← Chapters

တစ်ယောက်တည်းဖြင့် ဖိနှိမ်ခြင်း

Vol. 64 Ch. 949

တစ်ယောက်တည်းဖြင့် ဖိနှိမ်ခြင်း

Vol. 64 Ch. 949

“ဘယ်လောက်တောင်မောက်မာလိုက်သလဲ... ငါက မင်းစကားတွေကို နားထောင်ပြီးတော့ စိတ်ကုန်နေတာ တော်တော်ကြာပြီ...”

အဆင့်မြင့်ဂိုဏ်းတစ်ဂိုဏ်းဖြစ်သော မက်မွန်ပွင့်တောင်ထွတ်မှ ပြိုင်စံရှား တစ်ယောက်သည် ထွက်ရပ်လိုက်ပြီး ဆူဇီမိုထံသို့ လျှောက်လှမ်းကာ အော်ပြောလိုက်လေသည်။

“ငါက ပကတိအရှင် ထျန်းလန်ပဲ.. ငါက...”

သူ့စကားမဆုံးသေးခင်မှာပင် သူ့ရှေ့တွင် အစိမ်းရောင်ပုံရိပ်တစ်ခုက ဖျတ်ကနဲလက်သွားသည်ဟု ခံစားလိုက်ရလေသည်။

ဘန်း...

သူက မတုံ့ပြန်နိုင်ခင်မှာပင် သူ၏ရင်ဘတ်က ကြီးမားသော အားအင်တစ်ခုနှင့် ထိုးနှက်ခြင်းခံလိုက်ရပြီး နောက်သို့လွင့်ပြန်ကာ သွေးရောင်က ဖြာလက်သွားလေသည်။ ထိုလူက မြေပြင်ပေါ်သို့ မလှုပ်မယှက် လဲကျသွားခဲ့လေပြီ။

သူ၏ အမြုတေစိတ်ဝိညာဥ်က အကောင်းတိုင်းရှိသေးသော်လည်း သူ့ရင်ဘတ်ပေါ်ရှိ အရိုးများက ဆူဇီမို၏ထိုးချက်ဖြင့် ကြေမွသွားပြီး မခံမရပ်နိုင်သော နာကျင်မှုဖြင့် နေရာမှာတင် သတိလစ်သွားလေသည်။

မက်မွန်ပွင့်တောင်ထွတ်၏ ပြိုင်စံရှားသည် သူ၏မျက်နှာကို ကောင်းကောင်းမပြရသေးခင်မှာပင် တစ်ဝက်တစ်ပျက် စကားသံနှင့်အတူ သတိလစ်မေ့မျောသွားခဲ့လေပြီ။

“မင်းကလည်း... ဓားကျင့်ကြံသူတစ်​ယောက်လို့ ငါကြားထားတယ်... ငါက ပြိုင်ဘက်ကင်းဓားဂိုဏ်းက ယန်လင်းပဲ ငါ့ကို နည်းလမ်းတစ်ချို့ပြပေးပါဦး”

ဓားကျင့်ကြံသူတစ်ယောက်က လူအုပ်ကြီးထဲကနေ ပြေးထွက်လာပြီး အနားသို့မရောက်ခင်မှာပင် သူ၏ဓားကို ဆွဲထုတ်လိုက်လေသည်။

ဓားက စူးစူးရှရှအေးစက်စက်ပုံစံဖြင့် တောက်ပလာခဲ့လေသည်။

ဓားက ချည်းကပ်လာသောအခါ ဓားနှစ်လက်အဖြစ် ခွဲထွက်သွားပြီး ဆူဇီမို၏ မျက်လုံးဆီသို့ ထက်ရှသောဓားချီနှင့်အတူ တိုးဝင်လာလေသည်။

ပြိုင်ဘက်ကင်းဓားဂိုဏ်းက အဆင့်မြင့်ဂိုဏ်းများထဲမှ တစ်ဂိုဏ်းဖြစ်လေသည်။

သူတို့၏ ဓားနည်းစနစ်သည် လှည့်ဖြားတတ်ခြင်းဖြင့် နာမည်ကြီးလေသည်။

ဆူဇီမိုက သူ့မျက်လုံးကိုမှေးကျဥ်းလိုက်လေသည်။

ခြုံပြီးပြောရလျှင် ဤဓားနည်းစနစ်က သူ၏မျက်လုံးထဲမှာ ပုံရိပ်ယောင်နည်းစနစ်တစ်ခုထက် မပိုပေ။

အဲ့ဒါက ဓားနှစ်လက်ပုံပေါ်သော်လည်း တကယ်တမ်းမှာတော့ သူတို့ထဲမှတစ်ခုသာလျှင် အစစ်ဖြစ်လေသည်။

ဆူဇီမိုက အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံပြီးနောက် ကြောက်စရာကောင်းသော အမြင်အာရုံတစ်ခု ရှိလာလေသည်။

မီးပဒေသာနဂါးမျက်လုံးကို အသုံးပြုခြင်းမရှိဘဲတောင် သူက ဤဓားနည်းစနစ်၏ ဟာကွက်များကို မြင်နိုင်လေသည်။

နောက်ဆုတ်ခြင်း သို့မဟုတ် ရှောင်ရှားခြင်းမရှိပဲ ​ဆူဇီမိုသည် သူ၏လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ပြီး ဝင်ရောက်လာသော ဓားနှစ်လက်ထဲမှ တစ်လက်ကို ညင်သာစွာတောက်ထုတ်လိုက်လေသည်။

ချွမ်း...

လက်ချောင်းထိပ်ဖျားက ဓား၏ကိုယ်ထည်နှင့် ထိတွေ့ရိုက်ခတ်သွားလေသည်။

အဲ့ဒီမှာ သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာခဲ့လေသည်။ ဓား၏ အစစ်အမှန်ကိုယ်ထည်က ထွက်ပေါ်လာပြီး ဓားကတုန်ခါသွားလေသည်။

ယန်လင်း၏ အမူအရာကလည်း ပြောင်းလဲသွားခဲ့လေသည်။

ဆူဇီမိုသည် သူ၏လက်ချောင်းတစ်ချောင်းကို သာမန်ကာလျှံကာ တောက်ထုတ်လိုက်ခြင်းမျှသာ ဖြစ်သော်လည်း ၎င်းကနေ ထွက်ပေါ်လာသော ကြောက်စရာကောင်းသည့်စွမ်းအားကို ယန်လင်းသာလျှင် ကောင်းကောင်းခံစားမိလေသည်။

သူ၏လက်ဖဝါးက ဆုတ်ပြဲသွားပြီး သွေးများက စီးထွက်လာခဲ့လေသည်။

ယန်လင်းသည် သူ၏ ဓားကိုဆုပ်ကိုင်နိုင်ခြင်းမရှိတော့ပဲ အဲ့ဒါက သူ၏လက်ထဲကနေ ပျံထွက်သွားခဲ့လေသည်။

သူက နောက်ဆုတ်တော့မည်ပြုစဥ်မှာပင် ဆူဇီမိုက သူ့ရှေ့သို့ ချက်ချင်းရောက်ရှိလာပြီး ညင်သာစွာ ကိုယ်ဖြင့်တိုက်ထုတ်လိုက်လေသည်။

ယန်လင်းသည် ကြီးမားသောတောင်တစ်လုံးက သူ့ပေါ်သို့ ပိဆင်းလာသည့်အလား ခံစားလိုက်ရလေသည်။

သူ၏ အရွတ်များနှင့်အရိုးများက ကွဲထွက်ကုန်သည့်အလား ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာကျဆင်းကာ သတိလစ်သွားခဲ့လေသည်။

သူက လှုပ်ရှားကွက်နှစ်ကွက်ဖြင့် ပြိုင်စံရှားနှစ်ယောက်ကို အနိုင်ယူလိုက်လေသည်။

ရွှစ်ရွှစ်ရွှစ်......

နောက်ထပ်ပုံရိပ်ငါးခုက ထွက်ပေါ်လာပြီး မတူညီသော ဦးတည်းဘက်ငါးခုကနေ နေရာယူကာ ဆူဇီမိုကို လျှို့ဝှက်ဆန်းကြယ်သော ခြေလှမ်းများနှင့်အတူ လှည့်ပတ်လိုက်လေသည်။

သူတို့က ဒြပ်စင်ငါးမျိုးဂိုဏ်းမှ ပြိုင်စံရှားများ ဖြစ်ကြလေသည်။

ဆူဇီမိုသည် ကြိုးကြာတစ်ထောင်ဂိုဏ်းသို့ ရောက်ရှိလာစဥ်က ဒြပ်စင်ငါးမျိုးဂိုဏ်းမှ တပည့်များနှင့် ပဋိပက္ခတစ်ခု ဖြစ်ခဲ့ဖူးလေသည်။

ယခု ဆူဇီမိုက လက်ရှိပြိုင်စံရှားများကို သူတစ်ယောက်တည်းဖြင့် ဖိနှိမ်ချင်သည်ဟု ဆိုလာသောအခါ သူတို့သည် သူတို့၏ ဒြပ်စင်ငါးမျိုးဝင်္ကပါကို ဆင့်ခေါ်ထုတ်ပြီး သူ့ကိုဝန်းရံလိုက်ကြလေသည်။

“မောက်မာလိုက်တဲ့အရူး... မင်းက ဒီဒြပ်စင်ငါးမျိုးဝင်္ကပါထဲမှာ ဘယ်လောက်ကြာကြာနေနိုင်မလဲ ကြည့်ရသေးတာပေါ့”

ဒြပ်စင်ငါးမျိုးဂိုဏ်းမှ ပြိုင်စံရှားတစ်ယောက်က အေးစက်စွာဖြင့် ပြောလိုက်လေသည်။

ဒြပ်စင်ငါးမျိုးဝင်္ကပါကို အသက်သွင်းပြီးသည်နှင့် ဒြပ်စင်ငါးမျိုးနှင့် ဆက်စပ်မှုရှိသော မည်သည့်အရာမဆို လက်နက်များဖြစ်စေ ၊ ဓမ္မအတတ်များဖြစ်စေ သိသိသာသာအားနည်းသွားပေလိမ့်မည်။

ဒါ့အပြင် ဝင်္ကပါကို ပြောင်းလဲလိုက်သည်နှင့် ၎င်း၏စွမ်းအားက တစ်ဖန်ထပ်၍ တိုးလာပေလိမ့်မည်။

“ဘာလဲ ဒြပ်စင်ငါးမျိုးဝင်္ကပါ.. ပျက်စမ်း....”

ဆူဇီမိုက လှောင်ရယ်လိုက်ပြီး ​မြေပြင်ကို ပြင်းထန်စွာ ကန်ကျောက်လိုက်လေသည်။

ဘုန်း.....

မြေပြင်က ပြင်းထန်စွာ တုန်ခါသွားခဲ့လေသည်။

ပြိုင်စံရှားငါးယောက်သည် ဆတ်ကနဲတုန်ယင်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားရလေသည်။ ဝင်္ကပါ၏ လှည့်ပတ်စီးဆင်းမှုကပင် ရပ်တန့်သွားရလေသည်။

အဲ့ဒါက တခြားသူများအတွက် ဖမ်းဆုပ်မိဖို့ခက်ခဲသော လျှပ်တစ်ပြတ်ဟာကွက်ဖြစ်လေသည်။ သို့သော်လည်း ဆူဇီမိုက ဘယ်သူပါလဲ...။

သူက သမိုင်းတစ်လျှောက် အသန်မာဆုံးပြန်ဝင်စားမွန်းစတားဖြစ်လေသည်။

သူ့အတွက်တော့ ဤလျှပ်တစ်ပြတ်ဟာကွက်က အနိုင်အရှုံး၏ ဆုံးဖြတ်ချက်ဖြစ်လေသည်။

ဒြပ်စင်ငါးမျိုးဂိုဏ်းမှ ပြိုင်စံရှားတစ်ယောက်သည် သူ့ကိုယ်သူဟန်ချက်ထိန်းပြီး ဝင်္ကပါကို ဆက်လက်လှည့်ပတ်မည်ပြုစဥ်မှာပင် ဆူဇီမိုက သူ့ရှေ့သို့ရောက်ရှိလာပြီး ဟိန်းဟောက်လိုက်လေသည်။

ထိုသူသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ခံစားလိုက်ရပြီး သူက အေးစက်တောင့်တင်းသွားခဲ့လေသည်။

ဒါ့အပြင် ဆူဇီမိုက အဲ့ဒါကို ထိန်ချန်ထားသေးလေသည်။ မဟုတ်ပါက ဤအကွာအဝေး၌ ဆူဇီမိုသည် မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းကို ထုတ်ဖော်ပါက ထိုသူ၏ အမြုတေစိတ်ဝိညာဥ်က ချက်ချင်းဖျက်ဆီးခံလိုက်ရပေလိမ့်မည်။

​ဆူဇီမို၏လက်ဖဝါးက ထိုသူ၏ ရင်ဘတ်ပေါ်သို့ ညင်သာစွာ ကျဆင်းလာခဲ့လေသည်။

ဂျွတ်....

ထိုသူ၏ရင်ဘတ်က ချိုင့်ဝင်သွားပြီး သွေးများကို ထွေးထုတ်ကာ နေရာမှာပင် သတိလစ်သွားခဲ့လေသည်။

လူတစ်ယောက် အပြင်းအထန်ဒဏ်ရာရရှိသွားခြင်းနှင့်အတူ ဒြပ်စင်ငါးမျိုးဝင်္ကပါကို ဆက်လက်၍ အသက်သွင်းနိုင်ခြင်းမရှိတော့ပေ။

ဖျတ်ကနဲဆို ဆူဇီမိုက ဒြပ်စင်ငါးမျိုးဂိုဏ်း ကျင့်ကြံသူများရှေ့သို့ရောက်ရှိလာပြီး ကျန်ရှိနေသော ပြိုင်စံရှား လေးယောက်ကို ထိုးချက်ကန်ချက်အနည်းငယ်ဖြင့် လွင့်ပျံထွက်သွားစေလေသည်။

သူ၏လက်ထဲမှာ ပြိုင်စံရှားများက ကလေးငယ်များကဲ့သို့ နုနယ်နေလေသည်။

“အဲ့ဒီလူရဲ့ခန္ဓာကိုယ်က အရမ်းကိုသန်မာတယ်... သူ့ရဲ့အနီးကပ်တိုက်ခိုက်ရည်ကလည်း တော်တော်ကြောက်ဖို့ကောင်းတာပဲ... ငါတို့က သူ့အနားကို ချည်းကပ်သွားလို့မဖြစ်ဘူး”

နိုးထဝိညာဥ် ပြိုင်စံရှားတစ်ယောက်က ကျယ်လောင်စွာ သတိပေးလိုက်လေသည်။

ထို့နောက် ချက်ချင်းပင် နောက်ထပ်ပြိုင်စံရှားဆယ်ယောက်ကျော်က ထွက်ပေါ်လာကြလေသည်။ သို့သော်လည်း သူတို့က ဆူဇီမိုအနားသို့ ချည်းကပ်ခြင်းမရှိပဲ ခက်လှမ်းလှမ်းကနေ ရပ်၍ ဓမ္မအတတ်များကို ဆင့်ခေါ်ထုတ်၍ ဓမ္မလက်နက်များကို ထိန်းချုပ်လိုက်ကြလေသည်။

ဝှစ်ဝှစ်ဝှစ်.....

ဓမ္မလက်နက်များက လေထုကို တစ်ခုပြီးတစ်ခု ထိုးခွင်းလာကြလေသည်။

များစွာသော ပြိုင်စံရှားများသည် ဆက်လက်၍ ထိန်ချန်ထားခြင်းမရှိတော့ပဲ သူတို့၏ ဝှက်ဖဲများကို ထုတ်ဖော်လိုက်ကြလေသည်။

ဘန်း... ဘုန်းဘုန်း...

များစွာသော ဓမ္မအတတ်များက ဆင်းသက်လာပြီး ကြောက်စရာကောင်းသော စွမ်းအားများနှင့်အတူ ကောင်းကင်တစ်ခွင်လွှမ်းခြုံသွားခဲ့လေသည်။

ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပဲ သူ၏လက်နှစ်ဖက်ကို ဆက်တိုက်လှုပ်ရှားပြီး လျှို့ဝှက်ဆန်းကြယ်သော လက်ဟန်ချိပ်စည်းတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။ သူ၏ပါးစပ်ကို အနည်းငယ်ဟ၍ သူက ဟိန်းဟောက်လိုက်လေသည်။

“ပါ........”

လောကတစ်ခုလုံးက ထိုမန္တန်အသံနဲ့အတူ တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။

သူ၏ခေါင်းကို အနည်းငယ်ငုံ့ထားပြီး ဆူဇီမိုက ခံ့ညားထည်ဝါသော အမူအရာတစ်ခုနှင့်အတူ သူ၏ခန္ဓာကိုယ်မှ ဗုဒ္ဓအလင်းရောင်တစ်ခုက တောက်ပလာပြီး သက်ရှိများအားလုံးကို ဝင်းထိန်သွားစေလေသည်။

အဲ့ဒါက တာမင်းမန္တာန်နှင့်တွဲဖက်ထားသော တာမင်းဓမ္မချိပ်စည်းဖြစ်လေသည်။ တာမင်းချိပ်စည်း၏စွမ်းအားက ၎င်း၏အကန့်အသတ်သို့ ရောက်ရှိသွားခဲ့လေးသည်။ ဒါ့အပြင် အဲ့ဒါက တာမင်းဓမ္မချိပ်စည်း ၆ ခုထဲမှ ခုခံကာကွယ်ရေးဓမ္မချိပ်စည်းသာလျှင်ဖြစ်ပြီး မလှုပ်ရှားနိုင်သော အုတ်မြစ်ချိပ်စည်းဟုခေါ်လေသည်။

များစွာသော ဓမ္မအတတ်များသည် ဆင်းသက်လာပြီးနောက် ဗုဒ္ဓအလင်းရောင်နှင့်ထိတွေ့မိသည့်ခဏမှာပင် မည်သည့်ဝဲကယက်မှ မထွက်ပဲ ပျက်ပြယ်ကုန်ကြလေသည်။

များစွာသောဓမ္မလက်နက်များကလည်း လေထဲမှာတင်အေးခဲ၍ အနည်းငယ်တုန်ယင်ကာ ရှေ့သို့ ဆက်တိုးနိုင်ခြင်းမရှိတော့ပေ။

ဆူဇီမိုက ​နေရာကနေ မရွေ့ဘဲ လက်နှစ်ဖက်ဖြင့် ဓမ္မချိပ်စည်းတစ်ခုကို ဆင့်ခေါ်ထုတ်၍ ပြိုင်စံရှားဆယ်ယောက်ကျော်၏ တိုက်ခိုက်မှုများကို ပျက်ပြယ်သွားစေခဲ့လေသည်။

“အား....”

ဗုဒ္ဓကျောင်းတော် ၆ ကျောင်းမှ ကိုယ်တော်များသည် ထိုသည်ကိုမြင်သောအခါ သူတို့၏ အမူအရာများက မယုံကြည်နိုင်စွာ ပြောင်းလဲသွားကြလေသည်။

သူတို့ထဲမှ များစွာက ထိုဓမ္မချိပ်စည်း၏ မူလဇာစ်မြစ်ကို မှတ်မိကြလေသည်။

ပြောရမည်ဆိုလျှင် တာမင်းအစစ်အမှန်သုတ္တန်က ပျောက်ဆုံးသွားခဲ့သည်မှာ ကြာလေပြီ။

သို့သော်လည်း လွန်ခဲ့သည့်နှစ်တစ်ရာက ထိုဓမ္မချိပ်စည်းကို ထုတ်ဖော်ခဲ့သော ကျင့်ကြံသူနှစ်ယောက်ပေါ်လာခဲ့သည်ဟု ဆိုကြလေသည်။ သူတို့ထဲမှတစ်ယောက်က လွန်ခဲ့သည့်နှစ်တစ်ရာက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်လေသည်။ အခြားတစ်ယောက်ကတော့ ထိုစဥ်က အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်ငါးဖြစ်ပြီး နောက်ပိုင်းတွင် သူက ဒီပင်္ကရာကျောင်းတော်သို့ ဝင်ရောက်သွားသည်ဟု ဆိုလေသည်။

ယခုအခါမှာတော့ ဗုဒ္ဓကျောင်းတော်များ၏ ဤထိပ်တန်းအဆင့်ကျင့်ကြံရေးနည်းစနစ်သည် အခြားသောကျင့်ကြံသူတစ်ယောက်၏ လက်ထဲမှာ တစ်ဖန်ပြန်ပေါ်ထွက်လာခဲ့ပြန်လေသည်။

တာအိုအရှင်လန်ယွဲ့က သူမ၏ မျက်လုံးကိုမှေးကျဥ်းပြီး ဆူဇီမိုကို အာရုံစိုက်ကြည့်ကာ သူမ၏စိတ်ဝိညာဥ်အသိစိတ်ကို သူ့အပေါ်သို့ ဖြတ်သန်းစေလိုက်လေသည်။

“ဟမ့်...”

နောက်ဆုံးမှာတော့ တာအိုအရှင်လန်ယွဲ့က တစ်စုံတစ်ရာလွဲမှားနေသည်ကို ရှာဖွေတွေ့ရှိသွားခဲ့လေသည်။

“ဂိုဏ်းချုပ်... ဘာဖြစ်လို့လဲ...”

တာအိုအရှင်လန်ယွဲ့က မည်သည့်စကားမှမပြောပဲ သူမ၏ခေါင်းကို ခါယမ်းပြလိုက်လေသည်။ သူမကလေးနက်သောအတွေးဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။

ထိုစဥ်မှာပင် ငရဲမီးစံအိမ်မှ မင်းဟန်သည် တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား ကြမ်းကြုတ်ခက်ထန်သော အမူအရာတစ်ခုနှင့်အတူ ရှေ့သို့ပြေးတက်လာပြီး ရုတ်တရက်အော်ပြောလိုက်လေသည်။

“ငါသိပြီ... ငါသိပြီ”

“စောစောက အဲ့ဒီဓားပျံ ၃၆ လက်က မူလဓမ္မလက်နက်တွေမဟုတ်ဘူးပဲ သူတို့က.....”

ဆူဇီမိုက တစ်ချက်လှမ်းကြည့်ပြီးနောက် လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်လိုက်လေသည်။ ရွှေရောင်မီးလုံးတစ်လုံးက သူ၏လက်ချောင်းထိပ်မှာ ဖြစ်ပေါ်လာပြီး မင်းဟန်ဆီသို့ ပျံသန်းသွားလေသည်။

ဗုဒ္ဓတာအိုမီး.....

မင်းဟန်က သူ့စကားကို ဆုံးအောင်မပြောနိုင်သေးခင်မှာပင် သူ့ဆီသို့ပျံသန်းလာသော ရွှေရောင်မီးလုံးတစ်လုံးကို မြင်လိုက်ရလေသည်။ သူက လိပ်ပြာလွင့်မတက် ကြောက်လန့်သွားပြီး ငရဲမီးလှံတံကို အလောတကြီး ဆင့်ခေါ်ကာ ရွှေရောင်မီးတောက်များဆီသို့ ​ပစ်သွင်းလိုက်လေသည်။

ရှဲ....

ရွှေရောင်မီးတောက်များနှင့် ရင်ဆိုင်အတွေ့တွင် ငရဲမီးလှံတံက ခုခံနိုင်စွမ်းကင်းမဲ့နေပြီး ချက်ချင်းပင် ငြိမ်းသေသွားရလေသည်။

မင်းဟန်က မတုံ့ပြန်နိုင်ခင်မှာပင် ဆူဇီမိုက အနားသို့ချည်းကပ်လာပြီဖြစ်ပြီး သူ၏လည်ပင်းကို ဆုပ်ကိုင်ကာ သူ့နားသို့ကပ်၍ တိုးတိုးပြောလိုက်လေသည်။

“မင်းသိတာတွေ အရမ်းများနေပြီ... “

ဂျွတ်.....

မင်းဟန်၏လည်ပင်းက ဆူဇီမို၏လက်ချက်ဖြင့် ကျိုးကြေသွားခဲ့လေသည်။

သူ၏အမြုတေစိတ်ဝိညာဥ်က အကောင်းတိုင်းရှိနေသေးသော်လည်း သူ၏လည်ပင်းကျိုးကြေသွားခြင်းက သူ့ကို ဒုက္ခိတဖြစ်သွားစေခြင်းနှင့်တူညီလေသည်။

All Chapters