← Chapters

မင်းဘာမှမပြောတာနဲ့ လင်းကျန်းရန် မသိဘူးလို့မထင်နဲ့

Vol. 41 Ch. 612

မင်းဘာမှမပြောတာနဲ့ လင်းကျန်းရန် မသိဘူးလို့မထင်နဲ့

Vol. 41 Ch. 612

သူတော်စင်ကျောက်တိုင်ကို သေးပန်းချင်သည့် စိတ်အား မည်သို့မှ မထိန်းနိုင်လုနီးပါး ဖြစ်ခဲ့သည်ကို ပြန်တွေးမိချိန်တွင် ထွင်ထျန်းဟာက ကြောက်ရွံ့သွားခဲ့သည်။

အမှန်တကယ်ပင် သူက တတိယမျိုးဆက် နတ်ဆိုးသူတော်စင် ဖြစ်လာလုနီးနီး ဖြစ်ခဲ့သည်။

ထွင်ထျန်းဟာက နတ်ဆိုးသူတော်စင် ဖြစ်လျှင် အကျိုးကျေးဇူးများ ခံစားရမည်ဟု ထင်ခဲ့ဖူးသည်။

သို့ရာတွင် ထိုရာထူးက သူထင်ထားသလောက် မရိုးရှင်းပေ။

လွတ်လပ်မှု ကင်းမဲ့ခြင်းက တကယ်ကို သည်းမခံနိုင်လောက်အောင်ပင်။

ဤနေရာက ထွက်ခွာလာသော အခိုက်တွင် ထွင်ထျန်းဟာသည် ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် အတွက် လေးနက်သော ဂရုဏာကို ခံစားခဲ့ရသည်။

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် အဘယ်ကြောင့်သူတော်စင်ကျောက်တိုင်ကို သေးကော့ပန်းခဲ့သလဲ ဆိုသည်ကိုမူ သူက မေးမြန်းခြင်းမပြုခဲ့ပေ။

လူတိုင်းတွင် ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိတတ်ကြသည် မဟုတ်ပါလော။

ဒုတိယမျိုးဆက်နတ်ဆိုးသူတော်စင်က သူတော်စင်ကျောက်တိုင်ကို အဘယ်ကြောင့် သေးပန်းခဲ့ရပါသနည်း။

အကြောင်းအရင်းကို ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်ကိုယ်တိုင်သာ သိပေမည်။

ထွင်ထျန်းဟာ နှင့် ကျန်းရွမ်တို့ ထွက်ခွာခါနီးတွင် ရှန်းဝူယွဲ့က ရုတ်တရက် ပြောလိုက်သည်။

"စီနီယာခွေးနဲ့ အင်မော်တယ်ကျန်းရွမ်.. မင်းတို့ တကယ်ပဲ ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က သူတော်စင်ကျောက်တိုင်ကို ဘာကြောင့် သေးပန်းခဲ့သလဲ ဆိုတာ မသိချင်ဘူးလား"

ရွှမ်းဝူးယွဲ့၏ ဦးခေါင်းက သွေးများထွက်နေဆဲ ဖြစ်သည်။

သူ့မျက်နှာအမူအရာက အလွန်တရာမှပင် လျှို့ဝှက်ဆန်းကြယ်နေသည်။

ဤကဲ့သို့ဝေဒနာကို ခံစားနေရသည့် အတွက် ရွှမ်းဝူယွဲ့ကို အပြစ်မတင်နိုင်ကြောင်း သူတို့ခံစားခဲ့ရသည်။

တစ်ယောက်ယောက်ကို အပြစ်တင်ရမည်ဆိုလျှင် မူလနတ်ဆိုးသူတော်စင်ကိုသာ အပြစ်တင်ရပေမည်။

သူတော်စင်နန်းတော်တွင် မူလ နတ်ဆိုးသူတော်စင် စီရင်ထားသည့် မှော်အစီအရင်က တကယ်ကို ပေါက်ကရဆန်လွန်းပေသည်။

ရွှမ်းဝူယွဲ့အနေဖြင့် တစ်စုံတစ်ဦးကို ခေါ်ရန်သွားသည့်အခါတိုင်းတွင် သူ၏စွမ်းအင်ကို အသုံးပြုရန်အတွက် သူ၏ သမင်ချိုကို ထုတ်ယူရမည်သာ ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ ရွှမ်းဝူယွဲ့က ဤကိစ္စကို စိတ်ညစ်လာသည်။

အရေးပါသော ဧည့်သည်မဟုတ်လျှင် ၎င်းတို့ကို ခေါ်ဆောင်ရန်အတွက် သူကိုယ်တိုင် သွားလေ့ မရှိတော့ပေ။

ဆိုရလျှင် ရွှမ်းဝူယွဲ့က ဒုက္ခများစွာ ခံစားခဲ့ရသော်လည်း ရင်ဖွင့်ရမည့်သူ မရှိခဲ့ပေ။

ဤအခိုက်အတန့်တွင် ရွှမ်းဝူယွဲ့သည် အနှေးနှင့်အမြန် အတင်းအဖျင်း ပြောတော့မည်ကို သူတို့သိသည်။

ဤအကျင့်စရိုက်က ထွင်ထျန်းဟာကို ကော်ဟောက်နှင့် ရှေးဟောင်းစာအုပ်ကြီးတို့အား သတိရစေသည်။

အင်မော်တယ်ကျန်းရွမ် ".........."

ထွင်ထျန်းဟာ ".........."

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က ချက်ချင်းပင် မျက်နှာပျက်သွားသည်။

သူက ဤကဲ့သို့ အာချောင်သော သူတော်စင်ဆရာကြီးကို သူ၏ လက်ထောက်အဖြစ် အမှန်တကယ် အသိအမှတ်ပြုခဲ့မိသည်လော။

ရိုးသားစွာပြောရလျှင် ထွင်ထျန်းဟာက ဤမေးခွန်းကိုမေးရန် အစီအစဉ်မရှိခဲ့ပေ။

ဤကိစ္စက လျှို့ဝှက်ကိစ္စ ဖြစ်သောကြောင့် နတ်ဆိုးသူတော်စင်ကလည်း ပြောပြချင်ပုံမရပေ။

သို့သော် ရွှမ်းဝူယွဲ့၏ မေးခွန်းကိုကြားလျှင် ထွင်ထျန်းဟာက အနည်းငယ် စပ်စုချင်သွားသည်။

ထွင်ထျန်းဟာ၏ နှုတ်ခမ်းများက လှုပ်ရမ်းသွားသည်။

"ဘာလဲ.. မင်းပြောပြမလို့လား"

ထိုစကားကိုကြားလျှင် ရွှမ်းဝူယွဲ့က ချက်ချင်းပင် အူမြူးသွားသည်။

"စီနီယာခွေးက စိတ်ရင်းအမှန်နဲ့ မေးတာ ဖြစ်တဲ့အတွက် ကျွန်တော် စီနီယာခွေးကို ရက်ရက်ရောရော ပြောပြပါ့မယ်"

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် "???"

ထွင်ထျန်းဟာနှင့် ကျန်းရွမ် ".........."

ရှန်းဝူယွဲ့ "တကယ်တော့ အဲဒီအချိန်က ဒုတိယမျိုးဆက်နတ်ဆိုးသူတော်စင်က အသနားလာခံတဲ့သူပါ"

ထွင်ထျန်းဟာနှင့်ကျန်းရွမ် "အသနားလာခံတဲ့သူ.. ဟုတ်လား"

ရှန်းဝူယွဲ့ "ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က အလွန်သေးငယ်တဲ့ ဒေသမှာရှိတဲ့ ဝေးလံခေါင်သီတဲ့ တောင်ပေါ်ရွာလေးတစ်ရွာမှာ နေထိုင်ခဲ့တယ်.. ရွာကလေးမှာ တရားမမျှတတဲ့ အခြေအနေတွေ အများကြီး ရှိတာကြောင့် ဒုတိယမျိုးဆက်နတ်ဆိုးသူတော်စင်က သူတော်စင်ကျောက်တိုင်နားမှာ အသနားခံခဲ့တယ်.. အဲဒီအချိန်မှာ ပထမမျိုးဆက် နတ်ဆိုးသူတော်စင်က ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်ကို အလွန်စိတ်ဝင်စားစရာကောင်းတယ်လို့ ယူဆပြီး သူ့ကို ခြောက်လှန့်ဖို့အတွက် သူ့ရဲ့အော်ရာကို ထုတ်လွှတ်ခဲ့တယ်"

"နောက်တော့ရော"

"နောက်တော့ ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က အတော်လေး ကြောက်လန့်သွားပြီး သူတော်စင်ကျောက်တိုင်ရဲ့အောက်ခြေမှာ သေးပေါက်ချမိလိုက်တယ်"

".........."

ထို့ကြောင့် ယနေ့ခေတ်တွင် စွဲမက်ဖွယ်ကောင်းသောအသက်မွေးဝမ်းကျောင်း များစွာသည် သာမန်အလုပ်ထက် ပိုကောင်းချင်မှကောင်းမည် ဖြစ်သည်။

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က နတ်ဆိုးလောက၏ ခေါင်းဆောင်ကြီး ဖြစ်သော်လည်း နေ့စဉ်နှင့်အမျှ လွတ်လပ်ခြင်း မရှိခဲ့ပေ။

ယင်းကို သူကိုယ်တိုင်လည်း ဘာမှမတတ်နိုင်ခဲ့ချေ။

နတ်ဆိုးသူတော်စင်က မည်မျှ နာကျင်ခဲ့ရမည်နည်း။

ထို့ကြောင့် ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် မည်မျှသနားစရာ ကောင်းသည်ကို တွေ့မြင်ပြီးနောက်တွင် ထွင်ထျန်းဟာ၏ အတွေးများက ယခင်ကထက် ပိုမိုရှင်းလင်းလာသည်။

ယခုအခါတွင် နယ်မြေ ၄ ခုကြားရှိ ပဋိက္ခများက ပြေလည်သွားခဲ့ပြီ ဖြစ်သည်။

နတ်ဆိုးကမ္ဘာက မကြာမီမှာပင် ငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်သောကာလသို့ ရောက်ရှိတော့မည် ဖြစ်၏။

ဤကာလသည် ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စု အတွက် မကြုံစဖူးသော ရွှေခေတ် ဖြစ်လာပေမည်။

ယခုအခါတွင် အကြီးအကဲဝမ်သည် နတ်ဆိုးသူတော်စင်၏ စည်းတံဆိပ်နှင့် ငြိမ်းချမ်းရေး ကောင်စစ်ဝန်ရုံး၏ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကို ရရှိထားပြီ ဖြစ်သည်။

အနည်းငယ် ပိုင်းခြားသိမြင်တတ်သူတိုင်းသည် ဖားပြုပ်မျိုးနွယ်စုကို အန္တရာယ်ပြုဝံ့တော့မည် မဟုတ်ချေ။

ထို့ကြောင့် ယခုအခါတွင် ထွင်ထျန်းဟာသည် ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စုကို အမှန်တကယ် လက်လွှတ်နိုင်ပြီ ဖြစ်သည်။

သူပျောက်ဆုံးပြီး ၆နှစ်အကြာတွင် တစ်ချိန်က သူနတ်ဆိုးဘုရင်အဖြစ် အုပ်ချုပ်ခဲ့ဖူးသော မျိုးနွယ်စု၏ ပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့ပြီ ဖြစ်သည်။

သနားစရာကောင်းသည့် နတ်ဆိုးသူတော်စင်ကို ကြည့်ရင်း ထွင်ထျန်းဟာက သူ့အနေဖြင့် ဤကဲ့သို့ အခွင့်အရေး ရခဲ့မည်ဆိုလျှင် ဘယ်သောအခါမှ ရယူမည် မဟုတ်ကြောင်း အလေးအနက် ခံစားလိုက်ရသည်။

သူ့အမြင်တွင် လူသားဖြစ်စေ ခွေးဖြစ်စေ အရေးအကြီးဆုံးမှာဘဝတွင် ပျော်ရွှင်စွာ နေထိုင်သွားရန်သာ ဖြစ်သည်။

ထွင်ထျန်းဟာက လူသားများ သို့မဟုတ် နတ်ဆိုးများတွင် စိတ်ချမ်းသာမှုက အရေးအကြီးဆုံးဟု ခံစားရသည်။

သို့သော်လည်း လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ထမ်းထားရသောလူများ သို့မဟုတ် နတ်ဆိုးများလည်း ရှိကောင်းရှိနိုင်ပေသည်။

သူက တိတ်တဆိတ် လျှောက်လာရင်း အတွေးနယ်ချဲ့နေမိသည်။

ကျင့်ကြံသူတိုင်းတွင် ကိုယ်ပိုင်ကျင့်ကြံခြင်းအဆင့် ရှိကြသည်။

ကျင့်ကြံခြင်း နယ်ပယ်အဆင့် ခြားနားချက်သည် သင်၏ အထွတ်အထိပ် ရောက်နိုင်မည့် အလားအလာကို ဆုံးဖြတ်နိုင်ပေသည်။

သင့်အနေဖြင့် အမြင့်သို့ ပိုရောက်လေ ပြုတ်ကျခဲ့လျှင် ပို၍ နာကျင်လေလေ ဖြစ်သည်။

ထို့ကြောင့် အလွန်အကျူး မဖြစ်စေဘဲ ထိန်းညှိရန်မှာ အလွန်အရေးကြီးသည်။

သင်၏အစွမ်းအစကို အကောင်းဆုံး လုပ်ပြခဲ့လျှင် လုံလောက်ပြီ မဟုတ်ပါလော။

ထွင်ထျန်းဟာက သူတော်စင်ကျောက်တိုင်ထိပ်တွင် ရပ်ကာ အရှေ့မှ တိမ်စိုင်များကို ငေးကြည့်၍ အတွေးနက်နေခဲ့သည်။

စီနီယာခွေးက တစ်စုံတစ်ရာကို တွေးတောနေမှန်း ကျန်းရွမ်သိသည်။

စီနီယာခွေး၏ မျက်နှာရိပ် မျက်နှာကဲအရ ကောင်းကင်တာအိုကို ထပ်မံ ဉာဏ်အလင်းရသွားပုံပင်။

စီနီယာခွေးက မျှော်လင့်ထားသည့်အတိုင်းပင်၊ သွားလေရာ၌ ဉာဏ်အလင်းကို ရရှိနေ၏။

သူတစ်သက်လုံး ကျင့်ကြံခဲ့မည်ဆိုလျှင်ပင် ဤကဲ့သို့ ကျင့်ကြံခြင်းအဆင့်မျိုး ရောက်နိုင်မည် မဟုတ်ဟု ကျန်းရွမ် တွေးမိခဲ့သည်။

ထွင်ထျန်းဟာက တိမ်များကိုကြည့်ကာ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

ထွက်ခွာရန် အချိန်တန်ပြီ ဖြစ်သည်။

သူနှင့် ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စု၏ ကိစ္စက ပြီးသွားချေပြီ။

သို့သော် နတ်ဆိုးကမ္ဘာနှင့် ပတ်သက်သည့်ကိစ္စက မပြီးပြတ်သေးပေ။

နတ်ဆိုးကမ္ဘာနှင့် လူသားကမ္ဘာကြား ငြိမ်းချမ်းရေးသည် ဖွံ့ဖြိုးတိုးတက်မှု အတွက် တကယ့်သော့ချက် ဖြစ်သည်။

ဥပမာအားဖြင့် ယနေ့သိရှိခဲ့သော ငါးဖမ်းသမား အဖြစ်အပျက်ကို ကြည့်ရပေမည်။

ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် ပြောခဲ့သည့်အတိုင်းပင် အကယ်၍ လူသားကမ္ဘာနှင့် နတ်ဆိုးကမ္ဘာသာ ကောင်းမွန်သော ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့လျှင် ဤငါးဖမ်းသမားကို ရှာဖွေမည့်အစီအစဥ်ကို ချမှတ်နိုင်ရန် အတွက် အတူတကွ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

သို့သော် လက်တလောတွင် အလျင်မလိုသေးပေ။

ဤကိစ္စကို ကိုင်တွယ်ရန် ကျန်းရွမ်လည်း ရှိနေသေးသည် မဟုတ်ပါလော။

ဆရာလေးလင်းမှ လွဲလျှင် ကျန်းရွမ်က လူသားကျင့်ကြံသူများထဲ၌ အံ့ဩဖွယ်ကောင်းသော လူတစ်ဦးဖြစ်ကြောင်း ထွင်ထျန်းဟာ ခံစားမိသည်။

"မိုးခေါင်ခြင်း ကြယ်ဂြိုဟ်မှာ ပြုပြင်မှုတွေ လုပ်နေတာ မပြီးသေးဘူး.. ဒါကြောင့် ဒီငါးဖမ်းသမားကို စုံစမ်းဖို့အတွက် ကိုယ်ပွားတစ်ခုကို ကျွန်တော်စီစဉ်ထားတယ်.. အချက်အလက်တစ်စုံတစ်ရာရတာနဲ့ အင်မော်တယ် ပင်မတံဆိပ်ပြားကနေ တဆင့် စီနီယာခွေးကို ချက်ချင်း ဆက်သွယ်လိုက်ပါမယ်"

ထိုစကားကို ပြောပြီးနောက် ကျန်းရွမ်က ခေါင်းကုပ်ကာ ပြောလိုက်သည်။

"ဒါပေမဲ့လည်း ကျွန်တော်စုံစမ်းလို့ မရခင်မှာပဲ စီနီယာခွေးက စုံစမ်းလို့ ရသွားမယ်လို့ ကျွန်တော် ခံစားနေရတယ်.. အကယ်၍ ကျွန်တော်တို့ ရလဒ်တွေ တူညီနေလို့ရှိရင် ကျွန်တော့်ကို မလှောင်ရဘူးနော် စီနီယာခွေး"

ထွင်ထျန်းဟာ ".........."

ထို့နောက်တွင် ထွင်ထျန်းဟာသည် သူ့ခြေထောက်ကို ၃ချက် ဆောင့်နင်းလိုက်ရာ သခင်မာ၏ ရွှေရောင်အလင်းတန်းက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။

သခင်မာက ရွှေရောင်အလင်းတန်းဖြင့် ထွင်ထျန်းဟာကို အိမ်သာသို့ ပြန်လည် ပို့ဆောင်ပေးလိုက်သည်။

ပြန်ရောက်သည်နှင့် ထွင်ထျန်းဟာက သူ၏ ဖုန်းကို ကြည့်လိုက်ရာ မနက်၅နာရီ ထိုးနေပြီ ဖြစ်သည်ကို တွေ့လိုက်ရသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင် အကာအကွယ်များသည်လည်း ထိုအခိုက်အတန့်တွင် ပျောက်ကွယ်သွားသည်။

သူက ရေချိုးခန်းတံခါးကို အသာအယာ တွန်းဖွင့်ပြီး ခြေဖျားထောက်၍ ထွက်လာခဲ့သည်။

ခွေးတစ်ကောင် ဖြစ်သော်လည်း သူ၏ လှုပ်ရှားမှုက ကြောင်တစ်ကောင်လို ဖြစ်နေသည်။

ရေချိုးခန်းမှ ထွက်လာပြီးသည်နှင့် ကုတင်ပေါ်ကို ငေးကြည့်ရင်း သူ၏နဖူးမှ ချွေးများထွက်လာသည်။

အဘယ်ကြောင့်ဆိုသော် ဝမ်လင်းက ဦးခေါင်းကို လက်တစ်ဖက်ပေါ်တွင် တင်၍ ကုတင်ပေါ်တွင် လဲလျောင်းရင်း သူ့ကို ငေးကြည့်နေခြင်းကြောင့် ဖြစ်သည်။

".........."

အပိုင်း(၆၁၂) ပြီး၏

All Chapters