တားမြစ်အဆိပ်ကို အကြည့်ထဲတွင် သန့်စင်ခြင်း(ဃ)
Vol. 67 Ch. 1041
“ မင်းထက် အရင်ရောက်လာတဲ့ သူတို့က ကြီးမြတ်တဲ့ ရည်မှန်းချက်တွေကို ပြုလုပ်ပြီး ပြီးမြောက်အောင်လုပ်ဖို့ အရည်အချင်းပြည့်မီကြောင်း ပြသခဲ့ကြတယ်… နောက်ပိုင်းမှာ သူတို့က တကယ်ပဲ ပြီးမြောက်အောင် စွမ်းဆောင်နိုင်ခဲ့ကြတယ်… ဒါပေမဲ့ သူတို့ထဲက ဘယ်သူမှ လပုန်ကန်ခန်းမသခင် မဖြစ်လာကြဘူး… သူတို့အားလုံးက ဒုတိယစာချုပ်ကိုပဲ ရရှိခဲ့ကြတယ် ”
“ ဘာကြောင့်လဲဆိုတော့ ဒီအဆင့်ကို ဖြတ်ကျော်သွားနိုင်ရင်တောင် မင်းက လပုန်ကန်ခန်းမရဲ့ ခန်းမသခင် တကယ်ဖြစ်မလာနိုင်လို့ပဲ… ခဏနေ အထဲရောက်တဲ့အခါ အကြောင်းအရင်းကို မင်းသိလာပါလိမ့်မယ် ”
“ မင်းမှာ နှစ်ဝက်အချိန်ရမယ်… တကယ်လို့ နှစ်ဝက်အတောအတွင်း မင်းက မအောင်မြင်ဘူးဆိုရင် ဒုတိယစာချုပ်ကိုပဲ ချုပ်ဆိုနိုင်လိမ့်မယ် ”
ဝတ်ရုံဖြူအဖိုးအိုသည် ရွှီချင်းကို ကြည့်လိုက်ပြီး ရေကန်ကို လက်ညှိုးညွှန်လိုက်သည်။ ချက်ချင်းဆိုသလို ရေကန်သည် လှုပ်ရှားထကြွလာသည်။ ထို့နောက် ရှေးဟောင်းအရှိန်အဝါဖြင့် ဧရာမကျောက်တံခါးသည် ရေကန်ထဲမှ ပေါ်ထွက်လာသည်။
ကျောက်တံခါးသည် အမြင့်ပေတစ်သောင်းရှိပြီး အချိန်ကာလ၏ အငွေ့အသက်နှင့် ရှေးဟောင်းအငွေ့အသက်ကို သယ်ဆောင်ထားသည်။ ယင်းက ရှေးခေတ်အချိန်ကာလမှ ဤနေရာသို့ ဆင်းသက်လာဟန် တူသည်။
တံခါးကို တွန်းဖွင့်ရန် မလိုပေ။ တံခါး၏ အလယ်တွင် လူတစ်ယောက်စာဝင်နိုင်သော အဟတစ်ခု ရှိသည်။
ရွှီချင်းသည် ထိုအဟရာမှတဆင့် အထဲတွင် ခန်းမတစ်ခုရှိကြောင်း မသဲမကွဲ မြင်နေရသည်။
ရွှီချင်းသည် အနည်းငယ် တုံ့ဆိုင်းနေသည်။ ဝတ်ရုံဖြူအဖိုးအို၏ စကားက သူ့အား ခေါင်းဆောင်ကို ပြန်အမှတ်ရသွားစေသည်။ ထို့ကြောင့် သူက လက်သီးဆုပ်လိုက်ပြီး အဖိုးအိုကို ပြောသည်။
“ စီနီယာ… ငါနဲ့အတူဝင်လာတဲ့ ကျင့်ကြံသူရော စမ်းသပ်မှုကို ဖြတ်ကျော်နိုင်သွားပါသလား ”
“ သူ့ရဲ့ ရည်မှန်းချက်က အရမ်းကြီးမားလွန်းတယ်… သူ့ရဲ့ လုပ်ရပ်ကြောင့် သူက အပြစ်ပေးခံထားရတယ် ”
ဝတ်ရုံဖြူအဖိုးအိုသည် တည်ငြိမ်စွာ ပြောပြီး မြေပြင်ပေါ်သို့ ဖနောင့်ပေါက်ချလိုက်သည်။ ချက်ချင်းပင် ရေပြင်ပေါ်မှာ လှိုင်းဂယက်များ ထွက်ပေါ်လာသည်။ မကြာမီ ရေခဲရုပ်တုဒါဇင်ခန့်သည် ရေကန်၏ အနက်ပိုင်းထဲမှ ပေါ်လျှိုးလာကြသည်။
ရွှီချင်းသည် အောက်သို့ ငုံ့ကြည့်လိုက်သည်။ ထိုထဲမှာ ယခု ရေခဲရုပ်တုအပိုတစ်ခု ရှိနေကြောင်း သူရှာတွေ့သွားသည်။ ယင်းက စီနီယာအကိုကြီးမှလွဲ၍ တခြားမဟုတ်ပေ။
သူက ရယ်မောနေသော ဟန်ပန်ကို ထိန်းသိမ်းထားဆဲပင်။ သူက မည်မျှမောက်မာထောင်လွှားကြောင်း မြင်သာပေသည်။
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ယင်းက သူမျှော်လင့်ထားသည်နှင့် နည်းနည်း ကွဲလွဲနေသည်။ သို့ဖြစ်၍ သူက တိတ်ဆိတ်သွားပြီး စမ်းသပ်မှုမစခင် ခေါင်းဆောင်ပြောခဲ့သော စကားများကို ပြန်တွေးလိုက်သည်။
စီနီယာအကိုကြီးအပေါ် သူ၏ နားလည်မှုအရ ခေါင်းဆောင်က ရေခဲရုပ်တုဖြစ်ရန် တမင်လုပ်ဆောင်ခဲ့သည်မှာ ပိုပြီးဖြစ်နိုင်ခြေများသည်။ သူက ထိုသို့အပြစ်ပေးခံရရန် ရည်ရွယ်ချက်ရှိစွာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်။
“ တကယ်လို့ မင်းက စမ်းသပ်မှုကို ကျော်လွှားနိုင်ပြီး လပုန်ကန်ခန်းမရဲ့ ခန်းမသခင်ဖြစ်လာမယ်ဆိုရင် ဒီက ချိပ်ပိတ်ခံထားရတဲ့ လူအားလုံးကို ပြန်လွှတ်ပေးဖို့ အခွင့်အာဏာရှိလာလိမ့်မယ် ”
“ အခု အထဲဝင်သွားတော့ ”
ဝတ်ရုံဖြူအဖိုးအိုသည် ရွှီချင်းကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ရေကန်ထဲသို့ ဖြည်းညင်းစွာ နစ်မြုပ်သွားသည်။
မကြာမီ ရွှီချင်းနှင့် ဧရာမကျောက်တံခါးသာ ကျန်ရစ်ခဲ့တော့သည်။
ကျောက်တံခါးရှေ့တွင် ရပ်နေလျက် ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက တုံ့ဆိုင်းမနေတော့ပေ။ သူက အရှေ့သို့ မြန်ဆန်စွာ လျှောက်သွားပြီး လျှိုမြောင်သဖွယ် ထင်မှတ်ရသော ကျောက်တံခါး၏ အဟရာထဲသို့ ဝင်သွားသည်။
သူက ဝေးသထက် အဝေးသို့ လျှောက်သွားသည်။
သူက အထဲမှ ခန်းမဆီသို့ ပိုပြီးနီးကပ်လာသည်။
ယင်းက အလင်းရောင်တစ်ခု ရွှီချင်း၏ မျက်လုံးထဲသို့ ရောင်ပြန်ဟပ်မလာခင်အထိ ကြာမြင့်ခဲ့သည်။ အလင်းရောင်သည် သူ၏ မျက်လုံးထဲမှာ ပြည့်နှက်သွားသည်။
တစ်ချိန်တည်းမှာ ဆူပူအုံကြွမှုသည် လပုန်ကန်ခန်းမထဲမှာ ထပ်မံဖြစ်ပေါ်လာသည်။
လွန်ခဲ့သော နာရီများစွာတုန်းက လပုန်ကန်ခန်းမထဲမှ အထွတ်အမြတ်ဘုရားကျောင်း၏ အရောင်အဝါတောက်ပမှုသည် ကျင့်ကြံသူများစွာ၏ စိတ်အာရုံကို ဆွဲဆောင်သွားခဲ့သည်။ လက်ထောက်ခန်းမသခင်နှစ်ယောက်ပင် ရောက်ရှိလာကြသည်။
ယခု နာရီပေါင်းများစွာ ကုန်ဆုံးပြီးသောအခါ ထိုသတင်းသည် အပြင်သို့ ပျံ့နှံ့သွားသည်။ ပိုမိုများပြားသော ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့ရန် လပုန်ကန်ခန်းမဆီသို့ ပြန်ရောက်လာကြသည်။
ဆွေးနွေးသံများသည် နေရာတိုင်းမှ ပေါ်ထွက်လာသည်။
ကောင်းကင်သည် ရုပ်တုများဖြင့် ပြည့်နှက်နေသည်။ တချို့သည် အမှတ်ကိုးဆေးလုံးဆရာသခင်၏ နောက်လိုက်များ ဖြစ်ကြသည်။ ထိုကိစ္စများကို ပြုလုပ်သူက အမှတ်ကိုးဆေးလုံးဆရာသခင်ဖြစ်ကြောင်း သူတို့က မသိကြသော်လည်း အမှတ်ကိုးဆေးလုံးဆရာသခင်ဟူသော နာမည်ကို ပိုပြီးကြည်ညိုလေးစားလာကြသည်။
သူတို့ကို ဦးဆောင်သူသည် ရွှီချင်း၏ အိမ်နီးနားချင်းဖြစ်သော ရင်ဘက်ဗလာဖြင့် လူထွားကြီးရုပ်တုဖြစ်သည်။ သူက အမှတ်ကိုးဆေးလုံးဆရာသခင်၏ နောက်လိုက်များကို ဦးဆောင်ပြီး လူအုပ်ထဲသို့ တိုးဝင်သွားကာ အမှတ်ကိုးဆေးလုံးဆရာသခင်ကို ချီးမွမ်းပြောဆိုသည်။
လပုန်ကန်ခန်းမထဲမှာ ကြုံတောင့်ကြုံခဲ စည်ကားသက်ဝင်မှုဖြင့် ပြည့်နှက်နေစဉ် ရုတ်တရက် ကောင်းကင်ပေါ်မှ အမြင့်မြတ်ဆုံးဘုရားကျောင်းသည် ကျယ်လောင်သော ဟိန်းသံဖြင့် တုန်ယင်လာသည်။ တောက်ပသော အလင်းတန်းသည် ဘုရားကျောင်းထဲမှ တိုးထွက်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။ ယင်းက လင်းထိန်ပြီး ကျက်သရေရှိသော အရှိန်အဝါကို ပေးသည်။
ထိုထဲမှ တဖြည်းဖြည်း မြင့်တတ်လာနေသော မြင့်မြတ်ဆန္ဒလည်း ရှိသည်။
ထိုမြင်ကွင်းသည် လူတိုင်း၏ စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။
“ အောင်မြင်သွားတာလား ”
“ မဟုတ်မှ လပုန်ကန်ခန်းမထဲမှာ ခန်းမသခင်ထွက်ပေါ်လာတော့မှာလား ”
“ ဒါက အရမ်းရုတ်တရက် ဆန်လွန်းတယ်… ”
နောက်ထပ်ဆူပူအုံကြွမှုဖြစ်လာသည်။ လပုန်ကန်ခန်းမထဲရှိ လူတိုင်းက ပြောလိုက်သည်နှင့် မျှော်လင့်မှုသည် ဆက်လက် မြင့်တတ်လာသည်။
ကောင်းကင်ပေါ်တွင် ရုပ်တုများဖြင့် ပြည့်နှက်နေကြပြီး သူတို့အားလုံးသည် အထွတ်အမြတ်ဘုရားကျောင်းကို စိုက်ကြည့်နေကြသည်။ သူတို့က တံခါးပွင့်လာမည်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ဆယ့်ငါးမိနစ်ကြာပြီးသည့်တိုင် အထွတ်အမြတ်ဘုရားကျောင်းမှ အလင်းရောင်သည် မပျောက်ကွယ်သွားသေးပေ။ သို့သော်လည်း တံခါးသည် ပွင့်မလာခဲ့ပေ။
ထိုမြင်ကွင်းသည် လပုန်ကန်ခန်းမထဲမှ အကြီးအကဲများ၏ အမူအရာကို မည်းမှောင်သွားစေသည်။
“ ကြည့်ရတာ လပုန်ကန်ခန်းမရဲ့ ဒဏ္ဍာရီက အမှန်ထင်တယ်… ”