ငွေရောင်လေး စိတ္တဇတက်စီသမားနဲ့ ကြုံခြင်း
Vol. 42 Ch. 617
ယခုတစ်ကြိမ် နွေရာသီစခန်းသွင်း လေ့လာမှု နေရာအဖြစ် မိစ္ဆာတောင်ကြားကို ရွေးချယ်လိမ့်မည်ဟု ဝမ်လင်း မထင်ထားခဲ့ပေ။
ဤ 5A အဆင့် နိုင်ငံတော်မှ ကာကွယ်ထားသော လျှို့ဝှက်မြေအမျိုးအစား အတွက် ပြည်နယ် အဖွဲ့အစည်းများမှ အထူး ကျင့်ကြံသူ အဖွဲ့များပင်လျှင် ထိုနေရာကို ဖြတ်သန်းလိုလျှင်အစီရင်ခံရမည် ဖြစ်သည်။
သို့တိုင် ၎င်းတို့၏ အစီရင်ခံစာများက သေချာပေါက် အတည်ပြုခံရလိမ့်မည်ဟု တွက်ဆ၍မရပေ။
ယခုတစ်ကြိမ်တွင် ကျောင်းသားများ အတွက် နွေရာသီစခန်းချနေရာ အဖြစ် မိစ္ဆာတောင်ကြားကို သတ်မှတ်လိုက်သည်က အံ့ဖွယ်လုပ်ရပ်ဟု ဝမ်လင်း ထင်မြင်မိသည်။
'ဖက်တီးလော'က ဤနေရာကို အလွန်သွားချင်နေမှန်း သူသိသည်။
ကျင့်ခယ် အတွက် ဓားအိမ်တစ်ခုဖန်တီးရန် "အရိုးခြောက်တစ်ထောင်"ကို ရှာဖွေဖို့ အတွက် ဖက်တီးလောသည် လွန်ခဲ့သောလများစွာကပင် မိစ္ဆာတောင်ကြားသို့ ဝင်ရောက်ခွင့်ရရန် ဖောင်တင်ခဲ့ပြီး စစ်ဆေးမှုများစွာကို ဖြေဆိုခဲ့ရသည်။
ဖက်တီးလောသည် ဤအရာကို ပြင်းပြင်းထန်ထန် ကြံစည်နေသည်မှာ ကြာပြီဖြစ်သော်လည်း အဆုံးသတ်တွင် မိစ္ဆာတောင်ကြားသို့ ဝင်ရောက်ရန် အခွင့်အရေးသည် ဝမ်လင်းထံဆိုက်ဆိုက်မြိုက်မြိုက် ကျရောက်လာခဲ့သည်။
ဝမ်လင်းက ခံစားချက် သိပ်မကောင်းပေ။
ချန်းချောင် ပြောသည့်စကားက မမှားဟု သူထင်သည်။
အဖွဲ့လိုက် လှုပ်ရှားမှုတွေ လုပ်တိုင်း ကြီးကြီးမားမား တစ်ခုခုဖြစ်သွားသလို ခံစားရသည်။
ငွေရောင်လေးက ဝမ်ရှန်းဥယျာဥ်အိမ်ရာမှ ထွက်ခွာသွားသည်မှာ လေးနာရီ ပြည့်သွားခဲ့ပြီ ဖြစ်သည်။
လမ်းတွင် ယာဉ်ကြောပိတ်ဆို့မှု များစွာ ရှိခဲ့၍ ယာဉ်မောင်းလျူကျန်းဟွာက လမ်းလွှဲမှ မောင်းမည်ဟု ပြောဆိုခဲ့သည်။
ရလဒ်အနေဖြင့် ယာဥ်မောင်းလျူသည် ဆန့်ကျင်ဘက်အရပ်သို့ ကားကို လှည့်လိုက်ပြီး ငွေရောင်လေး မသိသည့် လမ်းအတိုင်း ကားကို မမောင်းခင် အကွေ့အကောက်များစွာ နှင့်အတူ လမ်းကြောင်း ပြောင်းသွားခဲ့သည်။
ငွေရောင်လေးက ကားထဲသို့ ဝင်ကတည်းကပင် ယာဉ်မောင်းကို သတိထားမိခဲ့သည်။
သူက တီတီရွှမ်းဖုန့် ဝိညာဉ်ကားများနှင့် ပတ်သက်သည့် သတင်းများကို အွန်လိုင်းတွင် စစ်ဆေးခဲ့ပြီး "ဘာလာလာဒေါင်း အရူးမိစ္ဆာ" ဟုခေါ်သော လူတစ်ဦး၏ အချက်အလက်ကို တွေ့ရှိခဲ့သည်။
ထိုလူက မုဒိမ်းမှု၊ ပြန်ပေးဆွဲမှုနှင့် လူသတ်မှုများကို ဆက်တိုက် ကျူးလွန်ခဲ့သည့် ဝရမ်းပြေး ဖြစ်သည်။
အွန်လိုင်းဖော်ပြချက်နှင့် ပရိုဖိုင်ကို နှိုင်းယှဉ် အတည်ပြုပြီးနောက်တွင် ငွေရောင်လေးက အခင်းဖြစ်ပွားရာ နေရာမှာပင် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
သူက အမှန်တကယ် ကံမကောင်းခဲ့ပေ။
"လေးနာရီတောင် ရှိနေပြီ.. ငါတို့ မရောက်သေးဘူးလား"
ငွေရောင်လေးက စိတ်မရှည်သောလေသံဖြင့် မေးလိုက်သည်။
ယာဥ်မောင်းလျူက ကိုယ့်သေတွင်းကိုယ်တူးနေမှန်း မသိပေ။
"ရောက်ခါနီးပါပြီ မစ္စတာငွေရောင်လေး"
လျူကျန်းဟွာက သူ့နှုတ်ခမ်းကို အနည်းငယ် သပ်လိုက်သည်။
"လမ်းတွေက အရမ်းကျပ်ပိတ်နေတော့ လမ်းနည်းနည်း ပိုရှည်သွားတာပါ"
အကယ်၍ ငါတို့ ပုံမှန်လမ်းကြောင်း အတိုင်း သွားမယ်ဆိုရင် မစ္စတာ ငွေရောင်လေးအနေနဲ့ ညမိုးချုပ်ရင်တောင် အဲဒီကို မရောက်နိုင်မှာ ငါစိုးရိမ်မိတယ်"
ကားမောင်းလာစဉ် လျူကျန်းဟွာသည် နောက်ကြည့်မှန်ကိုကြည့်လိုက်ရာ မိန်းမပျိုနှင့် တူသော ငွေရောင်လေးက စိတ်မရှည်သော အမူအရာဖြင့် နောက်ထိုင်ခုံတွင် လက်ပိုက်ထားသည်ကို တွေ့လိုက်ရသည်။
"မစ္စတာ ငွေရောင်လေး စိတ်မပူပါနဲ့.. သီချင်းလေး အရင်နားထောင်နေလိုက်ပါ"
လျူကျန်းဟွာက ထူးဆန်းစွာ ပြုံးလိုက်သည်။
ထို့နောက် စတီယာရင်ဘီး အနောက်ဘက်ရှိ ယန္တရား တစ်ခုကို ဖွင့်လိုက်ရာ ချက်ချင်းပင် ကားတံခါးများ အားလုံးက တင်းတင်းကျပ်ကျပ် ပိတ်သွားခဲ့သည်။
သူက ဤကားကို အသေအချာ ပြုပြင်မွမ်းမံခဲ့ခြင်း ဖြစ်သည်။
ယာဥ်မောင်းလျူက သီချင်းကို ဖွင့်လိုက်ရာ ကား၏ စတီရီယိုစနစ်က ငြိမ့်ညောင်းသောတေးသွားကို စတင်ဖွင့်လှစ်ခဲ့ပြီး အခြားအရာတစ်ခုနှင့် ရောနှောသွားသည်။
ဤစတီရီယိုစနစ်က ယာဥ်မောင်းလျူ ပြုပြင်ထားခြင်း ဖြစ်ပြီး ရိုးရှင်းသော စတီရီယိုစနစ် တစ်ခုမျှသာ မဟုတ်ပေ။
ငွေရောင်လေးက ပတ်ဝန်းကျင်တွင် တစ်ခုခုကို ချက်ချင်း ခံစားလိုက်ရသည်။
စတီရီယိုစနစ်အား မျက်စိမှိတ် အာရုံပြုလိုက်ရာ ပျားလပို့ကဲ့သို့သော အပေါက်များဖြင့် ပြည့်နေသော စတီရီယိုစနစ်၏ အဖုံးများ ပေါ်တွင် အဖြူရောင်အမှုန့်အချို့က ဂီတသံစဉ်များနှင့်အတူ တုန်ခါသွားပြီး လေထဲတွင် တရွေ့ရွေ့ ပျောက်ကွယ်သွားသည်ကို မြင်တွေ့ခဲ့ရသည်။
ဤသည်မှာ အလွန်လျှို့ဝှက်သော လှည့်ကွက်တစ်ခု ဖြစ်သည်။
သင်၏ ကျင့်ကြံခြင်း နယ်ပယ်အဆင့်က အလွန် အားနည်းနေလျှင် သို့မဟုတ် အမြင်စွမ်းအားက လုံလောက်အောင် အားမကောင်းလျှင် ထိုအရာကို လုံးဝသိရှိနိုင်မည် မဟုတ်ပေ။
ရွှေအမြူတေအဆင့် ကျင့်ကြံသူများနှင့် အခြေတည် စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူ အများအပြား ဤထောင်ချောက်ထဲသို့ ကျရောက်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။
သင်သာ လုံလောက်သော သတိမရှိလျှင် ဤလှည့်ကွက်၌ ကျရောက်ရန် အလွန်လွယ်ကူသည်။
ယာဉ်မောင်းက လေအေးပေးစက်ကို ရုတ်တရက် ဖွင့်လိုက်သည်နှင့် တစ်စုံတစ်ယောက်က သတိထားနိုင်မည် ဖြစ်သော်လည်း လူအများစုက စတီရီယိုစနစ်ကနေ စိတ်ချောက်ခြားဆေးမှုန့် ပျံ့နှံ့လာမည်ဟု မမျှော်လင့်ထားကြပေ။
တေးဂီတကို ဖွင့်လိုက်သည်နှင့် စိတ်ချောက်ခြားဆေးမှုန့်သည် ဂီတ၏ တုန်ခါမှုနှင့် အတူ လေထဲသို့ ရောက်ကာ ကားတစ်စင်းလုံးကို ပျံ့နှံ့သွားမည် ဖြစ်သည်။
သူ၏ အကြံအစည်က ချောမွေ့စွာ အကောင်အထည် ဖော်နိုင်ခဲ့သည်ကို မြင်လိုက်ရလျှင် လျူကျန်းဟွာက စိတ်ထဲကနေ ရယ်မောလိုက်သည်။
သူက မှောင်ခိုဈေးကွက်ကနေ ဤစိတ်ချောက်ခြားဆေးမှုန့်ကို မြင့်မားသော စျေးနှုန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အခြေတည် စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူ ပင်လျှင် မူးဝေပြီး ဝိညာဉ်စွမ်းအင်ကို အသုံးမချနိုင်သောကြောင့် ဤ စိတ်ချောက်ခြားဆေးမှုန့်ကို "အခြေတည်စိတ်ဝိညာဥ် ယစ်မူးခြင်း" အမှုန့်ဟုလည်း ခေါ်ကြသည်။
အရေးအကြီးဆုံးမှာ ဤစိတ်ချောက်ခြားဆေးမှုန့်သည် တုန်ခါခြင်း၊ ရေဖြင့်ထိခြင်း စသည်ဖြင့် အမျိုးမျိုးသောနည်းလမ်းများဖြင့် ပျက်ပြယ်သွားနိုင်ခြင်း ဖြစ်၏။
ထို့ကြောင့် လျူကျန်းဟွာက သူ့ကား၏ စတီရီယိုစနစ်အား ပြုပြင်ပြီး စိတ်ချောက်ခြားဆေးမှုန့်များကို ထည့်သွင်းရန် သီးခြား နေရာလွတ်တစ်ခုကို တပ်ဆင်ခဲ့သည်။
တေးဂီတကို တီးခတ်နေသမျှ ကာလပတ်လုံး ဤအမှုန့်များသည် တုန်ခါမှုနှင့်အတူ စတီရီယိုစနစ်၏ အပေါက်ငယ်များမှတစ်ဆင့် လေထဲသို့ ပျံ့နှံ့သွားမည် ဖြစ်သည်။
ဤအမှုန့်များ ကားထဲ ပျံ့နှံ့သွားသည်နှင့် အခြေတည် စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူပင် ငါးစက္ကန့်အတွင်း ပြိုလဲကျလိမ့်မည် ဖြစ်သည်။
ထိုအချိန်တွင် လျူကျန်းဟွာသည် နှလုံးသားထဲကနေ ရက်စက်စွာ ရယ်မောလိုက်သည်။
သူက အချိန်ကိုကြည့်လိုက်သည်။
ငါးစက္ကန့်ကျော်သွားသော်လည်း မစ္စတာ ငွေရောင်လေးက လုံးဝ ထိခိုက်ပုံမရပေ။
လျူကျန်းဟွာ "???"
သူ၏ အမှုန့်က သက်တမ်းကုန်နေခြင်း ဖြစ်နိုင်ပါသလော။
ဒါလည်း မဖြစ်နိုင်ချေ။
မကြာသေးမီကပင် သူက ဤအမှုန့်ထုပ်ကို ထည့်ထားခဲ့ပြီး သက်တမ်းသုံးနှစ်ကျော် ကျန်သေးသည်ကို အတည်ပြုခဲ့သေးသည်။
ထို့အပြင် မစ္စတာငွေရောင်လေးက အခြေခံ တည်ထောင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးမျှသာ ဖြစ်သည်။
ထိုနယ်ပယ်အဆင့်လောက်က ချက်ချင်း ပြိုလဲကျသွားသင့်သည် မဟုတ်ပါလော။
ငွေရောင်လေးက လက်ပိုက်ကာ ပဟေဠိဖြစ်နေပုံရသော ယာဥ်မောင်းလျူကို စိုက်ကြည့်ရင်း စိတ်ထဲတွင် ရယ်မောလိုက်သည်။
ထို့နောက် စက္ကန့်သုံးဆယ် ထပ်ကြာသွားသည်။
ယာဥ်မောင်းလျူက နောက်ကြည့်မှန်ကနေ ငွေရောင်လေး၏ ပြုံးနေသော မျက်နှာကို မြင်လိုက်ရလျှင် ချက်ချင်းပင် အေးခဲသွားသည်။
ငွေရောင်လေး "မင်းက 'ဘာလာလာဒေါင်း အရူးမိစ္ဆာ' လား"
လျူကျန်းဟွာ၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။
"မစ္စတာ ငွေရောင်လေး ဘာပြောနေတာလဲ .. ငါနားမလည်ဘူး"
ငွေရောင်လေး"မင်းကားထဲမှာ ယန္တရားတွေ အများကြီး တပ်ဆင်ထားတယ် မဟုတ်လား.. ငါအားလုံးကို မြင်ပြီးပြီ.. မင်း စတီရီယိုစနစ်မှာလည်း တစ်ခုခုလုပ်ခဲ့တယ်. အထဲမှာလည်း အဖြူရောင်အမှုန့်တွေ တွေ့တယ်.. ဒါက စိတ်ချောက်ခြားဆေးမှုန့် ဖြစ်မယ်လို့ ငါထင်တယ် "
ထိုစကားကိုကြားလျှင် လျူကျန်းဟွာက ဘရိတ်ကို ချက်ချင်းအုပ်လိုက်သည်။
သူ့မျက်နှာပေါ်ရှိ အန္တရာယ်ကင်းသည့် အပြုံးက ငွေရောင်လေးကို စိုက်ကြည့်ရင်း ရုန့်ရင်းသွားသည်။
"ဘယ်ကတည်းက သိတာလဲ"
“ကားပေါ်ရောက်တော့ နည်းနည်း သံသယ ဖြစ်မိတယ်.. ဒါကြောင့် အွန်လိုင်းကနေ အချက်အလက်တွေ ရှာကြည့်ပြီးနောက်မှာ မင်းရဲ့ အထောက်အထားကို အတည်ပြုနိုင်ခဲ့တယ်”
ငွေရောင်လေးက ပြောလိုက်သည်။
လျူကျန်းဟွာ အလွန် သိချင်နေခဲ့သည်။
"ပြေးဖို့ မတွေးဖူးဘူးလား"
"ဘာလို့ပြေးရမှာလဲ.. ပြေးသင့်တဲ့လူက မင်းပဲ"
လျုကျန်းဟွာ"..........."
"အခုကစပြီး မေးခွန်းတစ်ခုကို ငါ တွေးမိတယ်.. မင်းဘာသာ ပြေးချင်ပြေး မပြေးချင်နေ ဘာပဲရွေးချယ်ပါစေ နှစ်ခုလုံးက ဘာမှ ကောင်းမှာ မဟုတ်ဘူး"
ငွေရောင်လေးက တင်းမာသော မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။
"ငါ့ဆရာနဲ့ စာချုပ်ချုပ်တုန်းက လူ့အသတ်ကို သတ်ခွင့်မပြုဘူးလို့ သူက ပြောခဲ့တယ်.. မင်းလိုလူအတွက်က သေရတာ လွယ်လွန်းနေတယ်"
"မင်း"
လျူကျန်းဟွာက အံတင်းတင်းကြိတ်လိုက်သည်။
ထိုခဏတွင် မစ္စတာ ငွေရောင်လေးက အခြေခံ တည်ထောင်ခြင်းအဆင့် ကျင့်ကြံသူ လုံးဝ မဟုတ်မှန်း သူသဘောပေါက်ခဲ့သည်။
ထိုလူ၏ ကျင့်ကြံခြင်း နယ်ပယ်အဆင့်က ဘာမှန်း အတိအကျ မပြောနိုင်သော်လည်း သူသေချာ ပြောနိုင်သည်မှာ သူ၏ စိတ်ချောက်ခြားဆေးမှုန့် ဘာအကျိုးသက်ရောက်မှုမှ မရှိသည့်အတွက် ဤလူ၏ နယ်ပယ်အဆင့်သည် အနည်းဆုံး စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့် ဖြစ်နိုင်လောက်သည်။
"လှုပ်ရှားဖို့မစဥ်းစားနဲ့.. တံခါးတွေ အကုန်ပိတ်ထားပြီးပြီ"
လျူကျန်းဟွာက သူ့အင်္ကျီကနေ သလင်းကျောက် တစ်လုံးကို ထုတ်ယူလိုက်သည်။
"ဒါက ဝိညာဉ်ဗုံး.. ညှစ်လိုက်တာနဲ့ ပေါက်ကွဲသွားမယ်.. မင်းအခုချက်ချင်း ကားပေါ်က ဆင်းပြီး ငါနဲ့ တစ်ခါမှ မတွေ့ဖူးတဲ့ ပုံစံမျိုး လုပ်ပါ.. ဒီလိုမှမဟုတ်ရင် ငါနဲ့အတူ တခြားသူကို မြှုပ်နှံလိုက်ဖို့ ငါတွန့်ဆုတ်နေမှာ မဟုတ်ဘူး"
သို့သော် စကားဆုံးသည်နှင့် သူ့လက်က ဓားဖြင့် ထိုးခံရသည့် ဝေဒနာမျိုး ခံစားလိုက်ရသည်။
"ထွီး"
ငွေရောင်လေးက လျူကျန်းဟွာ၏ လက်ကိုဆွဲယူ၍ ထူထဲသော ချွဲသလိပ်များဖြင့် တိုက်ရိုက် ထွေးထည့်လိုက်ခြင်း ဖြစ်သည်။
လျူကျန်းဟွာက ပြင်းထန်သော နာကျင်မှုကို ခံစားရပြီး ဝိညာဉ်ဗုံးကိုင်ထားသောလက်က ပြတ်ကျသွားခဲ့သည်။
"အား"
လျူကျန်းဟွာက နာကျင်စွာအော်လိုက်သည်။
သူ၏လက်က ပွက်ပွက်ဆူနေသော အပူချိန်တွင် ရေခဲတုံးက ချက်ချင်း အရည်ပျော်သွားသလို ခံစားနေရ၏။
သူက တိုင်တန်းမှု လုပ်ချင်ခဲ့သည်။
"ဟယ်လို ဦးရဲကြီးလား.. မစ္စတာ ငွေရောင်လေးက တံတွေးတွေ လိုက်ထွေးနေတယ်"
အပိုင်း(၆၁၇) ပြီး၏