← Chapters

အမြောက်အမြားထုတ်လုပ်ခြင်း

Vol. 64 Ch. 946

အမြောက်အမြားထုတ်လုပ်ခြင်း

Vol. 64 Ch. 946

“မင်းရဲ့ဓားပျံက ဘယ်မှာလဲ... ငါတို့ကို ပြစမ်းပါဦး”

မင်းဟန်က မျက်လုံးပြူး၍ အော်ပြောလိုက်လေသည်။

“သိပ်ပြီးတော့ လောမနေပါနဲ့...”

တည်ငြိမ်သောအမူအရာတစ်ခုနှင့် ဆူဇီမိုက ခဏမျှတုံ့ဆိုင်းပြီးနောက် ဓားပျံတစ်လက်ကို ထိန်းချုပ်ကာ မီးဖိုထဲကနေ ဖြည်းဖြည်းချင်း ကြွတက်လာစေလေသည်။

တစ်စုံတစ်ယောက်က ဤဓားပျံ၏ ဟာကွက်ကိုမမြင်နိုင်ဘူးဆိုလျှင် အရာရာတိုင်းက အဆင်ပြေချောမွေ့သွားပေလိမ့်မည်။

တစ်စုံတစ်ယောက်က တစ်ခုခုလွဲမှားနေသည်ကို ပြောနိုင်မည်ဆိုလျှင် သူက ဓားပျံ ၃၆ လက်စလုံးကို ထုတ်ပြမည်ဆိုလျှင်တောင် ဟာသတစ်ခုဖြစ်နေပေလိမ့်မည်။

လူတိုင်း၏ ရှေ့မှောက်မှာပင် သေးငယ်၍ လက်ရာမြောက်သော ဓားပျံတစ်လက်က ထွက်ပေါ်လာလေသည်။ အဲ့ဒါက နို့နှစ်ဖြူရောင်ဖြစ်ပြီး ငွေအပ်တစ်စင်းနှင့်တူနေလေသည်။

“အဲ့ဒါက.. ဘာလဲ”

“အဲ့ဒါကို ဘယ်လိုလုပ်ဓားပျံလို့ခေါ်နိုင်မှာလဲ...”

“ဟားဟားဟားဟား... အဲ့ဒါက ပန်းထိုးအပ်တစ်ချောင်းဆိုတာ ရှင်းနေတာပဲ... မိုလင်းက ပန်းထိုးအပ်တစ်ချောင်းကို ဖန်တီးပြီးတော့ အပ်ချုပ်သမားလုပ်စားတော့မှာလား”

ငရဲမီးစံအိမ်မှ ကျင့်ကြံသူများက လှောင်ပြောင်ရယ်မောလိုက်ကြလေသည်။

သို့သော်လည်း လက်ရှိကျင့်ကြံသူအများစုက မရယ်နိုင်ကြပေ...

အကြောင်းမှာ သူတို့အများစုသည် နိုးထဝိညာဥ်အဆင့် ပြိုင်စံရှားများဖြစ်နေသောကြောင့်ပင်။ သူတို့က သေချာအာရုံစိုက်ကြည့်သည်နှင်အမျှ ထိုဓမ္မလက်နက်သည် အလွန်တရာသေးငယ်သော်လည်း အဲ့ဒါက အမှန်တကယ်ပင် လက်ရာမြောက်သော ဓားပျံတစ်လက်၏ ပုံစံဆိုတာကို သူတို့ပြောနိုင်ကြလေသည်။

ဒါ့အပြင် ဓားပျံပေါ်မှာ ခပ်ဖျော့ဖျော့ အင်းကွက် ၆ ကွက်ရှိနေလေသည်။

ဓမ္မလက်နက်က အလွန်တရာသေးငယ်သော်လည်း အဲ့ဒါက ဓမ္မအင်းကွက် ၆ ကွက်နှင့်အတူ အမှန်တကယ်ပင် မူလဓမ္မလက်နက်တစ်ခုဖြစ်နေလေသည်။

“ငါတို့အခု... ဘယ်လိုလုပ်ကြမလဲ”

“သူတို့နှစ်ယောက်စလုံးက မူလဓမ္မလက်နက်တွေကို သန့်စင်ထားတာပဲ... သူတို့နှစ်ယောက်စလုံးကို မဟာနတ်ပန်းပဲဆရာဘွဲ့ ပေးရတော့မှာလား... ဒါပေမယ့်လို့ သူတို့နှစ်ယောက်ကြားက အနိုင်ရလဒ်က သိသာရှင်းလင်းမှုတော့ သိပ်မရှိသလိုပဲ”

“ဒါပေမယ့်လို့... အဲ့ဒီလက်နက်ကို သွန်းလုပ်တဲ့နေရာမှာ သူက မင်းဟန်ထက်ပိုပြီးတော့ မြန်နေသလိုပဲ...”

များစွာသော ကျင့်ကြံသူများက ဆွေးနွေးလိုက်ကြလေသည်။

အသွန်းတစ်ရာဂိုဏ်းမှ လူတိုင်းကလည်း စိတ်လှုပ်ရှားတက်ကြွလာကြလေသည်။

အလှည့်အပြောင်းတစ်ခုက ဖြစ်ပေါ်လာလိမ့်မည်ဟု သူတို့က မျှော်လင့်မထားပေ။ မျှော်လင့်မထားသော အလှည့်အပြောင်းက သူတို့အတွက် မျှော်လင့်ချက်လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ပေးလိုက်သည်ဟု ထင်ရလေသည်။

မင်းဟန်က မျက်မှောင်ကြုတ်လိုက်လေသည်။ သူသည် တစ်ခုခုလွဲမှားနေသည်ဟု ခံစားရသော်လည်း ဘယ်ဟာဆိုတာကို အတိအကျ ထုတ်ပြနိုင်ခြင်းမရှိပေ။

သူ၏ ဘေးပတ်လည်မှ ဆွေးနွေးပြောကြားသံများကိုကြားရသောအခါ သူ၏စိတ်က ယောက်ယက်ခက်လာပြီး ရှုပ်ထွေးနောက်ကျိလာခဲ့လေသည်။

“မူလဓမ္မလက်နက်တွေမှာတောင် ခွန်အားကွာခြားချက်ရှိတာပဲ...”

မင်းဟန်က အေးစက်စွာဖြင့် ရယ်မောလိုက်လေသည်။

“မင်းရဲ့ပန်းထိုးအပ်က ငါ့ရဲ့ဓားပျံကိုဘယ်လိုလုပ် ယှဥ်နိုင်ပါ့မလဲ”

“ငါတို့...ယှဥ်ကြည့်လိုက်ရင် သိရမှာပေါ့”

ဆူဇီမိုက ပေါ့ပေါ့ပါးပါးပင်ပြုံး၍ သေးငယ်၍ ကြော့ရှင်းသော ဓားပျံကိုထိန်းချုပ်ကာ မင်းဟန်ဆီသို့ ပစ်ထုတ်လိုက်လေသည်။

လေထဲတွင် အေးစက်စက်အလင်းတစ်ချက်က ဖျတ်ကနဲလက်သွားပြီး ဓားပျံက ချဉ်းကပ်လာခဲ့လေပြီ။

မင်းဟန်က တုန်လှုပ်သွားရ၏...

ဘာကိုမှမစဥ်းစားနိုင်ပဲ သူက စောစောကတင် သွန်းလုပ်ထားသော ဓားပျံကိုဆင့်ခေါ်ထုတ်ကာ ဝင်ရောက်လာသော ဓားပျံကို ခုတ်ပိုင်းချလိုက်လေသည်။

ချွမ်း.....

မင်းဟန်က ဆတ်ကနဲ တုန်ယင်သွားလေသည်။

သူ၏ဓားပျံက သေးငယ်သော ဓားပျံလေးကြောင့် နောက်ပြန်ကန်ထွက်သွားပြီး ၎င်းပေါ်ရှိအရောင်အဝါက သိသိသာသာ မှိန်ကျသွားလေသည်။

လူအုပ်ကြီးက လှုပ်လှုပ်ရှားရှားဖြစ်သွားကြလေသည်။

မင်းဟန်၏ဓားက နောက်သို့ပြန်ကန်သွားခြင်းသည် သူ၏ ဓမ္မစွမ်းအားက ဆူဇီမိုထက် နိမ့်ကျသောကြောင့်ဟု ဆိုနိုင်လေသည်။ သို့သော်လည်း မင်းဟန်၏ဓားပေါ်ရှိ အရောင်အဝါမှိန်ကျသွားခြင်းက ၎င်း၏ဓားသွားသည် ဆူဇီမိုသွန်းလုပ်ထားသော ဓားပျံငယ်ထက် နိမ့်ကျသည်ဟု ဆိုလိုသည်မဟုတ်ပါလား။

ဆူဇီမို၏ ဓားပျံက လေထဲမှာရစ်ဝဲနေပြီး ချစ်ချစ်တောက်ပူလောင်နေသော နေရောင်ခြည်စွမ်းအင်ကို စုပ်ယူနိုင်သည့်အလား နို့နှစ်ဖြူရောင်ဖြင့် တလက်လက်တောက်ပနေလေသည်။ တစ်ခဏချင်းမှာပင် ၎င်း၏အရောင်အဝါက ပို၍ပို၍ တောက်ပလာလေသည်။

ဓားပျံ၏အဆီအနှစ်က မီးပဒေသာကျောက်တုံးဖြစ်လေသည်။

မူလဓမ္မလက်နက်တစ်ခုပင်လျှင် ၎င်းကိုစိန်ခေါ်နိုင်ချင်မှ စိန်ခေါ်နိုင်ပေလိမ့်မည်။

ဆူဇီမိုသည် မီးပဒေသာမျက်လုံးကို နေ့စဥ်နှင့်အမျှ ကျင့်ကြံသောအခါ နေရောင်ခြည်အပေါ်မှာ မှီခိုအားထားရလေသည်။

ချစ်ချစ်တောက်ပူပြင်းသော နေမင်းနှင့် မီးပဒေသာကျောက်တုံးသည် အစကတည်းက တစ်ခုကိုတစ်ခု လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခုရှိကြလေသည်။ ထိုကဲ့သို့သော တစ်စုံတစ်ရာက ဖြစ်ပွားလာသည်မှာ အံ့အားသင့်စရာမဟုတ်ပေ။

သို့သော်လည်း လက်ရှိကျင့်ကြံသူအများစုအတွက်တော့ အဲ့ဒါက အရမ်းကို တုန်လှုပ်စရာကောင်းနေလေသည်။

“အဲ့ဒီဓားပျံလေးက သေးငယ်ပေမယ့်လို့ ပူပြင်းတဲ့နေရောင်ခြည်ကိုဆွဲဆောင်နိုင်တဲ့ပုံပဲ... အဲ့ဒါက တစ်ကယ့်ကို မျက်စိပွင့်နားပွင့်ဖြစ်သွားစေတာပဲ”

“လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲမှာ ငရဲမီးစံအိမ်ကတော့ ရှုံးသွားပြီနဲ့တူတယ်”

ကောင်းကင်ဇင်ယော်ဂိုဏ်း ၊ ကစဉ့်ကလျားအမြုတေဂိုဏ်း နှင့် ဓားဂိုဏ်းမှ ကျင့်ကြံသူများက တဖြည်းဖြည်းသုန်မှုန်လာကြလေသည်။

ငရဲမီးစံအိမ်က ရှုံးနိမ့်သွားမည်ဆိုလျှင် သူတို့က အသွန်းတစ်ရာဂိုဏ်းကို တိုက်ခိုက်ဖို့အတွက် အကြောင်းပြချက်ပေးလို့မရတော့ပေ။

နောင်အနာဂတ်မှာ မည်သို့မည်ပုံဖြစ်လာမည်က ကိစ္စမရှိပေ။ အနည်းဆုံးတော့ အသွန်းတစ်ရာဂိုဏ်းသည် ကြိုးကြာတစ်ထောင်ဂိုဏ်းမှ အကျပ်အတည်းတစ်ခုကို ဖြေရှင်းပြီးသားဖြစ်သွားခဲ့လေပြီ။

“သူတို့နှစ်ခုစလုံးက ပကတိအရှင်ဓမ္မလက်နက်တွေဆိုမှတော့ အဲ့ဒါကို သရေလို့သတ်မှတ်သင့်တယ်လို့ငါထင်တယ်”

ထိုစဥ်မှာပင် ကောင်းကင်ဇင်ယော်ဂိုဏ်းမှ ပကတိအရှင်ဖန်းလန်က ထူးမခြားနားပုံစံဖြင့် ဝင်ပြောလိုက်လေသည်။

“ဘာလို့သရေရမှာလဲ...”

“ဟုတ်တယ်ဟေ့... မင်းဟန်ရဲ့ဓားပျံက အဲ့ဒါကို မယှဥ်နိုင်ဘူးဆိုတာ သိသာနေတာပဲ”

“အမှန်ပဲ.... ဒါတောင် ငါတို့က သာမန်ပန်းပဲမီးဖိုတစ်ခုကိုပင် သုံးခဲ့ရတာ...”

အသွန်းတစ်ရာဂိုဏ်းမှ ကျင့်ကြံသူများကလည်း ဒီတိုင်းအလျှော့ပေးလိုက်စရာ အကြောင်းမရှိသည့်အတွက် မကျေမနပ်ဖြင့် အော်ဟစ်ပြောဆိုလိုက်ကြလေသည်။

“ကဲ... တော်လောက်ပြီ”

တာအိုအရှင်လန်ယွဲ့က ထိုအချိန်မှာ ရှေ့သို့ထွက်ရပ်လာပြီး ထူးမခြားနားပုံစံဖြင့်ပြောလိုက်လေသည်။

“ဒီလက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲက တစ်ကယ့်ကို မျက်စိပွင့်နားပွင့်ဖြစ်သွားစေတာပဲ... နှစ်ဖက်စလုံးက မူလဓမ္မလက်နက်တွေကို သွန်းလုပ်နိုင်မှာတော့ အဲ့ဒါကို သရေလို့ပဲ ပြောရတော့မှာပေါ့”

“မူလဓမ္မလက်နက်တွေကြားက ခွန်အားကွာဟချက်ကတော့ အဲ့ဒါကို သုံးတဲ့ ကျင့်ကြံသူနှစ်ယောက်က မတူမှတော့ အထိုက်အလျောက်တော့ ကွာဟမှာပဲ...”

“မင်းတို့နှစ်ယောက်စလုံးကို မဟာနတ်ပန်းပဲဆရာတွေလို့ပြောလို့ရတယ်... အဲ့တော့ ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည်ကို အတူတူမျှသောက်လို့ရတာပေါ့... ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်တော့.. ထပ်ပြီးတော့အငြင်းပွားနေစရာမလိုတော့ဘူး”

တာအိုအရှင်လန်ယွဲ့က သိသိသာသာ ဘက်လိုက်မှု ပြုလုပ်လိုက်လေသည်။

အသွန်းတစ်ရာဂိုဏ်း ကျင့်ကြံသူများက မကျေမချမ်းဖြစ်နေကြလေသည်။

တာအိုသက်ရှိယွီတင်းက သူ၏ခေါင်းကိုခါပြီး လူတိုင်းကို ထပ်မပြောတော့ဖို့ အချက်ပြလိုက်လေသည်။

ကြိုးကြာတစ်ထောင်ဂိုဏ်းက ဤလက်ဖက်ရည်ဧည့်ခံပွဲကို ကျင်းပပေးနေလေသည်။ အဲ့ဒါက ဂိုဏ်းချုပ်တစ်ယောက်၏စကားဆိုမှတော့ သူတို့က ထပ်မံ၍ စောဒကတက်စရာ အကြောင်းမရှိတော့ပေ။

ကျန့်ဝူကျုံးက အော်ပြောလိုက်လေသည်။

“အမှန်ပဲ... နောက်လာမယ့်အပိုင်းကို မြန်မြန်ကျင်းပပေးစမ်းပါဗျာ... ကျုပ်တို့က ရန်ငြိုးရန်စအချို့ကို ရှင်းရဦးမယ်”

ချက်ချင်းပင် ကြမ်းကြုတ်ခက်ထန်၍ ရန်လိုနေသောအကြည့်များက ဆူဇီမိုပေါ်သို့ ဆင်းသက်လာခဲ့လေသည်။

လူများစွာက ကြိုးကြာတစ်ထောင်လက်ဖက်ရည်ဧည့်ခံပွဲမှာ ဆူဇီမိုကို သတ်ဖြတ်ချင်နေကြလေသည်။

“ကောင်းပြီလေ”

တာအိုအရှင်လန်ယွဲ့ က ခေါင်းညိတ်လိုက်လေသည်။

“ဒီလိုဆိုမှတော့... မင်းတို့နှစ်ယောက်ကို ဒီလက်ဖက်ရည်ကို လာသောက်ပြီး ခဏတဖြုတ်အနားယူဖို့ ငါက ဖိတ်ခေါ်ပါရစေ.. အဲ့ဒါကပြီးသွားရင်တော့ ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲရဲ့ ဒုတိယအပိုင်းဖြစ်တဲ့ ပြိုင်စံရှားတွေကြားက တိုက်ပွဲကို စတင်ကြတာပေါ့”

“သူက ကျုပ်နဲ့လက်ဖက်ရည်တစ်ခွက်ကို မျှသောက်ဖို့ ဘာအဆင့်ရှိလို့လဲ....”

လူတိုင်းက ဤကိစ္စက ပြီးသွားပြီဟု တွေးနေစဥ်မှာပင် ဆူဇီမိုက သူ၏ ပါးစပ်ကိုဖြည်းဖြည်းချင်းဟပြီး လှောင်ရယ်လိုက်လေသည်။

“မင်းမှာ ကန့်ကွက်စရာရှိလို့လား...”

တာအိုအရှင်လန်ယွဲ့၏အကြည့်က သုန်မှုန်လာခဲ့လေသည်။

ဆူဇီမို၏ ထပ်တလဲလဲရန်စမှုများက သူမကို ​ဒေါသထွက်လာစေသော်လည်း သူမက အဲ့ဒါကို ချုပ်တည်းထားရလေသည်။

“ကျုပ်က ကန့်ကွက်စရာတော့မရှိပါဘူး...”

ဆူဇီမိုက ထူးမခြားနားပုံစံဖြင့်ပြောလိုက်လေသည်။

“ဒါပေမယ့်လို့... ဒီလက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲရဲ့ ရလဒ်က ရှင်းနေတာပဲကို... “

အဲ့ဒီနောက် သူက လေထဲတွင် ကြွတက်နေသော ပန်းပဲမီးဖိုကို ညင်သာစွာ လှမ်းဆွဲယူပြီး ဓားပျံအရေအတွက်များစွာကို ထွက်ပေါ်လာစေလေသည်။

အဲ့ဒီမှာ စုစုပေါင်း ဓားပျံ ၃၅ လက်ရှိလေသည်။

စောစောက တစ်ခုအပါအဝင် အဲ့ဒီမှာ ထပ်တူညီနေသော ဓားပျံစုစုပေါင်း ၃၆ လက်ရှိနေလေသည်။

ဓားပျံ ၃၆ လက်က သူတို့ဦးခေါင်းထက်ရှိ ပူပြင်းသော နေရောင်ခြည်နှင့် ဟန်ချက်ညီစွာ ​တောက်ပနေပြီး နို့နှစ်ဖြူရောင်အလင်းတန်းများကို တဖျတ်ဖျတ်တလက်လက် ဖြာထွက်နေစေလေသည်။

ဟင်း....

လူအုပ်ကြီးက ပင့်သက်ကိုရှိုက်လိုက်ကြလေသည်။

ထိုမြင်ကွင်းက တစ်ကယ့်ကို တုန်လှုပ်စရာ​ကောင်းလွန်းလေသည်။

လက်ရှိဓမ္မဝိသေသ တာအိုအရှင်သုံးယောက်ပင်လျှင် မျက်လုံးပြူးမျက်ဆံပြုးဖြင့် မယုံကြည်နိုင်စွာ ကြည့်လိုက်ကြလေသည်။

“ဒီလောကက ဘာတွေဖြစ်နေတာလဲ...”

“အဲ့ဒီလူက... ဓားပျံ ၃၆ လက်ကို သွန်းလုပ်ခဲ့ပြီးတော့ သူတို့အကုန်လုံးက မူလဓမ္မလက်နက်တွေဖြစ်နေတာလား...”

“အဲ့ဒါက မူလဓမ္မလက်နက် ၃၆ လက်ဖြစ်ရုံတင်မကဘူး သူတို့တွေက လုံးဝကို အတိအကျတူညီနေတာပဲ... အဲ့ဒါက ပြီးပြည့်စုံတဲ့ ဓားပျံတစ်စုံပဲ... အဲ့ဒီနည်းလမ်းက အရမ်းကိုကြောက်ဖို့ကောင်းလွန်းတယ်”

“ဘုရားရေ.... အဲ့ဒါက လူသားလက်ရာရော ဟုတ်ရဲ့လား”

မူလပကတိအရှင်ဓမ္မလက်နက်တစ်ခုကို သွန်းလုပ်နိုင်ခြင်းကပင် လူတိုင်းကို အံ့အားသင့်တုန်လှုပ်သွားစေဖို့လုံလောက်လေသည်။ သို့သော ယခုအခါမှာတော့ ဆူဇီမိုသည် ထိုကဲ့သို့သော အရာများစွာကို ထုတ်ဖော်ပြသလိုက်လေသည်။ အဲ့ဒါက သူတို့၏ အမြင်အာရုံနှင့် စိတ်ပိုင်းဆိုင်ရာအပေါ် ဖော်မပြနိုင်သော ထိတွေ့ရိုက်ခတ်မှုရှိလာခဲ့လေသည်။

ကျင့်ကြံသူများက ကြက်သေသေနေပြီး သူတို့၏ အောက်မေးရိုးများက ပြုတ်သွားမတက် ပါးစပ်အဟောင်းသား ဖြစ်နေကြလေသည်။

“အဲ့ဒီလူရဲ့နောက်ခံက ဘာပါလိမ့်... သူများတွေက ပကတိဓမ္မလက်နက်တစ်ခုရဖို့ ခက်ခက်ခဲခဲနဲ့ ဒုက္ခသုက္ခခံပြီးတော့ ဖန်တီးရတယ်.. အဲ့ဒါကို သူက အမြောက်အမြားထုတ်ပြလိုက်တယ်..”

“အဲ့ဒါက ပြိုင်ပွဲလို့ ဘယ်လိုလုပ်ခေါ်လို့ရတော့မှာလဲ... မင်းဟန်က အဲ့ဒီလူရဲ့​ခြေဖျားကိုတောင် မီတာမဟုတ်ဘူး... ဒါက သက်သက်အနိုင်ကျင့်နေတာပဲ...”

မင်းဟန်သည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား မျက်လုံးပြူးမျက်ဆံပြူးဖြင့် မြေပြင်ပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ကျသွားလေသည်။ သူ၏စိတ်က ဗလာကျင်းနေပြီး သူ၏ခေါင်းကို ထပ်တလဲလဲခါယမ်းနေလေသည်။

“မဖြစ်နိုင်ဘူး... အဲ့ဒါက ဘယ်လိုမှမ​ဖြစ်နိုင်ဘူး”

ထပ်တလဲလဲရိုက်နှက်ချက်များက သူ၏စိတ်ကို ရှုပ်ထွေးနောက်ကျိ၍ မှင်တက်သွားစေလေသည်။

All Chapters