သမိုင်းတွင် သနားစရာအကောင်းဆုံး နတ်ဆိုးသူတော်စင်
Vol. 41 Ch. 607
"ဘယ်လိုလဲ သူတော်စင်ကျောက်တိုင်ရဲ့ ထိပ်က မင်းတို့ စိတ်ကူးထားသလောက် မကျယ်လိုလား"
ရွှမ်းဝူယွဲ့က သူတို့နောက်ကနေ ပြောလိုက်သည်။
သူ့ဦးခေါင်းတွင် သွေးများက ထွက်နေဆဲ ဖြစ်ပြီး ရပ်တန့်သွားမည့် အရိပ်အယောင်ပင် မရှိခဲ့ပေ။
ကျမ်းရွမ် မျက်ခုံးပင့်လိုက်သည်။
"သခင်ရွမ်း.. မင်း သွေးထွက်တာကို ရပ်တန့်ဖို့ မလိုတာ သေချာရဲ့လား"
"စောစောက ပြောခဲ့သလိုပဲ သမင်ချိုတွေ ပြန်မပေါက်ခင် အထိတော့ သွေးထွက်နေလိမ့်မယ်.. ဒါကို တားမြစ်ဖို့ အတွက် ဆေးဝါးနဲ့ကုသဖို့ ကြိုးစားလည်း အသုံးမဝင်ဘူး"
ရွှမ်းဝူယွဲ့က ပြုံးလိုက်သည်။
"မစိုးရိမ်ပါနဲ့ စီနီယာ ကျန်းရွမ်.. ငါ့ရဲ့ ပြန်လည်ကုသနိုင်တဲ့ စွမ်းရည်က အရမ်း အားကောင်းပါတယ်.. တကယ်တော့ ငါရဲ့ သွေးတွေ ဒီလို ဆုံးရှုံးသွားတာက သွေးကို သန့်စင်လိုက်တာနဲ့အတူတူပါပဲ.. ဒါက တော်တော်လေး ကျန်းမာရေး ကောင်းစေတယ်လို့ ငါထင်တယ်”
ကျန်းရွမ်".............."
ထွင်ထျန်းဟာ"............"
[ချီးကို ကျန်းမာတာလား]
ထွင်ထျန်းဟာက စိတ်ပျက်လက်ပျက်ဖြင့် ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရှုလိုက် ပြီး စီနီယာတစ်ဦး၏ အမူအရာမျိုး ဟိတ်ဟန်ထုတ်လိုက်သည်။
"သူတော်စင်နန်းတော်က ဒီလောက်အထိ ကြီးကျယ်ခမ်းနားမှု ကင်းမဲ့နေမယ်လို့ ငါမထင်ခဲ့မိဘူး"
"ဒါက မူလနတ်ဆိုးသူတော်စင် ချမှတ်ထားတဲ့ ခြိုးခြံချွေတာတဲ့ စည်းမျဉ်းတစ်ခုပါ.. လူတစ်ဦးက ကုတင်တစ်လုံး ပေါ်မှာပဲ အိပ်ပြီး သေရင်လည်း သေတ္တာတစ်လုံးထဲမှာပဲ သေရတာလေ
.. အသက်ရှင်စဥ်ခဏမှာ နေရာအများကြီးမလိုပါဘူး.. မူလ နတ်ဆိုးသူတော်စင်က နေရာထိုင်ခင်း နဲ့ ပတ်သက်ပြီး လက်တွေ့ကျကျ အသုံးပြုခြင်း အပေါ်မှာပဲ ပိုပြီး အာရုံစိုက်ခဲ့တယ်"
ရွှမ်းဝူယွဲ့က ပြန်ဖြေလိုက်သည်။
သူ၏ အဖြူရောင် တာအို၀တ်ရုံက သွေးများ တဖြည်းဖြည်းစိုစွတ်လာပြီး အဖြူကနေ အနီရောင်သို့ ပြောင်းသွားသည်။
"နောက်ဆက်ခံတဲ့ နတ်ဆိုးသူတော်စင်က အဲဒီစည်မျဥ်းကို ပြုပြင်နိုင်တဲ့ အခွင့်အာဏာ မရှိဘူးလား"
"အရင် နတ်ဆိုးသူတော်စင် ချမှတ်ထားတဲ့ စည်းမျဉ်းတွေက နောက်ထပ် မျိုးဆက်နှစ်ခုထိ သက်ရောက်မှုရှိတယ်"
အကယ်၍ ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က စည်းမျဉ်းအချို့ကို ချမှတ်ခဲ့ရင် တတိယမျိုးဆက်နဲ့ စတုတ္ထမျိုးဆက် နတ်ဆိုးသူတော်စင်မှာ စည်းမျဥ်းတွေကို ပြုပြင်ပြောင်းလဲဖို့ အခွင့်အာဏာ မရှိဘူး.. ပဉ္စမမျိုးဆက် နတ်ဆိုးသူတော်စင် အလှည့်ရောက်မှသာ ပြုပြင်နိုင်လိမ့်မယ်"
ရွှမ်းဝူယွဲ့က ဖြေလိုက်သည်။
"အဲဒီလိုကိုး"
ထွင်ထျန်းဟာက ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် သူနှင့် ကျန်းရွမ်၏ မျက်နှာများက တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို သတိပြုမိသဖြင့် အနည်းငယ် ပြောင်းလဲသွားသည်။
အလွန်ပြင်းထန်သော အော်ရာတစ်ခုက နတ်ဆိုးသူတော်စင်၏ နန်းတော်ရှေ့ကနေ ထွက်ပေါ်လာသည်။
အော်ရာပိုင်ရှင်က လူသားပုံစံ အသွင်ရှိသည့် အပြာရောင် နတ်ဆိုးသတ္တဝါ ဖြစ်သည်။
ထိုနတ်ဆိုးက လက်ထဲတွင် မှော်ကျိုင်းကို ကိုင်ထား၏။
သူ၏ အပြာရောင် အသားအရေပေါ်ရှိ ငါးအကြေးခွံများကလည်း အလင်းများဖြင့် တောက်ပနေသည်။
ထွင်ထျန်းဟာ နှင့် ကျန်းရွမ် တို့သည် အော်ရာ တစ်ခုတည်းကို အခြေခံ၍ ထိုလူ၏ ဝိသေသလက္ခဏာကို ခန့်မှန်းမိခဲ့သည်။
"ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က မျှော်လင့်ထားတဲ့အတိုင်းပါပဲလား.. မင်းရဲ့အော်ရာက ပုံရိပ်ယောင် ခန္ဓာကိုယ် ထက်တောင် ပိုပြီး အံ့သြစရာကောင်းတယ်"
အင်မော်တယ်ကျန်းရွမ်က ပြုံးလိုက်သည်။
ဟုတ်ပါသည်၊ ဤသည်က လောကဝတ်အရ ယဉ်ကျေးစွာ နှုတ်ဆက်ခြင်း ဖြစ်၏။
သူ့စိတ်ထဲတွင် အသန်မာဆုံးလူမှာ စီနီယာခွေးသာ ဖြစ်သည် မဟုတ်လော။
"မင်းလည်းတူတူပါပဲ"
ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က ပြုံးလိုက်ပြီး ဘေးသို့ရွှေ့ကာ သူတို့အတွက် လမ်းဖယ်ပေးလိုက်သည်။
"အဝေးကလာတဲ့ စီနီယာတွေကို ကြိုဆိုပါတယ်...ကျေးဇူးပြုပြီး နန်းတော်ထဲကို ဝင်ပါ"
ထွင်ထျန်းဟာက နတ်ဆိုးသူတော်စင်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။
ရိုးသားစွာ ဝန်ခံရလျှင် နောက်ကွယ်မှ အသွင်အပြင်သည် သူစိတ်ကူးထားသည့်အရာနှင့် အလွန်ပင် ဝေးကွာနေ၏။
အပြာရောင်အရေခွံသာ မရှိလျှင် ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်၏ မူလပုံစံမှာ အပူပိုင်းဒေသမှ အလှမွေး ငါးများကဲ့သို့ပင်။
"စီနီယာခွေး.. ဘာဖြစ်လို့လဲ"
ထွင်ထျန်းဟာ တွေးတောနေသည်ကို မြင်လျှင် ကျန်းရွမ်က စိုးရိမ်တကြီး မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး"
ထွင်ထျန်းဟာက ခေါင်းခါယမ်းလိုက်သည်။
"ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် ရဲ့ အသားအရည်က ဘာကြောင့် အရမ်းထူးဆန်းနေတာလဲလို့ တွေးနေတာပါ"
ကျန်းရွမ်"............"
ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် နှင့် သူတော်စင်ဆရာကြီးတို့က အံ့အားသင့်သွားသည်။
"............"
ထွင်ထျန်းဟာ မျှော်မှန်းထားသည့်အတိုင်းပင်၊
သူတော်စင်နန်းတော်တွင် နေရာလွတ် ချဲ့ထွင်မှုမှော်စွမ်းရည်ကို အသုံးမပြုထားခဲ့ပေ။
နန်းတော်ထဲတွင် ဧည့်ခံပွဲတစ်ခုကို ပြင်ဆင်ထားခဲ့သည်။
ထိုင်ခုံတွင် နေရာယူပြီးနောက်တွင် ထွင်ထျန်းဟာသည် အိမ်ဖော်ဝတ်စုံ ဝတ်ထားသည့် မိန်းကလေးနှစ်ဦး ပင်မခန်းမဆောင်၏ ကန့်လန့်ကာ နောက်ကွယ်ကနေ ထွက်လာသည်ကို တွေ့လိုက်ရသည်။
ကျန်းရွမ်၏ မျက်လုံးများက တောက်ပလာသည်။
"ဒီမှာ တခြားလူတွေလည်း ရှိနေတာလား"
"သူတို့တွေက နတ်ဆိုးရွှံ့တွေနဲ့ ပြုလုပ်ထားတဲ့ ရုပ်သေးရုပ်တွေပါ...သူတော်စင် နန်းတော်က သေးငယ်ပေမဲ့လည်း ဗာဟီရကိစ္စတွေ လုပ်ကိုင်ဖို့တော့ လူအချို့ လိုအပ်တယ်လေ"
ရွှမ်းဝူယွဲ့က ပြုံးပြီး ပြောလိုက်သည်။
"နန်းတော်ထဲမှာ ဒီလိုရုပ်သေးဆယ်ကောင် ရှိတယ်.. အကုန်လုံးက လက်ရာမြောက်တဲ့ အရုပ်တွေချည်းပဲ"
"ဒီအရုပ်တွေက ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် ကိုယ်တိုင်ကိုယ်ကျ ဖန်တီးထားတဲ့အရာ ဖြစ်တယ်.. ငါတို့မှာ ရုပ်သေး အမျိုးအစား အားလုံးရှိတယ်"
"အချစ်ကို တောင့်တနေတဲ့ မိန်းကလေး ၊ လိင်ဆွဲဆောင်မှုရှိတဲ့ မိန်းကလေး၊ လိင်ဆက်ဆံရာမှာ ဦးဆောင်နိုင်စွမ်းရှိတဲ့မိန်းကလေး အစရှိသဖြင့်ပေါ့"
ထွင်ထျန်းဟာ နှင့် ကျန်းရွမ် "................"
{လခွမ်း.. ဆီလီကွန်အရုပ် ကုမ္ပဏီထောင်မလို့လား}
နတ်ဆိုးသူတော်စင်
"ငါက နတ်ဆိုးသူတော်စင် ဖြစ်မလာခင်က ရုပ်သေးရုပ် လုပ်ရောင်းတဲ့သူပါ"
ထွင်ထျန်းဟာတို့က မှင်တက်သွားသည်။
"နတ်ဆိုးသူတော်စင်က အော်ပရာ အဆိုတော်တော့ မဟုတ်ဘူးမလား"
ရွှမ်းဝူယွဲ့က ဝင်ဖြေလိုက်သည်။
"အဲဒါက နတ်ဆိုးသူတော်စင် ရုပ်သေးရုပ် မလုပ်ခင်က အလုပ်ပါ.."
ထွင်ထျန်းဟာနှင့်ကျန်းရွမ် ".............."
ဤရိုးရှင်းသော စကားဝိုင်းမှ တဆင့် ထွင်ထျန်းဟာနှင့် ကျန်းရွမ်တို့က အခြေအနေကို ခန့်မှန်းနိုင်ခဲ့သည်။
သူတော်စင် ဆရာကြီးရွှမ်းဝူယွဲ့က ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်ကို စကားလုံးဖြင့် မထိတထိ နှိပ်ကွပ်ရသည်ကို သဘောကျနေပုံရသည်။
နတ်ဆိုးသူတော်စင် အပေါ်တွင် ထွင်ထျန်းဟာနှင့် ကျန်းရွမ်တို့၏ စာနာမှုက ဒီဂရီ အနည်းငယ် တိုးလာခဲ့သည်။
အဆုံးသတ်တွင် သူတို့က ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် အပေါ် စာနာစိတ် မပြနိုင်မီ ရွှမ်းဝူယွဲ့က ထပ်ပြီး နတ်ဆိုးသူတော်စင်ကို နှိပ်ကွပ်လိုက်ပြန်သည်။
"စိတ်ဝင်စားစရာတစ်ခု ပြောပြမယ်"
ရွှမ်းဝူယွဲ့က ရယ်မောသော အမူအရာဖြင့် ထွင်ထျန်းဟာတို့ကို ကြည့်ကာ ပြောလိုက်သည်။
"ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က အဲဒီ ရုပ်သေးတွေကို ဖန်တီးစဥ်က အရမ်းကို စိတ်လှုပ်ရှားခဲ့တယ်"
ထွင်ထျန်းဟာနှင့်ကျန်းရွမ် "..........."
ထိုအချိန်တွင် ထွင်ထျန်းဟာက ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်ကို လှည့်ကြည့်လိုက်ရာ နတ်ဆိုးသူတော်စင်၏ အမူအရာက တစ်စုံတစ်ရာ မှားယွင်းနေသလို ခံစားမိခဲ့သည်။
ကျန်းရွန် "နတ်ဆိုးသူတော်စင်က ဘာဖြစ်နေတာလဲ"
"သူဘာမှမဖြစ်ပါဘူး"
ရွှမ်းဝူယွဲ့ ခေါင်းခါယမ်းလိုက်သည်။
"အရုပ်တွေ ထုလုပ်စဥ်ကရခဲ့တဲ့ နာကျင်မှုတွေကြောင့် ဖြစ်မှာပေါ့"
"နတ်ဆိုးသူတော်စင်က အရမ်းကို စိတ်လှုပ်ရှားနေတယ်လို့ မင်းပဲ စောစောက ပြောတယ် မဟုတ်လား"
"သူတို့ကို မဖန်ဆင်းခင်မှာ သူအရမ်း စိတ်လှုပ်ရှားနေပေမယ့် ဒီရုပ်သေးလေးတွေက ဉာဏ်အလင်းရသွားတာနဲ့ သူ့ကို အေးတိ အေးစက်ပဲ ဆက်ဆံတော့တယ်လေ.. အဲဒီနောက်မှာ သူဘယ်လိုမှ စိတ်မလှုပ်ရှားနိုင်တော့ဘူး"
ထွင်ထျန်းဟာနှင့်ကျန်းရွမ်"............."
ရွှမ်းဝူယွဲ့ထံမှ ထိုစကားကို ကြားရသောအခါတွင် ထွင်ထျန်းဟာနှင့် ကျန်းရွမ် တို့၏ စာနာမှုက နတ်ဆိုးသူတော်စင် အပေါ်၌ ထိပ်ဆုံးမှတ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
နတ်ဆိုးသူတော်စင်က လွတ်လပ်ခွင့်ကို အတော်လေး ကန့်သတ်ခံထားရသည်။
အဆုံးသတ်တွင် သူက သူလုပ်လိုသမျှကို အောင့်အီးကာ နေ့စဥ်နေ့တိုင်း သူတော်စင်ဆရာကြီး နှင့် နေခဲ့ရသည်။
သို့သော် ဤရုပ်သေးရုပ်များကို ဖန်တီးရခြင်းက ပို၍ သနားစရာကောင်းသည်ဟု ထွင်ထျန်းဟာ ထင်မိသည်။
နတ်ဆိုး ရွှံ့စေးကနေ ဤကဲ့သို့ ရုပ်သေးရုပ်များကို ပြုလုပ်ရန်အတွက် နတ်ဆိုးသူတော်စင်သည် ရုပ်သေးရုပ်များကို လက်တွေ့ဆန်စေရန် အလွန်တိကျသော အစီအစဥ်များနှင့် တွက်ချက်မှုများ ပြုလုပ်ခဲ့ရသည်မှာ ထင်ရှားသည်။
နတ်ဆိုးသူတော်စင်က သူ၏ လွတ်လပ်မှုနှင့် ကြီးကျယ်ခမ်းနားမှု ဆုံးရှုံးခဲ့ရသည့် အခြေအနေတွင် သူနှင့်အတူ ရုပ်သေးရုပ် မျိုးစုံ ရှိနေခဲ့လျှင် မဆိုးလောက်ဟု တွေးခဲ့ပုံရသည်။
သို့သော် အဆုံးသတ်တွင် ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်သည် ကြေကွဲဖွယ်ဖြစ်ရပ်နှင့် ရင်ဆိုင်ခဲ့ရသည်။
ဤရုပ်သေးများက ဉာဏ်အလင်းရပြီးနောက်တွင် သူ့အပေါ်၌ အေးစက်သွားကြသည်။
သူက ၎င်းတို့ကို လုံးဝ အသုံးမချနိုင်တော့ပေ။
ယုတ်စွအဆုံး သူ့အနေဖြင့် ဘောင်းဘီကို ချွတ်ထားလျှင်ပင် ရုပ်သေးများက လှမ်းကြည့်မည် မဟုတ်ချေ။
ထိုအကြောင်းကို တွေးမိပြီး ထွင်ထျန်းဟာနှင့် ကျန်းရွမ်တို့ကနတ်ဆိုးသူတော်စင်ကို စာနာသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ထိုအချိန်တွင် ၎င်းတို့သည် နတ်ဆိုးလောက၌ လေလွင့် ကလေးများကို ပြုစုစောင့်ရှောက်ပေးသည့် လူမှုဖူလုံရေး အဖွဲ့အစည်းတစ်ခု ရှိမရှိ ရွှမ်းဝူယွဲ့ကို ရုတ်တရက် မေးချင်လာကြသည်။
သူတို့က အမှန်တကယ်သွားပြီး အလှူလုပ်ချင်ခဲ့သည်။
အပိုင်း(၆၀၇) ပြီး၏