← Chapters

ပြန်ဝင်စားခြင်းမျက်လုံး

Vol. 64 Ch. 957

ပြန်ဝင်စားခြင်းမျက်လုံး

Vol. 64 Ch. 957

ယဲ့ထျန်းချန်က အရမ်းကို သန်မာလေသည်။

အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်ပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် သူကအံမခန်းရွှေအမြုတေနယ်မြေတစ်ခုကို ဖန်တီးခဲ့ပြီး သူ၏ နာမည်ကို ရှေးဟောင်းအသင်္ချေနယ်မြေကျောက်စာတိုင်မှာ ချန်ထားရစ်ခဲ့လေသည်။

သူ၏လက်များက တစ်ယောက်မကသော မူလနတ္ထိများ၏ သွေးတို့ဖြင့် စွန်းထင်းနေခဲ့လေသည်။

သူက သူ့ထက်ကျင့်ကြံမှုအဆင့်ကြီးတစ်ဆင့်လုံးမြင့်သော ပြိုင်ဘက်ကိုပင် သတ်ဖြတ်နိုင်ခဲ့ဖူးလေသည်။

အဲ့ဒါက သူ၏ခွန်အားကို သက်သေပြဖိုအတွက် လုံလောက်လေသည်။

သူက အစောပိုင်းနိုးထဝိညာဥ်အဆင့်မှာသာ ရှိနေသေးလေသည်။ သူက နောက်ပိုင်းအဆင့် သို့မဟုတ် ပကတိနိုးထဝိညာဥ်အဆင့်သို့ ကျင့်ကြံပြီးလျှင် သူက ဘယ်လောက်ထိသန်မာလာမလဲ မည်သူကမှ စဥ်းစားမကြည့်နိုင်ပေ။

ယဲ့ထျန်းချန်သည် သူ၏ကျင့်ကြံမှုခရီးတစ်လျှောက် ရှုံးနိမ့်မှုကို တစ်ခါမှ တွေ့ကြုံခံစားဖူးခြင်းမရှိပေ။

သူ့ထက် ​ကျင့်ကြံဆင့်မြင့်သော တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ရခြင်းက သူ့အတွက်ထမင်းစားရေသောက် ပြုလုပ်နေရသလိုပင်။

သူက ထိုသို့ပြုလုပ်ဖို့အတွက် တကယ်ပင် စစ်မှန်သောခွန်အားရှိလေသည်။

သို့သော်လည်း ကံမကောင်းစွာနှင့်သူက ပြိုင်ဘက်ရွေးမှားသွားခဲ့လေသည်။

ယဲ့ထျန်းချန်လို သူ့ထက်ကျင့်ကြံမှုအဆင့်နိမ့်သောသူမျိုးကိုမပြောနှင့် အဆင့်တူခြင်းမှာတောင် ဆူဇီမိုကို ယှဥ်နိုင်မည့်သူမရှိပေ။

သူတို့၏ဓမ္မစွမ်းအားများက တူညီသောအဆင့်မှာ ရှိမနေကြပေ။

အမြုတေနယ်မြေနှစ်ခုက ထိတွေရိုက်ခတ်ပြီးနောက် ယဲ့ထျန်းချန်က ရှုံးနိမ့်သွားရလေသည်။

သူက စွမ်းအားကြီးသော ခုခံကာကွယ်ရေးဓမ္မလက်နက်တစ်ခုကို ပိုင်ဆိုင်ထားခြင်းကြောင့်သာမဟုတ်လျှင် သူက ထိုထိတွေ့ရိုက်ခတ်မှုကနေ ဒဏ်ရာအပြင်းအထန် ရရှိသွားနိင်လေသည်။

“ဆရာဘိုးလေးအသေးလေးက တကယ်ပဲ အသာစီးရနေတာလား...”

နန်းကုန်လင်းက တိတ်တဆိတ်တုန်လှုပ်သွားလေသည်။

ယဲ့ထျန်းချန်က အဆင့်တူများကြားမှာ စီးပိုးခြယ်လှယ်ခဲ့ပုံကို သူတို့က မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ဖူးလေသည်။

သူတို့အတွက်တော့ ယဲ့ထျန်းချန်က ပြိုင်ဘက်ကင်း အမှတ်သင်္ကေတတစ်ခုလိုပင်။

ယခုအခါ အဆင့်တူခြင်းမှာရှိသော တစ်စုံတစ်ယောက်က ယဲ့ထျန်းချန်ကို အသာစီးရယူထားလိမ့်မည်ဟု သူတို့က အမှတ်တကယ်ပင် မျှော်လင့်မထားပေ။

“အဲ့ဒါက အသာစီးရနေရုံလောက် မရိုးရှင်းဘူးလို့ငါထင်တယ်...”

လျှိုဟန်ယန်က သူမ၏ခေါင်းကိုခါလိုက်လေသည်။

“အစကတည်းက ယဲ့ထျန်းချန်က ဆရာဘိုးလေးရဲ့တန်ပြန်တိုက်ခိုက်မှုကို လုံးဝမကြုံတွေ့ရသေးဘူး...”

နန်းကုန်လင်းနှင့်ရူရွှမ်က မှင်တက်သွားကြလေသည်။

ယဲ့ထျန်းချန်၏ နည်းလမ်းများက သန်မာပြီး သူ့မှာဝှက်ဖဲများစွာရှိလေသည်။ သူက သူ၏နည်းလမ်းများကို တစ်ခုပြီးတစ်ခုထုတ်ဖော်ပြီး သူ၏ရွှေအမြုတေနယ်မြေကိုပင် ထုတ်ဖော်ခဲ့သော်လည်း ဆူဇီမို၏ ဖိနှိမ်ခြင်းကို ခံနေရလေသည်။ အဲ့ဒါက အသာစီးရရုံမျှမဟုတ်ပဲ အပြတ်အသတ်ဖိနှိမ်ခြင်း ဖြစ်လေသည်။

တိုက်ပွဲနယ်မြေတွင်....

သူတို့နှစ်ယောက်ကြားအကွာအဝေးက လျင်မြန်စွာ နီးကပ်လာခဲ့လေသည်။

ယဲ့ထျန်းချန်က သူ၏မျက်လုံးကိုမှေးကျဥ်းပြီး သူ၏သိုလှောင်အိတ်ထဲကနေ နက်မှောင်နေသော တောင်ထွတ်တစ်ခုကို ခပ်မြန်မြန်ထုတ်ကာ ဆူဇီမိုဆီသို့ ပြေးဝင်သွားလေသည်။

တောင်ထွတ်က လျင်မြန်စွာပြန့်ကားလာပြီး အလင်းတန်းများနှင့်အတူ တောက်ပလာလေသည်။

ထိုတောင်ထွတ်က ပကတိအဆင့်ဓမ္မလက်နက်တစ်ခုဖြစ်လေသည်။ ဆူဇီမို၏အမူအရာကပြောင်းလဲသွားခြင်းမရှိပဲ သူ၏ နှာရောင်ကတောက်ပသွားပြီး အစိမ်းရောင်ကြာခုံတစ်ခုက ပျံသန်းထွက်ပေါ်လာလေသည်။

အနက်ရောင်တောင်ထွတ်နှင့်နှိုင်းယှဥ်လျှင် အစိမ်းရောင်ကြာခုံက မနှိုင်းယှဥ်သာအောင် သေးငယ်​လေသည်။ သို့သော်လည်း သူတို့နှစ်ခုထိတွေ့ရိုက်ခတ်သည့်အခါ ကမ္ဘာတုန်လောက်သော ပေါက်ကွဲသံက ထွက်ပေါ်လာခဲ့လေသည်။

ဘုန်း....

လူတိုင်း၏ စောင့်ကြည့်မှုအောက်မှာပင် ပကတိဓမ္မလက်နက်တောင်ထွတ်သည် အစိမ်းရောင်ကြာခုံကြောင့် ကြေမွပျက်စီးသွားလေသည်။

လူအုပ်ကြီးက တုန်လှုပ်သွားရလေသည်။

ပကတိအဆင့်ပကတိအရှင်ဓမ္မလက်နက်သည် ဤကဲ့သို့ပင် ဖျက်ဆီးခံလိုက်ရလေသည်။

မူလပကတိအရှင်ဓမ္မလက်နက်တစ်ခုပင်လျှင် ဤကဲ့သို့ကြောက်စရာကောင်းသော သေစေနိုင်စွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မည် မဟုတ်ပေ။

“အဲ့ဒါက... ဖန်တီးခြင်းကြာပဒုမ္မာပဲ...”

ထိုစဥ်မှာပင် ဗုဒ္ဓကျောင်းများမှ တာအိုသက်ရှိတစ်ယောက်က အစိမ်းရောင်ကြာခုံကို မှတ်မိသွားပြီး အံအားတသင့် ရေရွတ်လိုက်လေသည်။

“ဘုရားရေ... ဖန်တီးခြင်းကြာပဒုမ္မာက ပြန်လည်ရှင်သန်ပြီးနောက် အဆင့်ငါးထိတောင်ရောက်နေပြီပဲ... အဲ့ဒီလူက အဲ့ဒါကို ဘယ်လိုလုပ်လိုက်တာပါလိမ့်”

“အဲ့ဒါက... အရမ်းကို ကြောက်ဖို့ကောင်းတယ်... ဖန်တီးခြင်းကြာပဒုမ္မာ သူ့လက်ထဲမှာရှိနေရင် ဘယ်ဓမ္မလက်နက်က အဲ့ဒါကိုယှဥ်နိုင်ပါတော့မလဲ”

ဗုဒ္ဓဂိုဏ်းများမှ ကိုယ်တော်များက တုန်လှုပ်သွားရလေသည်။

တောင်ထွတ်က ပေါက်ကွဲထွက်သွားခဲ့လေသည်။

လွင့်ပျံနေသော သဲများနှင့် ကျောက်ခဲများကြားတွင် ယဲ့ထျန်းချန်၏ပုံရိပ်က ရုတ်တရက်ဖျတ်ကနဲလက်သွားပြီး သူ့လက်ထဲရှိ ကျောက်တူတစ်လက်နှင့်အတူ ရှေ့သို့ပြေးဝင်လိုက်လေသည်။

ထိုတောင်ထွတ်က ဆူဇီမိုကို ရပ်တန့်နိုင်ခြင်းရှိလိမ့်မည်မဟုတ်ဟု သူက မျှော်လင့်ထားပုံရလေသည်။

ကျောက်တူက သာမန်ပုံစံသာဖြစ်ပြီး အကြမ်းထည်ဆန်လေသည်။ သို့သော်လည်းအဲ့ဒါက ကမ္ဘာဦးခေတ်ကနေရောက်ရှိလာသည့်အလား အလွန်တရာ​ရှေးကျသည့် အော်ရာတစ်ခုကို ထုတ်ပေးနေလေသည်။

“ကြေမွစမ်း....”

ယဲ့ထျန်းချန်က သူ၏လက်ကိုမြှောက်ပြီး ဆူဇီမို၏ဦးခေါင်းဆီသို့ထုရိုက်ချလိုက်လေသည်။

ဆူဇီမို၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး ဖန်တီးခြင်းကြာပဒုမ္မာက လေထဲကနေ ဖြတ်သန်းလာကာ ကျောက်တူကို ပစ်ဆောင့်လိုက်လေသည်။

ဘုန်း....

အဲ့ဒီမှာ နောက်ထပ်ကျယ်လောင်သော အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

ကျောက်တူက သူ့လက်ထဲကနေ လွင့်ထွက်သွားခဲ့လေသည်။

ဖန်တီးခြင်းကြာပဒုမ္မာကလည်း လွင့်စင်ထွက်သွားပြီး အစိမ်းရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းကာ လူအုပ်ကြီးထဲသို့ ကျဆင်းသွားခဲ့လေသည်။

ယဲ့ထျန်းချန်ကဆတ်ကနဲတုန်ယင်သွားပြီး သူ၏မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားလေသည်။ သူ့လက်ထဲရှိကျောက်တူတွင် မည်သည့်ဓမ္မအင်းကွက်မှမပါရှိသော်လည်း အဲ့ဒါက စွမ်းအားကြီးသော ဇာစ်မြစ်တစ်ခုရှိပြီး မူလပကတိအရှင်ဓမ္မလက်နက်တစ်ခုကိုပင် ဖျက်ဆီးနိုင်စွမ်းရှိလေသည်။

အစိမ်းရောင်ကြာခုံနှင့်ထိတွေ့ရိုက်ခတ်ပြီးနောက် သူက ကျောက်တူ ကိုပင် လက်ထဲမှာဆုပ်ကိုင်မထားနိုင်ပဲ အဲ့ဒါက လွင့်ပျံထွက်သွားလိမ့်မည်ဟု မျှော်လင့်မထားမိပေ။

ဆူဇီမိုကလည်း အံအားသင့်သွားရလေသည်။ အဆင့်ငါး ဖန်တီးခြင်းကြာပဒုမ္မာက မူလတာအိုအရှင်ဓမ္မလက်နက်တစ်ခုနှင့် နှိုင်းယှဥ်နိုင်နေပြီဖြစ်လေသည်။

အဲ့ဒါက ကျောက်တူကို ဖျက်ဆီးနိုင်ခြင်းရှိလိမ့်မည်မဟုတ်ဟု သူက မျှော်လင့်မထားမိပေ။

တကယ်တော့ အဲ့ဒါက အခြေအနေတစ်ခုလုံးကို သက်ရောက်စေနိုင်ခြင်းမရှိပေ။

ယဲ့ထျန်းချန်က အနည်းငယ်မှင်တက်နေပြီး ဆူဇီမိုကတော့ လုံးဝတုံ့ဆိုင်းမနေခဲ့ပေ။ သူက ရှေ့သို့ပြေးတက်သွားပြီး သူ၏လက်သီးကိုဆုပ်ကာ ယဲ့ထျန်းချန်ကို ပစ်ထိုးလိုက်လေသည်။

ယဲ့ထျန်းချန်ကလည်း သတိပြန်ဝင်လာပြီး ကြောက်ရွံ့ခြင်းမရှိပဲ ပြန်လည်ထိုးနှက်လိုက်လေသည်။

ဘန်း...

လက်သီးနှစ်လုံး ထိတွေ့ရိုက်ခတ်မိသောအခါ ခပ်ထိုင်းထိုင်းအသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

ယဲ့ထျန်းချန်က ခပ်သဲ့သဲ့ညည်းညူပြီး သူ၏အမူအရာက ပြောင်းလဲသွားခဲ့လေသည်။

သူ၏ကိုယ်ကာယက သေချာပေါက်အားနည်းခြင်းမရှိပဲ ဆူနာမီသွေးအဆင်သို့ ကျင့်ကြံဖို့ပင် ခြေတစ်လှမ်းသာ လိုတော့လေသည်။

ဆူဇီမိုနှင့် လက်သီးခြင်းထိပ်တိုက်ရင်ဆိုင်ပြီးနောက် သူ၏လက်သီးက ကြေမွလုနီးပါးဖြစ်သွားလိမ့်မည်ဟု မျှော်လင့်မထားမိပေ။ နာကျင်မှုက မခံမရပ်နိုင်အောင်ပင်။

“ဟားဟားဟားဟား... “

ဆူဇီမိုက ဟားတိုက်ရယ်မောလိုက်လေသည်။

“ယဲ့ထျန်းချန်... မင်းက သီယင်းကိုမီဖို့တောင် တော်တော်လိုသေးတာပဲ...”

အသင်္ချေနယ်မြေမြို့တော်မှာတုန်းက သူတို့နှစ်ယောက်က တိုက်ခိုက်ခဲ့ကြဖူးလေသည်။ ​ဆူဇီမိုသည် သားရဲမျိုးနွယ်၏သွေးချီကို အသုံးမပြုနိုင်သောကြောင့် သူက အနီးကပ်တိုက်ခိုက်ရေးမှာ အရေးနိမ့်ခဲ့ပြီး.သီယင်း၏ ဖိနှိမ်ခြင်းကို ခံခဲ့ရလေသည်။ သူက ရွေးချယ်စရာမရှိပဲ သူ၏ဓမ္မပညာရပ်များကိုထုတ်ဖော်ပြီး တန်ပြန်တိုက်ခိုက်နိုင်ခဲ့လေသည်။

သို့သော် ယခုအခါမှာတော့ ဆူဇီမိုသည် သူ၏မျိုးဆက်သွေးကို အသက်သွင်းခြင်းမရှိပဲ သူ၏ ကိုယ်ကာယခွန်အားသက်သက်ဖြင့် ယဲ့ထန်းချန်ကို ဖိနှိမ်ထားနိုင်လေသည်။

“မလိုပါဘူး....”

ယဲ့ထျန်းချန်၏ အသံကအေးစက်နေပြီး ရက်စက်ကြမ်းကြု​တ်သည့်အလင်းတစ်ချက်က သူ၏မျက်လုံးများထဲမှာလက်သွားလေသည်။

အဲ့ဒီနောက် ချက်ချင်းဆိုသလိုပင် သူ၏မျက်လုံးနှစ်ဖက်က ထူးဆန်းသော စွမ်းအင်အတက်အကျများဖြင့် တောက်ပလာပြီး လောကတစ်ခုလုံးက လည်ပတ်လာသည်ဟု ထင်ရလေသည်။

အချိန်ကာလက ဝရုန်းသုန်းကားဖြစ်သွားပြီး လေဟာနယ်ကတွန့်လိမ်သွားခဲ့လေသည်။

ယဲ့ထျန်းချန်၏ မျက်လုံးနှစ်ဖက်မှ အလင်းတန်းနှစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး လေထဲမှာစုဆုံကာ ဧရာမလှည်းဘီးတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။ အဲ့ဒါက လောကတစ်ခုလုံးကို လွှမ်းခြုံပစ်ချင်သည့်အလား တဖြည်းဖြည်းဖိချေကျဆင်းလာခဲ့လေသည်။

ဤလှည်းဘီးက ဒြပ်စင်ငါးမျိုးကို ကပြောင်းကပြန်ဖြစ်စေပြီး ယင်နှင့်ယန်ကိုရောထွေးပစ်ကာ သက်ရှိများအားလုံးကို ပြန်ဝင်စားခြင်းစက်ဝန်းထဲသို့ ကျဆင်းစေတော့မည့်အလား တောက်ပလာခဲ့လေသည်။

ပြန်ဝင်စားခြင်းမျက်လုံး...

အဲ့ဒါက ရှေးကျသော စက္ခုနည်းစနစ်တစ်ခုဖြစ်လေသည်။

သူတို့နှစ်ယောက်သည် အလွန်တရာနီးကပ်နေပြီး ထိုစက္ခုနည်းစနစ်ကို ရှောင်နိုင်စရာနည်းလမ်းမရှိတော့ပေ။

ကျင့်ကြံသူများက လှုပ်လှုပ်ရှားရှားဖြစ်သွားကြလေသည်။

တိုက်ပွဲ၏ ဤအဆင့်အရောက်၌ အပြတ်အသတ် ဖိနှိမ်ခံနေရသော ယဲ့ထျန်းချန်သည် ပြန်ဝင်စားခြင်းမျက်လုံးကို ထုတ်ဖော်ကာ တန်ပြန်တိုက်ခိုက်လာလိမ့်မည်ဟု မည်သူကမှ မျှော်လင့်မထားမိပေ။

စက္ခုနည်းစနစ်များက ကျင့်ကြံဖို့အတွက် အခက်ခဲဆုံးဖြစ်လေသည်။

ဆူဇီမိုသည် ကျင့်ကြံမှု၏ ဤအဆင့်အရောက်ထိ စက္ခုနည်းစနစ်ကို ကျင့်ကြံထားသော ပြိုင်စံရှား နှစ်ယောက်-သုံးယောက်ကိုသာ တွေ့ကြုံဖူးလေသည်။

ထိုအထဲတွင် ကစဉ့်ကလျားအမြုတေဂိုဏ်းက နှစ်ယောက်ပါဝင်လေသည်။

စက္ခုနည်းစနစ်ကို ကျင့်ကြံထားသော ကျင့်ကြံသူများသည် သူတို့၏ အဆင့်တူခြင်းကြားမှာ ပြိုင်ဘက်ကင်းတတ်ကြလေသည်။

စက္ခုနည်းစနစ်များသည် မျှော်လင့်မထားသည့်အချိန်မှာ လျှပ်တစ်ပြက်ထုတ်ဖော်နိုင်သောကြောင့် ဖြစ်လေသည်။ ဤတိုက်ခိုက်မှုများက အမြဲတမ်းသေစေနိုင်လုနီးပါးပင်။

သူ၏ပြိုင်ဘက်က တုံ့ပြန်နိုင်ခဲ့မည်ဆိုရင်တောင် သူက အဲ့ဒါကို ကောင်းကောင်းခုခံနိုင်လိမ့်မည်မဟုတ်ပေ။

သူက အဲ့ဒါကို ခုခံနိုင်ခဲ့မည်ဆိုလျှင်တောင် သူ၏ စိတ်ပိုင်းဆိုင်ရာခွန်အားက ကုန်ခမ်းသွားပေလိမ့်မည်။ ထိုအချိန်တွင် ထိုကျင့်ကြံသူက အခြေအနေကို အသားယူပြီး သူ၏ပြိုင်ဘက်ကို သတ်ဖြတ်နိုင်လေသည်။

လမ့်ရိုနှင့် အခြားသူများက တုန်လှုပ်သွားရလေသည်။

ဆူဇီမိုသည် အလွန်တရာကြောက်စရာကောင်းသော စက္ခုနည်းစနစ်တစ်ခုကို ကျင့်ကြံထားသည်ဆိုတာကို သူတို့သိထားလေသည်။

ဆူဇီမိုသည် နတ်ဘုရားမျိုးနွယ်နှင့်တိုက်ခိုက်ခဲ့စဥ်က သူသည် ထိုစက္ခုနည်းစနစ်ကို ထုတ်ဖော်ပြီး အသာစီးရယူနိုင်ခဲ့လေသည်။

သို့သော်လည်း အဲ့ဒါက မီးပဒေသာနဂါးမျက်လုံးဖြစ်လေသည်။

အဲ့ဒါကိုထုတ်ဖော်သည်နှင့် သူက သားရဲတစ်ကောင်ဆိုတာ ပေါ်​ပေါက်သွားပေလိမ့်မည်။

တာအိုအရှင်လန်ယွဲ့ ဝင်ပါလာမည်ဆိုလျှင် ဆူဇီမိုသည် ယဲ့ထျန်းချန် ကို သတ်ဖို့နေနေသာ သူ့ကိုယ်သူပင် ကာကွယ်နိုင်တော့မည်မဟုတ်ပေ။

တစ်ခဏအတွင်းမှာပင် ဆူဇီမို၏ ညာဘက်မျက်လုံးထဲကနေ ဓားပျံတစ်အုပ်စုက ထွက်ပေါ်လာခဲ့လေသည်။ သူတို့က အရမ်းကိုသေးငယ်ပြီး ဆူးချွန်လေးများနှင့် တူနေလေသည်။ ထိုဆူးချွန်လေးများက မီးပဒေသာကျောက်တုန်းကနေ ဖန်တီးပြုလုပ်ထားသော ဓားပျံ ၃၆ လက်ပင်ဖြစ်လေသည်။

တစ်ခဏအတွင်းမှာပင် ဓားပျံ ၃၆ လက်သည် မီးပဒေသာဓားဝင်္ကပါကို စုဖွဲ့ပြီး ဆူဇီမို၏ ညာဘက်မျက်လုံးထဲကနေ ပစ်လွင့်ထွက်ပေါ်လာခဲ့လေသည်။

All Chapters