← Chapters

သူတော်စင် ကျောက်တိုင်ရဲ့လျှို့ဝှက်ချက်

Vol. 41 Ch. 611

သူတော်စင် ကျောက်တိုင်ရဲ့လျှို့ဝှက်ချက်

Vol. 41 Ch. 611

ကိစ္စများက သူ၏ ထိန်းချုပ်မှုမှ ရုန်းထွက်ရန် စတင်နေပြီဟု ထွင်ထျန်းဟာ သဘောပေါက်လာသည်။

အကယ်၍ သူက နောက်ပိုင်းတွင် ထပ်မံ တည်နေရာရွှေ့ပြောင်းခဲ့လျှင် သူ၏ အထောက်အထားက သေချာပေါက်ပေါ်သွားနိုင်ပေသည်။

ထွင်ထျန်းဟာက စိတ်နှလုံးထဲတွင် ငိုချင်သော်လည်း မျက်ရည်မကျခဲ့ပေ။

အစောပိုင်းကသာ ကြိုသိခဲ့လျှင် သူက ဤနေရာကို ရောက်လာမည် မဟုတ်ပေ။

ထွင်ထျန်းဟာက စိတ်ရှုပ်ထွေးနေသော အမူအရာကို ကြည့်၍ ဤရန်သူက ကိုင်တွယ်ရ အလွန်ခက်ခဲနိုင်သည်ဟု ကျန်းရွမ်ခန့်မှန်းမိသည်။

ဤသည်မှာ စီနီယာခွေး ဖြစ်သည်။

စီနီယာခွေးပင် မျက်မှောင်ကြုတ်သွားအောင် လုပ်နိုင်သည့် ဤရန်သူက မည်မျှပင် အစွမ်းထက်နေပါသနည်း။

မျက်မှောင်ကြုတ်ထားသည့် စီနီယာခွေးကိုမြင်လျှင် ဤသည်က ရိုးရှင်းသည့်ကိစ္စ မဟုတ်မှန်း ကျန်းရွမ် ကောင်းစွာသိနေသည်။

“ဒီကောင်က ဘယ်နေရာမှာရှိနိုင်မလဲ”

ကျန်းရွမ်က ရွှမ်းဝူယွဲ့ကို ကြည့်ကာ မေးလိုက်သည်။

ရွှမ်းဝူယွဲ့၏ အာရုံခံစွမ်းအားက အလွန်အားကောင်းပြီး သာမန် ကျင့်ကြံသူများနှင့် နတ်ဆိုးသူတော်စင် ထက်ပင် သာလွန်ကြောင်း သူသိသည်။

၎င်းက ရွှမ်းဝူယွဲ့၏ အားသာချက်များထဲမှ တစ်ခု ဖြစ်သည်။

သူက အာရုံခံစွမ်းအားနှင့် အတွက်အချက်ပိုင်း တို့တွင် ကျွမ်းကျင်သည်။

သို့သော် ဤခွန်၏ ဇစ်မြစ်ကို စုံစမ်းသည့်ကိစ္စက ရှန်းဝူယွဲ့အတွက်ပင် ခက်ခဲကြောင်း သူရှင်းရှင်းလင်းလင်း သိသည်။

“သူတော်စင်ကျောက်တိုင်ရဲ့ စွမ်းအားကြောင့် ဒီခွန်က အစွယ်ပေါင်းများစွာ ပျက်စီးသွားခဲ့တယ်.. ဒါကြောင့် ရလဒ်တစ်ခု ရဖို့အတွက် နောက်ထက် ၃ရက်ကနေ ၅ရက် အထိတော့ ကြာမြင့်လိမ့်မယ်.. ရှာဖွေရမယ့် ဧရိယာကတော့ အလွန်ကျယ်ပြန့်နေတဲ့ အတွက် ကျွန်တော့်ရဲ့ အာရုံခံစွမ်းအားနဲ့ တိကျတဲ့ တည်နေရာကိုတော့ စုံစမ်းလို့ရမှာ မဟုတ်ဘူး.. အကြမ်းဖျင်း သိရသလောက်တော့ အဲဒီနေရာက နဂါးငွေ့တန်းရဲ့ အပြင်ဘက်မှာ ရှိတယ်”

“နဂါးငွေ့တန်းရဲ့ အပြင်ဘက်မှာလား”

ကျန်းရွမ်က မျက်မှောင်ကြုတ်၍ မေးစေ့ကိုလက်ဖြင့် ပွတ်သပ်လိုက်သည်။

တည်နေရာကို အကြမ်းဖျင်း သိရသော်လည်း သိပ်တော့အကျိုးမရှိလှပေ။

အကြောင်းရင်းမှာ နဂါးငွေ့တန်း၏ အပြင်ဘက် အစိတ်အပိုင်းလေး တစ်ခုတွင်ပင် ကွဲပြားသော ဂြိုဟ်ပေါင်း သန်းနှင့်ချီ၍ ရှိနေသောကြောင့် ဖြစ်သည်။

ရွှမ်းဝူယွဲ့ကြောင့် ရှာဖွေရမည့် ဧရိယာက ကျဉ်းမြောင်းသွားသော်လည်း ဤသည်က ကောက်ရိုးပုံထဲမှ အပ်တစ်ချောင်းကို ရှာနေသလိုသာ ဖြစ်နေသည် မဟုတ်ပါလော။

ဆိုရလျှင် နဂါးငွေ့တန်း ဂလက်ဆီ၏ အပြင်ဘက်သည် အန္တရာယ် အလွန်ကြီးမားလွန်းသည်။

ပကတိအင်မော်တယ် အဆင့်တွင် နဂါးငွေ့တန်း ဂလက်ဆီအပြင်ဘက်သို့ သွားရောက်နိုင်စွမ်း ရှိသော်လည်း မည်သည့်ပကတိအင်မော်တယ်မျှ ဝေးဝေး မသွားရဲကြပေ။

ကျန်းရွမ်ပင်လျှင် နဂါးငွေ့တန်းဂလက်ဆီ အပြင်ဘက်၌ နှစ်ပေါင်းတစ်ထောင် ကြာအောင် လှည့်ပတ်သွားလာခဲ့သော်လည်း ထိုဧရိယာ အကျယ်အဝန်း၏ ဆယ်ပုံတစ်ပုံမျှကိုပင် မစူးစမ်းခဲ့ပေ။

ဝိညာဉ်စွမ်းအင် ချို့တဲ့သည့် နေရာများတွင် ပကတိအင်မော်တယ် တစ်ယောက်သည် နှစ်ပေါင်းတစ်ထောင် မဆိုထားနှင့် အနှစ်ရာဂဏန်းမျှပင် တောင့်ခံနိုင်မည် မဟုတ်ပေ။

အကယ်၍ သင်က စကြဝဠာလုံခြုံရေး အာမခံကို ဝယ်ယူထားသည့်တိုင် နဂါးငွေ့တန်း ဂလက်ဆီ၏ အပြင်ဘက်ကို ရောက်လျှင် သေခြင်းတရားကို အာမမခံနိုင်ပေ။

သင်၏ ခန္ဓာကိုယ်သည် စကြဝဠာအပြင်သို့ ရောက်သည်နှင့် ဖုန်မှုန့်များအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုကိစ္စသည် သူကိုင်တွယ် ဖြေရှင်းနိုင်သော အရာမဟုတ်ကြောင်း ထွင်ထျန်းဟာ ကောင်းစွာသိသည်။

ဤကဲ့သို့သော ကိစ္စသည် ဆရာလေးလင်းသာ ကိုင်တွယ်နိုင်သောကိစ္စမျိုး ဖြစ်သည်ဟု သူခံစားမိခဲ့သည်။

ယခုကိစ္စကို အလေးအနက် မထားခဲ့လျှင် နောင်တွင်ကြီးမားသော ကပ်ဘေးကြီးဆီသို့ ဦးတည်သွားလိမ့်မည် ဖြစ်သည်။

သမိုင်းမစတင်မီက မျိုးသုန်း ပျောက်ကွယ်သွားခဲ့သော သားရဲတိရိစ္ဆာန် အမြောက်အမြားကို မွေးမြူထားနိုင်ဖွယ် ရှိသော ငါးဖမ်းသမား..

၎င်းတို့က လောလောဆယ်တွင် ဤငါးဖမ်းသမား၏ ကိုယ်ရေးကိုယ်တာ အစစ်အမှန်ကို မသိကြသေးပေ။

သို့ရာတွင် ဤငါးဖမ်းသမားသည် လူဖြစ်စေ နတ်ဆိုးဖြစ်စေ၊ နဂါးငွေ့တန်းဂလက်ဆီ အပြင်ဘက်ရှိ ဂြိုဟ်သား တစ်ကောင်ဖြစ်စေ ဆက်ဆံရလွယ်ကူမည် မဟုတ်ကြောင်း ထင်ရှားသည်။

အဘယ်ကြောင့်ဆိုသော် သမိုင်းမစတင်မီက သားရဲများသည် ၎င်းတို့၏ အဓိကစွမ်းအင် အရင်းအမြစ် အဖြစ် ကမ္ဘာဦးချီကို အသုံးပြုခဲ့ကြသောကြောင့် ဖြစ်သည်။

ဤအရာတစ်ခုတည်းကပင် သားရဲများ အနေဖြင့် လူသားကမ္ဘာရှိ ကျင့်ကြံသူ အများစုကို ဝါးပြီး ထွေးထုတ်ရန် လုံလောက်ပေသည်။

အဆုံးသတ်တွင် ဆရာလေးလင်း၏ ပါးရိုက်ချက်တွင် ကမ္ဘာဦးချီ အနည်းငယ်သာ ပါဝင်သော်လည်း မိစ္ဆာဓားနတ်ဘုရားသည် သူ့အမေပင် သူ့ကို မမှတ်မိနိုင်လောက်သည် အထိ ဆိုးဆိုးရွားရွား အရိုက်ခံခဲ့ရသည် မဟုတ်ပါလား။

သမိုင်းမစတင်မီခေတ်က သားရဲများသည် ၎င်းတို့၏ အဓိကစွမ်းအင် အရင်းအမြစ် အဖြစ် ကမ္ဘာဦးချီအား အသုံးပြုခဲ့ကြသည်ကို မြင်ယောင်မိလျှင် ၎င်းတို့သည် မည်မျှ သေစေနိုင်စွမ်းရှိမည်ကို တွေးကြည့်နိုင်ပေသည်။

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်နှင့် ရှန်းဝူယွဲ့တို့ကမူ ဤသမိုင်းမတင်မီခေတ်က သားရဲများကို မွန်းစတားဟု ခေါ်ဆိုကြသည်။

“စီနီယာခွေး.. သေချာရဲ့လား”

ရှန်းဝူယွဲ့က ထွင်ထျန်းဟာကို ကြည့်ရင်း မေးလိုက်သည်။

ထွင်ထျန်းဟာက လေးနက်စွာ တွေးတောပြီးသော အမူအရာဖြင့် ခေါင်းငြိမ့်လိုက်သည်။

“အင်း.. ငါးဖမ်းသမားကိုရှာဖို့ နည်းလမ်းကို ငါစဉ်းစားမယ်.. ဒါပေမဲ့ ငါပြန်ပြီး အချက်အလက်တချို့ကို ရှာကြည့်ရဦးမယ်”

[ဒီကိစ္စကို ဆရာလေးလင်းကိုပဲ အရင်မေးကြည့်ရမယ်]

“ဒါဆိုလည်း ကောင်းပါပြီ”

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်နှင့် ရွှမ်းဝူယွဲ့က ခေါင်းငြိမ့်လိုက်သည်။

စီနီယာခွေး အနေဖြင့် အဆင့် ၁၃ မှော်စွမ်းရည်အား ထုတ်သုံးသည်ကို မမြင်ဖူးသော်လည်း အင်မော်တယ်ကျန်းရွမ်ကိုယ်တိုင် အသိအမှတ်ပြုခံထားရသော ဆရာကြီး ဖြစ်သောကြောင့် ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်နှင့် ရွှမ်းဝူယွဲ့တို့က ထွင်ထျန်းဟာကို ယုံကြည်နေကြသည်။

သို့သော် ငါးဖမ်းသမား၏ ရည်ရွယ်ချက်က ဘာမှန်းမသိသေးသောကြောင့် ကိစ္စက မပြီးပြတ်သေးပေ။

သမိုင်းမစတင်မီက သားရဲတစ်ကောင်ကို လွှတ်လိုက်ခြင်းမှာ အမဲလိုက်ခြင်း၏ တစ်စိတ်တစ်ပိုင်းလော သို့မဟုတ်ကျူးကျော်မှု မလုပ်ခင် ကင်းထောက် စစ်ဆင်ရေး တစ်ခုလော သူတို့မသိနိုင်ကြပေ။

ဤကဲ့သို့ အမည်မသိရန်သူနှင့် ရင်ဆိုင်ရခြင်းသည် အလွန်အန္တရာယ်များလှသည်။

အကယ်၍သာ ဤလျှို့ဝှက်ဆန်းကြယ်သော ငါးဖမ်းသမားသည် သမိုင်းမစတင်မီက သားရဲအများအပြားကိုခေါ်ဆောင်၍ ကျူးကျော်ခဲ့လျှင် နတ်ဆိုးကမ္ဘာနှင့် လူသားကမ္ဘာနှစ်ခုစလုံးက လွတ်မြောက်နိုင်မည်မဟုတ်ပေ။

အချိန်တန်သောအခါတွင် ကြီးမားသော ကပ်ဘေးကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ဤအခြေအနေတွင် ထွင်ထျန်းဟာသည် အချိန်ဆွဲရန် အကြောင်းပြချက်ကို ကနဦး ရှာဖွေလိုက်သည်။

သူ၏တွေးခေါ်ပုံမှာ အလွန်ပင်ရိုးရှင်းသည်။

ဆရာလေးလင်း၏ အကူအညီကို ယူရန် ဖြစ်၏။

ယခုအချိန်ထိ ရွှမ်းဝူယွဲ့၏ ဦးခေါင်းက သွေးများ ထွက်နေဆဲဖြစ်သည်။

သို့သော် ရွှမ်းဝူယွဲ့က အလွန်ပင် အေးဆေးတည်ငြိမ်နေသည်။

သူက ဝတ်စုံထဲမှ ရွှေရောင် အဆောင်လက်ဖွဲ့ နှစ်ခုကို ထုတ်ယူပြီး အင်မော်တယ်ကျန်းရွမ်နှင့် ထွင်ထျန်းဟာအား ပေးလိုက်သည်။

“စီနီယာခွေးနဲ့ အင်မော်တယ်ကျန်းရွမ်.. ဒါကသူတော်စင်နန်းတော်ရဲ့ ရွှေရောင်အဆောင်လက်ဖွဲ့ပါ.. သင်တို့အနေနဲ့ ကိစ္စတစ်ခုခုရှိရင် ဒီရွှေရောင် အဆောင်လက်ဖွဲ့ကို အသုံးပြုပြီး အချိန်မရွေး ဒီကိုလာနိုင်ပါတယ်.. ဒီအဆောင်လက်ဖွဲ့ကို ဆက်သွယ်ဖို့ အတွက်လည်း အသုံးပြုနိုင်တယ်.. ကျွန်တော့်ဘက်ကလည်း သဲလွန်စတွေ ရှာတွေ့ခဲ့ရင် စီနီယာနှစ်ယောက်ကို ချက်ချင်း အကြောင်းကြားပါ့မယ်”

“ဒါက ဒီလောက်ထိ အသုံးဝင်တယ်လား”

အင်မော်တယ်ကျန်းရွမ်က နတ်ဆိုးသူတော်စင်၏ ရွှေရောင်အဆောင်လက်ဖွဲ့ကို စူးစမ်းစွာ အကဲခက်လိုက်သည်။

ထိုအဆောင်လက်ဖွဲ့ ထဲတွင် သူတော်စင်ကျောက်တိုင်၏ အော်ရာ ပါရှိသည်ကို သူခံစားနိုင်ခဲ့သည်။

“သူတော်စင်ကျောက်တိုင်ရဲ့ စွမ်းအားနဲ့ ပြုလုပ်ခဲ့တာလား”

“အမှန်ပဲ”

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

ဒါ့အပြင် နတ်ဆိုးသူတော်စင်တွေကပဲ ဒီအဆောင်လက်ဖွဲ့ကို ဖန်တီးနိုင်တယ်.. ပြောရရင် ဒီအဆောင်လက်ဖွဲ့က နတ်ဆိုးလောကကို ဝင်ရောက်ခွင့်နဲ့ ညီမျှတယ်.. ဒီအဆောင်လက်ဖွဲ့ ရှိရင် စီနီယာတို့အနေနဲ့ အလိုရှိတိုင်း လာနိုင်မှာဖြစ်တယ်.. စီနီယာတို့သာ လာမယ်ဆိုရင် ဒီအဆောင်လက်ဖွဲ့က သူတော်စင်နန်းတော်ကို တန်းပို့ပေးလိမ့်မယ်.. ဒါက နတ်ဆိုးကမ္ဘာရဲ့ ဘယ်နေရာကို မဆို သွားရောက်ခွင့်ရှိတယ်.. ဒီအဆောင်လက်ဖွဲ့ကိုမြင်ရင် နတ်ဆိုးသူတော်စင်ကို လူကိုယ်တိုင် တွေ့တာနဲ့ အတူတူပဲ.. နတ်ဆိုးဘုရင်တွေနဲ့ နတ်ဆိုးသူတော်စင်တွေ အပါအဝင် နတ်ဆိုးမျိုးနွယ်စုတွေ အားလုံးက ဒီအဆောင်လက်ဖွဲ့ ကိုင်ထားတဲ့သူကို လေးစားရတယ်.. မဟုတ်ရင် မလေးမစား လုပ်မှုနဲ့ အပြစ်ပေးခံရလိမ့်မယ်”

ဤအချက်ကိုပြောပြီးနောက် ဒုတိယမျိုးဆက်နတ်ဆိုးသူတော်စင်က သက်ပြင်းချလိုက်သည်။

“တကယ်တော့ မူလနတ်ဆိုးသူတော်စင်က ဒီရွှေရောင်အဆောင်လက်ဖွဲ့ကို ထုတ်လုပ်ပြီး နိုင်ငံတိုင်းရဲ့ ခေါင်းဆောင်တွေနဲ့ သံတမန်ဆက်ဆံရေး ထူထောင်ဖို့အတွက် လူသားတွေနေတဲ့ ကျင့်ကြံခြင်းကမ္ဘာဆီ နတ်ဆိုးအဖွဲ့ တစ်ဖွဲ့ကို စေလွှတ်ဖို့စီစဉ်ထားခဲ့တယ်.. တကယ်တော့ ငါတို့နတ်ဆိုးကမ္ဘာက လူသားတွေရဲ့ကျင့်ကြံခြင်းကမ္ဘာနဲ့ ငြိမ်းချမ်းတဲ့ ဆက်ဆံရေးကို တည်ဆောက်ချင်ခဲ့တာပဲ.. အဲဒီနေ့တွေ ကတည်းက ပူးပေါင်းနိုင်ခဲ့မယ် ဆိုရင် ဒီနေ့လို ခက်ခဲတဲ့ အခြေအနေတွေမှာ အတူတူလက်တွဲပြီးလုပ်ဆောင်မှာပဲ.. ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက အဲဒီအစီအစဉ်ကို နောက်ပိုင်းမှာ ဖျက်သိမ်းလိုက်ရတယ်”

“ဘာလို့ ဖျက်သိမ်းလိုက်ရတာလဲ”

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် “နတ်ဆိုးကမ္ဘာနဲ့တိုက်ရိုက် ချိတ်ဆက်ထားတဲ့ ကမ္ဘာခြားဂိတ်တံခါးကို နတ်ဆိုးတချို့က ဖန်တီးခဲ့တယ်ဆိုတာ ကြားဖူးတယ်မို့လား”

ထွင်ထျန်းဟာနှင့် ကျန်းရွမ် “………..”

“အဲဒီကမ္ဘာခြားဂိတ်တံခါးက ငါတို့ နတ်ဆိုးကမ္ဘာရဲ့ နေရာလွတ်ဖွဲ့စည်းပုံတွေကို ပျက်စီးစေတယ်.. ဒါ့အပြင် ငါတို့ရဲ့မူလအစီအစဉ်တွေကိုလည်း အနှောင့်အယှက်ပေးတယ်.. ငါတို့ရဲ့သံတမန်အချို့က ငြိမ်းချမ်းရေးအတွက် အပြင်ထွက်ချင်ပေမဲ့လည်း နောက်ဆုံးမှာ ကမ္ဘာခြားဂိတ်တံခါးရဲ့ အရိုက်ခံလိုက်ရတယ်.. သူတို့က ဆိုးဆိုးရွားရွား တုန်လှုပ်ခြောက်ခြားပြီး ပြန်လာခဲ့ရတယ်”

ဒုတိယမျိုးဆက်နတ်ဆိုးသူတော်စင်က ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး နက်ရှိုင်းသော အမုန်းတရားများ ရှိနေပုံရသည်။

ရွှမ်းဝူယွဲ့၏အမူအရာက ထိုထက်ပင် ပို၍ဆိုးရွားသည်။

“ဒီနှစ်တွေအတွင်းမှာ ကျွန်တော် အချက်အလက်တွေ အများကြီး ရှာဖွေခဲ့တယ်.. ဒါပေမဲ့ ကမ္ဘာခြားဂိတ်တံခါးကို ဖန်တီးခဲ့တဲ့သူက ဘယ်သူလဲဆိုတာ ရှာမတွေ့ခဲ့ဘူး.. အဲဒီလူက စီနီယာကျန်းရွမ်လို့ပါ ကောလာဟလတွေ ရှိခဲ့တယ်”

ထိုစကားကြောင့် ကျန်းရွမ်၏ နှုတ်ခမ်းများက လှုပ်ယမ်းသွားသည်။

“အိုး.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ငါက အရမ်းရိုးသားတယ်လေ”

“ဟုတ်ပါတယ်.. စီနီယာကျန်းရွမ်က ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ.. စီနီယာက အရမ်းတော်ပြီး ရိုးသားတဲ့လူပါ”

ထိုစကားကို ပြောပြီးနောက် ရွှမ်းဝူယွဲ့က ပုခုံးတွန့်ပြလိုက်သည်။

“ဒါပေမဲ့ ကျွန်တော်က ဒီဖန်တီးတဲ့လူကို ကျိန်စာတိုက်ပြီးပြီမို့ အရေးမကြီးတော့ပါဘူးလေ”

ကျန်းရွမ် “ကျိန်.. ကျိန်စာလား”

ရှန်းဝူယွဲ့ “ဟုတ်တယ်.. သူ့ကို အတွင်းစိတ်နတ်ဆိုးတွေ နှောင့်ယှက်ဖို့ ကျိန်စာတိုက်ခဲ့တယ်”

ထွင်ထျန်းဟာနှင့် ကျန်းရွမ် “……….”

နတ်ဆိုးသူတော်စင်၏ သူတော်စင်နန်းတော်တွင် စားသောက်ပြီးနောက် ဒုတိယမျိုးဆက် သူတော်စင်နှင့် ရှန်းဝူယွဲ့တို့ နှစ်ဦးစလုံးက ထွင်ထျန်းဟာ နှင့် ကျန်းရွမ်တို့ကို နန်းတော်အပြင်ဘက်သို့ လိုက်ပို့ခဲ့သည်။

ရွှမ်းဝူယွဲ့၏ ဦးခေါင်းက ယခုအချိန်ထိ သွေးများစီးကျနေသေးပြီး သူရွေ့လျားနေသောအခါတွင် သွေးများကို ခံရန်အတွက် အမျိုးသမီး ရုပ်သေးအစေခံ နှစ်ဦးက အင်တုံကို ကိုင်ထားရဆဲ ဖြစ်သည်။

ထွင်ထျန်းဟာက မသွားခင် နတ်ဆိုးသူတော်စင်အား မေးလိုက်သည်။

“မင်းကို တစ်ခုခုမေးလို့ရမလား”

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် “စီနီယာဆီမှာ ကျွန်တော့ရဲ့ အဆောင်လက်ဖွဲ့ရှိနေပြီလေ.. အဲဒီအဓိပ္ပါယ်က စီနီယာကကျွန်တော်တို့ နတ်ဆိုးကမ္ဘာရဲ့ ဂုဏ်ထူးဆောင်ဧည့်သည် ဆိုတဲ့အဓိပ္ပါယ်ပဲ.. စီနီယာ မေးချင်တာ မေးလို့ရပါတယ်”

ထွင်ထျန်းဟာ “နတ်ဆိုးသူတော်စင် ရာထူးကို ဘယ်လိုဆက်ခံရလဲဆိုတာ ငါသိချင်လို့ပါ”

ဤအရာက ထွင်ထျန်းဟာ အလွန်သိချင်နေသော အရာဖြစ်သည်။

သူ၏စကားကိုကြားလျှင် ကျန်းရွမ်ကလည်း အလွန်စိတ်ဝင်စားသွားသည်။

ဒုတိယမျိုးဆက်နတ်ဆိုးသူတော်စင် “ဒီအမွေဆက်ခံမှု စနစ်ကို အဆုံးအဖြတ်ပေးတဲ့သူက မူလ နတ်ဆိုးသူတော်စင်ပါ.. ဒီအမွေဆက်ခံတဲ့ စနစ်က အစွမ်းသတ္တိနဲ့ အရည်အချင်းကို အခြေခံတာ မဟုတ်တဲ့အတွက် နည်းနည်းတော့ ထူးဆန်းနေတာ အမှန်ပဲ”

ထွင်ထျန်းဟာ “ဒါဆို ဘာကိုအခြေခံတာလဲ”

“အခြေခံကတော့ သူတော်စင်ကျောက်တိုင်ကို သေးပန်းဖို့ပဲ”

ကျန်းရွမ် “……….”

ထွင်ထျန်းဟာ “……….”

[လခွမ်း.. ငါက တတိယမျိုးဆက် နတ်ဆိုးသူတော်စင် ဖြစ်တော့မလို့]

အပိုင်း (၆၁၁) ပြီး၏

All Chapters