← Chapters

နံပါတ်ပြားအတုနဲ့ယဥ်မောင်းကိုသတိထားပါ

Vol. 41 Ch. 615

နံပါတ်ပြားအတုနဲ့ယဥ်မောင်းကိုသတိထားပါ

Vol. 41 Ch. 615

အက်ပ်များတွင် ဤကဲ့သို့ စနစ်များ ပါရှိနေခြင်းက စိတ်ချင်းဆက်သွယ်မှု အတွက် အလွန်ကောင်းမွန်သည်။

ဆိုရှယ်အက်ပ်များက အသုံးပြုသူအတွက် သူငယ်ချင်းများစွာ ဖွဲ့၍ရစေသည်။

သို့သော်ပြဿနာမှာ ဤအက်ပ်က ဆိုရှယ်အက်ပ် မဟုတ်ဘဲ Car-hailing အက်ပ် ဖြစ်သည်။

[Car-hailing=ကားနှင့်ယှဥ်မောင်းကို တစ်နေရာရာသို့ ချက်ချင်းလာရန် ခေါ်ဆိုနိုင်သော ဝန်ဆောင်မှု]

ဗုံးပစ်စီနီယာ အင်မော်တယ်က ငွေရောင်လေး အက်ပ်ကို ဒေါင်းလော့လုပ်နေသော အချိန်တွင် သတိပေးခဲ့သည်။

ငွေရောင်လေး ဇိမ်ခံအိမ် ဝင်ပေါက်သို့ ရောက်သောအခါတွင် ဗုံးပစ်စီနီယာအင်မော်တယ်က နောက်တစ်ကြိမ် စာပို့ခဲ့သည်။

“ညီနောင်ငွေရောင်လေး.. မင်းအပြင်ထွက်တဲ့အခါ သတိထားပါ.. တစ်ခုခုဖြစ်ရင် ငါ့ကို အချိန်မရွေး ဆက်သွယ်ဖို့ မမေ့နဲ့ဦး”

ငွေရောင်လေးက မက်ဆေ့ကိုကြည့်ကာ ဖြူစင်သောအမူအရာဖြင့် ပြုံးလိုက်သည်။

“စိတ်မပူပါနဲ့.. ဒီကမ္ဘာမှာ ဘယ်လိုလူဆိုးတွေ အများကြီးရှိနိုင်မှာလဲ”

သူက ချက်ချင်း ပြန်ဖြေလိုက်သည်။

“ညီနောင်ငွေရောင်လေး.. သတိဆိုတာ ပိုတယ်မရှိဘူး”

ဗုံးပစ်စီနီယာ အင်မော်တယ် အဓိကစိုးရိမ်နေသည်မှာ ငွေရောင်လေး၏ ဝိသေသလက္ခဏာ ပေါ်ပေါက်သွားမည်ကိုပင်။

ငွေရောင်လေး၏ တိုက်ခိုက်ရေးစွမ်းအားက သူ့ထက်များစွာပိုမို အားကောင်းသောကြောင့် ဘေးကင်းရန်အတွက် သူက လုံးဝမစိုးရိမ်ပေ။

ဗုံးပစ်စီနီယာအင်မော်တယ် ကြောက်သည်မှာ ငွေရောင်လေးက သူ၏သရုပ်မှန်ကို မတော်တဆ ဖော်ထုတ်သွားမိမည်ကိုဖြစ်သည်။

တကယ်တမ်းတွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ငွေရောင်လေး အဖော်မပါဘဲ အပြင်ထွက်သည့် အခါတိုင်းတွင် ဆိုးရွားသော ခံစားချက်ကို ခံစားခဲ့ရသည်။

ဥပမာအားဖြင့် အဖော်မပါဘဲ ထွက်ခဲ့သည့် နှစ်ကြိမ်တွင် ငွေရောင်လေးသည် နှစ်ကြိမ်လုံး ရဲစခန်းသို့ ရောက်သွားခဲ့သည်။

ထိုထက် အရေးကြီးသည်မှာ ဤနှစ်ကြိမ်စလုံးသည် ရဲစခန်း တစ်ခုတည်းတွင်သာ ဖြစ်နေခြင်းပင်။

ဝင်ပေါက်တွင် ခဏမျှစောင့်ပြီးနောက်တွင် ငွေရောင်လေးက ရွှန်းဖုန့်ဝိညာဉ်ကား သူ့ဆီသို့ ဖြည်းညင်းစွာ မောင်းလာသည်အား တွေ့လိုက်ရသည်။

သူက အက်ပ်ပေါ်ရှိ လိုင်စင်နံပါတ်ကို စစ်ကြည့်ပြီးနောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။

A00544

နံပါတ်က မှားနေခဲ့သည်။

အက်ပ်တွင် ပေးထားသော လိုင်စင်နံပါတ်မှာ A449442 ဖြစ်သည်။

သို့သော် လောလောဆယ် သူ၏အနီးအနားတွင် ဤရွှင်းဖုန့်ဝိညာဉ် ကားတစ်စီးသာ ရှိပုံရသည်။

ငွေရောင်လေးက တစ်စုံတစ်ရာ မူမမှန်ကြောင်း ချက်ချင်း ခံစားလိုက်ရသည်။

ကားမောင်းသူမှာ ကတုံးတစ်ယောက် ဖြစ်သည်။

{ဂျပန်ကတုံးများလား}

ငွေရောင်လေးကိုမြင်သည်နှင့် မှန်ပြတင်းပေါက်ကို ချလိုက်ပြီး လက်တစ်ဖက်ထုတ်ကာ လက်ဆွဲ နှုတ်ဆက်လိုက်သည်။

“အလှလေး.. ကားထဲကိုကြွပါ”

“မင်းလိုင်စင်နံပါတ်က မမှန်ဘူးလေ.. ဒါနဲ့ ငါက ယောက်ျားလေးပါ.. မင်းထင်သလို မိန်းကလေးမဟုတ်ဘူး”

ငွေရောင်လေးက ကတုံးနှင့် လူကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ဪ.. မစ္စတာငွေရောင်လေး.. ငါစိတ်မကောင်းပါဘူး.. မင်းက မိန်းမချော ချောနေတာကိုး”

ကားသမားက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။

“တကယ်တော့ ယောက်ျားလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ငါ့ကားပေါ် တက်တာနဲ့ ချစ်စရာ ကောင်းသွားမှာသေချာတယ်.. ငါ့နာမည်က လျူ.. ဒီနေ့က ငါ့ရဲ့မွေးနေ့ပဲ.. မစ္စတာ ငွေရောင်လေး စီးမယ်လို့ ဆုံးဖြတ်ပြီးရင် အခမဲ့ စီးရလိမ့်မယ်”

ဤကမ္ဘာ၌ နေ့လည်စာပင် အလကားစားရခြင်း မရှိပေ။

ကြက်သားနှပ်ထမင်း ပွဲသေးတစ်ပွဲပင် HNY 15 ပေးရသည်။

ထို့ပြင် ကြက်သားနှပ်ထမင်းက ပမာဏ အနည်းငယ်သာ ပါဝင်ပြီး အများစုမှာ အရိုးများ၊ ကြက်အရေခွံများ၊ အာလူးနှင့် ငရုတ်သီးစိမ်းများ ဖြစ်ကြသည်။

ပုံမှန်အားဖြင့် ဝမ်ရှန်း ဥယျာဉ်အိမ်ရာမှ ဝိညာဉ်သားရဲ စတိုးဆိုင်သို့ တက္ကဆီ စီးလျှင် HNY သုံးထောင် ကုန်ကျသည်။

ဤယာဉ်မောင်းက သူ့ကို အခမဲ့စီးနင်းခွင့် ပေးနေပါသလော။

တစ်ဖက်က သူ့အပေါ် မကောင်းသော အကြံအစည်များ ရှိကောင်း ရှိနေနိုင်ပေသည်။

သို့သော် ဤကားထဲ သူဝင်သွားလျှင် HNY သုံးထောင်သက်သာပေလိမ့်မည်။

ငွေရောင်လေးက ခဏမျှ တွေးတောလိုက်သည်။

ကားသမားက သူ့အပေါ် မကောင်းကြံနေမှန်း ရိပ်မိသော်လည်း ငွေရောင်လေးက ခဏအကြာတွင် တံခါးကိုဖွင့်ကာ အထဲကိုဝင်လိုက်သည်။

ကားသမားက မကောင်းသည့် ရည်ရွယ်ချက်ရှိနေပါစေ၊ သူသွားချင်သည့်နေရာကို ရောက်သရွေ့ အဆင်ပြေသည်ဟု ငွေရောင်လေး တွေးမိလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ဤကားသမားသည် ရွှေအမြုတေအဆင့်တွင်သာ ရှိ၍ သူ့ကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။

ကားထဲသို့ ရောက်ပြီးနောက်တွင် ငွေရောင်လေးသည် ကားအတွင်းပိုင်းကို မျက်စိကစား ကြည့်လိုက်သည်။

သူက နောက်ကြည့်မှန်ထဲမှ ကားဒရိုက်ဘာ၏ ကောက်ကျစ်သော အပြုံးကို တွေ့လိုက်ရသည်။

“မစ္စတာ ငွေရောင်လေး.. မင်းရဲ့ ဦးတည်ချက်ကို ငါအတည်ပြုပါရစေ.. မင်းက ဝိညာဉ်သားရဲ အထူးစတိုးဆိုင်ကို သွားချင်နေတာ မှန်ရဲ့လား”

ဒရိုက်ဘာ လျူကျန်းဟွာက သတိကြီးကြီးဖြင့် မေးလိုက်သည်။

“မှန်တယ်.. ဒီကနေ သွားရင် ဘယ်လောက်ကြာမလဲ.. နှစ်နာရီလား”

ငွေရောင်လေးက ခေါင်းငြိမ့်ပြကာ မေးခွန်းထုတ်လိုက်သည်။

“နှစ်နာရီ မကြာပါဘူး.. တစ်နာရီအတွင်း ရောက်စေရမယ်.. ဖြတ်လမ်းတစ်ခုကနေ ငါတို့ သွားလို့ရတယ်”

ဒရိုက်ဘာက ရယ်မော၍ ပြောလိုက်သည်။

“မစ္စတာ ငွေရောင်လေး.. မင်းအိမ်မှာ ဝိညာဉ်သားရဲ မွေးထားလို့ မင်းက ဝိညာဉ်သားရဲ အထူးစတိုးကို သွားချင်နေတာလား”

ထိုသို့မေးရခြင်းမှာ ဝိညာဉ်သားရဲ မွေးမြူသူအများစုက ကျင့်ကြံခြင်းအဆင့် မြင့်မားခြင်း မရှိကြသောကြောင့်ဖြစ်သည်။

“အင်း.. ငါမွေးထားတယ်”

“ဘယ်နှစ်ကောင်တောင် မွေးထားတာလဲ.. သူတို့တွေက သန်မာကြလား”

“မဆိုးပါဘူး”

ဒရိုက်ဘာက မေးခွန်းများ ဆက်တိုက်မေးပြီး အာရုံပြောင်းဖို့ကြိုးစားနေသည်ကို ငွေရောင်လေး သဘောပေါက်လိုက်သည်။

ငွေရောင်လေးက သူ၏အော်ရာကို ထိန်းချုပ်ထားပြီး သူ၏ စစ်မှန်သော နယ်ပယ်အဆင့်ကို ဖုံးကွယ်ထားကာ အခြေခံတည်ထောင်ခြင်း အဆင့်ကိုသာ ဖော်ပြထားခဲ့သည်။

ဤဒရိုက်ဘာက ငွေရောင်လေး၏ အတုအယောင် ကျင့်ကြံခြင်း နယ်ပယ်အဆင့်ကို အမှန်တကယ် ထင်မှတ်နေပုံရသည်။

ဒရိုက်ဘာလျူ၏ အပြုံးက ပို၍ပင် ကျေနပ်လာသည့်နှယ်။

“ဒါဆို ဒီနေ့အပြင်ထွက်တာက အရည်အသွေးမြင့် ပစ္စည်းတွေ ဝယ်မလို့လား”

ဒရိုက်ဘာလျူက နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း မေးလိုက်သည်။

ငွေရောင်လေးက နောက်ဘက်တွင် ထိုင်နေသော်လည်း ထိုမြင်ကွင်းကို ထင်ရှားစွာ မြင်လိုက်ရသည်။

သူက ရုတ်တရက် စိတ်တိုလာပြီး ဒရိုက်ဘာလျူ၏ လျှာကို ဖြတ်ချင်စိတ်ပင် ဖြစ်ပေါ်လာသည်။

မေးခွန်းများစွာ မေးပြီးနောက်တွင် ဒရိုက်ဘာလျူက စိတ်လှုပ်ရှားလာသည်။

ဤမစ္စတာ ငွေရောင်လေးသည် ကြွေကဲ့သို့ ဖြူစင်သောအသားအရည်ရှိသည်။

သူ့အတွက်က ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ အရေးမကြီးပေ။

ဒရိုက်ဘာလျူ၏ နှလုံးသားထဲတွင် မကောင်းသောဆန္ဒများ နိုးကြားလာသည်။

အရေးအကြီးဆုံး အချက်မှာ ဤလူက သန်မာသူ မဟုတ်ရုံသာမက ဝမ်ရှန်းဥယျာဉ်အိမ်ရာကဲ့သို့ အဆင့်မြင့် ဇိမ်ခံအိမ်ရာတွင် အမှန်တကယ် နေထိုင်သူတစ်ယောက် ဖြစ်သည်။

မစ္စတာ ငွေရောင်လေးက ချမ်းသာသော မိသားစုမှ ကလေးတစ်ဦး ဖြစ်ဖွယ်ရှိသည်။

သူက ယနေ့တွင် ရတနာတစ်ခုကို အမှန်တကယ် ကောက်ရခဲ့ပုံပင်။

ဒရိုက်ဘာလျူက ဤငွေရောင်လေးကို သူအလိုရှိသမျှ အရင်လုပ်ပြီးမှ သူ့မိသားစုထံ ပြန်ပေးငွေတောင်းရန် ချုပ်နှောင်ထားမည်ဟု တွေးလိုက်သည်။

ဤသည်က သူ၏တပ်မက်မှုကို ဖြေဖျောက်နိုင်ပြီး တစ်ချိန်တည်းတွင် ငွေကြေး မျိုးမျိုးမြတ်မြတ် ရနိုင်သည့် အခွင့်အရေးကောင်း တစ်ခု ဖြစ်သည်။

......................

အခြားတစ်ဖက်တွင် မနက်ခင်း ကိုယ်တိုင် လေ့လာရသော အတန်းချိန် အတွင်း ရွှင်းဖုန့်ဝိညာဉ်ကားများ အကြောင်း အတင်းအဖျင်း ပြောနေသည်ကို ဝမ်လင်း ကြားလိုက်ရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်သည့် သတင်းကို နေ့လည်ခင်းမှသာ လူများက သိကြသော်လည်း ကော်ဟောက်ကမူ သူ၏ ဦးလေးထံမှ ကြိုတင်သိထားပြီ ဖြစ်သည်။

“မင်းတို့သိလား.. မကြာသေးမီက ဘာလာလာဒေါင်း သောက်ရူးမိစ္ဆာလို့ ခေါ်တဲ့ ကားမောင်းသမားတစ်ဦး ပေါ်ပေါက်ခဲ့တယ်.. သူက ခရီးသည်တွေကို မုဒိန်းကျင့်ပြီးရင် ပြန်ပေးဆွဲပြီး ငွေညှစ်တယ်.. ဒါ့အပြင် သူက ငွေရသည်ဖြစ်စေ မရသည်ဖြစ်စေ သူ့ရဲ့ ဓားစာခံတွေကို သတ်ပစ်ခဲ့တယ်.. ဒီလူက တော်တော် ရက်စက်ကြမ်းကြုတ်တဲ့ လူတစ်ယောက်ပဲ.. ရွှေအမြုတေအဆင့် ကျင့်ကြံသူ တော်တော်များများတောင် သူ့ရဲ့ ထောင်ချောက်ထဲကို ကျရောက်ခဲ့ရတယ်”

ကော်ဟောက်က ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် မြေပဲလေးက တုန်လှုပ်သွားခဲ့သည်။

“တော်သေးတာပေါ့.. ငါက တက္ကဆီ မစီးလို့.. မင်းပြောတာကိုကြားပြီး ငါကြက်သီးတောင်ထတယ်”

ကော်ဟောက် “ဒါက ကြောက်စရာအကောင်းဆုံး မဟုတ်သေးဘူး.. သူ့ကို ဘာလာလာဒေါင်း သောက်ရူးမိစ္ဆာလို့ ဘာကြောင့်ခေါ်လဲ မင်းတို့သိလား.. ဒီကားမောင်းသမားက ခရီးသည်တွေကို လိင်ကို အခြေခံပြီး မရွေးချယ်ဘူး.. သူ့ရဲ့ တစ်ခုတည်းသော စံနှုန်းက ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ရုပ်ရည်ချောမောဖို့ပဲ”

ထိုစကားကိုကြားလျှင် ချန်းချောင်က အံ့ဩသွားသည်။

“အဲလိုမျိုးလည်း ရှိသေးတယ်လား.. ဒါဆို ငါအန္တရာယ် မဖြစ်တော့ဘူးပေါ့”

လူတိုင်း “……….”

ကော်ဟောက်က ချန်းချောင်ကို ကြည့်ကာ ပြောလိုက်သည်။

“ငါမင်းကို နှိမ်ပြောတာ မဟုတ်ဘူးနော်.. မင်းကတော့ အန္တရာယ် မရှိလောက်ဘူး.. သူရွေးချယ်တဲ့လူတွေက အခြေခံအားဖြင့် နူးညံ့သိမ်မွေ့တဲ့ လူတွေပဲ.. သူက အာဖရိကန်တွေ ပုံစံမျိုးကို မလိုချင်ဘူး”

ချန်းချောင် “……….”

ထိုစကားကို ပြောပြီးနောက်တွင် ကော်ဟောက်က စကားကို ပြန်ဆက်လိုက်သည်။

“ဝမ်လင်းလိုမျိုး တစ်ယောက်ယောက်ကတော့ သူ့အတွက်ပြီးပြည့်စုံတဲ့သားကောင် ဖြစ်မှာ အသေအချာပဲ”

ဝမ်လင်း “???”

အပိုင်း(၆၁၅) ပြီး၏

All Chapters