စီနီယာခွေး ဒီကိုဘာကြောင့် ရောက်လာတာလဲ
Vol. 41 Ch. 606
အကြီးအကဲဝမ် ထိုသို့ တွေးနေမည်ဟု ထွင်ထျန်းဟာဘယ်တုန်းကမှ မမျော်လင့်မိပေ။
ခဏမျှ သူမည်သို့ ပြန်ဖြေရမှန်းမသိ ဖြစ်သွားသည်။
လက်ရှိ အခြေအနေတွင် သူ့ကိုယ်သူ ဒဿမမျိုးဆက် ခေါင်းဆောင်ဟု ဖွင့်ပြုရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် အကြီးအကဲဝမ် နားလည်မှု လွဲနေသည်ကပင် ပိုကောင်းသည်ဟု တွေးမိလိုက်သည်။
ခဏမျှစဉ်းစားပြီးနောက်တွင် ထွင်ထျန်းဟာက ဖြစ်နိုင်ခြေရှိသော အကြောင်းပြချက် တစ်ခုကို ဖန်တီးခဲ့သည်။
သူက အကြီးအကဲဝမ်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"သူကငါ့တပည့်ပဲ"
ထိုစကားကိုကြားလျှင် အကြီးအကဲဝမ်က ထိတ်လန့်သွားပြီး မျက်နှာဖြူဖျော့သွားခဲ့သည်။
အကြီးအကဲဝမ် အရူးလုပ်ခံရသည်ကိုမြင်လျှင် ထွင်ထျန်းဟာက ပေါက်ကရဇာတ်လမ်းကို ချက်ချင်း ဖန်တီးလိုက်သည်။
"မင်းထင်တဲ့အတိုင်းပဲ.. မင်းတို့ဘုရင်ကြီးက မသေသေးဘူး.. သူက ငါ့တပည့်တွေထဲမှာ အမြင့်မြတ်ဆုံးနဲ့ အချောဆုံးတပည့်ပဲ"
ထိုစကားကိုကြားလျှင် အကြီးအကဲဝမ်က ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
စီနီယာခွေးက ဒဿမမျိုးဆက် ခေါင်းဆောင်ကို အလွန်အမင်း ချီးကျူးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ဒါပေမဲ့ လက်ရှိမှာ မင်းတို့ဘုရင်ကြီးရဲ့ ရုပ်ခန္ဓာက ပျက်စီးသွားခဲ့ပြီ.. သူ့ရဲ့ရုပ်ခန္ဓာက အခုမှ ပြန်တည်ဆောက်တုန်းရှိသေးတယ်.. သူက ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စုမှာ ဘေးဥပဒ်တစ်ခု ကျရောက်လိမ့်မယ် ဆိုပြီးတော့ နိမိတ်ပြအိပ်မက်တစ်ခု မက်ခဲ့တယ်.. ဒါကြောင့် ဒီကိုပြန်လာဖို့ ငါ့ဆီကနေ အကြိမ်ပေါင်းများစွာ ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်"
ထိုစကားကိုကြားလျှင် အကြီးအကဲဝမ်က အလွန် ကြေကွဲသွားပြီး မျက်လုံးများပင် နီရဲလာသည်။
သူက ဒဿမမျိုးဆက် ခေါင်းဆောင်ကို နားလည်မှုလွဲသွားခြင်းပင်။
"ဒီကျွန်မိုက်က မှားယွင်းစွပ်စွဲမိတယ်.. ကျနော်က ဘာမှမသိဘဲ ဒဿမခေါင်းဆောင်ကို ပုတ်ခတ်တဲ့ စကားတွေ ပြောခဲ့မိတယ်"
အကြီးအကဲဝမ်က ခေါင်းငုံ့ပြီး သက်ပြင်းချလိုက်သည်။
သူက ထွင်ထျန်းဟာကို ကြည့်လိုက်သည်။
"စီနီယာခွေး.. တစ်ခုလောက်မေးလို့ရမလား.. ဒီကို ဒဿမခေါင်းဆောင်က လွှတ်လိုက်တာလား"
"ငါက ကိုယ့်သဘောနဲ့ ကိုယ်လာတာပါ.. ငါလာမယ့်အကြောင်း သူ့ကို မပြောခဲ့ပါဘူး"
ထွင်ထျန်းဟာက ဖြေလိုက်သည်။
"စီနီယာခွေး.. ဒါဆို မင်းဘာကြောင့်ဒီကိုလာတာလဲ"
"ငါတို့လို့ ကျင့်ကြံခြင်းလောကရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေ အနေနဲ့ ဘာကိစ္စကိုပဲလုပ်လုပ် အကြောင်းပြချက်မရှိဘူး"
အကြီးအကဲဝမ် ".........."
"ဘာလို့လာတာလဲ မင်းသိချင်ရင်တော့ ကဗျာတစ်ပုဒ် လက်ဆောင်ပေးပါရစေ"
ထွင်ထျန်းဟာ "ငါ့မှာ ဘာမှလုပ်စရာမရှိဘူး ငါပျင်းတဲ့အခါ တစ်စုံတစ်ခုကို လိုချင်တဲ့အခါ တစ်နေရာက တစ်နေရာကို ငါသွားတယ်.. မရောက်ဖူးတဲ့နေရာကို ငါရောက်လာတယ်.. မတူညီတဲ့ ရှုခင်းအမျိုးမျိုးကို ငါကြည့်တယ်"
အကြီးအကဲဝမ် ".........."
သူတို့နှစ်ယောက်၏ စကားဝိုင်းအဆုံးတွင် ထွင်ထျန်းဟာက အသံကာကွယ်သည့် မှော်စွမ်းရည်ကို သူတော်စင်ဆရာကြီးအား မျက်စပစ်၍ ဖယ်ရှားခိုင်းလိုက်သည်။
သူ၏ သရုပ်မှန်ကို အကြီးအကဲဝမ်အား ထုတ်ဖော်မပြခဲ့သော်လည်း ဤအရာကပင် အမှန်တကယ် ကောင်းမွန်သော အဆုံးသတ် ဖြစ်နိုင်သည်ဟု ထွင်ထျန်းဟာ ယူဆခဲ့သည်။
"စီနီယာခွေး.. စကားပြောလို့ပြီးပြီလား"
သူတော်စင်ဆရာကြီးက ထွင်ထျန်းဟာကို ကြည့်ကာ မေးလိုက်သည်။
ထွင်ထျန်းဟာက ကဗျာ၏ အဓိပ္ပါယ်ကို တွေးတောနေသော အကြီးအကဲဝမ်ကို ကြည့်ရင်း သူတော်စင်ဆရာကြီးကို ခေါင်းငြိမ့်ပြလိုက်သည်။
"ဒါဆို အခု ကျွန်တော်တို့သွားလို့ရပြီလား"
သူတော်စင်ဆရာကြီးက မေးလိုက်သည်။
"အင်း"
ထွင်ထျန်းဟာ ခေါင်းငြိမ့်လိုက်သည်။
ကျန်းရွမ် "ငါတို့အဲဒီကို ဘယ်လိုသွားရမှာလဲ"
ထိုစကားကိုကြားလျှင် သူတော်စင်ဆရာကြီးက ပြုံးလိုက်သည်။
"သာမန်လူတွေက နတ်ဆိုးသူတော်စင်ကို တွေ့ချင်ရင် သူတော်စင်ကျောက်တိုင်ရဲ့ သူတော်စင်လှေကားကနေ တက်ရတယ်.. ဒါပေမဲ့ ဒုတိယနည်းလမ်း တစ်ခုတော့ရှိတယ်.. အဲဒါက ငါကိုယ်တိုင် အောက်ဆင်းပြီး လာခေါ်တာပဲ"
"နတ်ဆိုးသူတော်စင် ကိုယ်တိုင်ရော လာခေါ်လို့ မရဘူးလား"
ကျန်းရွမ်က စပ်စုသလို မေးလိုက်သည်။
"နတ်ဆိုးသူတော်စင်အဖြစ် ရွေးချယ်ပြီးတာနဲ့ ခွင့်ပြုချက်မရှိဘဲ သူတော်စင်ကျောက်တိုင်ရဲ့ ထိပ်ကနေ ဘယ်ကိုမှ သွားလာခွင့်မရှိဘူး.. နတ်ဆိုးသူတော်စင် အနေနဲ့ သူတော်စင်နန်းတော်တစ်ဝိုက်မှာပဲ သွားလာနိုင်တယ်"
"သနားစရာကောင်းလိုက်တာ"
ကျန်းရွမ် နှင့် ထွင်ထျန်းဟာတို့ နှစ်ဦးစလုံးက သူတော်စင်ဆရာကြီး၏ စကားကြောင့် ချွေးများ စိုစွတ်သွားကြသည်။
ယခုအခါတွင် ထွင်ထျန်းဟာသည် နတ်ဆိုးလောကရှိ နတ်ဆိုးနတ်ဘုရားများနှင့် နတ်ဆိုးဘုရင်များမှ အနည်းငယ်မျှသာ နတ်ဆိုးသူတော်စင်၏ မျက်နှာကို တွေ့မြင်ဖူးရသည့်အကြောင်းအရင်းအား အဆုံးသတ်တွင် သိလိုက်ရသည်။
အကြောင်းအရင်းမှာ နတ်ဆိုးသူတော်စင်က သူတော်စင်ကျောက်တိုင်၏ အောက်သို့ ဆင်းခွင့်မရ၍ ဖြစ်သည်။
အမှန်တရားကို သိလိုက်ရလျှင် ထွင်ထျန်းဟာသည် နတ်ဆိုးသူတော်စင်ကို အနည်းငယ် သနားသွားမိသည်။
အကယ်၍ နတ်ဆိုးသူတော်စင်ရာထူးကို ရယူခြင်းက သင်၏ လွတ်လပ်မှု နှင့် လဲလှယ်ရမည်ဆိုလျှင် သင်၏ လွတ်လပ်မှုကို အဆုံးရှုံးခံနိုင်ပါသလော။
တစ်ခါတရံတွင် လွတ်လပ်မှုထက် မည်သည့်အရာကမှ အရေးမကြီးပေ။
ဤရာထူးက ပြင်းထန်သောခွန်အားကို ပိုင်ဆိုင်နိုင်သော်လည်း လွတ်လပ်မှုကို ဆုံးရှုံးရမည့်အရာ ဖြစ်သည်။
ဤကဲ့သို့ ရွေးချယ်မှု နှင့် ကြုံတွေ့ရမည့်သူတိုင်းမှာ နှစ်ခါပြန် စဉ်းစားမိပေမည်။
သင်က ဘယ်လောက်ပင် ရုပ်ချောနေပါစေ တစ်ကမ္ဘာလုံးတွင် သင်တစ်ယောက်သာ ရှိနေမည်ဆိုလျှင် ရုပ်ချောခြင်းက အဘယ်အကျိုးရှိမည်နည်း။
"ငါနားလည်ပြီ.. မင်းနာမည် ဘယ်လိုခေါ်လဲ"
ကျန်းရွမ်က သူတော်စင်ဆရာကြီးကို မေးလိုက်သည်။
"ကျွန်တော့်နာမည်က ရွှမ်းဝူယွဲ့ပါ.. စီနီယာတွေ အနေနဲ့ ကျွန်တော့ကို ရွှမ်းလေးလို့ ခေါ်နိုင်ပါတယ်"
သူတော်စင်ဆရာကြီးက ပြောလိုက်သည်။
"ကျွန်တော်တို့အခုပဲ သွားကြရအောင်.. သူတော်စင်ကျောက်တိုင် ထိပ်ကို တိုက်ရိုက် ပို့ဆောင်ဖို့အတွက်က မှော်အတတ်တစ်ခုကို အသုံးပြုရတယ်.. အဲဒီ မှော်အတတ်ကလည်း ကျွန်တော်ပဲ သုံးနိုင်တယ်"
ထွင်ထျန်းဟာ နှင့် ကျန်းရွမ်တို့က သူတော်စင်ဆရာကြီးအသုံးပြုမည့် မှော်အတတ်ကို မေးမြန်းရန် စိတ်ကူးခဲ့သည်။
သို့သော် သူတို့ ဘာမှမပြောနိုင်ခင်မှာပင် သူတော်စင်ဆရာကြီးက သူ၏ခေါင်းမှ သမင်ချိုနှစ်ချောင်းကို ဆွဲထုတ်လိုက်သည်အား တွေ့လိုက်ရသည်။
ထွင်ထျန်းဟာ ".........."
ကျန်းရွမ် "ဟ.. သမင်ချိုတွေက အတုတွေလား"
ရွှမ်းဝူယွဲ့က လက်တစ်ဖက်စီတွင် ရွှေသမင်ချို နှင့် ငွေသမင်ချိုကို ကိုင်ထားသည်။
သူက ခေါင်းခါယမ်းပြီး မချိပြုံး ပြုံးလိုက်သည်။
''မဟုတ်ပါဘူး.. သမင်ချိုတွေက အစစ်တွေပါ"
ထိုခဏတွင် ထွင်ထျန်းဟာ နှင့် ကျန်းရွမ်တို့သည် သမင်ချိုကို ဆွဲနုတ်ထားသည့် ဒဏ်ရာကနေ သွေးများစမ်းရေကဲ့သို့ စိမ့်ထွက်နေသည်ကို မြင်လိုက်ရသည်။
ထွင်ထျန်းဟာနှင့်ကျန်းရွမ် ".........."
"လခွမ်း.. သွေးထွက်လွန်ပြီး သေတော့မှာပဲ"
ထိုအချိန်တွင် ရွှမ်းဝူယွဲ့က ရွှေသမင်ချို နှင့် ငွေသမင်ချိုကို ပေါင်းစည်းလိုက်သည်။
ထိုသို့ ပေါင်းစည်းလိုက်သည်နှင့် တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ရွှမ်းဝူယွဲ့၏ ရှေ့တွင် မှော်ဆန်သည့် သယ်ယူပို့ဆောင်ရေးကွင်းများ ထွက်ပေါ်လာသည်။
ထို့နောက် သူက သမင်ချိုများကို ပစ်ချလိုက်ပြီး ကြိုဆိုသည့်အမူအရာကို ပြုလုပ်ခဲ့သည်။
"ဤနေရာသို့ ကျေးဇူးပြုပြီး ကြွပါ"
ဘေးတွင် ပစ်ချထားသော သမင်ချိုများကို ကြည့်ရင်း ကျန်းရွမ်က အံ့ဩသွားသည်။
"မင်းရဲ့သမင်ချိုတွေကို ဒီတိုင်းပဲ ပစ်ထုတ်လိုက်တာလား"
"သူတော်စင်ကျောက်တိုင်ရဲ့ ထိပ်ကို ပို့ဆောင်ဖို့အတွက် မှော်အစွမ်းတွေ အများကြီး လိုအပ်တယ်.. ဒါကြောင့် ကျွန်တော့်ရဲ့ နတ်ဆိုးစွမ်းရည်တွေကို ကြိုပြီးတော့ သိမ်းဆည်းထားလေ့ ရှိတယ်.. ပြောရရင် သမင်ချိုထဲမှာရှိတဲ့ နတ်ဆိုး မှော်စွမ်းအားက သယ်ယူပို့ဆောင်ရေးကို တစ်ခါပဲ ပံ့ပိုးနိုင်တယ်"
ဦးခေါင်းမှ သွေးများစီးကျနေသော ရွှမ်းဝူယွဲ့က ခပ်ပြုံးပြုံးရှင်းပြလိုက်သည်။
"ဒါပေမဲ့လည်း အဆင်ပြေပါတယ်.. ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့သမင်ချိုတွေက နောက်နေ့မှာ ပြန်ပေါက်လာမှာပဲလေ'
ထွင်ထျန်းဟာနှင့်ကျန်းရွမ် ".........."
ဤအဘိုးအိုက အနည်းငယ် ထူးဆန်းသည်ဟု သူတို့နှစ်ဦး ခံစားမိသည်။
ရွမ်းဝူယွဲ့ "ဒါပေမဲ့ ဦးချို ပြန်မပေါက်ခင်အထိတော့ သွေးထွက်တာက ရပ်တန့်မှာမဟုတ်ဘူး"
".........."
ထွင်ထျန်းဟာနှင့် ကျန်းရွမ်တို့ ထိတ်လန့်သွားကြသည်။
"သွေးထွက်လွန်ပြီး မသေမှာ သေချာလို့လား"
သယ်ယူပို့ဆောင်ရေးကွင်းထဲ ဝင်ရောက်ပြီးနောက်တွင် ထွင်ထျန်းဟာနှင့် ကျန်းရွမ်တို့သည် သူတော်စင် ကျောက်တိုင်၏ ထိပ်သို့ လျင်မြန်စွာ ရောက်ရှိသွားကြသည်။
ထွင်ထျန်းဟာက သူ၏ ထူးခြားသော စိတ်အခြေအနေကို ထိန်းချုပ်နိုင်စွမ်း မရှိမည်စိုး၍ သူတော်စင်ကျောက်တိုင်အား တိုက်ရိုက် ကြည့်ရှုခြင်းမှ ရှောင်ကြဥ်ခဲ့သည်။
သူတော်စင်ကျောက်တိုင် ထိပ်သို့ ရောက်သောအခါ ဤထူးဆန်းသော စိတ်ခံစားချက်က ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်က ခြေချရန် သူအိပ်မက်မက်ခဲ့ဖူးသော ဤနေရာကိုငေးကြည့်ရင်း အဆုံးသတ်တွင် ထွင်ထျန်းဟာသည် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။
အကြောင်းအရင်းမှာ သူတော်စင်ကျောက်တိုင်၏ ထိပ်ရှိ ဧရိယာက အနည်းငယ် သေးသောကြောင့် ဖြစ်သည်။
ဧရိယာက စက်ဝိုင်းပုံသဏ္ဍာန်ရှိပြီး နတ်ဆိုးသူတော်စင်၏ သူတော်စင်နန်းတော်သည် အလယ်ဗဟိုတွင် ရှိသည်။
နန်းတော်က ဟောင်းနွမ်းသော ဘုရားကျောင်းတစ်ခု ကဲ့သို့ပင် ရိုးရှင်းလွန်းနေသည်။
ပတ်ပတ်လည်တွင် ရောင်စုံအလင်းတန်းများ စွန်းထင်းနေသော ပြတင်းပေါက်များ ရှိသည်။
ဤသူတော်စင်ကျောက်တိုင်ထိပ်နှင့် နတ်ဆိုးသူတော်စင်၏ သူတော်စင်နန်းတော် နှစ်ခုလုံးသည် သူစိတ်ကူးထားသည်နှင့် အလွန် ကွာခြားသည်ဟု ထွင်ထျန်းဟာ တွေးမိခဲ့သည်။
ထို့ပြင် နတ်ဆိုးသူတော်စင်၏ လွတ်လပ်မှုက ဤဧရိယာလေးတွင် ကန့်သတ်ခံထားရသဖြင့် နတ်ဆိုးသူတော်စင် ဖြစ်ရခြင်းသည် အလွန်သနားစရာ ကောင်းသည်ဟု ထွင်ထျန်းဟာ ခံစားလိုက်ရသည်။
နတ်ဆိုးသူတော်စင်၏ စွမ်းအားသည် အမွေဆက်ခံခြင်းမှ ရရှိသည်ဟု သူကြားဖူးသည်။
သင်၏ အရည်အချင်းက ညံ့နေလျှင်ပင် အရွေးခံရသရွေ့ အရေးမကြီးပေ။
စိတ်ကူးနှင့် လက်တွေ့ကြားမှ ကွာဟချက်ကို ကြည့်ရင်း ထွင်ထျန်းဟာက ဤကဲ့သို့ စတေးပြီးမှရရှိမည့် စွမ်းအားမျိုးကို မလိုချင်သလို ခံစားမိသည်။
သူက အားလပ်ချိန်တွင် ခြံထဲရှိ နေရောင်အောက်တွင် ဆော့ကစားမည်။
မေမေဝမ် သို့မဟုတ် ဖိုးဖိုးဝမ် နှင့်အတူ ဈေးဝယ်ထွက်မည်။
ဆရာလေးလင်းနှင့်လည်း ပွတ်သီးပွတ်သပ် ကစားမည်။
ဘာမှလုပ်စရာ မရှိသည့်အခါတွင် သုံးဘီးဆိုင်ကယ် ကလေးမလေး၏ စကက်ကိုလှန်ပြီး ကျင့်ခယ်ကို ထွက်လာအောင် စနောက်မည်။
သူ့အတွက်တော့ နတ်ဆိုးသူတော်စင် ရာထူးထက် ဤအရာများက ပို၍ စိတ်ဝင်စားဖွယ် ကောင်းပေသည်။
အပိုင်း(၆၀၆) ပြီး၏