← Chapters

မျက်စိလည်လာတာလား

Vol. 41 Ch. 609

မျက်စိလည်လာတာလား

Vol. 41 Ch. 609

နတ်ဆိုးသူတော်စင်၏စကားက ကျန်းရွမ်ကို ရယ်မောစေခဲ့သည်။

"မွန်းစတားလား.. အဲဒါဘာပြောတာလဲ.. မင်းကိုယ်​တိုင်​က မွန်းစတား တစ်​​ကောင်​ မဟုတ်​ဘူးလား"

"........"

ထိုစကားကို ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က သူအမှန်တကယ် မချေပနိုင်မှန်း သဘောပေါက်သွားသည်။

ဟုတ်ပါသည်၊ ကျန်းရွမ်က နောက်နေခြင်းသာ ဖြစ်၏။

နတ်ဆိုးလောက၏ နတ်ဆိုးသူတော်စင်ကို အဘယ်ကဲ့သို့ မွန်းစတားဟု ခေါ်ဆိုနိုင်ပါမည်နည်း။

ကျန်းရွမ် အနည်းငယ် သိချင်လာသည်။

နတ်ဆိုးသူတော်စင် ပြောသော မွန်းစတားက သာမန်နတ်ဆိုးသားရဲ၊ ဝိညာဉ်သားရဲ သို့မဟုတ် မိစ္ဆာသားရဲများ မဟုတ်နိုင်ပေ။

မဟုတ်လျှင် နတ်ဆိုး သူတော်စင်က "မွန်းစတား" ဟူသော အသုံးအနှုန်းကို အထူးတလည် သုံးမည်မဟုတ်ချေ။

ထို့အပြင် ဤမွန်းစတားကို ဖော်ပြသောအခါ၊ ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် နှင့် သူတော်စင် ဆရာကြီးရွှမ်းဝူယွဲ့တို့၏ မျက်နှာအမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး ကြောက်ရွံ့ ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်ခဲ့သည်။

ပြောရလျှင် ဤနှစ်ယောက်သည် နတ်ဆိုးကမ္ဘာ၏ တန်ခိုးစွမ်းအား အကြီးဆုံးပုဂ္ဂိုလ်များ ဖြစ်၏။

တစ်ယောက်က လက်ရှိ နတ်ဆိုးသူတော်စင် ဖြစ်ပြီး နောက်တစ်ယောက်က နတ်ဆိုးသူတော်စင်၏ လက်ထောက်အဖြစ် တာဝန် ထမ်းဆောင်နေသည့် သူတော်စင်ဆရာကြီး ဖြစ်သည်။

သာမန်သတ္တဝါက သူတို့ကို ကြောက်လန့်အောင်လုပ်ဖို့ မဖြစ်နိုင်ပေ။

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်သည် အသန်မာဆုံးမဟုတ်သော်လည်း နတ်ဆိုးကမ္ဘာ၏ သူတော်စင်ကျောက်တိုင်၏ အသိစိတ် နှင့် ပေါင်းစည်းပြီးနောက်တွင် သူ၏ လက်ရှိခွန်အားသည် ပကတိအင်မော်တယ် အဆင့်မှ အင်မော်တယ် အရှင်မြတ် အဆင့်ထိ မြှင့်တင်နိုင်မည် ဖြစ်သည်။

ထို့အပြင် နတ်ဆိုးသူတော်စင်၌ ကမ္ဘာ့ဖီဆန် မှော်လက်နက်လည်း ရှိသေးသည်။

ဤအဆင့်တွင် နတ်ဆိုးသူတော်စင်ကို အမှန်တကယ် ကြောက်လန့်စေသော အရာများ အမှန်တကယ် ရှိပါသေးသလော။

ထွင်ထျန်းဟာက ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် နှင့် ရွှမ်းဝူယွဲ့ကို စိုက်ကြည့်လိုက်သည်။

"ဒီမွန်းစတားက ဘယ်လိုမျိုးလဲဆိုတာ ငါသိချင်တယ်"

"ဒီမွန်းစတားကို စကားလုံး တစ်လုံးတည်းနဲ့ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ရှင်းပြဖို့ အရမ်းခက်ခဲမှာကို ငါစိုးရိမ်မိတယ်"

"ဒီတစ်ကြိမ် စီနီယာခွေးနဲ့ စီနီယာကျန်းရွမ် တို့ကို ဖိတ်ကြားရခြင်းရဲ့ အကြောင်းရင်းက ဒီမွန်းစတားက ဘာလဲဆိုတာကို စီနီယာနှစ်ယောက်လုံးက ကူညီပေးနိုင်မယ်လို့ မျှော်လင့်ခဲ့လို့ပါပဲ”

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က ပြောလိုက်သည်။

"အဲဒီ မွန်းစတားဘယ်မှာလဲ"

ကျန်းရွမ် အနည်းငယ် စိတ်ဝင်စားသွားသည်။

"ငါတို့ သတ်ပြီးပြီ"

ကျန်းရွမ် ရုတ်​တရက်​ စိတ်​ပျက်​သွားခဲ့သည်​။

"ဘာလဲဟ ဒီလိုပဲ လွယ်လွယ်နဲ့သေသွားတာလား.. မင်းတို့ပြောတော့ မွန်းစတားဆို"

ထိုအချိန်တွင် ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က သူ၏ ဝတ်စုံ အပေါ်ပိုင်းကို ရုတ်တရက် ဖြည်ချလိုက်ရာ အကြေးခွံများဖြင့် တောက်ပနေသော ရင်ဘတ်က ပေါ်လွင်သွားခဲ့သည်။

ရင်ဘတ်က တောက်ပလွန်းတာကြောင့် ထွင်ထျန်းဟာ၏ ခွေးမျက်လုံးတွေက ကန်းလုမတတ် ဖြစ်သွားရသည်။

ကျန်းရွမ်က သူ့မျက်လုံးများကို လက်ဖြင့် ကမန်းကတန်း ဖုံးကာထားလိုက်သည်။

"ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်.. ကျေးဇူးပြုပြီး နှစ်ခါပြန်စဉ်းစားပါ.. ငါ့မှာ ဒီလိုဝါသနာ မရှိပါဘူး"

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်

"စီနီယာ အထင်မှားနေပါပြီ… ကျေးဇူးပြု၍ မျက်လုံးဖွင့်ပြီး ငါ့ရင်ဘတ်ပေါ်က ဒဏ်ရာကို ကြည့်လိုက်ပါ.. ဒါက အဲဒီ မွန်းစတားကြောင့် ရခဲ့တဲ့ဒဏ်ရာပါ"

ကျန်းရွမ်က မျက်လုံးကို ကာထားသည့် သူ့လက်ကို ဖယ်လိုက်ပြီး ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်၏ ရင်ဘတ်ကို ကြည့်လိုက်သည်။

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်၏ ရင်ဘတ်နှင့် ညာဘက်ပခုံးပေါ်တွင် ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသော သွားရာ များစွာ ရှိနေသည်။

ထိုမွန်းစတားက အနည်းဆုံး သွားရာပေါင်းများစွာ ရှိပုံရ၏။

"ဒီဒဏ်ရာက ဘယ်လောက်ကြာပြီလဲ"

ထွင်ထျန်းဟာက စပ်စုလိုက်သည်။

"တစ်လခွဲလောက်တော့ ရှိပြီ.. သူတော်စင်ဆရာကြီး နဲ့ ကျွန်တော်က နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ပေမယ့် ဒီဒဏ်ရာကိုတော့ ကျွန်တော်တို့ မကုစားနိုင်ခဲ့ဘူး"

"ကုသလို့မရတဲ့ဒဏ်ရာလား"

အင်မော်တယ်ကျန်းရွမ်က သက်ပြင်းချလိုက်သည်။

ဤအတိုင်းသာဆိုလျှင် ပြဿနာက သူထင်ထားသည်ထက် ပိုရှုပ်ထွေးပြီး လေးနက်မည်မှာ သေချာသည်။

ပကတိအင်မော်တယ် အဆင့်သည် အခြားနယ်ပယ်အဆင့်များနှင့် လုံးဝ ကွာခြားသောကြောင့် ပကတိအင်မော်တယ်များတွင် အလွန်အစွမ်းထက်သော ပြန်လည်ကုသနိုင်ခြင်း စွမ်းရည်ရှိသည်။

ယေဘုယျအားဖြင့် မည်သည့်ဒဏ်ရာ ဖြစ်နေပါစေ၊ အလွန်လျင်မြန်စွာ ပျောက်ကင်းသွားမည် ဖြစ်သည်။

ထွင်ထျန်းဟာလည်း ထိုအချက်ကို သိသည်။

ဒဏ်ရာကို ကုသ၍မရရန် ပြုလုပ်နိုင်သော မှော်ရတနာသို့မဟုတ် မှော်အတတ် အများအပြား ရှိသော်လည်း ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က ဒဏ်ရာကို ကုသရန် နည်းလမ်းမရှိခဲ့ပေ။

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်၏ လက်ရှိနယ်ပယ် အဆင့်အရ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာမှ အနာကျက်ခြင်းကို တားဆီးနိုင်သည့် အရာနှစ်ခုကိုသာ ထွင်ထျန်းဟာ တွေးတောနိုင်ခဲ့သည်။

ထို့အပြင် ထွင်ထျန်းဟာ သိထားသလောက် ဤအရာများသည် လက်ရှိအချိန်တွင် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာမှုကို ထိထိရောက်ရောက် ဟန့်တားနိုင်သည့် အစွမ်းထက်ဆုံး နည်းလမ်းများ ဖြစ်သည်။

ပထမနည်းလမ်းမှာ ငွေရောင်လေး၏ သလိပ် ဖြစ်သည်။

နောက်တစ်နည်းမှာ ဆရာလေးလင်း၏ ကမ္ဘာဦးချီ ဖြစ်၏။

သို့သော် ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်၏ ဒဏ်ရာသည် ငွေရောင်လေးနှင့် ဆရာလေးလင်းကြောင့် မဟုတ်သည်မှာ ထင်ရှားသည်။

ထွင်ထျန်းဟာက ရုတ်တရက် စိတ်ဝင်စားသွားသည်။

"မွန်းစတားကောင် ဘယ်မှာလဲ.. ငါ့ကို ကြည့်ခွင့်ပေးပါ"

သူ့တွင် ကိုယ်ပိုင် ထင်မြင်ယူဆချက် ရှိထားပြီ ဖြစ်သော်လည်း မည်သည့်အချက်ကိုမျှ ပေါ့ပေါ့ဆဆ မပြုလုပ်ဝံ့ပေ။

မည်သို့ပင်ဖြစ်စေ အတည်ပြုဖို့ အတွက် ဦးစွာ​တွေ့မြင်​ဖို့ လိုအပ်​သည်။

ကျန်းရွမ်လည်း သတိထားမိလောက်ပြီဟု ထွင်ထျန်းဟာ ထင်ခဲ့သည်။

….................

နောက်တခဏတွင် ရွှမ်းဝူယွဲ့က လက်ခုပ်တီးလိုက်ရာ အလွန်လှပသော်လည်း အေးတိအေးစက် အမူအရာရှိသည့် ရုပ်သေးရုပ်နှစ်ကောင်က ပင်မခန်းမထဲသို့ ခရစ်စတယ် တိုင်ကီတစ်လုံးကို ဂရုတစိုက် သယ်ဆောင်လာခဲ့သည်။

တိုင်ကီက အလွန်ကြီးမားခြင်း မရှိသည့်အပြင် ၎င်း၏ အပေါက်အကျယ်သည် အချင်းနှစ်မီတာသာ ရှိ၏။

သို့သော်လည်း အလေးချိန် တန်ချိန်တစ်သောင်း ရှိသည်။

အပေါ်ပိုင်းကို ထူထဲသော အလွှာဖြင့် စည်းခတ်ထားခဲ့သည်။

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် နှင့် ရွှမ်းဝူယွဲ့ တို့က မွန်းစတားကို သတ်ပြီးနောက်တွင် ဤခရစ်စတယ် တိုင်ကီထဲသို့ ပစ်ချကာ တံဆိပ်ခတ်ထားခဲ့သည်။

"ဒီတိုင်ကီက ပထမမျိုးဆက် နတ်ဆိုးသူတော်စင်ရဲ့ ရေစိမ်တဲ့ဇလားပါ.. တိုင်ကီကို အလွန်ထူးခြားတဲ့ ပစ္စည်းနဲ့ ပြုလုပ်ထားပါတယ်.. အဲဲဒီအချိန်က မွန်းစတားရဲ့ခန္ဓာကိုယ်ကို သိမ်းဆည်းဖို့ အတွက် သူတော်စင်နန်းတော်ထဲမှ ရှာဖွေခဲ့ပေမဲ့ ဒီတိုင်ကီထက် ပိုသင့်လျော်တဲ့ မှော်ရတနာတစ်ခုကို ရှာမတွေ့ခဲ့ဘူး"

ရွမ်းဝူယွဲ့က ပြောလိုက်သည်။

တစ်လခွဲခန့် ရှိနေပြီ ဖြစ်သော်လည်း မွန်းစတား၏ အသွင်အပြင်ကို ပြန်သတိရမိလျှင် ရွှမ်းဝူယွဲ့က အနည်းငယ် ကြောက်ရွံ့တုန်လှုပ်နေသေး၏။

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က ထိုအချိန်ကအဖြစ်အပျက်ကို ပြောပြလိုက်သည်။

"အဲဒီအချိန်က သူတော်စင်ဆရာကြီးနဲ့ ငါက ပုံမှန်မဟုတ်တဲ့ အာကာပြင် အပေါက်အပြဲ တစ်ခုကို သတိထားမိခဲ့တယ်.. ဒီအာကာပြင် အပေါက်အပြဲကို ပြုပြင်ဖို့ မှော်အတတ်ကို အသုံးပြုခဲ့တယ်.. ဒါပေမယ့် အပေါက်အပြဲထဲကနေ မွန်းစတား တစ်ကောင်က အမှန်တကယ် ခုန်ထွက်လာလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ"

"ဒီမွန်းစတားကို ဘယ်လိုလုပ်ပြီး သတ်လိုက်လဲ"

မွန်းစတား၏ ခန္ဓာကိုယ်ကို မမြင်မီ ကျန်းရွမ်က မေးခွန်းအားလုံးကို ဦးစွာ ရှင်းလင်းရန် စီစဉ်ခဲ့သည်။

"အဲဒီတုန်းက မွန်းစတားက ငါ့ကို တိုက်ခိုက်ပြီး ဒဏ်ရာရစေခဲ့တယ်.. သူတော်စင်ဆရာကြီးနဲ့ ငါက အတူတွဲပြီး တိုက်ခိုက်ကြပေမဲ့ ဒီမွန်းစတားက ကိုင်တွယ်ရ အရမ်းခက်တယ်"

"နောက်ဆုံးတော့ ငါက သူတော်စင်ဆရာကြီးနဲ့ အတူ မွန်းစတားကို ဖယ်ရှားပေးဖို့ သူတော်စင်ကျောက်တိုင်ကို တောင်းဆိုခဲ့ရတယ်"

ထိုအချိန်တွင် ရွှမ်းဝူယွဲ့က သက်ပြင်းတစ်ချက်ချကာ ဝင်ပြောလိုက်သည်။

"အမှန်တကယ်တော့ သူတော်စင်ကျောက်တိုင်ကို တောင်းဆိုတာက နတ်ဆိုးသူတော်စင်ရဲ့ သက်တမ်းကို လျော့ကျစေတယ်.. ဒါ့အပြင် နတ်ဆိုးသူတော်စင် တစ်ဦးစီက ဒီနည်းလမ်းကို အများဆုံး သုံးကြိမ်ပဲ အသုံးပြုနိုင်တယ်"

ထွင်ထျန်းဟာ နှင့် ကျန်းရွမ် တို့က ခေါင်းညိတ်လိုက်ကြသည်။

လူနှင့်ခွေးက အကျိုးဆက်များကို ခန့်မှန်းနိုင်နေပြီ ဖြစ်သည်။

အကယ်၍ ဤမွန်းစတားသည် ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် ပြောခဲ့သည့်အတိုင်း အမှန်တကယ် ကြောက်စရာကောင်းလျှင် နတ်ဆိုးကမ္ဘာနှင့် လူသား ကမ္ဘာနှစ်ခုလုံးသည် ယခုအခါတွင် ကမ္ဘာခြားဂိတ်တံခါး နှင့် ချိတ်ဆက်ထားသောကြောင့် ဤကိစ္စကို အမှန်တကယ် အာရုံစိုက်သင့်ပေသည်။

အကယ်၍ မွန်းစတားကောင် ထွက်ပေါ်လာသော အာကာပြင်အပေါက်အပြဲသည် နတ်ဆိုးလောကတွင် ပေါ်လာနိုင်လျှင်လူ့လောကတွင်လည်း ပေါ်လာနိုင်သည် မဟုတ်ပါလော။

"အရင်ဆုံး မွန်းစတားကို ကြည့်ရအောင်"

ထွင်ထျန်းဟာက မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။

ရွှမ်းဝူယွဲ့က ခေါင်းညိတ်ပြလိုက်ပြီး တိုင်ကီ အပြင်ဘက်ရှိ စည်းတံဆိပ်ကို ဖြုတ်လိုက်သည်။

ထွင်ထျန်းဟာက ကျန်းရွမ် နှင့်အတူ တိုင်ကီထဲသို့ လှမ်းကြည့်လိုက်သည်။

အတွင်းဘက်တွင် အစွယ်များ အပြည့်ရှိသော တစ်မီတာရှည်သည့် အနက်ရောင် ငါးတစ်ကောင်ကို တွေ့လိုက်ရသည်။

"ငါးခူများလား"

ထွင်ထျန်းဟာက စိတ်ထဲကနေ ရေရွတ်လိုက်သည်။

ထိုအချိန်တွင် ကျန်းရွမ် ထံမှ အံ့အားသင့်စွာ ရေရွတ်သံကိုကြားလိုက်ရသည်။

"ခွန်လား.. လခွမ်း ဒီအစွယ်ပေါင်း များစွာနဲ့ ခွန်က ဘယ်လို မျက်စိလည်ပြီး ရောက်လာရတာလဲ"

ထွင်ထျန်းဟာ"............."

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် "............"

ရွှမ်းဝူယွဲ့ "................"

အပိုင်း(၆၀၉) ပြီး၏

All Chapters