← Chapters

ပေါက်ကွဲထွက်ပေါ်လာာသောတိုက်ပွဲ

Vol. 64 Ch. 955

ပေါက်ကွဲထွက်ပေါ်လာာသောတိုက်ပွဲ

Vol. 64 Ch. 955

“ငါ့ကိုသတ်မယ် ဟုတ်လား...”

ယဲ့ထျန်းချန်က မကောင်းဆိုးဝါးဆန်ဆန်ပြုံး၍ မလှမ်းမကမ်းတွင်ရှိသော တာအိုအရှင်လန်ယွဲ့ကို ကြည့်ပြီး​ အေးစက်စွာဖြင့်ပြောလိုက်လေသည်။

“ဒီနေ့တိုက်ပွဲက ကစဉ့်ကလျားအမြုတေဂိုဏ်းနဲ့ ဒီလူ့ကြားက ရန်ငြိုးရန်စပဲ... အဲ့ဒါက ပြိုင်စံရှားတိုက်ပွဲနဲ့မဆိုင်တော့ဘူး.. တာအိုအရှင်လန်ယွဲ့ ကျေးဇူးပြုပြီး ဝင်ရောက်ဟန့်တားခြင်း မလုပ်ပါနဲ့”

တစ်နည်းအားဖြင့်ပြောရလျှင် သူတို့နှစ်ယောက်က အသေအကြေတိုက်ခိုက်တော့မည် ဖြစ်လေသည်။ မိုးကြိုးလေပြည်နန်းတော်၏ တာအိုသက်ရှိချီကိုင်က ရုတ်တရက်ထရပ်ပြီး ပြောလိုက်လေသည်။

“အားလုံးပဲ... ဒီကောင်လေးက လူသားတစ်ယောက်လား သားရဲတစ်ယောက်လားဆိုတာ ငါတို့မသိသေးဘူးဆိုတာကို မမေ့လိုက်နဲ့...”

အစကတော့ မိုးကြိုးလေပြည်နန်းတော်က ဘေးကနေစောင့်ကြည့်နေလေသည်။ ယခု ဆူဇီမို၏သရုပ်မှန်ကို သိရပြီဖြစ်သောအခါ သူတို့က အဲ့ဒါကိုလက်လွတ်ခံစရာ အကြောင်းမရှိပေ။

အသင်္ချေနယ်မြေမြို့တော်မှာတုန်းက မိုးကြိုးလေပြည်နန်းတော်မှ ပြိုင်စံရှားသည် ညဝိညာဥ်၏လက်ထဲမှာသေဆုံးခဲ့ရလေသည်။

ခရမ်းရောင်မိုးကြိုးကျမ်းကို လုယူဖို့အတွက်နှင့် မိုးကြိုးလေပြည်နန်းတော်မှ ပကတိအရှင်ထျန်မင်းသည် ဆူဇီမို၏ သားရဲနည်းစနစ်မှာ သွေးမြူများအဖြစ်ပြောင်းလဲပြီး သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်မှာဖျက်ဆီးခံခဲ့ရလေသည်။

လက်စားချေဖို့အတွက်ဖြစ်စေ ခရမ်းရောင်မိုးကြိုးကျမ်းအတွက်ဖြစ်စေ မိုးကြိုးလေပြည်နန်းတော်က ဆူဇီမို၏သရုပ်မှန်ကိုသိရပြီးနောက် ဒီတိုင်းငြိမ်နေနိုင်တော့မည်မဟုတ်ပေ။

ငရဲမီးစံအိမ်၏ မူလနတ္ထိကမုန်းတီးစွာဖြင့် ဝင်ပြောလိုက်လေသည်။

“သူက သားရဲတစ်ကောင်ဆိုရင် သူက ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲကို ထိုးဖောက်ဝင်ရောက်ပြီးတော့ ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည်နဲ့ ဂိုဏ်းကြီးတွေကြား ပဠိပက္ခဖြစ်စေဖို့ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ လာတာပဲဖြစ်ရမယ်... ဂိုဏ်းချုပ်လန်ယွဲ့ တခြားသူတွေကို သတိပေးဖို့အတွက် ခင်ဗျားက သူ့ကို အခုချက်ချင်းသတ်ပစ်သင့်တယ်”

မင်းဟန်၏ လည်ပင်းက ဆူဇီမိုကြောင့် ကျိုးကြေသွားပြီး သူ၏အမြုတေစိတ်ဝိညာဥ်က ထိခိုက်ထားလေသည်။ သူ့ကို ပြန်လည်ကုသနိုင်မည်ဆိုလျှင်တောင် သူ၏ နဂိုအစွမ်းအစများကို ရရှိနိုင်ဖို့ခက်ခဲလေသည်။

ငရဲမီးစံအိမ်က ကြီးမားစွာ ထိခိုက်ဆုံးရှုံးခဲ့ရလေသည်။

“အဲ့ဒါဟုတ်တယ်...”

ဓားဂိုဏ်း၏ မူလနတ္ထိက ဝင်ရောက်ပြောဆိုလိုက်လေသည်။

“ဒီကောင်လေးက သားရဲတစ်အုပ်စုနဲ့တောင် သွေးသောက်မောင်နှမဖွဲ့ထားတယ်လို့ ငါကြားမိတယ်... သူက သားရဲမဟုတ်ရင် ဘာလဲ”

ထိပ်သီးဂိုဏ်းကြီးများသည် သူတို့၏ရပ်တည်မှုများကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်ပြသလာကြလေသည်။

တာအိုအရှင်လန်ယွဲ့က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ရွေးချယ်စရာမရှိပဲ အရှေ့သို့ထွက်ရပ်လိုက်ရလေသည်။

သူမ၏သိုလှောင်အိတ်ကိုပုတ်၍ တလက်လက်တောက်ပနေသော ကြေးမုံတစ်ချက်ကို ထုတ်ယူပြီး လေထဲသို့ ညင်သာစွာပစ်တင်၍ သူမ၏ လက်ညိုးဖြင့် ညွန်လိုက်လေသည်။

ဓမ္မစွမ်းအားစီးကြောင်းတစ်ခုက တလိပ်လိပ်ထွက်ပေါ်လာလေသည်။

ဝှစ်...

ကြေးမုံက ဝင်းလက်တောက်ပလာပြီး ဧရာမအလင်းတန်းတစ်ခုက ဆူဇီမိုပေါ်သို့ကျဆင်းလာလေသည်။

သားရဲထုတ်ဖော်ကြေးမုံ...

သားရဲထုတ်ဖော်ကြေးမုံသည် ရှေးဟောင်းခေတ်က လက်နက်ဧကရာဇ်ကိုယ်တိုင် အထူးတလည်ဖန်တီးပြုလုပ်ခဲ့သော ဓမ္မရတနာတစ်ခုဖြစ်လေသည်။ အဲ့ဒါက လူသားများပေါ်မှာ အကျိုးသက်ရောက်မှုမရှိသော်လည်း သားရဲများကို အလွန်တရာဒုက္ခပေးနိုင်လေသည်။

ဒဏ္ဍာရီအရဆို အစစ်အမှန်သားရဲထုတ်ဖော်ကြေးမုံသည် အလင်းတန်းတစ်ချက်ဖြင့် မည်သည့်သားရဲကိုမဆို ဖျက်ဆီးနိုင်လေသည်။ အဲ့ဒါက အရမ်းကိုကြောက်စရာကောင်လေသည်။

နောက်ပိုင်းတွင်အသုံးပြုကြသော သားရဲထုတ်ဖော်ကြေးမုံများသည် တုပပြုလုပ်ထားသော အရာများဖြစ်လေသည်။

အဲ့ဒါက မူလသားရဲထုတ်ဖော်ကြေးမုံလောက်စွမ်းအားမကြီးသော်လည်း သူတို့က သားရဲများအပေါ်မှာ သိသာထင်ရှားသည့် သက်ရောက်မှုရှိနေဆဲပင်။

သားရဲထုတ်ဖော်ကြေးမုံ၏ အလင်းရောင်အောက်တွင် သားရဲများက ပြေးစရာမရှိပဲ သူတို့၏အစစ်အမှန်ပုံစံကို ထုတ်ဖော်ပြသရပေလိမ့်မည်။ ဒါ့အပြင် သူတို့၏ အမြုတေစိတ်ဝိညာဥ်နှင့် ဓမ္မစွမ်းအားများကလည်း ဖိနှိမ်ခြင်းခံရပေလိမ့်မည်။

ဥပစာရှေးဟောင်းတိုက်ပွဲမြေမှာတုန်းက ဖန်သားနန်းတော်သည် သားရဲထုတ်ဖော်ကြေးမုံ အချို့ကို ဝင်္ကပါတစ်ခုအဖြစ်ခင်းကျင်းပြီး ဆူဇီမိုကို နေရာမှာပင် ပိတ်လှောင်ထားနိုင်ခဲ့လေသည်။

ယခုချိန်တွင် တာအိုအရှင်လန်ယွဲ့၏ လက်ထဲရှိကြေးမုံက သားရဲထုတ်ဖော်ကြေးမုံကို တုပပြုလုပ်ထားသော ပစ္စည်းတစ်ခုဖြစ်လေသည်။ ထိုသို့ဆိုလျှင်တောင် ထိုသားရဲထုတ်ဖော်ကြေးမုံက တာအိုအရှင်ဓမ္မလက်နက်တစ်ခုဖြစ်ပြီး နိုးထဝိညာဥ်သားရဲတစ်ယောက်အပေါ်မှာ အပြတ်အသတ်ဖိနှိမ်နိုင်စွမ်းရှိလေသည်။

လမ့်ရို ၊ ဖက်တီးလေးနှင့်အခြားသူများက ချက်ချင်းပင် စိုးရိမ်ထိတ်လန့်သွားကြလေသည်။ သို့သော်လည်း သူတို့၏ စိုးရိမ်ထိတ်လန့်မှုများက အမှန်တစ်ကယ်မလိုအပ်ကြောင်း မကြာခင်နားလည်လာကြလေသည်။

သားရဲထုတ်ဖော်ကြေးမုံ၏ အလင်းရောင်အောက်တွင် ဆူဇီမိုက လက်နှစ်ဖက်ကိုနောက်ပစ်၍ ဂရုမထားသည့်ပုံဖြင့် ရပ်နေလေသည်။ သူက သားရဲတစ်ကောင်ကဲ့သို့ ဖိနှိမ်ခံထားရခြင်း လုံးဝမရှိပေ။

နိုးထဝိညာဥ်အဆင့်သို့ဝင်ရောက်ပြီးနောက် ဆူဇီမိုက အမြုတေစိတ်ဝိညာဥ်နှစ်ခုကို ကျင့်ကြံထားနိုင်ခဲ့လေသည်။

အခုချိန်တွင် အနက်​ရောင်ဆံပင်နှင့်အမြုတေစိတ်ဝိညာဥ်က သူ၏ အသိစိတ်အလယ်မှာ နေရာယူထားလေသည်။ အဲ့ဒါက လူသားမျိုးနွယ်၏ ထိပ်တန်းအဆင့်ကျင့်ကြံရေးနည်းစနစ်နှစ်ခုကနေ စုဖွဲ့ထားသော အမြုတေစိတ်ဝိညာဥ်တစ်ခုဖြစ်လေသည်။

အဲ့ဒါကအလွန်တရာသန့်စင်ပြီး သားရဲထုတ်ဖော်ကြေးမုံ၏ သက်ရောက်ခြင်းကိုလုံးဝမခံရပေ။

သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဥ်ကတော့ သူ့အသိစိတ်၏ အနက်ပိုင်းထဲမှာ ပုန်းကွယ်နေပြီး တစ်စုံတစ်ယောက်က သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များနှင့် ဝင်ရောက်ထောက်လှမ်းခြင်းမရှသရွေ့ အဲ့ဒါကို တွေ့မြင်နိုင်လိမ့်မည်မဟုတ်ပေ။

ထိုသည်ကိုကြည့်ပြီးနောက် မိုးကြိုးလေပြည်နန်းတော်နှင့် ကစဉ့်ကလျားအမြုတေဂိုဏ်းမှ လူတိုင်းက မျက်မှောင်ကြုတ်လိုက်ကြလေသည်။

ကောလာဟလတွေက အတုအယောင်တွေများလား...

ဒါမှမဟုတ် ဒီလူက လှည့်စားမှုအချို့ကိုသုံးပြီး သားရဲထုတ်ဖော်ကြေးမုံကနေ ဖုံးကွယ်ထားနိုင်တာများလား...

တာအိုအရှင်လန်ယွဲ့က အမူအရာကင်းမဲ့စွာဖြင့် သားရဲထုတ်ဖော်ကြေးမုံကို ပြန်သိမ်းပြီး သူမ၏လက်ကို ဝေ့ယမ်းပြလိုက်လေသည်။

“မင်းတို့ရဲ့ ရန်ုငြိုးရန်စတွေကို မင်းတို့ဘာသာဖြေရှင်းကြ...”

ဘုန်း...

သူမစကားမဆုံးသေးခင်မှာပင် ယဲ့ထျန်းချန်က သူ၏ပလ္လင်ပေါ်ကနေ ခုန်ထွက်လိုက်ပြီဖြစ်လေသည်။ သူ၏ နှာရောင်ကတောက်ပသွားပြီး လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲဆင့်ခေါ်ကာ အော်ဟစ်လိုက်လေသည်။

“မိုးကောင်းကင်ပညာရပ်...”

ယဲ့ထျန်းချန်၏ လက်ချောင်းထိပ်ဖျားမှ ဓမ္မစွမ်းအားများသည် ပိုးချည်မျှင်များကဲ့သို့ အကန့်အသတ်မဲ့သော မိုးကောင်းကင်တစ်ခုကို ယက်လုပ်ပြီး ဆူဇီမိုအပေါ်သို့ လွှမ်းခြုံလာခဲ့လေသည်။

မိုးကောင်းကင်ပညာရပ်က ကစဉ့်ကလျားအမြုတေဂိုဏ်း၏ ထိပ်တန်းအဆင့်ဓမ္မပညာရပ်တစ်ခုဖြစ်လေသည်။

မိုးကောင်းကင်က လောကတစ်ခုလုံးကို အုပ်မိုးထားလေသည်။

မိုးကောင်းကင်၏ အုပ်မိုးမှုအောက်တွင် သက်ရှိများအားလုံးက ဖိနှိမ်ခံရပေလိမ့်မည်။

ကောင်းကင်တစ်ခုလုံးက ပြိုဆင်းလာသည့်အလား သိပ်သည်းပြင်းထန်သည့် ဖိအားတစ်ခုက ဖိခြေကျဆင်းလာခဲ့လေသည်။

အဲ့ဒါက လူသားတစ်ယောက်၏ ခွန်အားဖြင့် ရင်ဆိုင်နိုင်သော တစ်စုံတစ်ရာမဟုတ်ပေ။

“အဲ့ဒါက အရမ်းကိုကြောက်ဖို့ကောင်းတာပဲ”

တိုက်ပွဲနယ်မြေမှ တလိပ်လိပ်တက်လာနေသော ဓမ္မစွမ်းအားများကို ခံစားမိပြီး လူအုပ်ကြီး၏ အမူအရာကပြောင်းလဲသွားကာ အံ့အားတသင့် ရေရွတ်လိုက်ကြလေသည်။

စောစောကတိုက်ပွဲတွင် များစွာသော နိုးထဝိညာဥ်ပြိုင်စံရှားများက သူတို့၏ ဓမ္မပညာရပ်များကို ထုတ်ဖော်ခဲ့ကြလေသည်။ သို့သော်လည်း ဤဓမ္မပညာရပ်နှင့် နှိုင်းယှဥ်လျှင် သူတို့က ကလေးကလား လှည့်စားကွက်များသာ ဖြစ်လေသည်။

“ယဲ့ထျန်းချန်ဆိုတဲ့အတိုင်းပဲ...”

နန်းကုန်လင်းက အံ့အားတသင့်ဖြင့် တီးတိုးရေရွတ်လိုက်လေသည်။

“အစောပိုင်းနိုးထဝိညာဥ်အဆင့်မှာတင် ဒီလောက်ကြောက်စရာကောင်းတဲ့ ဓမ္မစွမ်းအားတွေကို ကျင့်ကြံထားနိုင်ပြီဆိုတော့ သူက နောက်ပိုင်းအဆင့် ဒါမှမဟုတ် ပကတိနိုးထဝိညာဥ်အဆင့်ကိုရောက်ရင် ဘယ်လောက်တောင် သန်မာလာလိုက်မလဲ”

ရူရွှမ်နှင့် အခြားသူများကလည်း စိုးရိမ်ပူပန်သွားကြလေသည်။

သူတို့သည် ထိုတိုက်ပွဲတွင် ပါဝင်ပက်သက်ခြင်းမရှိလျှင်တောင် သိပ်သည်းပြင်းထန်သည့် ဖိအားများကို ခံစားရနိုင်လေသည်။

တိုက်ပွဲနယ်မြေ၏အလယ်​တွင်ရှိသော ဆူဇီမိုက ပြိုကျလာသော မိုးကောင်းကင်ကို ဘယ်လိုတုံ့ပြန်ရင်ဆိုင်မလဲ စဥ်းစားကြည့်ဖို့ ခက်ခဲလေသည်။

ဆူဇီမိုက လှုပ်ရှားခြင်းမရှိပေ။ သူက နေရာမှာပင် လက်နှစ်ဖက်နောက်ပစ်၍ ရပ်နေပြီး သူ၏ခေါင်းကို အနည်းငယ်မော့ကာ ကျဆင်းလာသော မိုးကောင်းကင်ကို အထင်အမြင်သေးစွာဖြင့် ကြည့်နေလေသည်။

မိုးကောင်းကင်ပညာရပ်က အရမ်းကိုစွမ်းအားကြီးကြောင်း သူပြောနိုင်လေသည်။ သို့သော်လည်း ယဲ့ထျန်းချန်သည် ထိုဓမ္မပညာရပ်၏ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်နိုင်ဖို့ အဝေးကြီးလိုသေးလေသည်။

“မိုးကောင်းကင်ပညာရပ်တဲ့လား....”

ဆူဇီမိုက ညင်သာစွာပြုံးလိုက်လေသည်။

ဘုန်းကနဲမြည်သံနှင့်အတူ သူက မြေပြင်ကိုကန်ကျောက်၍ အပေါ်သို့ခုန်တက်ပြီး ဖိခြေကျဆင်းလာသောမိုးကောင်းကင်ကို လက်သီးဖြင့် ပစ်ထိုးလိုက်လေသည်။

ထိုသည်ကိုကြည့်ပြီး လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်သွားကြလေသည်။

ထိုဓမ္မပညာရပ်နှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမိုက မည်သည့်ဓမ္မပညာရပ် သို့မဟုတ် မည်သည့်လျှို့ဝှက်အတတ်ကိုမှ အသုံးပြုခြင်းမရှိပေ။ ထိုအစားသူက သူ၏ခန္ဓာကိုယ်သက်သက်ဖြင့် အဲ့ဒါကို ထိပ်တိုက်ရင်ဆိုင်ဖို့ ရွေးချယ်ခဲ့လေသည်။

သေးငယ်သောပုံရိပ်က ကြီးမားသောမိုးကောင်းကင်၏ လွှမ်းခြုံမှုကို ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။

အဲ့ဒါက မီးတောက်များကြားမှာ ပျံသန်းနေသော ပိုးဖလံတစ်ကောင်နှင့်တူနေသော်လည်း သူတို့နှစ်ခု၏ ထိတွေ့ရိုက်ခတ်မှုက ကမ္ဘာတုန်လောက်လေသည်။

ဘုန်း...

ဆူဇီမို၏လက်သီးသည် ကျဆင်းလာသောမိုးကောင်းကင်နှင့် ပြင်းထန်စွာထိတွေ့ရိုက်ခတ်သွားလေသည်။

ချက်ချင်းပင်လောကက အေးခဲသွားလေသည်။

ထိုမြင်ကွင်းက အေးခဲသွားသည်ဟု ထင်ရလေသည်။

မိုးကောင်းကင်အောက်တွင် အလွန်သေးငယ်သော ပုံရိပ်တစ်ခုသည် မိုးကောင်းကင်၏ လွှမ်းခြုံမှုကိုဆုတ်ဖြဲ၍ ထိုးဖောက်ချင်သည့်အလား သူ၏လက်သီးကို ဆန့်တန်းထားလေသည်။

ချပ်...ချပ်.. ချပ်...

အက်ကွဲသံများက ထွက်ပေါ်လာခဲ့လေသည်။

လူတိုင်း၏စောင့်ကြည့်မှုအောက်မှာ မိုးကောင်ကင်တွင် အက်ကွဲကြောင်းများက တစ်ခုပြီးတစ်ခုဖြစ်ပေါ်လာပြီး တဖြည်းဖြည်းကြီးမားကျယ်ပြန့်လာလေသည်။ တစ်ခဏအတွင်းမှာပင် အဲ့ဒါက ကောင်းကင်တစ်ခွင်ပြည့်နှက်သွားခဲ့လေသည်။

ကြေမွသွားလေပြီ...

မိုးကောင်းကင်က ကြေမွသွားလေပြီ...

အလွန်တရာစီးပိုးခြယ်လှယ်နိုင်သော မိုးကောင်းကင်ပညာရပ်သည် ဆူဇီမို၏ ထိုးချက်တစ်ချက်ဖြင့် ချေမွခြင်းခံလိုက်ရလေသည်။

“ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်တဲ့ကိုယ်ကယာလဲ...”

“ဒီလူရဲ့ကိုယ်ကာယက ဓမ္မလက်နက်တွေထက်တောင် အားမနည်းနိုင်လောက်ဘူး”

လူအုပ်ကြီးထဲမှ အံ့အားတသင့်ရေရွတ်သံများက ဆက်တိုက်ထွက်ပေါ်လာခဲ့လေသည်။

“ကောင်းတယ်....သိပ်ကောင်းတယ်...”

ယဲ့ထျန်းချန်က စိုးရိမ်ထိတ်လန့်မှုလုံးဝမရှိပဲ သူ၏ခေါင်းကိုမော့၍ ရယ်မောလိုက်လေသည်။

“ဆူဇီမို... မင်းကငါ့ကို တစ်ကယ်ပဲ စိတ်မပျက်စေဘူးပဲ...”

ဝှစ်....ဝှစ်.. ဝှစ်..

ယဲ့ထျန်းချန်က သူ၏ဝတ်ရုံကိုလှုပ်ခါ၍ အေးစက်စက်အလင်းတန်းများကို အလွန်တရာမြန်ဆန်စွာဖြင့် ဆူဇီမိုထံသို့ ပစ်လွှတ်လိုက်လေသည်။

ဓားပျံ ၄၉ လက်က ထက်ရှသောဓားချီများနှင့်အတူ လေထုကို ထိုးခွဲသွားလေသည်။

“အာ... အဲ့ဒါက ဓားပျံတစ်စုံပဲ”

ရုတ်တရက် ရှေးဟောင်းအစီအရင်ဂိုဏ်းမှ မူလနတ္ထိတာအိုသက်ရှိက ​ပြောလိုက်​လေသည်။

“ငါအခုမှတ်မိပြီ... လွန်ခဲ့တဲ့ဆယ်နှစ်က ကစဉ့်ကလျားအမြုတေဂိုဏ်းခေါင်းဆောင်က ငါတို့ဂိုဏ်းကို အလည်လာခဲ့တယ်... အဲ့ဒီဓားပျံကို ငါတို့ဂိုဏ်းချုပ်က ကိုယ်တိုင်ပြုလုပ်ပေးခဲ့တာပဲ...”

“ဒီဓားပျံက အခု... ယဲ့ထျန်းချန်ရဲ့ လက်ထဲကိုရောက်နေတယ်ဆိုတော့ အဲ့ဒါက...”

“ဖြစ်နိုင်တာက...”

All Chapters