လောင်တူ ၊ နတ်ဆိုးများကို သတ်ဖြတ်ခြင်း
Vol. 13 Ch. 192
လောင်ယုရဲ့ စိတ်ဝိဥာဥ်ကို စုပ်ယူပြီးနောက်တွင်..ရိုးရှင်းသော တောင်းတန်းနှင်ပင်လယ်၏ နောက်တစ်မျက်နှာတွင် ပေါ်လာခဲ့၏..။ဒီနေရာမှာ လောင်ယု၏ ပုံရိပ်က အရောင်တွေ မရှိပဲ ပေါ်နေခဲ့ပြီး..ရှေးဟောင်းပုံစံ ဖြစ်နေခဲ့သည်..။
ကျန်းချန်ရှန်း ရိုးရှင်းသော တောင်တန်းနဲ့ ပင်လယ် ထဲကို သူ၏ စိတ်ဝိဥာဥ် စွမ်းအင် ထည့်သွင်းလိုက်၏..။မထင်မှတ်ထားစွာပဲ သူ တန်ဆူ နှင့် လောင်ယုကို ခံစားမိလိုက်သည်..။ဒီထူးဆန်းသည့် သားရဲများနှင့် သူဟာ စိတ်ဝိဥာဥ် အဆက်အသွယ် ရှိကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်..။သူက ဒီသားရဲများကို တိုကိခိုက်ရန် ညွှန်ကြားနိုင်၏..။
ယင်းနောက် သူ စိတ်ဝိဥာဥ် ဆက်သွယ်မူကို ပြန်လည်ဖြတ်တောက်လိုက်သည်..။
ရိုးရှင်းသော တောင်တန်းနှင့်ပင်လယ် သည် ကြီးမားသည့် အလားအလာ တစ်ခု ရှိသည်..။အကယ်၍ သူသာ သားရဲတွေ အများကြီး ထည့်သွင်းနိုင်ရင် ဒီအရာက ဘယ်လောက်တောငိ အင်အားကြီးလာမလဲ စဥ်းစားကြည့်၍တောင် မရပေ..။
သူ မတ်တတ်ထရပ်လိုက်ပြီး ဝါးသစ်တောကိုပါ ရိုးရှင်းသော တောင်းတန်းနှင့်ပင်လယ်ထဲကို ပေါင်းထည့်ဖို့ ကြိုးစားလိုက်သည်..။သူ အနည်းလောက်စုပ်ယူပြီး ထည့်လိုက်လျင်ပင် ဒါက လုံလောက်၏..။
မကြာခင်မှာပဲ သူ အောင်မြင်သွားခဲ့သည်..။
သူ မူလ သစ်ပင်မးနှင့် ကျောက်တုံးများကို ပြောင်းရွေ့ဖို့ကြိုးစားလိုက်သော်လည်း ကျရှုံးသွားခဲ့သည်..။
တာအို ကမ္ဘာထဲကဘတိမ်ကောင်းကင် နတ်ဘုရားသစ်ပင်ကည်း ရိုးရှင်းသော ကောင်းကင်နှင့် ပင်လယ်ထဲသို့ ထည့်သွင်းထားလိုက်၏..။ဒါက စာရွက်လေးမျက်နှာလောက်တောင် ကုန်ခမ်းသွားစေခဲ့သည်..။
အတော်ကြာအောင် လေ့လာပြီးနောက်တွင် ဒါက ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိဥာဥ်ပါရှိတဲ့ အရာတွေကိုသာ စုပ်ယူနိုင်ကြောင်း သူ နားလည်လိုက်သည်..။
သူ ရိုးရှင်းသော တောင်တန်းနှင့်ပင်လယ်ကို ပိတ်လိုက်ပြီး ကျောငိးဝန်းထဲသို့ ပြန်သွားခဲ့၏..။
ပိုင်ချီ သူ့လက်ထဲက ကျောက်တုံးအူပ်ကို သိချင်စွာကြည့်နေခဲ့သည်..။
"မာစတာ အဲတာက ဘာလဲ.."
ကျန်းချန်ရှန်း ပြောလိုက်သည်..။
"ငါ သန့်စင်ထားတဲ့ ရတနာပဲ..။ဒါပေမဲ့ အခုတော့ သိပ်အသုံးမဝင်သေးဘူး.."
ပိုင်ချီဟာ သူပြောတာကို မယုံကြည်ခဲ့ပေ။ဒါက အတော်လေးကို ထူးဆန်းသည်ဟု ခံစားမိ၏..။
ကျန်းချန်ရှန်း ရုတ်တရက် ပိုင်ချီ ၊ ဟောင်ထျန် နဲ့ ဟီထျန်တို့ကို ကြည့်လိုက်သည်..။
ရိုးရှင်းသော တောင်းတန်းနှင်ပင်လယ် ထဲထည့်ဖို့ဆိုရင် သူတို့ အနည်းငယ် ခံစားကြရမည် ဖြစ်သည်..။
လောင်းကျွမ်းကာ စုပ်ယူမူ ပြီးသွားသည့်နောက်တွင်..။
ပိုင်ချီ ဟောင်ထျန်နဲ့ ဟီထျန် တို့သည်သူ့ကို ကြောက်လန့်စွာ ကြည့်နေခဲ့ကြသည်..။
ကျန်းချန်ရှန်း သူ့လက်ထဲက ရိုးရှင်းသော တောင်တန်းနဲ့ ပင်လယ်ကို ကြည့်လိုက်၏..။ဒီမှာ ဟောင်ထျန် နဲ့ ဟီထျန် တို့၏ ပုံသာရှိပြီး ပိုင်ချီကတော့ ရှိအနေခဲ့ပေ..။
ကြည့်ရတာတော့ ဒီအရာက အကုန်လုံးကို စုပ်ယူလို့ မရလောက်ပေ..။
ဟောင်ထျန် နဲ့ ဟီထျန်တို့ဟာ တိုင်ဆူ နဲ့ လျိုယုတို့နဲ့ယှဥ် ရင် ပိုပြီး အရည်အသွေး ရှိကြသည်..။ဒါက သူတို့၏ သွေးမျိုးဆက်ကြောင့် ဖြစ်နိုင်၏..။
သူ ရိုးရှင်းသော တောင်းတန်းနှင့်ပင်လယ်ကို သိမ်းကာ ပြောလိုက်သည်..။
"ငါ မင်းတို့ရဲ့ စိတ်ဝိဥာဥ်ကို စာအုပ်ထဲမှာ သိမ်းထားလိုက်ပြီး..။အနာဂတ်မှာ မင်းတို့ အပြင်မှာ သေသွားရင်တောင် ငါပြန်ပြီး အသက်သွင်းပေးနိုင်လိမ့်မယ်.."
သူ ဒါကို ပြောလိုက်သည့်အချိန်တွင် ဟောင်ထျန်နှင့် ဟီထျန် တို့ဟာ ကျေနပ်ပျော်ရွှင်ပြီး ထခုန်လိုက်ကြသည်..။
ပိုင်ချီ : " မာစတာ..ကျွန်မကရော စာအုပ်ထဲ ဝင်လို့မရဘူးလား.."
ကျန်းချန်ရှန်း : မင်းက သာမန်အဆင့်ပဲ ရှိနေလို့ ဖြစ်မယ်..။
ပိုင်ချီပိုပြီး ဆိုးသွားခဲ့သည်...။သူမက မျက်နှာကို လက်တွေနဲ့ အုပ်ပြီး ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့၏..။
ကျန်းချန်ရှန်း လိမ်ပြောနေတာမဟုတ်ပေ..။သူတို့ရဲ့ စိတ်ဝိဥာဥ်ကို သိမ်းထားခြင်းအားဖြင့် အသက်ပြန်မသွင်းနိုင်တာက မဖြစ်နိုင်ပေ..။သူ တစ်စုံတစ်ယောက်၏ စိတ်ဝိဥာဥ်ကနေ အသက်ပြန်သွင်းသည့် စွမ်းရည်ကို တတ်ကျွမ်းနိုင်လိမ့်မည်ဟူ ယုံကြည်ထား၏..။
အင်မော်တယ် တာအို ဆိုတာကဘာလဲ..။
ကျန်းချန်ရှန်း စာအုပ်ကို စိတ်ဝိဥာဥ်လက်စွပ်ထဲ ထည့်လိုက်ပြီး ကမ္ဘာ့စိတ်ဝိဥာဥ် သစ်ပင်အောက်တွင် တရားထိုင်လိုက်သည်..။
အဲ့နေညတွင်တော့ ကျန်းချန်ရှန်းဟာ မူလင်လောင်ရဲ့ အိပ်မက်ထဲကို ဝင်ပြီး မူမိသားစု ဟာ အန္တရာယ်များသည့် နေရာကို ဝင်ရောက်တော့မည်ဆိုသည့် အကြောင်းကို သိခဲ့ရသည်..။မူလင်လောင် ဟာ သူ၏ ကာကွယ်မူကို မျှော်လင့်နေပြီး သူကလည်း သဘောတူညီခဲ့သည်..။
မူ မိသားစုကို ကူညီသည်က တကျန်းကို ကူညီသည်နှင့် အတူတူပင်ဖြစ်သည်..။ထပ်ပြောရရင် သူက တစ်လမ်းလုံး ရှင်သန်မူ ဆုလာဒ်များကို ရနိုင်ပေလိမ့်မည်..။ဒီတော့ ဘာလို့မကူညီရမှာလဲ...။
ကျန်းချန်ရှန်းဟာ မူမိသားစု ရှေးဟောင်းသားရဲတွေနဲ့ တွေ့မယ့် အချိန်ကိုသာ စောင့်နေခဲ့၏..။
နောက်တစ်ရက်တွင် မူမိသားစုဟာ စတင်ထွက်ခွာခဲ့သည်..။
သူတို့ကို အင်မော်တယ် နတ်ဘုရားတစ်ပါးက စောင့်ရှောက်နေတာကို သိတာကြောင့် မူရှန်းဂန် အပေါ်မှာ ရှိနေသည့် ဖိအားသည့် အတော်လေး ကျဆင်းသွားခဲ့သည်..။
တစ်ဖက်တွင်တော့..။
ရီယွမ်နဲ့ ဓားနတ်ဘုရားတို့ဟာ တကျန်း၏ စစ်တပ်ဆီသို့ တစ်ယောက်ချင်းဆီ ရောက်ရှိလာကြ၏..။
ကျန်းဂျီယန် နဲ့ ဆောင်လီ တို့ဟာ သူတို့ရဲ့ ရောက်ရှိလာမူကြောင့် အတော်လေး ပျော်ရွှင်သွားကြသည်..။
ဒီသတင်းက တချီ ဘက်ကိုပါ ပျံ့နှံ့သွားခဲ့၏..။ဓားနတ်ဘုရား၏ နာမည်ဟာ နဂါးသွေးကြောတိုက်ကြီးတစ်လျောက် ကျော်ကြားပြီး တချီ အထိပါ ပေါက်ရောက်သည်..။
စစ်တပ်တစ်ခုဟာ တစ်ဖြည်းဖြည်းချင်းစီ ထိုးစစ်ဆင်သွားရင်း ဖန်ထျန်း အင်ပါယာ လက်အောက်က တိုက်အသေးလေး ဆီသို့ ဦးတည်နေကြသည်..။
တစ်လကြာပြီးနောက်..။
"ရွှန်းထျန်း ခေတ် ၃၁ နှစ်မြောက်တွင်..။မူလင်လောင် နှင့် မူမိသားစုကို ရှေးဟောင်းသားရဲ တစ်ကောင် , လောင်တူ က တိုက်ခိုက်ခဲ့သည်..။ကံကောင်းချင်တော့ သင်၏ လုပ်ဆောင်မူကြောင့် ရှင်သန်နိုင်ခဲ့ကြ၏..။ရှင်သန်မူ ဆုလာဒ် - ရွှေရောင် ကျောက်သလင်း သစ်ရွက် x 3 "
တောင်တူက ကြီးမားသည့် ငါးကြီးတစိကောင်ဖြစ်သည်..။သူက လျိုယုထက်တောင်ကြီးမား၏..။ကျယ်ပြန့်သည့် မြူများကြားထဲတွင် သူက ပင်လယ်နတ်ဘုရားနှင့်တောင် တူနေခဲ့သည်..။
ကံကောင်းချင်တော့ မူလင်လောင်ဟာ ရွှေရောင်သစ်ရွက်နှင့် ဖြေရှင်းနိုင်ခဲ့သည်..။ရွှေရောင်သစ်ရွက်သာ် လျိူတူ ရဲ့ ကြီးမားသည့် ခန္တာကိုယ်ကြီးကို စုပ်ယူပြီး တကျန်းကို ပြန်ပို့လာခဲ့၏..။
မှော်ရတနာတွေ သူ့လက်ထဲမှာ များပြားလာတာနဲ့ အမျှ ကျန်းချန်ရှန်း၏ သန့်စင်သည့် နည်းစနစ်သည်လည်း တိုးတက်လာခဲ့ပြီဖြစ်သည်..။
သို့ပေမယ့် သူက ရွှေရောင်သစ်ရွက်လို ရတနာမျိုးကိုတာ့ အမြဲတမ်း မသန့်စင်နိုင်သေးပေ..။
အတော်ကြာပြီးနောက် ရွှေရောင်သစ်ရွက်ဟာ ကျောငိးဝန်းထဲသို့ ရောက်လာခဲ့၏..။ကျန်းချန်ရှန်းဟာ သူ့ရဲ့ တာအိုကမ္ဘာထဲကို တစ်ခါတည်းထည့်ပြီး လျိုတူ ကို ထုတ်လိုက်သည်..။ယင်းနောက် ရိူးရှင်းသော တောင်တန်းနှင့်ပင်လယ်ဖြင့် စိတ်ဝိဥာဥ်ကို စုပ်ယူခဲ့၏..။
ပြောစရာ မလိုအောင်ပင် စာအုပ်ထဲမှာ နောက်ထပ် စာမျက်နှာတစ်ခု တိုးလာခဲ့သည်..။
လျိူတူကို စုပ်ယူပြီးသည့်နောက်နောက် ကျန်းချန်ရှန်းသည် နောက်ထပ်ရွှေရောင်သစ်ရွက် သုံးရွက်ကို မူလင်လောင် ရှိသည့်နေရာသို့ လွှတ်လိုက်သည်..။
ညဘက်အချိန်တွင်တော့ ရွှေရောင်သစ်ရွက်သုံးခုဟာ မူလင်လောင် ၏ အခန်းထဲသို့ ရောက်လာခဲ့၏..။မူလင်လောင် ဒါကိုမြင်ပြီး ပြုံးလိုက်သည်..။
ဒီဟာတွေနဲ့ပါ ထပ်ပေါင်းလိုက်ရင် သူမတွင် ရွှေရောင်သစ်ရွက် လေးခု ရှိပြီဖြစ်သည်.။ဇဒါက မူမိသားစုကို လေးကြိမ် ကယ်တင်ရန် လုံလောက်၏..။
သူမ သက်ပြင်းချလိုက်သည်..။
"အစ်ကို ချန်ရှန်းက ဘယ်လောက်တောင် အင်အားကြီးတာလဲ..။သူက သစ်ရွက်တစ်ရွက်တည်းနဲ့ ကောင်းကင်အဆင့် သားရဲကို အနိုင်ယူနိုင်တယ်.."
ဒီနေ့တွင် လောင်တူဟာ မူမိသားစုကို ဖိအားပေးခဲ့သည်..။တိုင်ဆူ ဟာ သူတို့ကို ကြောက်ရွံ့မူကို ပေးခဲ့သည်..။
ဒါတောင်မှ မူလင်လောင် နောက်က အင်မော်တယ်က ဒီသားရဲများကို အေးဆေး ဖြေရှင်းပေးခဲ့၏..။ဒါက ကျန်းချန်ရှန်းကို သူတို့ စိတ်ထဲတွင် ယုံကြည်ကိုးကွယ် လာစေသည်..။
နောက်ရက်တွေတွင်တော့ မူမိသားစုသည် ကျန်းချန်ရှန်း ရဲ့ ရုပ်ထုတွေကို ထုလုပ်ပြီး သူတို့၏ သင်္ဘောအခန်းများထဲတွင် ထားရှိခဲ့ကြသည်..။
မူလင်လောင်၏ အကြံပေးချက်နှင့် မကြာခင်မှာ ကျန်ချန်ရှန်း၏ ရုပ်ထုများဟာ သင်္ဘောတွေပေါ်တွင် ပြည့်နှက်လာ၏..။
မျက်စိတစ်မှိတ်တွင်ပဲ..။
City.𝑅êạd new chapt𝒆rs on no/v/e/l𝒃in(.)com
ရွှန်းထျန်ခေတ် ၃၂ နှစ်မြောက်။နွေဦးရာသီမှ နွေရာသီသို့ ကူးပြောင်းချိန်တွင်..။
ဘန်း
အင်ပါယာ ရွှန်းထျန်း ဟာ စားပွဲကိုရိုက်ချလိုက်ပြီး သူ့ရှေ့က တချီရဲ့ သံတမန် တွေကိုစိုက်ကြည်နေခဲ့သည်။ ရာဇဝတ်မူ အကြီးအကဲ ကတော့ ဘေးနားတွင် ရပ်နေခဲ့၏..။
"တချီကို ပေးရမှာလား..။အိပ်မက်မက်နေလိုက်..။ဖန်ထျန်းရဲ့ ကံကောင်းမူ နဂါးကို အနိုင်ယူခဲ့တာက တကျန်းရဲ့ ပညာရှင်တွေပဲ..။အခြေခံအလုပ်တွေပဲ လုပ်တဲ့ တချီက တိုက်ကြီး ကိုလိုချင်တာလား..။မင်းတို့ယူထားတဲ့ ကျွန်းစုကတင် မလုံလောက်နိုင်ဘူးလား.."
"မင်းတို့ တချီ အင်ပါယာကို ပြောလိုက်..။တကယ်လို့ သူ ထပ်ပြီး ဖိအားပေးရဲမယ် ဆိုရင် ငါက သဘောတူညီချက်အတိူင်း ဆက်မသွားနိုင်တော့ဘူး..။တကျန်းက ဒီအရာကို အင်းအားသုံးပြီးလည်း ယူနိုင်တယ်.."
ဧကရာဇ် ရွှန်းထျန်း ဒေါသတကြီးရယ်လိုက်က်သည်..။သူက ကျန်းရန်ဇောင်လို အမှားမျိုးကိုတော့ ထပ်ပြီးလုပ်မှာမဟုတ်ပေ..။
တချီ သံတမန် ရဲ့ မျက်နှာဟာ ပျက်ယွင်းသွားခဲ့၏..။အင်ပါယာ ရွှန်းထျန်း က ဒီလောက်အထိ ခေါင်းမာ လိမ့်မယ်လိူ့ မထင်ထားခဲ့ပေ..။
ပုံမှန်းအတိုင်းဆိုလျင် တကျန်းက ဖန်ထျန်းကို ပိုစိုးရိမ်တာကြောင့် တချီကို လိူက်လျောပေးလိမ့်မည်ဟု ထင်ထားခဲ့ကြ၏..။မထင်မှတ်စွာပဲ သူတို့ မှားယွင်းခဲ့ကြသည်..။
အင်ပါယာ ရွှန်းထျန်း :
"ပြန်ကြတော့..။ငါတို့က တချီယူထားတဲ့ ကျွန်းစုတွေကို စိတ်မဝင်စားဘူး..။ဒါပေမဲ့ တကျန်းရဲ့ နယ်မြေကိုတော့ ထိဖို့ မစဥ်းစားနဲ့..။တကယ်လို့ ပူးပေါင်းမူကို ရေရှည်တည်တံ့ချင်တယ် ဆိုရင် ရိုးသားမူကို ပြသဖို့လိုတယ်.."
သံတမန်တွေဟာ တစ်ခုခုပြောချင်ပေမယ့် တွေဝေနေခဲ့ကြသည်..။အဆုံးမှာတော့ သူတို့ အရိုအသေပေးပြီး ထွက်ခွာသွားကြ၏..။
သူတို့ထွက်သွားတာနဲ့ အင်ပါယာ ရွှန်းထျန်း၏ မျက်လုံးတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာခဲ့သည်..။
"ငါ မသေခင် တချီကို သိမ်းသွင်းမှရမယ်.."
ရာဇဝတ်မူ အကြီးအကဲ ပြောလိုက်သည်..။
"ဖန်ထျန်းကို သိမ်းပိုက်ပြီးရင် တချီဆိုတာက လွယ်ကူသွားပါပြီ..။တချီရဲ့ တည်ရှိမူကတကျန်းက လူတွေကိုလည်း အားတက်စေနေပါသေးတယ်...။ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က တူညီတဲ့ ရန်သူကို ရင်ဆိုင်နေကြတာလေ.."
အင်ပါယာ ရွှန်းထျန်း ခေါင်းညိမ့်လိုက်သည်..။သူ တစ်ခုခုပြောဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ..စစ်သည်တစ်ယောက် ဟာ လျိုဝှက်စာနဲ့အတူ ရောက်လာခဲ့၏..။
သူ စာကိုယူပြီး ဖွင့်ကြည့်လိုက်သည်..။
"ဒုတိယအစ်ကို..မင်းက မဆင်မခြင်လုပ်မယ်လို့ မထင်ထားဘူး.."
ဂျွန်လတွင် အင်ပါယာဟာ တန်ဘုရင် ကျန်းထျန်ချီ ကို ပထမဆုံး သိမ်းပိုက်ထားသည့် နယ်မြေခြား တိုက်ကြီးကို သွားကာ စိီမံခန့်ခွဲစေခဲ့သည်..။
နယ်မြေအသစ်သည် သူတို့ အင်အားများအရင်းအမြစ်များ ဖြစ်လာနိုင်ပေသည်..။ကျန်းထျန်ချီ အပြင် တစ်ခြားဂိုဏ်းများဟာလည်း ပညာရှင်များများကို စေလွှတ်ခဲ့ကြသည်..။
ကျောင်းဝန်းထဲတွင်..။
ကျန်းချီသည် ယန်ကျိုးနဲ့ အတူလေ့ကျင့်ပြီးနောက် ကျန်းချန်ရှန်းကို အဖြစ်အပျက်တွေ ပြောပြနေခဲ့သည်..။
ဒီနှစ်ထဲတွက် တန်ဘုရင် သည် မင်းမျိုးမင်းနွယ်များ၏ အသိမှတ်ပြုမူကို ရလာသည်က ကျန်းချီကို မသက်မသာ ဖြစ်လာစေခဲ့သည်..။အင်ပါယာ မရှိချိန်တွင် သူက အိမ်ရှေ့မင်းသား ဖြစ်သော်လည်း ဒီလို အာဏာ တိုက်ပွဲမျိုးအတွက် အတွေ့အကြုံမရှိပေ..။ဒါကြောင့် ရွေးချယ်စရာ မရှိပဲ ကျန်းချန်ရှန်း ၏ အကြံဥာဏ်ကို တောင်းခံခဲ့၏။
တန်ဘုရင်ကလည်း ကျန်းချန်ရှန်း ၏ မျိုးဆက်တစ်ယောက်ဖြစ်သည်..။ပုံမှန်အားဖြင့် သူ့မျိုးဆက်များ အာဏာလုပွဲကို သူက တိုက်ရိုက် ဝင်ပတ်သက်မည် မဟုတ်ပေ..။ထပ်ပြောရရင် တန်ဘုရင်ဟာ ရည်မှန်းချက် ကြီးမားသည့် လူတစ်ယောက်သာ ဖြစ်ပြီး ဘာမှ စည်းမကျော်ခဲ့ပေ..။
"မင်းရဲ့အဖေက နှစ်တွေ အများကြီး အုပ်ချုပ်နေနိုင်တုန်းပဲ..။တစ်ခါတစ်လေမှာ သူ့ ခွန်အားကိုပဲ မှီခိုနေတာက ကောင်းမွန်တဲ့ အရာ မဟုတ်ဘူး..။အင်ပါယာ တစ်ယောက်ဆိုတာက ရသမျှ အင်အားအကုန်လုံးကို ယူသုံးတတ်ရတယ်.."
ကျန်းချီဟာ ဒါက အဓိပ္ပါယ်ရှိသည်ဟု ခံစားရ၏..။
သူ့ရဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့ တန်ဘုရင်ကို အနိုင်ယူရင်ရော ဘာဖြစ်မှာလဲ..။တကျန်းက အခုချိန်စစ်ပွဲထဲရောက်နေပြီး အကယ်၍ သူသာ တန်ဘုရင်နှင့်တိုက်ခိုက်နေရင် တကျန်းကို အောက်ဆွဲချသလို ဖြစ်ပေလိမ့်မည်..။
ကျန်းချီဟာ သူ ဒီအတော်အတွင်း သိရှိထားသည့် ထူးဆန်းသည့် သတင်းများကို ပြောနေခဲ့သည်..။
တကျန်းသည့် ရေမြေခြားကို သွားရောက်တိုက်ခိုက်ပြီး ဖန်ထျန်း စစ်တပ်ကိုတောင်ဘယအနိုင်ယူနိုင်ခဲ့သည်..။
တစ်ခြား နယ်မြေခြား အင်အားစုများက တကျန်းနဲ့ ရင်းနှီးသည့် ဆက်ဆံရေး တည်ဆောက်ချင်လာကြ၏..။နိုင်ငံကို အုပ်ချုပ်ထားရသည့် ကျန်းချီ သည် ဒီလူများကို တာဝန်ယူ တွေ့ဆုံနေခဲ့ရသည်..။
"လတ်တလော ပင်လယ်ဘက်မှာ ထူးဆန်းတဲ့ သိုင်းပညာ အဖွဲ့တစ်ခု ပေါ်နေတယ်..။သူတို့က နတ်ဆိုးသားရဲ တွေကို တိုက်ခိုက်ပြီး ..လူသားတွေကြားထဲက မမျှတမူတွေကိုလည်း ဖြေရှင်းပေးကြသေးတယ်..။ပင်လယ်ဒေသကလူတွေက ဒီအဖွဲ့က နတ်ဆိုးသတ်ဖြတ်သည့် သူရဲကောင်းများလို့ ခေါ်နေကြတယ်.."