ဆင်းလာခဲ့
Vol. 64 Ch. 948
ဆူဇီမို၏နောက်ကျောကို ကြည့်ရင်း နန်းကုန်လင်းနှင့် အခြားနှစ်ယောက်သည် တွေဝေရှုပ်ထွေးသော အမူအရာများဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြလေသည်။
ဘာကြောင့်ရယ်မသိ သူတို့သုံယောက်သည် ဆူဇီမို၏ စောစောက စကားလုံးများက တစ်စုံတစ်ရာကို သွယ်ဝိုက်ပြောဆိုနေသည်ဟု ခံစားမိလေသည်။
သူတို့သုံးယောက်၏ ခန့်မှန်းမှုများက မှန်ကန်လေသည်။
ဆူဇီမို၏စကားလုံးများသည် သူနှင့်အသွန်းတစ်ရာဂိုဏ်းအကြား ရှင်းလင်းသည့်စည်းတစ်ခု ခြားထားလိုက်ခြင်းဖြစ်လေသည်။
ပြိုင်စံရှားများအကြားတိုက်ပွဲတွင် သူက ပြိုင်စံရှားများနှင့် တိုက်ခိုက်ရမည်ဆိုလျှင် သူ၏ သရုပ်သကန်ကို ဖုံးကွယ်ထားနိုင်တော့မည်မဟုတ်ပေ။
သူက အသွန်းတစ်ရာဂိုဏ်းကို ပြဿနာများစွာ မဖြစ်စေချင်ပေ။
“ဘယ်လောက်တောင် မောက်မာလိုက်သလဲ... မင်းက ပြီးရင်ဘာဖြစ်မလဲ ငါကြည့်ရသေးတာပေါ့”
“မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ... အဲ့ဒီမှာ ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည်က တစ်ခွက်ပဲကျန်တာ.. မင်းက အဲ့ဒါကို မင်းလိုချင်တာနဲ့ပဲ ရနိုင်မယ်လို့ထင်နေတာလား”
“ဟီးဟီး... အလယ်ပိုင်းတိုက်ရဲ့ နံပါတ်တစ်ပကတိအရှင်ကပဲ ထိပ်တန်းအဆင့် လက်ဖက်ရည်ကို သောက်ဖို့အဆင့်မီမှာ မင်းက ဘယ်လိုတောင် မောက်မာရဲတာလဲ...”
အဲ့ဒီမှာ ယဲ့ထျန်းက ဘာမှဝင်ပြောစရာပင်မလိုပင်...။ ဆက်လက်၍ သည်းမခံနိုင်သော နိုးထဝိညာဥ်ပြိုင်စံရှားများစွာက ထွက်ပေါ်လာပြီး စတင်၍ လှောင်ပြောင်သရော်လာကြလေသည်။
သူတို့၏ရင်ထဲမှာတော့ နံပါတ်တစ်ပကတိအရှင် ဖြစ်လာနိုင်မည့်သူက အနည်းအကျဥ်းမျှသာရှိပြီး မိုလင်းက သူတို့နဲ့ ဘယ်လိုလုပ် ယှဥ်နိုင်ပါ့မလဲ။
ဒါ့အပြင် ဆူဇီမို၏လေသံက နိုးထဝိညာဥ်ပြိုင်စံရှားများအတွက် မနှစ်မြို့ဖွယ်ရာ ကောင်းနေလေသည်။
ယဲ့ထျန်းချန်က ထိုကဲ့သို့သော စကားမျိုးကိုပြောမည်ဆိုလျှင် သူတို့က မကျေနပ်သော်လည်း သည်းခံနိုင်သေးလေသည်။
မိုလင်းက ပြီးခဲ့သည့်တစ်လလောက်ကမှ နာမည်အနည်းငယ်ရလာသော မထင်မရှားလူတစ်ယောက်ဖြစ်လေသည်။ ကျင့်ကြံသူအများစုသည် သူ့ကိုအရင်က တစ်ခုမှပင် မကြားဖူးသည့်အတွက် စိတ်ထဲမှာ မကျေမနပ်ဖြစ်လာကြလေသည်။
“ဆရာဘိုးလေးအသေးလေး.... ခင်ဗျားက ပြိုင်စံရှားတိုက်ပွဲမှာ ပါဝင်ချင်တယ်ဆိုရင်တောင် အရင်ဆုံးခဏတော့ နားနေသင့်တယ်လေ...”
နန်းကုန်လင်းက အသံတစ်ခုကို စိတ်ဝိညာဥ်အသိစိတ်ဖြင့် အလောတကြီး ပို့လွှတ်လိုက်လေသည်။
“ခင်ဗျားကစောစောကတင် လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ခဲ့တာ... ခင်ဗျားရဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားတော်တော်များများကို ကုန်ဆုံးစေခဲ့မှာပဲ... အခုချိန်မှာ စတင်တိုက်ခိုက်ဖို့က ကောင်းတဲ့အရာမဟုတ်ဘူး...”
တစ်ချိန်တည်းမှာပင် ပကတိအရှင်ဖန်းလန်က ဟက်ကနဲရယ်မောပြီး သူ၏ခေါင်းကိုခါလိုက်လေသည်။
“သူက ဘာဘဲပြောပြော တော်တော်ငယ်သေးတာပဲ... သူ့စိတ်ကိုယ်သူတောင် မထိန်းချုပ်နိုင်သေးဘူး”
“စီနီယာအစ်ကို... ခင်ဗျားက ဘာကိုဆိုလိုတာလဲ....”
ကျင့်ကြံသူတစ်ယောက်က မေးလိုက်လေသည်။
ပကတိအရှင်ဖန်းလန်က ပြတ်သားစွာဖြင့် ပြောလိုက်လေသည်။
“အဲ့ဒီကောင်လေးက စောစောကတင် ပကတိဓမ္မလက်နက်များစွာကို သွန်းလုပ်ခဲ့တာ... သူ့ရဲ့ စိတ်စွမ်းအင်ကို အတော်လေးသုံးစွဲခဲ့ရမှာပဲ...အခုသူက ယဲ့ထျန်းချန်ကို အလောတကြီးစိန်ခေါ်လာတယ်ဆိုတော့ သေချာပေါက် သေချင်နေတာပဲ”
“ယဲ့ထျန်းချန်က ဘာမှမလှုပ်ရှားရင်တောင် တခြားပြိုင်စံရှားတွေနဲ့တိုက်ခိုက်ရင်းနဲ့ သူက အမောဆို့သွားလိမ့်မယ်လို့ငါထင်တယ်...”
ဆူဇီမို၏ အကြားအာရုံက ဘယ်လောက်တောင် သန်မာလိုက်ပါသလဲ...
ပကတိအရှင်ဖန်းလန်၏ အသံက ခြင်တစ်ကောင်ကဲ့သို့ တိုးညှင်းသော်လည်း သူက အဲ့ဒါကို ရှင်းလင်းစွာကြားရလေသည်။
သို့သော်လည်း သူက အဲ့ဒါကို စိတ်ထဲမှာ လုံးဝထည့်မထားပေ။
အဘယ့်ကြောင့်ဆိုသော် နန်းကုန်လင်းနှင့် ပကတိအရှင်ဖန်းလန်စိုးရိမ်ပူပန်နေသောအရာက အမှန်တစ်ကယ်ရှိမနေသောကြောင့်ပင်။
သူသည် စောစောက လက်နက်သွန်းလုပ်ခြင်းကို ဟန်ဆောင်ပန်ဆောင် ပြုလုပ်ခဲ့ခြင်းသာဖြစ်ပြီး သူ၏ မည်သည့်စွမ်းအင်ကိုမှ သုံးစွဲခဲ့ရခြင်းမရှိပေ။
တာအိုအရှင်လန်ယွဲ့က ဖြည်းဖြည်းချင်းထရပ်လာပြီး လေးနက်သောအသံဖြင့်ပြောလိုက်လေသည်။
“အားလုံးက ဆက်ပြီးတော့ မစောင့်နိုင်တော့ဘူးဆိုမှတော့ ပြိုင်စံရှားတိုက်ပွဲကို တရားဝင်စတင်ဖို့ ငါအခုကြေညာရတော့မှာပဲ”
သူမထိုသို့ပြောလိုက်သည့်ခဏမှာပင် ဆူဇီမိုက ပလ္လင်ပေါ်တွင်ထိုင်နေသော ယဲ့ထျန်းချန်ဘက်သို့လှည့်ပြီး ဖြည်းဖြည်းပြောလိုက်လေသည်။
“ဆင်းလာခဲ့.....”
လူတိုင်းက တူန်လှုပ်သွားကြရလေသည်...
ဘာတွေဖြစ်နေတာပါလိမ့်...
မိုလင်းက နံပါတ်တစ်ပကတိအရှင် ယဲ့ထျန်းချန်ကို စိန်ခေါ်ချင်သည်ဟု ဆိုလိုချင်သည်မဟုတ်ပါလား။
အဲ့ဒီလူက အသက်ရှင်ရတာငြီးငွေ့လာလို့ သေချင်နေတာများလား...
ယဲ့ထျန်းချန်က ပလ္လင်ပေါ်မှာ မလှုပ်မယှက်ထိုင်နေပြီး ဆူဇီမိုကို အထင်အမြင်သေးစွာဖြင့် ငုံ့ကြည့်နေလေသည်။
ထိုအခိုက်အတန့်တွင် သူက ဆက်လက်၍ စိတ်ဆိုးဒေါသထွက်ခြင်းမရှိတော့ပေ။ သူ၏ မျက်လုံးထဲတွင် ဆူဇီမိုက သေလူတစ်ယောက်ဖြစ်နေပြီးလေပြီ။
အဲ့ဒါထက် သူက ကိုယ်တိုင်လှုပ်ရှားစရာပင်မလိုပေ။
“ဟီးဟီး....”
“ဟာသပဲ... နင့်ကိုယ်နင်ဘယ်သူထင်လို့ ငါ့သခင်ကိုလာပြီး စိန်ခေါ်နေရတာလဲ”
ယဲ့ထျန်းချန်၏ ဘေးရှိအမျိုးအစေခံနှစ်ယောက်က လှောင်ပြောင်ထေ့ငေါ့လိုက်လေသည်။
“ဟားဟားဟားဟား.... “
“မိုလင်းက ပြိုင်စံရှားတိုက်ပွဲရဲ့ စည်းမျဥ်းစည်းကမ်းတွေကိုတောင် မသိပဲနဲ့ သက်သက်သေချင်နေတာပဲ... စိတ်ဝင်စားစရာပဲ”
လူအုပ်ကြီးထဲမှ ရယ်မောသံများက ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။
“အိုး... “
သူ၏ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး ဆူဇီမိုက မေးလိုက်လေသည်။
“ပြိင်စံရှားတိုက်ပွဲမှာ စည်းကမ်းတွေဘာတွေရှိသေးတာလား...”
တာအိုအရှင်လန်ယွဲ့က လေးနက်သောအသံဖြင့်ပြောလိုက်လေသည်။
“အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာမှရပ်တည်ခဲ့တဲ့ ယဲ့ထျန်းချန်နဲ့ ပကတိအရှင်ဖန်းလန်က လွဲရင် တခြားပြိုင်စံရှားတွေက အနိုင်ရရှိသူ နှစ်ယောက်ကျန်တဲ့အထိ တစ်တွဲစီတိုက်ခိုက်ရလိမ့်မယ်... အဲ့ဒါပြီးမှပဲ သူတို့က ယဲ့ထျန်းချန်နဲ့ ပကတိအရှင်ဖန်းလန်ကို စိန်ခေါ်နိုင်လိမ့်မယ်”
ယဲ့ထျန်းချန်က သွားဖြီးလိုက်လေသည်။
“ပြောရမယ်ဆိုရင်... မင်းကငါ့ကို စိန်ခေါ်ဖို့တောင် အဆင့်မမီသေးဘူး...”
ဆူဇီမိုက တာအိုအရှင်လန်ယွဲ့ကိုကြည့်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။
“ကျုပ်က ယဲ့ထျန်းချန်ကို တိုက်ခိုက်ချင်တယ်ဆိုရင် တခြားပြိုင်စံရှားတွေနဲ့ တစ်ဆင့်ပြီးတစ်ဆင့်တိုက်ခိုက်ရမယ်လို့ပြောတာလား...”
“အမှန်ပဲ..”
တာအိုအရှင်လန်ယွဲ့ က ခေါင်းညိတ်ပြလိုက်လေသည်။
“မဟုတ်ရင်... သူက စိန်ခေါ်သမျှလူတိုင်းကို လက်ခံတိုက်ခိုက်ပေးနေရမယ်ဆိုရင် ယဲ့ထျန်းချန်က စိတ်ရှုပ်ရလွန်းလို့သေသွားလိမ့်မယ်”
“အို...ရပြီ..”
ဆူဇီမိုက တည်ငြိမ်သောအမူအရာတစ်ခုဖြင့် ခေါင်းညိတ်လိုက်လေသည်။ သူက ဘေးပတ်လည်ကို ကြည့်ရှုပြီး ထူးမခြားနားလေသံဖြင့်ပြောလိုက်လေသည်။
“ငါက အခုဆိုရင်... ယဲ့ထျန်းချန်ကို ဒုက္ခိတဖြစ်အောင်လုပ်တော့မှာ... ငါ့ကို တားချင်တဲ့သူဘယ်သူမဆို ထွက်လာခဲ့ကြ”
“အဲ့ဒီမှာ နှစ်ယောက်တွဲတွေဘာတွေ တိုက်ခိုက်နေစရာမလိုဘူး.. လက်မခံတဲ့သူဘယ်သူမဆို တစ်ပြိုင်တည်း တက်လာခဲ့ကြ...ငါအားလုံးကို ဧည့်ခံပေးမယ်”
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။
“သူက ရူးသွားပြီလား...”
“သူကဒီမှာရှိတဲ့ ပြိုင်စံရှားတွေအကုန်လုံးကို သူတစ်ယောက်တည်းနဲ့ ဖိနှိမ်ချင်တာလား...”
“သူက သူ့ကိုယ်သူ နံပါတ်တစ်ပကတိအရှင်လို့ မှတ်ယူပြီးတော့ လက်ရှိပြိုင်စံရှားတွေအားလုံးကို ရှင်းထုတ်ပစ်ချင်နေတယ်လို့ ငါထင်တယ်... တစ်ကယ့်ကိုသေချင်နေတဲ့လူပဲ...”
အခြားသောကျင့်ကြံသူများကိုမပြောနှင့် အသွန်းတစ်ရာဂိုဏ်းမှ လူတိုင်းပင်လျှင် ကြောင်အမှင်တက်သွားကြလေသည်။
“ဆရာဘိုးလေးအသေးလေးက ရူးသွားတာပဲဖြစ်ရမယ်...”
နန်းကုန်လင်းက သူ၏ခေါင်းကို ထပ်တလဲလဲခါပြီး တီးတိုးရေရွတ်လိုက်လေသည်။
ယဲ့ထျန်းချန်နှင့် ပကတိအရှင်ဖန်းလန်ပင်လျှင် လက်ရှိပြိုင်စံရှားများအားလုံးကို ဖိနှိမ်နိုင်သည်ဟု ထုတ်ဖော်ပြောဆိုရဲလောက်အောင် မောက်မာကြလိမ့်မည်မဟုတ်ပေ။
အတိအကျပြောရင် ဆူဇီမို၏နောက်ခံကို သိထားသော လမ့်ရို ၊ ဖက်တီးလေးနှင့် အခြားသူများကလွဲလျင် လက်ရှိလူတိုင်းနီးပါးက သူ့ကိုမြင့်မြင့်မားမား သတ်မှတ်ထားခြင်းမရှိပေ။
တကယ်တော့ အဲ့ဒီမှာ မျက်မှောင်ကြုတ်၍ အလေးအနက်စဥ်းစားနေသော ကျင့်ကြံသူအနည်းအကျဥ်းလည်း ရှိသေးလေသည်။
သူတို့ထဲတွင် ဓားဂိုဏ်းမှဟန်ချိုးယွီလည်း ပါဝင်ပေသည်။
ကျန့်ဝူကျုံးက သူ၏ခေါင်းကိုမော့၍ ရယ်မောပြီး အံကိုကြိတ်လိုက်လေသည်။
“အဲ့ဒီလူက တော်တော်မောက်မာတာပဲ... လောကမှာ သူ့ထက်သာတဲ့သူ ဘယ်သူမှမရှိတော့ဘူးလို့ သူက ထင်နေတာလား... သူက သေချင်နေတာပဲ...”
“နေပါဦး...”
ဟန်ချိုးယွီက သူ၏ခေါင်းကိုခါလိုက်လေသည်။
အနည်းဆုံးတော့ သူ၏မှတ်ဉာဏ်များထဲတွင် ထိုကဲ့သို့သော ရဲဝံ့သည့်စကားများကို ပြောဆိုနိုင်လောက်အောင် သန်မာသည့်ခွန်အားများကို ပိုင်ဆိုင်ထားသည့် ပြန်ဝင်စားမွန်းစတားတစ်ယောက် ရှိလေသည်။ အဲ့ဒါက သူ့ဘဝတစ်လျှောက် ဘယ်တော့မှ မမေ့လျော့မည့် လူတစ်ယောက်ဖြစ်လေသည်။
ထိုလူက ရှေးဟောင်းတိုက်ပွဲမြေနှစ်ခုစလုံးမှာ သူ့ကိုကြီးမားစွာ တုန်လှုပ်စေခဲ့လေသည်။
နှင်းပုံတောင်ကြားဘက်မှ တစ်ဦးတည်းသော မူလနတ္ထိတာအိုသက်ရှိ နတ်မိမယ်လောရွှယ်သည် အစိမ်းရောင်ဝတ်ပုံရိပ်ကို ကြည့်ပြီး တီးတိုးရေရွတ်လိုက်လေသည်။
“ဘယ်လောက်တောင် ရဲဝံ့လိုက်သလဲ... အဲ့ဒီလူက တစောက်ကန်းမိုက်ရူးရဲတစ်ယောက်မဟုတ်ဘူးဆိုရင် သူ့ရဲ့ရဲဝံ့မှုတစ်ခုတည်းကတင် နံပါတ်တစ်ပကတိအရှင်ဘွဲ့အတွက် တိုက်ခိုက်ဖို့လုံလောက်တယ်...”
ခဏမျှစဥ်းစားတွေးတောပြီးနောက် တာအိုအရှင်လန်ယွဲ့က သူ့ကိုသတိပေးလိုက်လေသည်။
“ပြိုင်စံရှားတိုက်ပွဲမှာဆိုရင် မင်းတို့ကို အသေအကြေတိုက်ခိုက်တာ ဒါမှမဟုတ် အမြုတေစိတ်ဝိညာဥ်ကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုး ခွင့်ပြုမထားဘူး “
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။
အဲ့ဒီမှာ သူတို့ကိုယ်သူတို့မချုပ်တည်းနိုင်တော့ပဲ ဆူဇီမိုကို တိုက်ခိုက်ဖို့အတွက် ပြေးဝင်တော့မည်တကဲကဲရှိနေသော ပြိုင်စံရှားများစွာ ရှိနေခဲ့ပြီဖြစ်လေသည်။
တကယ်တော့ အလယ်ပိုင်းတိုက်တွင် ဆူဇီမိုနှင့် အမှန်တကယ်ရန်ငြိုးရန်စရှိသော ပြိုင်စံရှား များများစားစားမရှိပေ။
သို့သော်လည်း ထိုအခိုက်အတန့်တွင် များစွာသော ပြိုင်စံရှားများက လောဘရမ္မက်တက်လာခဲ့ကြလေသည်။
အဲ့ဒီမှာ မကျေမချမ်းဖြင့် ဆူဇီမိုကို သင်ခန်းစာကောင်းကောင်းပေးချင်သော တချို့လူများအပြင် သူတို့ထဲမှအများစုက သူ၏ရတနာများကို ပစ်မှတ်ထားနေကြလေသည်။
ပြိုင်စံရှားတိုက်ပွဲတွင် အသေအကြေတိုက်ခိုက်ခြင်းကို ခွင့်ပြုမထားပေ။ သို့သော်လည်း တစ်ဖက်လူ၏ ရတနာများအတွက် တိုက်ခိုက်ရခြင်းမရှိဟူသော ကန့်သတ်ချက်လည်း မရှိပေ။
သူတို့က အနိုင်ယူနိုင်မည်ဆိုလျှင် လူတိုင်းသည် ဆူဇီမို၏ ရတနာများအားလုံးကို လုယူဖို့အတွက် အကြောင်းပြချက်ကောင်းတစ်ခု ရသွားပေလိမ့်မည်။
အဲ့ဒီမှာ အနည်းဆုံး စောစောကတင် ထုတ်ဖော်ပြသခဲ့သော မူလအဆင့် ဓားပျံ ၃၆ လက်ရှိနေလေသည်။
ယခုအချိန်တွင် များစွာသော ကျင့်ကြံသူများ၏ မျက်လုံးထဲမှာ ဆူဇီမိုသည် သူတို့တိုက်ခိုက်ဖို့အတွက် စောင့်ဆိုင်းနေရသည့် ရတနာတွင်းကြီးတစ်တွင်း ဖြစ်လေသည်။
များစွာသောကျင့်ကြံသူများသည် လောဘရမ္မက်တက်နေသော မျက်လုံးများဖြင့် ဆူဇီမိုကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်လေသည်။
ဆူဇီမို၏အကြည့်က အေးစက်နေလေသည်။ သူက ပြိုင်စံရှားများ၏ ရည်ရွယ်ချက်ကို ခံစားမိပြီး ဖြည်းဖြည်းချင်းပြောလိုက်လေသည်။
“အဲ့ဒီမှာ... လူတိုင်းကိုသတိပေးစရာရှိတယ်...”
“ပြိုင်စံရှားတိုက်ပွဲမှာ အသေအကြေတိုက်ခိုက်တာကို ခွင့်ပြုမထားဘူး...ဒါပေမယ့်လို့ ငါက လက်ဆတော်တော်လေးပြင်းတယ်... ဒုက္ခိတဖြစ်အောင်ငါလုပ်ချင်တဲ့သူက ယဲ့ထျန်းချန်ပဲ...အဲ့ဒီမှာ မင်းတို့နဲ့မဆိုင်ဘူးဆိုရင် ငါနဲ့ လာမပတ်သက်တာ အကောင်းဆုံးပဲ”