← Chapters

တားမြစ်အဆိပ်ကို အကြည့်ထဲတွင် သန့်စင်ခြင်း(က)

Vol. 67 Ch. 1038

တားမြစ်အဆိပ်ကို အကြည့်ထဲတွင် သန့်စင်ခြင်း(က)

Vol. 67 Ch. 1038

ရွှီချင်းက ရူးမိုက်စွာ တွေးတောနေစဉ် ထိုဟင်းလင်းပြင်ထဲမှ တခြားရေကန်ထဲတွင် ခေါင်းဆောင်သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက လက်နောက်ပစ်လျက် ခေါင်းမော့ထားသည်။

သူ၏ မျက်နှာပေါ်မှ အမူအရာတွင် အတိတ်ကို လွမ်းဆွတ်သတိရခြင်းဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ သူက အတိတ်ကို ပြန်တွေးတောပြီး ကိုယ်တိုင်ခံစားနေဟန် ရသည်။ စိတ်ခံစားချက်များသည် သူ၏ မျက်နှာပေါ်မှာ ပေါ်လွင်နေသည်။

အချိန်အတော်ကြာပြီးနောက် သူက စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။ သူ၏ သက်ပြင်းချသံက ဘေးပတ်ဝန်းကျင်တစ်လျှောက် ပဲ့တင်ထပ်သွားလေရာ ရေပြင်ပေါ်တွင် လှိုင်းဂယက်တချို့ ဖြစ်ပေါ်လာလေသည်။

“ ကောင်းကင်နဲ့ မြေပြင်၊ အပင်တွေ၊ ဒီနေရာက အရာအားလုံးက ငါနဲ့ အရမ်းရင်းနှီးတယ်… ”

ခေါင်းဆောင်သည် တီးတိုးရေရွတ်လိုက်သည်။

သို့သော်လည်း သူ၏ စကားမဆုံးခင်မှာ အေးတိအေးစက် စကားသံသည် သူ၏ ခြေဖဝါးအောက်မှ ကြေးမုံပေါ်မှာ ထွက်ပေါ်လာသည်။

“ မင်းမျက်လုံးကန်းနေတာလား… ဒီမှာ ကောင်းကင်နဲ့ မြေပြင်မရှိဘူး… အပင်တွေလည်းမရှိဘူး… ဒီနေရာကို အုပ်ချုပ်သူဖန်တီးခဲ့ကတည်းက အစကနေ အဆုံးထိ ဗလာနတ္ထိပဲရှိတယ် ”

ခေါင်းဆောင်သည် မျက်တောင်ခတ်လိုက်သည်။ သူ၏ အမူအရာသည် တည်ငြိမ်သည်။ ရှက်ရွံ့သော အရိပ်အယောင် လုံးဝမထွက်ပေါ်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက စိတ်ထဲမှာ ဂုဏ်ယူဝင့်ကြွားစွာ တွေးတောလိုက်သည်။

‘ မင်းလို ဝိညာဉ်လေးက ငါပြောတာကို ဘယ်လိုလုပ်နားလည်နိုင်မှာလဲ… ငါက မန္တန်တစ်ခု ရွတ်ဆိုနေတဲ့ဟာကို ’

ထိုအခိုက်အတန့်မှာ မန္တန်ရွတ်ဆိုမှုက ပြီးမြောက်သွားသောအခါ သူက ခေါင်းမော့လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

“ စမ်းသပ်မှုအတွက် ငါ့ရဲ့ ကြီးမြတ်တဲ့ ရည်မှန်းချက်ကို စဉ်းစားပြီးသွားပြီ ”

ခေါင်းဆောင်က ပြောလိုက်သည့်အခါ သူ၏ ခြေဖဝါးအောက်မှ ရေပြင်သည် တအိအိလှုပ်ခတ်သွားသည်။

ဝတ်ရုံဖြူအဖိုးအိုသည် ခေါင်းဆောင်ကို အေးတိအေးစက် စိုက်ကြည့်လိုက်ပြီး ပြောသည်။

“ မင်းရဲ့ ရည်မှန်းချက်ကို ပြောပါ ”

“ ငါ့ရဲ့ ကြီးမြတ်တဲ့ ရည်မှန်းချက်က လဝတ်ပြုဒေသကြီးထဲက သက်ရှိအားလုံးကို ဒုက္ခပင်လယ်ထဲကနေ ကယ်ဆယ်ဖို့ပဲ… သူတို့ကို ငါက ဦးဆောင်ပြီး အနီရောင်လကို တော်လှန်မယ်… ငါက အတိတ်တုန်းက အုပ်ချုပ်သူလုပ်ခဲ့တဲ့အတိုင်း နီလာနတ်သမီးကို အနိုင်ယူပြီး သူ့ကို ဝါးမျိုပစ်မယ်… ငါ့ရဲ့ အောင်မြင်မှုက ကောင်းကင်ကို တုန်လှုပ်သွားစေရမယ် ”

ခေါင်းဆောင်သည် ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။

ဝတ်ရုံဖြူအဖိုးအို၏ အမူအရာသည် လုံးဝပြောင်းလဲသွားခြင်းမရှိပေ။ ဤသည်မှာ ကြီးမြတ်သော ထိုရည်မှန်းချက်က သူ့အတွက် ဘာမှမထူးခြားဟန် ရသည်။ သို့သော်လည်း အေးစက်သော လေလှိုင်းများသည် သူ၏ ခြေဖဝါးအောက်မှ ပေါ်လျှိုးလာသည်။ ယင်းတို့က ရေကန်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ခေါင်းဆောင်ရှိနေသော ရေကန်ထဲသို့ စိမ့်ဝင်သွားသည်။ ထို့နောက် အေးစက်စက် စကားသံက ပျံ့လွင့်လာသည်။

“ မင်းရဲ့ ရည်မှန်းချက်ကို ဘယ်လိုပြီးမြောက်အောင် လုပ်မလဲ ”

“ ရိုးရှင်းပါတယ်… ငါက အရင်ဆုံး လပုန်ကန်ခန်းမရဲ့ ခန်းမသခင်ဖြစ်လာမယ်… အဲ့ဒါက ငါ့အစီအစဉ်တွေထဲက အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပဲ ”

“ ပြီးတော့ ငါ့မှာ ဒုတိယရည်မှန်းချက်ရှိတယ်… လဝတ်ပြုဒေသကြီးကို ကောင်းကင်နွားဒေသကြီးလို့ နာမည်ပြောင်းချင်တယ် ”

ခေါင်းဆောင်၏ မျက်လုံးထဲမှာ ဆုံးဖြတ်ချက်ပြတ်သားသော အရိပ်အယောင် ထွက်ပေါ်လာသည်။ သူ၏ အသံထဲမှာ လိုချင်တပ်မက်မှုဖြင့် ပြည့်နှက်နေသည်။

ဝတ်ရုံဖြူအဖိုးအိုသည် မည်သည့်စကားမှ မပြောပေ။ ရေကန်ထဲမှ အေးစက်စက် လေသည်သာ ပိုပြီးသိပ်သည်းလာပြီး ခေါင်းဆောင်၏ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လွှမ်းခြုံလာနေသည်။

ဤသည်ကို မြင်သောအခါ ခေါင်းဆောင်သည် ပျော်ရွှင်လာသည်။ သို့သော်လည်း သူ၏ ချဲ့ကားပြောဆိုမှုက မလုံလောက်သေးကြောင်း ခံစားမိသွားသည်။ ထို့ပြင် သူ၏ ဘေးပတ်ပတ်လည်မှ အေးစက်စက် လေသည် အလွန်နှေးကွေးစွာ ထွက်ပေါ်လာနေသည်။

“ ငါ့ရည်မှန်းချက်က အဲ့မှာ မပြီးသေးဘူး… ငါ့မှာ တတိယရည်မှန်းချက်ရှိသေးတယ်… အဆုံးမှာ ငါက နတ်ဘုရားမျက်နှာပျက်ကြီးကို ဖျက်ဆီးပစ်ပြီး ဝမ်ကူးကုန်းမြေရဲ့ ရှေးဘုရင်အသစ်တစ်ပါးဖြစ်လာမယ်… မျိုးနွယ်စုတိုင်းကို တစ်စုတစ်စည်းတည်းဖြစ်အောင် လုပ်မယ် ”

“ တစ်ချိန်တည်းမှာ မြင့်မြတ်ကုန်းမြေတွေကို အနိုင်ပိုင်းပြီး ဟွမ်ကောင်းကင်ဘုံကို ငါ့ခြေဖဝါးအောက်မှာ ချနင်းပစ်မယ်… မျိုးနွယ်စုတိုင်းနဲ့ ကောင်းကင်ဘုံအားလုံးက ငါ့အရှေ့မှာ ဦးညွတ်ကြရလိမ့်မယ် ”

ထိုနေရာသို့ရောက်သည့်အခါ ခေါင်းဆောင်သည် အလွန်စိတ်လှုပ်ရှားလာပြီး ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

သူက ရယ်လိုက်သည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ အေးစက်စက် လေသည် တစ်ဟုန်ထိုး မြှောက်တတ်လာပြီး အရပ်မျက်နှာအဘက်ဘက်မှ သူ့ဆီသို့ တန်းမတ်စွာ ပျံသန်းလာသည်။ အေးစက်စက် လေသည် သူ၏ တစ်ကိုယ်လုံးကို ဝါးမျိုသွားပြီး နောက်ဆုံးမှာတော့ သူ့ကို ရေခဲရုပ်တုအဖြစ် ပြောင်းလဲပစ်လိုက်သည်။

ခေါင်းဆောင်သည် ရေခဲရုပ်တုထဲမှာ ရယ်မောနေသော ပုံစံဖြင့် ဆက်ရှိနေသည်။ သူ၏ ပုံစံသည် အလွန်မောက်မာထောင်လွှားပုံပေါ်သည်။

ရေခဲရုပ်တုသည် အောက်သို့ ဖြည်းညင်းစွာ နစ်မြုပ်သွားပြီး ရေကန်ထဲမှ ပျောက်ကွယ်သွားသည်။ ယင်းက ထိုဟင်းလင်းပြင်၏ အနက်ပိုင်းထဲသို့ ပြုတ်ကျသွားသည်။

ရှင်းလင်းစွာပင် ခေါင်းဆောင်၏ ကြီးမြတ်သော ရည်မှန်းချက်ကို ယုတ္တိမရှိဘူးဟု လပုန်ကန်ခန်းမ၏ လက်နက်ဝိညာဉ်က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူက ရေခဲရုပ်တုအဖြစ် ချိပ်ပိတ်ခံလိုက်ရခြင်းဖြစ်သည်။

အခြားတစ်ဖက်တွင်တော့ ရွှီချင်းသည် စိတ်ဓာတ်တတ်ကြွနေသည်။

တစ်ခဏတွေးတောပြီးနောက် သူ၏ အကြံအစည်မှာ မည်သည့်ပြဿနာမှမရှိကြောင်း ခံစားမိသွားသည်။ သို့သော် သူမသေချာသော တစ်စုံတစ်ခု ရှိသည်။ ယင်းမှာ သူ၏ လုပ်ဆောင်မှုကို လက်နက်ဝိညာဉ်က သတိထားမိသွားမည်လော သူမသေချာခြင်း ဖြစ်သည်။

မည်သို့ဖြစ်ပါစေ သူက စမ်းသပ်မှုကို အခွင့်ကောင်းယူပြီး သူ့ကိုယ်ပိုင်ဆန္ဒကို အောင်မြင်အောင် လုပ်ဆောင်နေခြင်း မဟုတ်ပါလော။

သို့ဖြစ်၍ မည်သည့်မတော်တဆမှုမှ မဖြစ်လာစေရန် ရွှီချင်းသည် ကျိန်စာဖယ်ရှားဆေးလုံးကို အရင်ဦးဆုံး သန့်စင်သင့်ကြောင်း တွေးမိသည်။ ထို့နောက် သူက ယင်းကို အကာအကွယ်အဖြစ် အသုံးပြုမည်။

ထိုနည်းဖြင့်ဆိုလျှင် အကယ်၍ လက်နက်ဝိညာဉ်က ရှာတွေ့သွားမည်ဆိုလျှင်ပင် သူက အကြောင်းပြချက်တစ်ခု ပေးနိုင်လိမ့်မည်။

ထိုသို့အတွေးရလာသောအခါ ရွှီချင်းသည် ချက်ချင်း လက်ဝှေ့ယမ်းလိုက်သည်။ အရေအတွက်များပြားသော ဆေးပင်များက ပျံသန်းထွက်လာကြပြီး သူ၏ လက်ထဲမှာ ဆက်လက် ခွဲခြားခံလိုက်ရသည်။

သူက တချို့ကို ဆေးရည်ပြုလုပ်သည်။ တချို့ကို အမျိုးအစားခွဲထုတ်ပြီး တချို့ကို ဆေးဖော်စပ်သည်။ တချို့ကို ရောနှောသည်။ ဆေးနည်းတစ်ခုစီမှာ ကိုယ်စီထူးခြားချက်များရှိပြီး တစ်ခုနှင့်တစ်ခု သဟဇာတဖြစ်သည်။

အခြေခံဆေးလုံးများသည်တော့ အပြင်လောကတွင် ရွှီချင်းသန့်စင်ခဲ့သော ကျိန်စာဖယ်ရှားဆေးလုံးများ ဖြစ်သည်။

ထိုဆေးလုံးသည် ကျိန်စာကို (၁၀)ရာခိုင်နှုန်း လျော့ချပေးနိုင်သည်။ ရွှီချင်းသည် သူအားလပ်သည့်အချိန်တိုင်း ထိုဆေးလုံးများကို အများအပြား သန့်စင်ခဲ့သည်။

ဤအခိုက်အတန့်မှာ သူ၏ ပြန်လည်သန့်စင်မှုအောက်တွင် ထပ်ပေါင်းအစိတ်အပိုင်းများက ဆေးလုံးကို အတုအကျ အစစ်မကျ ဖြစ်စေခဲ့သော်လည်း ဤကြေးမုံရေကန်၏ မျက်နှာပြင်ပေါ်တွင် ဆေးလုံးများထဲမှ ပါဝင်ပစ္စည်းများသည် လိုက်ဖက်ညီစွာ ပေါင်းစပ်သွားကြသည်။

ထို့ပြင် အရေးကြီးဆုံးမှာ ဤနေရာမှ ဆေးပင်များက အလွန်ရှားပါးပြီး အာနိသင်ကောင်းမွန်သောကြောင့် ရွှီချင်းသည် ဆေးလုံးသန့်စင်ခြင်းကို အလွန်စိတ်ကျေနပ်နေသည်။

သူက တစ်စုံတစ်ခုလိုအပ်လာလျှင် ပါးစပ်မှ ထုတ်ပြောလိုက်ရုံသာ လိုအပ်သည်။

သူက ထုတ်ပြောလိုက်သည်နှင့် ဆေးပင်သည် ချက်ချင်း ပေါ်ထွက်လာလိမ့်မည်။

အကယ်၍ ဆေးပင်၏ သက်တမ်းက မလုံလောက်လျှင် သူက ဆေးပင်၏ သက်တမ်းကို ချက်ချင်း တိုးမြှင့်နိုင်ပေသည်။ အကယ်၍ ဆေးပင်၏ အာနိသင်က မကောင်းမွန်လျှင် ပိုမိုကောင်းမွန်သော ဆေးပင်များကို အသုံးပြုနိုင်ပေသည်။

သူ၏ စိတ်ထဲမှာ တချိန်လုံးရှိနေခဲ့သော ဆေးပညာသီအိုရီများသည် ဤအချိန်ခဏလေးအတွင်းမှာ ပေါ်ထွက်လာကြသည်။ သူ့ဘဝတစ်လျှောက်တွင် တစ်ခါမှ မမြင်ခဲ့ဖူးသော ဆေးပင်များကိုပင် ဤနေရာမှာ ဖန်တီးနိုင်ပေသည်။

အစဉ်မပြတ် ဆေးလုံးသန့်စင်ပြီးနောက် ရွှီချင်း၏ ဆေးပညာသည် တစ်ဟုန်ထိုး မြင့်တတ်သွားသည်။

သူက လက်ဝှေ့ယမ်းလိုက်လေရာ မရေမတွက်နိုင်သော ဆေးပင်များသည် သူ၏ အရှေ့မှာ ထွက်ပေါ်လာကြသည်။ ထို့နောက် ဆေးပင်များ၏ အသွင်ပုံစံသည် ဆက်လက် ပြောင်းလဲသွားကြသည်။

ဆေးပင်များ၏ ဓာတ်ကူပေးမှုကြောင့် ဆေးလုံး၏ ကျိန်စာဖယ်ရှားနိုင်သော ပမာဏသည် တဖြည်းဖြည်း တိုးတတ်လာသည်။ ယင်းက (၂၀)ရာခိုင်နှုန်းထိ ရောက်လုနီးပါးပင်။

ထိုသို့အောင်မြင်မှုက ရွှီချင်းကို စိတ်ဓာတ်တတ်ကြွလာစေသည်။

သူ၏ ဦးတည်ရာက မှန်ကန်ကြောင်း နားလည်လာသည်။

ကျိန်စာကို ဆေးပင်များ အသုံးပြု၍ လျှော့ချမည်ဆိုလျှင် အဓိက အရေးကြီးဆုံး အချက်မှာ အဆိပ်ကို အဆိပ်ဖြင့် ပြန်တိုက်ထုတ်ခြင်းဟူသော သဘောတရားဖြစ်သည်။

တစ်ဖက်တွင် သူသန့်စင်ထားသော ဆေးလုံးများထဲမှာ ခရမ်းလစွမ်းအား ပါရှိသည်။ ယင်းက အခြေခံဖြစ်ပြီး ဤကျိန်စာဖယ်ရှားဆေးလုံး၏ အဓိက အရင်းအမြစ်ဖြစ်သည်။

အခြားတစ်ဖက်တွင် သူအသုံးပြုထားသော ဆေးပင်များသည် နတ်ဘုရားမျက်နှာပျက်ကြီး ကျူးကျော်ဝင်ရောက်လာပြီးနောက် ဖြစ်ပေါ်လာကြသော ဆေးပင်များ ဖြစ်ကြသည်။ ထို့ကြောင့် ထိုဆေးပင်များထဲမှာ ထူးခြားသော ဆေးအာနိသင်များ ပါရှိကြသည်။

ထိုသို့ဆေးပင်အများစုတွင် ဒြပ်နှောများသည် အတိုင်းအတာတစ်ခုထိ ပါရှိကြသည်။

All Chapters