အင်ပါယာ ဖန်ထျန်း၏ ရိုးသားမူ
Vol. 13 Ch. 190
ရီယွမ်နဲ့ ဓားနတ်ဘုရားတို့ ထွက်သွားပြီးနောက် ကျန်းချန်ရှန်းသည် ရွှေရောင်သစ်ရွက် ကို ထုတ်ကာ အရှေ့ဘက်သ်ို့ ပစ်လိုက်သည်..။ရွှေရောင်သစ်ရွက်ဟာ မြူနှင်းတွေထဲ ချက်ချင်းဝင်ရောက်သွား၏..။
ပိုင်ချီ သိချင်သွားခဲ့ပြီး..
"မာစတာက သစ်ရွက်နဲ့ သူတို့ကို ပြိုင်စေချင်တာလား.."
ကျန်းချန်ရှန်း ပြောလိုက်သည်..။
"ဒါဆိုလည်း ဘယ်သူက ပိုမြန်မလဲ ခန့်မှန်းကြည့်ပေါ့.."
ပိုင်ချီ
"ဒါပေါ့..မာစတာရဲ့ သစ်ရွက်တွေက ပိုမြန်မှာပေါ့.."
သူမ မြို့တော်ကို စပြီးလာသည့် နေ့ကို ဘယ်တော့မှ မေ့မည်မဟုတ်ပေ..။သူမကို ဒီသစ်ရွက်က အနိုင်ယူခဲ့တာဖြစ်ပြီး..ရွှေရောင်သစ်ရွက်ကို မြင်တိုင်း ကြောက်လန့်သည့် စိတ် ဖြစ်နေခဲ့၏..။
အဲ့အချိန်မှာတော့ ဒီအရာက ဘယ်လို ရတနာလဲ ဆိုတာကို သူမ စဥ်းစားလို့ မရနိုင်ခဲ့ပေ..။ကျန်းချန်ရှန်းက သူ၏ အစစ်အမှန်ချီဖြင့်..သစ်ရွက်များပြုလုပ်နေသည် ဟုသူ ထင်ခဲ့၏..။
ကျန်းချန်ရှန်း သူမ၏ ခေါင်းကို ပုတ်ကာ ဆက်လေ့ကျင့်လိုက်သည်..။
ပိုင်ချီ ဟာသူ၏ အပြုအမူကြောင့် စိတ်လှုပ်ရှားသွားခဲ့သည်..။
သူမ သေချာ သိပြီးပြီဖြစ်သည်..။သူမ ၏ မာစတာက ကျော်ကြားမူတွေ ၊ ကံကောင်းမူတွေကို စိတ်မဝင်ပေမယ့် ကြွားဝါရသည်ကိုတော့ နှစ်သက်ပေသေးသည်..။ဒါကြောင့် ကျန်းချန်ရှန်း တစ်ခုခု လုပ်တိုင်း သူမက မြှောက်ပင့် ပြောဆိုနေခြင်းဖြစ်၏..။
"ရီယွမ် ၊ ဓားနတ်ဘုရား နင်တို့က မျက်နှာသာ ပေးခံရဖို့ ငါနဲ့ဘယ်လို ပြိုင်နိုင်မှာလဲ ဟမ့်.."
ပိုင်ချီ တိတ်တဆိတ်ပဲ ကျေနပ်နေခဲ့၏..။
မ်ိုးကြိုးတွေဟာ ခြိမ်းပြီး ၊ မုန်တိုင်းဟာ ပိုမိုပြင်းထန်လာခဲ့သည်..။
ကျန်းဂျီယန် သူ၏ အမှတ်သုံးခု အသွားနှစ်ဖက် ဓားနဲ့ ဒေါသတကြီး တိိုက်ခိုက်လိုက်သည်..။သို့ပေမယ့် နဂါးကြီး၏ အမြီးရိုက်ချက်ကြောင့် သူသာ လွင့်စင်သွားခဲ့၏..။ပင်အန်းဟာ နဂါးရဲ့ ဦးခေါင်းပေါ်ကို တက်ပြီး သူ ၏ တူကြီးနှင့်ရိုက်ချလိုက်သာါ..။သို့ပေမယ့် နဂါးရဲ့ ဦးခေါင်းကို ထုမချေနိုင်ခဲ့ပေ..။
မစ္စ ဝေ ယာ လက်နှစ်ဖက် ဝေ့ယမ်းလိုက်သည့် အချိန်တွင် သူမ၏ လက်ထဲမှ အစစ်အမှန်ချီ များမှာ အပ်များ အသွင်သို့ ပြောင်းလဲသွားခဲ့သည်..။သူတို့ဟာ ကံတရား နဂါးကြီဆီကို ဦးတည်သွားခဲ့ပြီး သေးငယ်သည့် အပေါက်များ ဖြစ်ပေါ်လာစေခဲ့၏..။သို့ပေမယ့် နဂါးကြီးသည် အလျင်အမြန်ပဲ ပြန်လည် ကောင်းမွန်သွားခဲ့သည်..။
"အော်မီတော်ဖော် "
ဘုန်းတော်ကြီးဟာ..ရေရွတ်လိူက်ပြီး ဖန်ထျန်းအင်ပါယာ ဘက်ကို တက်သွားခဲ့သည်..။
ဘန်း
ဖန်ထျန်း ဘက်မှ ကားရံထားသည့် ကံတရား အကာအကွယ်သည် သူ့ကို တားဆီးထားပြီး မမြင်ရတဲ့ အားတစ်ခုက နောက်ကို ပြန်ကန်ထုတ်လိုက်သည်..။
သူ မျက်မှောင်ကျုတ်လိုက်ပြီး ညာဘက်လက်ကို မြှောက်လိုက်၏..။သူ ၏ လက်က ချက်ချင်းပဲ ဓားအသွင်ပြောင်းလဲသွားပြီး ခန္တာကိုယ်က အနီရောင် အစက်တစ်ခု ဖြစ်သွားကာ အကာအကွယ်ဆီကို ထပ်ဝင်သွားခဲ့သည်..။နောက်ထပ်ကျယ်လောင်သည့် အသံကြီးနှင့်အတူ သင်္ဘောကြီးဟာ လှုပ်ခတ်သွားခဲ့၏..။အဆင့်နိမ့်သည့် ဖန်ထျန်း စစ်သည်များကတော့ တုန်ရီနေကြပြီဖြစ်သည်..။
အနက်ရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် ဗိုလ်ချုပ် သည် ဘုန်းကြီးကို ကြည့်လိုင်သည်..။
"စကြဝဠာအဆင့်လောက်နဲ့ ကံတရား အကာအကွယ်ကို ချိုးဖျက်နိုင်မယ်လို့ ထင်နေတာလား..။မင်းက ကိုယ့်ကိုကို အထင်ကြီးနေတာပဲ.."
ဗိုလ်ချုပ်ဟာ စိတ်လှုပ်ရှားနေခဲ့သည်..။ကြည့်ရတာတော့ တာအိုဘိုးဘေး က ပြန်ကောင်းလာအောင် ကြိုးစားနေရတုန်း ဖြစ်တာကြောင့် မလာနိုင်သည့်ပုံပေါ်သည်..။
ဒီလို ဆိုရင်တော့..သူတို့ အစွမ်းကုန် ကြိုးစားရတော့မှာပေါ့..
"တပ်သားအားလုံး..တကျန်း နဲ့ တချီ ကို ခြေထောက်အောက် ရောက်အောင် နင်းချေကြ.."
အနက်ရောင် ဗိုလ်ချု့်ဟာ အမိန့်ပေးလိုက်သည်..။အစစ်အမှန် ချီကို အသုံးပြုထားတာ ကြောင့် သူ၏ အသံက စစ်သည်တွေ၏ နားထဲမှာ ပဲ့တင်ထပ်နေခဲ၏..။
ဆောင်လီ သေင်္ဘာပေါ်တွင် မသက်မသာ ရပ်နေခဲ့သည်..။
ဖန်ထျန်း စစ်တပ်က အတော် ကြမ်းတမ်းလွန်း၏..။တကယ်လို့ ဒီလို ဆက်ပြီးတိုက်နေရင် သူတို့အခြေအနေ ကောင်းမှာမဟုတ်ပေ..။
အသံတစ်ခု ထွက်လာခဲ့သည်..။
"ငါတို့ ပြန်ဆုတ်သင့်လား..။သူတို့ရဲ့ စစ်တပ်က ငါတို့ကို ဝန်းရံသွားမှာ စိုးရိမ်မိတယ်..။ဖန်ထျန်း စစ်တပ်မှာ စစ်သည်အင်အား နည်းနည်းလေးပဲ ရှိတယ် ဆိုတာ မဖြစ်နိုင်ဘူး.."
ဆောင်လီ မျက်မှောင်ကျုတ်ပြီး တွေဝေနေခဲ့၏..။
အဲ့အချိန်မှာပဲ နားကြိမ်းလောက်သည့် အသံတစ်ခုကို .ကြားလိုက်ရတာကြောင့် သူ လှည့်ကြည့်လိုက်၏..။အဲ့အချိန်မတော့ သေးငယ်သည့် ရွှေရောင် အလင်းရောင်တစ်ခုကို ကောင်းကင်ပေါ်တွင် မြင်နေခဲ့ရသည်..။
သူ အမြန်ကြည့်လ်ိုက်ပေမယ့် သူ့ အမြန်နှုန်းက လိုက်မမှီခဲ့ပေ..။
သူ လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ ကံကောင်းမူ နဂါးကြီးဟာ အစိတ်စိတ် အမွှာမွှာဖြစ်ပြီး မြူနှင်းအဖြစ် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်..။ဒီရဲ့ ရိုက်ခတ်မူကြောင့်ဘေးပတ်ဝန်းကျင်က သင်္ဘောတွေဟာ တိမ်းမှောက်သွားခဲ့ကြသည်..။
အားလုံး အံ့ဩသင့်သွားခဲ့ကြသည်..။ကျန်းဂျီယန် နှင့် မစ္စဝေ တို့လည်း အတူတူပင်ဖြစ်၏..။
မစ္စ ဝေဟာ..ရွှေရောင် အလင်းရောင်ကို မြင်ပေမယ့် ဘာလဲ ဆိုတာကိုတော့ သေချာမသိလိုက်ပေ..။ကျန်းဂျီယန်လည်း ထို့အတူပင်ဖြစ်သည်..။
အရမ်းမြန်လွန်းတယ်..
အနောက်ဘက်တွင်တော့ ဗိုလ်ချုပ် အပါဝင် သိန်းနှင့်ချီသည့် စစ်သည်များဟာ သွေးအန်လ်ိုက်ကြသည်..။
သူ မျက်လုံးပြူးပြီး တုန်လှုပ်သွားခဲ့၏..။
"ဘယ်လိုဖြစ်နိုင်မှာလဲ..ဘယ်သူက..."
သူရဲ့ ပထမဆုံးအတွေးက တာအိုဘိူးဘေးပင်..။သို့ပေမယ့် တစ်ခုခုတော့ မှားယွင်းနေ၏..။တာအိုဘိုးဘေးက တိုက်ခိုက်ရင် ငါတို့က ဘာလို့အသက်ရှင်နေသေးတာလဲ..
သူ ဘာကိုမှ မမြင်တော့ပေ..။ကံကောင်းမူ နဂါး ကျဆုံးသွားတာကြောင့် သွေးတွေ ဆူပွက်လာခဲ့ပြီး..အတွင်းဒဏ်ရာကို ဖြစ်စေခဲ့သည်..။
"သတ်.."
ကျန်းဂျီယန် ၏ အော်သံကြီးသည် ပေါ်ထွက်လာခဲ့သည်..။ရွှေရောင်ခန္တာကိုယ် အဆင့်များ ၊ အစစ်အမှန်နတ်ဘုရား အဆင့်များဟာ တိုက်ပွဲထဲကို ဝင်ရောက်လာခဲ့ကြ၏..။စစ်ပွဲက တရားဝင် စတင်ပြီဖြစ်သည်..။
လောင်ချီ ဘုရားကျောင်း..။
"တာအို မာစတာ ကျေးဇူးပြုပြီး တာအိုဘိုးဘေး နဲ့ တွေ့ခွင့်ပေးပါ..။ကျုပ်မှာ တကယ်ပဲ အရေးကြီးကိစ္စ ဆွေးနွေးစရာ ရှိပါတယ်.."
ချင်အာ ပြောလိုက်သည်..။
"ရှင်က သိုင်းလောက ပညာရှင်တစ်ယောက်တောင် မဟုတ်ဘူးလေ..။ဘာလ်ို့ တာအိုဘိုးဘေးကို တွေ့ချင်ရတာလဲ.."
လူကြီး ဟာ ပြောလိုက်သည်..။
"ဒါပေါ့..တစ်ခုခုရှိနေလို့ပေါ့..။ကျုပ်ကို ကြည့်ပါဦး ကျုပ်က လက်တစ်ဖက် မရှိပဲ အားနည်းတယ် လေ..။တာအိုဘိုးဘေးကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး.."
ချင်းအာ :
'ရှင်က ဘယ်လိုလုပ် သူ့ကို နာကျင်အောင်လုပ်နိုင်မှာတုန်း..။ကျွန်မက သူ့ကို အနှောက်ယှက်ဖြစ်သွားမှာကို စိုးရိမ်နေတာ.."
သက်လတ်ပိုင်း လူကြီး :
ကျေးဇူးပြုပြီး ပင်လယ်ဒေသကနေ လာတယ် လို့သာ သတင်းပို့ပေးပါ..။ကျုပ်သူ့ကို မနှောက်ယှက်ပါဘူး..။တစ်ခုခု အရေးကြီးတာ ရှိနေလို့ပါ.."
သူ ရူးသွပ်ကာ နီးနေပြီဖြစ်သည်..။
တကျန်းက ဖန်ထျန်းနဲ့ စစ်ပွဲစတင်နေပြီဖြစ်ပေမယ့် သူကတော့ အခုထိ တာအိုဘိုးဘေးနဲ့ မတွေ့ရသေးသေ..။တကယ်လို့သာ အင်ပါယာ သိရင် သူ့ခေါင်းပြုတ်မည် ဖြစ်သည်..။သူက ဖန်ထျန်း အင်ပါယာက ပို့လိုက်သည့် သူ ဖြစ်၏..။
မထင်မှတိထားစွာပဲ သူ့အနေနဲ့ တာအိုဘိုးဘေးကို တွေ့ဖို့ အဆင့်မမှီခဲ့ပေ..။
ချင်းအာ :
"ကောငိးပြီလေ ခနလေး စောင့်ပေးဦး.."
သူမ မတ်တတိထရပ်လိုက်တာကြောင့် သက်လတ်ပိုင်းလူကြီးဟာ ကျေးဇူးတင်စကား ပြောလိုက်သည်..။
မကြာခင်မှာပဲ ချင်အာ ပြန်ရောက်လာပြီး တာအိုဘိုးဘေးက ခေါ်ခိုင်းလိုက်ကြောင်း ပြော၏..။
သက်လတ်ပိုင်းလူကြီးဟာ ကျေနပ်သွားခဲ့သည်..။သူ စိတ်လှုပ်ရှားစွာ ကျေးဇူးတင်စကား ပြောပြီး လောင်ချီ ဘုရားကျောင်းထဲကို သွားလိုက်၏..။
သူတို့ ခြံဝန်းအပြင်ကို ရောက်တာနဲ့ ချင်းအာဟာ နေရာတစ်ခုကို ညွှန်ပြပြီး ပြန်သွားခဲ့သည်..။
သက်လတ်ပိူင်း လူကြီးဟာ အသက်ကို ပြင်းပြင်းရူပြီး အထဲဝင်သွားခဲ့သည်..။
တစ်ချက်ကြည့်လိုက်တာနဲ့ သစ်ပင်အောက်မှာ ထိုင်နေသည့် ကျန်းချန်ရှန်းကို သူမြင်လိုက်၏..။ပိုင်ချီကိုတော့ သူ ဂရုတောင်မစိုက်ခဲ့ပေ..။
သူ ကျန်းချန်ရှန်း ဆီကို အမြန်လျောက်လာခဲ့ပြီး..
"ကျွန်တော်က အရှေ့ဘက်ပင်လယ်က လူအန်း ပါ.."
ကျန်းချန်ရှန်း :
"ဘာလို့ ကျုပ်ကို လာရှာတာလဲ သိလို့ရမလား..
လူအန်း အသက်ကို ပြင်းပြင်းရူ လိုက်ပြီး..
"ကျွန်တော်က အင်ပါယာ ဖန်ထျန်း ကိုယ်စား လာခဲ့တာပါ..။အင်ပါယာက တာအိုဘိုးဘေးကို မင်းဆရာ အဖြစ် ဖိတ်ခေါ်ဖို့ လိုလားပါတယ်..။လူသန်းပေါင်းများစွာရဲ့ အထက်မှာ မင်းဆရာက ဒုတိယလူတစ်ယောက်ဖြစ်လာမှာပါ..။သူက တာအိုဘိုးဘေးကို ဖန်ထျန်းနဲ့ပူးပေါင်းစေချင်ပါယ်..။တကယ်လိုဘ တကျန်း ကို လက်မလျော့ချင်ဘူးဆိုရင်လည်း ..အင်ပါယာက ဒီနဂါးသွေးကြောတိုက်ကြီးကို သိမ်းပိုက်ပြီးရင် ကျန်း မိသားစုကိုပဲ အုပ်ချုပ်စေဦးမှာပါ.."
သူ အသတ်ခံရမည် စိုးတာကြောင့် အမြန်ဆုံးရှင်းပြလိုက်သည်..။
ကျန်းချန်ရှန်း ပြောလိုက်၏..။
"အင်ပါယာ ဖန်းထျန်းက တကယ်ပဲ ရက်ရောတာပဲ.."
မျှော်လင့်ချက် ရှိလာတာကို ကြည့်ပြီး လူအန်းဟာ ဖန်ထျန်းရဲ့ ခွန်အားနဲ့ ဥာဏ်ပညာကို ဆက်ပြီး ချီးမွှမ်းလိုက်သည်..။
"ကျန်းတိုင်ဇန် သေဆုံးသွားတာ နှစ်တွေ ဘယ်လောက်တောင် ရှိနေပြီလဲ..။တာအိုဘိုးဘေးက တကျန်းအတွက် အကောင်းဆုံး လုပ်ပေးခဲ့ပြီးပါပြီ..။ကျန်းမိသားစု ဒီမှာ ရှိနေနိုင်သေးသ၍ ရလာဒ်က အကောင်းဆုံးဖြစ်လာမှာပဲ.."
"အင်ပါယာက နဂါးသွေးကြောတိုကိကြီးကို တကျန်းတိုက်ကြီးလိူ့ ပြောင်းပေးမယ်လို့လည်း ပြောလိုက်သေးတယ်.."
ကျန်းချန်ရှန်းရဲ့ မျက်လုံးတွေဟာ ရွှေရောင်လက်သွားခဲ့ပြီး သူ့ကိုကြည့်နေတဲ့ လူအန်းဟာ ချက်ချင်းပဲ မိန်းမြောသွားခဲ့သည်..။
သူတို့နှစ်ယောက်လုံးခံစားချက်မဲ့စွာ တိတ်ဆိတ်နေကြ၏..။
ပိုင်ချီကတော့ ဒီမြင်ကွင်းကို မြင်ပြီး ညို့ယူ ခံရမှာကြောင့် မျက်လုံး အမြန်ပိတ်လိုက်သည်..။
အချိန်အတော်ကြာပြီးနောက်..။
ကျန်းချန်ရှန်း မျက်လုံးထဲမှ ရွှေရောင် အလင်းတန်း ပျောက်သွားပြီး လူအန်းကတော့ အိပ်မက်ထဲမှ နိုးလာသလို ခံစားလိုက်ရသည်..။
သူ ပြုံးလိုက်ပြီး..
"စိတ်မပူပါနဲ့ ..ကျွန်တော် အင်ပါယာ ဖန်ထျန်းကို ကစားပြီး တကျန်းအတွက် အချက်အလက်တွေ ဘယ်လိုယူပေးမလဲ ဆိုတာ စောင့်ကြည့်ပေးပါ.."
ယင်းနောက် သူ အရိုသေပေးပြီး ထွက်သွားခဲ့၏..။
ပိုင်ချီ :
"ဒါက ဘာကိုဆိုလိုတာလဲ.."
ကျန်းချန်ရှန်း ပြောလိုက်သည်..။
"ဘာမှ မဟုတ်ဘူး..။မမြင်ခဲ့ဘူးလ်ို့ သဘောထားလိုက်.."
သူ ပြုံးပြီး ပြောလိုက်သည်..။သူ အောင်မြင်သွားခဲ့ပြီဖြစ်၏..။
သူ ပုံရိပ်ယောင် နတ်ဘုရားမျက်လုံးကို အသုံးပြုပြီး လူအန်းရဲ့ မှတ်ဥာဏ်တွေကို ပြောင်းလဲခဲ့ခြင်းဖြစ်၏..။အခုချိန်မှာ လူအန်းအတွက် သူက အရေးကြီးသည့် လူဖြစ်သွားပြီဖြစ်သည်..။
လူအန်းက အားနည်းခြင်းကြောင့် ညို့ယူရာ တွင် ပြသနာ မရှိခဲ့ပေ..။အကယ်၍ စကြဝဠာ အဆင့်ဆိုလျင် သူ အချိန်ပိုယူပြီး အားထုတ်ရမည်ဖြစ်သည်..။
အခုတော့ လူအန်းဟာ ကျန်းချန်ရှန်း၏
စပိုင်တစ်ယောက် ဖြစ်လာပေခဲ့ပြီ..။
ကျန်းချန်ရှန်း ပြုံးလိုက်ပြီး ဆက်လေ့ကျင့်လိုက်၏..။
ရွှေရောင် သစ်ရွက်ဟာ ပြန်မရောက်လာသေးပေမယ့် ဒီအပေါ်က သူ့ရဲ့ စိတ်ဝိဥာဥ်ကိုတော့ ခံစားမိနေသေးသည်..။စစ်ပွဲပြီးသွားတဲ့ အချိန်မှ ရွှေရောင်သစ်ရွက်က ပြန်ရောက်လာမည်ဖြစ်၏..။
ဒါက သစ်ရွက်တစ်ခုသာ ဆိုပေမယ့် မှော်ဆန်သည့် ရတနာ ဖြစ်သည်..။သူ၏ စိတ်ဝိဥာဥ် ပါနေတာကြောင့် ကောင်းကင်နှစ်ခု နယ်ပယ် ပညာရှင်ကို ရင်ဆိုင်ရင်တောင် ပြသနာ မရှိလောက်ပေ..။ဒါပေါ့..ဒီအရာက ပိုမြင့်တဲ့ အဆင့်က ပညာရှင်ကိုလည်း သတ်နိုင်သေးသည်..။
တစ်နာရီ ကြာပြီးနောက်...။
ရွှေရောင် သစ်ရွက်ပြန်ရောက်လာခဲ့သည်..။
"ရွှန်းထျန်း ခေတ် ၃၁ နှစ်တွင် သင်၏ မြေး ကျန်းဂျီယန် ဟာ အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရ၏..။ကံကောင်းချင်တော့ သင်၏ အကူအညီဖြင့် ဖန်ထျန်း အင်ပါယာ၏ ပျံသန်းနေမူကို ချိုးဖျက်နိုင်ခဲ့သည်..။ဆုလာဒ်အနေဖြင့် မှော်ဆန်သည့် ရတနာ ရွှေရောင်သစ်ရွက် ရရှိခဲ့သည် "
ကျန်းချန်ရှန်း၏ ခေါင်းထဲတွင် အချက်ပေးသံမည်လာခဲ့သည်..။ရလာဒ်က အတော်ကို ရက်ရောလှ၏..။
အခုချိန်ထိတော့ ရွှေရောင် သစ်ရွက်တွေကို ရွှေရောင် သစ်ကိုင်းနဲ့ မပေါင်းစည်းနိုင်သေးပေ..။ဒါက အတော်ကို အားကောင်းလာမည်ဖြစ်၏..။သူက ထိုနေ့ကို စောင့်နေခြင်းဖြစ်သည်..။
ပင်ဘယ်ထဲတွင်..။
ကြီးမားသည့် သင်္ဘောကြီးများသည် ကျွန်းတစ်ခု စီ၏ အစွန်းကို ကမ်းကပ်လာကြသည်..။မူလင်လောင်ကတော့ ကမ်းခြေမှာထိုင်ပြီး..ပင်လယ်လေညှင်းကို ခံစားနေခဲ့၏..။
မူရှန်းဂန် သူမ အနားကိုလျောက်လာခဲ့ပြီး..
"အင်မော်တယ် နတ်ဘုရားက အိပ်မက်ထဲကို လာလည်သေးလား.."
မူလင်လောင် မျက်လုံးဖွင့်လိုက်ပြီး..
"လာတယ် အဖိုး..။တကယ်လို့ သမီးတို့ မကျော်ဖြတ်နိုင်တဲ့ အန္တရာယ်နဲ့တွေ့ရင် သူ့ကို အကူညီ လှမ်းတောင်းလိုက်လို့ရတယ်.."
မူရှင်းဂန် ပြုံးလိုက်ပြီး..
"မင်းကို ခက်ခဲစေမိပြီ..။နောက်တစ်နေရာက အတော်လေး အန္တရာယ်များတယ်..။အဲ့မှာ မြူတန့် သားရဲတွေ လှည့်လည်နေတယ်တဲ့..။အဲ့ကို မသွားခင် သူ့ကို ကြိုအကြောင်းကြားထားတာ ကောင်းလိမ့်မယ်..။မဟုတ်ရင် တို့ကို ကယ်တင်ဖို့ အချိန်မမှီပဲ နေမယ်.."
မူလင်လောင် ခနလောက်တွေးပြီး ပြောလိုက်သည်..။
"ဒါဆိုလည်း ခနလောက် နားလိုက်ဦးလေ..။အခုက အားလုံးအနားယူဖို့ အခွင့်ကောင်းပဲ.."
မူရှင်းဂန် သဘောတူစွာ ခေါင်းညိမ့်ပြီး ထွက်သွားဖို့ လုပ်လိုက်သည်..။
"ဘာဖြစ်နေတာလဲ.."
မူလင်လောင် နဲ့ မူရှင်းဂန်တို့ဟာ ..မူမိသားစုရဲ့ တပည့်တွေရဲ့ အော်ဟစ်သံကို ကြားပြီး လှည့်ကြည့်လိုက်ကြသည်..။ပင်လယ်၏ အဆုံးတွင် မြူခိုးတွေ ရှိနေပြီး အကြမ်းအားဖြင့် တောင်းကြီးတစ်ခုကို မြင်နေကြရသည်..။ဒါက ပုံရိပ်ယောင်လိုလို အစစ်အမှန်လိုလို ဖြစ်နေခဲ့၏..။ထပ်ပြောရရင် ဒီအရာကြီးက သူတို့ ရှိနေတဲ့ ကျွန်းဆီကို ချည်းကပ်လာခဲ့ခြင်းဖြစ်သည်..။