← Chapters

ဓားလုယူခြင်းနှင့် တန်ပြန်တိုက်ခိုက်ခြင်း

Vol. 64 Ch. 951

ဓားလုယူခြင်းနှင့် တန်ပြန်တိုက်ခိုက်ခြင်း

Vol. 64 Ch. 951

လမ့်ရို ၊ ဖက်တီးလေးနှင့် အခြသူများပင်လျှင် စိုးရိမ်လာကြလေသည်။

ဘာပဲပြောပြော သူတို့သည် ဆူဇီမိုနှင့်မတွေ့ရသည်မှာ နှစ်တစ်ရာကြာသွားပြီဖြစ်တဲ့အတွက် သူ၏ လက်ရှိခွန်အားကို သူတို့ကမသိကြပေ။

လမ့်ရိုသည် သူမ၏လက်ထဲရှိ ရင်သပ်ရှုမောဓမ္မဓားကိုကြည့်ပြီး ရုတ်တရက် နောင်တရသလို ခံစားလိုက်ရလေသည်။

သူမသည် စောစောက ဤမူလပကတိအရှင်လက်နက်ကို ဆူဇီမိုဆီသို့ ပြန်ပေးထားမည်ဆိုလျှင် သူက သေရေးရှင်ရေး အခြေအနေမှာအဲ့ဒါကို အသုံးချနိုင်ကောင်းလေသည်။ သို့သော် ယခုအခါမှာတော့ ဆူဇီမိုသည် နေရာမှာပင် လက်နက်မပါပဲ ရပ်နေပြီး လက်ဗလာဖြင့် တိုက်ခိုက်နေရလေသည်။

ကျန့်ဝူကျုံး၏ ဓားက သူ၏လည်ပင်းဆီသို့ ရောက်တော့မည့်ဆဲဆဲပင်။

ဤအကွာအဝေးတွင် ဆူဇီမိုက သူ၏သိုလှောင်အိတ်ထဲကနေ သူ၏ ဓမ္မလက်နက်ကို ထုတ်ယူဖို့ပင် နောက်ကျသွားလေပြီ။

ဒါ့အပြင် ယဲ့ထျန်းချန်၏ အစေခံ ၈ ယောက်ကလည်း သူ့ကို ဝိုင်းပတ်ထားပြီး သူ၏ ထွက်လမ်းအားလုံးကို ပိတ်ဆို့ထားလေသည်။

“မောက်မာတဲ့ငနဲ... နင်က ဘယ်နားမှာသွားပုန်းနိုင်မလဲ ကြည့်ရသေးတာပေါ့..”

ယဲ့ကျိုက အေးစက်စက်အကြည့်တစ်ချက်နှင့်အတူ မုန်းတီးစွာပြောလိုက်လေသည်။

ကျန့်ဝူကျုံး၏ မျက်လုံးထဲတွင် ပျော်ရွှင်မှုအရိပ်အယောင်များက ဖျတ်ကနဲ လက်သွားလေသည်။

သူ၏ဓားက နောက်ခဏ၌ ဆူဇီမို၏လည်ပင်းကို ထိုးဖောက်လိုက်သည်ကိုပင် သူက မြင်ယောင်မိလာလေသည်။

“ဟားဟားဟားဟား....”

ရုတ်တရက် ဆူဇီမိုက ဟားတိုက်ရယ်မောလိုက်ပြီး သူ၏ရယ်သံက အလွန်ပင်ကျယ်လောင်လေသည်။

ကျန့်ဝူကျုံးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေသည်။

ဤကဲ့သို့ ဝန်းရံပိတ်ဆို့ခံထားရချိန်တွင် ဆူဇီမို၏ မျက်လုံးထဲမှာ ကြောက်လန့်ရမည့်အစား လှောင်ပြောင်လိုမှုများဖြင့် ပြည့်နှက်နေသည်ကို သူက ရုတ်တရက် သတိထားမိလိုက်လေသည်။

အဲ့ဒီနောက် ဆူဇီမိုက ခပ်ပေါ့ပေါ့ပင် ပြောလိုက်လေသည်။

“ငါက မင်းရဲ့ဓားကို တစ်ခါလုယူနိုင်ရင် နောက်တစ်ခါလည်း အဲ့ဒါကို လုပ်နိုင်တာပေါ့”

သူက သမိုင်းတစ်လျှောက် အသန်မာဆုံးပြန်ဝင်စားမွန်းစတားဖြစ်လေသည်။ သူက ဤကဲ့သို့သော တိုက်ခိုက်မှုများကို ရှောင်းရှားလိုခြင်းမရှိပေ။ သူက အဲ့သလိုလုပ်ဖို့လည်း မလိုပေ။

သူ၏စကားမဆုံးသေးခင်မှာပင် ဆူဇီမိုသည် ရုတ်တရက်တိုက်ခိုက်လိုက်လေသည်။ သူ၏ လက်နှစ်ဖက်စလုံးက ပျော့ပျောင်းသွားပြီး ကမ္ဘာဦးနတ်ဆင်တစ်ကောင်၏ နှာမောင်းကဲ့သို့ ဝင်ရောက်လာသော ဓားဆီသို့ ပစ်လွှဲလိုက်လေသည်။

ရစ်ပတ်ခြင်း... ဆွဲခါခြင်း...

“အား...”

ကျန့်ဝူကျုံးက အံ့အားတသင့် အော်ဟစ်လိုက်လေသည်။

တွန့်လိမ်၍ တုန်ခါပြီးနောက် ရုန်းကန်ပေါက်ကွဲထွက်လာသော အလွန်တရာကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုကို သူက ခံစားမိလိုက်လေသည်။

သူ၏လက်က ဓားကိုလုံးဝဆုပ်ကိုင်နိုင်ခြင်း မရှိတော့ပေ...

ဓားက တုန်ခါသွားပြီး သူ၏လက်ဖဝါးက ဆုတ်ပြဲသွားခဲ့၏။ သူ့လက်မှ သွေးများက စီးထွက်လာခဲ့လေသည်။

ဖျတ်ကနဲဆို သူ့လက်ထဲမှဓားက လွင့်ပျံသွားပြီး ဆူဇီမို၏ လုယူခြင်းကို ခံလိုက်ရလေသည်။

သူတို့နှစ်ယောက်တိုက်ခိုက်ဖလှယ်စဥ်အတွင်း ဖြစ်ပွားခဲ့သည့်အရာများကို မည်သူကမှ သေချာမပြောနိုင်ပေ။

ကျန့်ဝူကျုံးပင်လျှင် အဲ့ဒါကို ရှင်းရှင်းလင်းလင်းမမြင်လိုက်ရပေ။

တစ်ခဏအတွင်းမှာပင် ဓားပိုင်ရှင်က ပြောင်းလဲသွားသည်ကိုသာ လူတိုင်းက သိလိုက်လေသည်။

လက်ရှိအချိန်တွင် ကျန့်ဝူကျုံး၏ရင်ထဲရှိ ကြောက်ရွံမှုကို မည်သူကမှ နားလည်နိုင်လိမ့်မည်မဟုတ်ပေ။

သူ၏ လက်ရှိဓားက မူလပကတိအရှင်ဓမ္မလက်နက်တစ်ခု မဟုတ်သော်လည်း အဲ့ဒါက အလွန်တရာထက်ရှပြီး သတ္တုများကို ရွှံ့ခဲများကဲ့သို့ လှီးဖြတ်နိုင်သော ပကတိဓမ္မလက်နက်တစ်ခု ဖြစ်နေဆဲပင်။

အဆင့်တူခြင်းတွင် ရှိသော တစ်စုံတစ်ယောက်က သူ၏ဓားကို လက်ဗလာဖြင့် လုယူနိုင်လိမ့်မည်ဟု သူတစ်ခါမှပင် စဥ်းစားမကြည့်ဖူးပေ။

ထိုကဲ့သို့သောနည်းလမ်းများနှင့် သူ၏စွမ်းအားကြီးသော ကိုယ်ကာယက သူ၏နားလည်နိုင်စွမ်းထက် ကျော်လွန်နေလေသည်။

ထိုအခိုက်အတန့်တွင် ကျန့်ဝူကျုံး၏ စိတ်ထဲမှာ အတွေးတစ်ခုသာလျှင်ရှိတော့လေသည်။

ပြေး....

သူ၏ဓားလုယူခြင်းခံလိုက်ရပြီးနောက် ကျန့်ဝူကျုံးသည် တွေဝေခြင်းမရှိပဲ နောက်သို့ခုန်ဆုတ်လိုက်လေသည်။

အဲ့ဒီနောက် ချက်ချင်းဆိုသလိုပင် သူ၏ဦးရေပြားကို ရိုးတိုးရွတဖြစ်လာစေသော အလွန်တရာကြောက်စရာကောင်းသည့် အော်ရာတစ်ခုကို ခံစားမိလိုက်လေသည်။

ဆူဇီမိုသည် သူ၏ဘယ်ဘက်လက်ကို ဆန့်ထုတ်ပြီး လက်ချောင်းနှစ်ချောင်းကို ဓားတစ်လက်ကဲ့သို့ ပူးကပ်ကာ သူရှိရာဘက်သို့ သာမန်ကာလျှံကာ ခုတ်ပိုင်းချလိုက်လေသည်။

“ဇီ....”

ဓားချီက ဆူဇီမို၏ လက်ချောင်းထိပ်ကနေ ရုန်းကန်ထွက်ပေါ်လာပြီး အဲ့ဒါက ကျိန်းစက်နေသော အဖြူရောင်အလင်းတန်း ဖြစ်လေသည်။

ထိုခဏ၌ လောကတစ်ခုလုံးက လှုပ်ခါသွားပြီး ရာသီဥတုက ပြောင်းလဲသွားခဲ့လေသည်။

“ကောင်းကင်သတ်ဖြတ်ခြင်း ဓားကွက်...”

ဓားလုယူခံရခြင်းနှင့် တန်ပြန်တိုက်ခိုက်ခြင်းက တစ်ချိန်တည်းနီးပါး ဖြစ်ပွားခဲ့လေသည်။

ကျန့်ဝူကျုံးကို မပြောနှင့် ခြံဝန်းတစ်ခုလုံးရှိ ကျင့်ကြံသူများပင်လျှင် အေးစက်နေသော သတ်ဖြတ်လိုစိတ်တစ်ခုကို ခံစားမိကြလေသည်။

ဟင်း....

လူအုပ်ကြီးက ပင့်သက်ကိုရှိုက်လိုက်ကြလေသည်။

“ဘယ်လောက်တောင်​ကြောက်စရာကောင်းလိုက်တဲ့ ဓားချီလဲ...”

“ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ဓားဂိုဏ်းအပြင် ဒီလောက်ထိကြောက်စရာကောင်းတဲ့ နောက်ထပ် ဓားပညာရပ်တစ်ခု ရှိနေပြီလား...”

“ငါသိပြီ.... ကောင်းကင်ဇင်ယော်ဂိုဏ်းက ချန်ဖန်းက အဲ့ဒီဓားချီနဲ့ပဲ ဒုက္ခိတဖြစ်သွားခဲ့ရတာ..”

တစ်စုံတစ်ယောက်က အံအားတသင့် ပြောဆိုလိုက်လေသည်။

အစကတော့ ပကတိအရှင်ဖန်းလန်သည် ပြပွဲတစ်ခုကို စောင့်ကြည့်နေရုံသာဟု မှတ်ယူထားလေသည်။ သို့သော်လည်း ထိုဓားချီထွက်ပေါ်လာပြီးနောက် သူသည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသည်ကို ခံစားလိုက်ရလေသည်။

သူသည် သုန်မှုန်နေသော အမူအရာတစ်ခုနှင့်အတူ အလိုလိုခါးကို မတ်မိသွားလေသည်။

တာအိုအရှင်လန်ယွဲ့၏ အမူအရာက အနည်းငယ်​ပြောင်းလဲသွားပြီး သူမ၏မျက်လုံးနှစ်ဖက်ကို မှေးကျဥ်းလိုက်လေသည်။

သူမက ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ဖြစ်ပြီး သူမ၏ ကျင့်ကြံမှုအဆင့်က အခြားလူတိုင်းထက် သာလွန်လေသည်။ သူမက အရာရာတိုင်းကို ရှင်းလင်းစွာ ခံစားမိလေသည်။

မိုလင်းသည် ထိုဓားချီ၏ အစစ်အမှန်စွမ်းအားကို ယခုချိန်ထိ မထုတ်ဖော်နိုင်သေးသည်မှာ သိသာလေသည်။ ထိုသို့ဆိုလျှင်တောင် အဲ့ဒါက အရာရာတိုင်းကို ဖျက်ဆီးပစ်ဖို့လုံလောက်လေသည်။

ဤဓားချီနှင့်ယှဥ်ပါက ကျန့်ဝူကျုံး၏ စောစောက တိုက်ခိုက်မှုသည် ကလေးငယ်တစ်ယောက် ဓားတစ်လက်ကို ရူးသွပ်စွာဝှေ့ယမ်းနေသကဲ့သို့ မှိန်ဖျော့သွားရလေသည်။

ဘေးဘက်ရှိ ကျင့်ကြံသူများက ရင်ထဲမှာ ဒုတ်ကနဲမြည်သွားသည်ကို ခံစားရလေသည်။

ကျန့်ဝူကျုံး၏ လက်ရှိအခြေအနေကို စဥ်းစားကြည့်ဖို့ လွယ်ကူလေသည်။ သူက သေခြင်းရနံ့ကို ရှူရှိုက်မိနေလေပြီ။ ကျန့်ဝူကျုံး၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားပြီး လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲ ထုတ်ဖော်လိုက်လေသည်။ ဓမ္မစွမ်းအားများက တလိပ်လိပ်တက်လာပြီး ဧရာမ ဓမ္မစွမ်းအားဓားတစ်လက်က သူ၏ လက်ဖဝါးနှစ်ဖက်ကြားမှာ ဖြစ်ပေါ်လာခဲ့လေသည်။

“သတ်ဖြတ်စမ်း...”

ဒေါသတကြီးဟိန်းဟောက်သံနှင့်အတူ သူက သူ၏ဓမ္မစွမ်းအားဓားကို ဝှေ့ယမ်းပြီး ဝင်ရောက်လာသော ဓားချီကို ခုတ်ပိုင်းချလိုက်လေသည်။

ရွှစ်...

အဲ့ဒီမှာ ခပ်တိုးတိုးအသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

အဲ့ဒါက အသံမထွက်လုနီးပါးပင်.....

ကျန့်ဝူကျုံး၏ လက်ထဲရှိ ဓမ္မစွမ်းအားဓားသည် ပါးလွှာသော အဖြူရောင်ဓားချီ၏ နှစ်ပိုင်းထိုးခွဲခြင်းကိုခံလိုက်ရပြီး ချက်ချင်းပင်ပျက်ပြယ်သွားလေသည်။

သို့သော်လည်း ဓားချီက လုံးဝရပ်တန့်သွားခြင်းမရှိပဲ ကျန့်ဝူကျုံး၏ ရင်ဘတ်ဆီသို့ ထိုးဝင်လာခဲ့လေသည်။

ဓားဂိုဏ်း၏ ဓမ္မပညာရပ်တစ်ခုက ထိုဓားချီကို လုံးဝခုခံနိုင်ခြင်းမရှိပေ။

ကျန့်ဝူကျုံးသည် အရိုင်းဆန်သော အမူအရာတစ်ခုနှင့်အတူ သူ၏လည်ပင်းပေါ်တွင် သွေးကြောစိမ်းများက ထောင်ထလာပြီး သူ၏မျက်လုံးများက မကျေမချမ်းမှုများဖြင့် ပြည့်နှက်လာခဲ့လေသည်။

ထိုဓားချီက သူ့ကိုသတ်ဖြတ်နိုင်ချင်မှ သတ်ဖြတ်နိုင်မည်ဖြစ်သော်လည်း ၎င်းက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် သူ့ခန္ဓာကိုယ်က သေချာပေါက် ဖျက်ဆီးခံရပေလိမ့်မည်။ သူသည် ဤကဲ့သို့သော ကြောက်စရာကောင်းသည့် ဓားချီမျိုးကို ဓားဂိုဏ်းမှာတုန်းကပင် တစ်ခါမှမတွေ့မြင်ဖူးပေ။

“ငါလက်မခံနိုင်ဘူး....”

ကျန့်ဝူကျုံးက နောက်ဆုံးအကြိမ်အနေဖြင့် အော်ဟစ်လိုက်လေသည်။

ရုတ်တရက်ဆိုသလို... ကျန့်ဝူကျုံးက လက်လျှော့တော့မည့်ဆဲဆဲမှာပင် ကြီးမားသည့် အားတစ်ခုက သူ၏လက်ကိုရစ်ပတ်ပြီး နေက်သို့ဆက်ကနဲဆွဲယူလိုက်လေသည်။

ကျန့်ဝူကျုံး၏ ခန္ဓာကိုယ်သည် လေထဲမှလွင့်မျောသွားပြီး ဓားဂိုဏ်းဘက်ခြမ်းရှေ့တွင် ပြုတ်ကျလာခဲ့လေသည်။

နောက်တစ်ခဏ၌ သူ၏ရှေ့တွင် မားမားမတ်မတ်ရပ်တည်နေသော ရင်းနှီးသည့်ပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရလေသည်။

“စီနီယာအစ်ကို....”

ကျန့်ဝူကျုံးက အောခေါ်လိုက်လေသည်။

သူက သေရတော့မည့်ဆဲဆဲအချိန်တွင် ဟန်ချိုးယွီက ထွက်၍ ရပ်တည်လာခဲ့လေသည်။

“စီနီယာအစ်ကို... သူ့ကို ကူပြီးသတ်ပေး”

ကျန့်ဝူကျုံးက အံကိုတင်းတင်းကြိတ်၍ အော်ပြောလိုက်လေသည်။

ဟန်ချိုးယွီက ပြန်မဖြေပေ။ သူက ပြန်မဖြေနိုင်ခြင်းလည်းဖြစ်ပေသည်။

ဟန်ချိုးယွီက ဓားချီရှေ့တွင် ရပ်လိုက်ပြီးနောက် ကြောက်စရာကောင်းမှုကို လက်တွေ့ခံစားလိုက်ရလေသည်။

မသိလိုက်မသိဘာသာနှင့်ပင် သူ၏မျက်နှာပေါ်မှာ ချွေးစေးများက ထွက်ပေါ်လာလာခဲ့လေသည်။

“ဇီ.....”

ဟန်ချိုးယွီက တိုက်ခိုက်လိုက်လေသည်။

ရင်သပ်ရှုမောဖွယ်ရာ ဓားအလင်းတန်းက ထွက်ပေါ်လာခဲ့လေသည်။

ဓမ္မအင်းကွက် ၆ ခုနှင့် မူလပကတိအရှင်ဓမ္မလက်နက်တစ်ခုဖြစ်လေသည်။

ဓားအလင်းတန်းဖြတ်သွားရတစ်လျှောက် လေဟာနယ်ထဲရှိ အသက်ဓာတ်အားလုံးသည် စုပ်ယူခြင်းခံလိုက်ရလေသည်။

အသက်မဲ့ဓားကွက်...

ထိုဓားပညာရပ်သည် ဓားဂိုဏ်း၏ တည်ထောင်သူသခင်က မဟာရှေးဟောင်းဓားပညာရပ်သုံးခုထဲမှ တစ်ခုကို ကောက်ချက်ချထုတ်နုတ်ပြီးနောက် ရရှိလာသော လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်ပြီး ကြောက်စရာကောင်းသည့် စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။

ချွမ်း....

ဓားချီနှင့်ဓားသွားက ထိတွေ့ရိုက်ခတ်သွားလေသည်။

အကန့်အသတ်မဲ့သော သတ်ဖြတ်လိုစိတ်က လေထဲမှာပြည့်နှက်သွားခဲ့လေသည်။

သူတို့ထိတွေ့ရိုက်ခတ်သော လေဟာနယ်သည် အပိုင်းပိုင်းလှီးဖြတ်ခြင်းခံလိုက်ရသည်ဟု ထင်ရလေသည်။

ဟန်ချိုးယွီသည် ဆတ်ကနဲတုန်ရင်သွားပြီး နောက်သို့ ခြေသုံးလှမ်းဆုတ်လိုက်ရလေသည်။

ခြေတစ်လှမ်းတိုင်းမှာ သူ၏ခြေဖဝါးက မြေကြီးထဲသို့ နစ်ဝင်သွားပြီး ရှင်းလင်းသည့်ခြေရာများကို ထွက်ပေါ်လာစေလေသည်။

ကြောက်စရာကောင်းသည့် ဓားချီက နောက်ဆုံးမှာတော့ ပျက်ပြယ်သွားခဲ့လေသည်။

သို့သော်လည်း သူ၏ဓားကိုဆုပ်ကိုင်ထားသော ဟန်ချိုးယွီ၏လက်သည် အထိန်းအကွပ်မဲ့စွာဖြင့် တုန်ရီနေဆဲဖြစ်လေသည်။

သူ၏ မူလဓမ္မလက်နက်နှင့် အသက်မဲ့ဓားကွက်ဖြင့်တောင် သူက ထိုဓားချီကို ခုခံနိုင်ရုံသာရှိလေသည်။

ထိုဓားချီ၏ မူလဇာစ်မြစ်က ဘာဖြစ်မလဲ...

ဟန်ချိုးယွီကို ပို၍ပင် ထိတ်လန့်ကြောက်ရွံ့သွားစေသည့်အရာမှာ ထိုဓားချီမဟုတ်ပေ။

အဲ့ဒါက ဓားချီကိုထုတ်လွှတ်လိုက်သော လူကိုယ်တိုင်ပင်ဖြစ်လေသည်။

ထိုဓားချီကို ထုတ်လွှတ်ပြီးနောက် မိုလင်းသည် တစ်ဖက်သို့လှည့်ပြီး အစေခံ ၈ ယောက်ကို ကြည့်ပင်မကြည့်ပဲ ရင်ဆိုင်လိုက်လေသည်။

သူက သူတို့ကို တစ်ချက်ပင်မကြည့်ပေ။

သူ၏ယုံကြည်မှုကို မည်သူကမှ ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။

ဟန်ချိုးယွီ၏ ရင်ထဲတွင် အမှန်တစ်ကယ်စိုးရိမ်ထိတ်လန့်လာရသည့်အကြောင်းရင်းမှာ ထိုလူ၏ သရုပ်မှန်ကို စဥ်းစားမိသွားသောကြောင့်ဖြစ်လေသည်။

All Chapters