← Chapters

မမြင်နိုင်တဲ့ ပြန်လည် မွေးဖွားမူ ကျမ်းစာ ၊ နောက်ထပ် နတ်ဆိုးစုစည်းမူ ပုလဲ

Vol. 13 Ch. 194

မမြင်နိုင်တဲ့ ပြန်လည် မွေးဖွားမူ ကျမ်းစာ ၊ နောက်ထပ် နတ်ဆိုးစုစည်းမူ ပုလဲ

Vol. 13 Ch. 194

"လတ်တလော အနားဝန်းကျင်မှာ ရှိတဲ့ အင်အားစုတွေက ဒီနတ်ဆိုးတွေကို ရှင်းလင်းပစ်ဖို့ စီစဥ်နေကြတယ်..။သူတို့ တကယ်ပဲ အောင်မြင်နိုင်ကြမလား မသိဘူး.."

ယုယန်ယီ စိတ်ပူစွာ ပြောလိုက်၏..။

ကျန်းချန်ရှန်း :

"သူတို့ အောင်မြင်လိမ့်မယ်..။ဘာပဲဖြစ်ဖြစ် သမုဒ္ဒရာတွေကို လူသားတွေကပဲ လွှမ်းမိုးထားကြတာလေ..။နတ်ဆိုးတွေ ပြန်လည်း အင်အားကြီးလာရင်တောင် ဒါက အနာဂတ်မှပဲ ဖြစ်လိမ့်မယ်.."

ပိုင်ချီ စလိုက်သည်..။

"မာစတာကို တစ်ခုခု လုပ်စေချင်နေတယ်လို့ မပြောနဲ့နော်.."

ယုယန်ယီ ခေါင်းခါယမ်းလိုက်သည်..။

"ဒီလိုဘယ်ဟုတ်မလဲ..။အခုပြောပြနေတာက နတ်ဆိုးတွေ နဂါးသွေးကြောတိုက်ကြီးကို တိုက်ခိုက်မလာဖို့ ကြိုတင်ကာကွယ်နိုင်အောင် ပြောနေတာ.."

ပုံမှန်အားဖြင့် အဝေးမှာရှိနေတဲ့ ကိစ္စတွေကို ကျန်းချန်ရှန် ဘာမှလုပ်မှာမဟုတ်ပေ..။သူ ဒီမသိတဲ့လူတွေကို ကယ်တင်ရင်လည်း ဘာ ရှင်သန်မူ ဆုလာဒ်မှ ရမှာမဟုတ်ပေ..။

အမှတ် ၆ သန်း ဆိုတာက ကောင်းကင် ၈ ခု နယ်ပယ် အဆင့်နှင့်တူတာကြောင့် သူ စောင့်ကြည့်နေပြီးပြီဖြစ်သည်..။

သူ ဘာမှမလုပ်လျင် လူတွေ အများကြီး သေကြေနိုင်သည် ဆိုတာကလည်း သူ အလုပ်မဟုတ်ပေ..။သူက ကမ္ဘာကြီးရဲ့ ကပ်ဆိုးများအားလုံးကို ကယ်တင်ပေးမည့်သူ မဟုတ်ပေ..။သူက သူတောင်စင်လည်း မဟုတ်ပေ..။တိုက်ဆိုင်စွာပဲ တကျန်းက မြင့်မြတ်သော အင်ပါယာ ဖြစ်လာရန် ဦးတည်နေခြင်းကြောင့် ပတ်ဝန်းကျင်အင်အားစု တွေ အားနည်းသွားခြင်းက ကောင်းမွန်သော အရာဖြစ်၏..။

သူ့အနေဖြင့် ဒီ နတ်ဆိုးတွေ နဂါးသွေးကြောတိုက်ကြီးကို ဦးတည်လာဖို့သာ မျှော်လင့်နေမိသည်..။

ကျန်းချန်ရှန်း တွက်ချက်ကြည့်လိုက်၏..။

"ဒီ စုစည်းနေတဲ့ နတ်ဆိုးအင်းအားစုတွေ အင်အားဘယ်လောက်ရှိလဲ.."

[ အမှတ် ၁၀ သန်းလိုအပ်မည်ဖြစ်သည်..။ရှေ့ဆက်ချင်ပါသလား...]

အမှတ် ၁၀ သန်း ၊ ကောင်းကင် ကိုးခု နယ်ပယ်..။

ကြောက်စရာပဲ..

သို့ပေမယ့် အမှတ် ၁၀ သန်းရှိသည့် ပညာရှင်မှာ ဒီနတ်ဆိုးများနှင့် အတော်ဝေးဝေးတွင် ရှိနေလောက်သည်..။တစ်စုံတစ်ယောက် အသတ်ခံရရင်တောင် ဒီလို ပညာရှင်မျိုးက အချိန်တိုအတွင်းဟရောက်လာနိုင်မှာမဟုတ်ပေ..။

ဒီ နတ်ဆိုးတွေက ဘယ်လိုပေါ်လာတာလဲ..။သူတို့ ဒီနှစ်တွေ အတွင်းမှ ကြီးပြင်းလာကြတာလား...

ကျန်းချန်ရှန်း ဆုံးဖြတ်ပြီးသည်နှင့် ဆက်လက်တွက်ချက်လိုက်သည်..။.

ယုယန်ယီ ဒီနတ်ဆိုးတွေရဲ့ အချက်အလက်တွေကို တင်ပြနေပြီး ကျန်းချန်ရှန်း ဂရုတစိုက်နားထောင်နေခဲ့သည်..။

တစ်နာရီကြာပြီးနောက်တွင် ယုယန်ယီ ထွက်ခွာသွားခဲ့၏..။

ကျန်းချန်ရှန်း အေးစက်စွာ ပြောလိုက်၏..။

"ပိုင်ချီ မင်း သေချာမကြိုးစားဘူး..။မစ္စယန်ယီ ရဲ့ ခွန်အားက အတော်သန်မာလာပြီ..။သူ့အတွက် ရွှေရောင်ခန္တာကိုယ်အဆင့် ကို ရောက်ဖို့ ဆိုတာ မခက်ခဲတော့ဘူး.."

ပိုင်ချီ

"မာစတာလင်း..တပည့်က အိပ်ချိန်တွေတောင် လျော့ပြီး လေ့ကျင့်နေတာပါ.."

ကျန်းချန်ရှန်း ဘာမှ ပြန်မဖြေခဲ့ပေ..။အဲဒိီအစား သူ မျက်လုံးမှိတ်လိုက်ပြီးသာ ကျင့်ကြံလိုက်၏..။

အရှေ့ဘက်တိုက်ကြီးတွင်..။

သန်းနဲ့ချီသည့် စစ်သားနဲ့ အလုပ်သမား များဟာ အနောက်ဘက်ကမ်းရိုးတန်းတစ်လျောက်တွက် မြို့တစ်မြို့တည်ဆောက်နေကြသည်..။သင်္ဘောများအများကြီးဟာ ထိုနေရာတွင် ကမ်းဆိုက်ထား၏..။

ရီယွမ်နဲ့ ဓားနတ်ဘုရားတို့ဟာ ကုန်းပတ် ပေါ်တွင် ထိုင်ပြီး သမုဒ္ဒရာကြီးကို ကြည့်နေခဲ့သည်..။

ဓားနတ်ဘုရားဟာ ဓားလက်ကိုင်ကို ကိုင်လိုက်ပြီး..

"ခံစားမိလား.."

ရီယွမ် မျက်လုံးကို ပိတ်ထားရင်း ပြန်ဖြေလိုက်သည်..။

"အင်း ခံစားမိတယ်..။ဒါက ငါတို့ကို ထောက်လှမ်းနေတာ ခုနှစ်ခါ ရှိပြီ..။တစ်ဖက်လူက အတော်လေး သန်မာပုံရတယ်..။သူက ကောင်းကင် သုံးခု နယ်ပယ်ကို ကျော်လွန်နေလောက်ပြီ.."

"ကောင်းကင်လေးခုလား..။ဒီလိုဆို မင်းတောင့်ခံနိုင်လား.."

"ကောင်းကင် ငါးခု နယ်ပယ်ဆိုရင်တောင် ငါတိုက်ဦးမှာပဲ..။ငါက တာအိုဘိူးဘေးကိုတောင် စိန်ခေါ်ရဲတယ်လေ..။ဘာကို ကြောက်နေရဦးမှာလေ.."

"ဟားဟား..ဒါက မင်း တာအိုဘိုးဘေး ဘယ်လောက် သန်မာတယ် ဆိုတာကို မသိခဲ့တုန်းကလေ..။ငါ့လိုပဲပေါ့.."

"ငါက မင်းနဲ့မတူဘူး..။ငါက အဆင့်ကျော်ပြီး တိုက်ခိုက်ရတာကို ကြိုက်တယ်..။သန်မာတဲ့လူတွေနဲ့ တွေ့ရင် ငါလည်း ပိုပြီး သန်မာလာတယ်..။ဒါက ငါ့ရဲ့ သိုင်းပညာလမ်းကြောင်းပဲ.."

ဓားနတ်ဘုရား မျက်မှောင်ကျုတ်လိုက်သည်..။သူ ရီယွမ်ကို စတွေ့တုန်းက ဒီလိုမဟုတ်ပေ..။အခုတော့ သူက ကြွားဝါးတတ်နေခဲ့၏..။.

ရီယွမ်က ဒါကို တာအိုဘိုးဘေး ဆီက သင်ယူခဲ့ဟန်တူသည်..။

ရီယွမ် ထပ်ပြောလိုက်သည်..။

"စိတ်မပူနဲ့..ငါတို့က သူ့ပြိုင်ဘက်မဟုတ်ရင်တောင် တာအိုဘိုးဘေးက ဖြေရှင်းပေးလိမ့်မယ်.."

ဓားနတ်ဘုရားဟာ ဒါက အဓိပ္ပါယ်ရှိသည်ဟု ခံစားမိ၏..။တာအိုဘိုဘေးဟာ သူနှင့်ရင်းနှီးသည့် လူများကို ရအောင် ကာကွယ်တတ်၏..။သူတို့နှစ်ယောက်လုံးဟာ တာအိုဘိုးဘေးနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတွေ ရှိနေခဲ့ပြီဖြစ်သည်..။တာအိုဘိုးဘေးက သူတို့ကို မကယ်တင်ရင်တောင် ကျန်းဂျီယန်ကို ကယ်တင်မှာဖြစ်တာကြောင့် သူတို့လည်း လုံခြုံရ၏..။

ကျန်းဂျီယန် နဲ့ ပင်အန်း အကြောင်းတွေးမိလိုက်ပြီး..

"ကျန်းဂျီယန် နဲ့ ပင်အန်းတို့က စကြဝဠာအဆင့်ကို မကြာခင် ရောက်ကြတော့မယ်..။ကျန်းဂျီယန်က ကမ္ဘာကြီးရဲ့ သန္ဓေကို အစပြုနေပြီလေ..။ပင်အန်းက အနည်းငယ် နှေးတယ်ဆိုပေမယ့် သူ့ရဲ့ ပါရမီက ကြောက်စရာပဲ..။သူ့ရဲ့ ဒန်ထျန်ထဲမှာ သေးငယ်တဲ့ ကမ္ဘာငယ်လေး စတင်ဖွဲ့စည်းနေပြီ.."

ရီယွမ် :

"ငါ အစက ယန်ကျိုးရဲ့ မြင့်မြတ်တဲ့ ခန္တာကိုယ် သိုင်းပညာက ထိပ်တန်းမှာ ရောက်နေလိမ့်မယ်လို့ ထင်ထားခဲ့တာ..။ဂျန်းဂျီယန် နဲ့ ပင်အန်းတို့ကလည်း တကယ် မဆိုးကြဘူးပဲ.."

ဓားနတ်ဘုရား ရယ်မောပြီး ပြောလိုက်သည်..။

"ပါရမီ အရဆိုရင်တော့ သူတို့က ယန်ကျိုးကို မမှီသေးဘူးလေ..။ဒါပေမဲ့ သူတို့က ကိုယ့်ကိုကို စိန်ခေါ်ပြီး တိုက်ပွဲတွေထဲမှာ ယှဥ်ပြိုင်လိုစိတ်ရှိကြတယ်..။သူတို့ရဲ့ အထွပ်အထိပ် ချင်းယှဥ်မယ်ဆိုရင် ယန်ကျိုးက သူတို့ကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး.."

သူတို့နှစ်ယောက်ဟာ ပင်လယ်လေညှင်းကို ခံရင်း စကားပြောနေခဲ့ကြသည်..။

သူတို့နှင့် မိုင်တစ်သောင်းအကွာ ကျယ်ပြန့်သည့် သမုဒ္ဒရာထဲတွင်..ပုံရိပ်တစ်ခု ရှိနေခဲ့သညထ..။သူ၏ ခြေထောက်အောက်တွင် ဝါးတစ်လုံးရှိနေပြီး သူ့ခန္တာကိုယ်ကတော့ မတ်တတ်ရပ်နေရာမှာ တုန်ရီမသွားခဲ့ပေ..။

ဒီလူကဟာ ပိုက်မိုးကာ အင်္ကျီကို ဝတ်ပြီး ဦးထုတ်ဆောင်းထားခဲ့၏..။သူ့ လက်များကို နောက်တွင်ထားထားပြီး သူ၏ အမြန်နှုန်းကတော့ သိပ်မရှိပေ..။

ဘန်း

သမုဒ္ဒရာ မျက်နှာပြင်ထက်တွင် ကြီးမားသည့် ပင်လယ်မြွေကြီးတစ်ကောင်ဟာ ကောင်းကင်ပေါ်ကို ထိုးတက်လာခဲ့သည်..။နတ်ဆိုးခန္တာကိုယ်ကြီးသည် အနည်း ၁၀ ပေ ခန့်ကျယ်ပြီး ခေါင်းတွင် အဖြူရောင် အမောက်ရှိနေခဲ့သည်..။

ယင်းနောက် မိုးကာ အင်္ကျီနဲ့လူကြီး၏ ဘေးနားမှာပဲ နောက်ထပ် ပင်လယ် မြွေကြီးတစ်ကောင် ပေါ်လာခဲ့၏..။ဒီအကောင်ကြီးဟာလည်း အတော်ကို ကြီးမားလှသည်..။

နောက်ထပ် နောက်ထပ် ပင်လယ်မြွေကြီးတွေဟာ ထွက်ပေါ်လာခဲ့ပြီး လူကြီးကို ဝန်းရံလာခဲ့သည်..။

သူနဲ့ မိုင်တစ်ရာ ပတ်လည် အကွာအဝေးတွင် ပင်လယ်မြွေတွေ အများကြီး ပေါ်ထွက်လာခဲ့သည်..။သူတို့၏ ကြေးခွံအရောင်များဟာလည်း အတော်လေးကို ကွာခြားကြ၏..။

သူတို့၏ လမ်းကြောင်းမှာရှိနေသည့် ပင်လယ်သားရဲများသည့် သတ်ဖြတ်ချင်းခံကြရသည်..။ပင်လည် ထဲတွင် သွေးများမှာ အနီရောင် သန်းနေခဲ့၏..။

စက်တင်ဘာ..

ကျန်းချန်ရှန်း ကောင်းကင်ထက်က တိမ်ပင်လယ်ကို ကြည့်ပြီး ရေရွတ်လိုက်သည်...

"အချိန်တွေပြောင်းသွားပြီ.."

ရွှေရောင် ခန္တာကိုယ်အဆင့် ပညာရှင်တွေ မွေးဖွားမူနှုန်းဟာ ပိုမိုးများပြားလာခဲ့၏..။လစဥ်လတိုင်း ရွှေရောင်ခန္တာကိုယ်အဆင့် ပညာရှင်များ ပေါ်ထွက်လာကြသည်..။လွန်ခဲ့တဲ့ နှစ်တစ်ရာခန့်တွင် ရွှေရောင်ခန္တာကိုယ်အဆင့်မှာ ဒဏ္ဍာရီ တစ်ခုဖြစ်၏..။

ဒီအရာကတင် နဂါးသွေးကြောတိုက်ကြီး၏ ကံတရား မိုပို ကောင်းမွန်လာသည်ကို ပြသရန်လံလောက်ပေသည်..။တကျန်းနှင့်တချီတို့ ပင်လယ်ရပ်ခြားတွင် တိုက်ခိုက်အနိုင်ယူနေနိုင်သောကြောင့် ထိုနေရာများမှ ကံကောင်းမူများသည် နဂါးသွေးကြောတိုက်ကြီးကို စီဆင်းလာခဲ့သည်..။

ပိုင်ချီ ချက်ချင်း အဝေးကို ကြည့်ပြီး ဟောင်ထျန် နဲ့ ဟီထျန်တို့ဆီကို ထွက်သွားလိုက်သည်..။ကျန်းချန်ရှန်းက သူမ၏ ကြိုးစားမူကို ပြောဆိုမှာကို ကြောက်ရွံ့နေမိ၏..။

ကျန်းချန်ရှန်း အရှေ့ဘက်တိုက်ကို ကြည့်လိုက်သည်..။

အရှေ့ဘက် တိုက်ကြီးမှဆောက်လုပ်ရေး များမှာ လုပ်ဆောင်နေကြတုန်းဖြစ်သည်..။ဖန်ထျန်း အင်ပါယာသည် အရှုံးကို လက်ခံထားပြီး အရှေ့ဘက်တိုက်ကြီးကို ပြန်လည် မတိုက်ခိုက်ကြသေးပေ..။တချီဟာ တက်ကြွနေသော်လည်း တကျန်း၏ အရှေ့ဘက်တိုက်ကို မလုရဲကြပေ..။သူတို့က ရွေးချယ်စရာ မရှိပဲ မြောက်ဘက်ရှိ တူညီသည့် တိုက်များကိုသာ ရှာဖွေနေကြ၏..။

အရှေ့ဘက် တိုက်မှာ အရာရာအဆင်ပြေနေတာကြောင့် ကျန်းချန်ရှန်းဟာ လင်းဟောက်ထျန်းကို ကြည့်လိုက်သည်..။

လင်းဟောက်ထျန်းဟာ ရှေးဟောင်းနတ်ဘုရား တိုက်ကြီးမှ တကျန်းကို လျင်မြန်တဲ့ အရှိန်နဲ့ သွားနေခဲ့သည်..။သူ စီးနေသည့် ယာဥ်က အတော်ကို လျင်မြန်၏..။ချန်လန်ဂိုဏ်းက အဖြစ်အပျက်အပြီးတွင် လင်းဟောက်ထျန်း ဘယ်သူနဲ့မှ မပတ်သက်တော့ပေ..။သူတို့က ကောင်းမွန်သည့် စိတ်နှင့်ပြောလျငိတောင် သူ မသိချင်ယောင် ဆောင်ခဲ့၏..။အဲ့ကတည်းက သူ ဘာအန္တရာယ်မှ မတွေ့ခဲ့တော့ပေ..။

သို့ပေမယ့် လတ်တလောတွင် လင်းဟောက်ထျန်း ရပ်နေခဲ့၏..။

သူဟာ ထူးဆန်းသည့် ကျွန်းတစ်ခုထဲကို ဝင်သွားခဲ့ပြီး ကျန်းချန်ရှန်း၏ အကြည့်များဟာ အထဲကို မထိုးဖောက်နိုင်ခဲ့ပေ..။သူ၏ ကောင်းကင်နှင့် မြေပြင် အကန့်အသတ်မဲ့ မျက်လုံးတွေ တားဆီးခံရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်၏..။ထူးဆန်းသည့် စွမ်းအားများက တစ်ကျွန်းလုံးကို ဖုံးလွှမ်းထားသည်ကို သူ ခံစားမိသည်..။ကံကောင်းချင်တော့ သူ လင်းဟောက်ထျန်း၏ အတွေးများကို ခံစားမိနေသေးသည်..။

"ရှေးခေတ် မြင့်မြတ်တဲ့ အင်ပါယာသုံးယောက် ၊ သိုင်းပညာ လူသား အင်ပါယာ..၊ ထိပ်တန်း နတ်ဆိုး အင်ပါယာ နဲ့ သားရဲ အင်ပါယာ.."

"ဒါ..ဒါ..ကောင်လေးယင် ကြည့်ရတာ ငါတို့ အခွင့်အရေးကောင်းကို တွေ့ပြီထင်တယ်.."

"အမြန် ၊ ကျောက်တုံးကို ကြည့်လိုက်.."

"မမြင်နိုင်တဲ့ ပြန်လည် မွေးဖွားမူ ကျမ်းစာလား..။ဒါက သိုင်းကျင့်စဥ်လား.."

လင်းဟောက်ထျန်း၏ အတွေးများက သူမသေသေးဘူးဆိုတာကို သက်သေပြနေခဲ့၏..။

ကျန်းချန်ရှန်း မျက်ခုံးပင့်တင်လိုက်သည်..။

ဒီကလေးက တကယ်ပဲ ကြီးမားတဲ့ ကံကောင်းမူကြီး ရသွားတာလား..

.

သူ ဒီကျွန်းကို တိတ်တဆိတ်မှတ်ထားလိုက်သည်..။အကယ်၍ လင်းဟောက်ထျန်း လုံခြုံစွာ ပြန်ထွက်လာနိုင်ခဲ့ရင် မူလင်လောင်ကို ဝင်ရောက်စမ်းသပ်ခိုင်းမည်ဖြစ်၏..။

သူ မူလင်လောင်ကို ကြည့်လိုက်သည်..။လောင်တူ နဲ့တွေ့ပြီးကတည်းက သူတို့ဟာ ကောင်းကင်နယ်ပယ် သားရဲများကို မတွေ့ကြရတော့ပေ..။ကောင်းကင်အဆင့်အောက်မှ သားရဲများကိုတော့ သူတို့ကိုယ်တိုင် အမဲလိုက်ပြီး တိုက်ခိုက်ရေး အင်အားကို တိုးတက်စေကြ၏..။

လက်ရှိအချိန်တွင် မူ မိသားစုဟာ ပင်လယ်ထဲမှာ ရွက်လွင့်နေကြဆဲဖြစ်ပြီး သူတို့၏ အမြန်နှုန်းက မနှေးကွေးပေ..။သူတို့က လင်းဟောက်ထျန်းကို မမှီပေမယ့်လည်း ရှေးဟောင်းနတ်ဘုရားတိုက်ကြီးကနေတော့ အတော်ဝေးကွာလာခဲ့ပြီဖြစ်သည်..။ကျန်းချန်ရှန်း စိတ်သက်သာရာရသွားခဲ့သည်..။

အဲ့အချိန်မှာပဲ..။

ဟောင်ထျန် ရုတ်တရက် သူ့ဆီကို ပြေးဝင်လာခဲ့သည်..။

"မာစတာ ကျွန်တော် အဲ့အရာကို ခံစားလိုက်မိတယ်..။ဒါက မာစတာ ရခဲ့တဲ့ နတ်ဆိုး စုစည်းမူ ပုလဲပဲ.."

ကျန်းချန်းရှန်း ​မေးလိုက်သည်..။

"ဘာမှားလို့လဲ.."

ဟောင်ထျန် မျက်လုံးပြူးကျယ်သွားပြီး..

"နောက်ထပ် နတ်ဆိုးစုစည်းမူ ပုလဲတစ်ခု "

နောက်တစ်ခုလား...

ကျန်းချန်ရှန်း မျက်မှောင်ကျတ်ပြီး မေးလိုက်သည်..။

"ဘယ်ဘက်လဲ.."

ဟောင်ထျန် ခနလောက်တွေဝေပြီးကာမှ တစ်နေရာကို ညွှန်ပြလိုက်၏..။

အနောက်တောင်ဘက်..။

ကျန်းချန်ရှန်း ချက်ချင်းပဲ သူ၏ အကန့်အသတ်မဲ့ မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်..။သူ အလျင်အမြန်ရှာဖွေ လိုက်တဲ့ အချိန်မှာတော့ မကြာခင်မှာပဲ သမုဒ္ဒရာထဲမှာ မရေမတွက်နိုင်တဲ့ မြွေတွေ စုဝေးနေတာကို တွေ့လ်ိုက်ကြရ၏..။ပုံရိပ်တစ်ခုဟာ သူတို့ကြားထဲမှာ ရပ်နေခဲ့ပြီး ဒီနတ်ဆိုးတွေကို သူထိန်းချုပ်နေတယ်ဆိုတာ ထင်ရှားလှသည်..။

ဒီလူမှာ နတ်ဆိုးစုစည်းမူ ပုလဲ ရှိနေတာလား..

နတ်ဆိုး စုစည်းမူ ပုလဲက ရှေးခေတ် နတိဆိုး အင်ပါယာ ထားခဲ့ခြင်းဖြစ်သည်..။ဘယ်လိုလုပ် နှစ်ခု ရှိနေတာလဲ..။

ရှေးခေတ် နတ်ဆိုးအင်ပါယာက နတ်ဆိုးစုစည်းမူ ပုလဲ အများကြီးထားခဲ့တာလား ဒါမှမဟုတ် နတ်ဆိုးအင်ပါယာ တစ်ယောက်မက ရှိနေတာလား..။

ကျန်းချန်ရှန်း ဒီလူကို ကြည့်လိုက်သည်..။ဒီလူရဲ့ အော်ရာ တွေက အားနည်းနေတာကြောင့် သူ့အမြင်ထဲကနေတောင် လွတ်ထွက်မတတ်ဖြစ်နေခဲ့သည်..။သူ့က ကိုယ်ခံပညာကို ဖုံးအုပ်တဲ့ နည်းစနစ် ရှိနေတာလား ၊ ရတနာ တစ်ခုခု ရှိနေတာလား ဆိုတာကိူတော့ မသိပေ..။

ကျန်းချန်ရှန်း တွက်ချက်ကြည့်လိုက်၏..။နဂါးသွေးကြောတိုက်ကြီး ၏ တန်ဖိုးက အမှန် ၃ သန်း အထိ တက်လာခဲ့၏..။ဒါက ဒီလူကြောင့်ပဲ ဖြစ်နိုင်ချေများသည်..။

ဒီလူ မဟုတ်တာ တစ်ခုခုသာ လုပ်ရင် သေခြင်းတရားက ရောက်လာမည်ဖြစ်သည်..။

ဟီထျန် နဲ့ ပိုင်ချီတို့လည်း ပြန်ရောက်လာခဲ့ငည်..။ဟီထျန်က ဟောင်ထျန်ထက် အနည်းငယ် အားနည်းသော်လည်း ကွာဟမူ သိပ်မရှိပေ..။

တစ်ဖက်လူ ဘယ်မှာလည်းဆိုတာ သိသွားတာနဲ့ ပိုင်ချီပြောလိုက်သည်..။

"ဒီလူက နဂါးသွေးကြောတိုက်ကြီးကို ဒီတိုင်းဖြတ်သွားတာလား.."

ဟောင်ထျန် အံကို ကြိတ်လိုက်ပြီး..

"မာစတာ ကျွန်တော်ကို ဒီလူဆီက နတ်ဆိုးစုစည်းမူ ပုလဲကို လုယူပေးလို့ရလား.."

ကျန်းချန်ရှန်း :

"မင်းက နတ်ဆိုးစုစည်းမူ ပုလဲနဲ့ ဘာလုပ်မလို့လဲ.."

"ကျွန်တော် နတ်ဆိုးတွေကို စုစည်းပြီး မာစတာရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်..။တကျန်းက လူသားတွေကို အုပ်ချုပ်ပြီး ကျွန်တော်က နတ်ဆိုးတွေကို အုပ်ချုပ်မယ်..။ဒီဟာ အောင်မြင်သွားတာနဲ့ ကမ္ဘာကြီးက ငြိမ်းချမ်းသွားပြီ..။ဒါဆို မာစတာလင်း အင်မော်တယ်တစ်ယောက် အဖြစ် ကမ္ဘာကို ကာကွယ်လို့ရပြီလေ.."

ဟောင်ထျန် ကျေနပ်သည့် အသံနှင့်ပြောနေခဲ့၏..။သူ့ အစီစဥ်က ပြီးပြည့်စုံသည်ဟု ခံစားရသည်..။

ဟီထျန် အော်လိုက်သည်..။

"ငါလည်း နတိဆိုးတွေကို အုပ်ချုပ်ချင်တယ်.."

"ငါက နတ်ဆိုး အင်ပါယာ လုပ်မယ် မင်းက ဒုတိယ နတ်ဆိုး အင်ပါယာ လုပ်.."

"ဒုတိယ နတ်ဆိုး အင်ပါယာလား..။ကောင်းပြီလေ..."

ဟောင်ထျန် နဲ့ ဟီထျန် ​ကြွားဝါနေတာကို နားထောင်ရင်း ပိုင်ချီဟာ ရယ်မောလိုက်သည်..။

"ဒါတို ငါက ဘာလုပ်ရမှာလဲ.."

ဟောင်ထျန် ကြည့်လိုက်ပြီး ပြောလိုက်ည်..။

"မင်းက မာစတာကိုပဲအလုပ်ကျွေးပြုလေ..။ဘာတွေ တွေးနေတာလဲ..။ကိုယ့်ရဲ့ မူလ ရည်ရွယ်ချက်ကို စွန့်ပယ်ဖို့ တွေးနေတာလား.."

ပိုင်ချီ : .......

All Chapters