← Chapters

အကြီးအကဲဝမ်၏မှန်းဆချက်

Vol. 41 Ch. 605

အကြီးအကဲဝမ်၏မှန်းဆချက်

Vol. 41 Ch. 605

သူတော်စင်ဆရာကြီးက ခေါင်းငြိမ့်လိုက်သည်။

“ရပါတယ်.. ဒါပေမဲ့ စီနီယာခွေး သဘောတူမှပဲ ဖြစ်နိုင်လိမ့်မယ်”

ဤတောင်းဆိုချက်က သူ့ကို လုံးဝမအံ့ဩစေခဲ့ပေ။

သူတို့က အဘယ်ကြောင့် ဥပဒေသစ်ကို ပြဌာန်းခဲ့ရသနည်း။

နတ်ဆိုးသူတော်စင်၏ ကျောက်စိမ်းတံဆိပ်ပြားကို အဘယ်ကြောင့် အကြီးအကဲဝမ်အား လက်ဆောင်ပေးခဲ့ရသနည်း။

တကယ်တမ်းတွင် ထိုအရာအားလုံးသည် ဤစီနီယာခွေးနှင့် သက်ဆိုင်နေသည်။

ဤစီနီယာခွေးက သူ၏ ဝိသေသလက္ခဏာကို အကြီးအကဲဝမ်အား ပြတ်သားစွာ မဖော်ပြခဲ့သော်လည်း နတ်ဆိုးသူတော်စင်နှင့် သူတော်စင်ဆရာကြီးတို့ နှစ်ဦးစလုံးက ယနေ့နယ်မြေ၄ခုရှိ နတ်ဆိုးနတ်ဘုရားများအား ဖြန်ဖြေပေးသည့် အစီအစဉ်သည် အကြီးအကဲဝမ်နှင့် သက်ဆိုင်နေမည်ဟု ယူဆရသည်။

ထို့ကြောင့် အကြီးအကဲဝမ် ရရှိခဲ့သမျှ ကောင်းချီးများသည် ထွင်ထျန်းဟာ၏ ကျေးဇူးကြောင့် ဖြစ်သည်။

ထွင်ထျန်းဟာက အကြီးအကဲဝမ်၏ ကိုယ်တိုင် တောင်းဆိုချက်ကို ကြားသောအခါ တုန်လှုပ်သွားခဲ့သည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက်တွင် ထွင်ထျန်းဟာက ပြောလိုက်သည်။

“ကဲ.. ဒါဆိုလည်း စကားပြောကြတာပေါ့.. ကျေးဇူးပြုပြီး အသံကာကွယ်တဲ့ မှော်စွမ်းရည်ကို ချထားလိုက်.. ငါကိုယ်တိုင်ထုတ်သုံးမယ်ဆိုရင် ငါ့ရဲ့အော်ရာကို မထိန်းနိုင်ဘဲ မင်းရဲ့ သူတော်စင်ကျောက်တိုင်ကို ဖျက်ဆီးမိရင် မျက်နှာပျက်ရလိမ့်မယ်”

ထိုစကားကြောင့် ကျန်းရွမ်၏ မျက်နှာပေါ်တွင် ချက်ချင်းပင် ရိုသေမှုများ ပြည့်နှက်လာသည်။

စီနီယာခွေးက မျှော်လင့်ထားသည့် အတိုင်းပင်။

၎င်း၏ သာမန်လုပ်ဆောင်ချက် အမျိုးအစား မှော်စွမ်းရည်ပင်လျှင် ထိုသို့သော စွမ်းအားကို ပြသနိုင်ပေသည်။

ထွင်ထျန်းဟာက အကြီးအကဲဝမ် ဆီသို့ လျှောက်သွားသည်ကို မြင်လျှင် သူတော်စင်ဆရာကြီးက နားလည် သဘောပေါက်ကာ ချက်ချင်းပင် အသံကာကွယ်သည့် မှော်စွမ်းရည်ကို ချထားလိုက်သည်။

တကယ်တမ်းတွင် သူနှင့် ကျန်းရွမ်တို့ နှစ်ယောက်စလုံးက စကားဝိုင်းကို နားထောင်ချင်သော်လည်း စီနီယာခွေး သတိထားမိမည်ကို ကြောက်၍ မဝံ့မရဲ ဖြစ်နေသည်။

သို့သော် သူတော်စင်ဆရာကြီး မှော်စွမ်းရည်ကို ထုတ်သုံးလိုက်သည့်အခါ ကျန်းရွမ်က အလွန်စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုကို အမှတ်မထင် သတိထားမိကာ သူတော်စင်ဆရာကြီးကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

“မင်းရဲ့ခန္ဓာကိုယ်မှာ စွမ်းအင်အရင်းအမြစ်က နှစ်ခုတောင် ရှိနေတာလား”

“အင်မော်တယ်ကျန်းရွမ် ဆိုပြီး နာမည်ကြီးနေတာ အလကားမဟုတ်ဘူးပဲ”

သူတော်စင်ဆရာကြီးက ပြုံးလိုက်ပြီး ကျန်းရွမ်၏စကားကို မငြင်းဆိုခဲ့ပေ။

သူတို့က နတ်ဆိုးသူတော်စင်၏ သူတော်စင်နန်းတော် အတွင်း ဆွေးနွေးမှုများ ပြုလုပ်ကြဦးမည်ဖြစ်ရာ အနည်းငယ်ပို၍ ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်းက ပို၍ကောင်းသည်ဟု သူထင်ခဲ့သည်။

သူက ကျန်းရွမ်ကို ဦးညွှတ်ဂါရဝပြုကာ ပြောလိုက်သည်။

“ငါ့မှာ ဝိညာဉ်စွမ်းအင်အရင်းအမြစ်နဲ့ နတ်ဆိုးစွမ်းအင်အရင်းအမြစ် နှစ်ခုလုံး ရှိတယ်”

“ငါထင်တဲ့အတိုင်းပဲ မင်းမှာ အရင်းအမြစ်နှစ်ခုတောင် ရှိနေတာကိုး”

ကျန်းရွမ်က စပ်စုလိုက်သည်။

“ဒါနဲ့ မင်းက သားရဲမျိုးစပ်လား”

သူတော်စင်ဆရာကြီး “ငါက သူတို့နဲ့အတူ မွေးဖွားခဲ့တာပါ”

ကျန်းရွမ် အနည်းငယ် အံ့ဩသွားသည်။

“ဒါဆိုမ င်းဒီလို သူတော်စင်ဆရာကြီး ဘယ်လိုဖြစ်လာတာလဲ”

“အဲဒါက ငါ့ကိုရွေးချယ်ခဲ့တဲ့ သူတော်စင်ကျောက်တိုင်ကြောင့်ပဲ.. ဒါပေမဲ့ နတ်ဆိုးကမ္ဘာမှာ ကန့်သတ်ချက်တွေ အများကြီးရှိတာကြောင့် ဝိညာဉ်စွမ်းအင်ကို ငါအသုံးပြုလို့တော့ မရဘူး.. ဒါပေမဲ့ တကယ်တော့ ငါက နတ်ဆိုးတွေရဲ့ မှော်အတတ်အပြင် ကျင့်ကြံသူတွေရဲ့ မှော်အတတ်တွေကိုလည်း သုံးနိုင်ပါတယ်”

ထိုစကားကို ကြားရသောအခါတွင် ကျန်းရွမ်က အနည်းငယ် မနာလိုပင် ဖြစ်သွားရသည်။

သူတော်စင်ဆရာကြီး၏ စွမ်းအင်အရင်းအမြစ် နှစ်ခုတွင် တစ်ခုက ဝိညာဉ်စွမ်းအင် အရင်းအမြစ် ဖြစ်ပြီး နောက်တစ်ခုက နတ်ဆိုးစွမ်းအင် အရင်းအမြစ် ဖြစ်သည်။

သို့သော် အရင်းအမြစ်နှစ်မျိုးဖြင့် မွေးဖွားလာသည့် လူတစ်ယောက်အတွက် ဤသည်က အဆုံးသတ် မဟုတ်သေးပေ။

သူတော်စင်ဆရာကြီးသာ တစ်နေ့နေ့တွင် အင်မော်တယ်အရှင်မြတ်အဆင့်သို့ ရောက်ခဲ့လျှင် ကမ္ဘာဦးချီကိုပါ ထပ်ပေါင်း၍ အရင်းအမြစ် ၃မျိုးကို ရရှိကာ အဆင့်တက်နှုန်းက CPU ထက်ပင် ပိုမြန်နေမည် ဖြစ်သည်။

တစ်ဖက်တွင်လည်း ထွင်ထျန်းဟာနှင့် အကြီးအကဲဝမ်တို့က မျက်နှာချင်းဆိုင် ရှိနေကြသည်။

သူတို့က အချိန်အတော်ကြာအောင် ငြိမ်သက်နေပြီး စကားတစ်ခွန်းမျှပင် မပြောဖြစ်ကြချေ။

ထွင်ထျန်းဟာက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

ဤကဲ့သို့ ဖြစ်လာမည်ဟု အစောပိုင်းကပင် ကြိုတွေးထားခဲ့သော်လည်း အမှန်တကယ် ရောက်ရှိလာသည့် အချိန်တွင် အနည်းငယ် အဆင်မပြေ ဖြစ်နေသည်။

အကြီးအကဲဝမ်က သူ၏ အထောက်အထားကို ခန့်မှန်းနိုင်စွမ်းရှိသည်ဟု ခံစားရသည်။

သို့သော်လည်း ထွင်ထျန်းဟာက ဘာပြောရမှန်းမသိ ဖြစ်နေသည်။

အဆုံးသတ်တွင် သူ့အနေဖြင့် မျိုးစိတ်ပြောင်းသွားပုံကို အကြီးအကဲဝမ်အား ရှင်းလင်းပြတ်သားစွာ ပြောပြရန်မှာ အလွန် ခက်ခဲသောအလုပ် ဖြစ်သည်။

ထွင်ထျန်းဟာက ခံစားချက်များ အလွန်ရှုပ်ထွေးနေပြီး တိတ်ဆိတ်မှုကို ချိုးဖျက်သင့်သလားဟု တွေးတောနေမိသည်။

ထိုအချိန်တွင် အကြီးအကဲဝမ် ပြောလိုက်သော စကားကြောင့် သူက ရင်ခုန်နှုန်းပင် မြန်လာခဲ့သည်။

အကြီးအကဲဝမ်၏ လေသံထဲတွင် သူတွေ့ကြုံခဲ့ရသည့်အလှည့်အပြောင်းများကို ရှင်းရှင်းလင်းလင်း ညွှန်ပြနေသည်။

“စီနီယာခွေး.. ကျနော်တို့ ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စုက နတ်ဆိုးကမ္ဘာရဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့ဖူးတာကို သိလား.. အဲဒီတုန်းက ပထမမျိုးဆက်ခေါင်းဆောင် ကျန်းလျှိုက ငါတို့မျိုးနွယ်စုကို ဦးဆောင်ပြီး အစို့အညှောက်ရွာမှာ နယ်မြေတစ်ခု တည်ထောင်ခဲ့တယ်.. အဲဒီနယ်မြေက ကျနော်တို့ရဲ့ ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့တယ်”

ထွင်ထျန်းဟာက တိတ်ဆိတ်နေဆဲပင်။

အကြီးအကဲဝမ်က အဘယ်ကြောင့် ဤအကြောင်းများကို ပြောနေရပါသနည်း။

ကြည့်ရသည်မှာ အကြီးအကဲဝမ်က အတိတ်အမှတ်တရများနှင့်အတူ ၎င်းတို့ဘိုးဘေးများ၏ ဂုဏ်ကျက်သရေကို ပြန်လည် ဖော်ထုတ်ရန် ကြိုးစားနေပုံပင်။

သို့သော် ထွင်ထျန်းဟာက အကြီးအကဲဝမ် သူ့ကို အပြစ်တင်နေသေးကြောင်း ကောင်းစွာသိသည်။

ဤနှစ်များအတွင်း သူက ဖားပြုပ်မျိုးနွယ်စုထံ ပြန်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။

သို့သော် သူ၏အားနည်းသော ခန္ဓာကိုယ်က ဤအတွေးကို အကြိမ်ပေါင်းများစွာ တားဆီးခဲ့သည်။

သူ့မျိုးနွယ်စုထံ သူ မပြန်ချင်ခဲ့ခြင်း မဟုတ်ပေ။

တကယ့်အကြောင်းအရင်းမှာ ပြန်ရန် နည်းလမ်း မရှိခြင်းကြောင့် ဖြစ်သည်။

သူယခုတစ်ကြိမ် ပြန်လာခြင်းသည် နိမိတ်ပြအိပ်မက်၏ လွှမ်းမိုးခြင်းကြောင့် ဖြစ်၏။

ထို့ကြောင့် ယခင်ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များထက် ပြတ်သားသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။

သူက ဆရာလေးလင်း မသိဘဲ ဖားပြုပ်မျိုးနွယ်စုသို့ ပြန်လာရန် စီစဉ်ခဲ့သည်။

ဆရာလေးလင်းသာ သူ့ကို စိတ်ခုပြီး ခေါက်ဆွဲကြွပ်ကြော်များကို မစားနိုင်လျှင် နောက်ဆက်တွဲ ဆိုးကျိုးများက ပိုဆိုးသွားနိုင်သည် မဟုတ်ပါလော။

ထိုကြောင့် ထွင်ထျန်းဟာက ဤကိစ္စကို ဆောင်ရွက်ပြီးသည်နှင့် ဆရာလေးလင်း ကျေနပ်လောက်သည်အထိ တောင်းပန်မည်ဟု ဆုံးဖြတ်ခဲ့သည်။

ခေါက်ဆွဲခြောက်ကြွပ်ကြော် အချို့ကိုယူကာ ဆရာလေးလင်း၏ ပေါင်ကို ကောင်းစွာပွေ့ဖက်၍ ချစ်စဖွယ်ပြုမူပြီး လျှာလေးဖြင့် လျက်လိုက်လျှင် ဆရာလေးလင်းက သူ့ကိုခွင့်လွှတ်ပေးမည်သာ ဖြစ်သည်။

“ငါတို့ရဲ့ ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စုက အခက်အခဲများစွာနဲ့ စမ်းသပ်မှုများစွာကို ရင်ဆိုင်ခဲ့ရတယ်.. ငါတို့က တစ်ချိန်က ထိပ်ဆုံးမှာ ရပ်တည်ခဲ့ဖူးပေမဲ့ အောက်ဆုံးအထိကို ကျဆင်းသွားခဲ့တယ်.. ဒါပေမဲ့ ဘုရင်ကောင်း တစ်ယောက်သာ ရှိရင် ငါတို့က သာယာဝပြောတဲ့ လမ်းကြောင်းပေါ်ကို တဖန်ပြန်ရောက်နိုင်မယ်လို့ ငါအမြဲယုံကြည်ခဲ့တယ်”

အကြီးအကဲဝမ် “ဒဿမမျိုးဆက် ခေါင်းဆောင်ပေါ်လာတဲ့အထိ ငါနှစ်ပေါင်းများစွာ စောင့်ခဲ့ရတယ်.. “

ထိုစကားကိုကြားလျှင် ထွင်ထျန်းဟာက အသက်ရှူကျပ်သလိုခံစားရပြီး မျက်မှောင်ကြုတ်သွားသည်။

အကြီးအကဲဝမ် “ဒဿမမျိုးဆက် ခေါင်းဆောင်က အရည်အချင်းအရှိဆုံး ခေါင်ဆောင် မဟုတ်ပေမဲ့ အလုပ် အကြိုးစားဆုံးလို့ ငါထင်တယ်.. သူက ငါတို့မျိုးနွယ်စု ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အပတ်တကုတ် ကြိုးပမ်းခဲ့တယ်.. သူကငါမြင်ဖူးသမျှထဲမှာ အသန်မာဆုံး မျိုးဆက်ခေါင်းဆောင်တော့ မဟုတ်ဘူး.. သူက ငယ်ငယ်လေးနဲ့ ဘုရင်ရာထူးကို ဆက်ခံခဲ့ရတယ်.. ဒါ့အပြင် သူ့ခန္ဓာကိုယ်က ငယ်စဉ်ကတည်းက အားနည်းပြီး ခဏခဏ ဖျားနာတတ်တယ်.. ငါကသူ့ရဲ့ခန္ဓာကိုယ်ကို တိုးတက်အောင် လုပ်နည်းအဆင့်ဆင့်ကို ပြသပေးခဲ့တယ်”

အကြီးအကဲဝမ်က အတိတ်မှ အကြောင်းအရာများစွာကို ပြန်ပြောင်း အမှတ်ရနေပုံရသည်။

“ဒါပေမဲ့လည်း သူ့မှာ ခိုင်မာတဲ့နှလုံးသားနဲ့ တုနှိုင်းမရတဲ့ယုံကြည်ချက် ရှိတယ်”

ထိုစကားကို ပြောပြီးနောက်တွင် အကြီးအကဲဝမ်ကမှုန်ကုပ်ကုပ် အမူအရာနှင့် သက်ပြင်းချလိုက်သည်။

“ဒဿမမျိုးဆက် ခေါင်းဆောင်ရဲ့အကြီးမားဆုံး ချို့ယွင်းချက်က နုံအမှုပဲ.. အဲဒီအချိန်က လူသားကမ္ဘာနဲ့ နတ်ဆိုးကမ္ဘာကြားက စစ်ပွဲကြီးမှာ ဒဿမမျိုးဆက် ခေါင်းဆောင်က ရှေ့တန်း စစ်မြေပြင်နဲ့ အလွန် နီးကပ်နေတယ်.. အဲဒီအချိန်မှာအခြားသော နတ်ဆိုးဘုရင်တွေက သူ့ကို အနောက်ကနေ တွန်းထုတ်ခဲ့တယ်.. အဲဒီနောက်ပိုင်းမှာ သူက ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး.. ဒဿမမျိုးဆက် ခေါင်းဆောင် မရှိတော့တဲ့နောက်မှာ ငါတို့မျိုးနွယ်စုက ဘုရင်မရှိတဲ့ နေ့ရက်တွေကို ဖြတ်သန်းခဲ့ရတယ်.. ငါတို့တွေက ဘုရင်အသစ်ကို နန်းတင်ဖို့အလျင်စလိုလည်း မလုပ်ခဲ့ဘူး.. ဘာကြောင့်လဲဆိုတော့ ဒဿမမျိုးဆက် ခေါင်းဆောင်က အသက်ရှင်နေသေးတယ်လို့ ငါတစ်လျောက်လုံး ယုံကြည်နေခဲ့လို့ပဲ”

ထိုစကားကိုကြားသောအခါ ထွင်ထျန်းဟာက မျက်ရည်များကို ထိန်းထားသော်လည်း အနည်းငယ်ဝဲလာသည်။

“အကြီးအကဲဝမ်.. မင်းငါ့ကို ဘာပြောချင်တာလဲ”

ထိုအချိန်မှာပင် အကြီးအကဲဝမ်၏ အမူအရာက ရုတ်တရက်လေးနက်သွားသည်။

“ဘုရင်ကြီး”

ထိုသို့ အခေါ်ခံလိုက်ရသောအခါတွင် ထွင်ထျန်းဟာ၏ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာသည်။

သို့သော်သူ မတုံ့ပြန်နိုင်ခင်မှာပင် အကြီးအကဲဝမ်က ဆက်ပြောလိုက်သည်။

“ဘုရင်ကြီးက သောက်ရူးဘုရင်ကြီးပဲ”

ထွင်ထျန်းဟာ “???”

အကြီးအကဲဝမ် “စီနီယာခွေး.. နားလည်မှုမလွဲပါနဲ့.. ငါကမင်းကို ကျိန်ဆဲနေတာ မဟုတ်ပါဘူး.. ဒဿမမျိုးဆက် လူယုတ်မာခေါင်းဆောင်ကို ကျိန်ဆဲနေတာပါ”

ထွင်ထျန်းဟာ “???”

အကြီးအကဲဝမ် “စီနီယာခွေးက ငါတို့မျိုးနွယ်စုရဲ့ သီးသန့်မှော်စွမ်းရည် ဖြစ်တဲ့ ဝါးမျိုခြင်း မှော်စွမ်းရည် အသုံးပြုတာကို ငါမြင်ခဲ့ဖူးတယ်.. ငါ့အထင်တော့ စီနီယာခွေးက ငါတို့ရဲ့ ဒဿမခေါင်းဆောင်နဲ့ တွေ့ခဲ့ဖူးတယ်လို့ မျှော်လင့်တယ်.. ဒါ့အပြင် စီနီယာခွေးရဲ့ အပေါ်မှာ ဒဿမမျိုးဆက် ခေါင်းဆောင်ရဲ့ အော်ရာကိုလည်း ခံစားနေရတယ်.. ဒါကြောင့် စီနီယာခွေးက ဒဿမမျိုးဆက် ခေါင်းဆောင်နဲ့ တော်တော် ရင်းနှီးတယ်လို့ ငါယူဆထားတယ်”

အကြီးအကဲဝမ် ထံမှ ထိုအတွေးမျိုးကို ထွင်ထျန်းဟာ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ထိုခဏတွင် အကြီးအကဲဝမ်က ထွင်ထျန်းဟာကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

“စီနီယာခွေး.. ဖြစ်နိုင်ရင် ငါ့ကိုပြောပြစမ်းပါ.. အဲဒီသောက်ရူးဒဿမဘုရင်ကြီး အခုဘယ်နေရာမှာ ရှိနေလဲ”

အပိုင်း(၆၀၅) ပြီး၏

All Chapters