← Chapters

အရှေ့ဘက် တိုက်ကြီး၏ တည်ရှိမူ ၊ အံ့ဩစရာ နတ်ဆိုး

Vol. 13 Ch. 193

အရှေ့ဘက် တိုက်ကြီး၏ တည်ရှိမူ ၊ အံ့ဩစရာ နတ်ဆိုး

Vol. 13 Ch. 193

နတ်ဆိုး သတ်ဖြတ်သော သူရဲကောင်းများအပြင် ကျန်းချီ သည် သူသိထားသည့် တစ်ခြာ အကြောင်းအရာများကိုလည်း ပြောပြခဲ့သည်..။သူတို့တစိယောက် ချင်းစီတိုင်းက စိတ်လှုပ်ရှားစရာ ဇာတ်လမ်းများ ရှိကြသည်..။ပိုင်ချီ ၊ ဟောင်ထျန် နဲ့ ဟီထျန် တို့ဟာ သေချာ နားထောင်နေခဲ့ကြ၏..။

ရေလက်ကြားထဲတွင် ရတနာတွေရှိသည်။နတ်ဘုရားနှင့် ဗုဒ္ဓများသည် သမုဒ္ဒရာကို ဖြတ်သန်း သွားလာကြသည်..။ကမ္ဘာ့နံပါတ်တစ်သိုင်းသမားသည် နတ်ဆိုးမြွေကြီးကို အနိုင်ယူခဲ့၏..။စသည်တို့ပင်ဖြစ်သည်..။

ကျန်းချီသည် နောက်ဆုံးတွင် သူ၏ နေရာအမှန်ကို သိသွားပြီး ပုံပြင်များ ပြောပြကာ ရင်းနှီးအောင် ကြိုးစားနေခဲ့၏..။

ကျန်းချန်ရှန်းတွင် ကောင်းကင်နှင့်မြေကြီး၏ အကန့်အသတ်မဲ့ မျက်လုံးများရှိနေသော်လညိး ကိစ္စ အများကြီးကို ဆက်တိုက်ကြည့်မနေနိုင်ပေ..။

ကျန်းချီ ထွက်သွားပြီးနောက်တွင် ပိုင်ချီဟာ ပြုံးလိုက်ပြီး..

"မာစတာက ပညာရှင်တွေ အများကြီး သတ်ခဲ့ပေမယ့် ပင်လယ်ဒေသမှာ ပညာရှင်တွေ အများကြီးရှိနေတုန်းပဲ..။အခုလည်းကမ္ဘာ့ နံပါတ်တစ် လက်သီးသိုင်းသမား ပေါ်လာပြန်ပြီ.."

ကျန်းချန်ရှန်း :

"မျိုးဆက်တိုင်းမှာ ထူချွန်တဲ့လူတွေ ပေါ်ထွက်လာတယ် ဆိုတာက ပုံမှန်ပဲ..။ကမ္ဘာကြီးကို အထင်မသေးနဲ့.."

ပညာရှင်အကြောင်းပြောရင် နဂါးသွေးကြောတိုက်ကြီးတွင်လည်း ပညာရှငိတွေ များစွာ ရှိကြ၏..။သူတို့ကို မိုးကောင်းကင်က ကောင်းချီးပေးထားတာလား ဆိုတာတော့ သူလည်းမသိပေ..။

သို့ပေမယ့် အသန်မာဆုံး အချ်ိန်တုန်းကတောင် အမှတ် ၃ သန်းပဲ ရှိနေတာကြောင့် စိုးရိမ်စရာ မရှိပေ..။

လတ်တလောတွင် စနစ်၏ ထောက်လှမ်းရေး နယ်ပယ်အတွင်း..အသန်မာဆုံး ပညာရှင်၏ အမှတ်မှာ ၁၄ သန်းခန့်ရှိ၏..။ဒီလိုအင်အားမျိုးက ပင်လယ်ဒေသက အင်အားစုတိုင်းကို ဖယ်ရှားပစ်ဖို့ လုံလောက်ပေမယ့် ကျန်းချန်ရှန်းကိုတော့ မခြိမ်းခြောက်နိုင်ပေ..။

ကျန်းချန်ရှန်းသည် ရမှတ် သန်း ၅၀ ခန့်ရှိသည့် သိုင်းဘုရင် နယ်ပယ် နှင့် အတူတူပင်ဖြစ်၏..။ထပ်ပြောရလျင် သူက နေ့တိုင်းကျင့်ကြံနေတာကြောင့် အဆင့်က တဖြည်းဖြည်းချင်း တက်နေခဲ့သည်..။

သို့ပေမယ့် သူ၏ အင်အားကို တိုက်ရိုက်ထုတ်ဖော်ပြီး တစ်ခြား သိုင်းဘုရင် နယ်ပယ် ဒါမှမဟုတ် အင်အားကြီး တည်ရှိမူ တစ်ခုခု၏ အာရုံစိုက်မူကို ခံရအောင်လုပ်မှာမဟုတ်ပေ..။

.

ကျန်းချန်ရှန်း အတွက်ကတော့ သူ ဖြည်းဖြည်းချင်း တိုးတက်လာသ၍ တကျန်းရဲ့ နယ်မြေများဟာကျယ်ပြန့်လာပြီး အင်အားကောင်းလာမည်ဖြစ်သည်..။

ကျန်းချန်ရှန်း ခေါင်းကို မော့ပြီး နေရောင်ကို လှမ်းကြည့်လိုက်သည်..။သူ့ နှလုံးသားဟာ တည်ငြိမ်နေခဲ့၏..။

နဂါးသွေးကြောတိုက်၏ အနောက်ဘက်တွင်..မြူခိုးများဟာ ကျယ်ပြန့်သည့် ပင်လယ်ကို ဖုံးကွယ်ထားခဲ့သည်..။.

ကျယ်ပြန့်သည့် ကျွန်းကြီးတစ်ခုကို ..များပြားလှတဲ့ နတ်ဆိုးသားရဲ များဟာ ဝန်းရံထားကြသည်..။

ဒီကျွန်းပေါ်ရှိ သစ်ပင်နှင့်ပန်းပွင့်များဟာ ခြောက်သွေ့နေပြီး ၊ အစိမ်းရောင်ပုံစံ မရှိပေ..။

တောငိးကုန်းကြီးတစ်ခုပေါ်တွင်တော့ ခြောက်မီတာလောက် ကြီးမားသည့် ကျောက်တုံးကြီးတစ်တုံးရှိနေခဲ့၏..။

အဲ့အချိန်မှာပဲ ကျောက်တုံးကြီးဟာ တုန်ရီလာခဲ့သည်..။

ခရက်

အက်ကွဲမူများ ကျောက်တုံးပေါ်တွင် ပေါ်လာပြီး ကွဲထွက်တော့မလိုဖြစ်လာခဲ့သည်..။

အက်ကွဲမူများ ပိုပိုဖြစ်ပြီး ကျောက်သားတွေဟာ တစ်ခုခြင်းစီ ကွာကျလာခဲ့၏..။မကြာခင်မှာပဲ ကျောကိတုံးကြီးတွင် အပေါက်ကြီးတွင် အပေါက်ကြီး တစ်ပေါက် ပေါ်ထွက်လာခဲ့သည်..။စိုစွတ်နေသည့် လက်တစ်စုံဟာ ထူထဲသည့် ကျောက်တုံးကြီးကို ကိုင်ပြီး အပြင်ကို ထွက်လာခဲ့၏..။

ဒါက အမှန်တော့ လူတစ်ယောက်ပင်..။

သေချာပြောရရင် လူသားနှင့် ဆင်တူ၏..။

အဘယ်ကြောင့်ဆိုသော် သူ့၏ အောက်ပိုင်းက မြွေပုံစံ ရှိနေပြီး အပေါ်ပိူင်းက လူခန္တကိုယ် ပုံစံရှိနေခဲ့သည်..။

သူ၏ အနက်ရောင်ဆံပင်များဟာ ချွဲပြစ်ပြစ် အရည်များကြောင့် အရည်ပြားတွငိ ကပ်နေခဲ့သည်..။သူက ချောမောသည့် မျက်နှာနှင့် လူငယ်လေးတစ်ယောက်နှင့် တူနေခဲ့သည်..။

ကျောက်တုံးထဲမှ ထွက်လာအပြီးတွင် သူ မတ်တတ်ထရပ်လိုက်သည်..။သူ၏ မြွေအမြီးက တော့..လှုပ်ခါနေခဲ့သည်..။

သူ အနံ့ခံလိုက်ရာ တစ်ခုခုကို အာရုံခံမိသွား၏..။သူ တည်နေရာတစ်ခုကို ရသွားပြီး မြူများကြားတွင် တိုးဝင်သွားခဲ့သည်..။သူ တောင်ခြေကို ရောက်သည့် အချိန်တွင် တောက်ထပ် ကျောက်တုံးဥ ကြီးတစ်လုံးကိုတွေ့လိုက်ရ၏..။

သူ အဝေးတစ်နေရာက နေ ကျောက်တုံးကြီး ကွဲအက်လာတာကို စောင့်ကြည့်နေခဲ့သည်..။

သိပ်မကြာခင်မှာတော့ နောက်ထပ်လူသားတစ်ပိုင်း မြွေတစ်ကောင် ထွက်ပေါ်လာခဲ့သည်..။သူမတွင် နူးညံ့သည့် မျက်နှာ..၊ ရှည်လျားသည့် ဆံပင် ၊ လှပသည့် အသားအရည်တို့ရှိသည်..။သူမ၏ အပေါ်ပိုင်းခန္တာကိုယ်က လူငယ် မြွေလူသား လေးထက်ပိုပြီး သေးငယ်သည်..။

မိန်းကလေးတစ်ယောက်၏ အသွင်အပြင်။

မြွေနှစ်ကောင်ဟာ တစ်ယောကို တစ်ယောက် ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်လိုက်ကြသည်..။

မိန်းကလေး မြွေဟာ ရုတ်တရက် ပါးစပ်ကို ဖွင့်ပြှး သူမ၏ လျာနှစ်ခွကို ထုတ်ပြလိုက်သည်..။သူမ၏ အမူအရာက ကြမ်းတမ်းလာပြီး ​ကြောက်မက်ဖွယ်ရာ အော်သံများထုတ်လွှတ်လိုက်၏..။

ခနအကြာတွင် မြွေကောင်လေးဟာ သူမအနားကို ဂရုတစိုက်ကပ်ပြီး ဒူးထောက်လိုက်သည်..။

မိန်းကလေး မြွေဟာ သူမရဲ့ အမြီးနဲ့ သူ့ကို ရိုက်ပြီး တုန့်ပြန်လိုက်သည်..။ယောက်ျားလေး မြွေ၏ ကျောပြင်တစ်ခုလုံး နီရဲ လာသော်လည်း တောင့်ခံနေပြီး ဘာမှ မတု့န်ပြန်ခဲ့ပေ..။

အကြိမ်အနည်းငယ် ရိုက်ပြီးနောက်တွင်တော့..မိန်းကလေး မြွေဟာ ထပ်ပြီး မရိုက်နှက်တော့ပေ..။အဲဲဒီအစား သူမဟာ ဘေးပတ်ဝန်းကျင်ကိုသာ ကြည့်လိုက်ပြီးထွက်ခွာသွား၏..။ယောက်ျားလေး မြွေသည် နောက်ကနေ အမြန်လိုက်သွားခဲ့သည်..။

ဘန်း

ပင်လယ်ထက်က ကောင်းကောင်ပေါ်တွင် ကြောက်မက်ဖွယ်ရာ အစစ်အမှန်ချီ များနှင့် ပြည့်နေခဲ့သည်...။

"အစ်ကို ဘာလို့ ဒီနတ်ဆိုးသားရဲတွေက ဒီမှာ လာစုနေကြတာလဲ..။အင်အားကြီးတဲ့ နတ်ဆိုးသားရဲတွေကိုလည်း ဒီကျွန်းမှာ မခံစားရပါဘူး.."

မိန်းကလေးတစ်ယောက်၏ အသံသည် ပျင်းရိစွာ ထွက်ပေါ်လာခဲ့သည်..။

.

သင်္ဘောတစ်စီးသည် ရွက်လွင့်နေခဲ့ပြီး လေပေါ်တွင်တော့ ပုံရိပ် အချို့ဟာ ပျံသန်းနေကြသည်..။သူတို့က လမ်းတစ်လျောက်လုံးမှ သားရဲများကို သတ်ဖြတ်နေကြ၏..။

သင်္ဘောထိပ်တွင်တော့ လူကြီးတစ်ယောက်ဟာ သူရှေ့က ကျွန်းကို ကြည့်နေခဲ့သည်.။သူက ဓားကို ကိုင်ထားရင်း

"ဒီ သားရဲတွေ စုဝေးနေကြတာ အကြောင်းတစ်ခုခုတော့ ရှိရမယ်..။အခု မြင့်မြတ်သော အင်ပါယာကို နတ်ဆိုးတွေက တိုက်ခိုက်နေကြတာလေ..။ငါတို့ရဲ့ မစ်ရှင်က နတ်ဆိုးတွေကို ပင်လယ်ထဲမှာ ပေါ်မလာအောင် တားဆီးဖို့ပဲ..။ငါတို့ ဂရုမစိုက်လုပ်လို့ မရဘူး..။တကယ်လို့ နတ်ဆိုးသားရဲတွေ တစ်ခုခု မူမမှန်တာရှိနေရင် ငါတို့ ထောက်လှမ်းရမယ်.."

အနက်ရောင် ဝတ်ရုံနှင့် မိန်းကလေးဟာ လေထဲမှာ ရှိနေခဲ့သည်..။

"ကောင်းပြီလေ.."

သင်္ဘောကြီးဟာ ရှေ့ကို ဆက်ပြီးရွေ့နေခဲ့သည်..။

"ညီလေး ၃ ၊ ညီလေး ၉ နဲ့ ညီမလေး ၁၂ တို့ က သင်္ဘောကို စောင့်ကြပ်ထား။ကျန်တဲ့လူတွေက လူခွဲပြီး ကျွန်းထဲကို ပတ်ရှာကြမယ်.."

လူကြီးဟာ နက်ရှိုင်းသည့် အသံဖြင့်ျပြာလိုက်သည်..။ယင်းနောက် သူတို့လူခွဲပြီး ဝင်သွားလိုက်ကြ၏..။

ရုတ်တရက် သူတစ်ခုခုကို မြင်ပြီး မြေကြီးပေါ်ကို ဆင်းလိုက်သည်..။

သူဟာ ယောက်ျားလေး မြွေ ထွက်ခွာလာခဲ့သည့် ကျောက်တုံးကြီးဆီကို ဆင်းသက်လိုက်ခြင်းဖြစ်သည်..။

သူ အခွံတစ်ခုကို ယူပြီး အနံ့ခံကြည့်လိုက်၏..။

"ဘယ်လောက်တောင် သန်မာတဲ့ နတ်ဆိုးအော်ရာလဲ..။ဒီမာ နတ်ဆိုးတစ်ကောင် မွေးဖွား ခဲ့တာလား.."

သူ လှည့်ပတ်ကြည့်လိုက်သည့် အချိန်တွင် မြွေအရာကို တွေ့လိုက်သည်..။သူချက်ချင်းပဲ နောက်ကနေ ခြေရာခံလိုက်သွားလိုက်၏..။

"အ..အားးးးး ကယ်ပါဦး အစ်ကို.."

မသပ်မရပ်နှင့်လူကြီးဟာ ဒီအသံကို ကြားပြီး အမူအရာပြောင်းသွားခဲ့သည်..။သူ မိုးကြိုး လျှပ်စီးတစ်ခုလို လျင်မြန်တဲ့ အရှိန်နဲ့ အသံလာရာဆီကို ပျံသန်းသွားခဲ့၏..။

မကြာခင်မှာပဲ သူ အရမ်းကိုကြီးမားသည့် သစ်ပင်ကြီးတစ်ပင်ကို တွေ့လိုက်ရသည်..။ကြီးမားသည့် သစ်ပင်ကြီး၏ အရွက်များ အကိုင်းအခက်များဟာ လှုပ်ရမ်းနေခဲ့သည်..။သူ့ထံမှ နွယ်ကြိုးကြီးများဟာလည်း အောက်ဘက်ကို ချွတ်ဆွဲနေခဲ့၏..။

သူ ချက်ချင်းပဲ ရှေ့ကို တက်လာပြီး ဓားကို ဆွဲထုတ်လိုက်သည်..။

ရွှစ်

လူ့ခန္တာကိုယ်ထက်ကြီးမားသည့် နွယ်ကြိုးကြီးဟာ ပြတ်တောက်သွားပြီး သူ့ ညီအစ်ကို လွတိမြောက်သွားခဲ့သည်..။

"အစ်ကို ..ကျွန်တော် နတ်ဆိုးနှစ်ကောင် သစ်ပင်ပေါ် တက်သွားတာ တွေ့လိုက်တယ်.."

သိုင်းပညာချင်ဟာ အမြန်ပြောလိုက်ပြီး သစ်ရွက်များနှင့် ပြည့်နှက်နေသည့် သစ်ပင်ကြီးကို ထိုးပြလိုက်သည်..။

မသပ်မရပ်နှင့် လူကြီးရဲ့ မျက်လုံးတွေဟာ အာရုံစိုက်လိုက်ပြီး သူ၏ အစစ်အမှန်ချီများ ပေါက်ကွဲထွက်လာခဲ့သည်..။ဓားချီများ ပေါက်ကွဲထွက်လာသည့် အချိန်တွင် ကီလိုမီတာ ၅၀ ဝန်းကျင်မှ မြူများ ရှင်းလင်းသွားခဲ့၏..။

ဘန်း

ပေသုံးထောင်လောက် ရှည်လျားသည့် အပြာရောင်ဓားသည် သစ်ပင်ကြီးနှင့် ရိုက်ခတ်သွားခဲ့သည်..။

ဓားချီတွေ ကွယ်ပျောက်သွားသည့်တိုင် သစ်ပင်ကြီးသည် အနည်းငယ်သာ တုန်ခါသွားခဲ့၏..။

အဲ့အချိန်မှာပဲ တစ်ခြား ပညာရှင်တွေပါ ရောက်လာခဲ့ပြီး သစ်ပင်ကြီးကို စိုးရိမ်စွာ ကြည့်လိုက်၏..။

အမျိုးသမီးဟာ မျက်မှောင်ကျုတ်လိုက်ပြီး..

"ဒီသစ်ပင်က နတ်ဆိုးတစ်ကောင်ဖြစ်လာတာမလား.."

သူတို့ပြောနေတုန်းမှာပဲ..ထူထဲသည့် နွယ်များဟာ အသက်ဝင်လာခဲ့ပြီး သူတို့ကို စတင်တိုက်ခိုက်တော့သည်.။

မသပ်မရပ်နှင့်လူကြီးဟာ ရှေ့ကနေ ဦးဆောင်ပြီး သစ်ပင်ကြီးနှင့်တိုက်ခိုက်နေခဲ့၏..။

ဆိုးဝါးသည့် အသံတစ်ခုကို ကြားလိုက်ရသည်..။လူကြီးလှည့်ကြည့်လိုက်သည့် အချိန်တွင် သူ၏ ညီလေး ၁၆ ၏ ခန္တကိုယ်ထဲသို့ နွယ်ကြိုးကြီးများက ထိုးဖောက်ဝင်နေပြီဖြစ်၏..။လူကြီး၏ မျက်လုံးများ ပြူးကျယ်သွားပြီး သွားကူညီခါနီးတွင် ညီလေး ၁၆ ၏ ခန္တာကိုယ်မှာ ခြောက်ကပ်သွားခဲ့သည်..။

ဒီမြင်ကွင်းက လူတိုင်းကို အံ့ဩသင့်ပြီး ဒေါသထွက်စေ၏..။

အဲ့အချိန်မှာပဲ နောက်ထပ်တစ်ယောက်၏ ခန္တာကိုယ်ထံကို နွယ်ကြိုးတစ်ချောင်း ဝင်သွားခဲ့သည်..။

အဝေးတစ်နေရာမှ သစ်ပင်ပေါ်တွင် ၊ မိန်းကလေးမြွေနှင့် ယောက်ျားလေး မြေံဟာ အရွက်တွေကြားထဲကနေ အေးစက်တဲ့မျက်လုံးများနှင့် စောင့်ကြည့်နေခဲ့ကြသည်..။

ရွှန်းထျန်းခေတ် ၃၃ နှစ်မြောက်..။

အင်ပါယာသည့် သိမ်းပိုက်ထားခဲ့သည့် နယ်မြေအသစ်အား အရှေ့ဘက် တိုက်ကြီးဟု အနည်ပေးခဲ့၏..။ပြီးသည့်နောက်တွင် များပြားလှသည့် အလုပ်သမားတွေ စစ်သားတွေဖြင့် မြို့သစ်တစ်ခု တည်ထောင်ပြီး အရှေ့ဘက်တိုက်ကြီးကို တယ်လီပို့ တစ်ခု တည်ဆောက်ဖို့ ပြင်ဆင်ခဲ့၏..။

အရှေ့ဘက်တိုက်ကြီးသည် တိုက်အသေးလေးဖြစ်သော်လည်း နဂါးသွေးကြောတိုက်ကြီးနှင့် ဆက်နွယ်နေသည့် တစ်ခုတည်းသော တိုက်ဖြစ်သည်..။အမှန်တော့ အရှေ့ဘက်တိုက်ဟာ လက်ရှိ တကျန်းလောက် ကြီးမား၏..။

အရှေ့ဘက်တိုက်ကြီး တွင် နေထိုင်သည့်လူများရှိနေပေမယ့် သူတို့က ကိုယ်ခံပညာကို မသိကြတာကြောင့် စိုးရိမ်စရာ မရှိပေ..။

သြဂုတ်လ..။

ကျန်းချန်ရှန်းဟာ ကမ္ဘာ့သစ်ပင်ကို မှီပြီး မြူများကြားမှ ယန်ကျိုးနှင့် ဟောင်ချွန်တို့ကို ကြည့်နေခဲ့သည်..။

မကြာခနဆိုသလို ဟောင်ချွန်နှင့် လင်းရှောင်တို့သည် စစ်တပ်နှင့်ပူးပေါင်းကြ၏..။သူတို့က အခုနှစ်အစပိုင်းမှ တောင်ဘက်ပင်လယ်က ပြန်လာပြီး ရွှေရောင်ခန္တာကိုယ် အဆင့်သို့တက်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်..။သူတိူ့ရဲ့ စွမ်းရည်များက ထူးချွန်ပြီး တာအိုဘိုးဘေး၏ တပည့်များလည်း ဖြစ်၏..။ဒါကြောင့် ဘယ်သူမှ သူတို့ကို ဆက်နေဖို့ တွန်းအားမပေးရဲပေ..။

အစစ်အမှန်နတ်ဘုရား ယန်ကျိုးဟာ ဟောင်ချွန် နဲ့ လင်းရှောင်တို့ကို တစ်ပြိုင်တည်း တိုက်ခိုက်နေပြီး ကျန်းချီ နဲ့ ကြယ်တာရာ ၁၈ ယောက်ကတော့ ဘေးကနေကြည့်နေကြ၏..။

ယုယန်ယီဟာ..ဖြတ်လာရင်းနှင့် သူတို့ကို တစ်ချက်သာ ကြည့်လိုက်ပြီး ကျန်းချန်ရှန်း ရှိနေသည့် ကျောင်းဝန်းကို လာခဲ့သည်..။

သူမ ကျန်းချန်ရှန်းဆီကို လာခဲ့ပြီး..

"အနောက်ဘက် သမုဒ္ဒရာမှာ တစ်ခုခုဖြစ်နေပြီ.."

ဒီနှစ်တွေ အတွင်းတွင် ဖူယွဲ့ မိသားစုဟာ သမုဒ္ဒရာထဲတွင် ကြီးစိုးထားခဲ့သည်..။သူတို့က ကျွန်းစူအများစုကို နေရာယူထားပြီး အင်အားကို တည်ဆောက်ထား၏..။

ကျန်းချန်ရှန်း :

"လာကိစ္စရှိလို့လဲ..။ကောင်းကင်ကြီး ပြိုကျလာလို့လား.."

ယုယန်ယီ ပြောလိုက်သည်..။

"ကောင်းကင်ကြီးတော့ မပြိုပါဘူး ဒါပေမဲ့ သမုဒ္ဒရာကြီးတော့ ပြောင်းပြန်ဖြစ်တော့မယ်.."

ပိုင်ချီ စိတ်ဝင်တစား နားထောင်နေခဲ့၏..။

ယုယန်ယီ ထပ်ပြောလိုက်သည်..။

"ကမ္ဘာကို တုနိလှုပ်စေလောက်တဲ့ နတ်ဆ်ိုးက အနောက်ဘက် သမုဒ္ဒရာမှာ မွေးဖွားလာခဲ့တယ်တဲ့..။များပြားလှတဲ့ နတ်ဆိုးသားရဲတွေ အဲ့ကို စုဝေးနေကြတယ်.."

"ဒါက အရမ်းအင်အားကြီးပြီး သွားရောက် အနိုင်ယူချင်တဲ့ ပညာရှင်တွေ အကုန်သေကြရတယ်..။ဒီနှစ်ပိုင်း နာမည်ကြီးလာတဲ့ နတ်ဆိုးသတ်ဖြတ်သော သူရဲကောင်းများ အဖွဲ့တောငိ လူနှစ်ယောက်ပဲ ကျန်တော့တယ်လေ.."

ကျန်းချန်ရှန်း မျက်မှောက်ကျုတ်လိုက်၏..။ဒီအဖွဲ့ကို ကျန်းချီ ပြောလို့ သူကြားဖူးထားသည်..။သူတို့ကြားထဲတွင် ကောင်းကင်အဆင့် ပညာရှင် တော်တော်များများ ရှိသည်ဟု ပြော၏..။သူတို့၏ အင်အားက အင်ပါယာတစ်ခုထက်တော့ မနိမ့်ကျပေ..။

ဒီအဖွဲ့က သူ့ကို ယှဥ်ပြိုင်နိုင်စွမ်းရှိသည်ဟု သူ ထင်ခဲ့ပေမယ့် စောစော သေဆုံးကြလိမ့်မည်ဟု မထင်ခဲ့ပေ..။

"ယန်ယ်ီ ပြောတဲ့ နတ်ဆိုးက ဘယ်လောက် အင်အားကြီးလဲ.."

[ အမှတ် ၆ သန်း လိုအပ်မည်ဖြစ်သည်။ရှေ့ဆက်ချင်ပါသလား..]

အမှန် ၆ သန်းလား..

အတော်အင်အားကြီးတာပဲ..

ကြည့်ရတာတော့ တစ်ဖက်က ဒီအနီးနားမှာ ရှိနေသည် မဟုတ်လောက်ပေ..။အနည်းဆုံးတော့ သမုဒ္ဒရာတစ်ခုလောက် ကွာဝေးမည်ဖြစ်၏..။သူ မပါလျှင် နဂါးသွေးကြောတိုက်ကြီး၏ ပညာရှင် တွေ၏ အမှတ်မှာ ၁ သန်းကျော် မျှသာ ရှိ၏..။ဒါတောင် ဖြတ်သွားဖြတ်လာ နေထိုင်နေကြသည့် ပညာရှင်များ ရှိနေသလား မသိနိုင်ပေ..။

All Chapters