← Chapters

အခန်း (၃၈၀)

Vol. 32 Ch. 380

အခန်း (၃၈၀)

Vol. 32 Ch. 380

ဝေါယာဉ်မှာ ဖြေးညှင်းစွာနှင့်ပင် တော်ဝင်နန်းတော်၏ အရှေ့သို့ ရောက်လာခဲ့ပါသည်။

သူတို့ ရောက်လာသည့်အခါတွင်တော့ သူတို့ကို အစောင့်များက တားဆီးခြင်းကို ခံလိုက်ရပါသည်။

ယင်ချန်းလီက သူ၏ သရုပ်မှန်ကို ကြေငြာခဲ့သော်လည်း အစောင့်များမှာ သူ့နာမည်ကို ကြားဖူးဟန်မရှိသောကြောင့် သူ့အား မင်းသားတပါးအဖြစ်လည်း အသိအမှတ်မပြုပါချေ။ တယောက်ယောက်က မင်းသားတပါးဟန်ဆောင်ပြီးတော့ ပြသနာရှာနေသည်ဟုပင် သူတို့က သံသယဝင်နေခဲ့ပါတော့၏။

လီချန်ချင်းက ဤနေရာ၌ ရှိနေသည်မှာ အင်မတန် ကံကောင်းသွားပါသည်။ လီချန်ချင်းက ယင်ဖန်းချီ ပေးထားသည့် အမိန့်ပြားကို ထုတ်ပြလိုက်သောအခါမှသာ လူတိုင်းက ဒူးထောက်ချလိုက်ပြီး ဝေါယာဉ်ကို ဝင်ခွင့်ပြုခဲ့ပါ၏။

ကျယ်ပြန့်လှသော တော်ဝင်နန်းတော်တွင် လူတိုင်းလိုလိုက ဝေါယာဉ်ဝင်လာသည်ကို သတိပြုမိလိုက်ကြပါသည်။

နန်းတွင်းသူများ၊ ကုန်းကုန်းများအားလုံးသည် ဝေါယာဉ်ဖြတ်သန်းသွားသည်အခါတွင် ကမန်းကတန်းလမ်းဖယ်ပေးကာ ခေါင်းကို ငုံ့ထားကြပါသည်။ ဝေါယာဉ်ကျော်သွားမှသာ ဆက်လက်၍ လှုပ်ရှားဝံ့ကြပါသည်။

လွန်စွာမှကို အဆင့်အတန်းမြင့်မားသူများသာလျှင် နန်းတွင်း၌ ဝေါယာဉ်ကို စီးကာ ဝင်ရောက်နိုင်သောကြောင့်ဖြစ်သည်။

ထိုခွင့်ပြုမိန့်မှာလည်း မင်းကြီးကိုယ်တိုင် ချမှတ်ပေးထားခြင်း ဖြစ်ပေမည်။

ယင်ဖန်းချီမှာ ညီလာခံပြီးရုံရှိသေးသည်။ လီချန်ချင်းရောက်လာမည် ဖြစ်သောကြောင့် ဟွမ်ယန်နန်းဆောင်ကို အသင့်ပြင်ထားစေလိုက်၏။

ယင်ဖန်းချီက ခပ်မြန်မြန်ပင် လီချန်ချင်းနှင့် တွေ့ခဲ့ပါသည်။

ဟွမ်ယန်နန်းဆောင်၌ လီချန်ချင်းက ယင်ချန်းလီနှင့် အတူတူ ထိုင်နေခဲ့သည်။ ယင်ချန်းလီက စိတ်အဆင်ပြေမနေချေ။

“စိတ်မပူပါနဲ့”

“ကိုယ့်ဖခင်နဲ့ ကိုယ်တွေ့တာများ ဘာစိတ်ပူစရာရှိလို့လဲ”

လီချန်ချင်းက ယင်ချန်းလီကို အေးအေးဆေးဆေး ဖျောင့်ဖျနေခဲ့သည်။ သူကိုယ်တိုင် လီဟမ်ရှန်းနှင့် မတွေ့ခင်တုန်းက ဘယ်လောက်ကြောက်ဒူးတုန်ခဲ့သည်ကိုတော့ သူက လုံးဝကို မေ့လျှော့နေခဲ့ချေပြီ။

ယင်ချန်းလီထက်ပင် သူ့အခြေအနေက ဆိုးခဲ့ပါသည်။

“လူကြီးမင်းချန်ချင်း”

ထိုအခိုက်တွင် ယင်ဖန်းချီ၏ အသံမှာ အပြင်မှ ထွက်ပေါ်လာခဲ့ပါသည်။

နန်းတွင်းသူများနှင့် ကုန်းကုန်းများမှာ ချက်ချင်းဒူးထောက်လျက် ယင်ဖန်းချီကို ကြိုဆိုနှုတ်ဆက်ကြပါ၏။

သို့သော် ယင်ဖန်းချီက အရေးပင်မလုပ်ပဲ၊ လီချန်ချင်းထံသို့ တိုက်ရိုက်လာခဲ့ပါသည်။

“အရှင်မင်းကြီး” လီချန်ချင်းက ခေါင်းညိတ်ကာ အသိမှတ်ပြုလိုက်သည်။

ထိုအခိုက်တွင် ယင်ဖန်းချီက မတ်တပ်ထရပ်လိုက်ပြီး ယင်ဖန်းချီအရှေ့တွင် ဒူးထောက်ကာ ဓလေ့ထုံးထမ်းအတိုင်း ဂါရဝပြုလိုက်ပါ၏။

ထိုအခိုက်မှသာ လီချန်ချင်း ခေါ်လာသည့် လူငယ်လေးကို ယင်ဖန်းချီက သတိပြုလိုက်ပါသည်။

“သူက နည်းနည်းတော့ မြင်ဖူးသလိုပဲ”

ယင်ဖန်းချီက သူ့အရှေ့ရှိ လူငယ်လေးကို ကြည့်ရင်း‌ ရေရွတ်လိုက်သည်။ သူ့မျက်နှာအမူအရာမှာ ဝေခွဲမရနိုင်ဖြစ်နေပါသည်။ ထိုကလေးကို တနေရာရာ၌ မြင်ဖူးနေသလိုဖြစ်နေခဲ့၏။

လီချန်ချင်းက ဆွံ့အသွားခဲ့ပါသည်။

“ဖခမည်းတော်ကို နှုတ်ခွန်းဆက်သပါတယ်”

ယင်ချန်းလီက အရိုအသေပေးလိုက်၏။

ထိုခေါ်ဆိုမှုကို ကြားသောအခါမှ ယင်ဖန်းချီက အံ့အားသင့်သွားသည့် အမူအရာထွက်ပေါ်လာသည်။ သူ့ကို ဒီကလေးက ဖခမည်းတော်လို့ ခေါ်လိုက်တာမဟုတ်လား

“မင်းက မင်းသား၁၁လား”

ယင်ဖန်းချီက ယခုမှသာ သူ့အရှေ့က လူငယ်ကို မှတ်မိသွားဟန်ရှိ၏။

“ဟုတ်ပါတယ် ခမည်းတော်”

ယင်ချန်းလီက ခေါင်းကို မော့ခြင်းမရှိပဲ၊ လေးစားစွာ ပြောလိုက်၏။

“အဝေးကို ရောက်နေတာ ကြာမြင့်ပြီဖြစ်လို့၊ အခု အရိုအသေလာပေးတာပါ”

“ထလော့”

ယင်ဖန်းချီ၏ အကြည့်မှာ တဖြေးဖြေးနှင့် တည်ငြိမ်လာခဲ့သည်။ သူက လီချန်ချင်းကို တချက်စိုက်ကြည့်ကာ

“လူကြီးမင်းချန်ချင်းက ကျုပ်ရဲ့ သားတော်နဲ့ သိနေတဲ့ပုံပဲ”

“ကျုပ်တို့ နှစ်ဦးသိခဲ့တာ အတော်ကြာရောပေါ့”

လီချန်ချင်းက ခံစားချက်မဲ့စွာ ဆိုလိုက်သည်။

“ဖခမည်းတော်၊ လူကြီးမင်းချန်ချင်းက သားတော်ကို အသက်ကယ်ခဲ့တာ အကြိမ်ကြိမ်ပါပဲ”

ယင်ချန်းလီက ယင်ဖန်းချီကို ပြောလိုက်ပါသည်။

ထိုစကားကြောင့် ယင်ဖန်းချီက အံ့အားသင့်သွားခဲ့ပြီး ဆက်လက်၍ မေးမြန်းခဲ့သည်။

ယင်ချန်းလီက အကျည်းချုံးသာ ရှင်းပြခဲ့ပြီး ပြည့်စုံအောင် မပြောပြခဲ့ပါ။ ထာဝရရှင်သန်ခြင်းဂိုဏ်းဟူသည့် အမည်ပါလာသော အခါတွင်တော့ ယင်ဖန်းချီ၏ အမူအရာမှာ အနည်းငယ်လေးနက်သွားခဲ့သည်။

ထာဝရရှင်သန်ခြင်းဂိုဏ်းမှာ လူတိုင်းက ရွံရှာနေကြပါသည်။ မြောက်ပိုင်းအေးခဲနိုင်ငံတော်အထိပါ သူတို့၏ လက်တံများက ရောက်လာလိမ့်မည်ဟု ယင်ဖန်းချီက မထင်ထားခဲ့ပါချေ။

ယခု ခံရသူမှာ သူ၏ သွေးသားပင် ဖြစ်သည်။

ထိုကလေးက သူအရေးပေးသော သားမဟုတ်ရင်တောင်မှ၊ ထိုကလေးက မြောက်ပိုင်းအေးခဲနိုင်ငံတော်၏ တော်ဝင်သွေးဖြစ်ပါသည်။

“ကျေးဇူးတင်ပါတယ် လူကြီးမင်းချန်ချင်း”

ယင်ဖန်းချီက လက်သီးဆုပ်ကာ ပြောလိုက်ပါသည်။

“ပြသနာမရှိပါဘူး။ ချန်းလီက အရမ်းဉာဏ်ကောင်းတယ်။ ကျုပ်က သူ့ရဲ့ ကြိုးစားချင်စိတ်ကို သဘောကျတယ်”

လီချန်ချင်းက ရွှင်ပျစွာ ပြောလိုက်သည်။

“သူက မပြန်တာ နှစ်အရမ်းကြာနေပြီလေ။ သူ့အမေနဲ့ ဘာလို့ပေးမတွေ့တာလဲ။ သူ့အမေကို ဒီကလေးက လွမ်းနေတာ ကြာပြီပေါ့”

“ရတာပေါ့” ယင်ဖန်းချီက လီချန်ချင်း၏ စွက်ဖက်မှုကို စိတ်ထဲမထားပေ။

ယင်ချန်းလီ၏ မိခင်ဖြစ်သူမှာ ရွှမ်မိဖုရားဖြစ်သည်ကို သူက သတိရသွားခဲ့လေ၏။ ထိုမိဖုရားကို သူသွားမတွေ့သည်မှာ နှစ်အတော်ကို ကြာမြင့်ခဲ့ချေပြီ။

“ဒါဆိုရင် ကျုပ်ကို ခွင့်ပြုပါဦး”

“လူကြီးမင်းချန်ချင်း ကျွန်တော်လည်း သွားပါတော့မယ်”

ယင်ချန်းလီက ထွက်သွားတော့မည့်အချိန်တွင် လီချန်ချင်းက ပြောလိုက်၏။

“နေပါဦး”

“လူကြီးမင်း?”

ယင်ချန်းလီက လီချန်ချင်းအား လှမ်းကြည့်လိုက်သည်။

လီချန်ချင်းက ယင်ဖန်းချီကို ကြည့်ကာ ပြောလိုက်ပါသည်။

“ချန်းလီက နန်းတော်ထဲမှာ မရှိတာ အရမ်းကြာနေပြီ။ နန်းတော်ထဲက ဘယ်သူမှ သူ့ကို မှတ်မိမှာမဟုတ်ဘူး။ ကျုပ်ကြောင့်သာ မဟုတ်ရင် သူက နန်းတော်ဂိတ်တံခါးကိုတောင် ကျော်နိုင်မှာမဟုတ်ဘူး။ မင်းကြီးအနေနဲ့၊ သူ့အမေရဲ့ အဆောင်ကို ပို့ဖို့ သူ့ကို လမ်းပြတယောက်ယောက် ထည့်ပေးလိုက်သင့်တယ်”

“ပြောတာ အဓိပ္ပာယ်ရှိတယ်”

ယင်ဖန်းချီက သူ၏ အစေခံကုန်းကုန်းကို လှမ်းခေါ်လိုက်သည်။

ထိုကုန်းကုန်းအား ယင်ချန်းလီ၏ မိခင်ရှိရာအဆောင်သို့ လိုက်ပို့ပေးရန်အတွက် အမိန့်ပေးလိုက်၏။

“ပြီးတော့ ကျုပ်က မင်းကြီးနဲ့ အရေးကြီးစကားပြောဖို့ ရှိပါတယ်”

“ကျေးဇူးပြုပြီး ပြောပါ၊ လူကြီးမင်း”

ယင်ဖန်းချီက ခေါင်းညိတ်ပြသည်။

“ကျုပ်တို့ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ အချက်အလက်ဌာနက အရမ်းကို တိုးတက်နေပြီ။ အဲ့ဒါကြောင့် သတင်းအချက်အလက်တွေ၊ လျို့ဝှက်ချက်တွေကိုလည်း အရင်ကထက် အများကြီး ရှာဖွေရရှိနိုင်နေပြီ။ အနာဂတ်မှာ မင်းကြီးတို့နိုင်ငံက အချက်အလက်တွေ လိုအပ်ရင်၊ ကျုပ်တို့လုပ်ငန်းကို လာဝယ်နိုင်ပါတယ်။ ပြီးတော့ မင်းကြီးအနေနဲ့ ကျုပ်တို့ သတင်းအချက်အလက်ဌာနကို ကြေငြာမှုပြုလုပ်ပေးနိုင်မယ်ဆိုရင် မင်းကြီးကို ကျုပ်နာမည်နဲ့ လျှော့ဈေးပေးမှာပါ”

“ပြီးတော့ အချက်အလက်အတွက် တန်ဖိုးက စန်းယွမ်ခန်းမထက် အများကြီးသက်သာမှာပါ”

လီချန်ချင်းက စိတ်အားတက်ကြွစွာဖြင့် ပြောဆိုနေခဲ့သည်။

ပိုင်တုနှင့် ကျန်းဝမ်လျိုက စန်းယွမ်ခန်းမမှာ ရှိကြမယ်ဆိုတော့ လီချန်ချင်းအတွက် အချက်အလက်ခိုးဖို့က လွယ်ကူနေပြီလေ။

သူက စန်းယွမ်ခန်းမက အချက်အလက်တွေကို ရောင်းချဖို့ကြံနေခဲ့ပြီ။ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ အချက်အလက်ဌာနကို ဖွင့်လှစ်ပြီးသည့်နောက်တွင်မှသာ အချက်အလက်များကို ရယူခြင်းက မလွယ်ကူကြောင်းကို လီချန်ချင်းက စတင်၍ သိလာခဲ့တော့၏။ ကုန်သွယ်ရေးလုပ်ငန်းစုတခုအနေနှင့် ယေဘူယျသတင်းအချက်အလက်များကို စုဆောင်းရန်မှာ မခက်ခဲသော်ငြား၊ ပို၍များပြားသောအချက်အလက်များနှင့် လျို့ဝှက်ချက်များကိုတော့ ရရှိရန်မှာ ခက်ခဲပါသည်။

အချက်အလက်များကို စန်းယွမ်ခန်းမမှ ခိုးထုတ်ခြင်းကြောင့် လီချန်ချင်းမှာ ငတက်ပြားအကြီးစားကြီး ဖြစ်နေခဲ့ပါပြီ။

ထိုအရာနှင့် ပတ်သက်ပြီး လီချန်ချင်းက လုံးဝကို မရှက်ပါချေ။ မည်သူမှ ဝင်ရောက်နိုင်ခြင်းမရှိ၊ သူလျိုထည့်သွင်းနိုင်ခြင်းမရှိသော စန်းယွမ်ခန်းမကို လီချန်ချင်းက ရအောင် ထိုးဖောက်နိုင်ခဲ့သည် မဟုတ်ပါလား

ထို့အပြင် သူနှင့် ထျန်းဟိုင်မြို့၏ ဆက်ဆံရေးမှာလည်း ကောင်းမွန်လှသည်မဟုတ်ပေ။ သူ့အား ကျားစေ့တစေ့လို အသုံးချနေသောလူမှာ ထျန်းဟိုင်မြို့တွင် ရှိမည်ဟု လီချန်ချင်းက ဝေဝေဝါးဝါး ခန့်မှန်းမိပါသည်။

စန်းယွမ်နယ်မြေသခင်နှင့်ပင် ဆက်နွယ်နေပုံရပါ၏။

ထိုအရာကို လီချန်ချင်းက စစချင်းတုန်းက မတွေးခဲ့မိပါ။ သို့သော် လီဟမ်ရှန်းက ယွဲ့ဟန်ကျွင်း၏ သားအရင်းဖြစ်ကြောင်းကို လောရှောင်ချွမ်က ပြောပြပြီးသည့်နောက်တွင်တော့ သူ့နောက်ကွယ်တွင် ကြီးမားသော ပူးပေါင်းကြံစည်မှုကြီးက ထျန်းဟိုင်မြို့တွင်ရှိနေပါသည်ဟု လီချန်ချင်းက သေချာလာခဲ့ပါသည်။

သူ့ကို ကစားနေသူမှာ စန်းယွမ်နယ်မြေသခင်မဟုတ်လျှင်၊ ယွဲ့ဟန်ကျွင်းဖြစ်ရမည်။

ထိုရလဒ်ကြောင့် လီချန်ချင်းက မိမိကိုယ်ကို မိမိ လွန်စွာ သံသယဝင်လာခဲ့၏။

လီဟမ်ရှန်းက ယွဲ့ဟန်ကျွင်း၏ သားအရင်းဆိုလျှင် ဒီအရှုပ်အထွေးထဲမှာ လီချန်ချင်းဆိုတဲ့သူက ဘယ်နေရာမှာ ပါနေတာလဲ။

သူ.. ဘယ်သူလဲ?

All Chapters