← Chapters

သူတို့ပါလား

Vol. 42 Ch. 627

သူတို့ပါလား

Vol. 42 Ch. 627

အမေရိကား

[တကယ်လား၊ တရုတ်နိုင်ငံက ခွေးရူးပြန်ရောဂါကို ချေမှုန်းနိုင်တဲ့ ဆေးမျိုး တကယ် ဖန်တီးနိုင်ပြီလား]

[လခွမ်း၊ နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်းက ဒါကို တညီတညွတ်တည်း အတည်ပြုလိုက်တာပဲ၊ ဒါ အရမ်းကောင်းတဲ့ ပြောင်းလဲမှုပဲ]

[တရုတ်နိုင်ငံက အမေရိကားကို ရောင်းပါ့မလား မသိဘူး၊ ဒါပေမဲ့ ငါတော့ ဒါကို မျှော်လင့်မိတယ်]

[မြတ်စွာဘုရား၊ နတ်ဆေးဆရာဝိုင်က ဆန်းကြယ်မှုတွေရဲ့ ဆရာဝန်ပဲ]

ဂျပန်နိုင်ငံ။

[တရုတ် ဆေးပညာက ဒီလောက်တောင် တိုးတက်သွားပြီလား]

[သေလိုက်ပါတော့ကွာ၊ နတ်ဆေးဆရာဝိုင်လို အရည်အချင်းရှိတဲ့ လူမျိုးက ဘာလို့ ငါတို့ ဂျပန်နိုင်ငံမှာ မပေါ်လာ ရတာလဲ]

[တရုတ်နိုင်ငံရဲ့ ဆေးဘက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ မြန်မြန် ဆွေးနွေးကြ၊ ငါတို့ ဒီဆေးကို ဝယ်ယူပိုင်ခွင့် ရမှရမယ်]

အင်္ဂလန်။

[တရုတ်နိုင်ငံက ဆန်းကြယ်လိုက်တာ၊ သူတို့က ဒီလို ဆေးမျိုးကို တကယ် ထုတ်လုပ်နိုင်ခဲ့တာပဲ]

[သောက်ကျိုးနည်း မိုက်လိုက်တာ၊ ငါ တကယ်ကို ဒီနတ်ဆေးဆရာဝိုင်ဆီ သွားလည်ချင်လိုက်တာ]

[ဒီနှစ်ရဲ့ ဆေးပညာ နိုဘယ်ဆုက နတ်ဆေးဆရာဝိုင်ပဲ ရကိုရလိမ့်မယ်]

[လူသားနဲ့ တိရစ္ဆာန်လောကအတွက် နတ်ဆေးဆရာဝိုင်က အောင်မြင်မှု ယူလာပေးတဲ့အတွက် ဂုဏ်ပြုပါတယ်]

…

နိုင်ငံပေါင်းစုံကို ဆူညံပွက်လောရိုက်မှု ပျံ့နှံ့သွားပြီးနောက် လူတိုင်း အငြိမ်မနေနိုင်တော့ချေ။ နိုင်ငံများအပြင် ထိုနိုင်ငံအတွင်းမှ ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေး ပုဂ္ဂိုလ်ကြီးများကလည်း သီးသန့် ကိုယ်စားလှယ် မူပိုင်ခွင့် ရရှိရန်အတွက် နတ်ဆေးဆရာဝိုင်ကို ဆက်သွယ်ရန် ကြိုးစားနေကြသည်။

သူတို့နိုင်ငံအတွက် သီးသန့် ကိုယ်စားလှယ် မူပိုင်ခွင့်ကို သူတို့ ရရှိနိုင်ပါက သူတို့သည် ကြားလူအနေဖြင့် ပိုက်ဆံများစွာ ရနိုင်ပေသည်။

ထိုသို့သော နိုင်ငံများကြား၌ ကိုရီးယားနိုင်ငံက အငြိမ်ဆုံး ဖြစ်နေသည်။

သူတို့သည် ယခင်က မောက်မာခဲ့ပြီး နတ်ဆေးဆရာဝိုင်ကို သရော်ခဲ့သော်လည်း ရုတ်ချည်းဆိုသလို မျက်နှာ ဖြတ်ရိုက်ခံရပြီး အရူးသဖွယ် မှင်တက်သွားရလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိပေ။

နတ်ဆေးဆရာဝိုင်သည် ထိုဆေးအား အမှန်တကယ် ဖန်တီးနိုင်စွမ်း ရှိနေခဲ့သည်။

*သောက်ကျိုးနည်း*

သူတို့သည် ခါးသီးမှုကို မဖော်ပြနိုင် ဖြစ်နေကြသည်။ နတ်ဆေးဆရာဝိုင်က ဤသို့သောလူမျိုး ဖြစ်သည်ကို သူတို့ သိနေခဲ့ပါက အစကတည်းက သူတို့ ဘာမှ ပြောရဲမည် မဟုတ်ပါ။

သို့သော် သူတို့သည်လည်း အလွန် ဆုံးဖြတ်ချက် ပြတ်သားကြသည်။ ကိုရီးယားနိုင်ငံ၏ ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေး နယ်ပယ်မှ ဆေးပညာရှင်များက ပူးပေါင်း၍ စာတစ်စောင် ထုတ်ပြန်လာည်။

“နတ်ဆေးဆရာဝိုင်နဲ့ ပတ်သက်တဲ့ အရင်တုန်းက စာက တကယ်ကို မသိနားမလည်မှုပါ၊ နတ်ဆေးဆရာဝိုင်က ကျွန်တော်တို့ရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်၊ ကျွန်တော်တို့နိုင်ငံရဲ့ အနုပညာနယ်ပယ်ကို ဆက်သွယ်ပြီး ကင်ဟျွန်းမင်ကို သူ့ရဲ့ မသိတတ်တဲ့ ပြောစကားအတွက် တောင်းပန်ခိုင်းပြီး စည်းကမ်းအတိုင်း ဖြေရှင်းဖို့ ဆက်သွယ်ပါ့မယ်၊ ကျွန်တော်တို့ ထပ်ပြီး တောင်းပန်ပါတယ်”

[ဟားဟားဟား အခု မင်းက တောင်းပန်ချင်တာလား၊ အရမ်း နောက်ကျသွားပြီ]

[မင်းရဲ့ အနုပညာလောကက အရင်က အဲ့လောက် မကြမ်းဖူးပါဘူး]

[မင်းတို့ အနုပညာလောက လူတွေကို ရှေ့ထွက်ပြီး ငါတို့ကို တောင်းပန်ခိုင်းလိုက်]

[အဲ့လောက်က လုံလောက်ပြီလို့ မင်း ထင်လား၊ အဲ့တော့ မင်းက အခု နတ်ဆေးဆရာဝိုင်ကို မျက်နှာလုပ် နေတာလား]

[ဪ … မင်းတို့ အရင်က ငါတို့ကို တိုက်ခိုက်တုန်းက ဒီလို မဟုတ်ပါဘူး၊ မင်းတို့ ဘယ်လို လိမ်လိမ်မာမာ နေရမလဲဆိုတာ သင်ယူပြီးသွားပြီလား]

…

တရုတ်လူမျိုးများက စတင်၍ လှောင်ပြောင်လာပြီး ပြောမပြတတ်လောက်အောင် ဂုဏ်ယူသလို ခံစားနေရသည်။ သူတို့တစ်ယောက်ချင်းစီက စိတ်ထဲ၌ အော်ဟစ်နေလေသည်။

*တရုတ်နိုင်ငံက မိုက်တယ်ဟေ့*

ရဲ့လင်းချန်က ကိုရီးယားနိုင်ငံ၏ ဆေးပညာရှင်များ မျက်နှာလုပ်နေသည်ကို အရေးပင် မစိုက်ချေ။

တုန်းမြောင်မြောင်၏ စာအရ များစွာသော ပြည်တွင်းနှင့် ပြည်ပ ကုမ္ပဏီများစွာက သူမကို ဆက်သွယ်နေပြီး ပုံမှန်မဟုတ်သော မြင့်မားသည့်ဈေးဖြင့် လိုလိုလားလား ကမ်းလှမ်းနေကြသည်။ ကျန်တာဟူ၍ ရဲ့လင်းချန် ခေါင်းညိတ်ရုံသာ ရှိတော့သည်။

တုန်းမြောင်မြောင် အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ ယခင်က သူမ ဆက်သွယ်နိုင်လိမ့်မည်ဟု တစ်ခါမှ ထင်မထားသည့် နယ်ပယ်တွင်းမှ ပုဂ္ဂိုလ်ကြီးများသည် သူမအား ဖုန်းထဲမှနေ၍ တလေးတစားနှင့် အရေးတယူ ဆက်ဆံလာကြသည်။ အချို့သော အကျော်အမောများ ဖုန်းခေါ်လာချန်တွင် သူမ အလွန် စိတ်လှုပ်ရှားမိသော်လည်း သခင်လေးရဲ့က သူမအား ပံ့ပိုးပေးနေသည်ကို သတိပြုမိပြီးနောက် တုန်းမြောင်မြောင် တည်ငြိမ်လာသည်။

အဖွဲ့အစည်းအားလုံးအတွက် အကျိုးအမြတ်များစွာ ရှိနေပေသည်။ လူတိုင်း ခွေးရူးပြန်ရောဂါ မရနိုင်သော်လည်း ရောဂါနှင့် ထိတွေ့နိုင်ချေက အမြဲတမ်း ရှိနေသည်။ ၎င်းနှင့် ကူးစက်မိသည့် မည်သူမဆို သေစေနိုင်သော ရောဂါနှင့် ရင်ဆိုင်ရပေမည်။ ထို့ကြောင့် ထိုဆေးသည် သူတို့အတွက် အသက်တစ်ချောင်း ထပ်ပေးလိုက်သည်နှင့် အတူတူပင်။ အသက်ကို ပိုက်ဆံနှင့် လဲလှယ်ရခြင်းက လူတိုင်း လိုလိုလားလား လုပ်ချင်သော အရာပင်။ သူတို့မိသားစု ဒေဝါလီ ခံရလျင်တောင်မှ လုပ်မည် ဖြစ်သည်။

မရေတွက်နိုင်သော နယ်ပယ် ပုဂ္ဂိုလ်ကြီးများက ၎င်းကို မျှဝေလိုချင်နေကြသည်။

တကယ်တမ်းတွင် ဆေးသည် ရဲ့လင်းချန်အတွက် ဘာမှမဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ပထမဆုံးဆေးက အခက်အခဲအားလုံးကို ကျော်ဖြတ်သွားနိုင်ပြီးနောက် နောက်ပိုင်းဆေးများနှင့် အသာလေး ပိုက်ဆံ ရှာနိုင်၍ ဖြစ်သည်။

ဆေးဖော်ရာ၌ အသုံးပြုသည့် ဆေးပင်များသည် လုံးဝ မရှားပါးချေ။ ထို့အပြင် ဆေးဖော်စပ်ခြင်းအတွက် လိုအပ်သော လူအားနှင့် အခြားသော ကုန်ကျစရိတ်များကလည်း ထိုမျှ မမြင့်ချေ။ အခြေခံများအတွက် အမြတ် အနည်းငယ် ရနိုင်သရွေ့ သူသည် ဈေးအား အလွန်မြှင့်ရန် စိတ်ကူးမရှိပေ။

၎င်းသည် ပြည်တွင်းဈေးကွက်များအတွက် စဉ်းစားထားခြင်းဖြစ်သည်။ ပြည်ပကို တင်ပို့ရမည်ဆိုပါက ဈေးက နှစ်ဆ ဖြစ်ပေမည်။

ရဲ့လင်းချန်သည် သူတို့၏ အသက်ကို ကယ်ရန် လိုအပ်နေသည့် လူများထံမှ ပိုက်ဆံကို လောဘတက်နေမည် မဟုတ်ပါ။ ဤနည်းအားဖြင့် သူသည် ရေရှည်၌ ရေပန်းစားမှု ရနိုင်လာသလို ဘာကိုမှ ဆုံးရှုံးခြင်းမရှိဘဲ ပိုက်ဆံ ရနိုင်မှာ ဖြစ်သည်။

ထို့ကြောင့် သူသည် သွားဖြဲ၍ ကမ္ဘာပေါ်ရှိ အခြေခံ လူတန်းစားများကို ဝါးမျိုချင်သော အရင်းရှင်များအား နှင်ထုတ် ချင်နေသည်။

နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်းမှ ထွက်လာပြီးနောက် ရဲ့လင်းချန်သည် အိမ်မပြန်ဘဲ ဟိုတယ်ရှာ၍ နေလိုက်သည်။

သူသည် အနီးအနားမှ နေရာများကို လည်ပတ်ရန် ဆုံးဖြတ်ထားသည်။ သူသည် စီချွမ်-တိဘက်ဒေသသို့ ရောက်နေသဖြင့် ကျင့်ကြံရန် အချို့သော ဆေးပင်များကို သူ ပြန်သယ်သွားမှ ဖြစ်ပေမည်။ အထူးသဖြင့် ဤနေရာမှ ဆေးပင်များကို စစ်သည်တော်များပင် လာဝယ်ရသည် မဟုတ်ပါတကား။ ဤနေရာ၌ သူ လုံးဝ မထင်မှတ် ထားသည့် တစ်စုံတစ်ရာကိုပင ရှာတွေ့နိုင်လောက်သည်။

တစ်ချိန်တည်းမှာပင် စီချွမ်-တိဘက်ဒေသမှ မိသားစုကြီးများအားလုံးသည်လည်း သတင်းရထားပြီး လူတိုင်း အံ့အားသင့်နေကြသည်။

တိဘက်မြို့၏ မိုမိသားစုအိမ်။

“အဲ့ဒီ နတ်ဆေးဆရာဝိုင်ဆိုတဲ့လူက ခွေးရူးပြန် ရောဂါပိုးကို ကုသနိုင်တဲ့ ဆေးကို တကယ်ကြီး ဖန်တီးနိုင် ခဲ့တာလား”

“ငါတို့ ဒါကို မိုသခင်ကြီးဆီ သတင်းပို့မှရမယ်”

“သူက စီချွမ်-တိဘက်ဒေသမှာပဲ ရှိနေသေးပြီးတော့ အခု ထွက်သွားပေးမယ့်ပုံ မပေါ်သေးဘူး”

“သူ့ရဲ့ လှုပ်ရှားမှုတွေကို သတိထားကြည့်ကြ၊ သူ့ကို စောင့်ကြည့်ဖို့ လူလွှတ်ထား”

“မှတ်ထားကြ၊ သူ့ကို အရင် စည်းရုံးဖို့ ကြိုးစားပြီး သူ့တုံ့ပြန်ပုံကိုကြည့်၊ အဲ့ဒါက အလုပ်မဖြစ်ရင် သူ့ကို သတ်”

စီချွမ်မြို့၏ စုမိသားစုအိမ်တော်၌။

အိမ်တော်သည် တောင်တန်းများဖြင့် ဝန်းရံထားပြီး သစ်ပင်များစွာရှိသည့် ကြီးမားသော ခြံဝန်း ရှိလေသည်။

သစ်ပင်များကြားနှင့် အိမ်ခြံဝန်းကြား၌ လူလုပ်ထားသည့် ကြီးမားသော လမ်းတစ်ခု ရှိသည်။ ခြံဝန်းအပြင်ဘက် ကားပါးကင်၌ အမျိုးမျိုးသော တန်ဖိုးကြီးကားများနှင့် ပြည့်နှက်နေ၏။

ခြံဝင်းအတွင်း၌ လူအုပ်ကြီး ရှိနေပြီး လူငယ် အမျိုးသားနှင့် အမျိုးသားများစွာ ရှိနေကာ တစ်စုံတစ်ရာကို ဆွေးနွေးရန် စုဝေးနေကြခြင်း ဖြစ်သည်။

“တရုတ်နိုင်ငံမှာ ပေါ်ထွက်လာတဲ့ အံ့ဩစရာကောင်းတဲ့ ပါရမီရှင် ဆရာဝန် နတ်ဆေးဆရာဝိုင်အကြောင်း ကြားပြီးပြီလား”

“ငါ သူ့ကိုသိတာ နည်းနည်းကြာပြီ၊ သူ့ရဲ့ အံ့ဩစရာကောင်းတဲ့ ဆေးပညာအပြင် ဆေးဖော်တဲ့ နေရာမှာလဲ တော်တော် အရည်အချင်းရှိတာပဲ၊ ဒါက ကြောက်ဖို့ကောင်းတယ်”

လူတစ်ယောက်က ပြောလာသည်။

ဆရာဝန်တစ်ယောက်၏ ဆေးပညာ အရည်အချင်းက မည်မျှ မြင့်မားနေပါစေ ကုသနိုင်သည့် လူအရေအတွက်က အကန့်အသတ်နှင့် ဖြစ်သည်။ ထို့အတူ သူ ရှာနိုင်သည့် ပိုက်ဆံ ပမာဏကလည်း အကန့်အသတ်နှင့်ပင်။ ဆေးဝါး ဖန်တီးနိုင်သည့် အရည်အချင်းနှင့်ဆိုလျင် ဆရာဝန်တစ်ယောက် ရနိုင်သည့် ပိုက်ဆံက နောက်တစ်ဆင့်သို့ ရောက်သွားလေပြီ။

စုမိသားစု၏ ကျော်ကြားမှုသည် ဆေးအမျိုးအစားအားလုံးကို ထုတ်လုပ်နိုင်သည့် အစွမ်းအစမှ လာခြင်း ဖြစ်သည်။ ဆေးများ ရောင်းချခြင်းမှ ရရှိသည့် အမြတ်တစ်ခုတည်းကပင် တစ်နှစ်ကို သန်းရာချီ ရှိလေသည်။

“ခွေးရူးပြန် ရောဂါအတွက် ဆေးဖန်တီးနိုင်တာကြောင့် ငါ အံ့ဩမိတယ်၊ သူ ရနိုင်မယ့် အမြတ်က … မတွေးရဲစရာပဲ”

“ဟုတ်တယ်၊ အဲ့ဒါကြောင့် မဟုတ်ဘူးဆိုရင် စုသခင်ကြီးက ဖြစ်နိုင်ချေရှိတဲ့ တန်ပြန်ရေး အစီအစဉ်တွေကို ဆွေးနွေးဖို့ အရေးပေါ် အစည်းအဝေး ခေါ်မှာ မဟုတ်ဘူး၊ နတ်ဆေးဆရာဝိုင် စီချွမ်-တိဘက် ဒေသက ထွက်မသွားခင် သူနဲ့ ပူးပေါင်းမှု သဘောတူညီချက် ရဖို့ ကြိုးစားနေတယ်လို့ ငါ ကြားတယ်”

“ငါတို့ စုမိသားစုသာ နတ်ဆေးဆရာဝိုင်နဲ့ ပူးပေါင်းနိုင်မယ်ဆိုရင် ငါတို့ အဆင့်အတန်းက မြင့်တက်ဖို့ပဲ ရှိတယ်”

လူတစ်ယောက်က အခိုင်အမာ ပြောလာသည်။

“ငါတို့ သဘောတူညီချက် မရခဲ့ရင်ရော”

တစ်စုံတစ်ယောက်က ရုတ်တရက် ပြန်မေးလာသည်။

ပတ်ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ်သွားပြီး အချင်းချင်း ပြန်ကြည့်လာသည်။ သဘောတူညီမှု မရပါက ဘာတွေ ဖြစ်လာမလဲ ဆိုသည်ကို လူတိုင်း မပြောဘဲ သိနေကြသည်။ သူက သူတို့၏ ပိုင်နက်ထဲ၌ ရှိနေသည် မဟုတ်ပါလား။

နတ်ဆေးဆရာဝိုင်က ဤနေရာသို့ တစ်ကိုယ်တည်း လာခဲ့သဖြင့် သူ့အတွက် အိမ်ပြန်ရန် ခက်ပေလိမ့်မည်။

“ငါ့မှာ ဓာတ်ပုံ ရှိတယ်၊ စုသခင်ကြီးက လူတိုင်း ပုံကိုကြည့်ပြီး စိတ်ထဲ စွဲနေအောင် မှတ်ထားစေချင်တာ၊ အဲ့လိုနည်းနဲ့မှ မင်းတို့ သူနဲ့ လမ်းမှာ ကြုံခဲ့ရင် မှတ်မိဖို့လွယ်မှာ”

တစ်စုံတစ်ယောက်က ဓာတ်ပုံတစ်ပုံကို ထုတ်လာ၏။

ဓာတ်ပုံထဲမှ လူနှစ်ယောက်က mask တပ်ထားသော်လည်း သူမတူသည့် ခန္ဓာကိုယ် အချိုးအစားနှင့် ဟန်ပန် ရှိသည်။ ၎င်းတို့က မျက်စိထဲ၌ ထင်းနေပြီး သတိထားမိရန် မခက်ချေ။

“သူတို့ပါလား”

လူအုပ်ထဲမှ မိန်းမပျိုလေးတစ်ယောက်က တအံ့တဩ ရေရွတ်လာသည်။

All Chapters