အခန်း (၃၈၁)
Vol. 32 Ch. 381
ကျန်းထျန်းယွမ်က လီဟမ်ရှန်းဆီကနေပြီးတော့ ရှာနေတာက ဘာများဖြစ်မလဲ။ လီဟမ်ရှန်းထံမှ ကျန်းထျန်းယွမ်က တစ်စုံတစ်ခုကိုရှာဖွေနေသည်ဟု လောရှောင်ချွမ်းက ပြောခဲ့ပါသည်။
ဒါပေမဲ့ ကျန်းထျန်းယွမ်ကိုယ်တိုင်ရောက်လာပြီး ရှာဖွေသည့်တိုင် သူလိုချင်တာကိုမရသွားခဲ့ပါချေ။ အဲဒါဆိုရင် ကျန်းထျန်းယွမ် ရှာနေတဲ့အရာကဘယ်ကိုရောက်သွားလဲ။ ထိုလျို့ဝှက်ချက်များကို လီချန်းချင်းက သိလိုနေခဲ့၏။ ယခုလိုမျိုး ရက်စက်လှသောလောကကြီးတွင် လူသားများက တစ်ဦးပေါ်တစ်ဦးအခွင့်ရေးယူကြမည်သာဖြစ်ပါသည်။ အမှန်တရားဆိုသည်မှာ အလကားသာဖြစ်၏။ မင်းမှာ စွမ်းအားသာရှိလျင် လုပ်ချင်တာများအားလုံးကို အကျိုးအကြောင်း စဉ်းစားစရာမလိုဘဲလုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။
ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို အင်အားတိုးမြှင့်အောင်လုပ်ခြင်းက သူကို့အသက်ရှင်သန်နိုင်ခြေ ပိုများအောင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။
ယင်ဖန်းချီက လီချန်းချင်း၏စကားကိုကြားသော် သူကအနည်းငယ်တော့ မမျှော်လင့်ခဲ့ပါချေ။ ယနေ့မနက်တွင်လီချန်းချင်းက သေရည်များစွာသောက်သုံးပြီး ပြောချင်ရာတွေပြောနေသည်ဟု သူက ထင်မြင်မိခဲ့ပါ၏။ ချင်ချင်းကုန်သွယ်ရေးလုပ်ငန်းက ငွေကြေးများစွာကို အလွယ်တကူရှာနိုင်သောစွမ်းရည်ရှိသည်ကို ယင်ဖန်းချီကသိပါ၏။ သူတို့၏လတ်တလော အသစ်ထွက်ထား သော တဟောင်ပေါင်လက်ဖက်ခြောက်မှာလည်း လွန်မင်းစွာ ကျော်ကြားနေခဲ့ပြီး မြောက်များစွာသော အမြတ်ငွေများကို ယူဆောင်နိုင်ခဲ့ပါသည်။
ဒါပေမဲ့ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ အချက်အလက်ဌာနကတော့ လွန်စွာမှကိုစွမ်းအားကြီးမားလှကာ ကျော်ကြားသည်ဟု သူကမကြားဖူးခဲ့ပါ။
ထို့အပြင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက အရှေ့ပိုင်းဆိတ်ငြိမ်ခြင်း နယ်မြေကြီးတွင်သာရှိပြီး ထိုနေရာရှိအချက်အလက်များကိုသာ ရယူနိုင်စွမ်း ရှိသည်မဟုတ်ပါလား။
ချန်ချင်းကုန်သွယ်ရေး လုပ်ငန်းက အနောက်ပိုင်း၊ တောင်ပိုင်းနှင့် တစ္ဆေမျိုးနွယ်များ ရှိရာဒေသကို မတိုးချဲ့ရသေးပါချေ။ ယင်းနေရာမှ သတင်းအချက်အလက်များကို ရရှိရန်မှာမူ ပို၍ပင် မဖြစ်နိုင်သေးပါချေ။ အဲဒါကိုတောင်မှ လီချန်းချင်းက မည်သည့်သတင်းအချက်အလက်ကိုမဆို သူ့၌ဝယ်ယူ၍ရနိုင်ပါသည်ဟု လေကြီးမိုးကြီးနှင့် ဘာကြောင့်ကြွားဝါနေရတာလဲ။ ယဉ်ကျေးမှုအရ ယင်ဖန်းချီက ထိုအကြောင်းအရာများကို ထောက်ပြခြင်းမပြုခဲ့ပါချေ။
အချိန်အနည်းငယ်ကြာအောင်တွေးတောပြီးသည့်နောက်မှ ယင်ဖန်းချီက ပြောလိုက်ပါသည်။
“ကောင်းပြီလေ။ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ အချက်အလက်ဌာနက ဒီလောက် တောင်မှ စွမ်းအားကြီးမားတယ်ဆိုလို့ရှိရင် တစ်ခုခုအကူအညီလိုတိုင်း လူကြီးမင်းချန်းချင်းဆီကိုလာပြီး အကူညီတောင်းရတာပေါ့။ ပြီးတော့ ကျုပ်ကိုယ်တိုင်လည်း သိချင်နေတဲ့သတင်းအချက်အလက်ရှိတယ်။ လူကြီးမင်းချန်းချင်းက ကျုပ်ကို ဖြေရှင်းပေးလို့ရမလား။”
“ပြောကြည့်လေ”
ယင်ဖန်းချီက သူ့အားမယုံကြည်မှန်းကို လီချန်းချင်းက သိပါသည်။ ထို့ကြောင့် ယင်ဖန်းချီကို ယုံကြည်စေရန်အတွက် ယခုအချိန်က သက်သေပြရန် အချိန်ကောင်းဟု လီချန်းချင်းကတွေးတောမိပါ၏။
သူ၏သတင်းအချက်အလက်ဌာနကအောင်မြင်သွားခဲ့ပါက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ဂုဏ်သတင်းကြော်ကြားမှုမှာ နောက်တစ်ဆင့်သို့တိုးမြှင့်သွားမည်ဖြစ်ပါသည်။ မသိလိုက်မသိဘာသာဖြင့် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းမှာ တဖြေးဖြေးနှင့်အင်အားတောင့်တင်းလာခဲ့ပြီဖြစ်၏။ လုပ်ငန်းက နှေးကွေးစွာဖြင့် အင်အားကြီးသိုင်းပညာရှင်များကို တဖြေးဖြေးနှင့် စုဆောင်းနေခဲ့ပါသည်။
သူတို့က အရှေ့ပိုင်းစိတ်ငြိမ်ခြင်းဒေသကြီးတွင် တိုးတိတ်စွာဖြင့် လူမသိသူမသိအင်အားတောင့်တင်းလာခဲ့ပါသည်။ ထိုကဲ့သို့ မိမိတို့၏အင်အားကို သိုဝှက်ပြီး အားကြီးလာမည့်နည်းလမ်းကို လီချန်းချင်းက အခြေချခဲ့ခြင်းလည်းဖြစ်ပါ၏။
ထိုနည်းလမ်းမှာ လူတိုင်း၏အာရုံကို ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ စီးပွားရေးအောင်မြင်မှုအပေါ်၌ အာရုံစိုက်ထားစေခြင်း လည်းဖြစ်ပါသည်။ လူတိုင်းကချန်ချင်း ကုန်သွယ်ရေးလုပ်ငန်း၏ ငွေရှာနိုင်မှု၊ အမြတ်အစွန်းများစွာရရှိနိုင်မှုတို့နှင့် ထူးဆန်းသော ထုတ်ကုန်များ အပေါ်၌ အာရုံရောက်နေစဉ်တွင် နောက်ကွယ်၌ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းမှာ စွမ်းအားကြီး သိုင်းပညာရှင်များကိုတိတ်တဆိတ်စုဆောင်းနေခဲ့ပါသည်။
ယန်ပါးထောင်နှင့် ကျောက်ရီချိုး တို့၏ပူးပေါင်းဆောင်ရွက်မှု အောက်တွင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းမှာ စီးပွားရေး လောက၌ အောင်မြင်မှုရရှိယုံသာမက ကျင့်ကြံချင်းအဆင့် မြင့်မားသော ကျင့်ကြံသူများကိုပါ လက်အောက်ထဲသို့ ဆွဲသွင်းနိုင်ခဲ့ပါသည်။ မူလအဆင့်ကျင့်ကြံသူများမှာ အယောက် ၂၀ ကျော်ခန့်သည် ချန်ချင်း ကုန်သွယ်ရေးလုပ်ငန်း လက်အောက်သို့ရောက်ခဲ့ပြီဖြစ်၏။ မူလအဆင့် အထွက်အထိပ်များမှာမူ ၄ဦး ရှိသည်။ ထိုစွမ်းအားများ ကိုစုဆောင်းလိုက်ပါက တော်ရုံတန်ရုံ သာမာန်ဂိုဏ်း တစ်ဂိုဏ်းထက် သူတို့ကုန်သွယ်ရေးလုပ်ငန်းစုအင်အားမှာ သာလွန်သည်ဟုပြောလို့ရပါသည်။
ထို့အပြင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ နောက်ကွယ်၌ ချင်းလဲ့ဓားသခင်လိုမျိုး စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးကလည်း ထောက်ပံ့ပေးထားပါ၏။ ချင်းလဲ့ဓားသခင်သည် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ ပင်မထောက်တိုင်ကြီး တစ်ခုဖြစ်ပါ၏။ နောက်ထပ်ထပ်ပေါင်းရသော် ကျန်းဖူကွမ်း လည်းရှိပါသေး၏။ ကျန်းဖူကွမ်းက ချန်ချင်းကုန်သွယ်ရေး လုပ်ငန်းထဲသို့ ပေါ်ပေါ်ထင်ထင်မဝင်ရောက်သေးသည့်တိုင် လောလောဆယ်၌သူက လီချန်းချင်း၏လက်အောက်တွင်အလုပ် လုပ်ပေးနေသည်ဖြစ်၏။
မူချင်းကောကလည်း သူတို့၏အင်အားစုထဲသို့ ဝင်ရောက်ခဲ့ပြီးဖြစ်သည်။ သူမ၏ကျင့်ကြံအဆင့်ကလည်း မူလအဆင့်အထွက်ထိပ်တွင် ဖြစ်သည်။ ထို့အပြင်နောက်ထပ် ရွှယ်ချင်းပိုင်လည်း ရှိပါသေး၏။ ရွယ်ချင်းပိုင်က သစ္စာတရားကြီးမားသော သိုင်းသမား တစ်ဦးဖြစ်သည်ကို လီချန်းချင်းကသိပါ၏။ လီချန်းချင်းက လွန်စွာတန်ဖိုးကြီးမားလှသော ရတနာတစ်ခုကို ရွှယ်ချင်းပိုင်ကို လက်ဆောင်ပေးလိုက်ပြီဖြစ်သောကြောင့် ရွှယ်ချင်းပိုင်ကချန်ချင်းကုန်သွယ်ရေးလုပ်ငန်းထဲသို့ မဝင်ရောက်သည့်တိုင် လိုအပ်သည့်အချိန်၌ အင်တိုက်အားတိုက်ကူညီပေးမည်ဟုသူက လီချန်းချင်းက ယုံကြည်ထားပါသည်။
ယခုအခြေအနေမှာ အရှေ့ပိုင်းစိတ်ငြိမ်ခြင်းနယ်မြေကြီးတစ်ခုလုံးက ထိုကဲ့သို့သောအင်အားစုများက လူမသိသူမသိဘဲ ကြီးထွားလာလိမ့်မည်ဟု မည်သူကမျှ သတိထားမိကြမည် မဟုတ်ပါချေ။ ကုန်သွယ်ရေးလုပ်ငန်းစုကို အယောင်ပြတည်ထောင်ပြီး နောက်ကွယ်၌အင်အားစုကြီးတစ်ခုက တိတ်တဆိတ်နှင့် ကြီးထွားလာခဲ့ပါသည်။
ထိုမျှပင်မကသေးပါချေ ချန်ထင်မြို့၏မြောက်များစွာ သောမိသားစုများမှ မျိုးဆက်သစ်လူငယ်များသည် ၎င်းတို့၏ကျင့်ကြံခြင်း ခွန်အားများမှာအဆမတန်တိုးပွားလာခဲ့ပါသည်။ အတိတ်တုန်းကတော့ သာမာန်မိသားစုများက ကျင့်ကြံသူများဖြစ်ရန်အတွက် ခက်ခဲလွန်းလှပါသည်။ အဘယ်ကြောင့်ဆိုသော်ထိုမိသားစုများတွင် ကောင်းမွန်သော ပန်းချီရတနာများမရှိသောကြောင့်ဖြစ်ပါ၏။
ထို့ထက်အရေးကြီးသည်က၎င်းတို့၌ကျင့်ကြံခြင်း အရင်းအမြစ်များလုံလောက်စွာမရှိသောကြောင့်ဖြစ်သည်။ ယခုတွင်တော့ ထိုကဲ့သို့မဟုတ်တော့ပါ။ ချန်ထင်မြို့၏မိသားစုကြီးသုံးခုကိုမပြောနဲ့အုံး၊ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ နောက်လိုက်နောက်ပါအစွယ်အပွားများဖြစ်သော မိသားစုများပင်လျှင် အမြတ်အစွန်းများစွာ ရရှိခဲ့ပြီး ချမ်းသာနေကြပြီဖြစ်ပါ၏။ ထိုမိသားစုများ၏ မိသားစုဝင်များ မျိုးဆက်သစ်များသည် ယခင်တုန်းကဆိုလျှင် အရင်းအမြစ်များ ရရှိရန်အတွက် အကြီးအကျယ်တိုက်ခိုက်လုယက်ခဲ့ရသော်လည်း ယခုတွင်တော့ အရင်းအဖြစ်များမှာ တစ်ဦးတစ်ယောက်စီအတွက် လုံးလောက်ခြင်းထက်ပင် ပိုလျှံနေခဲ့ပြီးဖြစ်ပါသည်။
ထို့ကြောင့် ၎င်းတို့၏ကျင့်ကြံချင်းအဆင့်များကလည်း သဘာဝအတိုင်းပင် တိုးပွားလာခြင်းဖြစ်ပါသည်။ ထို့အပြင် လီချန်းချင်းကလည်း ထိုမျိုးဆက်သစ်လူငယ်များ၏ စိတ်ခွန်အားကို နှိုးဆွပေးခြင်သောကြောင့် ဆုလာဒ်များကို ကြေငြာခဲ့ပါ၏။
ချန်ထင်မြို့တွင်ရှိသော မည်သည့်မိသားစုက မိသားစုဝင်များပင် ဖြစ်ပါစေ၊ ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ချိုးဖျက် ဝင်ရောက်နိုင်ခဲ့ပါက ပန်းချီရတနာတစ်ခုကို ဆုချီးမြှင့်မည်ဟုသူက မြို့တစ်မြို့လုံးအား ကြေငြာထားခဲ့ပါ၏။ ထိုကဲ့သို့သော ဆုလာဒ်ကြောင့် ကြားသိရသော ကျင့်ကြံသူများအားလုံးကို လွန်စွာစိတ်အားတက်ကြွ သွားစေခဲ့ပါသည်။ လူတိုင်းက မိမိတို့၏ကျင့်ကြံခြင်းကို အားစိုက်ကာ ကျင့်ကြံလာခဲ့ကြပါ၏။
ဆုလာဒ်များကို ရက်ရက်ရောရောပေးခြင်းက ရဲရင့်သော သူများကို ဖြစ်ထွန်းစေသည်ဟု လီချန်းချင်းက ယုံကြည်ထားပါသည်။ ထိုကဲ့သို့သော ဆုလာဒ်များကိုပေးပါက ကျင့်ကြံသူများ အားလုံးကို ကျင့်ကြံခြင်းလမ်းစဉ်အားပို၍ ဝေးဝေးသွားနိုင်မည်ဟုလီချန်းချင်းက တွေးထားပါသည်။
တော်ဝင်နန်းတော်မှ ထွက်ခွာလာပြီးနောက်ပိုင်းတွင် လီချန်းချင်းက ချန်ချင်းစံအိမ်တော်သို့ ပြန်လာခဲ့ပါသည်။ အိမ်သို့ရောက်သည်နှင့် သူက ကျန်းဖုကွမ်းကို ချက်ချင်းပင်ခေါ်ဆောင်လိုက်ပါ၏။
“မင်းဆေးဘုရင်တောင်ကြားကို ငါ့အစားသွားပေးပါလား။”
လီချန်းချင်းက ကျန်းဖုကွမ်းကို ပြောလိုက်ပါ၏။
“ကောင်းပါပြီ။”
ကျန်းဖုကွမ်းက အကြောင်းပြချက်ကိုပင်မေးမနေပါချေ။ လီချန်းချင်းကပြောသည်နှင့်သူကလုပ်မည်သာဖြစ်ပါ၏။
“ဆေးဘုရင်တောင်ကြားရဲ့ လက်ရှိအခြေအနေကို တစ်ချက်လောက်စစ်ဆေးကြည့်လိုက်။ ငါအဲဒီကိုအရင်တုန်းကသွားခဲ့ဖူးတယ်။ ဒါပေမဲ့ ငါရောက်သွားတဲ့အချိန်မှာ ဂိုဏ်းတစ်ဂိုဏ်းလုံးက အကုန်လုံးသုတ်သင်ခံလိုက်ရပြီ။ တောင်ထိပ်သခင် တစ်ပါးကလွဲလို့ ကျန်တဲ့သူတွေအကုန်သေကုန်ပြီ။ အသက်ရှင်ကျန်တဲ့သူဆိုလို့ ဘယ်သူမျှမရှိဘူး”
“ ဒါပေမဲ့ ရက်တော်တော်ကြာတဲ့အထိတောင်မှ၊ ဒီနေ့အထိပေါ့ ဘာသတင်းအချက်အလက်မျှမပျံ့လာသေးဘူး။ အဲဒါနဲ့ပတ်သက်ပြီး ငါနည်းနည်းစိတ်ပူတယ်။ တစ်ခုခုကလွဲနေတယ်လို့ထင်တယ်”
လီချန်းချင်းက ညွှန်ကြားလိုက်ပါသည်။ ပုံမှန်ဆိုလျှင်ထိုကဲ့သို့သော အခြေအနေများကိုစုံစမ်းရန်အတွက် လီချန်းချင်းက မိုးကြိုးငှက်များကို စေလွှတ်မည်ဖြစ်၏။ သို့သော် ဆေးဘုရင်တောင်ကြား၌ မိုးကြိုးငှက်များက နှစ်ကြိမ်သုံးကြိမ်ခန့် ပေါ်လာသည်ကို တစ်ခြားသူများ မြင်ပါက သံသယများကြီးလာမည်ဖြစ်ပါ၏။ ထို့ကြောင့်ယခုအချိန်တွင် လီချန်းချင်းက ကျန်းဖုကွမ်းကိုတိုက်ရိုက်ပင် အမိန့်ပေးခဲ့ခြင်းဖြစ်ပါသည်။
ကျန်းဖုကွမ်း၏ ခွန်အားနှင့်ပတ်သက်ပြီးတော့ လီချန်းချင်းက စိတ်မပူပါချေ။ ထိုအပြင်ကျန်းဖုကွမ်းကို သူက ပန်းပုရတနာတစ်ခုလည်း ပေးထားပြီဖြစ်ပါ၏။ မဟာသိုင်းဂိုဏ်းအဆင့်ကျင့်ကြံသူနှင့်ပင် ရင်ဆိုင်ရပါလျှင်တောင် ကျန်းဖုကွမ်းကို ၎င်းတို့က ဘာတစ်ခုမျှလုပ်နိုင်မည်မဟုတ်ပါ။ ဆေးဘုရင် တောင်ကြားတစ်ခုလုံး ဂိုဏ်းလုံးကျွတ် သုတ်သင်ခံလိုက်ရပြီဟူသော သတင်းကိုကြားသောအခါ ကျန်းဖုကွမ်းလိုမျိုး ရိုးသားသည့်သူပင်လျှင် လွန်မင်းစွာ ထိတ်လန့်အံဩသွားခဲ့ရပါ၏။
စန်းယွမ်နယ်မြေကြီးတွင် ဆေးဘုရင်တောင်ကြားသည် အဓိကဂိုဏ်းကြီးတစ်ခုဟု သတ်မှတ်၍ရပါသည်။ ထို့အပြင် ဆေးဘုရင်တောင်ကြား၏ ဆေးကုသမှုများမှာ လွန်စွာမှကို စွမ်းအားကြီး၏။ ယင်းတို့၏ဂုဏ်သတင်းများမှာလည်း စန်းယွမ်နယ်မြေကြီး တစ်ခုလုံးတွင် ကျော်ကြားကာ ကောင်းမွန်လှပါ၏။ ဆေးဘုရင်တောင်ကြားရဲ့ဆက်ဆံရေး ကောင်းမွန်သော ဂိုဏ်းများစွာတို့ကလည်းရှိပါတယ်။ အကူညီတစ်ခုခုလိုအပ်ပါက ဆေးဘုရင်တောင်ကြားကသာ အကူညီတောင်းမည်ဆိုလျှင် ဆေးကုသခြင်းကြောင့်အကြွေးတင်နေကြသော ဂိုဏ်းများစွာက အပြေးအလွှားရောက်လာပြီး ကူညီပေးကြမည်ဖြစ်ပါသည်။
ထိုကဲ့သို့သောအဆက်အသွယ်ကောင်းမွန်သည့်
စွမ်းအားကြီးမားသည့် ဂိုဏ်းတစ်ဂိုဏ်းကလူမသိသူမသိ အသုတ်သင်ခံလိုက်ရခြင်းက မယုံကြည်နိုင်စရာပင်ဖြစ်သည်။
ဒါပေမဲ့ ကျန်းဖုကွမ်းက စကားလုံးများကို ဖြုန်းတီးမနေတော့ဘဲ ချက်ချင်းပင်လျှင် ခရီးထွက်ခွာလာခဲ့ပါတော့၏။
ကျန်းဖုကွမ်းထွက်သွားသည်နှင့် လီချန်းချင်းကလည်း ရှီယွင်စန်းကို အစားထိုးရန်အတွက် စတင်ပြင်ဆင် နေပါတော့သည်။ ရှီယွင်စန်းကို အစားထိုးပြီးပါက စန်းယွမ်းခန်းမအတွင်း၌ ပြဿနာတက်နိုင်ခြေ နည်းသွားမည်ဖြစ်သည်။
ပြီးတော့ ယနေ့တွင် ပထမဦးဆုံး အချက်အလက် ဝယ်ယူသူတစ်ဦးက သူ့ထံသို့ရောက်လာပြီဖြစ်သည်။ အချက်အလက်ဝယ်ယူသူမှာ ယင်ဖန်းချီဖြစ်သည်။ ယင်ဖန်းချီသိလိုသော သတင်းအချက်အလက်တစ်ခုရှိပါ၏။
ထိုသတင်းအချက်အလက်မှာ အကြီးစားလျို့ဝှက်ချက်ကြီး ဖြစ်နေသောကြောင့် ထိုသတင်းအချက်အလက်ကို ဝယ်ယူရရှိရင် ဈေးနှုန်းကအဆမတန်ကို မြင့်မားလှပါ၏။
ထိုဈေးနှုန်းကို ယင်ဖန်းချီက မတတ်နိုင်သောကြောင့် ယင်ဖန်းချီက စန်းယွမ်ခန်းမ၌ ဝယ်ယူနိုင်ခြင်းမရှိခဲ့ပါ။
ယနေ့တွင် လီချန်းချင်းက မည်သည့်သတင်းအချက်အလက်ကို မဆိုရယူနိုင်သည်ဟုပြောကြားခဲ့သည်ဖြစ်သောကြောင့် ယင်ဖန်းချီကလည်း စမ်းသပ်ကြည့်ရန် ဆုံးဖြတ်ချက်ချခဲ့ပါသည်။ လီချန်းချင်းက သူသိလိုသော သတင်းအချက်အလက်ကို အမှန်တကယ်ပင်ရှာဖွေနိုင်လို့ရှိရင် သူ့အတွက် ကောင်းမည်မဟုတ်ပါလား။
ယင်ဖန်းချီ၏ ကျင့်ကြံချင်းနည်းလမ်းမှာ ခန္ဓာသန့်စင်ခြင်းနည်းလမ်းဖြစ်ပါသည်။ သူက သူ၏ခန္ဓာကိုယ်ကို သန့်စင်သောခန္ဓာကိုယ်အဖြစ် ကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လှမ်းခဲ့ပါသည်။ ထို့ကြောင့်မူလအဆင့်အထွက်အထိပ်မှ အဆင့်မြင့်ဆရာသခင်အဆင့်သို့ ဝင်ရောက်နိုင်ရန်အတွက် သူကလွန်စွာရှားပါးသောကျင့်ကြံချင်းရတနာတစ်ခုကိုလိုအပ်ပေသည်။