← Chapters

ဒီနေ့ကစပြီးခွေးချစ်သူဖြစ်လာတော့မယ်

Vol. 41 Ch. 610

ဒီနေ့ကစပြီးခွေးချစ်သူဖြစ်လာတော့မယ်

Vol. 41 Ch. 610

အစွယ်အများအပြား ရှိသည့် ဤခွန်ကောင်ကို ကြည့်ရသည်မှာ ကလေးအရွယ်သာ ရှိသေးသည်။

သို့သော် ထိုအရွယ်ကပင် အလွန်သေစေနိုင်လောက်အောင်အစွမ်းထက်နေခဲ့ပြီဖြစ်သည်။

၎င်းသည် အမှန်တကယ်ပင် အာကာပြင်ထဲမှ ခုန်ထွက်ကာ နတ်ဆိုးသူတော်စင်ကို ဒဏ်ရာရစေခဲ့သည်။

၎င်းအား သတ်ရန်အတွက် နတ်ဆိုးသူတော်စင်နှင့် သူတော်စင် ဆရာကြီးက သူတော်စင်ကျောက်တိုင်၏ စွမ်းအားကို အသုံးပြုခဲ့ရသည်။

ဤဖြစ်ရပ်က အနည်းငယ် မဖြစ်နိုင်ဟု ထင်ရသော်လည်း အမှန်တရားပင်။

"စီနီယာ ကျန်းရွမ်က ဒီသတ္တဝါကို ခွန်လို့ ပြောလိုက်တာလား"

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် နှင့် ရွှမ်းဝူယွဲ့တို့ နှစ်ယောက်စလုံး ထိတ်လန့် တုန်လှုပ်သွားကြသည်။

ခွန်က သမိုင်းမစတင်မီကပင် မျိုးသုဉ်းသွားသော သတ္တဝါဖြစ်သောကြောင့် ၎င်းတို့ ယခင်က မမြင်ဖူးကြပေ။

ကာလများစွာ ကြာပြီးနောက်တွင် ခွန်များက အရိုးစုများပင် မကျန်ဘဲ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်မှစ၍ ဤသမိုင်းမစတင်မီ သတ္တဝါများ(ဝါ) ကမ္ဘာဦးသားရဲများ မျိုးသုဉ်းသွားပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ထိုအချိန်က "ခွန်"သာမက "ချီလင်" "ဖီးနစ်" "နဂါး"စသည့်အခြားသော သမိုင်းမတင်မီက သတ္တဝါအားလုံး ပျောက်ကွယ်သွားခဲ့သည်။

သို့သော် နှိုင်းယှဉ်ကြည့်လျှင် ခွန်သည် အစောဆုံးမျိုးသုန်းသော သတ္တဝါဖြစ်သည်။

အစွယ်ပေါင်း များစွာရှိသော ခွန်သည် ကမ္ဘာဦးသားရဲများ အနက် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုကို ပြင်းထန်စွာ ပြုလုပ်နိုင်သောကြောင့် လူသိများသည်။

ထို့အပြင် ဤကမ္ဘာဦးသားရဲ၏ အထူးခြားဆုံးသော အင်္ဂါရပ်များထဲမှ တစ်ခုမှာ ၎င်း၏ ခန္ဓာကိုယ်အတွင်း၌ အလွန်ကွဲပြားသော စွမ်းအင်ရင်းမြစ် တစ်ခု ရှိနေခြင်းပင်။

ထိုစွမ်းအင်ရင်းမြစ် ထဲတွင် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ ပြောင်းလဲနိုင်သော စွမ်းအင် အရင်းအမြစ်များ ပါဝင်သည်။

စည်းတံဆိပ်ကို ဖယ်ရှားပြီးနောက်​တွင် ကျန်းရွမ်က အင်မော်တယ် မျက်လုံးကို ဖွင့်လိုက်သည်ကို ထွင်ထျန်းဟာ မြင်လိုက်ရသည်။

ကျန်းရွမ်က အစွယ်ပေါင်းများစွာရှိသော ခွန်ကို စစ်ဆေးရန် အလောတကြီး ဖြစ်နေခဲ့သည်။

ပုံမှန်မဟုတ်သော အာကာပြင် အပေါက်အပြဲများ မရှိသော်လည်း သမိုင်းမတင်မီကပင် ပေါ်ပေါက်ခဲ့သည့် အစွယ်ပေါင်းများစွာရှိသည့် သတ္တဝါတစ်ကောင် ပြန်ပေါ်လာသည်ကပင် စိတ်လှုပ်ရှားဖွယ် ကောင်းနေပြီ ဖြစ်သည်။

"ဒါက ခွန်တစ်ကောင် ဖြစ်ပေမဲ့ ကလေးအရွယ်ပဲ ရှိသေးတယ်"

အင်မော်တယ်ကျန်းရွမ်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။

သူက "မွေးဖွားလာသည်"ဟူသော အချက်ကို မီးမောင်းထိုးပြရန် "ကလေး" ဟူသော စကားလုံးကို အလေးပေး ဖော်ပြခဲ့သည်။

ဆိုရလျှင် ကမ္ဘာဦးသားရဲများသည် စကြာဝဠာ၏ တစ်ထောင့်တစ်နေရာတွင် အိမ်အသစ် တစ်ခု တည်ထောင်နိုင်ခဲ့ခြင်း ဖြစ်နိုင်သည်။

အမှန်တရားက မည်သို့ပင်ဖြစ်စေ၊ အစွယ်ပေါင်းများစွာ ရှိသည့် ခွန်၏ အသွင်အပြင်က ကြီးမားသည့် ရှာဖွေတွေ့ရှိမှု တစ်ခုပင်။

ထိုအတွေးဖြင့် ကျန်းရွမ်က ထွင်ထျန်းဟာကို ကြည့်လိုက်သည်။

"စီနီယာခွေး.. စီနီယာလည်း ဒါကို သတိထားမိတယ် မဟုတ်လား"

ကျန်းရွမ်က ခွန်၏ စွမ်းအင်ရင်းမြစ်ကို ရည်ညွှန်းနေကြောင်း ထွင်ထျန်းဟာ သိသည်။

ဤနေရာတွင် သူ့ထက် ထိုစွမ်းအင်ရင်းမြစ်နှင့် ပိုမိုရင်းနှီးသူ.မရှိသည်မှာသေချာသည်။

အကြောင်းရင်းမှာ စွမ်းအင်ရင်းမြစ်သည် ဆရာလေးလင်း၏ ကမ္ဘာဦးချီနှင့် အတူတူပင် ဖြစ်သောကြောင့်ပင်။

၎င်းသည် ခွန်၏ တိုက်ခိုက်မှုမှ နတ်ဆိုးသူတော်စင်၏ ဒဏ်ရာ ယခုအချိန်အထိ မသက်သာရသည့် အဓိက အကြောင်းရင်းလည်းဖြစ်သည်။

ကမ္ဘာဦးချီက အလွန် သေစေနိုင်သော အစွမ်း ရှိ၏။

ဆဲလ်များကို ပြုပြင်ရန် နတ်ဆိုးစွမ်းအင် သို့မဟုတ် ဝိညာဉ်စွမ်းအင် သက်သက် အားကိုးရုံဖြင့် လုံလောက်မည် မဟုတ်ပေ။

ကျင့်ကြံသူသည် အင်မော်တယ် အရှင်မြတ် အဆင့်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ကမ္ဘာဦးချီကို အသက်သွင်းနိုင်မည်ဖြစ်သည်။

သို့သော် ဤစွမ်းအင်အရင်းအမြစ်သည် အင်မော်တယ်အရှင်မြတ်၏ ခန္ဓာကိုယ်အတွင်း သိုလှောင်နိုင်သည့် စွမ်းအင် အကန့်အသတ်ရှိသည်။

ထွင်ထျန်းဟာက ခွန်၏ ခန္ဓာကိုယ်ကို သေသေချာချာ အနံ့ခံကြည့်လိုက်သည်။

သူ့ကိုယ်ထဲမှာ တခြားအနံ့တွေ ရှိနေတယ်လို့ ခံစားရတယ်...

ထွင်ထျန်းဟာက ကျန်းရွမ်ကို လှန်ဖို့ ညွှန်ကြားခဲ့ပြီးနောက် သူတို့က ခွန်၏ ဗိုက်ပေါ်ကို ချက်ချင်း စိုက်ကြည့်ခဲ့ကြသည်။

"အထဲမှာ တစ်ခုခုရှိနေတယ်.."

အင်မော်တယ်ကျန်းရွမ်က သူ၏ အင်မော်တယ်မျက်လုံးဖြင့်အကဲခတ်လိုက်သည်။

"တကယ်ပဲ တစ်ခုခုတော့ ရှိတယ်.. စီနီယာခွေးက မျှော်လင့်ထားတဲ့ အတိုင်းပဲ.. တကယ်ကို အံသြစရာကောင်းတယ်"

တကယ်တမ်းတွင် ထွင်ထျန်းဟာက ဘာမှ မမြင်ပေ။

တစ်ခုခု ရှိနေသည်ဟု ခံစားရသည့် အကြောင်းရင်းမှာ သူ၏ အနံ့ခံအာရုံနဲ့ ထိုးထွင်းသိမြင်မှု သက်သက်ကြောင့်သာ ဖြစ်သည်။

"အဲဒါက ဘာများလဲ"

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က မေးလိုက်သည်။

ယခင်က သူနှင့် ရွှမ်းဝူယွဲ့ တို့သည် အစွယ်ပေါင်းများစွာ ရှိသော ခွန်၏ ခန္ဓာကိုယ်အတွင်းပိုင်းကို အကြိမ်ကြိမ် စစ်ဆေးခဲ့သော်လည်း ဘာထူးခြားချက်မှ မတွေ့ခဲ့ရပေ။

"ကိုယ်ထဲမှာ ကြိုးတစ်ချောင်းရှိတယ်.. ဝမ်းဗိုက်အောက် သုံးလက်မနားမှာ"

အင်မော်တယ်ကျန်းရွမ်က ပြောလိုက်သည်။

"ကြိုးလား"

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်နှင့် ရွှမ်းဝူယွဲ့ တို့က ဂရုတစိုက် အကဲခတ် ကြည့်ရှုရန် ၎င်းတို့၏ ကိုယ်ပိုင် စွမ်းအားများကို စတင် အသုံးပြုခဲ့ကြသည်။

သူတို့၏ စွမ်းအားများက ကျန်းရွမ်လောက် မပြင်းထန်သော်လည်း လွင့်မျောနေသည့် "ကြိုးတစ်ချောင်း" ကို တွေ့လိုက်ရသည်။

နူးညံ့ ပါးလွှာပြီး အလင်းဖောက်ဝင်နိုင်သော ထိုကြိုးသည် ပြတ်တောက်နေခဲ့ပြီ ဖြစ်သည်။

ဂရုတစိုက် စစ်ဆေးခြင်းမရှိလျှင် လုံးဝ သတိထားမိမည် မဟုတ်ပေ။

ထွင်ထျန်းဟာ စောစောက ရခဲ့သည့် ရနံ့သည် ဤ "ကြိုး" မှဖြစ်သည်။

"စီနီယာခွေး.. မင်းမှာ အကြံအစည်ရှိလား"

လူတိုင်းက ဤကြိုးကို စိုက်ကြည့်ရင်း လေးနက်သော အတွေးများ ပျောက်ဆုံးကုန်ကြသည်။

ထွင်ထျန်းဟာက အမှန်တကယ် ကြောက်စရာကောင်းသည့် အရာတစ်ခုကို ရုတ်တရက် တွေးမိခဲ့သည်။

"ဒီကြိုးက ငါးမျှားကြိုး ဖြစ်နိုင်မလား"

ဤယူဆချက်ကြောင့် လူတိုင်း၏ အမူအရာများက သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။

"ငါးမျှားကြိုးလား"

"တစ်စုံတစ်ယောက်က အာကာပြင်ထဲမှာ ငါးဖမ်းဖို့ ငါးမျှားကြိုးမှာ ငါးစာအဖြစ် ခွန်ကို တမင် အသုံးပြုထားတယ်လို့ ပြောချင်တာလား"

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က ပြောလိုက်သည်။

ဤသည်က ထင်ကြေးပေးရုံသာ ဖြစ်ပြီး အခုအချိန်အထိ တိကျသော အထောက်အထား မရှိသေးပေ။

အကယ်၍ ဤအရာသာ အမှန်တကယ် ဖြစ်ခဲ့လျှင် ၎င်းသည် ငါးဖမ်းရုံမျှဖြင့် မရိုးရှင်းပေ။

ထိုအစား တစ်စုံတစ်ယောက်သည် ဤနည်းကို အသုံးပြု၍ လူသတ်နိုင်ပေသည်။

ယခု အဓိကပြဿနာမှာ “ငါးဖမ်းသမား” ၏ ဝိသေသလက္ခဏာနှင့် ရည်ရွယ်ချက် ဖြစ်သည်။

[တံငါသည်ဟုမသုံးဘဲ ငါးဖမ်းသမားဟုသာ သုံးနှုန်းပါမည်]

၎င်းက သတင်းအချက်အလက် မရှိသော အမည်မသိရန်သူ ဖြစ်သည်။

"ဒီခွန်က ဘယ်ကလာတာလဲ.. ဘယ်သူက မွေးမြူခဲ့တာလဲ"

ယင်းမှာ လောလောဆယ်တွင် ရှင်းရှင်းလင်းလင်း အဖြေမရှိသော မေးခွန်းများထဲမှ မေးခွန်းတချို့ ဖြစ်သည်။

သို့သော် ခွန်ကို အမှန်တကယ် ငါးစာလုပ်နိုင်သည်ဆိုလျှင် ဤလျှို့ဝှက်ဆန်းကြယ်သော ငါးဖမ်းသမား၏ အထောက်အထားသည် အလွန် ကြောက်စရာကောင်းသည်ဟု ဆိုနိုင်သည်။

ထို့အပြင် ခွန်သည် သမိုင်းမစတင်မီ ကာလတွင် ရုန့်ရင်းသော သားရဲ အမျိုးအစား တစ်ခု ဖြစ်သည်။

ဤ သားရဲကို မွေးမြူထားသူတွင် အခြားသော "မွန်းစတားများ” ရှိမရှိကို ဘုရားသခင်သာ သိပေလိမ့်မည်။

"တကယ်လို့ စီနီယာခွေးသာ ဒီငါးဖမ်းသမားကို ရင်ဆိုင်ရရင် အနိုင်ရနိုင်ခြေ ဘယ်လောက်ရှိလဲ"

အင်မော်တယ်ကျန်းရွမ်က မေးလိုက်သည်။

ထွင်ထျန်းဟာ "ငါအနိုင်ရနိုင်ခြေ များပါတယ်"

ဆရာလေးလင်းက အနီးနားတွင် မရှိသောကြောင့် ထွင်ထျန်းဟာ အရမ်းကာရော အာမချောင်ရဲပေ။

"စီနီယာခွေးကတော့ အမှန်တကယ် အနိုင်ရနိုင်ပါတယ်.. ကျနော်နဲ့ သူတော်စင်ဆရာကြီးမှာတော့ လုံးဝ အခွင့်အရေး မရှိဘူး"

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က စိတ်ဓာတ်ကျစွာ ညီးညူလိုက်သည်။

ထွင်ထျန်းဟာ"............"

"သူတော်စင်ဆရာကြီး နဲ့ ကျွန်တော်က လူသားကမ္ဘာနဲ့ နတ်ဆိုးကမ္ဘာ လက်တွဲပြီး ဒီအမည်မသိ ပြိုင်ဘက်ကို ကိုင်တွယ်ဖြေရှင်းဖို့ အရင်က တွေးခဲ့ဖူးတယ်.. အခုလို စီနီယာခွေးက တစ်ယောက်ထဲ ရင်ဆိုင်နိုင်တယ် ဆိုတော့ အရမ်းကောင်းတာပေါ့"

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က အလွန် စိတ်လှုပ်ရှားနေသည်။

"ဒီနေ့ကစပြီး ငါ ခွေးချစ်သူ တစ်ယောက် ဖြစ်လာဖို့ ဆုံးဖြတ်လိုက်ပြီ"

ထွင်ထျန်းဟာ "............."

ကျန်းရွမ် "ဟမ့်.. စီနီယာခွေးသာ ဆန္ဒရှိရင် တစ်ဖက်လူကို ဆုံးမဖို့က လက်ချောင်းတွေကို အသာအယာ လှုပ်ရှားဖို့ပဲ လိုတယ်"

ထွင်ထျန်းဟာ".........."

{အသာလုပ်ပါဟ.. ငါက ယမမင်း မဟုတ်ဘူးလေ}

အပိုင်း(၆၁၀) ပြီး၏

All Chapters