← Chapters

မိစ္ဆာအရှင်သခင်

Vol. 67 Ch. 1046

မိစ္ဆာအရှင်သခင်

Vol. 67 Ch. 1046

ကောင်းကင်ယံတွင် မီးခိုးရောင်လေသည် တဟူးဟူး တိုက်ခတ်နေပြီး သဲမှုန်များကို ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားစေသည်။ အမှောင်ထုထဲတွင် လောကတစ်ခုလုံး၏ အရောင်များသည် အေးစက်မှုကို ပေးစွမ်းသည်။

မြေပြင်ပေါ်တွင် မိစ္ဆာများသဖွယ် အောက်မေ့ရသော နတ်ဘုရားသားတော်ထောင်သောင်းချီသည် ၎င်းတို့၏ ပင်ကိုယ်ဗီဇများဖြစ်သော ဖရိုဖရဲပြုလုပ်ခြင်းနှင့် ရူးသွပ်မှုကို ထိန်းသိမ်းထားကြသည်။ ၎င်းတို့က မြေပြင်ပေါ်မှာ ဝမ်းလျားမှောက်၍ အရိုအသေပေးနေကြသည်။

အဝေးမှကြည့်လျှင် ထိုမြင်ကွင်းသည် အလွန်အံ့ဖွယ်ကောင်းသည်။

၎င်းတို့၏ အရှေ့မှာ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ရွှီချင်းသည် တည်ငြိမ်စွာ မတ်တတ်ရပ်နေသည်။ လေတိုးဝှေ့မှုကြောင့် သူ့အနောက်မှ အနက်ရောင်ဆံပင်သည် တဖျပ်ဖျပ်လွင့်မျောသွားလေ့ ရှိသည်။

လေထဲမှာ သူ၏ အနက်ရောင်မျက်လုံးတစ်စုံက ထင်ရှားစွာ ထွက်ပေါ်နေသည်။ ယင်းက သူ့ကို မြင့်မြတ်ထည်ဝါသော ပုဂ္ဂိုလ်အသွင် ထင်မှတ်ရစေသည်။

ထို့ပြင် သွေးစက်ကွင်းများက သူ၏ ဘေးပတ်ဝန်းကျင်မှာ ဖဲကြိုးများသဖွယ် ရွေ့လျားနေကြသည်။ ထိုအချက်အားလုံးကို စုပေါင်းလိုက်သည့်အခါ သူက သေမျိုးလောကသို့ ဆင်းသက်လာသော မိစ္ဆာအရှင်သခင်တစ်ပါးသဖွယ် အောက်မေ့ရပေသည်။

ဤအခိုက်အတန့်မှာ မိစ္ဆာအရှင်သခင်သည် သူ့အရှေ့မှ နတ်ဘုရားသားတော်ကို ကြည့်လိုက်ပြီး သူ့လက်ကို ၎င်း၏ ဦးခေါင်းပေါ်သို့ တင်လိုက်သည်။ အသားချင်းထိတွေ့သွားသည့်အခိုက် နတ်ဘုရားသားတော်၏ ခန္ဓာကိုယ်သည် ရပ်တန့်သွားသည်။ ၎င်းက လုံးဝမရုန်းဝံ့သလို မလှုပ်ရှားဝံ့ချေ။

ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူ၏ နတ်ဘုရားအသိစိတ်သည် တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး ၎င်း၏ အနှစ်သာရကို တိတ်တဆိတ် အာရုံခံလိုက်သည်။

သူခံစားလိုက်ရသည့် ပထမဆုံးအရာမှာ နတ်ဘုရားသားတော်မှ ထုတ်လွှတ်လာသော ရိုသေကျိုးနွံခြင်းနှင့် ကြည်ညိုလေးစားမှု ဖြစ်သည်။ ဤသည်မှာ တစ်ဖက်လူ၏ ဖရိုဖရဲဖြစ်မှုနှင့် ရူးသွပ်မှုက ဖိနှိပ်ခံရလိုက်ပြီးနောက် သူ့အလိုအလျောက် ဖြစ်ပေါ်လာသော စိတ်ခံစားချက်များ ဖြစ်နိုင်ပေသည်။

ထို့နောက် သူက တစ်ဖက်လူ၏ ဆာလောင်မှုကို ခံစားမိသွားသည်။

ယင်းက သူ့အား နတ်ဘုရားသဘာဝဖြင့် ထိတွေ့ခဲ့စဉ်က မြင်ကွင်းကို ပြန်အမှတ်ရသွားစေသည်။

အချိန်အတော်ကြာအောင် ရွှီချင်းသည် သူ၏ ညာလက်ဖြင့် ဖိနှိပ်ထားသည်။ တားမြစ်အဆိပ်သည် ပြန့်ကျဲသွားပြီး ခရမ်းလစွမ်းအားက ပေါ်လျှိုးလာသောအခါ နတ်ဘုရားသားတော်၏ အလွန်မာကျောသော အသွေအသားသည် ရွှီချင်း၏ လက်ဖဝါးအောက်မှာ အမြန်အရည်ပျော်သွားသည်။

သွေးသည် နတ်ဘုရားသားတော်၏ မျက်နှာပေါ်မှ စီးကျလာပြီး မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။ မြေပြင်က သွေးစက်ကြောင့် တိုက်စားခံလိုက်ရသည့်အခါ တရှဲရှဲမြည်သံ ထွက်ပေါ်လာသည်။

ရွှီချင်း၏ ညာလက်သည်တော့ နတ်ဘုရားသားတော်၏ ခန္ဓာကိုယ်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားသည်။

ပြင်းထန်သော နာကျင်မှုက နတ်ဘုရားသားတော်ကို ပိုပြီးတုန်ယင်လာစေသည်။ သို့သော်လည်း ၎င်းက နည်းနည်းလေးမှ မလှုပ်ရှားဝံ့ပေ။

ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ အနီရောင်လအခွင့်အာဏာက ထိုနတ်ဘုရားသားတော်များအပေါ် ကြီးမားသော ဖိနှိပ်မှုကို ဖြစ်ပေါ်စေဟန် ရသည်။

“ အသွေးအသားထဲမှာ အားကောင်းတဲ့ ဖရိုဖရဲအငွေ့အသက်ပါရှိတယ်… ပြီးတော့ ဒြပ်နှောတွေနဲ့ ယိုယွင်းပျက်စီးစေတဲ့ စွမ်းအားလည်း ပါရှိတယ် ”

ရွှီချင်းသည် တွေးတောလိုက်သည်။ ထိုနတ်ဘုရားသားတော်များကို သူမဝါးမျိုနိုင်ကြောင်း အာရုံခံမိသည်။

၎င်းတို့က မသန့်စင်သော ပစ္စည်းများမှ မွေးဖွားလာကြခြင်းဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့ကို ဝါးမျိုခြင်းသည် သူ့အတွက် မည်သည့်အကျိုးကျေးဇူးမှ မရှိပေ။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် ခေါင်းခါလိုက်ပြီး လက်ကို မြှောက်လိုက်သည်။

ထို့နောက် သူ၏ အကြည့်က ဘေးပတ်ဝန်းကျင်ဆီသို့ ကျရောက်သွားသည်။ သူ့အား အရိုအသေပေးနေကြသော နတ်ဘုရားသားတော်များကို ကြည့်နေလျက် ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက လောကအပိုင်းအစတစ်ခုကို ထုတ်လိုက်သည်။

ထိုပစ္စည်းထွက်ပေါ်လာသောအခါ လောက၏ အရောင်သည် ပြောင်းလဲသွားပြီး လေသည် ပိုပြီးအားကောင်းစွာ တိုက်ခတ်လာသည်။ တိမ်တိုက်များသည် အဝေးသို့ ရွေ့လျားသွားကြပြီး ဤနေရာမှ ဖိနှိပ်သော ခံစားမှုက သိသိသာသာ ပိုအားကောင်းလာသည်။

ယင်းက အတိတ်တွင် အိမ်ရှေ့စံမင်းသားက ရွှီချင်းကို လက်ဆောင်အဖြစ်ပေးခဲ့သော ဝိညာဉ်စုစည်းခြင်းပုဂ္ဂိုလ်တစ်ယောက်၏ မဟာလောကအပိုင်းအစတစ်ခု ဖြစ်သည်။

အတိတ်တွင် သူက ထိုလောကအပိုင်းအစကို ဝိညာဉ်သခင်မယုံကျင်းအား ဖမ်းဆီးရန် ခေါင်းဆောင်ကို ခဏငှားခဲ့သည်။ နောက်ပိုင်းတွင် ဝိညာဉ်သခင်မယုံကျင်းကို ဆေးဆိုင်မှာ ပြန်လွှတ်ပေးလိုက်ပြီးနောက် ခေါင်းဆောင်က သူ့အား ထိုပစ္စည်းကို ပြန်ပေးခဲ့သည်။

ယခု ထိုလောကအပိုင်းအစ ထွက်ပေါ်လာသောအခါ စုပ်ယူအားသည် ကမ္ဘာငယ်ထဲမှ ပေါ်လျှိုးလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ နတ်ဘုရားသားတော် ထောင်သောင်းချီသည် ကမ္ဘာငယ်ထဲသို့ စုပ်ယူခံလိုက်ရသည်။ တစ်ကောင်မှ မကျန်စေခဲ့ပေ။

ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းသည် လောကအပိုင်းအစကို ပြန်သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ချောက်နက်ကြီးကို ကြည့်လိုက်သည်။

ထိုနေရာတွင် နတ်ဘုရားသားတော်များ မရှိပေ။ နက်ရှိုင်းသော ဟိန်းဟောက်သံများသည် သိပ်မကြာသေးခင်ကတည်းက ပျောက်ကွယ်သွားခဲ့သည်။

သူက စစ်ဆေးတော့မည့်အချိန် နတ်ဘုရားအာရုံလှိုင်းတစ်ခုသည် ချောက်နက်ထဲမှ ရုတ်တရက် ပျံ့လွင့်လာသည်။

“ ရွှီချင်း… အောက်ကို ခဏဆင်းလာခဲ့ဦး ”

ယင်းက အိမ်ရှေ့စံမင်းသား၏ အသံဖြစ်သည်။

ရွှီချင်းသည် ချက်ချင်း ဆင်းမသွားခဲ့ပေ။ ယင်းအစား သူက ချောက်နက်၏ အစွန်အဖျားဆီသို့ လျှောက်သွားပြီး အခြေအနေကို အကဲခတ်ကြည့်လိုက်သည်။ မည်သည့်အမှားအယွင်းမှ ရှာမတွေ့မှသာလျှင် သူက ချောက်နက်ထဲသို့ ဆင်းသက်သွားသည်။

သူက ချောက်နက်ထဲမှာ လျင်မြန်စွာ ရွေ့လျားသွားနေသည်။ တားမြစ်အဆိပ်သည် သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။ သူက အလျင်ထပ်မြှင့်လိုက်သည့်အခါ သွေးသည် သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။

သူက ချောက်နက်၏ အတွင်းပိုင်းထဲသို့ ပိုပြီးဝင်ရောက်သွားလေ ဒြပ်နှောများက ပိုပြီးထူထဲလာလေ ဖြစ်သည်။ စေးကပ်ကပ် အရည်သည် သူ့ဘေးပတ်ဝန်းကျင်ရှိ နံရံများပေါ်မှ စီးကျလာသည်။ ယင်းက ဆိုးဝါးသော အနံ့အသက်ကို ထုတ်လွှတ်နေပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်။

ပိုပြီးနက်ရှိုင်းသော ဧရိယာဆီသို့ သူရောက်ရှိသွားသောအခါ အနီရောင်အလင်း မှိန်ဖျော့ဖျော့ကို မြင်တွေ့လာရသည်။

နောက်ဆုံးမှာတော့ ရွှီချင်းက အလင်းရောင်ဆီသို့ ချဉ်းကပ်သွားသည့်အခါ အသွေးအသားဖြင့် ဖွဲ့စည်းထားသော အကာအကွယ်တစ်ခုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ယင်းက ရှေ့ဆက်သွားမည့် လမ်းကြောင်းကို ပိတ်ဆို့ထားသော အသွေးအသားတံတိုင်းကြီး ဖြစ်သည်။ ၎င်းက လူးလွန့်လှုပ်ရှားနေပြီး မှိန်ဖျော့ဖျော့ အနီရောင်အလင်းကို ထုတ်လွှတ်နေသည်။ ထို့ပြင် ၎င်းက အလွန်သိပ်သည်းသော နီလာနတ်သမီး၏ အရှိန်အဝါကို ပေးစွမ်းသည်။

၎င်းက ရုန်းကန်နေဟန်ရပြီး အပြင်သို့ တိုးထွက်လာရန် ကြိုးစားနေပုံပေါ်သည်။ သို့သော်လည်း မမြင်ရသော အင်အားတစ်ခုက ၎င်းကို ဖိနှိပ်ထားပြီး ခုခံနိုင်စွမ်း ကင်းမဲ့စေသည်။ ၎င်းက အနောက်သို့ လူးလွန့်လှုပ်ရှားပြီး ပြန်ဆုတ်ခွာသွားရုံသာ တတ်စွမ်းသည်။

အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်သည် အသွေးအသားတံတိုင်းကြီး၏ အရှေ့မှာ မတ်တတ်ရပ်နေကြသည်။

“ ဒီနေရာက အဓိကဧရိယာကို ဝင်ရောက်ဖို့ နောက်ဆုံးအတားအဆီးပဲ ”

“ နဝမညီတော်ကို ကယ်တင်ဖို့ ဒီနေရာက ပစ္စည်းတစ်ခုကို ငါတို့လိုအပ်တယ်… တကယ်လို့ ငါတို့က အတားအဆီးကို အတင်းအကျပ် ချိုးဖျက်မယ်ဆိုရင် နီလာနတ်သမီးက အိပ်မောကျနေတယ်ဆိုရင်တောင် သူသတိပြုမိသွားလိမ့်မယ်… အဲ့ဒီအခါ အထဲက သလင်းကျောက်ကို သူ့အလိုအလျောက် ပုန်းကွယ်သွားစေလိမ့်မယ်… ဒါကြောင့် မင်းရဲ့ အခွင့်အာဏာနဲ့ အတားအဆီးပေါ်မှာ အက်ကြောင်းတစ်ခု တိတ်တဆိတ် ဖွင့်လှစ်ပေးဖို့ ငါတို့လိုအပ်တယ် ”

အိမ်ရှေ့စံမင်းသားသည် ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ လမ်းတစ်လျှောက်တွင် ထိုအရာကို သူမှန်းဆထားခဲ့သည်။ ယခင်က အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်သည် အပြင်သို့ မကြာခဏ ထွက်သွားခဲ့သည်။ သူတို့၏ ရည်ရွယ်ချက်က ဤနေရာမှာ ဖြစ်ရမည်။

ထို့ကြောင့် သူက အသွေးအသားတံတိုင်းကြီးဆီသို့ လျှောက်သွားသည်။ သွေးသည် သူ၏ ခန္ဓာကိုယ်အပြင်ဘက်သို့ မြန်ဆန်စွာ စီးဆင်းလာသည်။ သူက ညာလက်ကို မြှောက်လိုက်သည့်အခါ သွေးစက်က သူ၏ လက်ချောင်းထိပ်မှာ မြန်ဆန်စွာ စုဝေးသွားသည်။ အနီရောင်အလင်းက ထိန်လင်းစွာ တောက်ပလာသည့်အခါ သွေးတစ်စက်က သူ၏ လက်ချောင်းထိပ်မှ ပျံသန်းထွက်သွားသည်။

ယင်းက အသွေးအသားတံတိုင်းကြီးပေါ်သို့ ကျရောက်သွားသည်။

ထိုသွေးစက်ထဲမှာ ရွှီချင်း၏ အနီရောင်လအခွင့်အာဏာပါရှိပြီး သိပ်သည်းသော ဒြပ်နှောများကို ထုတ်လွှတ်နေသည်။ အကယ်၍ တစ်စုံတစ်ယောက်က ဂရုတစိုက် စစ်ဆေးကြည့်မည်ဆိုလျှင် ထိုသွေးစက်ထဲမှာ အနီရောင်လ၏ ပုံရိပ်က ဝိုးတိုးဝါးတား ထွက်ပေါ်နေကြောင်း မြင်နိုင်လိမ့်မည်။

“ ပွင့်စမ်း ”

သွေးစက်က အကာအကွယ်ကို ထိတွေ့သွားသည့်အခိုက် ရွှီချင်းသည် သူ၏ နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်သည်။

အသွေးအသားတံတိုင်းကြီးသည် ရုတ်တရက် တုန်ယင်လာသည်။ ရွှီချင်း၏ သွေးစက် ကျရောက်သွားသောနေရာသည် ချက်ချင်း လူးလွန့်လာသည်။ ယင်းက အရပ်မျက်နှာအဘက်ဘက်သို့ ဖျစ်ညှစ်သွားသည်။ ထို့နောက် အက်ကြောင်းတစ်ခုက သွေးစက်ကျရောက်သွားသော နေရာကို ဗဟိုပြု၍ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်သည် လုံးဝတုံ့ဆိုင်းမနေပေ။ သူတို့က သက်တံ့အလင်းတန်းသို့ ပြောင်းလဲသွားကြပြီး အက်ကြောင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။

ရွှီချင်းသည် သူတို့နောက်သို့ လိုက်မသွားပေ။ သူက ပေတစ်ရာအကွာသို့ အနောက်ဆုတ်သွားသည်။ သူက အနောက်ဆုတ်သွားသည်နှင့်ချက်ချင်း စူးရှသော အသံများသည် အသွေးအသားတံတိုင်းကြီး၏ အနောက်မှ ထွက်ပေါ်လာသည်။ ထို့နောက် ဟိန်းဟောက်သံများက ပဲ့တင်ထပ်လာသည်။ မကြာမီ အသွေးအသားသည် တုန်ယင်လာပြီး စတင်ခြောက်သွေ့လာသည်။

ဖြစ်စဉ်တစ်ခုလုံးသည် အသက်သုံးခါမှ ငါးခါရှူချိန်မျှသာ ကြာမြင့်ခဲ့သည်။ အသွေးအသားပုံကြီးက ခြောက်သွေ့သွားပြီးနောက် ပြာအဖြစ်သို့ ပြောင်းလဲသွားကာ လွင့်ပြယ်သွားသည်။ ထိုအခါ အသွေးအသားပုံကြီးနောက်မှ အလွန်ကျယ်ပြောသော မြေအောက်လှိုင်ခေါင်းတစ်ခုက ထွက်ပေါ်လာလေသည်။

လှိုင်ခေါင်း၏ အတွင်းဘက်မှ မြင်ကွင်းသည် အံ့ဖွယ်ကောင်းသည်။

မြေပြင်သည် အလွန်စေးကပ်သော သွေးရေကန်ဖြင့် ဖုံးလွှမ်းခံထားရပြီး ပုပ်သိုးဆွေးမြေ့သော အနံ့ကို ထုတ်လွှတ်နေသည်။ ရေကန်၏ အလယ်တွင် အလွန်ကြီးမားသော သွေးနီသလင်းကျောက်တစ်ခု ရှိသည်။ ၎င်း၏ တစ်စိတ်တစ်ပိုင်းက ရေကန်၏ အပေါ်မှာ ထွက်ပေါ်နေပြီး ကျန်အစိတ်အပိုင်းက ရေကန်ထဲမှာ နစ်မြုပ်နေသည်။

၎င်းက အနီရောင်အလင်းကို ထုတ်လွှတ်နေသည်။

သွေးရေကန်ထဲတွင်တော့ မရေမတွက်နိုင်သော ဥများရှိသည်။

တချို့ဥများသည် ပေပေါင်းဒါဇင်ခန့် ရှည်လျားပြီး တချို့ဥများသည် ပေရာပေါင်းများစွာ ရှည်လျားသည်။ ၎င်းတို့၏ အရွယ်အစားက မတူညီကြသော်လည်း ဥအားလုံးသည် အနီရောင်ဖြစ်ကြသည်။

သွေးရေကန်ထဲမှ ဥများ တချို့တစ်ဝက်သည် အကောင်းတိုင်းရှိနေကြသေးသည်။ သို့သော်လည်း ကျန်တချို့တစ်ဝက်သည်တော့ အပိုင်းပိုင်း အက်ကွဲသွားကြပြီး ဥအခွံများသာ ရေကန်ပေါ်မှာ ကျန်ရှိကြတော့သည်။

အကောင်းတိုင်း ကျန်ရှိနေသော ဥများထဲတွင် နတ်ဘုရားသားတော်များရှိပြီး ၎င်းတို့က ဥအခွံကို ချိုးဖောက်ရန် ကြိုးစားနေကြကြောင်း ရွှီချင်း အာရုံခံနိုင်သည်။

အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်သည် သွေးနီသလင်းကျောက်ဆီသို့ တန်းမတ်စွာ သွားနေကြသည်။ သူတို့က အနားရောက်သွားသည့်အခါ တစ်ပြိုင်နက် လှုပ်ရှားလိုက်ကြပြီး သလင်းကျောက်ကို ယူဆောင်လိုက်သည်။

သလင်းကျောက်က ပျောက်ကွယ်သွားသောအခါ သွေးရေကန်သည် လျှင်မြန်စွာ ခမ်းခြောက်သွားသည်။ ထိုအခါ အကောင်းတိုင်းရှိနေကြသော ဥများက ပိုပြီးရုန်းကန်လာကြသည်။ ဟိန်းဟောက်သံများသည် ဆက်လက် ပဲ့တင်ထပ်လာသည်။

“ ကောင်းပြီ… ထွက်သွားကြရအောင် ”

သူတို့လိုချင်သော ပစ္စည်းကို ရရှိပြီးနောက် အိမ်ရှေ့စံမင်းသားသည် စိတ်ကျေနပ်သွားသည်။ သူက စကားဆုံးသည်နှင့် လက်မြှောက်လိုက်ပြီး ဤနေရာမှ ဥအားလုံးကို ဖျက်ဆီးပစ်ရန် ပြင်လိုက်သည်။

ထိုအခါ ရွှီချင်းသည် နှလုံးခုန်မြန်လာသည်။ သူက အလျင်စလို ပြောသည်။

“ စီနီယာ… နတ်ဘုရားသားတော်တွေကို တခြားနေရာမှာ ငါအသုံးပြုဖို့ ရှိပါတယ် ”

ဤသည်ကို ကြားသောအခါ အိမ်ရှေ့စံမင်းသားသည် ရွှီချင်းကို ကြည့်လိုက်သည်။ မင်းသမီးမင်မိန်သည် ခေါင်းညိတ်လိုက်သည်။

ရွှီချင်းသည် မဟာလောက၏ အပိုင်းအစကို ချက်ချင်း ထုတ်လိုက်သည်။ သူက ချိပ်တံဆိပ်လက်ဟန်များကို အမြန်ဖွဲ့စည်းလိုက်သည်။ ချက်ချင်းပင် စုပ်ယူအားသည် ကမ္ဘာငယ်ထဲမှ ပေါ်လျှိုးလာပြီး ဤနေရာမှာရှိသော ဥအားလုံးကို စုပ်ယူလိုက်သည်။

ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းသည် စိတ်ကျေနပ်သွားသည်။

ဤမျှများပြားသော အရေအတွက်ဖြင့်ဆိုလျှင် ခေါင်းဆောင်လိုအပ်သော လောင်စာပမာဏကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု သူခံစားမိသည်။

“ ဒါဆို… သွားကြရအောင် ”

ရွှီချင်း၏ ကိစ္စပြီးသွားသည်ကို မြင်သောအခါ အိမ်ရှေ့စံမင်းသားက တည်ငြိမ်စွာ ပြောသည်။ သူက လက်ဝှေ့ယမ်းလိုက်ပြီး ရွှီချင်းကို ချောက်နက်ထဲမှ ခေါ်ထုတ်သွားသည်။ သူတို့က အပြင်သို့ ရောက်ရှိသွားသောအခါ မင်းသမီးမင်မိန်သည် လက်မြှောက်လိုက်ပြီး ဖိချလိုက်သည်။

ချက်ချင်းပင် မြေပြင်သည် တုန်ယင်လာပြီး နက်ရှိုင်းသော ချောက်နက်သည် စတင်ပြိုကျပျက်စီးလာသည်။ မရေမတွက်နိုင်သော ကျောက်တုံးများသည် လေထဲမှာ ထွက်ပေါ်လာကြပြီး ချောက်နက်ထဲသို့ ပြည့်နှက်သွားကြသည်။ ထို့နောက် ချောက်နက်က ပျောက်ကွယ်သွားပြီး ညီညာပြန့်ပြူးသော ကုန်းမြေတစ်ခု ထွက်ပေါ်လာသည်။

ထိုသို့ဖြင့် ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှ အန္တရာယ်ကဒ်ဘေးသည် ဖြေရှင်းပြီးသွားသည်။ ယင်းက သာမန်ဖြစ်သည်ဟု ရွှီချင်း ခံစားမိသည်။ နတ်ဘုရားသားတော်၏ အသိုက်တစ်ခုက ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူအပေါ် မည်သို့ကြောင့် အခက်တွေ့စေနိုင်မည်နည်း။

သို့သော်လည်း ယင်းက ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှ ကျင့်ကြံသူများအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိသည်။ သူတို့သည် အစက အသက်စတေး၍ နတ်ဘုရားသားတော်များကို ရင်ဆိုင်ရန် စိတ်ကို အသင့်ပြင်ထားကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများက သူတို့၏ နှလုံးသားထဲ၌ လှိုင်းလုံးကြီးများ ထွက်ပေါ်လာစေသည်။

လက်ဝါးတစ်ခုသည် တောင်တန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး မရေမတွက်နိုင်သော နတ်ဘုရားသားတော်များကို အမြစ်ဖြတ်သုတ်သင်ပစ်ခဲ့သည်။

ဘိုဘေးမိုကွေ့ကို ဒူးထောက်စေပြီး သူ့ကိုယ်သူ ဂျူနီယာအဖြစ် ခေါ်ဆိုစေခဲ့သည်။

ထိုအတွက် အဖြေက တစ်ခုတည်းသာ ဖြစ်သည်။

“ ဝိညာဉ်စုစည်းခြင်းအဆင့်… ”

ထိုစကားလုံးနှစ်လုံးက ကျင့်ကြံသူများ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာပြီး မိုးခြိမ်းသံများအဖြစ်သို့ ပြောင်းလဲသွားကာ သူတို့၏ အသိစိတ်ကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။ သူတို့သည် အလိုအလျောက် တုန်ယင်လာကြသည်။

ကျန်ရှိသော နတ်ဘုရားသားတော်များကို သုတ်သင်ရှင်းလင်းပြီးနောက် ဘိုးဘေးမိုကွေ့က မြို့ထဲမှ ဆေးဆိုင်ဆီသို့ ပြန်သွားကြောင်း သူတို့၏ မျက်စိဖြင့် ကိုယ်တွေ့မြင်လိုက်ရကြသည်။ ဘိုဘေးမိုကွေ့သည် သူ၏ အဆင့်အတန်းကို လျစ်လျူရှုထားပြီး ဆေးဆိုင်သို့ ရောက်ရှိလာကြသော ဧည့်သည်များကို ဝမ်းပန်းတသာ ကြိုဆိုသည်။

ထိုမြင်ကွင်းက ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှ ကျင့်ကြံသူများ၏ နှလုံးသားထဲ၌ နောက်ထပ်မုန်တိုင်းတစ်ခုကို အစပျိုးလိုက်သည်။

ဤမတိုင်ခင်က ဆန်းကြယ်သော ထိုဆေးဆိုင်သည် ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှာ အတော်လေး နာမည်ကျော်ကြားသည်။ မည်သို့ဖြစ်ပါစေ မယုံကြည်နိုင်စရာကောင်းသော ကိစ္စအများအပြားက ဤနေရာမှာ ဖြစ်ပေါ်ခဲ့ဖူးသည် မဟုတ်ပါလော။

သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ဤဆေးဆိုင်ထဲမှာ အမှန်တကယ် ရှိနေလိမ့်မည်ဟု မည်သူက စိတ်ကူးဝံ့မည်နည်း။

ယနေ့မှာတော့ ဤဆေးဆိုင်သည် ဘဝကံကြမ္မာဆိုးတောင်တန်း၏ အဓိကအချက်အချာဖြစ်ကြောင်း သူတို့အားလုံး နားလည်သွားကြသည်။ ယင်းက ဤသဲကန္တာရတစ်ခုလုံးမှာပင် ဖြစ်သည်။

ထိုနားလည်မှုက လူတိုင်းကို ကြည်ညိုလေးစားမှု ဖြစ်စေသည်။

သို့ဖြစ်၍ ဤသာမန်မြို့လေးက သဲကန္တာရ၏ မြင့်မြတ်ကုန်းမြေဖြစ်လာသည်။

ဤနေရာမှ ကျင့်ကြံသူများထဲတွင် လပုန်ကန်ခန်းမထဲမှ အဖွဲ့ဝင်များလည်း ပါရှိသည်။ သို့ဖြစ်၍ ဤနေရာမှ သတင်းက လပုန်ကန်ခန်းမဆီသို့ လျှင်မြန်စွာ ပျံ့နှံ့သွားသည်။ မကြာမီ ထိုသတင်းကို လဝတ်ပြုဒေသကြီးထဲမှ တော်လှန်ရေးစစ်တပ်တစ်ခုလုံးက ကြားသိသွားကြသည်။

ထိုသတင်းကြောင့် အပြင်လောကမှ တော်လှန်ရေးအင်အားစုများသည် ဆူပူအုံကြွသွားကြသည်။

သူတို့သည် ဘဝကံကြမ္မာဆိုးတောင်တန်းအကြောင်းကို ယခင်က ကြားဖူးကြသည်။ သို့သော်လည်း ယင်းက မီးခိုးရောင်လေကြောင့် ဖြစ်သည်။ ထိုနေရာသည် အပြင်လောကမှ အတိုင်းအတာတစ်ခုထိ သီးခြားခွဲထုတ်ခံထားရပြီး လဝတ်ပြုဒေသကြီး၏ တစ်ခုတည်းသော ငြိမ်းချမ်းသောနယ်မြေ ဖြစ်လာသည်။

ထို့ပြင် ထိုနေရာက နတ်ဘုရားကွပ်မျက်စင်မှ မြင်ကွင်းများ၏ ဇစ်မြစ်ဖြစ်ကြောင်း လူတချို့က သံသယဝင်နေကြသည်။ ထို့ကြောင့် ဘဝကံကြမ္မာဆိုးတောင်တန်းသည် ယခင်ကတည်းက လူအများအပြား၏ အာရုံစိုက်မှုခံထားရသည်။

သို့သော်လည်း ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူ၏ ပေါ်ထွက်လာမှုသည် အပြင်လောကကို ဆူပူအုံကြွသွားစေသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့က နတ်ဘုရားကွပ်မျက်စင်ပေါ်မှ မြင်ကွင်းကို ပြန်စဉ်းစားမိသွားသောကြောင့် ဖြစ်သည်။ တစ်ချိန်တည်းမှာ သူတို့က ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်၏ သရုပ်ကိုလည်း ခန့်မှန်းမိသွားကြသည်။

“ အဲ့ဒါ အိမ်ရှေ့စံမင်းသားပဲ ”

အစိမ်းရောင်သဲကန္တာရနှင့် သိပ်မဝေးသော ကုန်းမြေတစ်ခုပေါ်တွင် အရေအတွက်တစ်ထောင်ကျော်သော မှော်ယာဉ်ပျံများသည် ကောင်းကင်ယံမှာ ပျံသန်းနေကြသည်။ အရှေ့ဆုံးမှ မှော်ယာဉ်ပျံထဲမှာ သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ဦးက တင်ပျဉ်ခွေလျက် ထိုင်နေသည်။ သူက ခေါင်းမော့လိုက်ပြီး အစိမ်းရောင်သဲကန္တာရ၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။ သူက သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

ထိုသက်လတ်ပိုင်းကျင့်ကြံသူသည် ခရီးသွားဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာက ဖြူဖျော့နေသည်။ သူက ဒဏ်ရာရထားကြောင်း သိသာထင်ရှားသည်။ သို့သော်လည်း သူ၏ အမူအရာသည် တည်ကြည်လေးနက်ပြီး ဂုဏ်ကျက်သရေရှိသည်။

“ စတုတ္ထခန်းမသခင်… ငါတို့ ကန္တာရထဲကို သွားတော့မှာလား ”

သက်လတ်ပိုင်းကျင့်ကြံသူ၏ ဘေးတွင် လက်အောက်ငယ်သား ဆယ်ယောက်မက ရှိသည်။ သူတို့တစ်ဦးချင်းစီသည် ဗလာနတ္ထိကျင့်ကြံခြင်းရှိကြသည်။ သူတို့အားလုံးသည် အပြင်းအထန် ဒဏ်ရာရရှိထားကြသည်။ ဤအခိုက်အတန့်မှာ သူတို့ထဲမှ တစ်ယောက်က အက်ရှရှအသံဖြင့် မေးသည်။

ထိုသက်လတ်ပိုင်းကျင့်ကြံသူသည် လပုန်ကန်ခန်းမ၏ စတုတ္ထခန်းမသခင်မှလွဲ၍ တခြားလူမဟုတ်ပေ။ သူက ထိုလူ၏ မေးခွန်းကို ကြားသောအခါ အနောက်လှည့်ကြည့်လိုက်သည်။

သူ့အနောက်မှ မှော်ယာဉ်ပျံတစ်စင်းစီတွင် မျိုးနွယ်အသီးသီးမှ ကျင့်ကြံသူများဖြင့် ပြည့်နှက်နေကြသည်။ သူတို့အားလုံးသည် အားအင်ကုန်ခမ်းနေကြပြီး ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာများဖြင့် ပြည့်နှက်နေကြသည်။ သူတို့၏ အကြည့်သည် တတ်ကြွမှုမရှိကြပေ။

တော်လှန်ရေးစစ်တပ်အနေဖြင့် သူတို့သည် အနီရောင်လဗိမာန်၏ ဖိနှိပ်မှုနှင့် နတ်ဘုရားသားတော်များ၏ အရူးအမူး တိုက်ခိုက်မှုကို တွေ့ကြုံခဲ့ကြသည်။

သူတို့သည် တိုက်ပွဲအတွင်းမှာ ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ကြရသည်။

နောက်ဆုံးမှာတော့ ကြီးမားသော တန်ဖိုးတစ်ခုကို ပေးချေပြီးနောက် ကျန်ရှိသော အင်အားစုများက သေဘေးမှ လွတ်မြောက်လာခဲ့ကြသည်။

သို့သော်လည်း အနီရောင်လဗိမာန်သည် သူတို့နောက်သို့ လိုက်ဖမ်းကြသည်။ လဝတ်ပြုဒေသကြီးက အကျယ်ကြီးဖြစ်သော်လည်း သူတို့မှာ တခြားထွက်ပြေးစရာနေရာ မရှိပေ။

“ အင်း… ကန္တာရဆီ သွားကြမယ် ”

စတုတ္ထခန်းမသခင်သည် အသက်ပြင်းပြင်းရှူသွင်းပြီးနောက် လေးနက်စွာ ပြောသည်။

All Chapters