အတွင်းရေးမှူးရန်ရဲ့ရင်ဘတ်က တောင့်တင်းမှုရှိလား
Vol. 42 Ch. 619
"အရာရှိကောင်း မင်း အရမ်းညစ်ညမ်းတဲ့ အရာကို တွေးနေတာလား"
အရာရှိကောင်း၏ အမူအရာက တစ်စုံတစ်ရာ မူမမှန်ဟု ခံစားရသဖြင့် ငွေရောင်လေးက မေးလိုက်သည်။
သူ့မျက်နှာက အဘယ်ကြောင့် ရုတ်တရက် နီမြန်းသွားပါသနည်း။
ညစ်ပတ်သည့် အရာတစ်ခုအကြောင်း တွေးနေသည်မှာ သေချာသည်။
ငွေရောင်လေးက ညစ်ညမ်းသော မည်သည့်အရာကိုမျှ ယခင်က မကြည့်ဖူးသော်လည်း (အဓိကအားဖြင့် ဗုံးပစ်စီနီယာအင်မော်တယ် ခွင့်မပြုသောကြောင့်)အချို့သော အရာများကိုတော့ သိနေပါသေးသည်။
ထိုမေးခွန်းကြောင့် အရာရှိကောင်းက ရှက်ရွံ့သွားခဲ့သည်။
သူက တကယ့်ကို မတော်တရော် တစ်ခုခု တွေးနေခဲ့ခြင်းပင်။
စင်စစ် လည်ပတ် သွားဝယ်တိုင်း စိတ်အားထက်သန်စွာ လိင်ဆက်ဆံရန်အတွက်ဟု မဆိုလိုပေ။
သူ့ကိုယ်သူ အတတ်နိုင်ဆုံး ထိန်းချုပ်ဖို့ ကြိုးစားရင်း အရာရှိကောင်းက မေးလိုက်သည်။
"မင်းလည်ပင်းက ထိခိုက်ထားတာကြောင့် မင်းကိုယ်တိုင် လည်ပတ် သွားဝယ်ဖို့ လုပ်နေတာလား"
လည်ပင်းရိုးကို ကာကွယ်ရန် ယခင်က စျေးကွက်တွင် ပေါ်ထွက်ခဲ့သော ပြန်လည်ထူထောင်ရေး လည်ပတ်များကို ပြန်အမှတ်ရခဲ့သည်။
ထို့ကြောင့် "လည်ပတ်များ" အားလုံးသည် မဖွယ်မရာတော့ မဟုတ်ပေ။
ယင်းက ပင်လယ်သခွားသီးနှင့် ကြော်ထားသည့် ခေါက်ဆွဲလိုမျိုး ဖြစ်သည်။
အချို့က အရည်အသွေး သင့်တင့်ပြီး အချို့က အရည်အသွေးမမီပေ။
သို့မဟုတ် တခြား ဥပမာအနေဖြင့် ပြရလျှင် စာရေးဆရာများတွင်လည်း ရည်ရွယ်ချက်ကောင်း ရှိသူများ နှင့် အားထုတ်မှု နည်းသူများ ဟူ၍ ခွဲခြားနိုင်သည်။
"ဟုတ်တယ်.. အဲဒီလိုပဲဖြစ်ရမယ်.. သူ အတွေးတိမ်သွားပုံပဲ"
ပြည်သူတွေကို စိတ်နှလုံးအကြွင်းမဲ့ ထမ်းဆောင်ခဲ့သည့် ဖြောင့်မတ်သော ရဲအရာရှိ တစ်ယောက် အနေနှင့် သူ့အတွေးများက ဘယ်လိုလုပ်ပြီး ပျံ့လွင့်သွားရပါသနည်း။
{မင်းစိတ်က်ု တည်ငြိမ်အောင်ထားစမ်း ပေါက်ကရမတွေးနဲ့}
အရာရှိကောင်းက စိတ်ထဲကနေ သူ့ကိုယ်သူ ဆုံးမလိုက်သည်။
ထိုခဏမှာပင် ငွေရောင်လေးက လျင်မြန်စွာ ခေါင်းခါယမ်းလိုက်သည်။
"မဟုတ်ပါဘူး...ငါ့ရဲ့ ပိုင်ရှင်က ငါ့ကို လမ်းမှာ ကြိုးဆွဲပြီး လမ်းလျှောက်နိုင်အောင် လည်ပတ်ဝယ်ချင်တာပါ"
ပိုင်ရှင်…
ကြိုးဆွဲပြီးတော့..
လမ်းတွေပေါ်မှာ..
အရာရှိကောင်း "အင်း.. မစ္စတာ ငွေရောင်လေးရဲ့ ပိုင်ရှင်ဆိုတာက.."
ငွေရောင်လေး၏ အစစ်အမှန် လက္ခဏာကို လုံးဝမသိဘဲ လူသားတစ်ဦး၏ အမြင်ဖြင့် ဤအခြေအနေကို ကြည့်လျှင် အမှန်တကယ်ပင် အဓိပ္ပါယ်များစွာ ပေါက်ရောက်မည် ဖြစ်သည်။
ဤငွေရောင်လေးက သူ့အတွက် အဆင်မပြေဟု အရာရှိကောင်း ခံစားမိသည်။
ဆိုရလျှင် "မစ္စတာ ငွေရောင်လေး"က အနည်းငယ် ဒုက္ခပေးသည့် ရဲစခန်း၏ ဖောက်သည် တစ်ယောက် ဖြစ်သည်။
"ပိုင်ရှင်လား.. ပိုင်ရှင်က ငါ့ဆရာလေ.. သူက အရမ်းသန်မာတယ်.. ဒီစာသားတွေ အတိုင်းပဲ"
ငွေရောင်လေးက မကြာသေးမီက ရေပန်းစားခဲ့သော သီချင်းတစ်ပုဒ်၏ စာသားကို ရုတ်တရက် တွေးမိခဲ့သည်။
အရာရှိကောင်း "ဘာသီချင်းလဲ"
ငွေရောင်လေးက တိုက်ရိုက်သီဆိုပြခဲ့သည်။
[သင့်အနေနဲ့ မှီချင်တဲ့ဆန္ဒရှိရင် ဒီအကိုကြီးရဲ့ ရင်ဘတ်ကို အားကိုးတကြီး ပစ်ဝင်လိုက်ပါ]
အရာရှိကောင်း"..............."
ငွေရောင်လေး "ငါ့ပိုင်ရှင်ရဲ့ ရင်ဘတ်က ငါ့အတွက် အားကိုးစရာလို့ ဆိုလိုချင်တာပါ"
အရာရှိကောင်း".............."
….................
ဖမ်းမိထားသော ယာဥ်မောင်းလျူက သာမန်လူ မဟုတ်ဘဲ မကြာသေးမီက ပြဿနာများကို နှိုးဆွခဲ့သည့် "ဘာလာလာဒေါင်း အရူးမိစ္ဆာ" ဖြစ်သောကြောင့် ဤအဖြစ်အပျက်သည် ယခင်နှစ်ကြိမ် ထက် အနည်းငယ်ပို၍ ဒုက္ခပေးသည်။
ယခုအခါ "ဘာလာလာဒေါင်း အရူးမိစ္ဆာ"သည် ဤကဲ့သို့ပင် အဖမ်းခံခဲ့ရပြီး ၎င်း၏ ညာဘက်လက်ဖျံကိုလည်း ဆုံးရှုံးခဲ့ရသည်။
ငွေရောင်လေးက ဤကိစ္စတွင် ပါဝင်ပတ်သက်ခြင်းမှ လွတ်မြောက်ရန် နည်းလမ်းမရှိပေ။
ငွေရောင်လေးသည် တရားမျှတမှုအတွက် သူရဲကောင်းဆန်စွာ ပြုမူခဲ့သော်လည်း အနည်းငယ် လက်ဆ ပြင်းသွားခဲ့သည်။
တကယ်တမ်းတွင် ဒဏ်ရာနှင့်ပတ်သက်၍ မည်မျှအထိ တာဝန်ရှိတယ် ဆိုတာ အတိအကျ ဆုံးဖြတ်ရခက်သည်။
သို့သော် လျူကျန်းဟွာကို ဖမ်းဆီးပြီး ခေါင်းကို အဝတ်ဖုံးကာ ရဲစခန်းထဲသို့ ခေါ်သွားသောအခိုက်တွင် အခင်းဖြစ်ပွားရာနေရာရှိ မီဒီယာများနှင့် ရဲတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ ဒေါသကို ထုတ်ဖော်ခဲ့ကြသည်။
လျူကျန်းဟွာ၏ လက်ကို ဖြတ်လိုက်သော သူရဲကောင်းသည် ချီးကျူးထိုက်သော လုပ်ရပ်တစ်ခုကို လုပ်ဆောင်ခဲ့သည်ဟု ခံစားခဲ့ရသည်။
ငွေရောင်လေး ရဲစခန်းတွင် ရှိနေသည်ကို ဗုံးပစ်စီနီယာ အင်မော်တယ် သိလိုက်သောအချိန်တွင် ညနေ ခြောက်နာရီကျော်နေပြီ ဖြစ်သည်။
ဗုံးပစ်စီနီယာအင်မော်တယ်က ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ရရှိခဲ့ပြီး မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။
"ဟယ်လို.. မစ္စတာ ဗုံးပစ်လား.. ညီနောင် ငွေရောင်လေးက ငါတို့ ရဲစခန်းကို ရောက်နေပြန်ပြီ"
အရာရှိကောင်းက ငွေရောင်လေး၏ အုပ်ထိန်းသူကို ချက်ချင်း ဆက်သွယ်ခဲ့သည်။
ငွေရောင်လေး ဒုတိယအကြိမ် ရောက်လာသောအခါက အရာရှိကောင်းသည် ဗုံးပစ်စီနီယာ အင်မော်တယ်၏ ဖုန်းနံပါတ်ကို သူ၏ မှတ်စုစာအုပ်တွင် သေချာမှတ်သားခဲ့သည်။
အချိန်အတော်ကြာ ရဲအရာရှိ အဖြစ် တာဝန်ထမ်းဆောင်ပြီး နောက်တွင် အလွန်ထူးဆန်းသော ထိုးထွင်းသိမြင်မှု တစ်မျိုး ဖြစ်ပေါ်လာလိမ့်မည်။
ယင်းမှာ ရဲစခန်းကို ထပ်မံ ရောက်လာနိုင်သည့် သူများအား အလိုလို သိနိုင်သောစွမ်းရည် ဖြစ်ပြီး လက်တွေ့တွင်လည်း လုံးဝ မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ်
"ဒီအချိန်ကြီး သူဘာပြစ်မှု ကျူးလုပ်ခဲ့တာလဲ.. တံတွေးထွေးပြန်တာလား"
ငွေရောင်လေးကို သူ့လောက် တခြားမည်သူမှ မသိပေ။
"အင်း"
အရာရှိကောင်းက လေးလေးနက်နက် သက်ပြင်းချလိုက်သည်။
"ဒီတစ်ကြိမ် ဖမ်းဆီးရမိတဲ့ သံသယရှိသူ အပြောအရ မစ္စတာ ငွေရောင်လေးက တံတွေးနဲ့ သူ့လက်မောင်းကို ထွေးခဲ့တယ်လို့ပြောတယ်.. ဒါက မှော်အတတ်တစ်မျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်.. ဟုတ်တယ်မလား"
ဗုံးပစ်စီနီယာအင်မော်တယ်က ခေါင်းညိတ်လိုက်သည်။
"မှန်ပါတယ် အရာရှိကောင်း.. မင်းအဲဒီလို တွေးလို့ရပါတယ်"
တကယ်တမ်းတွင် ၎င်းက မှော်အတတ်တစ်ခု မဟုတ်ဘဲ သူတော်စင်သားရဲ ဖြစ်သည့် ငွေရောင်လေး၏ ကိုယ်ပိုင်စွမ်းရည် တစ်ခုသာ ဖြစ်သည်။
သို့သော် ငွေရောင်လေး၏ ဝိသေသလက္ခဏာကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းထားရမည် ဖြစ်သောကြောင့် ဤကဲ့သို့ နားလည်မှု လွဲခြင်းမျိုးသည် အမှန်တကယ်တော့ မဆိုးလှပေ။
"ငါထင်သလို အဲဒါက မှော်အတတ်တစ်ခု ဖြစ်နေတာကိုး.. ဒါပေမယ့် မစ္စတာ ငွေရောင်လေးကတော့ သူ့ကိုယ်ပိုင်စွမ်းရည်လို့ အခိုင်အမာ ပြောဆိုခဲ့တယ်"
အရာရှိကောင်း၏ အမူအရာက သုန်မှုန်နေသည်။
ဗုံးပစ်စီနီယာအင်မော်တယ်"............."
အရာရှိကောင်း "မစ္စတာငွေရောင်လေးရဲ့ သလိပ်က ဒီလောက်စွမ်းနေရင် အနာဂတ်မှာ ဘယ်သူက သူ့ကို နမ်းဝံ့တော့မှာလဲ.. တစ်ချက်နမ်းလိုက်တာနဲ့ လျှာပါ ပျောက်သွားလိမ့်မယ်"
ဗုံးပစ်စီနီယာအင်မော်တယ် "............"
အရာရှိကောင်းက ဆက်လက်၍ပြောလိုက်သည်။
"မစ္စတာ ဗုံးပစ်.. လက်ရှိ အခြေအနေကတော့ အဲဒီလိုပဲ.. သံသယရှိသူ လျူကျန်းဟွာက မစ္စတာ ငွေရောင်လေးရဲ့ သလိပ်ကြောင့် မသန်မစွမ်း ဖြစ်သွားတာတော့ အမှန်ပဲ.. အဲဒီအတွက်တော့ မစ္စတာ ငွေရောင်လေးက တရားဥပဒေအရ တာဝန်ခံစေလိုတယ်"
"သူက တာဝန်ခံရမှာလား"
ဗုံးပစ်စီနီယာအင်မော်တယ် အံ့ဩသွားသည်။
"မေဘေး ယာဉ်မောင်းက ထိတ်လန့်စရာတွေ အများကြီး လုပ်ခဲ့ပေမယ့် ပြန်ခုခံခွင့် ရှိတယ် ဟုတ်လား...ဒါက ဘယ်လိုတောင် အရှက်မဲ့တာလဲ"
အရာရှိကောင်း "မစ္စတာ ငွေရောင်လေးက ငါတို့ကို အများကြီး ကူညီပေးခဲ့ပါတယ်.. ဒါပေမယ့် တစ်ဖက်လူက သူ့ကို အင်အားအလွန်အကျွံ သုံးတယ်ဆိုပြီး တရားစွဲဖို့ ကြိုးပမ်းသွားနိုင်တယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်၏ အမူအရာက ရုတ်တရက် တင်းမာသွားသည်။
"မင်း အတွင်းရေးမှူးရန်ကို သိလား.. ငွေရောင်လေးက သူ့လူပဲ"
"အတွင်းရေးမှူးရန်လား"
အကြောင်းတစ်ခုခုကြောင့် "အတွင်းရေးမှူးရန်" ဟူသော စကားကို ကြားပြီးနောက်တွင် အရာရှိကောင်းသည် ရုတ်တရက် ခေါင်းကြီးသွားသလို ခံစားလိုက်ရသည်။
"မစ္စတာ ငွေရောင်လေးက ခေါင်းဆောင် တစ်ယောက်ယောက်ရဲ့ လူယုံများလား"
အရာရှိကောင်းက စိတ်ထဲတွင် တွေးတောနေခဲ့သည်။
ငွေရောင်လေး၏ ယခင်ဖြေဆိုချက်နှင့် ပေါင်းစပ်လိုက်သောအခါ..
ဆရာကြီး… လည်ပတ်… လမ်းမများပေါ်မှာ…
အရာရှိကောင်းက တစ်ကိုယ်လုံး တုန်လှုပ် ချောက်ခြားသွားကာ ချက်ချင်းပင် အေးခဲသွားသည်။
"လခွမ်းပဲ.. မစ္စတာ ငွေရောင်လေး မှီချင်တယ်ဆိုတာ အတွင်းရေးမှူးရန်ကို ပြောတာများလား"
ရှည်ကြာသော တိတ်ဆိတ်မှုက ဗုံးပစ်စီနီယာ အင်မော်တယ်ကို မျက်မှောင်ကြုတ်သွားစေသည်။
"အရာရှိကောင်း. မင်း အဆင်ပြေရဲ့လား.. မင်းဘာလို့ စကားမပြောတာလဲ"
အရာရှိကောင်း ချွေးထွက်များလာသည်။
"မစ္စတာ ဗုံးပစ်.. ငါ မင်းကို မေးခွန်းတစ်ခုလောက် မေးလို့ရမလား"
ဗုံးပစ်စီနီယာအင်မော်တယ် "မေးပါ အရာရှိကောင်း"
အရာရှိကောင်း "အတွင်းရေးမှူးရန်ရဲ့ ရင်ဘတ်က တောင့်တင်းမှုရှိလား"
ဗုံးပစ်စီနီယာအင်မော်တယ်".............."
…..............
ဗုံးပစ်စီနီယာ အင်မော်တယ်က ငွေရောင်လေးကို ရဲစခန်းကနေ ခေါ်ထုတ်ခဲ့ချိန်တွင် ညနေ ခုနစ်နာရီ ထိုးနေပြီ ဖြစ်သည်။
"ဘာလာလာဒေါင်း အရူးမိစ္ဆာ"၏ အဖြစ်အပျက် နှင့် လျှို့ဝှက်ဆန်းကြယ်သော အတွင်းရေးမှူးရန် တို့ကြောင့် အန်းနင်းခရိုင် ကျင့်ကြံခြင်း ရဲစခန်းက ငွေရောင်လေး၏ သလိပ်ကို "ကျိုးကြောင်းဆီလျော်သော ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်မှု" အဖြစ် သတ်မှတ်ပေးခဲ့သည်။
အကယ်၍ တစ်ဖက်မှ တရားစွဲလာလျှင်လည်း ရဲစခန်းက တရားရုံးမှာ ထွက်ဆိုပေးမည် ဖြစ်သည်။
ဟုတ်ပါသည်၊ စံပြသူရဲကောင်းနှင့် ကြီးမြတ်သောနိုင်ငံသား အဖြစ် မီဒီယာ တွေ့ဆုံမေးမြန်းခန်းလည်း ရှိပါသေးသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ငွေရောင်လေး ကိုယ်စား ငြင်းပယ်ခဲ့သည်။
နိမ့်ကျသော ပရိုဖိုင်ကို ထိန်းသိမ်းထားသည်က ပိုကောင်းသည်ဟု သူထင်ခဲ့သည်။
လမ်းခရီးတွင် ငွေရောင်လေးက အရာရှိကောင်းနှင့် ဆွေးနွေးမှုကို ဗုံးပစ်စီနီယာ အင်မော်တယ်ထံမှ ပြန်လည် ကြားသောအခါ အံ့ဩသွားခဲ့သည်။
"အတွင်းရေးမှူးရန်လား"
"အဲဒီ အတွင်းရေးမှူးရန်က ဘယ်သူလဲ"
ဗုံးပစ်စီနီယာအင်မော်တယ် "ငါ သူ့ကို ပါးစပ်ထဲ တွေ့ကရာ ကောက်ပြောလိုက်တာ"
ငွေရောင်လေး "............."
အပိုင်း(၆၁၉) ပြီး၏