အမြုတေနယ်မြေများရိုက်ခတ်ခြင်း
Vol. 64 Ch. 956
ဓားဝင်္ကပါသခင်....
ယဲ့ထျန်းချန်သည် ကျင့်ကြံရေးလောကတွင် အလွန်တရာရှားပါးသော ဓားဝင်္ကပါသခင်များထဲမှ တစ်ယောက်ဖြစ်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားပေ။
ဓားဝင်္ကပါကို ဖန်တီးဖို့အတွက် ဓားပျံများပို၍လိုအပ်လေလေ ထိုဝင်္ကပါကို ထိန်းချုပ်ဖို့ခက်ခဲလေလေဖြစ်ပြီး ၎င်း၏ စွမ်းအားကလည်း ပို၍ကြီးမားလေလေ ဖြစ်လေသည်။
ယခု ယဲ့ထျန်းချန်သည် ဓားပျံ ၄၉ လက်ကိုထုတ်ဖော်ပြီး သူတို့်အားလုံးက ပကတိအဆင့် ပကတိအရှင်ဓမ္မလက်နက်များ ဖြစ်နေသောကြောင့် ဤဓားဝင်္ကပါ၏ သေစေနိုင်စွမ်းက စဥ်းစားကြည့်လို့ပင် မရတော့ပေ။
“ကစဉ့်ကလျားအမြုတေဟင်းလင်းပြင်ဓားဝင်္ကပါ...”
ယဲ့ထျန်းချန်က ဓားပျံ ၄၉ လက်ကို ထိန်းချုပ်ပြီး လေထဲတွင် လမ်းကြောင်းများကို ရေးဆွဲကာဝင်္ကပါအင်းကွက်များကို ဖြစ်ပေါ်လာစေလေသည်။
ယဲ့ထျန်းချန်၏ ဓားပျံများကို တစ်ချက်ကြည့်ပြီးနောက် ဆူဇီမိုက လှောင်ရယ်၍ သူ၏သိုလှောင်အိတ်ကိုပုတ်ကာ မီးခိုးရောင်တောင်ထွတ်တစ်ခုကို ဆွဲထုတ်လိုက်လေသည်။
အတုမရှိရတနာ ၇ မျိုးထဲမှ တစ်ခုဖြစ်သော.. ဂမ္ဘီရသံလိုက်တောင်...
ဆူဇီမို၏ ခန္ဓာကိုယ်ထဲကနေ ဓမ္မစွမ်းအားများက တလိပ်လိပ်တက်လာပြီး ဂမ္ဘီရသံလိုက်တောင်ထဲသို့ တိုးဝင်ကာ သူက အဲ့ဒါကို လေထဲသို့ ပစ်ထုတ်လိုက်လေသည်။
ဂမ္ဘီရသံလိုက်တောင်က လေကိုဆန်၍ ပြန့်ကားသွားပြီး ဓားပျံ ၄၉ လက်ပေါ်သို့ ဖိချေကျဆင်းလာခဲ့လေသည်။
“ဟမ်.....”
ယဲ့ထျန်းချန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့လေသည်။
ကစဉ့်ကလျားအမြုတေဟင်းလင်းပြင်ဓားဝင်္ကပါက ဖြစ်တည်လာတော့မည့်ဆဲဆဲမှာပင် အဲ့ဒါက ဂမ္ဘီရသံလိုက်တောင်ဆီသို့ အထိန်းအကွပ်မဲ့စွာ ရွေ့လျားသွားလိမ့်မည်ဟု သူကထင်မှတ်မထားပေ။
ဓားဝင်္ကပါသည် အနည်းငယ်သွေဖယ်သွားလျှင်တောင် ချက်ချင်းပြိုကျပျက်စီးသွားမည်ဖြစ်လေသည်။
ယခုအခါမှာတော့ ဓားပျံ ၄၉ လက်စလုံးက ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်သွားခဲ့လေပြီ။
“တည်ငြိမ်စမ်း...”
ယဲ့ထျန်းချန်က သူ၏ကြီးမားသည့် စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ပြီး ဓားပျံ ၄၉ လက်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းလိုက်လေသည်။ သို့သော်လည်း ဂမ္ဘီရသံလိုက်တောင်က ဆင်းသက်လာခဲ့လေပြီ။
ဘုန်း...
ကျယ်လောင်သောမြည်သံနှင့်အတူ ဓားပျံ ၄၉ လက်စလုံးသည် ဂမ္ဘီရသံလိုက်တောင်၏ အောက်မှာ ဖိနှိမ်ခြင်းခံလိုက်ရလေသည်။
“အင်ပါယာဟင်းလင်းပြင်ချိပ်စည်း...”
ယဲ့ထျန်းချန်၏ တုံ့ပြန်မှုက အလွန်တရာမြန်ဆန်ပြီး သူက လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲဆင့်ခေါ်ထုတ်၍ ဂမ္ဘီရသံလိုက်တောင်ပေါ်သို့ ပစ်ထုတ်လိုက်လေသည်။
ဓမ္မချိပ်စည်းများက လျှို့ဝှက်ဆန်းကြယ်သော အလင်းများနှင့်အတူ တောက်ပလာပြီး ဂမ္ဘီရသံလိုက်တောင်၏ စွမ်းအားများအားလုံးကို ချိပ်ပိတ်လုနီးပါး ဖြစ်သွားလေသည်။
ချွမ်း...ချွမ်း...
ဓားပျံ ၄၉ လက်သည် လွတ်မြောက်ဖို့ကြိုးစားရင်း ဂမ္ဘီရသံလိုက်တောင်အောက်မှ ကခုန်လာလေသည်။
“ဟမ့်...”
ဆူဇီမိုက လှောင်ရယ်လိုက်ပြီး သူ၏မျက်လုံးနှစ်ဖက်က လျှပ်စီးများဖြင့် တဖျပ်ဖျပ်လက်သွားလေသည်။ သူက လက်ဟန်ချိပ်စည်းများကို လျင်မြန်စွာဆင့်ခေါ်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ တဝုန်းဝုန်းအသံများကို ထွက်ပေါ်လာစေလေသည်။
သူ၏ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးလျှပ်ပန်းများက တဖျပ်ဖျပ်လက်လာခဲ့လေသည်။
သူ၏အနက်ရောင်ဆံပင်က ကခုန်နေပြီး ခရမ်းရောင်လျှပ်စီးများက လေထဲမှာပြည့်နှက်သွားခဲ့လေသည်။
တိမ်ညိုတိမ်မည်းများက အုံ့ဆိုင်းလာပြီး ကောင်းကင်တစ်ခွင်အုပ်မိုးသွားခဲ့လေသည်။
ဆူဇီမိုက လေထဲမှာမတ်တတ်ရပ်နေရင်း ခံ့ညားထည်ဝါသော အော်ရာတစ်ခုနှင့်အတူ မိုးကြိုးနှင့် လျှပ်စီးပင်လယ်ထဲမှာ ရောက်ရှိသွားသည်ဟု ထင်ရလေသည်။
“ခရမ်းရောင်မိုးကြိုးမုန်တိုင်း....”
ဆူဇီမိုက တစ်ချက်ဟိန်းဟောက်ပြီး ရှေ့သို့လက်ညိုးထိုးလိုက်လေသည်။
ခရမ်းရောင်မိုးကြိုးအလင်းများက တိမ်ညိုတိမ်မည်းများဆီကနေ တဖွဲ့ဖွဲ့ကျဆင်းလာပြီး ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်လိုက်လေသည်။ သူတို့က အဆက်မပြတ်ယှက်ဖြာပြီး ကြောက်စရာကောင်းသည့် မိုးကြိုးမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။
“အဲ့ဒါက... ခရမ်းရောင်မိုးကြိုးကျမ်းပဲ...”
မိုးကြိုးလေပြည်နန်းတော်မှ တာအိုသက်ရှိချီကိုင်သည် လောဘရမ္မက်တက်နေသော မျက်လုံးများနှင့်အတူ အံကိုကြိတ်ထားလိုက်လေသည်။
မိုးကြိုးလေပြည်နန်းတော်မှာ အစိမ်းရောင်မိုးကြိုးကျမ်းဟုခေါ်သော ကျင့်ကြံရေးနည်းစနစ်တစ်ခုရှိလေသည်။
မိုးကြိုးလေပြည်နန်းတော်မှ ပကတိအရှင်ထျန်မင်းဖြစ်စေ တာအိုသက်ရှိချီကိုင်ဖြစ်စေ သူတို့နှစ်ယောက်စလုံးသည် ခရမ်းရောင်မိုးကြိုးကျမ်းကို ငမ်းငမ်းတက်လိုချင်နေကြလေသည်။ အကြောင်းမှာ ဤဓမ္မပညာရပ်နှစ်ခုကို ပေါင်းစပ်လိုက်သည်နှင့် ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်တစ်ခုဖြစ်သော ဗလာနယ်မိုးကြိုးကျမ်းကို ရရှိနိုင်မည်ဖြစ်လေသည်။
ဒဏ္ဍာရီအရဆို ဤကျင့်ကြံရေးနည်းစနစ်နှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်မည်ဆိုလျှင် သူတို့က တုန်လှုပ်စရာကောင်းသော စွမ်းအားများနှင့် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်ပညာရပ်တစ်ခုကို ဖန်တီးနိုင်ပေလိမ့်မည်။
“ငါက ခရမ်းရောင်မိုးကြိုးကျမ်းကို အရယူနိုင်မယ်ဆိုရင် အဲ့ဒီကျင့်ကြံရေးနည်းစနစ်နှစ်ခုကို အရင်ဆုံးပေါင်းစည်းလာနိုင်လိမ့်မယ်”
တာအိုသက်ရှိချီကိုင်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာလေသည်။
အဲ့ဒါက သူ,မဖြစ်မနေ ရယူရမည့် အခွင့်အလမ်းတစ်ခုဖြစ်လေသည်။
သူက အဲ့ဒါကို လုံးဝလက်လွတ်မခံနိုင်ပေ။
တိုက်ပွဲနယ်မြေတွင် ခရမ်းရောင်မိုးကြိုးမုန်တိုင်းသည် လောကတစ်ခုလုံးကို ဖျက်ဆီးပစ်ချင်သည့်အလား ဆင်းသက်လာခဲ့လေသည်။
မုန်တိုင်းက ဂမ္ဘီရသံလိုက်တောင်ကို လွှမ်းခြုံသွားပြီး ခရမ်းရောင်လျှပ်စီးများ တဖျပ်ဖျပ်လက်၍ ယဲ့ထျန်းချန်၏ အင်ပါယာဟင်းလင်းပြင်ချိပ်စည်းကို ဖျက်ဆီးနေလေသည်။
ဓားပျံ ၄၉ လက်က ဂမ္ဘီရသံလိုက်တောင်၏ နောက်တစ်ဖန်ဖိနှိမ်ခြင်းကို ခံလိုက်ရလေသည်။
ထိုမျှသာမက ခရမ်းရောင်မိုးကြိုးမုန်တိုင်းသည် ယဲ့ထျန်းချန်ဆီသို့ပါ ရွေ့လျားလာနေပြီဖြစ်လေသည်။
လူတိုင်းသည် အသက်ကိုအောင့်ထားပြီး တူန်လှုပ်မှုဖြင့်ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။
ဤလောကမှာ ဝင်းလက်တောက်ပနေသော ပုံရိပ်နှစ်ခုသာရှိတော့သည့်အလားပင်။
သူတို့နှစ်ယောက်ကြားတိုက်ခိုက်မှုက ရာသီဥတုကိုပြောင်းလဲသွားစေပြီး လောကကို လှုပ်ခါသွားစေလေသည်။ အဲ့ဒါက နိုးထဝိညာဥ်များ၏ အသိပညာများထက်ကျော်လွန်နေသော တိုက်ပွဲတစ်ခုဖြစ်လေသည်။
“ကျယ်ပြောသော သမုဒ္ဒရာ”
ယဲ့ထျန်းချန်သည် ဆက်လက်၍ အထင်မသေးရဲတော့ပဲ သူ၏မျက်လုံးနှစ်ဖက်က မှုန်ရီဝေဝါးလာခဲ့လေသည်။
ဝေါ....
ယဲ့ထျန်းချန်၏ နောက်တွင်ကျယ်ပြောသည့် သမုဒ္ဒရာတစ်ခုက ထွက်ပေါ်လာပြီး အဲ့ဒါက သူနှင့်အတူ ပေါင်းစည်းသွားသည်ဟု ထင်ရလေသည်။
ယဲ့ထျန်းချန်၏ပုံရိပ်က စတင်၍ မှုန်ဝါးလာခဲ့လေသည်။
“အာ.... အဲ့ဒါက သူ့ရဲ့ ရွှေအမြုတေနယ်မြေပဲ...”
“အဲ့ဒီရွှေအမြုတေနယ်မြေကြောင့် သူက ရွှေအမြုတေအဆင့်မှာရှိတဲ့လူတိုင်းကို ဖယ်ရှားရှင်းလင်းပြီးတော့ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့တာပဲ...”
လူအုပ်ကြီးထဲမှ အံအားတသင့် အော်ဟစ်သံများက ထွက်ပေါ်လာခဲ့လေသည်။
ကျင့်ကြံသူများသည် နားလည်ဆင်ခြင်၍ ကောက်ချတ်ချနိုင်သည့်နှင့်အမျှ များစွာသော ရွှေအမြုတေနယ်မြေများကို သူတို့၏ ကိုယ်ပိုင်ဓမ္မပညာရပ်များအဖြစ် အသွင်ပြောင်းလဲလာနိုင်မည် ဖြစ်လေသည်။
တကယ်တော့ ထိုကဲ့သို့နားလည်ဆင်ခြင်၍ ကောက်ချတ်ချခြင်းဖြစ်စဥ်က အလွန်တရာကြာမြင့်ပြီး ငြီးငွေ့ဖွယ်ရာကောင်းလေသည်။
အဲ့ဒီမှာ မည်သည့်အကျိုးအမြတ်မှမရပဲ သူတို့၏အချိန်များကို ဖြုန်းတီးမိသော ကျင့်ကြံသူများစွာလည်း ရှိလေသည်။
ကျယ်ပြောသောသမုဒ္ဒရာက တလိပ်လိပ်တက်လာပြီး ခရမ်းရောင်မိုးကြိုးမုန်တိုင်းကို ချက်ချင်းပင် လွှမ်းခြုံလိုက်လေသည်။
ပင်လယ်ရေများက တဝုန်းဝုန်းထနေပြီး ဆူဇီမိုရှိရာသို့ တိုးဝင်လာလေသည်။
ထိုအခါမှသာလျှင် ဆူဇီမို၏ မျက်လုံးများက အံ့အားသင့်မှုအနည်းငယ်မျှဖြင့် ဖျတ်ကနဲလက်သွားလေသည်။
“စိတ်ဝင်စားစရာပဲ...”
ဆူဇီမိုက တီးတိုးရေရွတ်လိုက်လေသည်။
ရုတ်တရက်ဆိုသလို... သူ့ခြေထောက်အောက်တွင် အလွန်ကြီးမားသည် သတ္တဝါတစ်ကောင်က ပေါ်ထွက်လာခဲ့လေသည်။
အဲ့ဒါက ခြေထောက်လေးချောင်းနှင့် ဦးခေါင်းနှစ်လုံးရှိလေသည်။
ထိုသက်ရှိက ဧရာမအုပ်ခွံတစ်ခုကို သယ်ပိုးထားပြီး အဲ့ဒါက လျှို့ဝှက်ဆန်းကြယ်သော ကျမ်းစာများဖြင့်ပြည့်နှက်နေလေသည်။ အဲ့ဒါက အလွန်တရာရှေးကျပြီး လောက၏လျှို့ဝှက်ချက်များ ပါဝင်နေသည့်အလားပင်။
၎င်း၏ကျောခွံက ကောင်းကင်ကိုထောက်ပံထားပြီး ၎င်း၏ ခြေထောက်လေးချောင်းက အဆက်မပြတ်စီးဆင်းနေသော ပင်လယ်ရေကို ဆန်တက်နေလေသည်။
“ဂါး....”
လိပ်နှင့်မြွေက သူတို့၏ဦးခေါင်းများကို မော့၍ သံရှည်ဆွဲကာ ဟိန်းဟောက်လိုက်လေသည်။
ကောင်းကင်နှင့်မြေကြီးက တသိမ်သိမ့်လှုပ်ခါသွားလေသည်။
လိပ်နှင့်မြွေတို့၏ အမြုတေနယ်မြေ... မဟူရာကုန်းလိပ်က ဆင်းသက်လာခဲ့လေပြီ...
“နှစ်တစ်ရာကြာပြီးတဲ့နောက် ငါက... အဲ့ဒီအမြုတေနယ်မြေကို နောက်တစ်ခါပြန်တွေ့ရပြီပေါ့”
ဟန်ချိုးယွီက ရေရွတ်လိုက်လေသည်။ အဲ့ဒါက အသင်္ချေနယ်မြေမြို့တော်မှာ ပြိုင်စံရှားများအကြား အမြုတေများရိုက်ခတ်ခြင်း၏ မမေ့ဖျောက်နိုင်သောအချိန်တစ်ခုသို့ သူက ပြန်လည်ရောက်ရှိသွားသည့်အလားပင်။
ကျန့်ဝူကျုံးက မကျေမနပ်ဖြင့် ပြောဆိုလိုက်လေသည်။
“ဟမ့်... သူတို့နှစ်ခုစလုံးက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးက ရွှေအမြုတေနယ်မြေတွေပဲလေ... အဲ့ဒီမှာဘာများဘယ်လောက်ကွာခြားမှာမို့လဲ”
“အဲ့ဒီမှာ အများကြီးကွာခြားတာပေါ့...”
ဟန်ချိုးယွီက သူ၏ခေါင်းကိုခါယမ်းပြီး ဆက်လက်၍ ရှင်းပြခြင်းမရှိတော့ပေ။
အဘယ့်ကြောင့်ဆိုသော် ဤအမြုတေနယ်မြေများရိုက်ခတ်ခြင်း၏ ရလဒ်က မကြာခင် ထွက်ပေါ်လာတော့မည်ဖြစ်သောကြောင့်ပင်။
ဆူဇီမိုသည် လိပ်နှင့်မြွေပေါ်မှာ မတ်တတ်ရပ်ပြီး ရေစီးကြောင်းများကို ဆန်တက်နေလေသည်။
သူတို့နှစ်ယောက်ကြားအကွာအဝေးက ဆက်တိုက်ဆိုသလိုကျဥ်းမြောင်းလာခဲ့လေသည်။
ယဲ့ထျန်းချန်၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပဲ သူ၏ခန္ဓာကိုယ်က ပုံရိပ်ယောင်တစ်ခုကဲ့သို့ မှုန်ရီဝေဝါးလာခဲ့လေသည်။
“တောက်ပသောလ...”
သူက ထိုသို့ပြောလိုက်သည့်အချိန်တွင် သူ၏ခန္ဓာကိုယ်က ကျယ်ပြောသောသမုဒ္ဒရာထက်မှ ပျောက်ကွယ်သွားခဲ့လေပြီ။ အဲ့ဒီနောက် မိုးကုပ်စက်ဝိုင်းတစ်နေရာမှာ တောက်ပသောလတစ်စင်းက မြင့်တက်လာပြီး ငွေရောင်အလင်းရောင်ခြည်များကို ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ဖြန်းပက်၍ ပန်းချီကားတစ်ချပ်ကဲ့သို့ တလက်လက်တောက်ပလာလေသည်။
ယဲ့ထျန်းချန်သည် သူ၏အမြုတေနယ်မြေထဲသို့ အပြည့်အဝရောနှောသွားခဲ့လေပြီ။
ကျယ်ပြောသောသမုဒ္ဒရာ... တောက်ပသောလ...
အဲ့ဒါက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်ဖြစ်လေသည်။
အဲ့ဒါက ယဲ့ထျန်းချန်ဖန်တီးခဲ့သော အံ့မခန်းရွှေအမြုတေနယ်မြေတစ်ခုလည်း ဖြစ်ပေသည်။
“ကျယ်ပြောသောသမုဒ္ဒရာ... တောက်ပသောလတဲ့လား”
ဆူဇီမိုက ညင်သာစွာပြုံး၍ သူ၏ ခန္ဓာကိုယ်ကလည်း နောက်ခဏ၌ ပျောက်ကွယ်သွားခဲ့လေသည်။ ကြီးမားသည့် လိပ်ကျောခွံပေါ်တွင် မီးတောက်များက ဒေါသတကြီးကခုန်နေပြီး အစိမ်းရောင်ကြာပန်းတစ်ပွင့်က ဖူးပွင့်လာခဲ့လေသည်။ မီးတောက်များ၏ အပူချိန်အောက်တွင် အစိမ်းရောင်က တဖြည်းဖြည်းဖျော့တော့သွားပြီး ပြိုးပြိုးပျက်ပျက်ရွှေရောင်အလင်းများနှင့် တောက်ပလာခဲ့လေသည်။
ရွှစ်...
ပဒုမ္မာရွှေကြာပန်းက ရုတ်တရက်လှုပ်ရှားသွားလေသည်။ အဲ့ဒါက ကောင်းကင်ထက်သို့ မြင့်တက်လာသော လကို ပစ်တိုက်လိုက်လေသည်။
ဘုန်း....
အဲ့ဒီမှာ အလွန်တရာကျယ်လောင်သောအသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။
တောက်ပသောလပေါ်တွင် အက်ကွဲကြောင်းများက ဖြစ်ပေါ်လာခဲ့လေသည်။
ချက်ချင်းဆိုသလိုပင် လှပသောထိုမြင်ကွင်းက ကြေမွပျက်စီးသွားပြီး ယဲ့ထျန်းချန်၏ ပုံရိပ်က လိမ့်ကျလာခဲ့လေသည်။ သူက ဖြူဖပ်ဖြူရော်မျက်နှာနဲ့အတူ နောက်သို့ဒယီးဒယိုင်ဆုတ်ကာ သူ၏အဝတ်အသားများက ဖိုသီဖတ်သီဖြစ်နေလေသည်။
ဆူဇီမို၏ ပုံရိပ်ကလည်း တစ်ဖန်ပြန်ပေါ်လာပြီး သူ၏အစိမ်းရောင်ဝတ်ရုံက ဖုန်တစ်စက်မှမရှိပဲ တဖျပ်ဖျပ်လွင့်နေလေသည်။
အမြုတေနယ်မြေနှစ်ခုကြားက တိုက်ခိုက်မှုက အဆုံးသတ်သွားခဲ့လေပြီ။
သူတို့နှစ်ယောက်ကြား ကွာဟချက်က အရမ်းကိုသိသာရှင်းလင်းနေလေသည်။
ဆူဇီမိုက ရှေ့သို့လှမ်းတက်သွားပြီး ထူးမခြားနားပုံစံနှင့် ပြောလိုက်လေသည်။
“မင်းက အစစ်အမှန်တောက်ပတဲ့လဆိုရင်တောင် ငါက မင်းကိုဖိနှိမ်နိုင်တယ်”