အောင်ပွဲအထိမ်းအမှတ် မှော်ရတနာ
Vol. 42 Ch. 625
တန်ဖိုး၃ပါးကွဲအက်တူ၏ ဒီဇိုင်းသည် အနည်းငယ်ထူးဆန်းသည်။
သို့သော် ၎င်းသည် ကောင်းကင်လက်နက်၈မျိုးတွင် ပါဝင်နေသောကြောင့် မည်မျှထူးခြားသည်ကို သက်သေပြနိုင်ပြီ ဖြစ်သည်။
ထို့ပြင်အသုံးပြုမှု အကန့်အသတ်ရှိသော မှော်လက်နက်အမျိုးအစားသည် အမြဲတမ်း အသုံးပြု၍ရသော မှော်လက်နက်များထက် ပိုမိုပြင်းထန်သည့် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲစွမ်းအားများကို ထုတ်ပေးလေ့ ရှိသည်။
ဝမ်လင်းက လက်နက်၏ အရည်အသွေးကို ဂရုတစိုက်စစ်ဆေးလိုက်ရာ အရည်အသွေးက အလွန်ပင် ခြားနားနေကြောင်း သိရှိခဲ့ရသည်။
ပုံမှန်အားဖြင့် ဤတန်ဖိုး၃ပါး ကွဲအက်ခြင်းတူသည် ပထမတန်းစား သူတော်စင်လက်နက်ဖြစ်သည်။
သို့သော်လည်း ဝမ်လင်းဘအနည်းငယ်ပြုပြင်ပြီးနောက်တွင် ၎င်းက ကမ္ဘာ့ဖီဆန် မှော်ရတနာအဆင့်လောက် ရှိသည်ဟု ဝမ်လင်းယူဆခဲ့သည်။
တူခေါင်း၏ အလယ်ရှိ အံဝှက်ကလေးသည် စွမ်းအင်ကို သွန်းလောင်း၍ ထည့်ထားနိုင်သည့် နေရာလွတ်တစ်ခု ဖြစ်သည်။
ဤသည်ကပင် ဤတူအား ခံစစ်မှော်လက်နက် အဖြစ် ဝမ်လင်း အထူးရွေးချယ်ခဲ့သည့် အရေးကြီးသော အကြောင်းပြချက်တစ်ခု ဖြစ်သည်။
အကယ်၍ မိုးခေါင်ခြင်းကြယ်ဂြိုဟ်တွင် သမိုင်းမစတင်မီက ကမ္ဘာဦးသားရဲ တစ်ကောင်ကောင် ရှိနေခဲ့လျှင် တိုက်ပွဲကအလွန်ပင် အန္တရာယ်များမည် ဖြစ်သည်။
ကမ္ဘာဦးချီ နှင့် ဝိညာဉ်ချီ စွမ်းအင်နှစ်မျိုးစလုံးသည် စွမ်းအင်အရင်းအမြစ်များ ဖြစ်ကြသော်လည်း ဝိညာဉ်ချီသည် ကမ္ဘာဦးချီနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ပေ။
အင်မော်တယ်ကျန်းရွမ်၏ ခန္ဓာကိုယ်သည် ကမ္ဘာဦးချီ အချို့ကို ထုတ်လုပ်ပေးနိုင်သော်လည်း သူ၏ အဓိကစွမ်းအင် အရင်းအမြစ်မှာမူ ဝိညာဉ်စွမ်းအင် ဖြစ်နေဆဲ ဖြစ်သည်။
ထိုအချက်ကို နောက်ဆုံးအကြိမ်က မိုးခေါင်ခြင်းဂြိုဟ်တွင် လေဝိညာဉ်နှင့် တိုက်ခိုက်ရာ၌ ဝမ်လင်း အတည်ပြုထားပြီးပြီ ဖြစ်သည်။
ဆန့်ကျင်ဘက်အားဖြင့် ထိုအမည်မသိ ကမ္ဘာဦး သားရဲကောင်များသည် ပတ်ဝန်းကျင်ပေါ် မူတည်၍ စွမ်းအင် အရင်းအမြစ်များကို လွတ်လပ်စွာ အသုံးပြုနိုင်သည်။
ထို့ကြောင့် အကယ်၍ တိုက်ပွဲဖြစ်ခဲ့လျှင် အင်မော်တယ် ကျန်းရွမ် မယှဉ်ပြိုင်နိုင်မည်မှာ သေချာသလောက်ပင် ဖြစ်သည်။
အဓိကအချက်မှာ ထိုလျှို့ဝှက်ဆန်းကြယ်သော ငါးဖမ်းသမားက မည်ကဲ့သို့ စစ်ဆင်ထားသည်ကို သူတို့အနေဖြင့် မသိရသေးခြင်း ဖြစ်သည်။
ထို့ကြောင့် အခြေအနေအရ ကြိုတင် ပြင်ဆင်ထားရန် လိုအပ်ပေသည်။
ဤတန်ဖိုး၃ပါး ကွဲအက်တူသည် အင်မော်တယ်ကျန်းရွမ်အတွက် ကြီးမားသော အကူအညီ ဖြစ်လာနိုင်ပေသည်။
ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ပထမတန်းစားကမ္ဘာဦးချီကို တူထဲသို့ အပြည့် ထည့်သွင်းလိုက်သည်။
စွမ်းအင်အပြည့် ဖြည့်ပြီးသောအခါတွင် တူထိပ်ရှိ အလယ်ပိုင်းသည် လေထိုးထားသကဲ့သို့ ဖောင်းပွနေသည်ကို ထွင်ထျန်းဟာ မြင်လိုက်ရသည်။
“ဒီတူကို ၁၀ကြိမ်ထက် မနည်း အသုံးပြုလို့ရတယ်”
ဝမ်လင်းက ထွင်ထျန်းဟာဆီ ကမ်းပေးလိုက်သည်။
“မင်းနဲ့ ငွေရောင်လေးက ဒီတူကို မိုးခေါင်ခြင်းကြယ်ဂြိုဟ်ဆီကို အတူတူ ယူသွားရမယ်”
ထွင်ထျန်းဟာက ခေါင်းငြိမ့်လိုက်သည်။
“ငွေရောင်လေးကိုပါ ခေါ်သွားရမှာလား”
ဝမ်လင်း၏ စကားကြောင့် ထွင်ထျန်းဟာက အံ့ဩသွားသည်။
ဆရာလေးလင်း၏ အတွေးကို သူနားမလည်နိုင်ခဲ့ပေ။
သို့သော် ဝမ်လင်း၏ နှလုံးသာကမူ မှန်တစ်ချပ်လို ကြည်လင်နေခဲ့သည်။
သီအိုရီအရ သူတော်စင် သားရဲများနှင့် သမိုင်းမစတင်မီက အရိုင်းအစိုင်းသားရဲ (ဝါ) ကမ္ဘာဦး သားရဲများသည် တူညီသော အဆင့်အတန်းတွင် ရှိကြသည်။
သမိုင်းမစတင်မီက သားရဲများကို အရိုင်းအစိုင်း သားရဲများဟု ခေါ်ဆိုရခြင်းမှာ အဆိုပါ သားရဲများသည် ဉာဏ်ရည်အလွန်နိမ့်ပါးကြခြင်းကြောင့် ဖြစ်သည်။
တစ်ဖက်တွက်မူ သူတော်စင်သားရဲများသည် ၎င်းတို့နှင့်ဆန့်ကျင်ဘက် ဖြစ်သည်။
၎င်းတို့က ကျင့်ကြံရာတွင် တိုးတက်မှု နှေးကွေးသော်လည်း မွေးဖွားလာသည်နှင့် ဉာဏ်အလင်းကို ရရှိခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေကာမူ ဤသားရဲ နှစ်မျိုးစလုံးသည် ကိုယ်ပိုင်အရည်အချင်းများ ကိုယ်စီရှိကြသည်။
ဝမ်လင်းအနေဖြင့် သမိုင်းမစတင်မီက အရိုင်းအစိုင်းသားရဲကောင်ကို ခြေရာခံရန် ငွေရောင်လေးကို စေလွှတ်ရသည့် အကြောင်းအရင်းမှာ ဤလက္ခဏာကြောင့် ဖြစ်သည်။
သူတော်စင်သားရဲများသည် သမိုင်းမစတင်မီက အရိုင်းအစိုင်းသားရဲများ၏ သွေးကို အလွန်ပင် အကဲဆတ်ကြသည်။
ထို့ကြောင့် ငွေရောင်လေး၏ တည်ရှိမှုသည် ထိုအရိုင်းအစိုင်းသားရဲကို ပြင်းထန်သော ဟန့်တားမှု ဖြစ်စေပေလိမ့်မည်။
အခြားအချက်တစ်ချက်မှာ ငွေရောင်လေးသည် သူ၏ သန့်စင်သော သူတော်စင်သွေးကို သမိုင်းမစတင်မီက အရိုင်းအစိုင်းသားရဲအပေါ်တွင် ထားနိုင်ခဲလျှင် နောက်ပိုင်းတွင် ထိုသားရဲကိုခြေရာခံရန်အတွက် အသုံးချနိုင်ပြီ ဖြစ်သည်။
ဆိုရလျှင် သူတော်စင်သားရဲသွေးကို ခြေရာခံကိရိယာ အနေဖြင့်လည်း အသုံးပြုနိုင်၏။
ဝမ်လင်းက ငွေရောင်လေး၏ သူတော်စင် သားရဲသွေးဖြင့် ထွင်ထျန်းဟာကို ရေချိုးပေးပြီးနောက်တွင် ဤအချက်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထွင်ထျန်းဟာက တူကို စိုက်ကြည့်နေခဲ့သည်။
“ညွှန်ကြားချက်တွေ ရှိသေးလား”
“ရှိတယ်”
ဝမ်လင်းက ကောင်းကင်လက်နက်၈မျိုးကျမ်းကို လှန်လှောလိုက်သည်။
မှော်လက်နက်အားလုံး၏ ညွှန်ကြားချက်များသည် စာအုပ်၏ ဒုတိယပိုင်းတွင် ရှိသည်။
ဝမ်လင်းက ဤမှော်လက်နက်ကို ရွေးချယ်ခဲ့ရသော အကြောင်းအရင်းမှာ စွမ်းအင်သိုလှောင်နိုင်သောကြောင့် ဖြစ်သော်လည်း မည်သို့သုံးရမည်ကို အတိအကျ မသိသေးပေ။
သခင်နှင့်ကျွန်တို့က ညွှန်ကြားချက် စာမျက်နှာဆီသို့ လှန်လှောလိုက်ပြီး တူ၏ သီးခြား လုပ်ဆောင်ချက်များကို စတင်ဖတ်ရှုလိုက်ကြသည်။
ကောင်းကင်လက်နက်၈မျိုးကျမ်းအညွှန်း
တန်ဖိုး၃ပါး ကွဲအက်တူ၏ လက်နက် ပန်းပဲဆရာများထံမှ ညွှန်ကြားချက်များ..
ကျင့်ကြံခြင်းလောကမှာ အမြဲတမ်း မှော်လက်နက်တွေပဲ ဒီဇိုင်းထွက်လာခဲ့ပြီး အသုံးပြုမှု အကန့်အသတ်ရှိတဲ့ မှော်လက်နက်တွေကို လျစ်လျူရှုထားခဲ့တယ်.. ကိလေသာလောရဲ့ လမ်းညွှန်မှုအောက်မှာ ငါတို့ လက်နက် ပန်းပဲဆရာအဖွဲ့က ဤအကန့်အသတ်ဖြင့်သာ အသုံးပြု၍ရတဲ့ မှော်လက်နက်ကို ဖန်တီးနိုင်ခဲ့တယ်.. ဒီတူက အင်အားကြီးမားတဲ့ ရန်သူကို တိုက်ခိုက်ဖို့ အတွက် အရံအဖြစ် အသုံးပြုနိုင်မယ့် စွမ်းအားများကို သိုလှောင်ထားနိုင်တယ်.. ဒါ့အပြင် အမြဲတမ်း အသုံးပြုလို့ရတဲ့ မှော်လက်နက်တွေမှာ မတွေ့ရတဲ့ ပြင်းထန်တဲ့ပေါက်ကွဲစွမ်းအားတွေကိုလည်း ဖန်တီးနိုင်တယ်.. ဒီထုတ်ကုန်ရဲ့ အကြီးမားဆုံး အားသာချက်က ပေါက်ကွဲနိုင်တဲ့ စွမ်းအားနဲ့ အသုံးပြုနိုင်တဲ့ အကြိမ်အရေအတွက်ပဲ.. ဒီလက်နက်ကိုစွမ်းအင်အပြည့် ထည့်သွင်းထားရင် ၁၀ကြိမ်အထိ အသုံးပြုနိုင်တယ်.. ဒါက သမာရိုးကျ အကန့်အသတ်နဲ့ အသုံးပြုနိုင်တဲ့မှော်လက်နက်တွေရဲ့ စွမ်းဆောင်နိုင်မှုထက်ကို ကျော်လွန်နေတယ်
.......................
ညွှန်ကြားချက်များ…
၁ တရားမျှတမှု
ထုတ်ကုန်ကို ပထမအကြိမ် အသုံးပြုလိုက်သည်နှင့် တူကိုကိုင်ဆောင်သူသည် တရားမျှတမှု၏ အကျိုးသက်ရောက်မှုကို အလိုအလျောက် စတင်စေသည်။
စွမ်းအင်အရင်းအမြစ် ပိုမိုအားကောင်းလေ တူ၏ဖိနှိပ်မှုစွမ်းအားက ပိုမိုကြီးမားလေဖြစ်ပြီး ပြိုင်ဘက်က တရားမျှတမှု၏ ထိပ်တိုက်ရင်ဆိုင်မှုတွင် ကျရှုံးသွားမည် ဖြစ်သည်။
ပြိုင်ဘက်အနေဖြင့် စစ်မှန်သောခွန်အားကို မပြသနိုင်ဘဲ ပြိုင်ပွဲတွင် ရှုံးနိမ့်သွားကြလေ့ ရှိသည်။
တိုက်ပွဲအတွင်း ရန်သူ၏ မှော်အတတ်သည် အဆပေါင်းများစွာ အားနည်းသွားသဖြင့် တူတူတန်တန် မစွမ်းဆောင်နိုင်တော့ပေ။
၎င်းက တူအသုံးပြုသူကို ပို၍ပင် အဖျက်စွမ်းအား ကောင်းမွန်စေသည်။
.....................
၂ သက်ရှိအားလုံးသည် သာတူညီမျှ ဖြစ်သည်
ဤစွမ်းအင်ကို ထုတ်သုံးသောအခါတွင် ထိုသို့ရွတ်ဆိုရန် လိုအပ်သည်။
ထိုမှော်စွမ်းအင်၏ အကျိုးသက်ရောက်မှုကို စတင်လိုက်သည်နှင့် ရန်သူများသည် ၎င်းတို့၏ ခွန်အားကို တူအသုံးပြုသူနှင့် တူညီသော အဆင့်အတန်းတွင်သာ ထိန်းသိမ်းထားနိုင်တော့မည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သက်ရှိအားလုံးသည် သာတူညီမျှ ဖြစ်သော မှော်စွမ်းရည်၏ အကျိုးသက်ရောက်မှု အလင်းရောင်သည် ပြိုင်ဘက်၏ အမြင်အာရုံကို ပြင်းထန်စွာ ထိခိုက်စေပြီး တိုက်ခိုက်လိုစိတ်ကို ဆုံးရှုံးသွားစေသည်။
၃ အန္တိမတူ အကျိုးသက်ရောက်မှု
ဤမှော်စွမ်းရည်၏ အကျိုးသက်ရောက်မှုကို အသက်သွင်းလိုက်လျှင် တူအသုံးပြုသည် ထိုတူ နှင့် မြေပြင်ကို တစ်ချက်ထု ရိုက်လိုက်သည်နှင့် ပြိုင်ဘက်၏ အမြင်၃ပါးကို ဖြိုချကာတူအသုံးပြုသူ ကိုယ်တိုင်လည်း ရွှေကိုယ်ထည် အခြေအနေသို့ အတင်းအကျပ် ဝင်ရောက်သွားစေမည် ဖြစ်သည်။
ဤအခြေအနေတွင် သက်ရှိအရာအားလုံးသည် တိတ်ဆိတ်သွားမည် ဖြစ်ပြီး တူအသုံးပြုသူသည် ရုပ်ပိုင်းဆိုင်ရာနှင့် နာမ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုအားလုံးကို ၁၀စက္ကန့်ကြာအောင် လုံးဝခုခံနိုင်စွမ်း ရှိသည်။
ထို့ပြင် တူအသုံးပြုသူမှ ထုတ်လွှတ်သော ကိုယ်ထည်၏ အလင်းရောင်သည် ပြိုင်ဘက်၏ မကောင်းသော စိတ်အဟုန်ကို ချေဖျက်နိုင်ပြီး ၎င်းတို့၏စိတ်ကို ဗုဒ္ဓကဲ့သို့ စိတ်တည်ငြိမ်စေရန် တွန်းအားပေးမည် ဖြစ်သည်။
ညွှန်ကြားချက်အကျဉ်းချုပ်
ဤထုတ်ကုန်သည် လက်ရှိ ခေတ်ရေစီးကြောင်းကို အလေးအနက်ဖီဆန်ပြီး ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။
ကနဦး ဒီဇိုင်းထုတ်ရန်အတွက် ကျွန်တော်တို့ ဒီဇိုင်းအဖွဲ့သည် LOL ပြိုင်ပွဲ၏ ချန်ပီယံဖြစ်သော RNG team သို့ သွားရောက်ခဲ့ပြီး အသင်းဝင်များထဲမှ တစ်ဦးဖြစ်သည့် ထောင်လွှားမှုမရှိသော သခင်အင်ပါယာရန်း၊ ယန်ကျွင်းဇီ တို့ကို သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည်။
အဆုံးစွန်အားဖြင့် ကျွန်တော်တို့ ဒီဇိုင်းထုတ်ထားသော ဤထုတ်ကုန်သည် RNG team ၏ အောင်ပွဲအထိန်းအမှတ် အဖြစ် ထုတ်လုပ်ထားသည့် မှော်ဝင်ရတနာတစ်ခု ဖြစ်သည်။
အပိုင်း(၆၂၅) ပြီး၏