← Chapters

ငွေရောင်လေး၏ အမြန်ချောပို့သမား

Vol. 42 Ch. 626

ငွေရောင်လေး၏ အမြန်ချောပို့သမား

Vol. 42 Ch. 626

သခင်နှင့်အစေခံက ညွှန်ကြားချက်များကို စိုက်ကြည့်ပြီးနောက်တွင် အချိန်အတော်ကြာ တိတ်ဆိတ်သွားကြသည်။

အကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်သော မှော်ရတနာတစ်ခုဖြစ်သည့် ဤတန်ဖိုး၃ပါး ကွဲအက်ခြင်းတူတွင် လုပ်ဆောင်ချက်များစွာ ပါရှိသည်ဟု ဆိုရမည် ဖြစ်သည်။

အထူးသဖြင့် ဝမ်လင်းသည် ဤတူတွင်ပါရှိသည့်တရားမျှတမှုလုပ်ဆောင်ချက်ကို တွေးမိခဲ့သည်။

သူတတ်ကျွမ်းခဲ့သော မဟာတရားမျှတမှု တာအိုသည် အသုံးပြုသူနှင့် ရန်သူအကြားရှိ ခွန်အားကွာခြားချက်ကို ပိတ်ဆို့ရန်အတွက်‌ မှော်စွမ်းရည်.ဖြစ်သည်။

၎င်းက ဤတူ၏ "သက်ရှိအားလုံးသည် သာတူညီမျှဖြစ်သည်" ဟူသော လုပ်ဆောင်ချက် စွမ်းရည်နှင့် တူညီသည်။

သို့သော် ဝမ်လင်းအနေဖြင့် ဤမှော်စွမ်းရည်အား အသုံးပြုရန် ဘယ်သောအခါမှ အခွင့်အရေးရမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ဤအရာက အမှန်တကယ်ပင် တန်ဖိုးမရှိသော ကောင်းကင်တာအို ဖြစ်နေသောကြောင့် ဖြစ်၏။

လက်ရှိအခြေအနေတွင် သူရင်ဆိုင်ခဲ့ရသည့် ရန်သူအများစုသည် သူ့ထက် အားနည်းကြသည်။

အကယ်၍သူသာ "သက်ရှိအားလုံး သာတူညီမျှဖြစ်သည်" ဟူသော မှော်စွမ်းရည်ကို အသုံးပြုခဲ့လျှင် သူက ရန်သူအစားအားနည်းသွားလိမ့်မည် ဖြစ်ပြီး ရန်သူများကို ပိုမို အားကောင်းလာစေလိမ့်မည်။

ထို့ကြောင့် ဝမ်လင်းက အင်အားကောင်းသော ရန်သူနှင့် မတွေ့မချင်း ဤမှော်စွမ်းရည်ကို အသုံးပြုခွင့်ရမည် မဟုတ်ပေ။

တူက အမှန်တကယ် အသုံးဝင်သည်ဟု သူရုတ်တရက် တွေးမိလိုက်သည်။

၎င်းက အကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်သော မှော်လက်နက်ဖြစ်ပြီး အလွန်အစွမ်းထက်သော ခံစစ် မှော်ရတနာတစ်ခုလည်း ဖြစ်သည်။

ဤမှော်လက်နက်၏ လုပ်ဆောင်ချက်များကို ကမ္ဘာဦးချီနှင့်သာ ပေါင်းစပ် အသုံးပြုလိုက်လျှင် မှော်လက်နက်၏ မူလစွမ်းအားသည် အလွန် တိုးတက်ကောင်းမွန်လာမည် ဖြစ်သည်။

ထွင်ထျန်းဟာက ဝါးမျိုခြင်းစွမ်းအင်ဖြင့် တူကို သိမ်းယူလိုက်သည်။

သူက ထိုညမှာပင် ငွေရောင်လေးကို ဆက်သွယ်ရန် ဆုံးဖြတ်ခဲ့သည်။

အဆုံးသတ်တွင် ဤသည်က ဆရာလေးလင်း၏ ညွှန်ကြားချက်ဖြစ်၍ သူ့အနေဖြင့် နာခံရပေမည်။

သူက အခြေအနေကို မသိသေးသော ငွေရောင်လေးကို အင်မော်တယ်ကျန်းရွမ်နှင့် မိုးခေါင်ခြင်းကြယ်ဂြိုဟ် အကြောင်း အနည်းငယ် ရှင်းပြရမည် ဖြစ်သည်။

ငါးဖမ်းသမား၏ နေရာကို အမြန်ဆုံး ရှာဖွေနိုင်ရန်အတွက် အလျင်မြန်ဆုံး နည်းလမ်းမှာ ငွေရောင်လေး၏ သူတော်စင်သွေးဖြင့် ခြေရာခံရန်သာ ဖြစ်သည်။

သို့သော် အကောင်အထည်‌ဖော်ရန် လွယ်ပါ့မလား ဆိုသည်ကို သေချာမသိသေးပေ။

ထိုညနေခင်းတွင်ငွေရောင်လေးသည် ဇိမ်ခံအိမ်တွင် တစ်စုံတစ်ရာကို စောင့်မျှော်နေသည်။

ရွှင်းဖုန့်စိတ်ဝိညာဉ်ကား၏အဖြစ်အပျက်ကြောင့် သူ၏ လည်ပတ်ဝယ်မည့် အစီအစဉ်က နှောင့်နှေးသွားခဲ့သည်။

အဆုံးသတ်တွင် ငွေရောင်လေးသည် လည်ပတ်ကို အွန်လိုင်းမှသာ ဝယ်ယူရန် ရွေးချယ်ခဲ့သည်။

ရှစ်နာရီခန့်တွင် အိမ်တံခါးခေါက်သံ ထွက်ပေါ်လာသည်။

ငွေရောင်လေးက တံခါးကိုဖွင့်လိုက်ရာ ပါဆယ်ထုပ်ကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ကမ်းပေးနေသော ခပ်ချောချော ညီငယ်လေး တစ်ယောက်ကို တွေ့လိုက်ရသည်။

“မင်္ဂလာပါ.. မစ္စတာ ငွေရောင်လေး.. ကျွန်တော်က ရွှင်းဖုန့်အမြန်အချောပို့ကပါ”

“ဘယ်လိုဖြစ်တာလဲဟ”

ငွေရောင်လေးက အမြန်ချောပို့ ညီငယ်လေး၏ သနားစရာကောင်းသော အသွင်အပြင်ကြောင့် အံ့အားသင့်သွားခဲ့သည်။

သူက အကဲခတ်ကြည့်လိုက်ရာ ထိုညီငယ်လေး၏ ခြေရင်းတွင် ဂေါ်ပြားတစ်ချောင်းနှင့် အတူ လူအရွယ်အစားခန့် ရှိသော အပေါက်တစ်ခုကို တွေ့လိုက်ရသည်။

ငွေရောင်လေး “……….”

“ရွှင်းဖုန့်အမြန်ချောပို့က ပို့ဆောင်ရေးသမား အားလုံက ပုံမှန်လမ်းကြောင်း အတိုင်း သွားတာ မဟုတ်ဘူးလား”

ငွေရောင်လေးက ရွှင်းဖုန့် အမြန်ချောပို့မှ ပို့ဆောင်ရေးသမားများနှင့် ပတ်သက်သည့် သတင်းအများအပြားကို အွန်လိုင်းတွင် တွေ့မြင်ခဲ့ရသည်။

ရွှင်းဖုန့်အမြန်ချောပို့မှ ပို့ဆောင်ရေး သမားများသည် နေရာအမျိုးမျိုးတွင် နားမလည်နိုင်စွာ ပေါ်ပေါက်လာတတ်ကြသည်။

မကြာသေးမီက အွန်လိုင်းလုံခြုံရေး ကုမ္ပဏီတစ်ခုသည် ကွန်ပျူတာဗိုင်းရက်စ် ကူးစက်ခံခဲ့ရသည်။

ဤအကျပ်အတည်းကို ကုမ္ပဏီတစ်ခုလုံးက ရင်ဆိုင်ခဲ့ရပြီး ကူကယ်ရာမဲ့ ဖြစ်နေခဲ့သည်။

ထိုအချိန်တွင် ရွှင်းဖုန့်အမြန်ချောပို့မှ ပို့ဆောင်ရေးသမားက တံခါးဝတွင် ရှိနေခဲ့သည်။

အဆုံးသတ်တွင် ထိုပို့ဆောင်ရေးသမားသည် ကွန်ယက်အတွင်းရှိ Errorများကို ပြုပြင်ပေးခဲ့သည်။

ဆိုရလျှင် ပို့ဆောင်ရေးသမား တစ်ဦးသည် သန်းရာနှင့်ချီသော သုံးစွဲသူများ၏ လုံခြုံရေးအချက်အလက် ပေါက်ကြားမှုအန္တရာယ်မှ တားဆီးပေးခဲ့သည်။

ပို့ဆောင်ရေးသမား အလုပ်သည် အမှန်တကယ် ဆန်းကြယ်သော အလုပ်တစ်ခု ဖြစ်သည်။

ထိုထက်ပို၍ ဆန်းကြယ်သည်မှာ ရွှင်းဖုန့်အမြန်ချောပို့မှ ပို့ဆောင်ရေးသမားများသာဘဖြစ်သည်။

“အဓိက ဝင်ပေါက်ကနေ ဘာလို့မလာတာလဲ”

ငွေရောင်လေးက ပေးပို့မှုကို လက်ခံပြီးနောက်တွင် စပ်စုလိုက်သည်။

ထိုခဏတွင် ညီငယ်လေး၏ ရင်ဘတ်ပေါ်မှ ဝန်ထမ်းIDကို သူတွေ့လိုက်ရသည်။

ထိုဝန်ထမ်း၏အမည်က လျန့်လျန့် ဖြစ်သည်။

လူငယ်လေးက မချိပြုံး ပြုံးပြပြီး ခေါင်းညိမ့်လိုက်သည်။

“ဒီအိမ်ရာထဲက အိမ်ပိုင်ရှင် တစ်ယောက်က သူ့ကောင်မလေးရဲ့မွေးနေ့ကို စပရိုက်တိုက်ဖို့ အတွက် ကျွန်တော်တို့ကို မြေပြင်ကနေ ရုတ်တရက် ထွက်လာခိုင်းခဲ့တယ်.. အဆုံးသတ်မှာကျွန်တော်က မြေတူး မကျွမ်းကျင်တာကြောင့် ဇိမ်ခံအိမ်ရဲ့လုံခြုံရေးအဖွဲ့က သူတို့ရဲ့ ရုံးခန်းဆီ ဖမ်းခေါ်တာကို ခံခဲ့ရတယ်”

ငွေရောင်လေး “……….”

လျန့်လျန့်က ခေါင်းကုပ်လိုက်သည်။

“ဒီအိမ်ရာရဲ့လုံခြုံရေးက ကျွန်တော့်ကို နာမည်ပျက်စာရင်းတောင် သွင်းလိုက်ပြီလေ”

ငွေရောင်လေး “မင်းအတွက် အရမ်းခက်ခဲမှာပဲ”

“ရပါတယ်.. ဖောက်သည်ရဲ့ ပစ္စည်းကို အရောက်ပို့ပေးဖို့က ကျွန်တော့်ရဲ့တာဝန်ပါ.. မစ္စတာ ငွေရောင်လေး စိတ်ချပါ.. ကျွန်တော် ထွက်သွားတာနဲ့ ဒီအပေါက်ကို မြေပြန်ဖို့ခဲ့ပါ့မယ်.. အဲဒါဆို ကျွန်တော်က ဒီကို လုံးဝမရောက်ခဲ့သလို ဖြစ်သွားလိမ့်မယ်”

ငွေရောင်လေး “……….”

ထိုအချိန်တွင် ပို့ဆောင်ရေး ညီငယ်လေးက ရုတ်တရက် ပြောလိုက်သည်။

“ဟို.. ဒါနဲ့ မစ္စတာငွေရောင်လေး.. ကျွန်တော့်ကို ကြယ်ငါးပွင့်အဆင့် ပေးလို့ရမလား.. ငါ့မှာ မင်းအတွက် လက်ဆောင်လေးတွေ ရှိတယ်”

ထို့နောက် ပို့ဆောင်ရေးသမားက သူ့အိတ်ကပ်ထဲမှ ကြယ်ပွင့်သတ်မှတ်သည့် ကိရိယာကို ထုတ်ယူလိုက်သည်။

ထိုကိရိယာတွင် အဆင့်သတ်မှတ်ချက်၅ခုနှင့် ကိုက်ညီသည့် ခလုတ်၅ခုရှိသည်။

ဤလူငယ်လေးက အိမ်ရာလုံခြုံရေးကြောင့် နာမည်ပျက်စာရင်း သွင်းခံထားရသော်လည်း ပေးပို့မှုကိုအစွမ်းကုန် လုပ်ဆောင်နေဆဲ ဖြစ်သည်။

ထို့ကြောင့် သူ့အနေဖြင့် ထိုညီငယ်လေးကို အခက်တွေ့စေမည်မဟုတ်ပေ။

ငွေရောင်လေးက နှစ်ခါပြန်မေးရန် မလိုဘဲ ကြယ်ငါးပွင့်ခလုတ်ကို နှိပ်လိုက်သည်။

“ဒါနဲ့ မင်းရဲ့လက်ဆောင်က ဘာများလဲ”

ကြယ်ငါးပွင့်အဆင့် သတ်မှတ်ပြီးနောက်တွင် ငွေရောင်လေးက မေးလိုက်သည်။

“ဖောက်သည်ရဲ့ ဝယ်ယူမှုအပေါ် အခြေခံပြီးတော့ လက်ဆောင် အသေးစားလေးတွေကို စနစ်က အလိုအလျောက် ဆုံးဖြတ်ပေးတာပါ.. ဟုတ်ပါတယ်.. ဒီလုပ်ငန်းစဉ် အတွင်းမှာ ဖောက်သည်ရဲ့ အသေးစိတ်အချက်အလက်တွေကို လျှို့ဝှက်ပေးထားမှာပါ.. ကျွန်တော်တို့ ပို့ဆောင်ရေးသမားတွေက ဖောက်သည် ဝယ်ယူတဲ့အရာတွေကို လုံးဝ မသိနိုင်ဘူးလေ.. ကျွန်တော်တို့က ပို့ဆောင်ရေးအတွက်ပဲ တာဝန်ရှိတယ်”

လျန့်လျန့်က ပြုံးလိုက်သည်။

“မင်းရဲ့ဝန်ဆောင်မှုက အတော်လေး အံ့ဩဖို့ကောင်းတာပဲ”

ငွေရောင်လေး အံ့အားသင့်နေခဲ့သည်။

ပါဆယ်ထုပ်ကို လက်ခံရရှိကြောင်း အတည်ပြုပေးပြီးနောက်တွင် ငွေရောင်လေးသည် လျန့်လျန့် ပေးသော လက်ဆောင်ထုပ်ကို လှမ်းယူလိုက်သည်။

ထိုလက်ဆောင်ထုပ်က ပစ္စည်းများ ထည့်ထားသော ဝိညာဉ်အိတ် ဖြစ်သည်။

ထိုအိတ်ထဲမှ ပစ္စည်းများကို ထုတ်ယူပြီးသည်နှင့် ထိုဝိညာဉ်အိတ်သည် အမှုန့်အမွှားများ အဖြစ်သို့ ပြောင်းလဲကာ ပတ်ဝန်းကျင်ကို ညစ်ညမ်းမှု လုံးဝမရှိစေဘဲ ပျောက်ကွယ်သွားမည် ဖြစ်သည်။

ငွေရောင်လေးက လက်ထဲတွင် ‌လည်ပတ်ကို ကိုင်ကာ အိမ်ထဲသို့ ပျော်ရွှင်စွာ ဝင်သွားခဲ့သည်။

ထိုအချိန်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ဘရိုကိုလီသုပ်ကို စားနေခဲ့သည်။

ငွေရောင်လေးက လက်ဆောင်ရထားသည့် ဝိညာဉ်အိတ်နှင့် လှမ်းဝင်လာသည်ကို မြင်လျှင် သူက ပြုံးပြလိုက်သည်။

ငွေရောင်လေးက အတော်လေး စိတ်ကျေနပ်နေသည်ဟု သူခံစားရသည်။

“သူတို့က မင်းကို ဘာလက်ဆောင်ပေးတာလဲ”

ဗုံးပစ်စီနီယာ အင်မော်တယ်က စပ်စုလိုက်သည်။

“မသိဘူး.. ငါလည်းမကြည့်ရသေးဘူး.. ငါဝယ်တဲ့ ပစ္စည်းပေါ်အခြေခံပြီး လက်ဆောင်ကို ကွန်ပျူတာစနစ်ကနေ ဆုံးဖြတ်တယ်လို့တော့ ပြောတာပဲ”

ငွေရောင်လေးက ပြန်ဖြေလိုက်သည်။

ထို့နောက် ငွေရောင်လေးက လည်ပတ်ကို စားပွဲပေါ်တွင် တင်လိုက်ပြီး သူ့လက်ထဲရှိ ဝိညာဉ်အိတ်ထဲမှ ပစ္စည်းများကို ဆွဲထုတ်လိုက်သည်။

ပစ္စည်းများကို ထုတ်ယူပြီးသည်နှင့် ဝိညာဉ်အိတ်က ချက်ချင်းပင် အမှုန့်အမွှား အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အပိုင်း(၆၂၆) ပြီး၏

All Chapters