← Chapters

သူတော်စင်ကျောက်တိုင်၏လျှို့ဝှက်ချက်

Vol. 41 Ch. 603

သူတော်စင်ကျောက်တိုင်၏လျှို့ဝှက်ချက်

Vol. 41 Ch. 603

ထွင်ထျန်းဟာက စိတ်ကမောက်ကမ ဖြစ်နေသော်လည်း အထွတ်အထိပ် အားထုတ်မှုဖြင့် ထိန်းချုပ်ထားသည်။

အဓိကအချက်မှာ အင်မော်တယ်ကျန်းရွမ်နှင့်အကြီးအကဲဝမ်တို့က ဤနေရာတွင်ရှိနေခြင်းကြောင့် ဖြစ်သည်။

သူ့အနေဖြင့် ထိုကိစ္စမျိုး မည်ကဲ့သို့ လုပ်နိုင်ပါမည်နည်း။

ထွင်ထျန်းဟာက သူ၏ခန္ဓာကိုယ်တွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားခဲ့ရသည်။

အကြောင်းမရှိဘဲ ဤကဲ့သို့ ဖြစ်လာမည်မဟုတ်ပေ။

ဤသည်က ခွေးတစ်ကောင်း၏ ပင်ကိုယ်စရိုက် လက္ခဏာတစ်ခုဖြစ်သော်လည်း ထွင်ထျန်းဟာက တိုင်ကို မြင်တိုင်း သေးပန်းတတ်သည့် အလေ့အကျင့်မရှိပေ။

ပထမအချက်အနေဖြင့် ဤလုပ်ဆောင်ချက်မျိုးက မလုပ်သင့်ဟု ခံစားရသည်။

ဒုတိယအချက်အနေဖြင့် သူ၏နောက်ခြေထောက်ကို မြှောက်လိုက်သည်က ရှက်စရာကောင်းသည့် ဟန်ပန်ဟု ခံစားရသောကြောင့် ဖြစ်သည်။

ထိုကြောင့် သူ၏နေ့စဉ်ဘဝတွင် အိမ်သာအိုးဖြင့်သာ နှစ်ပါးသွားခဲ့သည်။

အချိန်အတော်ကြာ ခွေးတစ်ကောင် ဖြစ်လာခဲ့၍ ဤကဲ့သို့အမူအကျင့် ပြောင်းသွားရသည်လော။

“ဒါဘယ်လိုမှမဖြစ်နိုင်ဘူး.. ငါက ဘာလို့သမာဓိ မရှိချင်သလိုဖြစ်နေရတာလဲ”

သူတော်စင်ကျောက်တိုင်သို့ သွားရာလမ်းးတွင် ထွင်ထျန်းဟာက စိတ်ကမောက်ကမ ဖြစ်ရသော အကြောင်းအား တွေးတောကာ အာရုံပြောင်းခဲ့သည်။

အဆုံးသတ်တွင် သူက ထိုကိစ္စ၏ အကြောင်းပြချက်ကို မစဉ်းစားနိုင်ခဲ့ပေ။

ထိုအစား သူက လျှို့ဝှက်ချက်တစ်ခုကို နားလည်ခဲ့သည်။

ယင်းမှာ သူတော်စင်ကျောက်တိုင်ကို မကြည့်လျှင် ဤလှုံ့ဆော်မှုက အမှန်တကယ် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

“တော်သေးတာပေါ့.. လျှို့ဝှက်ချက်ကို ရှာတွေ့သွားလို့”

မည်သို့ပင်ဖြစ်စေ ထွင်ထျန်းဟာက သူ့ခန္ဓာကိုယ်တွင် တစ်ခုခု မှားယွင်းနေမှန်း သေချာသွားခဲ့သည်။

“ငါတို့ မကြာခင်ရောက်တော့မယ်”

အကြီးအကဲဝမ်က ကြေညာလိုက်သည်။

သူတို့က အဝေးကနေ သူတော်စင်ကျောက်တိုင်မှ ထုတ်လွှတ်သော အကန့်အသတ် မရှိသည့် နတ်ဆိုးစွမ်းအင်ကို ခံစားနိုင်ခဲ့သည်။

မြင့်မားသာ ရှေးဟောင်းကြေးတိုင်လုံးကြီးသည် လျှို့ဝှက်ဆန်းကြယ်မှုများ ပြည့်နှက်နေသလို ခံစားလိုက်ရသည်။

အင်မော်တယ်ကျန်းရွမ်က ရှေးဟောင်း ကြေးတိုင်ကြီးပေါ်တွင် လှပ၍ ရှုပ်ထွေးသော သင်္ကေတများစွာကို မြင်တွေ့ခဲ့သည်။

ထိုခဏတွင် ဤသင်္ကေတ ပုံစံများက ရိုးရှင်းခြင်းမရှိကြောင်း အင်မော်တယ်ကျန်းရွမ် သဘောပေါက်သွားခဲ့သည်။

၎င်းက နတ်ဆိုးစွမ်းအင်နှင့် သိပ်မတူသော စွမ်းအင်အချို့ကို ဖုံးကွယ်ထားပုံရပြီး အင်မော်တယ်အရှင်မြတ်၏ ခန္ဓာကိုယ်တွင် ထုတ်လုပ်သည့် ကမ္ဘာဦးချီကဲ့သို့ပင်။

“ဒီကျောက်တိုင်နဲ့ပတ်သက်ပြီး သိထားတာရှိလား”

အင်မော်တယ်ကျန်းရွမ် မေးလိုက်သည်။

အကြီးအကဲဝမ် “အင်မော်တယ်ကျန်းရွမ်ကို တင်ပြပါတယ်.. နတ်ဆိုးနတ်ဘုရားတွေတောင် သူတော်စင်ကျောက်တိုင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အကန့်အသတ်လောက်ပဲသိတယ်.. ဒါပေမဲ့လည်း နတ်ဆိုးကမ္ဘာမှာ ပျံ့နှံ့နေတဲ့ သူတော်စင်ကျောက်တိုင်ရဲ့ ကောလာဟလတွေကို ကျွန်တော်စူးစမ်းလေ့လာခဲ့ဖူးတယ်.. အချက်အလက်တွေတော့ အရမ်းကြီး တိကျမှာ မဟုတ်ဘူးပေါ့”

ကျန်းရွမ်ကသူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

“ကောင်းပါပြီ.. မင်းသိသလောက်ပဲပြောပြပါ”

အကြီးအကဲဝမ်က ခေါင်းငြိမ့်လိုက်ပြီး သူသိထားသမျှကို ပြောပြလိုက်သည်။

“လူတိုင်း သိထားကြသလိုပဲ.. သူတော်စင်ကျောက်တိုင်က နတ်ဆိုးလောကရဲ့ ကျောရိုးလည်းဖြစ်တယ်.. ဘာလို့အဲလိုပြောရလဲဆိုရင် ယနေ့ နတ်ဆိုးကမ္ဘာမှာရှိတဲ့ နယ်မြေ၁၀၈ ခုလုံးက သူတော်စင်ကျောက်တိုင်ရဲ့ တန်ခိုးစွမ်းအားနဲ့ ဖန်တီးထားတာကြောင့်ပဲ.. ဒါကြောင့် ဒီသူတော်စင်ကျောက်တိုင်က နတ်ဆိုးလောကကို ပြုစုပျိုးထောင်ပေးတဲ့ ကျောက်တိုင်ကြီးတစ်ခုပဲ”

“နတ်ဆိုးသူတော်စင်ကို ရွေးချယ်တဲ့ပုံစံနဲ့ ပတ်သက်ပြီး မင်းသိထားတာရှိလား”

“ဒီအချက်ကိုတော့ ကျွန်တော် တကယ်မသိဘူး”

အကြီးအကဲဝမ်က သူ့ချွေးများကို သုတ်လိုက်သည်။

ဤသည်က တကယ်တမ်းတွင် တားမြစ်ထားသော မေးခွန်းတစ်ခုလိုပင်။

သူတကယ်သိခဲ့လျှင်ပင် ပြော၍ မဖြစ်နိုင်ပေ။

နတ်ဆိုးသူတော်စင် ကိုယ်တိုင်ကသာ ရွေးချယ်မှု လုပ်ငန်းစဉ်က မည်သို့မည်ပုံ ဆိုသည်ကို သိသည်။

အကြီးအကဲဝမ်၏ အမူအရာကို မြင်လိုက်ရလျှင် ကျန်းရွမ်က ချက်ချင်း နားလည်သွားပြီး မေးခွန်းထပ်မမေးတော့ပေ။

အကြီးအကဲဝမ်က ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံး၏ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ရာထူးတိုးမြှင့်ခြင်းခံရသည်မှာ ခြွင်းချက် ဖြစ်သည်။

သို့သော်လည်း ဤမေးခွန်းသည် နတ်ဆိုးနတ်ဘုရားများပင် အဖြေကို သေချာပေါက် မသိနိုင်သည့် အလွန်လျှို့ဝှက်သော မေးခွန်းတစ်ခု ဖြစ်၏။

၎င်းက နတ်ဆိုးကမ္ဘာ၏ လျှို့ဝှက်ချက်များနှင့် ပတ်သက်နေသောကြောင့် ရိုးရှင်းသောမေးခွန်းတစ်ခု မဟုတ်ပေ။

လူတစ်ယောက်၏ ဘေးကင်းလုံခြုံသည့် စကားဝှက်ကို တောင်းဆိုနေသကဲ့သို့ ဖြစ်သည်။

မည်သူက သင့်ကို ပြောပြပါမည်နည်း။

ကျန်းရွမ်က ဤမေးခွန်းကို စွန့်လွှတ်လိုက်သည်အား မြင်လိုက်ရလျှင် အကြီးအကဲဝမ်က သက်ပြင်းတစ်ချက် ချလိုက်သည်။

သူက နတ်ဆိုးတွေကို နားလည်ပေးသည့် ဤလူသားကျင့်ကြံသူအား ချီးမွမ်းခါနီးတွင် ကျန်းရွမ်၏ နောက်ဆုံးမေးခွန်းက သူ့ကို သွေးအန်လုမတက် ဖြစ်စေခဲ့သည်။

“သူတော်စင်ကျောက်တိုင်မှာ အသိစိတ်ရောရှိလား”

အကြီးအကဲဝမ် “……….”

ကျန်းရွမ် “ပေါ့ပေါ့ပါးပါးပဲ မေးတာပါ.. မင်းလည်း ပေါ့ပေါ့ပါးပါးပဲ ဖြေနိုင်ပါတယ်.. တကယ်လို့ ပြဿနာတက်လာခဲ့ရင်လည်း စီနီယာခွေးရဲ့ ခွန်အားနဲ့ဆိုရင် မိနစ်ပိုင်းအတွင်းသူတော်စင် ကျောက်တိုင်ကို ဖြိုခွင်းနိုင်ပါတယ်”

အကြီးအကဲဝမ် “……….”

ထွင်ထျန်းဟာ “……….”

[လခွမ်း.. ငါ့ရဲ့ခွန်အားက မိနစ်ပိုင်းအတွင်း သူတော်စင်ကျောက်တိုင်ကို ဖြိုခွင်းနိုင်တယ်တဲ့လား]

“မင်းမပြောချင်လည်း ရပါတယ်လေ.. ငါတို့က အပြင်လူတွေ ဖြစ်နေတာကိုး”

ကျန်းရွမ်က ထိုစကားကို ပြောသည့်အခါတွင် မျက်လုံးထဲတွင် မျက်ရည်များဝဲနေသည်။

“နတ်ဆိုးကမ္ဘာက အပြင်လူတွေကို ခွဲခြားဆက်ဆံတာ ငါတကယ် စိတ်မကောင်းဘူး”

အကြီးအကဲဝမ် “စီနီယာ.. ဒီလိုမလုပ်ပါနဲ့.. ငါသိသလောက်မင်းကိုပြောပြပါ့မယ်”

ထိုစကားကိုကြားလျှင် ကျန်းရွမ်က သွားပေါ်သည်အထိ လျင်မြန်စွာ ပြုံးပြလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

အကြီးအကဲဝမ် “……….”

ထွင်ထျန်းဟာ “……….”

[ဒီကောင်ကသရုပ်ဆောင်ရတာကို စွဲလမ်းနေတဲ့ပုံပဲ]

အကြီးအကဲဝမ်က သက်ပြင်းချ၍ပြောလိုက်သည်။

“သူတော်စင်ကျောက်တိုင်မှာ အသိစိတ်ရှိကောင်း ရှိနိုင်ပါတယ်.. ငါကိုယ်တိုင်တော့ မမြင်ဖူးပေမဲ့ သူ့အသိစိတ် နိုးထလာတဲ့အချိန်က ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် ရာထူးးဆက်ခံတဲ့အချိန် ဆိုတာတော့ သိထားတယ်”

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ သူတော်စင်ကျောက်တိုင်ရဲ့ အသိစိတ်နိုးထလာတဲ့အချိန်ဆိုရင် နတ်ဆိုးလောကထဲက နတ်ဆိုးတွေအားလုံးက အလွန် တိုးညှင်းတဲ့အသံကို ကြားလိုက်ရလို့ပဲ”

“အသံက တော်တော်လေး တိုးနေလို့လား”

“ဟုတ်တယ်.. ဒီအသံကို ကြားလိုက်တာနဲ့ အသံအစစ် မဟုတ်ဘူးလို့ ခံစားရတယ်.. တကယ့် အသံအစစ်ကိုတော့ နတ်ဆိုးသူတော်စင်တစ်ဦးပဲ ကြားနိုင်မယ်လို့ ကျွန်တော်ယူဆမိတယ်.. အဲဒီအသံပျောက်သွားပြီး မကြာမီမှာပဲ သူတော်စင်ဆရာကြီးက နတ်ဆိုးသူတော်စင် အသစ်တစ်ယောက်ကို တင်မြှောက်ခဲ့တယ်.. အဲဒီလူက လက်ရှိ အုပ်ချုပ်နေတဲ့ ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်ပဲ”

“ဪ.. ဒီလိုကိုး”

အင်မော်တယ်ကျန်းရွမ်၏ စိတ်ဝင်စားမှုက ချက်ချင်းပင်နိုးကြားလာသည်။

ဤသူတော်စင် ကျောက်တိုင်က ကိုယ်ပိုင်အသိစိတ်ရှိရုံသာမက အသံလည်း ပါရှိသည်။

ထို့အပြင် ၎င်းက ၎င်း၏ စွမ်းအားကို ဖြန့်ကျက်ပြီး နတ်ဆိုးကမ္ဘာတစ်ခုလုံးကို ပြုစုပျိုးထောင်ပေးသည့် အူတိုင် တစ်ခုလည်းဖြစ်သည်။

ထိုကြောင့် ဤသူတော်စင်ကျောက်တိုင်မှာ သာမန်အရာဝတ္ထုမဟုတ်ကြောင်း ထင်ရှားသည်။

ယခင်က သူတော်စင်ကျောက်တိုင်ကို ကမ္ဘာ့ဖီဆန် လက်နက်ဟုတ်မဟုတ် မှန်းဆခဲ့သော်လည်း ယခုအကြီးအကဲဝမ်၏ စကားနှင့်ဆက်စပ် စဉ်းစားကြည့်လျှင် ထိုသူတော်စင်ကျောက်တိုင်က သူထင်ထားသည်ထက် ပိုမို အဆင့်မြင့်လောက်သည်ဟု သူခံစားမိသည်။

၎င်းက ကမ္ဘာ့ဖီဆန်မှော်လက်နက်ထက် ပို၍ အဆင့်မြင့်သော ကောင်းကင်လက်နက် ဖြစ်နိုင်ပေသည်။

စွမ်းအားအရ ကမ္ဘာ့ဖီဆန်မှော်လက်နက်များနှင့် ကောင်းကင်လက်နက်များသည် တူညီသောအဆင့်တွင် ရှိသော်လည်း ၎င်းတို့ကြားတွင် မရှိမဖြစ် ကွာခြားချက်တစ်ခု ရှိသည်။

ယင်းမှာ ကမ္ဘာ့ဖီဆန်မှော်လက်နက်ကို ဖန်တီး၍ ရသော်လည်း ကောင်းကင်လက်နက်ကို ဖန်တီး၍မရခြင်း ဖြစ်သည်။

၎င်းတို့၏ ခြားနားချက်ကို အသာထားလျှင်ပင် လူသားတို့ပြုလုပ်သောအရာသည် သီအိုရီအရ တူညီသောစွမ်းအားအဆင့် ရှိနိုင်သော်လည်း ကောင်းကင်လက်နက် ကဲ့သို့ လိုက်လျောညီထွေ မဖြစ်နိုင်ပေ။

ထို့ပြင် ကမ္ဘာ့ဖီဆန်မှော်လက်နက်က ကိုယ်ပိုင်ဆန္ဒ မရှိသည့်အပြင် ပိုင်ရှင်၏ ထိန်းချုပ်မှု အပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေရသည်။

မည်သည့် မှော်လက်နက်မဆို ကိုယ်ပိုင်ဆန္ဒ ရှိခဲ့လျှင် သာမန်မှော်လက်နက်တစ်ခု မဟုတ်တော့ပေ။

အကယ်၍သာ ကျန်းရွမ် ဖန်တီးခဲ့သည့် ကမ္ဘာခြားဂိတ်တံခါး၌ ကိုယ်ပိုင်အသိစိတ် ရှိခဲ့လျှင် ကျန်းရွမ်၏ အတွင်းစိတ်နတ်ဆိုးဖြစ်သည့် လေဝိညာဉ်က လူသားကမ္ဘာကို မဆင်မခြင် လည်ပတ်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ကျန်းရွမ်က သူတော်စင်ကျောက်တိုင်ကို အလွန်စိတ်ဝင်စားခဲ့သည်။

“စီနီယာခွေးရော ဘယ်လိုမြင်လဲ”

သူက စီနီယာခွေး၏ ထင်မြင်ချက်ကို မေးရန် လှည့်ကြည့်လိုက်သောအခါတွင် ထွင်ထျန်းဟာက အနောက်သို့မျက်နှာမူ၍ ပျံသန်းနေသည်ကို တွေ့လိုက်ရသည်။

ကျန်းရွမ် “စီနီယာခွေး.. ဒါက..”

ထွင်ထျန်းဟာ “နောက်ပြန် ပျံသန်းခြင်းက ကျောအောက်ပိုင်းအတွက် ကောင်းမွန်စေတယ်”

စင်စစ် နောက်ပြန် ပျံသန်းခြင်းသည် သူတော်စင်ကျောက်တိုင်ကို မကြည့်မိရန်အတွက် ဖြစ်သည်။

အပိုင်း(၆၀၃) ပြီး၏

All Chapters