← Chapters

လက်သည်တရားခံက ကောင်းကင်တာအို

Vol. 42 Ch. 623

လက်သည်တရားခံက ကောင်းကင်တာအို

Vol. 42 Ch. 623

“ဒီလိုမျိုးလည်းရတယ်လား”

ထွင်ထျန်းဟာက သူ့ရှေ့မှမြင်ကွင်းကို စိုက်ကြည့်ရင်း မှင်တက်နေသည်။

သူ့အထင် ဆရာလေးလင်း တစ်ယောက်သာ ဤမှော်အစီအရင်ကို သုံးနိုင်လောက်သည်။

အကြောင်းအရင်းမှာ ဤအသွင်ပြောင်း အစီအရင်သည် ညီမျှသော ဖလှယ်ခြင်းတစ်ခု ဖြစ်ပြီး ကောင်းကင်တာအိုနှင့် အပေးအယူ ပြုလုပ်သော အစီအရင်တစ်ခု ဖြစ်သောကြောင့်ပင်။

ကမ္ဘာပေါ်တွင် ကောင်းကင်တာအိုနှင့် တိုက်ရိုက်ညှိနှိုင်းပြီး အပေးအယူ လုပ်နိုင်သူ မည်မျှ ရှိနိုင်မည်နည်း။

အသွင်ပြောင်း အစီအရင်ရေးဆွဲနည်းကို သိသောသူသည် ကောင်းကင်တာအိုနှင့် အပေးအယူ ပြုလုပ်လျှင်ပင် ကောင်းကင်တာအိုက သေချာပေါက် တုံ့ပြန်လိမ့်မည် မဟုတ်ပေ။

ထွင်ထျန်းဟာက အနည်းငယ် အံ့ဩနေခဲ့သည်။

ဆရာလေးလင်း အနေဖြင့် ဤကဲ့သို့ အသွင်ပြောင်းအစီအရင်ကို အသုံးပြုနိုင်သည် ဆိုလျှင် နောက်ဆုံးအကြိမ်က သံလိုက်ကျောက် တစ်လုံးကို အထူးတလည် ယူဆောင်လာရန်အတွက် ဗုံးပစ်စီနီယာ အင်မော်တယ်ကို အဘယ်ကြောင့်လိုအပ်ပါသနည်း။

ထိုအချိန်တွင် ဝမ်လင်းက ထွင်ထျန်းဟာ၏ အတွေးများကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

သူက စိတ်ချင်းဆက်သွယ်၍ ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

“အဲဒီတုန်းက စာမေးပွဲတွေ မပြီးသေးလို့”

“……….”

ထွင်ထျန်းဟာက ယခုမှ နားလည်သွားခဲ့သည်။

သို့သော် ဆရာလေးလင်း အနေဖြင့် ကောင်းကင်တာအိုနှင့် အပေးအယူ လုပ်ရန် ဤစာရွက်များကို အဘယ်ကြောင့်အသုံးပြုနေရပါသနည်း။

ဆိုရလျှင် ကိလေသာသံ တစ်ခုသည် ထိုလေ့ကျင့်ခန်း လုပ်ထားသည့် စာရွက်များထက် အဆများစွာ တန်ဖိုးရှိသည်။

ထိုလေ့ကျင့်ခန်း လုပ်ထားသည့် စာရွက်တန်ဖိုးက မြို့၏ ဒုတိယတန်းစားအိမ်ရာမှ အိမ်တစ်လုံးကို ဝယ်နိုင်ပါမည်လော။

အဆုံးသတ်တွင် ထွင်ထျန်းဟာသည် ဤစာရွက်များ၏ တန်ဖိုးကို လျှော့တွက်မိခဲ့သည်။

စာရွက်များကို အစီအရင်ထဲ ပစ်ထည့်ပြီး မကြာမီမှာပင် ဤစာရွက်များက ရွှေရောင်အလင်းမှုန်များ အဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲ၌ပင် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

ကောင်းကင်တာအိုက ထိုစာရွက်များကို အမှန်တကယ် လက်ခံခဲ့ပုံရသည်။

ခဏအကြာတွင် အသွင်ပြောင်း အစီအရင်၏ အလယ်ဗဟိုက အလင်းရောင်များဖြင့် တောက်ပသွားပြီး ၃လက်မအရွယ် ရွှေလူသား တစ်ယောက် ရုတ်တရက် ထွက်ပေါ်လာသည်။

“မင်းက.."

ထွင်ထျန်းဟာက ၃လက်မအရွယ် ရွှေလူသားအား စိုက်ကြည့်ရင်း အလွန်ပင် အံ့အားသင့်သွားသည်။

တစ်စုံတစ်ယောက်က သူ့နှလုံးသားကို ဆွဲငင်နေသလို ခံစားလိုက်ရသည်။

ထွင်ထျန်းဟာက စိတ်ထဲတွင် မရေရာသည့် အဖြေတစ်ခု ရှိသော်လည်း စကားပင်မပြောရဲပေ။

၃လက်မအရွယ် အမျိုးသားက စကား မပြောသော်လည်း ထွင်ထျန်းဟာ၏ စိတ်ထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။

“ငါကကောင်းကင် ငါကတာအို ငါကနတ်ဘုရား ငါက ကမ္ဘာပဲ”

လေသံတွင် ဝမ်းနည်းခြင်းနှင့် ဝမ်းမြောက်ခြင်း အရိပ်အယောင် တစ်ခုမှ မရှိသော်လည်း ထွင်ထျန်းဟာ၏ အမွေးများကို ထောင်ထသွားစေသည် အထိ လွှမ်းမိုးမှုရှိသည်။

၃လက်မအရွယ် အမျိုးသားက တမင်တကာ လုပ်ယူခြင်း မဟုတ်သော်လည်း သူ၏အစွမ်းက စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံး အပိုင်းအထိ ကြောက်ရွံမှုကို ဖြစ်ပေါ်စေပုံရသည်။

ဝမ်လင်းက မျက်ခုံးပင့်လိုက်ပြီး ထွင်ထျန်းဟာကို ညင်သာစွာပွတ်သပ်ပေးလိုက်ရာ ထွင်ထျန်းဟာ၏ အသက်ရှူသံများက ပြန်မှန်လာခဲ့ပြီး စိုးရိမ်စိတ်များ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ထွင်ထျန်းဟာက အစောပိုင်းတွင် အတည်မပြုဝံ့သော်လည်း ၃လက်မအရွယ် အမျိုးသား စကားပြောပြီးနောက်တွင် သူ့နှလုံးသားထဲမှ အဖြေက သေချာသွားခဲ့ပြီ ဖြစ်သည်။

ဤ၃လက်မအရွယ် အမျိုးသားသည် မဟာတာအို ၃ထောင်၏ အလိုဆန္ဒပြယုဂ်မှ လွဲ၍ အခြားမဖြစ်နိုင်ပေ။

၎င်းကို ကောင်းကင်တာအို၏ အလိုဆန္ဒပြယုဂ်ဟုလည်း လူသိများသည်။

ထို ၃လက်မအရွယ် ရွှေလူသား၏ စိတ်အာရုံကို ဖျက်ဆီးနိုင်သော စွမ်းအားသည် ထွင်ထျန်းဟာ၏ စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။

သူ့ခန္ဓာကိုယ်ထဲတွင် ဓားတာအို၏ စွမ်းအား ရှိနေသောကြောင့် သူသည် ကောင်းကင်တာအို နှင့် ပတ်သက်လျှင် အလွန်ပင် အကဲဆတ်သည်။

ထို့ပြင် ဤ၃လက်မအရွယ် အမျိုးသား၏ စွမ်းအားက ထွင်ထျန်းဟာ တစ်ယောက်တည်းပေါ်တွင် သက်ရောက်မှုရှိခဲ့သည် မဟုတ်ကြောင်း သက်သေပြနေသည်။

ဝမ်လင်း၏ စာကြည့်စားပွဲပေါ်ရှိ ဘောပင်နှင့်ခဲဖျက်၊ အိပ်ရာပေါ်ရှိ အင်မော်တယ်ခေါင်းအုံး နှင့် အိမ်သာရှိ သခင်မာတို့သည် တစ်ချိန်တည်းတွင် အနည်းငယ် တုန်လှုပ်နေသည်ကို သူသတိပြုမိခဲ့သည်။

ထွင်ထျန်းဟာက ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် ကောင်းကင်တာအို ရှိနေသည်ကို ကောင်းစွာ သိထားသောကြောင့် ၎င်းတို့၏ တုံ့ပြန်မှုကို အထူးအဆန်း ဖြစ်မ‌နေခဲ့ပေ။

ထွင်ထျန်းဟာ၏ စိတ်ကို ငြိမ်သက်အောင် ပြုလုပ်ပေးပြီးနောက်တွင် ဝမ်လင်းသည် ၃လက်မအရွယ် အမျိုးသားနှင့် မျက်နှာချင်းဆိုင် တင်ပျဥ်ခွေထိုင်လိုက်သည်။

ဤမြင်ကွင်းက အမှန်တကယ်ပင် လျှို့ဝှက်ဆန်းကြယ်သော မြင်ကွင်း ဖြစ်သည်။

၃လက်မအရွယ် အမျိုးသားနှင့် မျက်နှာချင်းဆိုင် ထိုင်နေရသော်လည်း ဝမ်လင်း၏ အမူအရာက အနည်းငယ်မျှပင် ပြောင်းလဲမှုမရှိပေ။

ကောင်းကင်တာအိုနှင့် မျက်နှာချင်းဆိုင် ထိုင်ရသည့် ကြီးမားသော ဝိညာဉ်ရေးဖိအားကို မည်သူက ခံနိုင်ရည်ရှိပါမည်နည်း။

ထွင်ထျန်းဟာက စိတ်ထဲကနေ သဘောကျစွာ အော်ဟစ်လိုက်မိသည်။

ဤသည်မှာ ဆရာလေးလင်းသာလျှင် လုပ်နိုင်သောအရာဖြစ်သည်။

ဤမြင်ကွင်းက အမှန်တကယ်ပင် ရင်သပ်ရှုမောဖွယ်မြင်ကွင်းတစ်ခုဖြစ်သည်။

အထူးသဖြင့် ကောင်းကင်တာအိုတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အရေအတွက်ကို ကိုင်ဆောင်ထားသူများသည် ကောင်းကင်တာအို၏ ဖိအားကို လုံးဝ ခံစားရမည်ဖြစ်သည်။

သို့ရာတွင် ဆရာလေးလင်း၏ အမူအရာအရ မည်သည့်ဖိအားကိုမှ ခံစားရသည့်ပုံ မ‌ပေါ်ပေ။

ထွင်ထျန်းဟာက ဝမ်လင်း၏ အစွမ်းထက်ပုံကိုပြသရန် ဤမြင်ကွင်းကို သူ၏ဖုန်းဖြင့် ဓာတ်ပုံရိုက်ချင်သော်လည်း ဖုန်းကအွန်လိုင်းတွင် အသုံးပြုနိုင်ခြင်း မရှိသည်ကို သိလိုက်ရသောအခါတွင် စိတ်ဓာတ်ကျသွားခဲ့သည်။

ဆိုရလျှင် ကောင်းကင်တာအို၏ အလိုဆန္ဒပြယုဂ်သည် အွန်လိုင်း ချိတ်ဆက်မှုများကို အနှောင့်အယှက် ဖြစ်စေသည်။

ဝမ်လင်းနှင့် ၃လက်မအရွယ် အမျိုးသားက ဘာတစ်ခွန်းမှ မပြောကြသော်လည်း စကား လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ရန် ကောင်းကင်တာအို၏ နယ်မြေထဲသို့ ဝင်သွားခဲ့သည်။

ဤနယ်မြေသည် အခြားသူ၏ အတွေးအမြင်များကို သိနိုင်သောစွမ်းရည် ရှိသည်။

၎င်းက စိတ်ချင်းဆက်သွယ်၍ ပြောဆိုနိုင်သော စွမ်းရည်နှင့် ကွဲပြားသည်။

၎င်းတို့၏ ကွဲပြားမှုကို ရှင်းပြရလျှင် ဤကောင်းကင်တာအိုနယ်မြေသည် စကားပြောဆိုရာတွင် လုံးဝလုံခြုံသည်။

ထွင်ထျန်းဟာက သူ၏ဖုန်းတွင် အင်တာနက် အလုပ်မလုပ်တော့သည်ကို တွေ့ရှိခဲ့သည်။

ဤသည်မှာ ကောင်းကင်တာအို နယ်မြေ၏ သက်ရောက်မှုရှိခြင်းကြောင့် ဖြစ်သည်။

အမှန်တရားမှာ ဤတစ်ကြိမ်သည် ၃လက်မအရွယ် အမျိုးသားနှင့် ဝမ်လင်း၏ ပထမဆုံးသော အလဲအလှယ် မဟုတ်ပေ။

၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး အလွန်ရင်းနှီးနေပြီ ဖြစ်သည်။

စက္ကန်များစွာကြာပြီးနောက်တွင် ၃လက်မအရွယ် အမျိုးသားက သူ့လက်များကို ဖြန့်လိုက်ရာ အစောပိုင်းက ဝမ်လင်းအစီအရင်ထဲ ပစ်ထည့်လိုက်သော လေ့ကျင့်ခန်းစာရွက်များက သူ့လက်ထဲတွင် ပေါ်လာခဲ့သည်။

“ဒီစာရွက်တွေက ကောင်းကင်တာအို လက်ရေးနဲ့ ရေးထားတဲ့အတွက် လိုအပ်ချက်နဲ့တော့ ကိုက်ညီသွားပြီ”

ထို့နောက် သူက ဝမ်လင်းကိုကြည့်၍ မေးလိုက်သည်။

“ဒီတစ်ခေါက်ရော မင်းက ဘယ်လိုအရသာ ခေါက်ဆွဲခြောက်ကို လိုချင်တာလဲ”

ဝမ်လင်းက ခေါက်ဆွဲခြောက်ကြွပ်ကြော် စားသုံးရန်အတွက် ဤအသွင်ပြောင်း အစီအရင်ကို ယခင်က အကြိမ်များစွာ အသုံးပြုခဲ့ဖူးသည်။

ထို့ကြောင့် ၃လက်မအရွယ် အမျိုးသားက ဝမ်လင်း၏ အကြိုက်ကို အလွန်ရင်းနှီးနေပုံရသည်။

ဝမ်လင်း “ကျွန်တော် ကိလေသာသံ လိုချင်တယ်”

ထိုစကားကိုကြားလျှင် ၃လက်မ အရွယ် အမျိုးသားသည် ဝမ်လင်း၏ တောင်းဆိုမှုက ယခင်ထက် အနည်းငယ် လေးနက်လာသည်ဟု ခံစားရသည်။

“မင်းက ခေါက်ဆွဲအကြွပ်ကြော်တွေကို မလိုချင်တော့ဘူးလား”

ဝမ်လင်း “အခုလောလောဆယ်တော့ ကိလေသာသံကိုပဲ ကျွန်တော်လိုချင်တယ်”

ထိုစကားကြောင့် ၃လက်မအရွယ် အမျိုးသားက စိတ်လှုပ်ရှားသွားသည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ဤလူငယ်လေးက မတူကွဲပြားသည့် အရာတစ်ခုကို လဲလှယ်ရန် သင်ယူနိုင်ခဲ့ပြီဖြစ်သည်။

၃လက်မအရွယ် အမျိုးသားသည် သူ့ကိုယ်သူ ဝဋ်လည်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

ဤချာတိတ်လေး ငယ်ငယ်က အဖြစ်အပျက်ကို သူမှတ်မိသေးသည်။

လွန်ခဲ့သော ၁၃နှစ်ခန့်က…

ထိုနေ့တွင် ၃နှစ်အရွယ် ဝမ်လင်းလေးသည် အသွင်းပြောင်း အစီအရင်ကို ရေးဆွဲခဲ့သည်။

ထိုအခါ ၃လက်မအရွယ် အမျိုးသား ပေါ်ထွက်လာပြီး ကလေးငယ်ဝမ်လင်း ကောင်းကင်တာအိုဖြင့် ရေးဆွဲထားသည့် ဆီဆေး ပန်းချီကားကို မြင်လျှင် လုံးဝ တုန်လှုပ်သွားခဲ့ရသည်။

ထို့နောက်တွင် သူက ဝမ်လင်း၏ ဆီဆေးပန်းချီကားကို ရယူရန် ခေါက်ဆွဲခြောက်ကြွပ်ကြော်ဖြင့် လှည့်စားခဲ့သည်။

ထို့ကြောင့် ဝမ်လင်းက အသက်၃နှစ်အရွယ်တွင် သူ့ဘဝ၏ ပထမဆုံးအကြိမ် ခေါက်ဆွဲကြွပ်ကြော်ကို စားသုံးခဲ့ရသည်။

ဤကိစ္စပြီးသည့်အခါတွင် ဝမ်လင်းသည် သူ့ကို အလဲအလှယ်လုပ်ရန် မကြာခဏရှာဖွေခဲ့သည်။

ထိုအချိန်က သူသာ ဤချာတိတ်အား ခေါက်ဆွဲခြောက်ဆိုင်ကို မညွှန်ပြခဲ့လျှင် ယခုအချိန်ထိ သူ့ကို အဆက်မပြတ် ဒုက္ခပေးနေမည်မှာ သေချာသလောက်ပင်။

၃လက်မအရွယ် အမျိုးသားက ထိုအကြောင်းကို တွေးမိသောအခါ စိတ်ထဲတွင် ကြောက်စိတ်များ ရစ်ဝဲနေခဲ့သည်။

သူက ဤချာတိတ်လေးအား ခေါက်ဆွဲခြောက်ကြွပ်ကြော် စွဲလမ်းအောင် လုပ်ခဲ့သည့် တရားခံ ဖြစ်သည်ကိုတော့ ဝန်ခံရပေမည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ဤအကြောင်းကို အခြားမည်သူမှ မသိသေးပုံရသည်။

အပိုင်း(၆၂၃) ပြီး၏

All Chapters