← Chapters

အနိုင်ယူလို့ မရနိုင်သော..

Vol. 64 Ch. 958

အနိုင်ယူလို့ မရနိုင်သော..

Vol. 64 Ch. 958

ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲတွင် ဓမ္မဝိသေသ တာအိုအရှင်များ ရှိနေသည့်အတွက်ကြောင့် ဆူဇီမိုသည် မည်သည့် သားရဲနည်းစနစ်ကိုမှ ထုတ်ဖော်အသုံးပြုခြင်း မရှိပေ။

မဟုတ်ပါက.. သူ၏ ခွန်အားအပြည့်ကို ထုတ်ဖော်မည်ဆိုလျှင် ယဲ့ထန်းချန်က သေဆုံးသွားသည်မှာ ကြာနေလောက်လေပြီ။

ယခုလည်း ထို့အတူပင်။

စက္ခုနည်းစနစ်တစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမိုက သူ၏ မီးပဒေသာနဂါးမျက်လုံးကို အသုံးပြုဖို့ မရွေးချယ်ခဲ့ပေ။ ထိုအစား သူက မီးပဒေသာဓားဝင်္ကပါကို ထုတ်ဖော်ခဲ့လေသည်။

မီးပဒေသာကျောက်တုံးကနေ ပြုလုပ်ထားသော ဓားပျံများသည် ထိုဝင်္ကပါ၏ စွမ်းအားကို အကန့်အသတ်အထိ ထုတ်ဖော်နိုင်လေသည်။

ချွမ်း.. ချွမ်း..

ဓားပျံ ၃၆လက်ကနေ ဖွဲ့စည်းထားသော ဓားဝင်္ကပါသည် တုန်ခါ၍ တဝီဝီမြည်နေပြီး ပြိုးပြိုးပြက်ပြက် ဓားအလင်းတန်းတစ်ခုကို ဖြစ်ပေါ်စေကာ ဝင်ရောက်လာသော လှည်းဘီးကို ခုတ်ပိုင်းချလိုက်လေသည်။

ဘုန်း..

စွမ်းအားနှစ်ခု ထိတွေ့မိချိန်တွင် အလွန်တရာ ကျယ်လောင်သည့် အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

ချက်ချင်းပင် ဓားဝင်္ကပါက ပျက်ပြယ်သွားပြီး ဓားပျံ ၃၆လက်သည် ဓားအလင်းတန်းများအဖြစ် ပြောင်းလဲကာ ဆူဇီမို၏ ညာဘက်မျက်လုံးထဲသို့ ပြန်လည်ဝင်ရောက်သွားလေသည်။

“ဆရာဘိုးလေး အသေးလေးက ရှုံးသွားတာလား”

ရူရွှမ်နှင့် အခြားသူများက ရင်ထဲမှာ တင်းကျပ်လာပြီး သူတို့၏ အမူအရာများက စိုးရိမ်ပူပန်လာကြလေသည်။

ကျင့်ကြံသူ များစွာကလည်း တိုက်ပွဲနယ်မြေကို မမှိတ်မသုန် စောင့်ကြည့်နေကြလေသည်။

ယဲ့ထန်းချန်၏ စက္ခုနည်းစနစ် လှည်းဘီးက လေထဲမှာ ရစ်ဝဲ၍ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ရုတ်တရက်ဆိုသလို.. စက္ခုနည်းစနစ်၏ ဧရာမလှည်းဘီးပေါ်တွင် အက်ကွဲကြောင်းများက ထွက်ပေါ်လာပြီး အကန့်အသတ်မဲ့သော အလင်းတန်းတစ်ခုဖြင့် တောက်ပလာလေသည်။ ထို့နောက် အဲ့ဒါက ပေါက်ကွဲ၍ ယဲ့ထန်းချန်ကို လွှမ်းခြုံသွားလေသည်။

“အား..”

ယဲ့ထန်းချန်က စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။ သူ၏မျက်လုံးများက မခံမရပ်နိုင်သော နာကျင်မှုဖြင့် ပြည့်နှက်နေပြီး သွေးစီးကြောင်းနှစ်ခုက သူ၏ မျက်လုံးပေါက်များထဲမှ စီးထွက်လာကာ အရမ်းကို ချောက်ချားစရာ ကောင်းနေလေသည်။

ဓားချီများကြောင့် သူ၏ အဝတ်အစားများကလည်း စုတ်ပြဲသွားပြီဖြစ်ပြီး အလင်းရောင်ငါးခုနှင့် တောက်ပနေသော ရွှေညိုရောင် ကိုယ်ကျပ်ချပ်ဝတ်တစ်ခုက ထွက်ပေါ်လာခဲ့လေသည်။

အဲဒါက ပကတိအဆင့် ခုခံရေးဓမ္မလက်နက်တစ်ခု ဖြစ်လေသည်။

ထိုခုခံရေးဓမ္မလက်နက်ကြောင့် မဟုတ်လျှင် ယဲ့ထန်းချန်၏ ခန္ဓာကိုယ်က စုတ်ပြဲသွားပေလိမ့်မည်။

“မင်းတို့ တောကောင် ၉ကောင်က ဘာတွေစောင့်နေတာလဲ.. သူ့ကို သွားသတ်လေ”

ယဲ့ထန်းချန်က ဝမ်းနည်းပူဆွေးသော အမူအရာတစ်ခု ရှိနေပြီး ဆူဇီမို ရှိရာဘက်သို့ လက်ညိုးထိုးလိုက်လေသည်။

“ဂါး..”

မြွေနဂါး ၉ကောင်က ဒေါသတကြီး ဟိန်းဟောက်၍ သားရဲချီများက တလိပ်လိပ် ထလာလေသည်။ သူတို့၏ ခန္ဓာကိုယ်များက ကြီးမားပြန့်ကားသွားပြီး လေထဲသို့ ခုန်တက်ကာ သူတို့၏ ထက်ရှသော လက်သည်းများကို ထုတ်ဖော်ရင်း ဆူဇီမိုဆီသို့ ပြေးဝင်သွားလေသည်။

လူအုပ်ကြီးထဲမှ အုန်းအုန်းကျက်ကျက် အသံများက ထွက်ပေါ်လာခဲ့လေသည်။

ယဲ့ထန်းချန်၏ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်မှုက လူအများစု၏ မျှော်လင့်ထားမှုထက် ကျော်လွန်နေခဲ့ပြီ ဖြစ်လေသည်။

မမျှော်လင့်ထားစွာပင်.. သူက ဤရှုံးနိမ့်မှုအပြီး၌ မကျေမချမ်းဖြစ်နေပြီး သူ၏ မြွေနဂါး ၉ကောင်ကို သူ၏ပြိုင်ဘက်ကို တိုက်ခိုက်ဖို့ စေခိုင်းလိုက်လေသည်။

ယဲ့ထန်းချန်သည် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်ဖြစ်ပြီး နံပါတ်တစ် ပကတိအရှင်ဟုလည်း ကျော်ကြားလေသည်။

သူက ရှုံးနိမ့်လို့ မရပေ။

ဆူဇီမိုကို သတ်ဖြတ်ဖို့အတွက် သူသည် မသမာသော နည်းလမ်းများကိုပင် ထုတ်သုံးလာပြီ ဖြစ်လေသည်။ သူက သူ၏ ဂုဏ်သိက္ခာကို ဆက်လက်၍ ဂရုစိုက်နိုင်ခြင်း မရှိတော့ပေ။

“နင်တို့တွေက အဲဒါ ဘာလုပ်တာလဲ”

ရူရွှမ်က ဒေါသတကြီး ထရပ်ပြီး အော်ဟစ်လိုက်လေသည်။

တာအိုသက်ရှိယွီတင်းကလည်း သုန်မှုန်ခက်ထန်သော အမူအရာတစ်ခုနှင့် တာအိုအရှင်လန်ရွဲ့ကို လှည့်ကြည့်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

“စီနီယာလန်ရွဲ့.. ခင်ဗျားက အဲဒါကို မတားတော့ဘူးလား.. ယဲ့ထန်းချန်က အများနဲ့တစ်ယောက် အနိုင်ကျင့်တာကို ခင်ဗျားက ဒီတိုင်း ခွင့်ပြုထားတာလား”

“မမဂိုဏ်းချုပ်.. “

ဖက်တီးလေးကလည်း အလောတကြီး ကန့်ကွက်ပြောဆိုလိုက်လေသည်။

“ယဲ့ထန်းချန်က မြွေနဂါး ၉ကောင်ရဲ့ အကူအညီကိုယူတာ ဘာသဘောလဲ.. အဲဒါက ခင်ဗျားရဲ့ သားရဲထုတ်ဖော်ကြေးမုံကို အသုံးပြုရမယ့်အချိန်ပဲ.. အဲဒါကို မြန်မြန်သုံးပြီး သူတို့အပေါ်ကို အလင်းတန်းတွေ ထိုးချလိုက်”

“မင်းပြောတာ မှားတယ်”

ကစဉ့်ကလျားအမြုတေဂိုဏ်း၏ မူလနတ္ထိ တာအိုသက်ရှိက လှောင်ရယ်လိုက်လေသည်။

“ဒါက ပြိုင်စံရှားတွေရဲ့ တိုက်ပွဲ မဟုတ်ဘူး.. အဲဒါက ပုဂ္ဂိုလ်ရေး ရန်ငြိုးရန်စ တစ်ခုပဲ.. ဒီနေရာမှာ အများနဲ့တစ်ယောက် အနိုင်ကျင့်တာတွေ ဘာတွေ ပြောနေစရာ မလိုတော့ဘူး”

မိုးကြိုးလေပြေနန်းတော်မှ တာအိုသက်ရှိ ချီကိုင်ကလည်း ဝင်ပြောလိုက်လေသည်။

“မြွေနဂါး ၉ကောင်က သားရဲတွေဆိုပေမဲ့လို့ အဲဒါက ယဲ့ထန်းချန်ရဲ့ အစီးအနင်းတောကောင်တွေပဲ.. အဲဒါက သူ့ခွန်အားရဲ့ တစ်စိတ်တစ်ပိုင်းဆိုလည်း ဟုတ်တယ်.. သူက တိုက်ခိုက်ဖို့အတွက် သူတို့ရဲ့ အကူအညီကိုယူတာ ကျိုးကြောင်းဆီလျော်မှု ရှိတယ်”

“ရှင်တို့ပြောတာ အဓိပ္ပာယ်ရှိတယ်.. ဆက်ပြီးတော့ စောင့်ကြည့်ရတာပေါ့”

တာအိုအရှင်လန်ရွဲ့က ထူးမခြားနားပုံစံဖြင့်​ ပြောလိုက်လေသည်။

လမ့်ရို၊ ဖက်တီးလေးနှင့် အသွန်းတစ်ရာဂိုဏ်းမှ လူတိုင်းသည် ဒေါသထွက်သွားကြလေသည်။

တာအိုအရှင်လန်ရွဲ့က ဘက်လိုက်နေသည်မှာ သိသာလေသည်။

“ဆရာ..”

လမ့်ရိုက တွေဝေတုံ့ဆိုင်းသွားပြီး တာအိုအရှင်လန်ရွဲ့ကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်လေသည်။

တာအိုအရှင်လန်ရွဲ့က သူမကို လျစ်လျူရှုထားလေသည်။

အဲဒါက မည်သည့်နောက်ခံမှ မရှိသော ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။

ဒါ့အပြင် သူက ထိပ်သီးဂိုဏ်းကြီး အတော်များများကို ဆန့်ကျင်ဖီဆန်ထားလေသည်။

တစ်ဖက်တွင်ရှိသော ကျင့်ကြံသူက ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်း၏ နောက်ခံရှိပြီး သူ၏ စီနီယာအစ်ကိုက အကန့်အသတ်မဲ့သော အလားအလာများနှင့် ပို၍ပင် ကြောက်စရာကောင်းသော ပြန်ဝင်စား မွန်းစတားတစ်ယောက် ဖြစ်လေသည်။

ဘယ်ဖက်ကို ထောက်ပံ့ပေးရမလဲ ရှင်းနေလေသည်။

“အဲဒါကတော့ ဆိုးပြီပဲ”

နှင်းပုံတောင်ကြား၏ ပြိုင်စံရှား လင်းပိုင်က သူ၏ခေါင်းကို ခါလိုက်လေသည်။

“မြေနဂါး ၉ကောင်ရဲ့ ပေါင်းစပ်ခွန်အားက ပြိုင်စံရှား ၉ယောက်နဲ့ အတူတူပဲ.. နောက်ပြီးတော့ သူတို့ထဲက တစ်ကောင်က အလယ်အလတ်အဆင့် မိစ္ဆာသားရဲ ဖြစ်နေတယ်”

“နင်က သူ့ကို အထင်သွားသေးနေတာပဲ”

နတ်မိမယ်လောရွှယ်က ဂရုမထားဟန်ဖြင့် ပြုံးလိုက်လေသည်။

“ပြပွဲက အခုမှ စမှာ”

တိုက်ပွဲနယ်မြေတွင်..

ဆူဇီမိုသည် လေထဲမှာ ရပ်နေရင်း ဝင်ရောက်လာသော မြွေနဂါး ၉ကောင်ကို လှောင်ပြောင်သရော်လိုသော မျက်လုံးများဖြင့် ကြည့်နေလေသည်။

သားရဲတစ်ထောင် တောင်ကြားမှာတုန်းက သူ၏လက်ထဲတွင် သေဆုံးခဲ့ရသော အလယ်အလတ်အဆင့် မိစ္ဆာသားရဲများက မရေမတွက်နိုင်အောင်ပင်။

ဆူဇီမိုသည် လက်ဟန်ချိပ်စည်းများကို ထုတ်ဖော်ပြီး သူ၏ပါးစပ်ကို နောက်တဖန် ဟလိုက်လေသည်။

“မာ..”

တာမင်းမန္တာန်က ထွက်ပေါ်လာခဲ့လေသည်။

တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် တာမင်းချိပ်စည်းကို တာမင်းမန္တန်နှင့် တွဲဖက်၍ ထုတ်ဖော်လိုက်လေသည်။

ဘုန်း..

ဧရာမ ရွှေရောင်လက်ဝါးကြီးတစ်ဖက်က ကောင်းကင်ထက်ကနေ ဆင်းသက်လာ​ပြီး အကန့်အသတ်မဲ့သော စွမ်းအားတစ်ခုကို ထုတ်ပေးလာလေသည်။ အဲဒါက သားရဲများ အားလုံးကို ဖိနှိမ်နိုင်သည့်အလား ဝင်းလက်တောက်ပနေလေသည်။

သားရဲနှိမ်နင်းချိပ်စည်း..

တာမင်းဓမ္မချိပ်စည်း၏ ပထမဆုံး ဓမ္မချိပ်စည်း သုံးခုသည် မိစ္ဆာနှိမ်နင်းချိပ်စည်း၊ သားရဲနှိမ်နင်းချိပ်စည်းနှင့် အင်မော်တယ် ထောင်ချောက်ချိပ်စည်းတို့ ဖြစ်လေသည်။

ချိပ်စည်းတစ်ခုချင်းစီက သူတို့၏ ကိုယ်ပိုင်ပစ်မှတ်များ ရှိကြလေသည်။

ဥပမာအားဖြင့်.. မိစ္ဆာနှိမ်နင်းချိပ်စည်းသည် မိစ္ဆာကျင့်ကြံသူများကို ဆန့်ကျင်တိုက်ခိုက်ရာမှာ သက်ရောက်မှုအရှိဆုံး ဖြစ်လေသည်။

သားရဲနှိမ်နင်းချိပ်စည်းသည် သားရဲများကို ဆန့်ကျင်တိုက်ခိုက်ရာမှာ သက်ရောက်မှုအရှိဆုံး ဖြစ်လေသည်။

ဆူဇီမိုသည် ဗုဒ္ဓကျောင်းတော်များ၏ ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်တစ်ခုကို ကျင့်ကြံထား​ပြီး သိပ်သည်းအားကောင်းသော ဓမ္မစွမ်းအားများနှင့် သူ၏ အမြုတေစိတ်ဝိညာဉ်ကို စုဖွဲ့ထားလေသည်။

မင်းဝမ်ဆုတောင်းပုတီးနှင့် တာမင်းမန္တာန်တို့နှင့် တွဲဖက်လိုက်သောအခါ.. ဤထိပ်တန်းအဆင့် ဗုဒ္ဓဓမ္မပညာရပ်ကို မြွေနဂါး ၉ကောင် မဆိုထားနှင့်.. ယဲ့ထန်းချန်ပင်လျှင် ခုခံနိုင်ချင်မှ ခုခံနိုင်ပေလိမ့်မည်။

“အား.. အား.. အား.. “

မြွေနဂါး ၉ကောင်က ရှေ့သို့ ပြေးဝင်သွားသည့် ခဏမှာပင် ဧရာမလက်ဝါးကြီး၏ ဖိနှိမ်ခြင်းကို ခံလိုက်ရလေသည်။

အလယ်အလတ်အဆင့် မိစ္ဆာသားရဲ မြွေနဂါးတစ်ကောင်သာလျှင် သားရဲနှိမ်နင်းချိပ်စည်း၏ စွမ်းအားကနေ ရုန်းထွက်ပြီး ပြူးကျယ်သော မျက်လုံးများနှင့် ရှေ့သို့ ပြေးဝင်လာခဲ့လေသည်။

ဆူဇီမိုက ဖျတ်ခနဲဆို ခရမ်းရောင်လျှပ်စီးတန်းတစ်ခုအသွင် ပြောင်းလဲပြီး ထိုမြွေနဂါး၏ ဘေးသို့ ချက်ချင်း ရောက်ရှိလာခဲ့လေသည်။

လျှပ်စီးထွက်ပြေးခြင်းနည်းစနစ်၏ ရုန်းကန်ပေါက်ကွဲစွမ်းအားက တုန်လှုပ်စရာကောင်းလောက်အောင် မြန်ဆန်လေသည်။

မြွေနဂါး၏ ခန္ဓာကိုယ်က အရမ်းကြီးမားပြီး ကြမ်းကြုတ်ခက်ထန်မှု ရှိသော်လည်း ၎င်းက ဘေးဘီဝဲယာသို့ ချက်ချင်း မလှည့်ပတ်နိုင်ပေ။

“ဆင်းလာခဲ့စမ်း”

မြေနဂါး၏ အမြီးကို ဆုပ်ကိုင်ပြီး ဆူဇီမိုက သူ၏လက်နှစ်ဖက်ကို လွှဲယမ်း၍ မြေပြင်ပေါ်သို့ အဲဒါကို ပြင်းထန်စွာ ပစ်ပေါက်ချလိုက်လေသည်။

ဘုန်း..

မြေကြီးက ပြင်းထန်စွာ တုန်ခါသွားခဲ့လေသည်။

မြွေနဂါး၏ ခန္ဓာကိုယ်ထက်ဝက်ကျော်သည် မြေပြင်နှင့် ကိုင်ရိုက်မိသွားပြီး ဒဏ်ရာများ ပြည့်နှက်သွားလေသည်။ ၎င်း၏ အရွတ်နှင့် အရိုးများက ကျိုးကြေသွားပြီး ၎င်း၏ဦးခေါင်းမှ သွေးများက စီးထွက်နေလေသည်။ သူက ယခင်ကကဲ့သို့ မောက်မာဝံ့ကြွားမှု မရှိနိုင်တော့ပေ။

“ဟင်း.. “

“ဒီလိုမျိုး စွမ်းအားက.. “

“လွန်ခဲ့တဲ့ နှစ်တစ်ရာက သူက အနီးကပ်တိုက်ခိုက်ရည်မှာ ပြိုင်ဘက်ကင်းတယ်လို့ ကောလာဟလတစ်ခု ရှိခဲ့ဖူးတယ်.. ဒါဆို ဒဏ္ဍာရီတွေက တကယ်မှန်နေတာပေါ့”

ကျင့်ကြံသူများ အားလုံးက တုန်လှုပ်မှုဖြင့်​ မျက်လုံးများ ပြူးကျယ်သွားကြလေသည်။

“အဲဒါက ဘယ်လိုမျိုး ကျင့်ကြံသူတစ်ယောက်လဲ”

ထိပ်တန်းအဆင့် မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်များပင်လျှင် သူ၏ ခန္ဓာကိုယ်ဖြင့် ဖိနှိမ်ခြင်းကို ခံရလေသည်။

ဤလူက ကြမ်းကြုတ်တောကောင်များထက်ပင် ပို၍ ကြမ်းကြုတ်ခက်ထန်နေလေသည်။

ပကတိအရှင်ဖန်းလန်၏ မျက်လုံးများထဲတွင်လည်း ကြောက်ရွံ့မှုက ဝင်ရောက်လာခဲ့လေသည်။

သူက ထိုနေရာမှာ ဆူဇီမိုကို မယှဉ်နိုင်ဘူးဆိုတာ နားလည်သွားခဲ့လေသည်။

ကောင်းကင်စင်ရော်ဂိုဏ်းက ခန္ဓာမီးဆေးခြင်းမှာ အထူးပြုပြီး သူ၏ကိုယ်ကာယက အားမနည်းသော်လည်း သူက ဆူဇီမိုကို ကျိန်းသေပေါက် ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုသို့ဆိုလျှင်တောင် ပကတိအရှင်ဖန်းလမ်က နောက်ဆုတ်ဖို့ စိတ်ကူးမရှိပေ။

သူက သူ့မျက်လုံးထဲရှိ အေးစက်စက် အလင်းတစ်ချက်နှင့်အတူ လှောင်ရယ်လိုက်လေသည်။

မည်သို့ပင်ဆိုစေ.. ယဲ့ထန်းချန်က အစောပိုင်းအဆင့် နိုးထဝိညာဉ်သာ ဖြစ်လေသည်။

ဒါ့အပြင် ဆူဇီမိုက စောစောက တိုက်ပွဲတွင် ဓမ္မစွမ်းအား အတော်များများကို ကုန်ဆုံးစေခဲ့ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က အားနည်းနေလေပြီ။ အခွင့်အရေးရတုန်း သူက ဆေးလုံး အတော်များများကို ပါးစပ်ထဲ ပစ်ထည့်လိုက်လေသည်။

ယဲ့ထန်းချန်သည် အသက်ရှူခွင့် ရကာစဖြစ်​ပြီး ရှေ့သို့ ပြေးဝင်တော့မည့်ဆဲဆဲမှာပင် သူ၏ မြွေနဂါး ၉ကောင်က အပြတ်အသတ် ရှုံးနိမ့်သွားပြီဆိုတာကို နားလည်လိုက်လေသည်။

“မင်း.. “

ယဲ့ထန်းချန်သည် ရင်တစ်ချက်ထိတ်သွား​ပြီး ပထမဆုံးအကြိမ်အဖြစ် သူ၏မျက်လုံးများထဲမှာ ကြောက်ရွံ့မှုများက ဝင်ရောက်လာခဲ့လေသည်။

သူ၏ လက်ရှိကျင့်ကြံမှုအဆင့်အထိ သူသည် သန်မာအားကောင်းသော ရန်သူများနှင့် ကြိမ်ဖန်များစွာ ကြုံတွေ့ခဲ့ဖူးပြီး တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးပေ။

သေခြင်း ရှင်ခြင်း အခြေအနေများကို ကြိမ်ဖန်များစွာ ဖြတ်ကျော်ဖူးသော်လည်း သူ့ရင်ထဲတွင် ကြောက်ရွံ့မှုကို ဘယ်တုန်းကမှ မခံစားခဲ့ဖူးပေ။

သို့သော် ယခုအခါမှာတော့ ယဲ့ထန်းချန်က ကြောက်ရွံ့နေလေပြီ။

ကြော့ရှင်းချောမောသော သွင်ပြင်နှင့် ထိုကျင့်ကြံသူသည် လူသားစား ကြမ်းကြုတ်တောကောင်တစ်ကောင်နှင့် တူလာလေသည်။

နုနယ်သည်ဟု ထင်ရသော ထိုခန္ဓာကိုယ်က လောကကို ကိုင်လှုပ်၍ သက်ရှိများ အားလုံးကို ဖိနှိမ်နိုင်သော ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားပုံရလေသည်။

“ဒီလူ့ကို လုံးဝ အနိုင်ယူလို့ မရတော့ဘူးပဲ”

ယဲ့ထန်းချန်၏ စိတ်ထဲတွင် ထိုအတွေးသာလျှင် ကျန်ရစ်ခဲ့လေသည်။

All Chapters