အာကာပြင်အပေါက်အပြဲထဲမှ မွန်းစတားတစ်ကောင်ထွက်လာခြင်း
Vol. 41 Ch. 608
ယခင်က နတ်ဆိုးသူတော်စင်ကို အလွန်ထူးခြားသည်ဟု ထင်ခဲ့သော်လည်း ရွှမ်းဝူယွဲ့က ပို၍ပင် ထူးထူးဆန်းဆန်း ဖြစ်နေလိမ့်မည်ဟု ထွင်ထျန်းဟာ မထင်ခဲ့မိပေ။
ယုတ္တိနည်းကျကျ စဉ်းစားကြည့်လျှင် နတ်ဆိုးသူတော်စင်သည် သွားစရာ သိပ်မရှိသလို လွတ်လပ်မှုလည်း မရှိသည့် အပြင် လက်အောက်ငယ်သား၏ စကားလုံးများဖြင့် နှိပ်ကွပ်ခြင်းကို တစ်ချိန်လုံး ခံနေရသည်။
သူတော်စင် ကျောက်တိုင်၏ ကန့်သတ် ချုပ်ချယ်မှုများတွင်ပိတ်မိနေသော နတ်ဆိုးသူတော်စင်နေရာ၌ မိမိသာ ဆိုပါက ရူးသွားလိမ့်မည်ဟု သူခံစားခဲ့ရသည်။
"ကျေးဇူးပြုပြီး ထိုင်ပါ စီနီယာ"
နတ်ဆိုးသူတော်စင်၏ အမူအရာက ရွှမ်းဝူယွဲ့နှင့် လုံးဝကွဲပြားသည်။
ရွှန်းဝူယွဲ့က အရူးတစ်ယောက်လို ပြုံးနေသော်လည်း နတ်ဆိုးသူတော်စင်၏ အပြုံးကမူ ကြာပန်းထက်ပင် ပို၍ လှပသည်။
ယခုထိ ရွှမ်းဝူယွဲ့၏ ဦးခေါင်းက သွေးများက ထွက်နေဆဲ။
ထို့နောက် ရွှမ်းဝူယွဲ့က အမိန့်ပေးလိုက်သည်။
"ငါ့အတွက် ပုံမှန်အတိုင်း ပစ္စည်းတွေ ယူလာခဲ့"
နောက်ထပ် အခိုက်အတန့်တွင် အင်တုံကြီး တစ်ခုစီကို ကိုင်ဆောင်ထားသော ရုပ်သေးရုပ်လေး နှစ်ရုပ်သည် ရွှမ်းဝူယွဲ့၏ ညာဘက်နှင့် ဘယ်ဘက်သို့ ရောက်ရှိလာပြီး ရွှမ်းဝူယွဲ့၏ ဦးခေါင်းမှ သွေးများကို ထိုအင်တုံများအား အသုံးပြု၍ ခံထားလိုက်သည်ကို ထွင်ထျန်းဟာတို့ တွေ့လိုက်ရသည်။
ထွင်ထျန်းဟာ "............."
ကျန်းရွမ် "..............."
ထို့အပြင် ဤအင်တုံနှစ်ခုက သာမန်မဟုတ်ပေ။
ရွှမ်းဝူယွဲ့၏ သွေးများက အင်တုံတွင် ပြည့်လျှံနေသော်လည်း ဘယ်သောအခါမှ လျှံမကျခဲ့ပေ။
ရွှမ်းဝူယွဲ့ ပြုံးလိုက်သည်။
"ဒီလိုအခြေအနေမျိုးမှာ အသုံးပြုဖို့အတွက် အထူးအင်တုံအမျိုးအစားကို ပြုလုပ်ထားခဲ့တယ်.. မှော်စွမ်းရည်ကိုအသုံးပြုရတဲ့ အခါတိုင်းမှာ သမင်ချိုထဲ သိုလှောင်ထားတဲ့ စွမ်းအင်ကို သုံးဖို့အတွက် သမင်ချိုတွေကို ဆွဲထုတ်ရတယ်
.. အရမ်းကြီး မနာကျင်ပေမဲ့လည်း တော်တော်လေးတော့ ဒုက္ခရောက်ရတယ်.. အခု အင်မော်တယ်ကျန်းရွမ်နဲ့ စီနီယာခွေးတို့က ငါဘာဖြစ်လို့ လူတွေကို ကိုင်တိုင် မကြိုဆိုရလည်း ဆိုတဲ့ အကြောင်းရင်းကို သိသွားပြီ မဟုတ်လား"
ထွင်ထျန်းဟာ"............."
ကျန်းရွမ်"..............."
စင်စစ် ရွှမ်းဝူယွဲ့က ဤသို့ ဒုက္ခခံရသည်ကို မနှစ်သက်ပေ။
ထို့ကြောင့် ယေဘုယျအားဖြင့် ပြောရလျှင် ၎င်းတို့ လက်ခံသော ဧည့်သည်များသည် အရေးပါသော ဧည့်သည်များ မဟုတ်သ၍ သူ၏ သမင်ချိုများကို ရွှမ်းဝူယွဲ့က အလွယ်တကူ ဆွဲထုတ်လိမ့်မည် မဟုတ်ပေ။
ရုပ်သေးကျွန် နှစ်ယောက်သည် ရွှမ်းဝူယွဲ့၏ သွေးများကို အင်တုံဖြင့် ဆက်လက်ခံနေဆဲပင်။
ကျန်းရွမ်က ရွှမ်းဝူယွဲ့ကို စိုက်ကြည့်ရင်း အရမ်းအံ့သြကာ မေးလိုက်သည်။
"သွေးတွေ စုဆောင်းပြီးရင် ဘာလုပ်မှာလဲ"
ရွှမ်းဝူယွဲ့" လွယ်ပါတယ်.. ဟော့ပေါ့ဆိုင်မှာ ရောင်းတယ်လေ"
ထွင်ထျန်းဟာ နှင့် ကျန်းရွမ်"............."
"ငါ့သွေးက နတ်ဆိုးသူတော်စင်လောက် တန်ဖိုးမရှိပေမယ့်သမင်သွေး ဖြစ်နေဆဲပါပဲ.. နှလုံးတုန်တာ၊ အိပ်မပျော်တာနဲ့ ခါးနာတာကို ကုသပေးနိုင်တယ်လေ"
ဤအချက်ကို ပြောရင်း ရွှမ်းဝူယွဲ့၏ မျက်နှာပေါ်တွင် အမှတ်ရနေသည့် အကြည့်တစ်ခု ရှိနေသည်။
“တကယ်တော့ မူလ နတ်ဆိုးသူတော်စင် လက်ထက်မှာ ရံပုံငွေ မရှိတဲ့အတွက်ကြောင့် သူတော်စင် နန်းတော်ရဲ့ လုပ်ငန်းတွေလည်ပတ်ဖို့ အတွက် ငါ့သမင်သွေးကို မကြာခဏ ရောင်းစားခဲ့တယ်.. မူလ နတ်ဆိုးသူတော်စင် မတိုက်တွန်းရဘဲ ငါ့သဘောနဲ့ငါ ရောင်းစားခဲ့တာပါ"
"မူလ နတ်ဆိုးသူတော်စင်ရဲ့စိတ်နှလုံးက ထူးထူးခြားခြား ဗုဒ္ဓနဲ့တူတယ်.. သူတော်စင် နန်းတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပေမဲ့ ဆင်းရဲတဲ့ နတ်ဆိုး နိုင်ငံသားတွေကို ငွေကြေး အကူအညီတွေ ပေးလေ့ရှိတယ်"
"ငါတို့ နန်းတော်က ရရှိတဲ့ အခွန်အားလုံးက အနောက်ဘက် ဆောက်လုပ်ရေး ပရိုဂရမ် အတွက် ဖြစ်တယ်"
"............."
"ဒီအနောက်ဘက် ဆောက်လုပ်ရေး ပရိုဂရမ်ကို ပထမမျိုးဆက် နတ်ဆိုးသူတော်စင်က စီစဥ်ခဲ့တာပဲ.. မင်းရဲ့ပညာရေး စွမ်းဆောင်ရည်က လုံလောက်ပြီး ဘွဲ့ရကျောင်းသားအဆင့်မှာ ရှိနေသရွေ့ စာရင်းသွင်းလို့ရတယ်"
"လွန်ခဲ့တဲ့နှစ်က ပြင်ပနယ်မြေတွေကနေ စာရင်းသွင်းတဲ့ နတ်ဆိုးဘုရင် နှစ်ထောင်ကျော်တောင် ရှိခဲ့တယ်"
ကျန်းရွမ် မျက်ခုံးပင့်လိုက်သည်။
"နတ်ဆိုးဘုရင်တွေလား"
"ဟုတ်တယ်.. နတ်ဆိုးဘုရင် မဟုတ်ရင် ဒီပလိုမာ လုံးဝရမှာမဟုတ်ဘူး"
"ယေဘုယျအားဖြင့် နတ်ဆိုးဘုရင်တွေ သာလျှင် ဘွဲ့လွန်ဒီပလိုမာကို ရရှိနိုင်တယ်"
"ဒါ့အပြင် ဒီအနောက်ဘက် ဆောက်လုပ်ရေး ပရိုဂရမ်ကို နတ်ဆိုးဘုရင်တိုင်း ဝင်ရောက်ခွင့်မရှိဘူး.. အင်တာဗျူး ခြောက်ကြိမ် ရှိပြီး နတ်ဆိုးဘုရင် အများအပြားနဲ့ တိုက်ရိုက် ရင်ဆိုင်ရတယ်"
ရွှမ်းဝူယွဲ့က ပြောလိုက်သည်။
ကျန်းရွမ် "ဒီအစီအစဉ်မှာ ပါဝင်ခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ"
"အနောက်ဘက် ပရိုဂရမ်ကို ဝင်ခွင့်ရတဲ့ နတ်ဆိုးဘုရင်တွေ အားလုံးမှာ အကဲဖြတ်စာရင်း တစ်ခု ရှိတယ်.. သူတို့ရဲ့ ပံ့ပိုးကူညီမှုနဲ့ အလှူငွေ ထည့်ဝင်တဲ့အပေါ် အခြေခံပြီး ငါတို့က သူတို့ရဲ့ မျိုးနွယ်စု အမှတ်တွေကို တိုးမြှင့်နိုင်တယ်
ရွှမ်းဝူယွဲ့က ပြုံးလိုက်သည်။
"နတ်ဆိုးမျိုးနွယ်မှာ ပြင်ပနယ်မြေ ကိုးဆယ့်ခြောက်ခု ရှိပြီး နယ်မြေတွေကို အဆင့် သတ်မှတ်ထားတယ်"
"ငါးနှစ်တစ်ကြိမ် ပြင်ပနယ်မြေ စာရင်းဝင် ထိပ်တန်းမျိုးနွယ်စုသုံးခုကို အလယ်ပိုင်းနယ်မြေရဲ့ အောက်ခြေက မျိုးနွယ်စုသုံးစုနှင့် ယှဥ်ပြိုင်စေတယ်.. အနိုင်ရတဲ့ ပြင်ပနယ်မြေက မျိုးနွယ်စုကိုတော့ အလယ်ပိုင်း နယ်မြေအဆင့် တိုးမြှင့်ပေးတယ်"
ထိုစကားကို ကြားလျှင် ထွင်ထျန်းဟာ ဉာဏ်အလင်းရသွားသည်။
သူယခင်က ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်၏ ဘုရင်ဖြစ်ခဲ့သော်လည်း ထိုအကြောင်းကို ဘာမှမသိခဲ့ပေ။
ရွှမ်းဝူယွဲ့၏ စကားကို နားထောင်ရင်း နားလည်သွားခဲ့သည်။
ယင်းမှာ မျိုးနွယ်စုတစ်စုက အဆင့်မြင့်လာနိုင်သည့် အဓိပ္ပါယ်ပင်။
ရွှမ်းဝူယွဲ့ ထိုအကြောင်းကို ပြောသည့်အခါတွင် ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်သည် တစ်စုံတစ်ယောက်က သူ့ကို ငွေသန်းပေါင်းများစွာ အကြွေးတင်ထားသလိုမျိုး ခါးသီးနာကြည်းသော အကြည့်ဖြင့် ကြည့်နေသည်ကို သတိထားမိလိုက်သည်။
ထို့နောက်တွင် ရွှမ်းဝူယွဲ့က စကားဆက်လိုက်သည်။
"တကယ်တော့ ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က အနောက်ဘက် ဆောက်လုပ်ရေး ပရိုဂရမ်ရဲ့ စေတနာ့ဝန်ထမ်းပါ.. ဒါ့အပြင် သူက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်းကိုလည်း ခံခဲ့ရတယ်"
"............."
ထွင်ထျန်းဟာ နှင့် ကျန်းရွမ်တို့က စိတ်ရင်းထဲကနေ နတ်ဆိုးသူတော်စင် အပေါ် စာနာသွားခဲ့သည်။
{ကိုယ်ထိလက်ရောက် အနှောင့်အယှက်ခံရတာလား.. ဒီသနားစရာကောင်းတဲ့သူက ဒီလိုလည်း ပြုမူခံရတာလား}
"အဲဒီတုန်းက ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က အားနည်းတဲ့ ကြက်ကလေး ဖြစ်နေတုန်းပဲ.. ဒါပေမယ့် အဲဒါကို ကိုင်တွယ်ဖြေရှင်းဖို့ အချိန် လုံးဝမယူခဲ့ဘူး.. သူက တစ်ဖက်လူကို တိုက်ရိုက် သင်းကွပ်ပစ်လိုက်တယ်"
".............."
"ငါသိရသလောက် နတ်ဆိုးလောကမှာတင် မဟုတ်ဘဲ လူသားကျင့်ကြံခြင်း ကမ္ဘာမှာလည်း အလားတူပါပဲ"
ရွှမ်းဝူယွဲ့က စကားကို ခေတ္တရပ်ပြီးမှ ပြန်ပြောလိုက်သည်။
"ငါက လူသားကမ္ဘာ နဲ့ နတ်ဆိုးကမ္ဘာရဲ့ ဆက်ဆံရေးကို အမြဲထူထောင်ချင်ခဲ့တယ်.. ဒီတစ်ကြိမ် စီနီယာတို့ကို ဆွေးနွေးဖို့ဖိတ်ခေါ်ရတာက အရေးကြီးတဲ့ကိစ္စတစ်ခု ရှိနေလို့ပဲ"
ရွှမ်းဝူယွဲ့၏ စကားကိုကြားလျှင် ထွင်ထျန်းဟာနှင့် ကျန်းရွမ်တို့သည် တကယ့်ပြဿနာက ရောက်လာပြီမှန်း သိလိုက်သည်။
ရွှမ်းဝူယွဲ့၏ ဦးခေါင်းက သွေးထွက်နေသေးသော်လည်း အမူအရာက ရုတ်တရက် ပြင်းထန်လာပြီး ယခင်ကနှင့် လုံးဝ မတူတော့ပေ။
"နောက်ထပ် ပြောချင်တာက လူသားကမ္ဘာနဲ့ နတ်ဆိုးကမ္ဘာရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အကြောင်းပဲ.. စီနီယာတို့ သေချာလေး နားထောင်ပေးမယ်လို့ မျှော်လင့်ပါတယ်"
ထွင်ထျန်းဟာက ရွှမ်းဝူယွဲ့၏ မျက်လုံးကို စိုက်ကြည့်လိုက်သည်။
"နားထောင်ကြည့်ရအောင်"
ရွှမ်းဝူယွဲ့က ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်ကို တစ်ချက်ကြည့်လိုက်ရာ နတ်ဆိုးသူတော်စင်က စပြောလိုက်သည်။
"ဒီလိုပါ စီနီယာခွေး နဲ့ စီနီယာကျန်းရွမ်.. မကြာသေးမီက သူတော်စင်ဆရာကြီး နဲ့ ကျွန်တော်က နတ်ဆိုးကမ္ဘာမှာ အာကာပြင် အပေါက်အပြဲ တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်"
အာကာပြင် အပေါက်အပြဲ ဟူသော စကားကိုကြားလျှင် အင်မော်တယ်ကျန်းရွမ်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။
အဘယ်ကြောင့်ဆိုသော် ဤနှစ်များ တစ်လျှောက်တွငိ သူသည် နတ်ဆိုးကမ္ဘာတွင် အာကာပြင်အပေါက်အပြဲ များစွာကို ဖန်တီးခဲ့သူ ဖြစ်သည်။
သူက ကမ္ဘာခြားဂိတ်တံခါးကို မဖန်တီးမီ နတ်ဆိုးကမ္ဘာ၏ အာကာပြင် ဖွဲ့စည်းပုံသည် အမှန်တကယ်ပင် တည်ငြိမ်မှု ရှိနေပြီး အာကာပြင်အပေါက်အပြဲ ဖြစ်ရန် အခွင့်အလမ်းမရှိခဲ့ပေ။
ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်
"စီနီယာတို့.. နတ်ဆိုးတစ်ကောင်က သောက်ရူးထပြီး ကမ္ဘာခြား ဂိတ်တံခါးကို ဖန်တီးလိုက်တာကြောင့် ကျနော်တို့ နတ်ဆိုးကမ္ဘာရဲ့ အာကာပြင်က မတည်မငြိမ်ဖြစ်ပြီး အာကာပြင်အပေါက်အပြဲ မကြာခဏ ဖြစ်ပေါ်လာခဲ့တယ်"
ထွင်ထျန်းဟာနှင့်ကျန်းရွမ် "............"
သူပြောသည့် နတ်ဆိုးက သူ့ရှေ့တွင် ထိုင်နေသော်လည်း နတ်ဆိုးသူတော်စင် လုံးဝ မသိပေ။
ကျန်းရွမ်က အနည်းငယ် အပြစ်ရှိသလို ခံစားမိသော်လည်း သူ့အကြောင်းကို မပေါ်အောင် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ခဲ့သည်။
"နတ်ဆိုးသူတော်စင်တို့တွေတဲ့ အာကာပြင် အပေါက်အပြဲက ဘာတွေထူးခြားလို့လဲ"
ကျန်းရွမ်က မေးလိုက်သည်။
"အင်း.. ကျနော် ပြောချင်တာ အဲဒါပဲ.. သူတော်စင် ဆရာကြီးနဲ့ကျနော် အရင်က တွေးမိခဲ့တာက ကမ္ဘာခြားဂိတ်ရဲ့ အော်ရာ အတက်အကျတွေကြောင့် အဲဲဒီအာကာပြင် အပေါက်အပြဲတွေက ထွက်ပေါ်လာခဲ့တယ် ဆိုပြီးပေါ့"
"ဒါပေမယ့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးတဲ့နောက်မှာ ဒီအာကာပြင် အပေါက်အပြဲတွေကို ကမ္ဘာခြား ဂိတ်တံခါးက ဖန်တီးထားတာ မဟုတ်မှန်း တွေ့ရှိခဲ့တယ်"
"ကမ္ဘာခြား ဂိတ်တံခါးကြောင့် မဟုတ်ဘူးလား"
"အင်း"
သူတော်စင် ဆရာကြီးက ခေါင်းညိတ်လိုက်သည်။
"ဒါ့အပြင် ငါတို့ စုံစမ်းဖို့ သွားတဲ့အခါ အာကာပြင် အပေါက်အပြဲကနေ မွန်စတား တစ်ကောင် ထွက်လာခဲ့တယ်"
အပိုင်း(၆၀၈) ပြီး၏