← Chapters

ကြီးမြတ်သည့် ဗာဂျရာ နတ်ဘုရား ခန္တာကိုယ် ၊ နဂါးပြောင်းလဲခြင်း ရေကန်

Vol. 13 Ch. 195

ကြီးမြတ်သည့် ဗာဂျရာ နတ်ဘုရား ခန္တာကိုယ် ၊ နဂါးပြောင်းလဲခြင်း ရေကန်

Vol. 13 Ch. 195

ကျန်းချန်းရှန် သည် ဟောင်ထျန်၏ တောင်းဆိုမူကို သဘောမတူခဲ့ပေ..။သူက ငယ်သေးတာကြောင့် နတ်ဆိုးစုစည်းမူ ပုလဲကို မကိုင်တွယ်နိုင်မှာ စိုးရိမ်မိ၏..။

ကျန်းချန်ရှန်းသည် မိုးကာအင်္ကျီနှင့်လူ၏ လှုပ်ရှားမူများကိုသာ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်..။

ပိုင်ချီ နှင့် ဟောင်ထျန် တို့သည် စတင်ငြင်းခုန်နေကြ၏..။ဟီထျန် တော့ ပိုင်ချီ၏ အမြီးကို ခြေထောက်နှင့်ကန်ရင်း ပိုင်ချီ ဒေါသထွက်လာအောင် လုပ်နေခဲ့သည်..။ဒီနှစ်ကောင်က အတော်လေး ဆိုးဝါ၏..။

ကျန်းချန်ရှန်း၏ အကြည့်အောက်မှာတော့ နတ်ဆိုးမြွေများဟာ သမုဒ္ဒရာထဲတွင် ကူးခတ်နေကြသည်..။

ဝါးတစ်ချောင်းပေါ်တွင် ရပ်နေသည့် မိုးကာအင်္ကျီနှင့် လူကြီးဟာ..မြောက်ဘက်ကို လှမ်းကြည့်လိုက်သည်..။သူ သည် သမုဒ္ဒရာ ၏ အဆုံးတွင် တိုက်ကြီးတစ်ခု၏ အစွန်းကို တွေ့နေရသည်..။

.

သူ လက်တစ်ဖက်ကို မြှောက်ပြီး ဝေ့ယမ်းလိုက်သည်..။ချက်ချင်းပဲ ထောင်ချီတဲ့ ပင်လယ်မြွေတွေဟာ မူလအုပ်စုမှ ခွဲထွက်ပြီး နဂါးသွေးကြောတိုက်ကြီးကို ဦးတည်သွားခဲ့၏..။

"တာအိုဘိုးဘေး..မင်းရဲ့ ခွန်အားကို အရင်ကြည့်ရတာပေါ့.."

လူကြီးဟာ ရေရွတ်လိုက်သည်..။သူ အရှိန်ကို မြင့်တင်လိုက်သည့်အချိန်တွင် ကြီးမားသည့် မြွေစစ်တပ်ကြီးက နှစ်ခြမ်းကွဲသွားခဲ့သည်..။တစ်ခြမ်းက သူ့နောက်ကို လိုက်လာပြီး တစ်ခြမ်းကတော့..တကျန်း၏ ကမ်းရိုးတန်းများကို တိုက်ခိုက်ဖို့ ထွက်သွားခဲ့၏..။

"အချိန်ကျပြီ.."

ဒီငနဲက အချိန်တော့ ဆွဲမနေခဲ့ပေ..

ဟုတ်တာပေါ့...သူ့အမြင်မှာတော့ ကျန်းချန်ရှန်းက သူ့ကို စောင့်ကြည့်နေတာကို ဘယ်လိုသိနိုင်မှာလဲ..။ကျန်းချန်ရှန်းက သူ့ကို တိုက်ခိုက်မယ် ဆိုရင်တောင်..သူ ပြသနာရှာမှာကို စောင့်နေရဦးမည်ဖြစ်သည်..။

သူ့ပုံစံကို ကြည့်ရသလောက်တော့ သူက အနောက်ဘက် သမုဒ္ဒရာကို ဦးတည်သွားနေခြင်းဖြစ်သည်..။သူက တကျန်းကို လမ်းကြုံ ဝင်တိုက်ခိုက်ခြင်းဖြစ်၏..။

တစ်ခြားလူတစ်ယောက်ယောက် ဆိုလျင် သူက ကမ်းရိုးတမ်းကနေ လွတ်မြောက်နိုင်ပေလိမ့်မည်..။

ကံဆိုးချင်တော့ ဒီလူက သူနဲ့တွေ့ခဲ့၏..။

ကျန်းချန်ရှန်းဟာ ပထမဆုံးအနေနဲ့ ရွှေရောင် သလင်းကျောက် သစ်ရွက်ကို ပစ်လွှတ်လိုက်ပြီး..နောက် နေပစ်ခွင်းသည့် နတ်ဘုရား လေးကို ထုတ်လိုက်သည်..။

ဒီမြင်ကွင်းက သားရဲသုံးကောင်ကို ဆွဲဆောင်သွားခဲ့၏..။ဟောင်ထျန်ဟာ သူ့ရှေ့မှာ နတ်ဆိုးစုစည်းမူ ပုလဲ ရှိနေသလို စိတ်လှုပ်ရှားလာခဲ့သည်..။

ကျန်းချန်ရှနိးဟာ သူ့လက်ထဲမှာ လေးကို ကိုင်ထားပြီး လေးကြိုးကို ဆွဲလိုက်၏..။မြားအလင်းဟာ..တောက်ပလာပြီး မြူခိုးထဲကတေ တဆငိ့ ပျောက်ကွယ်သွားခဲ့သည်..။ဒါက မြိုတွေ ကို ကျော်ဖြတ်ပြီး ကမ်းရိုးတန်းဆီကို ဦးတည်သွားခဲ့ခြင်းဖြစ်သည်..။မရေမတွက် နိုင်တဲ့ မြို့သားတွေ သိုင်းပညာရှင်တွေဟာ ဒီမြင်ကွင်းကို မြင်တွေ့ခဲ့ကြရသည်..။

တကျန်း ၊ အနောက်တောင်ဘက် ကမ်းရိုးတန်းတွင်..။

ကမ်းရိုးတနထး ဆိပ်ကမ်းတွင် ငါးဖမ်းသင်္ဘောများ ဆိုက်ကပ်ထားခဲ့သည်..။ငါးဖမ်းသမား များဟာ ဒီနေ့အတွက် အကျိုးအမြတ်ကို တွက်ချက်နေကြ၏..။

"ဘာကြီးလဲ.."

အပေါ်အင်္ကျီမဝတ်ထားသည့် ဂတုံးနှင့်လူတစ်ယောက်သည် နေရာတစ်ခုကို ညွှန်ပြပြီး အော်ဟစ်လိုက်သည်..။ဒါက သူတစ်ယောက်တည်းမဟုတ်ပေ..။လူတွေ အများကြီးဟာ..ပိုပိုပြီး သတိထားမိလာကြသည်..။

သူတို့ ဂတုံးနဲ့လူကြီး ညွှန်ပြသည့်နေရာကို ကြည့်လိုက်ရာ လှိုင်းလုံးများကို မြင်လိုက်ကြရ၏..။သူတို့ဟာ အရိပ်တွေ အများကြီး ကူးခတ်လာသည်ကို မြင်နေကြရသည်..။

ဘန်း..

ကြိီးမားသည့် ပင်လယ် မြွေကြီးတစ်ကောင်ဟာ ကောင်းကင်ကို ပျံတက်လာပြီးအားလုံးရဲ့ အာရုံကိုဖမ်းစားသွားခဲ့သည်..။

"နတ်ဆိုးသားရဲတွေ.."

တစ်စုံတစ်ယောက် ထိပ်လန့်စွာ အော်လိုက်သည်..။သူတို့ အများစုဟာ ထိပ်လန့်တကြားထွက်ပြေးကြပြီး..ခြေချော်ကာ ရေထဲပြုတ်ကျမူများလည်း ရှိနေခဲ့သည်..။

အဲ့အချိနိမှာပဲ..။

အလင်းရောင်တစ်ခုဟာ ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့သည်..။ဒီအလင်းရောင်က သူတို့ကို လျင်မြန်တဲ့ အရှိန်နဲ့ ကျော်တက်သွားပြီး..ရေကူးခတ်လာကြတဲ့ နတ်ဆိုးသားရဲများအပေါ်ကို ကျရောက်သွားခဲ့၏..။

ဘန်း ဘန်း ဘန်း..

ဒီနားတစ်ဝိုက်မှာ ပေါက်ကွဲမူတွေ ဆက်တိုက်ဖြစ်လာခဲ့ပြီး လူအများကြီးဟာ သူတို့၏ ခေါင်းတွေကို လှည့်ကြည့်လိုက်ကြသည်..။

အလင်းရောင်ကြောင့် ဖြစ်ပေါ်လာသည့် ပေါက်ကွဲမူများကြောင့် ကမ္ဘာကြီး၏ အရောင်တောင် ပြောင်းသွားခဲ့သည်..။ကြီးမားသည့် လေပြင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး အနီးနားက သင်္ဘောတွေကိုပါ ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါသွားခဲ့သည်..။

တစ်ချိန်တည်းတွင်..။

သိပ်မဝေးတဲ့ နေရာတွင်တော့ မိုးကာအင်္ကျီနဲ့လူကြီးကို ပင်လယ်မြွေတွေ အများကြီး ဝန်းရံနေခဲ့၏..။သူ အံ့ဩစွာ မျက်မှောင်ကျုတ်လိုက်ပြီး..

"တကျန်းက အတော်လေးကို အားကောင်းနေပြီလား.."

သူ ကမ်းရိုးတန်းက တိုက်ပွဲ၏ အော်ရာကို ခံစားမိသည်..။ဒါက အတော်လေးကို အင်အားကောငိး၏..။သူပို့လိုက်သည့် နတ်ဆိုးမြွေများမှာ သေကုန်လောက်ပေပြီ..။

ဒါက တာအိုဘိုးဘေး လို့တော့ သူမထင်ပေ..။သူ့အမြင်တွင် တာအိုဘိုးဘေး သတိထားမိရင်တောင် ဒီ ကမ်းရိုးတန်းကိလာဖို့ အတွက် အချိန်တစ်ခု ယူရမည်ဖြစ်သည်..။ဒီကနေ စီ စီရင်စု အထိဆိုရင် အနည်းဆုံး မိုင်တစ်သိန်းကျော်လောက် ရှိ၏..။

မိုးကာ အင်္ကျီနှင့်လူသည် မသက်မသာခံစားလိုက်ရသည်..။တစ်ဖက်လူက တာအိုဘိုးဘေး မဟုတ်ရင်တောင် အတော်အားကောင်းတဲ့လူ ဖြစ်လောက်သည်..။

သူ ကမ်းရိုးတန်းကနေ အရှိန်မြင့်ပြီး ထွက်ခွာဖို့ လုပ်လိုက်၏..။

ဝှစ်

ရုတ်တရက် လေကို ထိုးခွင်းသည့် အသံတစ်ခုကို ကြားလိုက်ရသည်..။

လူကြီးသည် မသိစိတ်ကနေ လှမ်းကြည့်လိုက်မိသည်..။သူ့ရဲ့ ခမောက်ကို ပင့်တင်လိုက်သည့် အချိန်မှာတော့ အေးစက်သည့် မျက်လုံးတစ်စုံဟာ ထွက်ပေါ်လာခဲ့၏..။

သူ လက်က်ို မြှောက်တော့မည့် အချိန်မှာပဲ

ရွှစ်

ရွှေရောင် ကျောက်သလင်း သစ်ရွက်ဟာ သူ့လည်ချောင်းကို ထိမှန်ပြီး သွေးများဖြာထွက်သွားသည်..။

မိုးကာနှင့်လူကြီးဟာ အေးခဲသွားခဲ၏..။သို့ပေမယ့် နောက်တစ်စက္ကန့်အတွင်းမှာပဲ သူ လေပေါ်ကို ပျံတက်လိုက်ပြီး ခန္တာကိုယ်ကို လှည့်လိုက်သည်..။သူ လက်သီးကို ဆုပ်လိုက်ပြီး ခန္တာကိုယ်မှ ကောင်းကင်အဆင့်အစစ်အမှန်ချီကို ပေါ်ထွက်လာစေခဲ့၏..။ကျယ်ပြန့်သည့် သမုဒ္ဒရာကြီးဟာ ကောင်းကင်ကို မြောက်တက်လာသယောင် ရှိနေခဲ့ပြီး..သူ့ပုံစံက ရေထဲမှာ ဓားတစ်ချောင်း ရပ်နေသ လို့တောင် ထင်မှတ်ရသည်..။

ရွှေရောင် သစ်ရွက်ဟာ ရွှေရောင် တောက်သွားပြီး လျင်မြန်တဲ့ အရှိန်နဲ့ လူကြီး၏ ရှေ့ကို နောက်တစ်ကြိမ် ပြန်ရောက်လာခဲ့သည်..။

မိုးကာ အင်္ကျီနဲ့လူကြီးဟာ ချက်ချင်း ရှောင်တိမ်းလိုက်၏..။ဒီတစ်ကြိမ်တွင် သူက ရွှေရောင်သစ်ရွက်ကို အမှန်တကယ်ပဲ ရှောင်တိမ်းနိုင်ခဲ့သည်..။ယင်းနောက် သူ ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး..ရွှေရောင် သလင်းကျောက် သစ်ရွက်ကို လှမ်းဖမ်းဖို့ လုပ်လိုက်သည်..။

အဝေးတစ်နေရာမှာတော့ ကျန်းချန်ရှန်း မျက်မှောင်ကျုတ်လိုက်၏..။

ရွှေရောင်သစ်ရွက်နဲ့ ရန်သူကို မသတ်နိုင်တာက ဒီတစ်ကြိမ် ပထမဆုံးအကြိမ်ဖြစ်သည်..။

ဒါက ကောင်းကင် ခြောက်ခု နယ်ပယ် ပညာရှင်ရဲ့ ခွန်အားလား.

လူကြီးဟာ..ရွှေရောင် သစ်ရွက်ကို ဆုပ်ကိုင်ဖို့ ကြိုးစားလိုက်တဲ့ အချိန်မှာပဲ သစ်ရွက်ဟာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏..။

လူကြီးဟာ အနောက်ဘက်ကို ချက်ချင်းပြန်လှည့်လိုက်သည်..။သူ့၏ ခြေထောက်တွင်တော့ အစစ်အမှန်ချီ များ ရစ်ပတ်နေပြီး ကန်ချက်တစ်ခုကို ထုတ်လိုက်၏..။

ကန်ချက်သည် ရွှေရောင် သစ်ရွက်ကို တိကျစွာပဲ ထိသွားကာ ဘေးကို လမ်း​ကြောင်းလွဲသွားခဲ့သည်..။

ကျောင်းဝန်းထဲတွင်..။

ကျန်းချန်ရှန်း နေပစ်ခွင်းသည့် နတ်ဘုရားလေးကို နောက်တစ်ကြိမ် မြှောက်လိုက်ပြီး..ရေရွတ်လိုက်သည်..။

"အတော်သန်မာတာပဲ..။ဒါဆိုလည်း လေးလေးနက်နက် လုပ်ပေးရတာပေါ့.."

ဒါကိုပြောပြီးနောက်တွင် ..အလင်းတန်းတွေ ထွက်ပေါ်နေတဲ့ မြားနှင့် သူ နောက်တစ်ကြိမ် ပစ်လိုက်သည်..။မြားဟာ လောင်ချီ တောင်ကုန်းကနေ ထွက်ခွာသွားတာနဲ့ ပျောက်ကွယ်သွားခဲ့၏..။

မိုးကာ အင်္ကျီနှင့်လူကြီးကတော့ ရွှေရောင်သစ်ရွက်နှင့် တိုက်ခိုက်နေတုန်းဖြစ်သည်..။ရွှေရောင် သစ်ရွက်က သူ့ကို သတ်လို့ မရဖြစ်နေပြီး သူကလည်း ဒီအရာကို ဖမ်းဆုပ်ထားဖို့ အတွက် မလွယ်ကူခဲ့ပေ..။ရွှေရောင်သစ်ရွက် နဲ့ တိုက်ခိုက်သည့် အချိန်တွင် လူကြီးဟာ သူ့ရဲ့ သိုင်းပညာများကို အသုံးပြုလို့ မရပဲ..ကိုယ်ပိုင် ကျွမ်းကျင်မူ များကိုသာ အသုံးပြုနေရ၏..။

"သစ်ရွက်တစ်ရွက်နဲ့တင် သန်မာလွန်းတယ်..။တာအိုဘိုးဘေး..."

မိုးကာ အင်္ကျီနှင့်လူကြီးဟာ..တိတ်တဆိတ်ထိပ်လန့်သွားခဲ့သည်..။တာအိုးဘိုးဘေးက သူ့ကို ဘယ်လိုရှာတွေ့သွားလည်း ဆိုတာကို သူ မသိတော့ပေ..။တာအိုဘိုးဘေး တစ်ယောက်တည်းသာ ဒီလို မခန့်မှန်းနိင်သည့် နည်းလမ်းများကို သုံးန်ိုင်ပေလိမ့်မည်..။

သူ ဒီအရာကို အမြန်အဆုံးသတ်ရန် လိုအပ်၏..။

လူကြီးဟာ..သူ၏ မျက်လုံးနှင့် အစစ်အမှန် ချီကို အာရုံစိုက်လိုက်ပြီး ခန္တာကိုယ် အကာအကွယ်တစ်ခု ဖော်ထုတ်လိုက်သည်..။သူ၏ အော်ရာဟာ ရုတ်တရက် မြင့်တက်လာခဲ့ပြီး အလျင်အမြန်ပဲ ရွှေရောင် သစ်ရွက်ကို ဖမ်းဆီးနိုင်သွားခဲ့သည်..။

သူ ရွှေရောင်သစ်ရွက်ကို လက်နှစ်ဖက်နှင့် ဖမ်းချုပ်ထားခဲ့ပြီး..သူ၏ အတွင်း ချီ ဖြင့် တည်ငြိမ်အောင် ထိန်းဖို့ ကြိုးစားနေခဲ့သည်..။

ရွှေရောင် သစ်ရွက်ဟာ သူ့လက်ထဲကနေ အချိန်မရွေး လွတ်ထွက်သွားတော့မလို အပြင်းအထန်တုန်ရီနေခဲ့သည်..။

လူကြီးဟာ..စိုးရိမ်သွားခဲ့သည်..။သူ၏ ရှေးဟောင်း သိုင်းပညာ နည်းစနစ် များကို အသုံးပြုပြီး ဖြစ်ပေမယ့် ဒီအရာကို အခုထိ အထိန်းချုပ်နိုငိသေးပေ..။

ရုတ်တရက်..

အရမ်းကို ပြင်းထန်သည့် ဖိအား တစ်ခုဟာ ဆင်းသက်လာခဲ့၏..။လူကြီးဟာ သူ၏ မသိစိတ်က လွတိမြောက်ချင်ခဲ့ပေမယ့် ပြင်းထန်သည့် အလင်းရောင်တစ်ခုဟာ ကောင်းကင်ပေါ်ကနေ ဆင်းသက်လာပြီး သူ့ကို နစ်မြုပ်သွားခဲ့သည်..။

ပြင်းထန်သည့် အလင်းတန်းဟာ သမုဒ္ဒရာထဲကိုထိုးဆင်းလာပြီး ကြမ်းပြင်အထိ ထိုးဖို့ သွားခဲ့၏..။ဒီ အလင်းတန်း၏ အရှိန်ကြောင့် ပေ တစ်ထောင်ကျော် လှိုင်းများဖြစ်ပေါ်လာခဲ့သည်..။

မရေမတွက်နိုင်သည့် ပင်လယ်မြွေများ အသတ်ခံကြရပြီး အလျင်အမြန်ပဲ..သမုဒ္ဒရာတစ်ခုလုံး သွေးများ နီရဲသွားခဲ့သည်..။အဲ့အချိန်မှာပဲ အနက်ရောင် ပင်လယ်မြွေတစ်ကောင်ဟာ ကလေး လက်သီး အရွယ်ရှိ ပုလဲလေးတစ်လုံးနှင့် အပေါ်ကို တက်လာခဲ့ပြီး ချက်ချင်းပဲ သမုဒ္ဒရာထဲကို ပြန်ငုပ်သွားခဲ့သည်..။

ပြင်းထန်သည့် အလင်းတန်းဟာ သမုဒ္ဒရာထဲရှိ အရာတိုင်းကို ဖျက်ဆီးသွားခဲ့ပြီး ရွှေရောင် သလင်းကျောက် သစ်ရွက် သာ လေထဲမှာ ကျန်နေခဲ့သည်..။

ရွှေရောင် သစ်ရွက်တွင် ကျန်းချန်ရှနိး၏ ချီ များ ပါဝင်နေခြင်းကြောင့် ကမ္ဘာဖျက်မြား ဒါရီ ၏ တိုက်ခိုက်ခြင်းကို မခံခဲ့ရပေ..။

မိုးကာအင်္ကျီနှင့်လူကြီးဟာ..သွေးများနှင့် ပြည့်နေခဲ့သည်..။

ရွှေရောင်သစ်ရွက်ဟာ သူ့ကို ချည်နှောင်လိုက်ပြီး ..ဘေးပတ်ဝန်းကျင်ကို လျောက်ပြီး ရှာဖွေလိုက်သည်..။

သို့ပေမယ့် အတော်ကြာအောင် ရှာပြီးတာတောင် နတိဆိုးစုစည်းမူ ပုလဲကို မတွေ့ခဲ့ရပေ..။ဒါကိုမြင်ပြီး သူ လက်လျော့လိုက်ကာ ရွှေရောင်သစ်ရွက်ကို ပြန်ခေါ်လိုက်၏..။

"ဟင်း.."

ကျန်းချန်ရှန်း သက်ပြင်းချလိုက်တာကြောင့် သားရဲသုံးကောင် ထိပ်လန့်သွားကြ၏..။

ဟောင်ထျန် "

"မာစတာ သူ ပြေးသွားပြီလား.."

ကျန်းချန်ရှန်း ခေါင်းခါယမ်းလိုက်သည်..။

"သူက မပြေးဘူး..ဒါပေမဲ့ အဲတာက ပြေးသွားပြီ.."

ရွှေရောင်သစ်ရွက်က ဒီလူကို ချက်ချင်း မသတ်နိုင်ခဲ့သည့် အတွက် သူ အနည်းငယ်တော့ စိတ်ပျက်နေခဲ့သည်..။

.

ဒါပေါ့ သူ ဒါကိုတော့ ထုတ်ပြောမှာမဟုတ်ပေ..။

မကြာခင်မှာပဲ ရွှေရောင် သစ်ရွက်ဟာ ပြန်ရောက်လာခဲ့၏..။

ကျန်းချန်ရှန်း ဟာ မိုးကားအင်္ကျီနှင့်လူကို လွှတ်ပေးလိုက်ပြီး ..မြေကြီးပေါ် ပစ်ချလိုက်သည်..။သားရဲသုံးကောင်ဟာ ထိပ်လန့်သွားပြီး ချက်ချင်းဒီလူကို ကြည့်လိုက်ကြသည်..။

လူကြီးဟာ..သူ့ရဲ့ ခေါင်းကို ခက်ခက်ခဲခဲမော့ပြီး..မျက်လုံးကို တစ်ဖက်ကို ဖွင့်လိုက်သည်..။သူမြင်လိုက်ရသည့်အရာက ဝံပုလွေတစ်ကောင်နှင့် ကြောင်နှစ်ကောင်ဖြစ်၏..။

" ချီးပဲ..."

လူကြီးဟာ သူ့၏ ကြွက်သားနှင့်အရိုးများ ကျိုးကြေနေပြီး..အစစ်အမှန် ချီများ ပြန့်ကျဲနေပြီဖြစ်သည်..။သူ သေခြင်းနှင့် တိုက်ပွဲဝင်နေရပြီဖြစ်၏..။

ကျန်းချန်ရှန်း ပိူင်ချီကို ဘေးကို တွန်းလိုက်ပြီး ဒီလူရှေ့ကို လာလိုက်သည်..။သူ ပုံရိပ်ယောင် နတ်ဘုရား၏ မျက်လုံးကိာ အသုံးပြုလိုက်ရာ လူကြီးဟာ ချက်ချင်း မိန်းမောသွားခဲ့သည်..။

"ပြောပါဦး..နတ်ဆိုးစုစည်းမူ ပုလဲက ဘယ်မှာလဲ.."

လူကြီးဟာ ပြန်ဖြေလိုက်သည်..။

"ဒါကို မြွေဘုရင်က ယူသွားပြီ.."

"မြွေဘုရင်ကို ဘယ်လိုရှာရမလဲ.."

"သူက ကမ္ဘာဖျက်ဆီးခြင်း သစ်ပင် ရှိတဲ့နေရာကို သွားလ်ိုက်မယ်.."

ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်လား..

ကျန်းချန်ရှန်း ပြန်စဥ်းစားလိုက်သည်..။

ကမ္ဘာဖျက်ဆီးခြင်း သစ်ပင်သည် ကမ္ဘာကိုတုန်လှုပ်စေခဲ့သည့် နတ်ဆိုးမွေးဖွားခဲ့သည်ဟု ယုယန်ယီ ပြောခဲ့သည့် နေရာဖြစ်ပုံရသည်..။ဒီလူကြီးကို ဖန်ထျန်းအင်ပါယာက ကျန်းချန်ရှန်းကို စိတ်ခေါ်ဖို့ လွှတ်လိုက်ခြင်း ဖြစ်သည်..။သို့ပေမယ့် သူက ကျန်းချန်ရှန်း ၏ စွမ်းအားကို ခံစားမိတာကြောင့် ကြောက်ရွံ့ပြီး အချိန်အတော်ကြာ မတိုက်ခိုက်ရဲ ဖြစ်နေခဲ့၏..။

သို့ပေမယ့် လတ်တလော တွင် ကမ္ဘာဖျက်ဆီးခြင်း သစ်ပင် ပေါ်လာတာကြောင့်သူ အဲဒီကို အရင်သွားကြည့်ရန် ဆုံးဖြတ်ခဲ့၏..။

သူ တကျန်းကို ဖြတ်သန်းသွားသည့် အချိန်တွင် ပြသနာ အနည်းငယ် ဖန်တီးချင်မိသွားခဲ့သည်..။

ကံဆိုးစွာပဲ....

ပိုင်ချီ ဟောင်ထျန် နဲ့ ဟီထျန် တို့ဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်..။

သူတို့က တာအိုဘိုးဘေးရဲ့ ခွန်အားကို ပဲ ချီးကျူးရမလား..ဒီလူရဲ့ အလေးမထားမူကိုပဲ အပြစ်တင်ရမလား မသိတော့ပေ..။

ကျန်းချန်ရှန်း မေးခွန်း အချို့ထပ်မေးလိုက်သည်..။ယင်းနောက် သူ စုပ်တံ ၊ မှင် နဲ့ စက္ကူကို ယူပြီး လူကြီးကို သူ၏ သိုင်းကျမ်း အား ချရေးခိုင်းလိုက်၏..။

မိုးကာ အင်္ကျီနှင့် လူကြီ၏ ရှေးဟောင်း သိုင်းပညာ နည်းစနစ်မှာ ဗာဂျရာ နတ်ဘုရား ခန္တာကိုယ် ကျင့်စဥ်ဖြစ်သည်..။ဒီသိုင်းပညာက သူ၏ ခန္တာကိုယ် ခွန်အားကို တဖြည်းဖြည်းချင်း တိုးတက်လာခဲ့စေပြီး ကြီးမြတ်သည့် ဗာဂျရာ နတ်ဘုရား အကာအကွယ် ဖြစ်လာစေခဲ့သည်..။သူ အသုံးပြုလိုက်သည်နှင့် သူ၏ ခန္တာကိုယ် ခွန်အားများ တဟုန်ထိုး တိုးတက်လာခဲ့သည်..။ဒါကြောင့်လည်း သူက ရွှေရောင်သစ်ရွက်၏ အမြန်နှုန်းကို မှီပြီး ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်၏..။

ဟောင်ထျန် နဲ့ ဟီထျန် တို့ဟာ ဒီလူကြီးက သူ့ရဲ့ လျိုဝှက်သိုင်းကျမ်း ကို ချရေးနေတာကြည့်ရင်း အံ့ဩသင့်နေကြသည်..။အဲ့အချိန်မှာတော့ တာအိုဘိုးဘေးအပေါ် သူတို့၏ လေးစားမူဟာ မြင့်တက်လာခဲ့ပြီဖြစ်သည်..။

ပိုင်ချီကတော့ ဒီအရာနဲ့ အသားကျနေပြီဖြစ်သည်..။

သူမ၏ သိစိတ်က ဒီလူဟာ ရီယွမ်ထက် ပိုသန်မာကြောင်း ပြောနေခဲ့သည်..။

"ရွှန်းထျန် ခေတ် ၃၃ နှစ်မြောက် ။နဂါးပြောင်းလဲခြင်း စံအိမ်မှ အကြီးအကဲ ဇူဝူဂျီသည် မြွေစစ်တပ်ကို အသုံးပြုပြီး တကျန်း၏ ကမ်းရိုးတန်းကို တိုက်ခိုက်ခဲ့သည်..။ကံကောင်းချင်တော့ သင်၏ လုပ်ရပ်ကြောင့် လူအများကြီးကို ကယ်တင်နိုင်ခဲ့၏..။သင်ဟာ ကံတရား၏ အကြောင်း အကျိူးကို ဖြတ်တောက်ခဲ့သောကြောင့် ရှင်သန်မူ ဆုလာဒ်ကို ရခဲ့သည်..။မှော်ရတနာ : ရွှေရောင် ကျောက်သလင်း သစ်ရွှက် x 6 "

[ ရွှန်းထျန်းခေတ် ၃၃ နှစ်မြောက်။နဂါးပြောင်းလဲခြင်း စံအိမ်မှ အကြီးအကဲ ဇူဝူဂျီသည် တကျန်းကို ဆန့်ကျင်ပြီး သင့်ကို သတ်ဖြတ်ရန် ရည်ရွယ်ချက်များ ရှိခဲ့သည်..။သို့ပေမယ့် သင်ဟာ အရင်တွေ့ရှိခဲ့ငည်..။သင်ဟာ ဒီစိန်ခေါ်မူကို ကျော်ဖြတ်နိုင်ခဲ့ခြင်းကြောင့် ရှင်သန်မူ ဆုလာဒ်ရရှိခဲ့သည်..။ စိတ်ဝိဥာဥ် ပစ္စည်း , နဂါး ပြောင်းလဲ ခြင်း ရေကန် ]

ကျန်းချန်ရှန်း မျက်လုံးရှေ့တွင် စာကြောင်းနှစ်ကြောင်း ပေါ်လာခဲ့သည်..။

"နဂါး ပြောင်းလဲခြင်း ရေကန် " တဲ့လား..

သူ ဒီအရာကို ချက်ချင်း မစူးစမ်းကြည့်သေးပေ..။အဲဒီအစား ဇူဝူဂျီ ရေးနေသည့် သိုင်းကျမ်းကိုသာ ကြည့်နေခဲ့၏..။

ညနေဆည်းဆာကို ရောက်လာခဲ့သည်..။

ဇူဝူဂျီဟာ သိုင်းကျမ်းတွေ အများကြီးကို တစ်ထိုင်တည်း ချရေးနေခဲ့ပေမယ့် သူ၏ အသက်စွမ်းအားက တစ်ဝက်တစ်ပျက်တင်ပဲ ပြတ်တောက်သွားခဲ့သည်..။သို့ပေမယ့် ကျန်းချန်ရှန်းဟာ သူ၏ ပြန်လည်နုပျိုစေသည့် ဂါထာနှင့် ကယ်တင်ထားခဲ့၏..။

ဇူဝူဂျီ ရေးတဲ့ သိုင်းကျမ်းတွေက ပိုပိုပြီး ဆိုးဝါးလာတာကြောင့် ကျန်းချန်ရှန်း စိတ်မရှည်တော့ပဲ..ပုံရိပ်ယောင် နတ်ဘုရား မျက်လုံးကို ရုတ်သိမ်းလိုက်သည်..။

ဇူဝူဂျီ လုံးဝ သေဆုံးသွားခဲ့၏..။

ကျန်းချန်းရှန်း အလောင်းကောင်ကို ကြည့်နေရင်း ရုတ်တရက် သူတစ်ခါမှ မကြိုးစားကြည့်ခဲ့ဖူးသည့် အကြံဥာဏ်ကို ရလိုက်သည်..။

ဇူဝူဂျီက ကိုယ်ကျင့်တရားတွေကို ဂရုစိုက်တတ်တဲ့လူ မဟုတ်ပေ..။ဒီလူက သူ့လူတွေကို အစုလိုက်အပြုံ လိုက် သတ်ဖြတ်ချင်ခဲ့တာကြောင့် သေရမည်ဖြစ်သည်..။

သို့ပေမယ့် မသေခင်မှာတော့....

Hope You would satisfy!!!

Thanks!!!

All Chapters