မင်းဘယ်လို အောင်မြင်တဲ့နတ်ဆိုးဖြစ်လာတာလဲ
Vol. 41 Ch. 601
ထွင်ထျန်းဟာနှင့် ကျန်းရွမ်တို့ နှစ်ဦးစလုံးက နတ်ဆိုးသူတော်စင်၏ ပုံရိပ်ယောင် ခန္ဓာကိုယ်မှ စိတ်ချင်းဆက်သွယ်၍ ပြောဆိုမှုကို နားထောင်ပြီးသောအခါတွင် မှင်တက်သွားခဲ့သည်။
“ဒီနတ်ဆိုးသူတော်စင်က လေးနက်တဲ့သူရော ဟုတ်ရဲ့လား”
ထွင်ထျန်းဟာက သူ၏စိတ်ကို မနည်းတည်ငြိမ်အောင် ကြိုးစားခဲ့သည်။
သူ၏စိတ်နှလုံးထဲရှိ နတ်ဆိုးသူတော်စင်၏ မြင့်မြတ်သောပုံရိပ်များက လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်၏။
သူ ငယ်စဉ်ကလေးဘဝက ဒုတိယမျိုးဆက်နတ်ဆိုးသူတော်စင်၏ ရုပ်တုများကို ပြုလုပ်ခဲ့သည့်အပြင် ရုပ်တုအမျိုးမျိုးကို ပြုလုပ်ခဲ့သည်အား သတိရမိသည်။
နတ်ဆိုးသူတော်စင် အစစ်အမှန်ကို မည်သူမှ မမြင်ဖူးကြသောကြောင့် ဤရုပ်တုများသည် ယေဘုယျအားဖြင့် ပုံပန်းသဏ္ဍာန် မတူညီကြပေ။
၎င်းတို့အားလုံးကို နတ်ဆိုးလောကမှ ပန်းပဲဆရာများ ဖန်တီးထားခြင်း ဖြစ်ပြီး အချို့မှာ အက်ထရီယာဟု ခေါ်သော နာမည်ကြီးပန်းပဲဆရာက ထုတ်လုပ်ထားသည့် ကန့်သတ်ထုတ်ကုန် ပစ္စည်းများဖြစ်ကြောင်း ထွင်ထျန်းဟာ သတိရမိသည်။
ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က သူ၏ ပုံရိပ်ယောင်ခန္ဓာကိုယ်မှ တဆင့် စိတ်ချင်းဆက်သွယ်၍စ ကားပြောလိုက်သည်။
“ပွဲအတွက် ပြင်ဆင်ထားဖို့ သူတော်စင်ဆရာကြီးကို ငါအမိန့်ပေးထားပြီးပြီ.. မင်းတို့နှစ်ယောက် စိတ်ချနိုင်ပါတယ်.. ဒီပွဲကပြီးစလွယ် ဧည့်ခံတဲ့ပွဲ မဟုတ်ဘူး ဆိုတာတော့ ငါသေချာပေါက် အာမခံတယ်.. စီနီယာခွေးနဲ့ အင်မော်တယ်ကျန်းရွမ်တို့ရဲ့ အကူအညီကြောင့်သာ အတွင်းပိုင်းနယ်မြေ ၄ခုရဲ့ မငြိမ်းချမ်းမှုတွေကို ချေမှုန်းနိုင်ပြီး နတ်ဆိုးနတ်ဘုရား ၄ပါးကို ပေါင်းစည်းနိုင်ခဲ့တာပါ.. ဒါကြောင့် ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ လိုအပ်တယ်လေ”
ကျန်းရွမ်က စိတ်ထဲကနေ ရယ်မောလိုက်သည်။
“ဒါက ဟန်ဆောင်နေတာ မဟုတ်ဘူးလို့ မင်းတကယ် ပြောနိုင်လား.. ငါ့ရဲ့စိတ်ကို ဒီလောက်တောင် မမြင်နိုင်ရင် ငါအခုပဲ အနားယူလိုက်တော့မယ်..အငြိမ်းစား နတ်ဆိုးသူတော်စင် အတွက် ပင်စင်လစာက အများကြီးရတယ်လေ”
ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် “အင်မော်တယ်ကျန်းရွမ်က စိတ်ရှင်းသွားပြီဆိုရင် ငါတို့ဆက်ပြီး တိုက်ပွဲဝင်နေစရာ မလိုတော့ဘူး.. အကယ်၍ ငါတို့သာ အမှန်တကယ် တိုက်ပွဲဝင်ခဲ့မယ်ဆိုရင် နတ်ဆိုးကမ္ဘာကြီးက ပျက်စီးသွားလိမ့်မယ်.. ဒါအပြင် စီနီယာခွေးက အစကနေ အဆုံးထိ လှုပ်ရှားမှုတစ်ခုမှ မလုပ်ခဲ့ဘူး.. သူက ဒီအခြေအနေ တစ်ခုလုံးကို ထည့်သွင်း စဉ်းစားနေတာလည်း ဖြစ်နိုင်တယ်”
“အင်း.. မင်းပြောတာဟုတ်တယ်”
အင်မော်တယ်ကျန်းရွမ်ကခေါင်းငြိမ့်လိုက်သည်။
“တကယ်လို့သာ စီနီယာခွေးကိုယ်တိုင် တိုက်ခိုက်လို့ရှိရင် သူ့ရဲ့အဆင့် ၁၂ မှော်စွမ်းရည်ကြောင့် မင်းတို့တွေအားလုံး သေသွားလိမ့်မယ်”
ထွင်ထျန်းဟာ “……….”
“ဒါက ဒီအစည်းအဝေးပွဲ ဘယ်လောက်တောင် အရေးကြီးလဲဆိုတာ မီးမောင်းထိုးပြနေတာပဲ.. စီနီယာခွေးနဲ့ အင်မော်တယ်ကျန်းရွမ်တို့ လာလည်မယ်လို့ မျှော်လင့်ပါတယ်.. ဒီကိစ္စက နတ်ဆိုးလောကရဲ့ သေရေးရှင်ရေးတင် မကဘူး.. လူသားကျင့်ကြံသူတွေရဲ့ လောကအတွက်ပါ အရေးကြီးတယ်”
ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။
“တကယ်တော့ စီနီယာခွေးနဲ့ အင်မော်တယ်ကျန်းရွမ်တို့က ဒီကိစ္စကို သိနေပြီးသားလို့ ကျွန်တော်ထင်တယ်.. ကြီးမားတဲ့ကပ်ဘေးကြီး တစ်ခုက လူသားတွေရဲ့ ကျင့်ကြံခြင်းလောကကို ကျရောက်တော့မယ်.. မိုးခေါင်ခြင်းဂြိုဟ်ကို ရှာဖွေဖို့အတွက် အနှစ်တစ်ထောင်လောက် ခရီးဆန့်ခဲ့ခြင်းက ဒီကိစ္စအတွက် သက်သေပဲ”
ထိုစကားကြောင့် အင်မော်တယ်ကျန်းရွမ်၏ မျက်နှာကတင်းမာသွားသည်။
“မင်းဘယ်လိုသိတာလဲ”
“စီနီယာခွေးနဲ့အတူ အင်မော်တယ်သူတော်စင် နန်းတော်ကို ကြွလာမယ်ဆိုရင် ငါအသေးစိတ် ရှင်းပြပါ့မယ်”
ထွင်ထျန်းဟာက နတ်ဆိုးသူတော်စင်၏ သူတော်စင်နန်းတော်ဆီသို့ ဖိတ်ခေါ်မှုကို အမှန်တကယ် ရရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ယခင်က ဤနေရာသည် ထွင်ထျန်းဟာ အနေဖြင့် ခြေချရန်ပင် ဘယ်သောအခါမှ မတွေးဝံ့သောနေရာ ဖြစ်သည်။
“ဟိုဟိုဒီဒီ လျှောက်ကြည့်တာလည်း မဆိုးဘူးမဟုတ်လား”
ထို့ပြင် ထွင်ထျန်းဟာသည် နတ်ဆိုးသူတော်စင်ရာထူးကို အမွေဆက်ခံသည့်ပုံစံအား အမှန်တကယ် သိချင်နေခဲ့သည်။
ဤတစ်ကြိမ် အလည်အပတ်သွားခြင်းမှ သူ့အတွက် သဲလွန်စအချို့ ရရှိနိုင်ပေသည်။
သူက ခဏတာ တိတ်ဆိတ်သွားပြီးနောက်တွင် ခေါင်းငြိမ့်လိုက်သည်။
“ငါလာခဲ့ပါမယ်”
ကျန်းရွမ် “စီနီယာခွေး ဆုံးဖြတ်ပြီးပြီဆိုတော့ ကျွန်တော်လိုက်ပို့ပေးပါမယ်”
“ဒါဆိုလည်း မင်းတို့ ရောက်လာတဲ့အထိ ငါစောင့်နေမယ်.. ဒါပေမဲ့ ငါရှင်းပြချင်တဲ့အချက် ရှိသေးတယ်.. သူတော်စင်ကျောက်တိုင်ရဲ့ စည်းမျဉ်းတစ်ခုကြောင့် မင်းတို့ကို ငါလူကိုယ်တိုင် ကြိုဆိုလို့မရဘူး.. မင်းတို့ရောက်လာရင် သူတော်စင်ကျောက်တိုင်ရဲ့ အောက်ခြေမှာ ခဏလောက် စောင့်ပေးပါ.. အချိန်တန်ရင် ငါ့ရဲ့ သူတော်စင်ဆရာကြီးက မင်းတို့ဆီ ရောက်လာပြီး လမ်းပြပေးပါလိမ့်မယ်”
ကျန်းရွမ် အံ့အားသင့်သွားသည်။
“လခွမ်း.. မင်းမှာ အင်မော်တယ် ဓာတ်လှေကားတောင် မရှိဘူးလား.. မင်းရဲ့ အဆင့်အတန်းက ဘာလို့ အဲလောက်တောင် အရမ်းနိမ့်နေရတာလဲ”
“ငါ့မှာ ရိုးရိုးလှေကားတွေပဲ ရှိသေးတယ်.. ဒါ့အပြင် ဒီလှေကားထစ်ကို နောက်ဆုံးတက်တဲ့သူက နှစ်၃၀၀လောက် အချိန်ယူခဲ့ရတယ်.. ကြေကွဲစရာ ကောင်းလွန်းတာက လမ်းတစ်ဝက်မှာ ရိက္ခာတွေ ကုန်သွားတဲ့အတွက် အဲဒီလူက ပင်ပန်းနွမ်းနယ်မှုတွေနဲ့ သေဆုံးသွားလုနီးပါး ဖြစ်ခဲ့ရတယ်”
နတ်ဆိုးသူတော်စင်က ထိုစကားကို ပြောပြီးနောက်တွင် မျက်ရည်ဝဲလာသည်ကို အင်မော်တယ်ကျန်းရွမ် သတိထားမိလိုက်သည်။
အင်မော်တယ်ကျန်းရွမ် “နတ်ဆိုးသူတော်စင်.. မင်းဘာလို့ ဒီအကြောင်းကို ကောင်းကောင်းကြီးသိနေရတာလဲ”
နတ်ဆိုးသူတော်စင် “ဘာလို့လဲဆိုတော့ ငါက အဲဒီလူပဲလေ”
“……….”
ထိုနောက်တွင် နတ်ဆိုးသူတော်စင်က သူ၏ စွမ်းအားများကို အလုံးစုံ ရုတ်သိမ်းလိုက်ရာ ပုံရိပ်ယောင်ခန္ဓာကိုယ်က ပျောက်ကွယ်သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိ နတ်ဆိုးအားလုံးက အံ့ဩသွားကြသည်။
ထိပ်တိုက်ရင်ဆိုင်မှုများက ဤအတိုင်းပင် ပြီးဆုံးသွားကြသည်။
အခြေအနေအရ သရေပွဲဟုပင် သုံးသပ်ရပေမည်။
“သွားကြစို့”
ထွင်ထျန်းဟာက တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ ကျန်းရွမ်ကိုပြောလိုက်သည်။
“ဟုတ်ကဲ့ စီနီယာကြီး”
ကျန်းရွမ်က ခေါင်းငြိမ့်လိုက်ပြီး သူတီထွင်ထားသည့် သူရဲကောင်းစိတ်ဝိညာဉ် ကုလားထိုင်ကို ရုတ်တရက် သတိရသွားသည်။
ထို့နောက် အင်မော်တယ်ကျန်းရွမ်က သူ့လက်ချောင်းကို လေထဲတွင် ပွတ်ဆွဲလိုက်ရာ သူရဲကောင်းစိတ်ဝိညာဉ်ပလ္လင်က အသစ်တဖန် ပြောင်းလဲသွားခဲ့သည်။
အမိန့်အသစ်ကို လက်ခံရရှိပြီးနောက်တွင် သူရဲကောင်းစိတ်ဝိညာဉ်များသည် အစီအစဉ်တကျ စီတန်းကာ ရှည်လျားသောလှေကားတစ်ခုကို ဖန်တီးလိုက်ပြန်သည်။
ကျန်းရွမ်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ထွင်ထျန်းဟာကို ပြောလိုက်သည်။
“စီနီယာခွေး.. ကြွပါ”
ထွင်ထျန်းဟာ “……….”
သူတော်စင်ကျောက်တိုင်ပေါ်ရှိ ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က သက်ပြင်းတစ်ချက် ချလိုက်သည်။
သူတော်စင်ဆရာကြီးက သူ့ကိုအနီးကပ် စောင့်ကြည့်နေခဲ့သည်။
“ကမ္ဘာနှစ်ခုက နှစ်ပေါင်းအတော်ကြာ နားလည်မှု လွဲမှားနေခဲ့တယ်.. ငါတို့နတ်ဆိုးကမ္ဘာနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ လူသား ကျင့်ကြံသူတွေမှာ ဆန္ဒရှိလိမ့်မယ်လို့ ငါတကယ် မထင်ထားဘူး”
ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က ခေါင်းငြိမ့်လိုက်သည်။
“ငါအရင်က ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးခဲ့တယ်.. ဒါပေမဲ့ ဒီတိုက်ပွဲအပြီးမှာ အင်မော်တယ်ကျန်းရွမ်က အရမ်းအစွမ်းထက်တယ် ဆိုတာ ငါသိလိုက်ရတယ်.. လူသားတွေကအခုအချိန်မှာ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ် ဆိုပေမဲ့ စီနီယာခွေးနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ခွေးပိုင်ရှင်တို့ ရှိနေသ၍ ဒီအခက်အခဲကနေ ရုန်းထွက်နိုင်မှာပဲ.. နတ်ဆိုးကမ္ဘာနဲ့ လူသားကမ္ဘာက ကွဲပြားတယ်ဆိုပေမဲ့ နတ်ဆိုးဂြိုဟ်က နဂါးငွေ့တန်းဂလက်ဆီမှာပဲ ရှိနေတယ်.. ပထမတော့ ငါထင်ခဲ့တာက ကမ္ဘာခြားဂိတ်တံခါးကြောင့် ငါတို့ကမ္ဘာနှစ်ခုက ငြိမ်းချမ်းရေးကို အတူတကွ ဖော်ဆောင်နိုင်လိမ့်မယ်လို့ ထင်ခဲ့မိတယ်.. ဒါပေမဲ့ ဒီနေ့အခြေအနေထိ ရောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး”
ထိုသို့ ဖြစ်နေသော်လည်း ယနေ့တွင် နတ်ဆိုးသူတော်စင်သည် ထွင်ထျန်းဟာနှင့် အင်မော်တယ်ကျန်းရွမ်တို့ နယ်မြေ၄ခုကြားတွင် ပြေလည်အောင် ကူညီဆောင်ရွက်ပေးခဲ့သည်ကို မျက်မြင်တွေ့ခဲ့ရသည်။
ဤအချက်ကိုကြည့်လိုက်လျှင် လူသားကမ္ဘာနှင့် နတ်ဆိုးကမ္ဘာကြားရှိ ဆက်ဆံရေးသည် ပြုပြင်၍မရသော ပျက်စီးမှုအခြေအနေသို့ ရောက်နေပြီဟု သူမထင်မိပေ။
အတူတကွ ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိနေသရွေ့ ဤအကျပ်အတည်းကို သေချာပေါက် ကျော်လွှားနိုင်မည်သာ ဖြစ်သည်။
နတ်ဆိုးသူတော်စင်က ဆက်ပြောလိုက်သည်.
“အရင်က အာကာပြင်အပေါက်အပြဲကနေ ဝင်လာတဲ့သားရဲက အရမ်း ကြောက်စရာကောင်းတယ်.. အုပ်စုလိုက်သာ ဆိုရင် ငါတို့ လုံးဝ မထိန်းချုပ်နိုင်မှာ သေချာတယ်.. ဒါပေမဲ့လည်း ငါတို့ကမ္ဘာနှစ်ခုသာ ပေါင်းစည်းနိုင်ရင်တော့ ဖြစ်နိုင်ခြေရှိသေးတယ်”
သူတော်စင်ဆရာကြီးက သက်ပြင်းချလိုက်သည်။
“မင်းမှာအစီအစဉ်ရှိနေပြီထင်တယ်.. ဒါဆိုလည်း ငါပြောစရာမလိုတော့ဘူးပေါ့.. ကောင်းကင်နယ်မြေကြီးရဲ့ ကိစ္စတွေကို မင်းစိတ်ဝင်စားမယ်လို့ ငါတကယ် မထင်ထားမိဘူး.. တကယ်တမ်းပြောရရင် တတိယမျိုးဆက် နတ်ဆိုးသူတော်စင် မြန်မြန်ပေါ်လာဖို့ကို ငါစောင့်နေတာပဲ.. ဒါပေမဲ့ ငါတာဝန်ယူထားတဲ့ အချိန်အတွင်း နတ်ဆိုးကမ္ဘာရဲ့သမိုင်းမှာ မော်ကွန်းတင်ထိုက်တဲ့ လုပ်ရပ်တစ်ခုကို ငါလုပ်သွားချင်သေးတယ်”
“မင်းစကားက ဘာအဓိပ္ပါယ်လဲ.. မင်းဘယ်လိုအောင်မြင်တဲ့နတ်ဆိုးတစ်ပါး ဖြစ်လာလဲဆိုတာ မှတ်တမ်းရေးမလို့လား”
ထိုခဏတွင် ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က ရေရွတ်လိုက်သည်။
“တောင်တန်းတွေကို ၁၀နှစ်ကြာ လှည့်လည်သွားလာခဲ့တယ်.. နှစ်၁၀၀အတွင်း နတ်ဆိုးဘဝမှာ အထွတ်အထိပ်ကို ရောက်ရှိလာတယ်.. နတ်ဆိုးနတ်ဘုရား မဖြစ်ရင်တောင် နတ်ဆိုးဘုရင်ဆိုလည်း မဆိုးဘူးပေါ့.. ပဋိပက္ခတွေကို ဇာမချဲ့တော့ဘဲ နှစ်တစ်ထောင်လုံး ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ခဲ့တယ်.. နေ့ရက်တွေကို အဆုံးတိုင်အောင် အသက်ရှင်နိုင်သူ ဖြစ်ခဲ့ပြီး ရက်ပေါင်းတစ်သောင်း ပြည့်တဲ့နောက်မှာ နံရံပေါ်ကသူ့ရဲ့ရုပ်တုကို အမွှေးနံသာပူဇော်ဖို့ နတ်ဆိုးတွေက စီတန်းလျက်ပဲ။
"ကဗျာက အရမ်းကောင်းတယ်ဟ"
သူတော်စင်ဆရာကြီးက အံ့အားသင့်သွားသည်။
“မင်းမှာ ဒီလိုအရည်အချင်းရှိမယ်လို့ ငါမထင်ခဲ့ဘူး”
“တကယ်လို့ ငါသာနတ်ဆိုးသူတော်စင် မဖြစ်ခဲ့ရင် ကဗျာဆရာဖြစ်လာလိမ့်မယ်”
ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က သက်ပြင်းချလိုက်သည်။
“ငါနတ်ဆိုးသူတော်စင် ဖြစ်တာ ကံကောင်းသွားတယ်မှတ်.. မဟုတ်ရင် အခုချိန်မှာ ကဗျာဆရာ လေရဟက်တောင် ကဗျာဆရာ ဖြစ်လာနိုင်မှာ မဟုတ်ဘူး.. ဒါကြောင့်အနည်းဆုံးတော့ ငါတာဝန်ယူထားတဲ့ အချိန်တွင်းမှာ ကိစ္စကြီးကြီး တစ်ခုကို ဖန်တီးရမယ်”
“……….”
အပိုင်း(၆၀၁) ပြီး၏