ..သူနဲ့အဆင့်မတူဘူး.."

အိပ်ယာထက်တွင် ထိုင်နေသူကလည်း တာအိုဘုန်းတော်ကြီးတစ်ပါးပင်ဖြစ်သည်..။သူက ဟီဟွန်ထက် ပိုဝပြီး အသက်ပိုကြီး၏..။

ဘုန်းတော်ကြီး ဟီယွန် မျက်လုံးဖွင့်လာခဲ့ပြီး..

"ကံတရား ဂိုဏ်းကတောင် သူ့ကို မဆွဲဆောင်နိုင်ဘူးလား.."

ဟီဟွန် အကူညီမဲ့သွားခဲ့ပြီး..

"သူထွက်သွားတာနဲ့ တကျန်းက အတိုက်ခံရမှာကို စိုးရိမ်နေတာပဲဖြစ်မယ်.."

"ဒါတိုလည်း စစ်ပွဲပြီးတဲ့အထိ စောင့်ကြတာပေါ့.."

"ဖန်ထျန်းဆိုတာက အဝေးကြီးမှာလေ..။ဒါက နှစ်တွေ အများကြီး ကြာလိမ့်ဦးမယ်..။တကယ်ပဲ အဲ့အချိန်အထိ စောင့်ကြမှာလား."

" ဟုတ်တယ် အကြီးဆုံး စီနီယာအစ်ကို က အဲလိုပြောခဲ့တာပဲ..။ဘာကိစ္စပဲရှိရှိ တာအိုဘိုးဘေးကို ပန်းလိုင် ကျွန်းကို ဖိတ်ခေါ်ရမယ်..။တာအိုဘိုးဘေးရဲ့ အဆင့်က သိုင်းပညာ လမ်းကြောင်းမှာ ရှိနေတာ မဟုတ်ဘူး..။ဖြစ်နိုင်တာက သူက ငါတို့ ပန်းလိုင် ကျွန်းရဲ့ ရှေးဟောင်း လျို့ဝှက်ချက်ကို ဖော်ထုတ်နိုင်စွမ်းရှိလောက်တယ်.."

"ကောင်းပြီလေ..ကျွန်တော် လောင်ချီ ဘုရားကျောင်းနဲ့ ဆက်ဆံရေး ကောင်းတွေ တည်ဆောက်ထားလိုက်မယ်.."

"အင်း..သူတို့ကျောင်းတော်ကို သွားလည်ပတ်ရင် ငါတို့ရဲ့ နည်းစနစ်တွေ ..တာအိုတွေကိုလည်း သူတို့ကို သင်ပေးလို့ရတယ်.."

ဘုန်းတော်ကြီး ဟီဟွန်ဟာ ခေါင်းညိမ့်လိုက်ပြီး ထပ်မပြောတော့ပေ..။

ဂျွန်လတွင်တော့ တကျန်းနဲ့ ကြီးမြတ်သော ချီ ၏ စစ်တပ်တို့ဟာ အရှေ့ဘက် ပင်လယ်ပြင်တွင် တွေ့ဆုံခဲ့ကြသည်..။သူတို့ဟာ အတူတူပူးပေါင်းပြီး ဖန်ထျန်း နေရာယူထားသည့် တိုက်ကြီးသွား ဦးတည်သွားကြ၏..။

အစစ်အမှန် နတ်ဘုရားများနှင့် ရွှေရောင်ခန္တာကိုယ် အဆင့် ပညာရှင်များဟာလည်း တိုက်ပွဲတွင် ပါဝင်ဖို့ အသီးသီး ထွက်ခွာလာကြသည်..။ဒါက တကျန်းနှင့် တချီတို့ ဘက်တွင်ဖြစ်၏..။

ကျန်းဂျီယန် သင်္ဘောထိပ်ကနေ ကြည့်လိုက်၏..။သိပ်မဝေးသည့် သင်္ဘောတစ်စီးပေါ်တွင် ..ခရမ်းရောင်ဝတ်စုံနှင့် မျက်နှာကို အုပ်ထားသည့် မိန်းကလေးတစ်ဦးဟာ ရပ်နေခဲ့သည်..။

"သူမက ဘယ်အဆင့်လဲ..။ကြီးမြတ်သော ချီမှာ ဒီလိုလူတွေလည်း ရှိနေသေးတာလား.."

ကျန်းဂျီယန် သံသယဖြစ်သွားခဲ့သည်..။

တချီ ဟာ ကံကောင်းမူ အင်ပါယာ ဖြစ်လာသည် မှာ ကြာပြီဖြစ်သည်..။သူ သိသလောက်တော့ တချီတွင် စကြဝဠာအဆင့် ပညာရှင် မရှိပေ..။

အဲ့အချိန်မှာပဲ ဆောင်လီ သူ့ဆီကို ရောက်လာခဲ့ပြီး..

"သူမက ဝေမိသားစုကပဲ..။ဝေမိသားစုက နဂါးသွေးကြောတိုက်ကြီးရဲ့ မြောက်ဘက်မှာ နေတာ..။သူမက ဝေမိသားစု အကြီးအကဲ ရဲ့ သမီးပဲ ဖြစ်လိမ့်မယ်..။သူမရဲ့ နာမည်အစစ်အမှန်ကို ဘယ်သူမှ မသိကြဘူး..။သူမကို မစ္စဝေလို့ပဲ ခေါ်ကြတယ်..။သူမက စကြဝဠာအဆင့် ဂျီးနီးယပ် တစ်ယောက်ပဲ..။ဝေမိသားစု ထဲမှာတောင် ထိပ်တန်းမှာ ရှိတယ်.."

ကျန်းဂျီယန် မျက်မှောင်ကျုတ်လိုက်ပြီး..

"စကြဝဠာ အဆင့်လား..။ကြည့်ရတာတော့ တချီ ကိုလည်း လျော့တွက်လို့ မရဘူးပဲ.."

ရှောင်လီ :

"ဝေမိသားစုမှာ စကြဝဠာ အဆင့်က တစ်ယောက် မကရှိတယ်..။တစ်ချိန်တုန်းက ဝေမိသားစုရဲ့ ဂုဏ်ယူရတဲ့ သခင်မလေး တစ်ယောက်က ဧကရာဇ် ဖန်ထျန်းရဲ့ ကိုယ်လုပ်တော် ဖြစ်ခဲ့ဖူးတယ်လေ..။သူမက နန်းတော်ထဲမှာ သေခဲ့ရတယ်..။ဒါပေမဲ့ အင်ပါယာက ဝေမိသားစုကို ဘာဖြေရှင်းချက်မှ မပေးခဲ့ဘူး..။ဒီတော့ ဒီနှစ်ဖက်က ရန်ငြိုးတွေ ရှိနေကြတာပေါ့.."

ကျန်းဂျီယန် အံ့ဩသွားသည်..။

"ရန်သူတွေဆိုမှတော့ ဖန်ထျန်း အင်ပါယာက ဘာလုပ်နေတာလဲ..။ဝေမိသားစုက အတော်လေးတောင် အင်အားကောင်းလာပြီ..."

ရှောင်လီ :

"သူတို့က တကယ်သန်မာလာကြတယ်..။ဒါပေမဲ့ အဓိက အကြောင်းပြချက်က ဧကရာဇ် ဖန်ထျန်းက နောင်တရမိတာကြောင့် သူတို့ကို သတ်ဖို့ မခိုင်းခဲ့ဘူးလေ..။ထပ်ပြောရရင် ဝေမိသားစု သွားသတ်တာကလည်း ဂုဏ်သိက္ခာပိူင်းအရ တကယ် မကောင်းလှဘူး..။အင်ပါယာ ဖန်ထျန်းက ဂုဏ်သတင်းကို အရမ်းဂရုစိုက်တယ်.."

အဲ့အချိန်မှာပဲ သန်မာသည့်လေပြင်းများဟာ သူတို့၏ ရှေ့ကနေ တိုက်ခတ်လာခဲ့သည်..။.

ပင်လယ်၏ ကောင်းကင်တစ်ခုလုံးမှောင်မိုက်သွားခဲ့၏..။လှိုင်းလုံးကြီးများဟာလည်း ကြီးသထက် ကြီးလာပြီး ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်..။

ကျန်းဂျီယန် လှုပ်ရှားလိုက်သည့် အချိန်တွင် ပင်လယ်၏ အောက်ခြေမှ နတ်ဘုရားလက်နက် တစ်ခု ထွက်လာပြီး သူ့လက်ထဲကို ရောက်လာခဲ့သည်..။ဒါက အမှတ်သုံးခုနှစ်ဖက်သွား ဓား တစ်ချောင်းဖြစ်သည်..။

သင်္ဘောတွေပေါ်မှ ပုံရိပ်တွေ ထွက်ပေါ်လာကြသည်..။ချက်ချင်းဆိုသလိုပဲ ပုံရိပ် ငါး ရာ ကျော်လောက် လေပေါ်ကို ရောက်လာခဲ့ကြပြီး..အဝေးတစ်နေရာကို စိုက်ကြည့်နေကြ၏..။

"ဟားဟားဟား..နဂါးသွေးကြော တိုက်ကြီးရဲ့ ပုရွတ်ဆိတ်တွေ..။မင်းတို့က ဘယ်ကသတ္တိနဲ့ ငါတို့ကို အရင်လာတိုက်ခိုက်ရဲတာလဲ..။ဒီနေ့ မြင့်မြတ်တဲ့ အင်ပါယာ ရဲ့ အင်အားကို ပြသပေးမယ်.."

မောက်မာပြီး အေးစက်သည့် ရယ်သံကြီးဟာ ပင်လယ်တစ်ခုလုံး ပျံ့နှံ့နေခဲ့သည်..။

ဘန်း

ကြီးမားသည့် မိုးကြိုးတစ်ခုဟာ တိမ်တွေထဲကနေ ပင်လယ်ထဲကို ကျဆင်းလာခဲ့သည်..။

မိုင်တစ်ရာကျော် အကွာမှာတော့ သင်္ဘောတွေ အများကြီးဟာ အတူတကွ ချီတက်လာကြ၏..။သိုင်းပညာရှင်တွေ အများကြီးဟာ သင်္ဘောဦးမှာ ရပ်ပြီး အစစ်အမှန် ချီ တွေကို လှည့်ပတ်ထားကြ၏..။သူတို့၏ ခန္တာကိုယ် ထဲမှ အဖြူရောင်အငွေ့များ ထူးဆန်းစွာ ထွက်ပေါ်နေပြီး ကောင်းကင်ထက်တွင် ခြေချောင်းငါးခု ရှိသည့် ကြီးမားသည့် အစစ်အမှန် နဂါးကြီးတစ်ကောင်ဖြစ်ပေါ်လာခဲ့၏..။သူ့ရဲ့ ခန္တာကိုယ်က ပေတစ်သောင်းလောင် ရှည်လျားပြီး မိုးတိမ်တွေကြားတွင် ရွေ့လျားနေခဲ့သည်..။မိုးကြိုးတွေက သူ့ကို အန္တရာယ် မဖြစ်စေပဲ ပိုပြီးတော့တောင် သန်မာစေသလိုပင် ဖြစ်နေခဲ့သည်..။

သင်္ဘောတစ်စီး၏ အလယ်တွင်တော့ အနက်ရောင် ချပ်ဝတ်နှင့်လူတစိယောက် ရှိ၏..။ပင်လယ်ရေ နှင့် မိုးထေ များသည် သူ၏ ချပ်ဝတ်ကို လာရောက် ရိုက်ခတ်နေခဲ့သည်..။သူ့၏ အမူအရာက အတော်လေးကို ထိုင်းမှိုင်းနေလျက်ရှိသည်..။

ရယ်မောသည့် လူမှာ ထိုသူပင်ဖြစ်၏..။

သူ တကျန်းနှင့် တချီကို မကြောက်ပေမယ့် တာအိုဘိုးဘေးကိုတော့ ကြောက်မိသည်..။

နန်းတော်ထဲမှ လူများက တာအိုဘိုးဘေးက သက်တမ်းတွေ ပေးဆပ်ထားရသည်ဟု ဆိုသော်လည်း ဒါက ခန့်မှန်း​ချေသက်သက်သာ ဖြစ်၏..။မဟုတ်ရင်ရော ဘယ်သူတာဝန်ယူမှာလဲ..

သို့ပေမယ့် ဧကရာဇ်ရဲ့ အမိန့်အောက်မှာ ရွေးချယ်စရာ မရှိပဲ..။ကိုယ့်ကိုကို ရဲဆေးတင်ပြီးသာ စစ်တပ်ကို ဦးဆောင်နေခဲ့၏..။

သူ တိမ်တွေ ထဲက ကံကောင်းမူ အစစ်အမှန် နဂါးကြီးကို ကြည့်ပြီး စိတ်သက်သာရာ ရသွားခဲ့သည်..။

"ကောင်းကင်ရဲ့ ကံတရားက ကူညီပေးနေတာကို ဘယ်အရာကို ကြောက်နေရဦးမှာလဲ.."

သူ ကိုယ့်ကိုကို အားပေးလိုက်သည်..။

တိုက်ပွဲကြီးကတော့ စတင်ပေတော့မည်..။

တရားထိုင်နေတဲ့ ကျန်းချန်ရှန်း တစ်ခုခုကို ခံစားမိပြီး မျက်လုံးဖွင့်လိုက်သည်..။

သူ ချက်ချင်းပဲ အကန့်အသတ်မဲ့ မျက်လုံး နဲ့ အရှေ့ဘက်ကို လှမ်းကြည့်လိူက်၏..။သူ့အမြင်က တောင်းတန်းတွေ မြစ်တွေကို ဖြတ်သွားခဲ့သည်..။တိုက်ကြီးတစ်ခုလုံးကို ဖြတ်သွားပြီးနောက် မုန်တ်ိုင်းဖြစ်နေသည့် ပင်လယ်ပြင်ကို မြင်လိုက်၏..။သိုင်းပညာရှင် အများကြီးဟာ ကောင်းကင်ထက်တွက် နဂါးကြီး တစ်ကောင်ကို ဖွဲ့သည်းထားခဲ့သည်..။

ဒီနဂါးကြီးသည် လျိုယု လောက် ကြီးမားသည်..။သူ၏ ခန္တာကိုယ်မှာ သိပ်သည်းသည့် အော်ရာများ ထွက်နေခဲ့၏..။

ကံကောင်းမူ နဂါး..

ကျန်းချန်ရှန်း အံ့ဩသွားခဲ့သည်..။ဒီနဂါးက အင်ပါယာ ရွှန်းထျန်း ၏ ကံကောင်းမူ အစစ်အမှန် နဂါးထက် ပိုသန်မာ၏..။

ဒီအရာက တချီ နဲ့ တကျန်း တို့ အသာဆီးမှ ရရှိနိုင်ရန် တားဆီးထားခဲ့သည်..။ပင်လယ်ထဲမှာ တိုက်ပွဲကွင်းပြင်ဟာ နေ့ဘက်ရောက်နေသည့်တိုင် မှောင်မဲနေခဲ့၏..။

ကံကောင်းမူ နဂါးကြီးတွင် ကံတရားများ ပြင်းထန်စွာ သိပ်သည်းနေခဲ့သည်..။အတော်ဝေးဝေးမှာ ရှိနေသည့် ကျန်းချန်ရှန်း တောင်ဒါကို ခံစားမိသည်..။

ကျန်းချန်ရှန်းဟာ သူ ဖန်ထျန်း အင်ပါယာကို အထင်သေးမိပြီ ဖြစ်ကြောင်း သိလိုက်၏..။

ကျန်းချန်ရှန်းဟာ ဖန်ထျန်းဟအင်ပါယာရဲ့ တပ်တွေ တကျန်း နဲ့ တချီ စစ်တပ်တွေဘက်ကို လေးဖွဲခွဲ၍ ချီတက်လာတာကို မြင်နေရသည်..။သူတို့၏ ရွက်လွင့်မူကလည်း တကျန်းနဲ့ တချီထက် ပိုမြန်ကြသည်..။ဒီနှုန်း အတိုင်းဆိုရင် သူတို့ အဝိုင်းမခံရမှီ တကျန်းနဲ တချီတို့ကို ဖြတ်တိုက်နိင်ကြလိမ့်မည်..။

သူ့ရဲ့ အကန့်အသတ်မဲ့ မျက်လုံးတွေက ဒါကို မြင်နေရပေမယ့် တကျန်းနဲ့ တချီရဲ့ ကင်းထောက်တွေကတော့ မြင်နိုင်မှာ မဟုတ်ပေ..။

တချီတွင် စကြဝဠာ အဆင့် နှစ်ယောက်ပါပြီး တကျန်းတွင် တစ်ယောက် ပါ၏..။အစစ်အမှန် နဂါးကျောင်းတော်မှ ဘုန်းတော်ကြီး ဂျီယာရီ လည်း ရှိနေခဲ့သည်..။

မလုံလောက်ဘူး..

ကံကောင်းမူ နဂါးကြီးရဲ့ အော်ရာကပင် ကောင်းကင်အဆင့်ကို ရောက်နေပြီဖြစ်သည်..။သူ၏ ကြီးမားသည့် ခန္တာကိုယ်နှင့် ခွန်အားကပင် ရန်သူတွေကို အနှောက်ယှက် ဖြစ်စေဖို့ လုံလောက်၏..။

ကျန်းချန်ရှန်း ခနလောက် စဥ်းစားပြီး ရီယွမ် နဲ့ ဓားနတ်ဘုရားကို လွှတ်ဖို့ ဆုံးဖြတ်လိုက်၏..။တကယ်လို့ သူ ဝင်ရောက် တိုက်ခိုက်မယ် ဆိုရင် ရန်သူတွေ ထိပ်လန့်ပြီး နောက်ပြန်ဆုတ်သွားမှာ စိုးရိမ်ရသည်..။

ဒီတော့ ရီယွမ်နဲ့ ဓားနတ်ဘုရားကို လွှတ်ပြီး တစ်ဖက်က သန်မာတဲ့ ပညာရှင်တွေကို ထွက်လာအောင် ဖိအားပေးသည်က အကောင်းဆုံး ဖြစ်သည်..။

သူ ချက်ချင်းပဲ ရီယွမ်နဲ့ ဓားနတ်ဘုရားကို ညွှန်ကြားလိုက်သည်..။ဒါက်ိုကြားတာနဲ့ သူတို့ချက်ချင်းထလိုက်ကြ၏..။

"ဓားနတ်ဘုရား ဘယ်သူပိုမြန်လဲ ဆိုတာ ကြည့်ကြရအောင်.."

ရီယွမ် ဒါကိုပြောပြီးသည်နှင့် လောင်ချီ တောင်ကုန်းကနေ ပျံသန်းပြီး ထွက်ခွာသွားသည်..။ဓားနတ်ဘုရား စိတ်ထဲမှ ကျိန်ဆဲလိုက်၏..။ကျန်းချန်ရှန်းကို အရိုအသေပေးပြီးသည်နှင့် သူပါ နောက်ကနေ လိုက်သွားခဲ့သည်..။

All Chapters