← Chapters

ထွင်ထျန်းဟာစိတ်လှုပ်ရှားခြင်း

Vol. 41 Ch. 602

ထွင်ထျန်းဟာစိတ်လှုပ်ရှားခြင်း

Vol. 41 Ch. 602

သူတော်စင်ကျောက်တိုင်သည် အ​တွင်းပိုင်းနယ်မြေ၄ခု၏ အလယ်ဗဟိုတွင် ရှိသည်။

“အကြီးအကဲဝမ်.. လမ်းပြပေးပါ”

ထွင်ထျန်းဟာက အကြီးအကဲဝမ်ကို လမ်းပြပေးရန် တောင်းဆိုလိုက်သောအခါ နယ်မြေ၄ခုမှ နတ်ဆိုးနတ်ဘုရားများက အံ့ဩသွားကြသည်။

တကယ်တမ်းတွင် ဤစီနီယာခွေးနှင့် အကြီးအကဲဝမ်တို့၏ ပတ်သက်မှုက သာမန်ပတ်သက်မှု မဟုတ်ဟု သူတို့ မရေမရာခန့်မှန်းမိခဲ့သည်။

သို့သော် မည်သူမှ ထုတ်မမေးရဲချေ။

“မင်းတို့အားလုံး မကျေမနပ်ဖြစ်နေတယ်လို့ ငါဘာလို့ခံစားမိတာလဲ”

အင်မော်တယ်ကျန်းရွမ်က လက်ကို ဟန်ပါပါနောက်သို့ ပစ်ကာနတ်ဆိုးနတ်ဘုရား၄ပါးကို ကြည့်လိုက်သည်။

ဤစူးရဲသောအကြည့်ကို ရင်ဆိုင်လိုက်ရလျှင် နတ်ဆိုးနတ်ဘုရား၄ပါးက ကျောရိုးတစ်လျောက် စိမ့်တက်သွားခဲ့သည်။

၎င်းက နတ်ဆိုးသူတော်စင်နှင့် ပုခုံးချင်းယှဉ်နိုင်သည့် လူသားကျင့်ကြံသူ ဖြစ်ပြီး ၎င်းတို့ကို လုံးဝ အားထုတ်စရာမလိုဘဲ သုတ်သင်နိုင်သူ ဖြစ်သည်။

ထို့ပြင် ၎င်းကို နတ်ဆိုးသူတော်စင်က သူတော်စင်ကျောက်တိုင်ထိပ်ရှိ သူတော်စင်နန်းတော်ဆီသို့ အထူးတလည် ဖိတ်ကြားထားခဲ့သည်။

ဤသည်မှာ လူသားကျင့်ကြံသူတိုင်း ခံစားနိုင်သော ကောင်းချီးမျိုးမဟုတ်ပေ။

သူတော်စင်ကျောက်တိုင် ထိပ်ရှိ သူတော်စင်နန်းတော် ဆီသို့ မည်သည့်နတ်ဆိုးမှ မရောက်ဖူးကြောင်း သိရှိထားသင့်သည်။

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က နတ်ဆိုးနတ်ဘုရားများကို ခန့်အပ်ရာတွင် သူတော်စင်ကျောက်တိုင်၏ အောက်ခြေ၌သာ ၎င်းတို့ကို စုဝေးစေခဲ့ပြီး တိုင်ထိပ်ပေါ်သို့မည်သူ့ကိုမှ တက်ရောက်စေခြင်း မရှိခဲ့ပေ။

နတ်ဆိုးနတ်ဘုရားများ၏ မျိုးဆက်များထဲတွင် ကောင်းကင်ဝါးမျိုဖားပြုပ် မျိုးနွယ်စု၏ ပထမမျိုးဆက်ခေါင်းဆောင် ဖြစ်သည့် မျိုးနွယ်စုခေါင်းဆောင် ကျန်းရှိုကသာ သူတော်စင်ကျောက်တိုင်ထိပ်ထိ တက်ခဲ့ဖူးပြီး သူတော်စင်နန်းတော်ကို မျက်စိနှင့် တပ်အပ် မြင်ဖူးခဲ့သည်။

ထို့ကြောင့် ထွင်ထျန်းဟာက အကြီးအကဲဝမ်အား လမ်းပြအဖြစ် ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်လိုက်သောအခါတွင် နယ်မြေ၄ခုမှ နတ်ဆိုးနတ်ဘုရားများသည် စီနီယာခွေးနှင့်အကြီးအကဲဝမ်၏ ကောင်းကင်ဝါးမျိုဖားပြုပ် မျိုးနွယ်စုတို့ပတ်သက်မှုရှိမရှိ စဉ်းစားခဲ့ကြသည်။

အဆုံးသတ်တွင် အင်မော်တယ်ကျန်းရွမ်၏ ခွန်အားနှင့်နှိုင်းယှဉ်လျှင် ဤစီနီယာခွေး၏ စွမ်းအားသည် ပို၍ပင်နားလည်နိုင်စွမ်းမရှိပေ။

စီနီယာခွေးက မည်မျှပင် လျှို့ဝှက်ဆန်းကြယ်ပါသနည်း။

၎င်း၏ လှုပ်ရှားမှုတိုင်းနှင့် ပြောသမျှ စကားလုံးတိုင်းသည် ကိုယ်ပိုင်အဓိပ္ပါယ် ရှိပေသည်။

ထို့ကြောင့် သူတို့အနေဖြင့် ဤမဟာစီနီယာကြီး၏ ဆုံးဖြတ်ချက်တိုင်းနှင့် စကားလုံးတိုင်းကို အထူးသတိထားရမည်ဟု နတ်ဆိုးနတ်ဘုရား၄ပါးက နားလည်ခဲ့သည်။

တောင်ပိုင်းနယ်မြေမှ ဝိညာဥ်အင်ပါယာက ပြုံးလိုက်သည်။

“ဒီလိုပါ စီနီယာခွေးနဲ့ စီနီယာကျန်းရွမ်.. သူတော်စင်ကျောက်တိုင်ရဲ့ အောက်ခြေကို ချဉ်းကပ်ဖို့ဆိုရင် နတ်ဆိုးနတ်ဘုရားတွေပဲ အရည်အချင်း ပြည့်မီကြတယ်.. နယ်မြေသံတမန်ဖြစ်စေ နတ်ဆိုးဘုရင်ဖြစ်စေ နတ်ဆိုးနတ်ဘုရားအဆင့်အောက်က မည်သူမဆို နယ်မြေ၄ခုအတွက် ပူးတွဲသံတမန် မဖြစ်ဘူးဆိုရင် ကျောက်တိုင်ရဲ့အနီးကို ချဉ်းကပ်ခွင့်ရမှာမဟုတ်ဘူး”

“ဒါဆိုလည်း ပူးတွဲသံတမန်အဖြစ် ခန့်အပ်လိုက်ရင် ပြီးတာပဲမဟုတ်လား.. ဒါနဲ့ မင်းစကားပြောတဲ့အခါ မပြုံးဘဲနေလို့ မရဘူးလား.. မင်းရဲ့ ဒီတစ္ဆေလို မျက်နှာနဲ့ ပြုံးလိုက်ရင် ငိုနေသလို ဖြစ်နေတယ်”

အင်မော်တယ်ကျန်းရွမ်က ပြုံးလိုက်သည်။

ဝိညာဥ်အင်ပါယာ “……….”

အင်မော်တယ်ကျန်းရွမ်၏ စကားကြောင့် အကြီးအကဲဝမ်က တုန်လှုပ်သွားခဲ့သည်။

“နယ်မြေ၄ခုအတွက် ပူးတွဲသံတမန်ကို အွန်လိုင်းလူထုမဲနဲ့ပဲ နယ်မြေ၄ခုရဲ့ နတ်ဆိုးနိုင်ငံသားတွေကသာ ရွေးချယ်တင်မြှောက်နိုင်တယ်.. ပူးတွဲသံတမန်ကို တိုက်ရိုက် ခန့်အပ်တာမျိုးတော့ အရင်က မကြုံခဲ့ဖူးဘူး”

နယ်မြေ၄ခုမှ နတ်ဆိုးနတ်ဘုရားများက ဆန်ကို ကြက်ဆိတ် သကဲ့သို့ ခေါင်းတဆတ်ဆတ် ညိမ့်လိုက်ကြသည်။

“အဲဒါက အရင်ကကိစ္စပဲ.. ဘယ်သူမဆို မကျေနပ်ရင် ထွက်လာပြီး တိုက်ခိုက်လို့ရတယ်”

ထွင်ထျန်းဟာက ပြောလိုက်ရာ နတ်ဆိုးများ အားလုံးက အလိုအလျောက် နောက်ပြန်ဆုတ်သွားကြသည်။

ထွင်ထျန်းဟာ “အခုကစပြီး ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စုရဲ့ အကြီးအကဲဝမ်ကို ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံးရဲ့အထွေထွေ အတွင်းရေးမှူးအဖြစ် တရားဝင် ခန့်အပ်လိုက်တယ်”

အကြီးအကဲဝမ် “……….”

နတ်ဆိုးများအားလုံး “……….”

စီနီယာခွေးနှင့် အင်မော်တယ်ကျန်းရွမ်တို့ အကြီးအကဲဝမ်နှင့်အတူ သူတော်စင်ကျောက်တိုင်သို့ ထွက်သွားမှသာ နယ်မြေ၄ခုမှ နတ်ဘုရားများက သက်ပြင်းချနိုင်ကြသည်။

သူတို့ ယခင်ကဆိုလျှင် လူသားကျင့်ကြံသူများကို အနည်းနှင့်အများ မထီမဲ့မြင် ပြုခဲ့ကြသော်လည်း အင်မော်တယ်ကျန်းရွမ်က ယခုတစ်ကြိမ်တွင် သူတို့အား သင်ခန်းစာအသစ် သင်ကြားပေးခဲ့သည်။

စစ်မှန်သည့် အစွမ်းထက်သော လူသားကျင့်ကြံသူ တစ်ယောက် သူတို့ရှေ့ ရပ်နေသောအခါတွင် သူတို့က အသက်ရှူရပ်မတတ် ခံစားခဲ့ရသည်။

အရေးအကြီးဆုံးအချက်မှာ ဤသည်က နတ်ဆိုးကမ္ဘာ ဖြစ်သည်။

စိတ်ဝိညာဉ်ချီ လုံးဝမရှိသောအခါတွင်ပင် ထိုလူက အလွန်အစွမ်းထက်ဆဲ ဖြစ်သည်။

အကယ်၍ ထိုလူသာ သူ၏စွမ်းပကားကို ပြသရန်အတွက် ပို၍သင့်လျော်သော ပတ်ဝန်းကျင်တွင် ရှိနေခဲ့လျှင် ပို၍ပင်ကြောက်စရာကောင်းမည်မှာ သေချာသည်။

နတ်ဆိုးနတ်ဘုရား၄ပါးက အချင်းချင်း စိတ်ချင်းဆက်သွယ်၍ မေးလိုက်ကြသည်။

“နတ်ဆိုးသူတော်စင်က ဒီစီနီယာခွေးနဲ့ အင်မော်တယ်ကျန်းရွမ်ကို ဘာလို့ဖိတ်ခေါ်တာလဲ မသိဘူး.. နတ်ဆိုးဘုရင်က ဧည့်ခံပွဲကို ပြင်ဆင်ခဲ့တယ် ဆိုတော့ ဒါက ရိုးရှင်းတဲ့ကိစ္စတော့ မဟုတ်လောက်ဘူး”

“ဘာပဲဖြစ်ဖြစ် စီနီယာခွေးနဲ့ အင်မော်တယ်ကျန်းရွမ်တို့နဲ့ မိတ်ဆွေဖြစ်မယ် ဆိုရင် နတ်ဆိုးကမ္ဘာအတွက် အကောင်းဆုံး ဖြစ်လာမှာပါ.. အကယ်၍ သူတို့သာ ငါတို့ရဲ့ရန်သူ ဖြစ်သွားမယ်ဆိုရင် ကြောက်စရာကောင်းလိမ့်မယ်”

ဝိညာဥ်အင်ပါယာက ပြောလိုက်သည်။

“စကားမစပ် ဒီရာထူးကို ဝမ်ဟဲ ရသွားတာ မင်းတို့အတွက်အဆင်ပြေရဲ့လား”

မြောက်ပိုင်းလိပ်မိစ္ဆာက မေးလိုက်သည်။

“အဆင်မပြေလည်း အသုံးမဝင်ဘူးလေ.. ဒါမျိုးအရင်ကတစ်ခါမှ မဖြစ်ဖူးပေမဲ့ မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး.. အကြီးအကဲဝမ်က ဒီရာထူးနဲ့ ထိုက်တန်ပါတယ်”

ယင်းအချိန်တွင် ကင်းမြီးကောက်ဘုရင်က စိတ်ချင်းဆက်သွယ်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။

“တကယ်လို့ အကြီးအကဲဝမ်သာ ငါ့ကို အတင်းမခေါ်ဘူးဆိုရင် ငါဒီကိုလာမှာမဟုတ်ဘူး.. အကြီးအကဲဝမ်နဲ့ငါ ဒီကို ရောက်မလာခင်အထိ စီနီယာခွေးက ရည်ရွယ်ချက်ရှိရှိ အချိန်ဆွဲခဲ့တယ်လို့ ငါထင်တယ်”

“စီနီယာခွေးက နယ်မြေ၄ခုကြားက ချစ်ကြည်ရေးကို ပြန်အသက်သွင်းဖို့ အတွက် အစောပိုင်းကတည်းက အရာအားလုံးကို စီစဉ်ထားတယ်လို့ ကင်းမြီးကောက်ဘုရင်က ပြောချင်တာလား”

“ဖြစ်နိုင်တာပေါ့”

နတ်ဆိုးနတ်ဘုရား၄ပါးက အစောပိုင်းက ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို ပြန်အမှတ်ရသွားကြသည်။

ဤသည်က အရာအားလုံးကို လက်ထဲတွင်ထည့်ကာ စိတ်ရှိသလို ဆောင်ရွက်နိုင်သည့် ကျင့်ကြံသူ တစ်ယောက်၏ လုပ်နည်းလုပ်ဟန်ပင်။

ယခင်က နတ်ဆိုးနတ်ဘုရား၄ပါးသည် စီနီယာခွေးက အလွန်ထူးခြားသည်ဟု တွေးတောခဲ့ဖူးသည်။

ယခုအခါတွင် ၎င်းတို့၏ ထင်မြင်ချက်က မှားယွင်းမှုမရှိကြောင်း ထင်ရှားနေ၏။

“နတ်ဆိုးနတ်ဘုရား.. ကျွန်တော်နည်းနည်း နှောင့်ယှက်လို့ရမလား”

ထိုအချိန်တွင် ဝိညာဥ်အင်ပါယာ၏ နယ်မြေသံတမန် ဖြစ်သည့် တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးသည် ရုတ်တရက်စကားပြောလိုက်သည်။

ဝိညာဥ်အင်ပါယာ “ဘာကိစ္စရှိလို့လဲ”

“အခုလေးတင်ပဲ နယ်မြေ၄ခုက တရားဝင် စာတိုက်ပုံးတွေမှာ နယ်မြေအသီးသီးက ပန်းမျိုးနွယ်စုနဲ့ သစ်ပင်မျိုးနွယ်စုတွေကနေ တိုင်ကြားစာ များစွာကို လက်ခံရရှိခဲ့ပါတယ်.. လောလောဆယ်မှာ တိုင်ကြားစာ တစ်သိန်းလောက်တောင် ရှိနေပြီ”

“တိုင်ကြားစာလား”

“ဟုတ်ကဲ့”

တာအိုကျင့်ကြံသူ စုန်းနတ်ဆိုးက ခေါင်းငြိမ့်လိုက်သည်။

“နတ်ဆိုးသူတော်စင်နဲ့ အင်မော်တယ်ကျန်းရွမ်တို့ အစောပိုင်းက တိုက်ခိုက်မှုမှာ အရာဝတ္ထုတွေကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားနဲ့ ပြန်လည်ရှင်သန်နိုင်တဲ့ စွမ်းအားတို့ အားပြိုင်မှုတွေ ရှိခဲ့တယ်.. ဒါရဲ့ အကျိုးဆက်အနေနဲ့ အပင်မျိုးနွယ်စုတွေက အလွန်အကျွံ ခံစားခဲ့ရတယ်”

နတ်ဆိုးနတ်ဘုရား၄ပါး “……….”

“သစ်ပင်မျိုးနွယ်စုတွေရဲ့ ခေါင်းဆောင် လုချီက ခန္ဓာကိုယ်ညှိုးနွမ်းသွားတဲ့အခါမှာ သူ့ကိုယ်သူ သေတော့မယ်ထင်ပြီး ကြိုတင်ပြင်ဆင်ထားတဲ့ ခေါင်းတလားထဲမှာ လှဲအိပ်နေခဲ့တယ်.. အဆုံးသတ်မှာ ပြန်လည်ရှင်သန်နိုင်တဲ့ စွမ်းအားနဲ့ အားလုံးကို ဖျက်ဆီးနိုင်တဲ့စွမ်းအားက အားပြိုင်နေလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ”

“နောက်တော့ဘာဆက်ဖြစ်လဲ”

“နောက်တော့ မျိုးနွယ်စုတစ်ခုလုံးက မျိုးနွယ်စုခေါင်းဆောင်လုချီ ခေါင်းတလားထဲကနေ ထိုင်ထ လုပ်နေတာကို စောင့်ကြည့်နေရတယ်”

”……….”

“ဒါ့အပြင် နွားအရှင်မြတ်အနေနဲ့ တာအိုကျင့်ကြံသူ မြင်းမျက်နှာရဲ့ ကိစ္စကို ကိုင်တွယ်ဖို့လည်း လိုအပ်တယ်.. သူကငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံးထဲမှာ နတ်ဆိုးသူတော်စင်ရဲ့ပြစ်ဒဏ်ကြောင့် နတ်ဆိုးသဲအဖြစ်ကို ပြောင်းလဲသွားခဲ့တယ်”

“အင်း.. မြင်းမျက်နှာရဲ့ သေဆုံးမှုက တကယ်ကို သနားစရာ ကောင်းလွန်းတာပဲ”

နွားအရှင်မြတ်က ဂရုဏာသက်စွာဖြင့် ရေရွတ်လိုက်သည်။

“သူ့ရဲ့နတ်ဆိုးသဲက အခုဘယ်မှာလဲ”

“ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံးထဲမှာ ရှိနေတုန်းပဲ.. အဲဒါကိုစောင့်ကြည့်ဖို့ ဝိညာဥ်တစ်ကောင်ကို လွှတ်ထားပြီးပါပြီ”

တာအိုကျင့်ကြံသူ စုန်းနတ်ဆိုး “ဒါပေမဲ့ နတ်ဆိုးသူတော်စင်နဲ့ အင်မော်တယ်ကျန်းရွမ်တို့ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုကြောင့် တာအိုကျင့်ကြံသူ မြင်းမျက်နှာရဲ့ သဲတွေက ပြန့်ကျဲသွားနိုင်ပါတယ်”

ထိုစကားကိုကြားလျှင် နွားအရှင်မြတ်က အလွန်နာကျင်သလိုခံစားလိုက်ရသည်။

“ငါ့တပည့်လေးက ဒီလိုပဲထွက်သွားပြီလား”

အခြားနတ်ဆိုးနတ်ဘုရားများ “……….”

အခြားတစ်ဖက်တွင်လည်း လူနှစ်ယောက်နှင့် ခွေးတစ်ကောင်က အလင်းတန်း၃ခုအဖြစ် ပြောင်းလဲကာ သူတော်စင်ကျောက်တိုင် အနီးသို့ လျင်မြန်စွာ ခရီးဆက်ခဲ့ကြသည်။

ထွင်ထျန်းဟာက ပင်လယ်ရေမျက်နှာပြင်ကို တည်ငြိမ်စေသည့် ပင်လယ်ထိန်းကျောက်တိုင်နှင့် တူသော မြင့်မားသည့်ရှေးဟောင်းတိုင်တစ်လုံးက မိုးကုတ်စက်ဝိုင်းပေါ်တွင် ပေါ်လာသည်ကို အဝေးမှ လှမ်းမြင်လိုက်ရသည်။

“အဲဒါက သူတော်စင်ကျောက်တိုင်လား”

အကြောင်းတစ်ခုခုကြောင့် ထွင်ထျန်းဟာက ဤတိုင်ကို မြင်သောအခါ ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။

“အိုး.. သူတော်စင်ကျောက်တိုင်ကို ငါတကယ် သေးကော့ပန်းချင်လိုက်တာ.. နေပါဦး.. ဘာလို့ ငါ့စိတ်တွေက ဖောက်ပြန်နေရတာလဲ”

အပိုင်း(၆၀၂) ပြီး၏

All Chapters