← Chapters

တိုင်ဆူ ၊ ရိုးရှင်းသော တောင်းတန်းနှင့်ပင်လယ်

Vol. 13 Ch. 191

တိုင်ဆူ ၊ ရိုးရှင်းသော တောင်းတန်းနှင့်ပင်လယ်

Vol. 13 Ch. 191

မူလင်လောင်နဲ့ မူရှနိးဂန် တို့ဟာ ချက်ချင်း ပျံသန်းသွားပြီး ကြည့်လိုက်သည်..။မူရှန်းဂန်ဟာ မိသားစုရဲ့ အကြီးအကဲ များကို တိုက်ပွဲ အတွက် ပြင်ဆင်ထားရန် အချက်ပေးလိုက်၏..။

အဲ့အချိန်မှာတော့ ကျွန်းစုဟာ ပိုမို ဆူညံလာပြီး မူမိသားစု ဝင်များဟာလည်း လက်နက်များဖြင့် ရောက်လာခဲ့ကြသည်..။

သူတော်စင်စံအိမ်မှ တပည့်များဟာလည်း မူလင်လောင်ရဲ့ ဘေးနားသို့ရောက်လာကြပြီး ပင်လယ်ထဲမှ ထူးဆန်းသည့် တောင်ကုန်းကြီးကို ကြည့်နေကြ၏..။

"ဘာကြီးလဲ.."

"အတော်ကြောက်ဖို့ကောင်းတယ်..။ဒါက ပင်လယ်ထဲက နတိဆိုးတစ်ကောင်လို့တော့ မပြောနဲ့နော်..။လွန်ခဲ့တဲ့ သုံးနှစ်ကတွေ့ခဲ့တဲ့ အကောင်ကြီးကို ငါအခုထိ ကြောက်လန့်နေတုန်းပဲ.."

"ဒီတောင်ကြီးက ပုံမှန်မဟုတ်ဘူး."

မူမိသားစု ဝင်တွေ ဆွေးနွေးနေကြတုန်းမှာတော့ မူလင်လောင်ဟာ သူမရဲ့ ညာဘက်လက်နဲ့ ရွှေရောင်သစ်ရွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့သည်..။

သစ်ရွက်

သူတို့ ပင်လယ်ထံကို ခရီးထွက်လာတာနဲ့ ကျန်းချန်ရှန်း သည် ရွှေရောင်သစ်ရွက် သုံးခုကို ပို့ပေးခဲ့၏..။ဒီထဲတွင် ကျန်းချန်ရှန်း၏ စိတ်ဝိဥာဥ် ပါဝင်နေခဲ့သည်..။ဒါက ပင်လယ်ပေါင်းများစွာကို ဖြတ်ကျော်လာခဲ့ရပေမယ့် စွမ်းအားတွေ ရှိနေတုန်းဖြစ်ပြီး..သူတို့ကို ကာကွယ်ဖို့ လုံလောက်ပေသည်..။

ဘာပဲဖြစ်ဖြစ် သူမက သူ၏ မိန်းမဖြစ်၏..။ကျန်းချန်ရှန်း အနေဖြင့် အိပ်မက်ထဲကနေသာ စောင့်ရှောက်လို့ မဖြစ်ပေ..။

မူလင်လောင် ရွှေရောင်သစ်ရွက်ကို သုံးလိုက်သည်နှင့်..အဝေးမှ ရှိနေတဲ့ ကျန်းချန်ရှန်း လည်း ချက်ချင်းသိမည်ဖြစ်သည်..။

မူလင်လောင်ကတော့ ပင်လယ်ထဲမှာ နှစ်တွေကြာတာတောင် ရွှေရောင်သစ်ရွက်ကို အသုံးမပြုခဲ့ပေ..။

ဒီတစ်ကြိမ်တော့ မူလင်လောင် အတော်လေး မသက်မသာဖြစ်မူကို ခံစားနေရ၏..။သူမ၏ လှပသည့် မျက်လုံးများက ကြီးမားသည့် တောင်ကြီးပေါ်တွင်သာ ရှိနေခဲ့သည်..။

အားလုံးရဲ့ အကြည့်အောက်မှာတင်ပဲ..တောင်ကြီးဟာ မြူတွေကြားထဲကနေ ထွကိလာခဲ့ပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့သည်..။

ဒါက မီတာ ငါးထောင်ကျော်မြင့်သည့် တောင်ကုန်းကြီးတစ်ခု ဖြစ်သည်..။တောင်ကုန်းပေါ်တွင်ရှိသည့် အနီရောင် ကြေးခွံများက အတော်လေး ကြီးမား၏..။တောင်ကုန်း၏ မတူညီသည့် နေရာများတွက် မျက်လုံးများစွာ ရှိနေခဲ့သည်..။သူ့တွင် လက်များနှင့် အပေါက်များလည်း ရှိနေခဲ့သည်..။တကယ်လို့ တစ်စုံတစ်ယောက်က အနီးကပ်ကြည့်လျင် သူတို့က တောင်ကုန်းကြီးက အသွေးအသား တွေနဲ့ တည်ဆောက်ထားသည်ကို မြင်ရပေလိမ့်မည်..။

မူမိသားစုဝင်များဟာ ပါးစပ်ကို ကြောက်လန့်စွာ အုပ်ထားလိုက်ကြသည်..။လူတိုင်း၏ စိတ်ထဲတွင်တော့ ကြောက်ရွံ့မူများ ကြီးစိုးနေခဲ့၏..။

"ဘယ်လို နတ်ဆိုး သတ္တဝါမျိုးလဲ.."

လူတစ်ယောက်၏ အသံသည် တိတ်ဆိတ်မူကို ဖြိုခွင်းသွားခဲ့သည်..။

မူမိသားစုဟာ မထိပ်လန့်ကြပေ..။အဲဒီအစား သူတို့က မူ မိသားစု၏ ခေါင်းဆောင် မူရှန်းဂန်ကိုသာ ကြည့်လိုက်ကြ၏။

မူရှန်းဂန် ရဲ့ အမူအရာဟာ ဆိုးဝါးနေပေမယ့် အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းချုပ်ထား၏..။သူ သားရဲကြီးရှိသည့် နေရာကို ကြည့်နေခဲ့သည်..။

"အားလုံးပဲ..တိုက်ပွဲ အတွက်ပြင်ဆင်ထားကြ..။မကြောက်ကြနဲ့..။ငါ့အမိန့်မရမချင်း ဘယ်သူမှ မတိုက်ခိုက်ရဘူး.."

မူရှန်းဂန် သူ၏ ချီကို သုံးပြီး အားလုံးကြားအောင် ပြောလိုက်သည်..။

အားလုံးဟာ အသက်ရူ ကို ရပ်တန့်ထားကြပြီး လက်နက်များဖြင့် စောင့်နေကြ၏..။

မိနစ်နှင့် စက္ကန့်များကုန်သွားခဲ့သည်..။

ကြီးမားသည့် ခန္တာကိုယ်ကြီးဟာ သူတို့ ကျွန်း ကနေ မိုင်အနည်းငယ် အကွာမှာ ရောက်နေပြီ ဖြစ်ပြီး အတော်လေးကို အန္တရာယ် များလှသည်..။

အခုမှသာ ဒီအရာကြီး ဘယ်လောက်ကြီးလဲ အားလုံးသေချာမြင်လိုက်ကြရသည်..။သူက ပေ ၅၀၀၀ လောက်မြင့်ပြီး အရှည်က ပေ ၁၀၀၀၀ လောက်ရှိသည်..။သူ၏ အမြီးတစ်ခုတည်းတင် ပေ ၁ ထောင် လောက် ရှည်သည်..။သူ၏ အောက်ပိုင်းက ကြီးမားသည့် အသားတုံးကြီး တစ်တုံးကဲ့သို့ ဖြစ်နေခဲ့၏..။

ဒီလို မြင်ကွင်းက မူရှန်းဂန်ကိုတောင် ထိပ်လန့်စေ၏..။ဒီလိုမြင်ကွင်းကို ကောင်းကင် အဆင့် လူတစ်ယောက်တောင် တောင့်မခံနိုင်ပေ..။

အဲ့အချိန်မှာပဲ..။

တောင်ကုန်းကြီးရဲ့ အမြင့်ဆုံးနေရာက အသွေးအသားတွေထဲမှာ ပုံရိပ်တစ်ခု ပေါ်ခဲ့သည်..။သူ၏ ခန္တာကိုယ် တစ်ခုလုံးက အဖြူရောင် သလင်းကျောက်လိုဖြစ်နေပြီး အပေါ်ပိူင်းက လူတစ်ယောက် ခန္တာကိုယ်နှင့် တူနေခဲ့၏..။သူက မျက်နှာမရှိ ဆံပင်မရှိပဲ နေရောင်ခြည်ကို အရသာ ခံနေခဲ့သည်..။

ဒီအရာက ၁၅ ပေလောက်သာ မြင့်ပေမယ့်လူတွေရဲ့ အာရုံစိုက်မူကို ရနေခဲ့သည်..။

မူလင်လောင် အဖြူရောင်ပုံရိပ်ကို ကြည့်နေရင်းသစ်ရွက်ကို တင်းတင်းဆုပ်ကိုင်ထား၏..။

သူမ ရုတ်တရက် မသက်မသာ ခံစားလိုက်ရသည်..။

ဒီသစ်ရွက်က ဒီအကောင်ကြီးကို အနိူင်ယူနိုင်ပါ့မလား..။

အဖြူရောင် ပုံရိပ်ဟာ..တဖြည်းဖြည်း လှည့်ပတ်ကြည့်ရင်း ကျွန်းဘက်ကို အကြာ့်ရောက်လာခဲ့သည်..။ယင်းနောက် သူဟာ စိတ်လှုပ်ရှားသွားခဲ့ပြီး လက်သည်းတွေကို ထုတ်ဖော်လာခဲ့သည်..။

အသား တောင်ကြီးဟာ ရုတ်တရက် ရပ်တန့်သွားခဲ့၏..။

လူတိုင်း ရင်ထဲမှာ ထိတ်ခနဲဖြစ်သွားကြသည်..။

အသားတောင်ကြီးဟာ ကျွန်းစုနားကို တဖြည်းဖြည်းချင်း ကပ်လာခဲ့၏..။အဖြူရောင်ပုံရိပ်ကတော့ တောင်ကုန်းပေါ်တွင် လက်သည်းများကို ထုတ်ပြီး စိတ်လှုပ်ရှားနေခဲ့သည်..။

တစ်ဖက်က သူတို့ကို အာရုံစိုက်သွားပြီဆိုတာကို သိတာကြောင့် မူရှန်းဂန် အမူအရာ ပြောင်းလဲသွား၏..။

.

သူ အမိန့်ပေးတော့မယ် ဆဲဆဲမှာပဲ မူလင်လောင်ဟာ လှုပ်ရှားလိုက်သည်..။သူမက ညာဘက်လက်ကို ဝေ့ယမ်းပြီး သစ်ရွက်ကို လှမ်းပစ်လိုက်၏..။

ရွှစ်

ရွှေရောင်သစ်ရွက် ဟာ အဖြူရောင် ပုံရိပ်၏ ခေါင်းကို လျှင်မြန်သည့် အရှိန်နှင့် ဖြတ်တောက်သွားခဲ့သည်..။ရွှေရောင် သစ်ရွက်ဟာ တစ်ဖန် ပြန်သန်းလာပြီး အဖြူရောင် ပုံရိပ်ကို အပေါက်ပေါက်တွေဖြစ်သွားစေခဲ့၏..။

လူတိုင်းဟာ မူလင်လောင်ကို ကြည့်လိုက်သည်..။သူမ ဒီလောက်အထိ အင်အားကြီးမယ်လို့ သူတို့ မထင်ထားခဲ့ကြပေ..။

အဝေးတစ်နေရာတွင်..။

ကျောင်းဝန်းထဲတွင် လေ့ကျင့်နေသည့် ကျန်းချန်ရှန်း မျက်လုံးက်ို ဖွင့်လိုက်သည်..။သူ ချက်ချင်းပဲ အသားတောင်ကြီး၏ တည်ရှိမူကို ခံစားမိလိုက်၏..။

"ဘာကြီးလဲ.."

ကျန်းချန်ရှန်းပါ အံ့ဩသွားခဲ့သည်..။ဒါက အတော်လေးကို ​ရွံစရာ ကောင်း၏..။

သူ ဒီကနေပြီး ရွှေရောင်သစ်ရွက်ကို အသက်သွင်းလိုက်သည်..။ရွှေရောင်သစ်ရွက်ဟာ ရွှေရောင်အလင်းတန်းတွေ ထွက်လာပြီး အဖြူရောင် ပုံရိပ်ထက် ကျော်လွန်တဲ့ အင်အားတွေ ထွက်ပေါ်လာခဲ့သည်..။

လန်း..

ရွှေရောင်သစ်ရွက်ဟာ သူ့ရဲ့ ခန္တာကိုယ်တစ်ခုလုံးကို ထိုးဖောက်သွားခဲ့ပြီး အသားတောင်ကြီးကို လဲကျသွားစေခဲ့သည်..။

အဖြူရောင် ပုံရိပ်ဟာ ကြောက်လန့်သွားခဲ့ပြီး ပင်လယ်ထဲခုန်ဆင်းကာ ထွက်​ပြေးသွားခဲ့သည်..။အသားတောင်ကြီး လဲကျသွားတဲ့ အချိန်တွင်တော့ ရေထဲတွင်း လှိုင်းတွေ ဆက်တိုက် ပေါ်လာခဲ့၏..။

ကျန်းချန်ရှန်း၏ စိတ်ဝိဥာဥ်သည် အဖြူရောင်ပုံရိပ်နောက်ကို ဆက်တိုက်လိုက်နေခဲ့သည်..။ခနအကြာမှာပဲ သူ ဖမ်းမိသွားခဲ့၏..။

အဖြူရောင်ပုံရိပ်ဟာ ရေထဲမှာ ပြေးလွှားနေရင်း တစ်ခုခုကို အာရုံခံမိတာကြောင်ိ့ နောက်ပြန်လှည့်လိုက်သည်..။ရလာဒ်အနေနဲ့ ရွှေရောင် သစ်ရွက်၏ တိုက်ခိုက်ချင်းကို ခံလိုက်ရပြီး ဝါးမြိုခံလိုက်ရ၏..။ယင်းနောက် သစ်ရွက်ဟာ ပင်လယ်ထဲကနေ ထိုးထွက်လာပြီး အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်..။

မူလင်လောင် ရွှေရောင် အလင်းတန်းကိူ မြင်ပြီး စိတ်သက်သာရာ ရသွားခဲ့သည်..။

မူရှန်းဂန် သူမကို ကြည့်လိုက်ပြီး..

"အင်မော်တယ် နတ်ဘုရားလား.."

ဒီ ရွှေရောင် အလင်းတန်းက အရမ်းမြန်လွန်းပြီး ရွှေရောင်ခန္တာကိုယ် အဆင့် လုပ်နိုင်သည့် အရာတစ်ခု မဟုတ်ပေ..။

မူလင်လောင် ခေါင်းညိမ့်လိုက်ပြီး..

"တကယ်လို့ သူသာ မလှုပ်ရှားရင် မူမိသားစုတော့ ကပ်ဆိုးနဲ့ကြုံရတော့မယ်.."

မူရှန်းဂန်း..

"ဘယ်နှစ်ကြိမ် ထပ်သုံးလို့ရသေးလဲ.."

မူလင်လောင် :

"တစ်ကြိမ်တည်းပဲ..။အဲတာကြောင့် ထုတ်မပြောခဲ့တာ.."

လူအများစုဟာ သူတို့ရှေ့က မြင်ကွင်းကိုကြည့်ပြီး မသက်မသာ ခံစားနေကြရသည်..။ပထမဆုံး အကြိမ်အနေနဲ့ မူလင်လောင်ဟာ ပင်လယ်ပြင်ကို ကြောက်ရွံ့နေမိသည်..။

ပင်လယ်ထဲမှာ ကြောက်စရာ တည်ရှိမူတွေ ဘယ်လောက်တောင် ရှိနေသေးတာလဲ..

တကျန်က ဘယ်လောက်တောင် ဝေးသေးတာလဲ..

ခြံဝန်းထဲတွင်တော့ ကျန်းချန်ရှန်း မတ်တတ်ထပြီး လမ်းလျောက်လိုက်သည်..။

.

ပိုင်ချီဟာ ဟောင်ထျန်နဲ့ ဟီထျန် တို့ တိုက်ခိုက်တာကို ကြည့်နေခဲ့၏..။သူမက သူ အပြင်ထွက်သွားတာကို မြင်ပေမယ့် ဘာမှ မမေးခဲ့ပေ..။

ကျန်းချန်ရှန်းဟာ သစ်သားတောထဲကို လာပြီး စောင့်နေခဲ့သည်..။

လက်ရှိအချိန်တွင်တော့ ဒီသစ်သားတော့ကို သူ့၏ တာအိုကမ္ဘာထဲမှာလညိး စိုက်ထားပြီးခဲ့ပြီဖြစ်သည်..။မကြာခင်မှာ တာအိုကမ္ဘာထဲက ဝါးသစ်တောသည် ဒီထက်ပင်ပိုမိုများပြားလာတော့မည်ဖြစ်သည်..။

"ရွှန်းထျန်း အင်ပါယာ ခေတ် ၃၁ နှစ်မြောက်တွင် မူလင်လောင် နှင့် မူမိသားစုတို့ဟာ ရှေးဟောင်းသားရဲ တိုင်ဆူ ၏ တိုက်ခိုက်မူကို ခံကြရသည်..။ကံကောင်းချင်တော့ သင်ဟာ အလျင်အမြန် ကယ်တင်နိုင်ခဲ့၏..။ဆုလာဒ် - မှော်ရတနာ ရိုးရှင်းသည့် တောင်ကုန်းနှင့်ပင်လယ် "

ကျန်းချန်ရှန်း ရဲ့ ခေါင်းထဲတွင် အချက်ပေးသံမည်လာခဲ့သည်..။

ရိုးရှင်းတဲ့ တောင်တန်းနဲ့ ပင်လယ်လား

ဘယ်လို မှော်ရတနာမျိုးလဲ..

ကျန်းချန်ရှန်း အံ့ဩသင့်သွား၏..။ရွေရောင် သစ်ရွက် လမ်းမှာရီနေတုန်းတွင် သူ ရိုးရှင်းသည့် တောင်ကုန်းနှင့် ပင်လယ်ကို လေ့လာလိုက်၏..။

ရိုးရှင်းသည့် တောင်တန်းနှင့်ပင်လယ် သည် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်းများပါရှိသည်..။ဒီအရာက ကြမ်းတမ်းတဲ့ သားရဲများ၏ စိတ်ဝိဥာဥ်ကို စုပ်ယူနိုင်ပြီး သန်မာအောင် လေ့ ကျင်နိုင်သည်..။သူက သာရဲများကို ထိန်းချုပ်နိုင်အောင်လည်း ကူညီပေးနိုင်၏..။

ရှင်သန်ခြင်း စစ်စတန် ရဲ့ အခြေခံကို သူကိုယ်တိုင် အရင်ဘဝကဖန်တီးခဲ့တာဖြစ်ပေမယ့် သူမဖန်တီးခဲ့တဲ့ ရှင်သန်မူ ဆုလာဒ်တွေလည်း ရှိနေသေးသည်..။ဒါက ဒီ ရှင်သန်ခြင်းဂိမ်း၏ အကြောင်းကို သူ ပိုသိချင်စိတ်ဖြစ်မိ၏..။

တစ်ခါက သူ တွက်ချက်သည့် စနစ်ကို အသုံးပြုပြီး ဒီစစ်စတန်၏ မူရင်း အခြေအနေကို မေးမြန်းခဲ့ရာ သူ ရှာဖွေနိုင်သည်ထပ် ကျော်လွန်နေသည်ဟုသာ ဖြေဆိုခဲ့၏..။ဒီတော့ သူ လက်လျော့လိုက်သည်..။

ဒီတော့ သူ့ဘဝကို မြင့်တင်ဖို့ ဒီစစ်စတန်ကို မှီခိုယုံသာ ရှိတော့၏..။သူသာ ပိုပြီးသန်လာရင် မေးခွန်းတွေ မေးနေစရာ မလိုတော့ပေ..။

သူသာ လုံလောက်အောင် သန်မာလာရင် ဒီစနစ်၏ မူရင်းကိုလည်း မြင်လာနိုင်လိမ့်မည်..။

အမှန်တော့ ဒီစနစ်ဟာ မဆိုးလှပေ..။သူက ကျန်းချန်ရှန်းကို ဘာကန့်သတ်မူ မှ မပေးထားခဲ့ချေ..။သူက ကျင့်ကြံမူ လမ်းစဥ်နှင့် ရတနာ များကိုသာ ပေးခဲ့၏..။

သူ ရိုးရှင်းသော တောင်တန်းနှင့် ပင်လယ်ကို ထုတ်ယူလိုက်သည်..။ဒီအရာက စာအုပ်ပုံစံ ကျောက်တုံးတစ်တုံး ဖြစ်၏..။ပုံစံကအတော်လေးကို သာမန်ဆန်လှသည်..။သူ စတင်ပြီး အတားအဆီးများကို သန့်စင်လိုက်သည်..။

ရိုးရှင်းသော တောင်တန်းနှင့် ပင်လယ်၏ အတားအဆီးများဟာ အတော်အားနည်းတာကြောင့် သူ့အတွက် ဒီဟာကို သန့်စင်ဖို့ဆိုတာ မခက်ခဲခဲ့ပေ..။

တစ်နာရီကြာပြီးနောက်..။

ကျန်းချန်ရှန်းဟာ ရိုးရှင်းသော တောင်တန်းနဲ့ ပင်ဘယ်ဟာ သူ့ကို သခင်အဖြစ် အသိအမှတ်ပြုခဲ့၏..။သူဆက်ပြီးစောင့်နေခဲ့သည်..။

အချိန်အတော်ကြာပြီးနောက်..။

ရွှေရောင်အလင်းတန်းလေးဟာ သစ်တောကို ဖြတ်လာပြီး သူ့ရှေ့မှာ ရပ်တန့်သွားခဲ့သည်..။သူ တိုင်ဆူကို ချုပ်နှောင်ထားသည့် ရွှေရောင် သစ်ရွက်ကို ယူလိုက်ပြီး..တာအို ကမ္ဘာကြီးထဲကို ထည့်လိုက်သည်..။

တာအိုကမ္ဘာထဲတွင်..။

အဖြူရောင် ကျောက်သလင်း ပုံရိပ်တစ်ခုဟာ ကောင်းကင်ကနေ ကျလာပြီး တောင်ကုန်းပေါ်ကို ပြုတ်ကျသွား၏..။

တိမ်တွေကြားတွင် ပျံသန်းနေသည့် လျ်ိုယုဟာ တစ်ခုခုကို ခံစားမိသွားခဲ့သည်..။

တိုင်ဆူဟာ မြေကြီးပေါ်ကို ကျပြီးတာနဲ့ ချက်ချင်းထရပ်လိုက်ပြီး ကြောက်ရွံ့မူကြောင့် တုန်ရီနေခဲ့သည်..။

အဲ့အချိန်မှာတော့ ကြီးမားသည့် ဖိအားတစ်ခုက သူ့ကို လှုပ်မရအောင် တားဆီးထား၏..။ယင်းနောက် အပြားလေးတစ်ခုဟာ သူ့ရှေ့မှာပေါ်လာခဲ့ပြီး အမြင်နိုင်တဲ့ အားတစ်ခုနဲ့ သူ့ကို စုပ်ယူနေခဲ့သည်..။မကြာခင်မှာပဲ သူ့ရဲ့ စိတ်ဝိဥာဥ်ဟာ ခန္တာကိုယ်ထဲကနေ ခွဲထွက်လာပြီး..ရိုးရှင်းသော တောင်တန်းနှင့်ပင်လယ်ထဲကို ဝင်ရောက်သွားသည်..။သူ၏ စိတ်ဝိဥာဥ်တစ်ဝက်ဟာတော့ တိုင်ဆူ၏ ခန္တာကိုယ်ထဲပြန်ရောက်သွားခဲ့၏..။

"မင်းအခုကစပြီး ဒီမှာနေရမယ်..သက်ရှိတွေကို အန္တရာယ်မပေးရဘူး..။မဟုတ်ရင် မင်းသေရမယ်..။အခု ဒီက ကောင်းကင်နဲ့မြေကြီးက စိတ်ဝိဥာဥ်စွမ်းအင်တွေကို သုံးပြီး ကိုယ့်ကိုကို သန်မာလာအောင် လုပ်ပေတော့.."

ကျန်းချန်ရှန်းရဲ့ အသံဟာ ပဲ့တင်ထပ်လာခဲ့သည်..။တိုင်ဆူ အလျင်အမြန်ခေါင်းညိမ့်လိုက်ပြီး မငြင်းဆန်ရဲပေ..။

တာအိုကမ္ဘာအပြင်ဘက်တွင်..။

.

ရိုးရှင်းသော တောင်တန်းနှင့်ပင်လယ်ဟာ ကျန်းချန်ရှန်း၏ လက်ထဲတွင်ပေါ်လာခဲ့သည်..။သူ ရိုးရှင်းသော တောင်တန်းနှင်ပင်လယ်ကို အလယ်ကနေ ခွဲကြည့်လိုက်သည့်အခါ တိုင်ဆူဟာ တစ်ဖက်ခြမ်းမှာ ထူးဆန်စွာ ရှိနေတာကို တွေ့လိုက်ရသည်..။

သူသည် ရိုးရှင်းသော တောင်တန်းနှင့်ပင်လယ်အတွင်းက ကန့်သတ်မူ အသစ်ကိုရှင်းရှင်းလင်းလင်း ခံစားနေခဲ့ရသည်..။

မဆိုးဘူး မဆ်ိုဘူး...

သူ ချက်ချင်းပဲ ရိုးရှင်းသော တောင်တန်းနှင့်ပင်လယ်ကို တာအိုကမ္ဘာထဲကို ပစ်ထည့်လိုက်သည်..။ဒီအထဲတွင် လောင်ယု၏ စိတ်ဝိဥာဥ် တစ်ဝက်ကို ပိတ်လှောင်ထားလိုက်ပြီဖြစ်သည်..။သူ၏ စိတ်ဝိဥာဥ်တစ်ဝက် ယူတောင်ခံရပေမယ့် သူ၏ ဥာဏ်ရည်နှင့် ခွန်အားကို ထိခိုက်မည်မဟုတ်ပေ..။အခုကစပြီး သူတို့ရဲ့ အသက်ကို ရိုးရှင်းသော တောင်တန်းနှင်ပင်လယ်က ထိန်းချုပ်ထားမည် ဖြစ်သည်..။

All Chapters