← Chapters

နတ်ဘုရားမျက်နှာပျက်ကြီး၏ အသံ

Vol. 67 Ch. 1043

နတ်ဘုရားမျက်နှာပျက်ကြီး၏ အသံ

Vol. 67 Ch. 1043

ပထမစမ်းသပ်မှုကို ဖြတ်ကျော်နိုင်သူများသည် လွတ်လပ်မှုကို ရရှိကြသည်။ သူတို့က ဆန္ဒရှိသလို ကြိုက်သည့်အချိန် အပြင်ထွက်သွားနိုင်ပြီး အမြင့်မြတ်ဆုံးဘုရားကျောင်းမှ ဂိတ်တံခါးအား ဖွင့်လှစ်ခြင်းကို ကြိုးစားရန် မည်သည့်အချိန်၌မဆို ပြန်ဝင်နိုင်သည်။

သို့သော် အချိန်ကန့်သတ်ချက်သည် နှစ်ဝက်ဖြစ်သည်။

ရွှီချင်းသည် ခေါင်းဆောင်နှင့် သဘောတူညီချက် ရရှိပြီးနောက် ပြန်ရန် ရွေးချယ်ခဲ့သည်။ သူက ခေါင်းဆောင်ပြောသည့် လောင်စာထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းရလိမ့်မည်။ တစ်ချိန်တည်းမှာ ထိုအတောအတွင်း သူက တားမြစ်အဆိပ်မျက်လုံးဖြင့် နေသားကျရန် ကြိုးစားရလိမ့်မည်။

ခေါင်းဆောင်၏ မူလခန္ဓာကိုယ်သည် ရေကန်၏ အနက်ပိုင်းထဲမှာ ချိပ်ပိတ်ခံထားရပြီး ဂိတ်တံခါးမှာ ထွက်ပေါ်လာသော အရာသည် သူ၏ အသိစိတ်ဖြင့် ဖွဲ့စည်းထားသော ဝိညာဉ်ခန္ဓာကိုယ်သာ ဖြစ်သည်။ ထို့ကြောင့် သူက အပြင်မထွက်နိုင်ပေ။ သူက ဤနေရာမှာသာ နေနိုင်ပေသည်။

ထိုအချက်ကို ခေါင်းဆောင်သည် စိတ်မရှိပေ။ သူက နီလာနတ်သမီး၏ တိုတမ်ကို စိုက်ကြည့်လိုက်ပြီး ခွေးရူးပမာ ဆက်လက် ကိုက်ဝါးစားနေသည်။

ထိုသို့ဖြင့် နေ့ရက်များသည် ကုန်ဆုံးသွားသည်။

လဝတ်ပြုဒေသကြီးထဲမှ စစ်ပွဲသည် ပိုပြီးပြင်းထန်လာသည်။ အနီရောင်လဗိမာန်၏ ဖိနှိပ်မှုသည်လည်း ပိုပြီးကြမ်းကြုတ်လာသည်။ စစ်ပွဲမီးလျှံများက ဆက်လက် လောင်ကျွမ်းနေသော်လည်း ခုခံမှုသည် အားကောင်းနေဆဲပင်။

အဖွားငါးနှင့် အဖိုးရှစ်တို့ ပျောက်ကွယ်သွားပြီးကတည်းက သူတို့သည် ပြန်ရောက်မလာကြပေ။ အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်သည်လည်း အပြင်သို့ မကြာခဏ ထွက်သွားလေ့ရှိသည်။ မည်သည့်အကြောင်းကိစ္စကြောင့် သူတို့က အလုပ်များနေကြောင်း မသိရပေ။

သို့ဖြစ်၍ ဆေးဆိုင်သည် ယခင်ကဲ့သို့ သက်ဝင်လှုပ်ရှားမှု နည်းပါးလာသည်။ သို့သော်လည်း ဝူကျန်းဝူသည် စိတ်အားထက်သန်စွာ ကဗျာရွတ်နေဆဲပင်။ နင်ယန်သည် နေ့တိုင်း ကြမ်းတိုက်သည်။ လီယိုဖေးသည်လည်း အစောင့်အကြပ်အဖြစ် တာဝန်ထမ်းဆောင်သည်။

ဝိညာဉ်သခင်မယုံကျင်းနှင့် ဘိုးဘေးမိုကွေ့သည် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများက မကြာခဏ အပြင်ထွက်သွားလေ့ရှိကြောင်း သတိပြုမိကြသော်လည်း သူတို့ဆီမှာ မည်သည့်တခြားအတွေးမှ မရှိကြပေ။ သူတို့က ယခင်အတိုင်း ကိုယ့်တာဝန်ကိုယ် ဆက်လက် လုပ်ဆောင်ကြသည်။

ထိုအတောအတွင်းမှာ ရွှီချင်းသည်လည်း ဆေးဆိုင်ထဲမှ မကြာခဏ ထွက်သွားလေ့ရှိပြီး သူ၏ တားမြစ်အဆိပ်မျက်လုံးကို စမ်းသပ်ရန် ဘဝကံကြမ္မာဆိုးတောင်တန်းထဲ၌ နေရာတစ်နေရာကို ရှာဖွေသည်။

ဤအခိုက်အတန့်မှာ သူ၏ ပုံရိပ်သည် တောင်တန်းများကြားမှာ မြန်ဆန်သော အလျင်ဖြင့် ရွေ့လျားသွားနေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ နေလုံးရှိပြီး ဦးထုပ်ပေါ်မှာ ဦးချိုသဖွယ် ဦးထုပ်ရှိသော်လည်း ယင်းကို သူက နေသားကျနေပြီ ဖြစ်သည်။

ယခု သူက ကြီးမားသော ထိုဖိအားအောက်မှာ အရာအားလုံးကို ပုံမှန်အတိုင်း ပြုမူဆောင်ရွက်နိုင်လာသည်။

အမှန်မှာ သူ၏ အလျင်သည် ယခင်ကထက် မြန်ဆန်လာသည်။ တောင်တန်းထဲရှိ သူပြေးသွားသည့်နေရာတိုင်း ကြွင်းကျန်ပုံရိပ်ယောင်များ ကျန်ရစ်နေခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူက ချိုင့်ဝှမ်းတစ်ခုထဲမှာ ထွက်ပေါ်လာသည်။

ထိုချိုင့်ဝှမ်း၏ ကျောက်နံရံများပေါ်တွင် ကျောက်ကလိုင်ပေါက်များဖြင့် ပြည့်နှက်နေပြီး ပျားလဘို့သဖွယ် အောက်မေ့ရသည်။ ယိုယွင်းပျက်စီးသော အငွေ့အသက်သည် ချိုင့်ဝှမ်းထဲမှာ ရှိနေသည်။

တားမြစ်အဆိပ်၏ အရှိန်အဝါသည် ဘေးပတ်ဝန်းကျင်မှာ ရစ်ဝဲနေဆဲပင်။ ယင်းက ဤချိုင့်ဝှမ်းနားသို့ ချဉ်းကပ်လာသည့် သက်ရှိတိုင်းကို သေခြင်းရှင်ခြင်းကဒ်ဘေးအား အလိုအလျောက် ခံစားမိစေလိမ့်မည်။

ထိုနေရာသည် တားမြစ်အဆိပ်မျက်လုံးကို ရွှီချင်း စမ်းသပ်လေ့လာသော နေရာဖြစ်သည်။

ချိုင့်ဝှမ်းသို့ ရောက်ရှိလာပြီးနောက် ရွှီချင်းသည် သူ၏ ဘေးပတ်ဝန်းကျင်ကို အာရုံခံလိုက်ပြီး မည်သည့်အန္တရာယ်မှမရှိကြောင်း သေချာအတည်ပြုလိုက်သည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်ပြီး အသက်ရှူခြင်းကို ထိန်းညှိလိုက်သည်။

ဆယ့်ငါးမိနစ်ကြာပြီးနောက် သူက မျက်လုံးပြန်ဖွင့်လိုက်သည်။ ရွှီချင်း၏ မျက်လုံးများသည် လုံးဝအနက်ရောင်သို့ ပြောင်းလဲသွားသည်။ သူ၏ မျက်လုံးထဲမှာ မျက်စံ သို့မဟုတ် အဖြူရောင်မရှိတော့ပေ။ အရာအားလုံးက အနက်ရောင်သို့ ပြောင်းလဲသွားသည်။

အမှန်မှာ အကယ်၍ တစ်စုံတစ်ယောက်က သူ၏ မျက်လုံးကို မြင်သွားမည်ဆိုလျှင် သူတို့က အသူရာချောက်နက်တစ်ခုကို စိုက်ကြည့်နေရသည့်အလား ခံစားမိကြလိမ့်မည်။

ရွှီချင်း၏ အကြည့် ကျရောက်သွားသည့်နေရာတိုင်းမှာ ယိုယွင်းပျက်စီးမှုက ချက်ချင်း ဖြစ်ပေါ်လာသည်။ တားမြစ်အဆိပ်စွမ်းအားသည် ပဲ့တင်ထပ်မှုအင်အားဖြင့် ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို ပုံပျက်တွန့်လိမ်သွားစေသည်။ ဝေဝါးသော လေထုက အရာအားလုံးကို ဝေဝါးသွားစေသည်။

ထိုမြင်ကွင်းသည် ကောင်းကင်ပေါ်မှ နတ်ဘုရားမျက်နှာပျက်ကြီးက မျက်လုံးဖွင့်လှစ်လိုက်သည်နှင့် အတူတူပင်။

သို့သော်လည်း စွမ်းအားကို နှိုင်းယှဉ်မည်ဆိုလျှင် ရွှီချင်း၏ အကြည့်သည် အများကြီး အများကြီး ပိုအားနည်းသည်။ သို့တိုင် ထိုမြင်ကွင်းသည် အံ့ဩဖွယ်ကောင်းနေဆဲပင်။

ရွှီချင်းက လဝတ်ပြုဒေသကြီးထဲမှာ အချိန်နှင့်အမျှ ပိုပြီးသန်မာလာနေသည်ဟု ဆိုနိုင်ပေသည်။ အကယ်၍ ယခု သူက ဖုန်းဟိုင်ဒေသငယ်သို့ ပြန်သွားမည်ဆိုလျှင် သူ၏ အသိအကျွမ်းများသည် သေချာပေါက် အံ့ဩသွားကြလိမ့်မည်။

သို့သော်လည်း ထိုသို့သန်မာလာရန် ပေးဆပ်မှုမရှိခြင်းမဟုတ်ပေ။

ထိုသို့ဖြင့် ယခု ရွှီချင်း၏ အမူအရာသည် တဖြည်းဖြည်း ရှုပ်ထွေးလာသည်။

သူက ဤချိုင့်ဝှမ်းထဲမှာ တားမြစ်အဆိပ်စွမ်းအားကို ပထမဆုံးအကြိမ် အသုံးပြုဖူးခြင်းမဟုတ်ပေ။ သူက ထိုနတ်ဘုရားစွမ်းအားကို လွန်ခဲ့သော ရက်များမှာ အကြိမ်ကြိမ် ထုတ်လွှတ်ခဲ့ဖူးသည်။ သို့တိုင် ယင်းကို သူအသုံးပြုသည့်အခါတိုင်း စိတ်ခံစားချက်လှိုင်းများသည် သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။

“ နတ်ဘုရားသဘာဝနဲ့ ထိတွေ့တဲ့အချိန်မှာ ငါက လောကကြီးကို နတ်ဘုရားတစ်ပါးရဲ့ အမြင်နဲ့ မြင်ရတယ်… အဲ့ဒါက ပုံမှန်ငါမြင်နေကျ အသိအမြင်နဲ့ လုံးဝခြားနားနေတယ် ”

ရွှီချင်းသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ချိုင့်ဝှမ်းသည် ချိုင့်ဝှမ်းဖြစ်နေသေးသော်လည်း ဤနေရာတွင် ကျောက်တုံးများဖြင့် ပြည့်နှက်နေခြင်း မရှိပေ။ ယင်းအစား မရေမတွက်နိုင်သော အရိုးစုများဖြင့် ပြည့်နှက်နေသည်။ ထိုထဲမှာ လူသားများနှင့် မျိုးနွယ်ခြားများလည်း ပါဝင်သည်။

ဤနေရာမှ ဧရိယာတစ်ခုလုံးကို အရိုးစုများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထိုထဲမှာ ဤနေရာမှ မြေပြင်သည်လည်း အပါအဝင်ပင်။

သေခြင်းအငွေ့အသက်သည် ဤနေရာမှ အဓိကအမြူတေဖြစ်သည်။ ဘေးပတ်ဝန်းကျင်မှ မီးခိုးရောင်လေသည်လည်း ရွှီချင်း၏ မျက်လုံးထဲမှာ ခြားနားသွားသည်။

၎င်းက အလွန်ကြီးမားသော ဧရာမစပါးအုံးမြွေကြီးတစ်ကောင် ဖြစ်သည်။ ကောင်းကင်၏ အစွန်အဖျားတွင် ၎င်း၏ ဦးခေါင်းက တည်ရှိနေပြီး ပါးစပ်ကြီး ဟထားသည်။ မီးခိုးရောင်လေ၏ ဇစ်မြစ်သည် ဧရာမစပါးအုံးမြွေကြီး၏ အသက်ရှူထုတ်လိုက်သော လေဖြစ်သည်။ ၎င်းက တစ်ခါရွေ့လျားသွားတိုင်း ခန္ဓာကိုယ်ပေါ်မှ အကြေးခွံများက ကြွေကျသွားကြသည်။ ထို့နောက် အကြေးခွံများက ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး ကုန်းမြေတစ်လျှောက် ပျံ့လွင့်သွားသည်။

အဝေးရှိ သဲကန္တာရ၏ အပြင်ဘက်တွင် နှင်းမှုန်များ ကျဆင်းနေသည်ကို ဝေဝေဝါးဝါး မြင်နိုင်လိမ့်မည်။

အနီရောင်သွေးစက်များသည် ငှက်မွှေးများသဖွယ် ကျဆင်းနေသည်။ သို့သော်လည်း ကံမကောင်းစွာပင် ကျင့်ကြံသူ(၉၉)ရာခိုင်နှုန်းသည် ထိုမြင်ကွင်းကို မမြင်နိုင်ကြပေ။

“ ကောင်းကင်ပေါ်က နတ်ဘုရားမျက်နှာပျက်ကြီးလည်း ရှိသေးတယ် ”

ရွှီချင်းသည် တိတ်တဆိတ် ခေါင်းမော့လိုက်ပြီး အနီရောင်နှင်းနှင့် မီးခိုးရောင်လေ၏ အပေါ်မှာ ရေးတေးတေး ထွက်ပေါ်နေသော နတ်ဘုရားမျက်နှာပျက်ကြီးကို ကြည့်လိုက်သည်။

သူ… သူမျက်လုံးဖွင့်လိုက်သည်။

သူရှာဖွေနေသော နေရာသည် ဤနေရာမှာ မရှိပေ။

“ မတူညီတဲ့ မြင်ကွင်းတွေကနေ မတူညီတဲ့ လောကတွေကို မြင်ရတယ်… ဘယ်ဟာက အစစ်အမှန်လဲ ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက ခေါင်းလှည့်လိုက်ပြီး ကင်းမြှီးကောက်တစ်ကောင်ကို ထုတ်လိုက်သည်။

ထိုကင်းမြှီးကောက်သည် ဆယ်ပေခန့် ရှည်လျားသည်။ ရွှီချင်းက ကင်းမြှီးကောက်ကို ထုတ်ယူလိုက်သည့်အခိုက် ၎င်းက တုန်ယင်လာပြီး ခုခံရန် သို့မဟုတ် ရုန်းကန်ရန် မကြိုးစားဝံ့ချေ။ ဤသည်မှာ ၎င်းအတွက် ရွှီချင်းက နတ်ဘုရားတစ်ပါးဖြစ်ဟန် တူသည်။

ရွှီချင်း၏ မျက်လုံးထဲမှာ ကင်းမြှီးကောက်၏ အသွင်ပုံစံသည် ယခင်နှင့် ခြားနားသွားသည်။ ၎င်းက ကင်းမြှီးကောက်မဟုတ်တော့ပေ။ မှေးမှိန်သော အလင်းဘောလုံးတစ်လုံး ဖြစ်လာသည်။ ၎င်း၏ အသွင်ပုံစံက အစဉ်အမြဲ ပြောင်းလဲသွားနေလေရာ လူးလွန့်လှုပ်ရှားနေဟန် တူသည်။

နောက်ဆုံးမှာတော့ ထိုအလင်းရောင်အရင်းအမြစ်က လုံးဝမှေးမှိန်သွားပြီး မည်းနက်သွားသောအခါ ရွှီချင်း၏ မြင်ကွင်းထဲမှ လွင့်ပြယ်သွားသည်။

အကယ်၍ ဤနေရာမှာ တစ်စုံတစ်ယောက်ရှိမည်ဆိုလျှင် ကင်းမြှီးကောက်က သွေးရေအိုင်အဖြစ်သို့ ပြောင်းလဲသွားကြောင်း သူတို့မြင်နိုင်လိမ့်မည်။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် လက်မြှောက်လိုက်ပြီး သူ၏ အကြည့်ကို လက်ဖဝါးပေါ်သို့ ကျရောက်သွားစေသည်။

ယင်းက လက်ဖဝါးဖြစ်နေဆဲပင်။

ဒုဓလီပန်းများသဖွယ် ထင်မှတ်ရသော အမွှေးနုများက သူ၏ လက်ဖဝါးပေါ်မှာ ရှိနေသည်။ ထိုအမွှေးနုများက လက်ဖဝါးတစ်ပြင်လုံးကို ဖုံးလွှမ်းထားပြီး သူ၏ အသွေးအသားကို စုပ်ယူရန် ကြိုးစားနေကြသည်။

တချို့အမွှေးများသည် သူ၏ အသားထဲသို့ စိုက်ဝင်သွားကြပြီး အထဲမှာ ဆက်လက် ပျံ့နှံ့နေသည်။

ယင်းက အလွန်နာကျင်ရမည့်အရာ ဖြစ်သော်လည်း ရွှီချင်းသည် လုံးဝသတိမထားမိပေ။

၎င်းတို့က မည်သည့်အရာဖြစ်ကြောင်း သူသိသည်။

“ ဒြပ်နှောတွေ… ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ ဤလောကထဲမှာ သူစတင်မွေးဖွားလာသည့်အချိန်မှစ၍ ဒြပ်နှောများကို သတိပြုမိခဲ့သည်။ သူ၏ ကျင့်ကြံခြင်းခရီးတစ်လျှောက်တွင် ဒြပ်နှောများအကြောင်းကို ပိုပြီးနက်ရှိုင်းစွာ နားလည်လာခဲ့သည်။

ကျင့်ကြံခြင်းအဆင့် တိုးမြှင့်လာသည်နှင့်အမျှ ဒြပ်နှောများသည် တဖြည်းဖြည်း လျော့နည်းသွားလိမ့်မည်။ ဒြပ်နှောများကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုဝေဒနာသည်လည်း လျစ်လျူရှုထားနိုင်သည်အထိ အားနည်းလာလိမ့်မည်။

သန္ဓေပြောင်းလဲနိုင်သော ဖြစ်နိုင်ခြေက ကျင့်ကြံခြင်းကြောင့် လျော့နည်းသွားဟန် ရသည်။

သို့သော်လည်း ယင်းက ဒြပ်နှောများ၏ အဆင့်ကွာခြားမှုကြောင့်ဖြစ်ကြောင်း ရွှီချင်း နားလည်သည်။ အမှန်မှာ သေမျိုးများသည် ဒြပ်နှောများ၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံစားနေရဆဲပင်။ ဥပမာ လဝတ်ပြုဒေသကြီးထဲမှ ကျိန်စာသည် ထိုထဲမှ တစ်ခုဖြစ်၏။

အရိပ်လေးက ဒြပ်နှောများကို ဝါးမျိုနိုင်ရုံဖြင့် ဒြပ်နှောများကို သူအထင်မသေးနိုင်ကြောင်း သိသည်။

ယခု သူက ဒြပ်နှောများကို ထပ်မံအာရုံခံမိပြန်သည်။

သူ၏ အမြင်မှာ ဒြပ်နှောများသည် နေရာတိုင်းမှာ ရှိသည်။

“ ဒြပ်နှောတွေက အသက်ရှိတယ်… ”

ရွှီချင်းက ဤလောကကြီးကို မတူညီသော အမြင်ဖြင့် မြင်တွေ့လိုက်ရသောအခါ သူ၏ အသိစိတ်သည် မတည်မငြိမ်ဖြစ်လာသည်။

“ ကောင်းကင်ပေါ်က ဧရာမစပါးအုံးမြွေကြီးက ခေါင်းဆောင်နဲ့ အပေးအယူလုပ်ခဲ့တဲ့ အဆင့်မြင့်နတ်ဘုရားရဲ့ ဒြပ်နှောပဲ… မီးခိုးရောင်လေလည်း အတူတူပဲ ”

“ ကောင်းကင်ပေါ်ကနေ ကျဆင်းနေတဲ့ အနီရောင်နှင်းတွေက နီလာနတ်သမီးရဲ့ ဒြပ်နှောပဲ ”

“ ငါ့လက်ဖဝါးပေါ်က အမွှေးနုတွေက ဇစ်မြစ်မသိရတဲ့ ဒီနေရာက ဒြပ်နှောတွေပဲ ”

“ တခြားနေရာတွေမှာ ဒြပ်နှောတွေ ဒီထက်ပိုရှိလိမ့်မယ်လို့ ငါ့ထင်တယ်… ဒြပ်နှောတွေမှာ အမျိုးအစားအများကြီး ရှိတယ်… နတ်ဘုရားတစ်ပါးဖြတ်သွားတဲ့နေရာဖြစ်စေ ဒါမှမဟုတ် နတ်ဘုရားတစ်ပါးရဲ့ အကြည့်ကျရောက်လာတဲ့နေရာဖြစ်စေ ဒြပ်နှောတွေ ဖြစ်ပေါ်လာလိမ့်မယ် ”

“ အဲ့ဒါဆိုရင် ငါ့ရဲ့ တားမြစ်အဆိပ်ကလည်း ဒြပ်နှောတစ်မျိုးဖြစ်လိမ့်မယ် ”

“ တားမြစ်အဆိပ်က အရာအားလုံးနဲ့ မျိုးနွယ်စုအားလုံးကို နာကျင်အောင်ပြုလုပ်နိုင်တယ်… အခု ငါ့အမြင်ရဆိုရင် တားမြစ်အဆိပ်က အရာအားလုံးအပေါ် ကျူးကျော်ဝင်ရောက်နိုင်တယ် ”

အနက်ရောင်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ ချက်ချင်းပင် သူ၏ လက်ဖဝါးပေါ်မှ အမွှေးနုများသည် တုန်ယင်လာသည်။ ထို့နောက် ယင်းတို့က မည်းနက်သွားပြီး အောက်သို့ ပြုတ်ကျသွားသည်။ ထိုအခါ ရွှီချင်း၏ အရေပြားက ထွက်ပေါ်လာသည်။

သူ၏ အရေပြားပေါ်တွင် အနက်ရောင်တစ္ဆေမျက်နှာတစ်ခုက အမွှေးနုများ၏ ဧရိယာများကို ဖုံးလွှမ်းသွားနေကြောင်း မြင်နိုင်လိမ့်မည်။

မကောင်းဆိုးဝါးဆန်ခြင်း၊ အေးစက်ခြင်း၊ ကံကြမ္မာဆိုးနှင့် သေခြင်းတရား အစရှိသော အရှိန်အဝါအားလုံးသည် တစ္ဆေမျက်နှာထဲမှ ထုတ်လွှတ်နေသည်။

ယင်းက နတ်ဘုရားအမြင်ထဲမှ တားမြစ်အဆိပ် ဖြစ်သည်။

ယင်းကို တစ္ဆေမျက်နှာတစ်ခု သို့မဟုတ် မရေမတွက်နိုင်သော တစ္ဆေမျက်နှာများဟု ဆိုနိုင်ပေသည်။ မည်သည့်တစ္ဆေမျက်နှာမဆို ဒြပ်နှောတစ်မျိုးဖြစ်ပြီး ယင်းတို့က ရွှီချင်း၏ အကြည့်အောက်မှာ ၎င်းတို့ဘာသာ ရှင်သန်ကြီးထွားနိုင်ကြသည်။

ကျင့်ကြံခြင်းအဆင့်နိမ့်သူများအတွက်တော့ ထိုအရာက ကျိန်စာဖြစ်သည်။

ရွှီချင်းသည် မျက်လုံးမှိတ်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူက မျက်လုံးပြန်ဖွင့်လိုက်ပြီး အရိပ်လေးကို ကြည့်လိုက်သည်။

အရိပ်လေးသည် တုန်ယင်လာပြီး ဖော်လံဖားသော အမူအရာကို ထုတ်ဖော်လိုက်သည်။

ရွှီချင်း၏ အမူအရာသည် အနည်းငယ် ထူးဆန်းနေသည်။ ယင်းက အရိပ်လေးကို တားမြစ်အဆိပ်မျက်လုံးဖြင့် ပထမဆုံးအကြိမ် သူကြည့်ဖူးခြင်းမဟုတ်ပေ။ သို့သော် အကြိမ်တိုင်း သူမြင်ရသည့်အရာသည် ခြားနားလိမ့်မည်။

လွန်ခဲ့သောရက်တုန်းက ပထမဆုံးအကြိမ် သူမြင်ခဲ့သော မြင်ကွင်းကို မှတ်မိနေသည်။ ထိုစဉ်အခါက အရိပ်လေးသည် သစ်ပင်တစ်ပင် ဖြစ်သည်။ ဒုတိယအကြိမ်မြောက် သူကြည့်လိုက်သည့်အခါ ၎င်းက ခေါင်းတလားတစ်လုံး ဖြစ်သည်။ တတိယအကြိမ်မှာတော့ မျက်လုံးများ ဖြစ်သည်။

ယခု သူက အရိပ်လေးကို ထပ်မံကြည့်လိုက်သည့်အခါ ၎င်းက အနက်ရောင်မြင်ကွင်းသို့ ပြောင်းလဲသွားသည်။

ထိုအနက်ရောင်မြင်ကွင်းသည် အလွန်ရှည်လျားပြီး ကြီးကျယ်မြင့်မြတ်သည်။ ၎င်းက သန်မာသည်ဟူသော ခံစားမှုကို ပေးစွမ်းသည်။ တစ်ချိန်တည်းမှာ ကြမ်းကြုတ်ခြင်းနှင့် လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါလည်း ပါရှိသည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ ၎င်းက ထပ်မံအသွင်ပြောင်းလဲသွားပြန်သည်။

၎င်းက မင်ရည်ဘောလုံးသို့ ပြောင်းလဲသွားပြီး ရွှီချင်း၏ ဘေးနားမှာ တဝဲလည်လည် ရစ်ဝဲနေသည်။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် အကြည့်ပြန်ရုပ်လိုက်သည်။

“ ဒါဆိုရင် နတ်ဘုရားမျက်နှာပျက်ကြီးရဲ့ ဒြပ်နှောက ဘယ်လိုပုံစံရှိမလဲ မသိဘူး ”

ရွှီချင်းသည် ရုတ်တရက် ရူးမိုက်သော အတွေးဝင်လာသည်။ နတ်ဘုရားမျက်နှာပျက်ကြီးပေါ်မှာ မည်သည့်ဒြပ်နှောများရှိနေကြောင်း သူစူးစမ်းချင်လာသည်။

သို့သော်လည်း ယင်းက အလွန်အန္တရာယ်များလိမ့်မည်ဟု သူအာရုံရနေသည်။

ရွှီချင်းသည် တစ်ခဏတွေးတောပြီးနောက် သူ၏ စူးစမ်းလိုစိတ်ကို ဖိနှိပ်လိုက်သည်။ ဤလောကကြီးတွင် ထူးဆန်းသော ကိစ္စအများအပြားရှိသည်။ အလွန်အကျူး စူးစမ်းသိလိုစိတ်သည် ကြီးမားသော အန္တရာယ်ကို ခေါ်ဆောင်လာလိမ့်မည်။

“ မင်းက နတ်ဘုရားမျက်နှာပျက်ကြီးရဲ့ ဒြပ်နှောတွေအကြောင်းကို သိချင်တာလား ”

ရွှီချင်းက လက်လျော့တော့မည့်အချိန် အိမ်ရှေ့စံမင်းသား၏ စကားသံသည် ရုတ်တရက် ထွက်ပေါ်လာသည်။ သူ၏ ပုံရိပ်သည် လေထဲမှာ ရုတ်တရက် ထွက်ပေါ်လာပြီး ရွှီချင်းကို ကြည့်လိုက်သည်။

မင်းသမီးမင်မိန်သည်လည်း အိမ်ရှေ့စံမင်းသားနှင့် အတူရှိနေသည်။

“ နှုတ်ဆက်ပါတယ် စီနီယာ ”

ရွှီချင်းသည် ချက်ချင်း လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။

မင်းသမီးမင်မိန်သည် ခေါင်းညိတ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ သူက တည်ငြိမ်စွာ ပြောသည်။

“ တကယ်လို့ မင်းမြင်ချင်တယ်ဆိုရင် တစ်ချက်သွားကြည့်ပါ… အဲ့ဒါဆိုရင် အနာဂတ်မှာ မင်းဘာကို ရင်ဆိုင်ရမလဲ သိလာလိမ့်မယ် ”

မင်းသမီးမင်မိန်က ထိုသို့ပြောနေစဉ် သူ၏ အကြည့်သည် လေးနက်နေသည်။

ဤသည်ကို ရွှီချင်းကြားသောအခါ စူးရှသော အလင်းရောင်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ တစ်ခဏတွေးပြီးနောက် သူက နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။ သူက အပေါ်သို့ ခုန်လိုက်ပြီး ကောင်းကင်ယံဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။

သူက ပျံသန်းနေစဉ်တစ်လျှောက် အရှိန်ထပ်မြှင့်လိုက်သည်။ ထိုသို့ဖြင့် သူက ဧရာမစပါးအုံးမြွေကြီးနှင့် အနီရောင်နှင်းများ၏ ဧရိယာထဲမှ ကျော်လွန်သွားပြီး နတ်ဘုရားမျက်နှာပျက်ကြီး၏ ဒြပ်နှောများကို နောက်ဆုံးမှာတော့ အာရုံခံမိသွားသည်။

“ အာဘီရဲ… ဒိုဟာဒါ ရာရာ… ဂါဂျာရာ… ဒိုဒါရာ… ”

တီးတိုးရေရွတ်သံသည် ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှာ ထွက်ပေါ်လာသည်။

ယင်းက ကြားနိုင်သောအရာမဟုတ်ပေ။ မြင်နိုင်သောအရာဖြစ်သည်။ ယင်းက ယုတ္တိမရှိပေ။

သို့တိုင် ရွှီချင်းသည် ယခု ထိုယုတ္တိမရှိသောကိစ္စဖြင့် အမှန်တကယ် တွေ့ကြုံနေရသည်။ အကြောင်းအရင်းကို သူမသိသော်လည်း ထိုအသံသည် သူ၏ နားထဲမှ ထွက်ပေါ်လာခြင်းမဟုတ်ကြောင်း သေချာပေါက် သူခံစားမိနေသည်။ ယင်းက သူ၏ မျက်လုံးမှတဆင့် စိတ်ထဲမှာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အစတွင် ရှုပ်ထွေးသော ထိုရေရွတ်သံသည် အလွန်နူးညံ့သည်။ သို့သော်လည်း ယင်းက တဖြည်းဖြည်း ကျယ်လောင်လာသည်။ နောက်ဆုံးမှာတော့ ယင်းက ဝုန်းခနဲ မြည်ဟိန်းသံကို ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှာ ဖြစ်ပေါ်လာစေသည်။ ပေါက်ကွဲသံများသည် ထပ်တလဲလဲ ပဲ့တင်ထပ်လာသည်။

ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး ထပ်ဆင့်လွှမ်းခြုံခံရသော စိတ်ခံစားမှုကို ရရှိလာသည်။ သူ၏ ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ခွဲထွက်သွားသည့်အလား သို့မဟုတ် ဝိညာဉ်က အပိုင်းပိုင်းဆုတ်ဖြဲခံနေရသည့်အလား ခံစားနေရသည်။ သူ၏ ရုပ်ခန္ဓာကိုယ်သည် ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်နှင့် အတူရောနှောသွားပြီး ဝေဝါးလာသည်။

သေခြင်းရှင်ခြင်းကဒ်ဘေးသည် ရွှီချင်း၏ စိတ်အာရုံထဲမှာ ထွက်ပေါ်လာသည်။ သူက ရုတ်တရက် မွန်းကြပ်လာသည်။ ထူးဆန်းသော အပြောင်းအလဲများသည် သူ၏ တစ်ကိုယ်လုံးမှာ ထွက်ပေါ်လာသည်။ သူ၏ ကိုယ်တွင်းအင်္ဂါအားလုံးက စတင်အသက်ဝင်လာနေကြောင်း ရှင်းလင်းစွာ အာရုံခံမိသည်။ ထို့ပြင် သူ၏ အတိတ်အကြောင်းသည် ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာနေကြောင်း သူအာရုံခံမိသည်။

အတိတ်မှ ထိုမှတ်ဉာဏ်များက ပုံရိပ်ယောင်မြင်ကွင်းများထဲမှ တိုးထွက်လာပြီး အစစ်အမှန်အဖြစ်သို့ ပြောင်းလဲသွားတော့မည့်ဟန် ရသည်။

All Chapters