← Chapters

အသေဖမ်းထောင်ချောက်

Vol. 65 Ch. 962

အသေဖမ်းထောင်ချောက်

Vol. 65 Ch. 962

ကျင့်ကြံသူများက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေသည်။

သူက မူလနတ္ထိတစ်ယောက်ကိုခြိမ်းခြောက်နေတာလား...

ယဲ့ထျန်းချန်နှင့် ပကတိအရှင်ဖန်းလန်ကို ဆက်တိုက်သတ်ဖြတ်ပြီးနောက် ဆူဇီမို၏တိုက်ခိုက်ရည်ခွန်အားက လက်ရှိနိုးထဝိညာဥ်ပြိုင်စံရှားများထက် ကျော်လွန်နေလေပြီ။

သို့သော် ယခုအခါ ​ဆူဇီမိုသည် ဗုဒ္ဓဂိုဏ်းများမှ မူလနတ္ထိတစ်ယောက်ကို ထိုကဲ့သို့သောလေသံဖြင့် ပြောဆိုခြင်းသည် လူတိုင်းကို တုန်လှုပ်သွားစေလေသည်။

“ဆူဇီမိုက တော်တော်လေးမောက်မာလွန်းရာမကျဘူးလား.. သူက မူလနတ္ထိတစ်ယောက်ကို တကယ်ကြီး ခြိမ်းခြောက်နေတာပဲ...”

“သူက ပြိုင်စံရှားနှစ်ယောက်ကို ဆက်တိုက်သတ်ဖြတ်ပြီးတော့ မာန်တက်သွားတာဖြစ်ရမယ်.. သူက သူ့ကိုယ်သူ အထင်ကြီးလွန်းနေပြီ”

“ဆူဇီမိုရဲ့ တိုက်ခိုက်ရည်ခွန်အားနဲ့ဆို သူက အဆင့်ကြီးတစ်ဆင့်ကျော်ပြီးတော့ မူလနတ္ထိတာအိုသက်ရှိတွေကို သေချာပေါက်စိန်ခေါ်နိုင်မှာပဲ... ဒါပေမယ့်လို့ အဲ့ဒါက ပုံသဏ္ဍာန်မဲ့ကျောင်းတော်က အရိုက်အရာဆက်ခံသူလေ... သူက သာမန်မူလနတ္ထိတစ်ယောက်မှ မဟုတ်တာ”

“သူက အခုလေးတင် တိုက်ပွဲကြီးနှစ်ပွဲတိုက်ခိုက်ထားပီးတော့ သူရဲ့သက်လုံအားနဲ့ မနောခွန်အားက တော်တော်လေး ကုန်ခမ်းနေမှာပဲ... သူက ဒီလိုမျိုးအချိန်မှာ မူလနတ္ထိတစ်ယောက်ကို ရန်သွားစရဲတယ်ဆိုတာ တစ်ကယ့်ကိုအရှက်ကွဲခံချင်နေတာပဲ”

ဘုန်း...

မြေပြင်ကလှုပ်ခါသွားလေသည်။

လူတိုင်းက သံသယဝင်နေဆဲမှာပင် ဆူဇီမိုက တိုက်ခိုက်လိုက်ပြီဖြစ်လေသည်။

သူက မူလနတ္ထိတစ်ယောက်ကို ခြိမ်းခြောက်နေရုံမျှမဟုတ်ပဲ တိုက်ရိုက်တိုက်ခိုက်လိုက်ပြီဖြစ်လေသည်။

ဆူဇီမို၏ခြေထောက်က မြေပြင်ပေါ်သို့ ဆင်းသက်သွားပြီး သူက ရှေ့သို့ခုန်တက်လိုက်လေသည်။ အသံလှိုင်းတစ်ခုက သူ၏နောက်မှာကျန်ရစ်ခဲ့ပြီး သူက ကိုယ်တော်ရွှမ်မင်းရှေ့သို့ တစ်ခဏတွင်း ရောက်ရှိသွားခဲ့လေသည်။

“စလိုက်ကြတာပေါ့....”

ဆူဇီမိုက သူ၏လက်ဝါးကို လှုပ်ခါပြီး အပေါ်စီးကနေ အုပ်မိုးလာသော ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုနှင့်အတူ ကိုယ်တော်ရွှမ်မင်း၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်လေသည်။

“အတင့်ရဲလိုက်တာ...”

“နောက်ပြန်ဆုတ်စမ်း..”

ဗုဒ္ဓကျောင်းတော် ၆ ကျောင်းတွင် အလယ်ပိုင်းတိုက်ရှိ ကျောင်းတော် ၃ ကျောင်းက ဤနေရာသို့ရောက်ရှိလာခဲ့ပြီး အတူတကွရပ်နေကြလေသည်။

ကိုယ်တော်ရွှမ်မင်းက တိုက်ခိုက်ခံနေရသည်ကို မြင်သောအခါ လှိုဏ်ခေါင်းကျောင်းတော်နှင့် ပညာဉာဏ်အလင်းကျောင်းတော်မှာ မူလနတ္ထိများသည် တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ အော်ဟစ်၍ တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ကြလေသည်။

“လှိုဏ်ခေါင်းလက်ညိုး...”

“ဉာဏ်အလင်းလက်ဝါး...”

အဲ့ဒီမှာ လက်ညိုးတိုက်ခိုက်မှုတစ်ခုနှင့် လက်ဝါးရိုက်ချက်တစ်ချက်က ထွက်ပေါ်လာခဲ့လေသည်။

“ပုံသဏ္ဍာန်မဲ့ဓမ္မချိပ်စည်း...”

ကိုယ်တော်ရွှမ်မင်းက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်လေသည်။ သူက အလောတကြီးရှိမနေပဲ လက်နှစ်ဖက်နှင့်အတူ ဓမ္မချိပ်စည်းတစ်ခုကို ဆင့်ခေါ်ကာ ဆူဇီမိုဆီသို့ ပစ်ထုတ်လိုက်လေသည်။

မူလနတ္ထိကိုယ်တော် ၃ ပါးက ကြောက်စရာကောင်းသော ခွန်အားများ၊ မြောက်မြားစွာသော ဓမ္မစွမ်းအားများနှင့်အတူ တစ်ချိန်တည်းမှာ ခုခံတိုက်ခိုက်လိုက်လေသည်။ အဲ့ဒါက ကြောက်စရာကောင်းသည့် မြင်ကွင်းတစ်ခုဖြစ်လေသည်။

“ဟီဟီး... ဆူဇီမိုက သေချင်လို့ ပြဿနာသွားရှာတာပဲ... သူက ဘယ်သူ့ကိုမှ အပြစ်သွားတင်လို့မရဘူး”

“သူက မူလနတ္ထိတစ်ယောက်ကို အရင်ဆုံးစပြီးတိုက်ခိုက်ရဲတယ်ဆိုတော့... ဟီးဟီး သူက သူ့ကိုယ်သူအထင်ကြီးလွန်းနေတာပဲ... ဒီကမ္ဘာမှာ သူ့ကိုယှဥ်နိုင်တဲ့လူ တစ်ယောက်မှ မရှိတော့ဘူးလို့ ထင်နေတာလား”

“မူလနတ္ထိ ၃ ယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်လာလိမ်မယ်လို့ သူဟာသူတောင် ထင်ထားချင်မှထင်ထားမှာ..”

တစ်ချို့ကခေါင်းခါလိုက်ကြပြီး တစ်ချို့က လှောင်ရယ်လိုက်ကြလေသည်။ တစ်ချို့က အူမြူးအားရနေပြီး တစ်ချို့က စိုးရိမ်ပူပန်နေကြလေသည်။

“ဆရာ... ဆရာက ဘာကိုစောင့်နေတာလဲ...”

လမ့်ရိုက တာအိုအရှင်လန်ယွဲ့ဘက်သို့လှည့်ပြီး ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်လေသည်။

တာအိုအရှင်လန်ယွဲ့၏ အကြည့်က တဖျပ်ဖျပ်ဖြစ်သွားလေသည်။ သူမက သူမ၏ လက်ကိုမြှောက်တော့မည့်ဆဲဆဲမှာပင် ခဏမျှစဥ်းစားပြီးနောက် သူမ၏မျက်လုံးကို ပြန်ပိတ်လိုက်လေသည်။ နောက်ဆုံးမှာတော့ သူမက လက်ရှောင်ဖို့ဆုံးဖြတ်လိုက်လေသည်။

မူလနတ္ထိ ၃ ယောက်က ဆူဇီမိုကို ပူးပေါင်း၍ တိုက်ခိုက်နေခြင်းကို တာအိုအရှင်လန်ယွဲ့က မသိမသာသဘောတူလိုက်သည်ဟု ဆိုလိုလေသည်။

တာအိုသက်ရှိယွီတင်းက ဗုဒ္ဓကျောင်းတော်များနှင့် အတော်လှမ်းလှမ်းမှာရှိနေပြီး သူက ဝင်ရောက်ကူညီဖို့အတွက် နောက်ကျလွန်းသွားလေပြီ။

ထိုစဥ်မှာပင် တိုက်ပွဲနယ်မြေတွင် အခြေအနေတစ်ခုက ပြောင်းလဲသွားခဲ့လေသည်။

မလှမ်းမကမ်းကနေ တိုက်ပွဲကို စောင့်ကြည့်နေသော မိုးကြိုးလေပြည်နန်းတော်မှ တာအိုသက်ရှိချီကိုင်နှင့်အတူ ကစဉ့်ကလျားအမြုတေဂိုဏ်း ၊ ဓားဂိုဏ်း ၊ ငရဲမီးစံအိမ်နှင့် ကောင်းကင်ဇင်ယော်ဂိုဏ်းမှ မူလနတ္ထိများသည် တစ်ယောက်ပြီးတစ်ယောက် ထရပ်လာကြလေသည်။

မူလနတ္ထိများက အေးစက်စက်အမူအရာများနှင့်အတူ တိတ်ဆိတ်ငြိမ်သက်နေပြီး သူတို့၏နှာရောင်များမှ အလင်းတန်းများက ပစ်လွှင့်ထွက်ပေါ်လာလေသည်။

ရုတ်တရက် အလွန်တရာကြောက်စရာကောင်းသည့် စိတ်ဝိညာဥ်အသိစိတ်များသည် လေထဲတွင် ဆေဘာများ ၊ ဓားများနှင့် လှံများအဖြစ်စုဖွဲ့ပြီး ဆူဇီမိုဆီသို့ ပစ်ဝင်သွားလေသည်။

ချက်ချင်းပင် လေဟာနယ်က တုန်ခါလာပြီး ဝဲဂယက်လှိုင်းများက တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာလေသည်။

“ဟား.....”

ထိုသည်ကိုမြင်သောအခါ လူအုပ်ကြီး၏ အမူအရာများက ပြောင်းလဲသွားကြလေသည်။

မူလနတ္ထိ ၅ ယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြလေသည်။ ဒါ့အပြင် သူတို့က ဆူဇီမိုနားသို့ကပ်၍ အကဲစမ်းခြင်း သို့မဟုတ် ဓမ္မပညာရပ်များကို အသုံးပြုခြင်း လုံးဝမရှိကြပေ။

ထိုအစား သူတို့က အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကို ချက်ချင်းထုတ်ဖော်လိုက်ကြလေသည်။

အသေဖမ်းထောင်ချောက်....

မူလနတ္ထိများက နိုးထဝိညာဥ်တစ်ယောက်ကို ရင်ဆိုင်ဖို့အတွက် သူတို့၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကို အသုံးပြုလာကြလေသည်။

ဒါ့အပြင် မူလနတ္ထိ ၅ ယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ခြင်းဖြစ်လေသည်။

အဲ့ဒါသည် ဆူဇီမိုကို ရှင်သန်ဖို့ သို့မဟု​တ် ခုခံတိုက်ခိုက်ဖို့ မည်သည့်အခွင့်အရေးမှ မပေးခြင်းနှင့်တူလေသည်။

သူတို့က သူ့ကိုသေစေချင်နေလေသည်။

အဲ့ဒါက အသေဖမ်းထောင်ချောက်တစ်ခု ဖြစ်လေသည်။

အဲ့ဒါသည် စောစောက ပကတိအရှင်ဖန်းလန် ထုတ်ဖော်ခဲ့သော စိတ်ဝိတ်ညာဥ်အသိစိတ်တိုက်ခိုက်မှုထက် များစွာပို၍ ကြောက်စရာကောင်းလေသည်။

အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုက ပကတိအရှင်ဖန်းလန်း၏ အမြုတေစိတ်ဝိညာဥ်ကို သတ်ဖြတ်ဖို့လုံလောက်လေသည်။ ယခုအခါ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ် ၅ ခုကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ခြင်းဖြစ်လေသည်။

မူလနတ္ထိ ၅ ယောက်၏ ချိန်သားကိုက်လှုပ်ရှားမှုက ပြီးပြည့်စုံနေလေသည်။

သူတို့က ဤအခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။

ယခုအချိန်တွင် ဗုဒ္ဓကျောင်းများမှ မူလနတ္ထိ ၃ ယောက်မှ ဆူဇီမိုကို တိုက်ခိုက်နေပြီး သူက ထိုအပေါ်မှာ အပြည့်အဝအာရုံစိုက်ထားရလေသည်။

အတိအကျပြောရလျှင် အဲ့ဒါက မျှော်လင့်ချက်ကင်းမဲ့သောအခြေအနေတစ်ခုဖြစ်လေသည်။

မူလနတ္ထိ ၈ ယောက်သည် နိုးထဝိညာဥ်တစ်ယောက်ကို သတ်ဖြတ်ဖို့အတွက် အတူတကွပူးပေါင်းကြခြင်းမှာ သမိုင်းတွင်ပင် တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးသော တစ်စုံတစ်ရာဖြစ်လေသည်။

နှင်းပုံတောင်ကြားမှ နတ်မိမယ်လောရွှယ်က ဒေါသထွက်သွားပြီး တုန်လှုပ်နေသော အမူအရာတစ်ခုနှင့် မတ်တတ်ထရပ်လာလေသည်။

ယခုအခါမှာတော့ သူမက အကူအညီပေးဖို့အတွက် နောက်ကျလွန်းသွားလေပြီ။

အခြေအနေအရပ်ရပ်ကို တားဆီးနိုင်းသည့်တစ်ဦးတည်းသောသူမှာ တာအိုအရှင်လန်ယွဲ့ဖြစ်လေသည်။

သို့သော်လည်း သူမက ထိုအခိုက်အတန့်တွင် သူမ၏မျက်လုံးကိုမှိတ်ထားလေသည်။

လူအုပ်ကြီးက ထိုသည်ကိုကြည့်ပြီး တိတ်ဆိတ်ငြိမ်သက်ကျသွားလေသည်။

သူက နံပါတ်တစ် ပကတိအရှင်ဆိုတော့ရော ဘာဖြစ်လဲ...

တာအိုအရှင်လန်ယွဲ့ပြောခဲ့သလိုပင် တစ်စုံတစ်ယောက်က ထက်ရှလွန်းနေလျှင် သေရဖို့လွယ်ကူလေသည်။

အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးတွင်ရပ်တည်ခဲ့သော လူသုံးယောက်သည် ယနေ့သေရတော့မည်ဆိုသောအတွေးက အတော်လေးကို ကိုးရိုးကားရားနိုင်လေသည်။

သို့သော်လည်း နှစ်တစ်ထောင်တိုင်းမှာ တစ်ကြိမ်ကျင်းပသော ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲက ထိုပြန်ဝင်စားမွန်းစတားသုံးယောက်၏ ခေါင်းချရာနေရာ ဖြစ်သွားလိမ့်မည်ဟု မည်သူက တွေးထင်ထားပါမည်နည်း။

လူတိုင်းက စိတ်ထဲကနေ ညည်းတွားရေရွတ်နေစဥ်မှာပင် မုန်တိုင်း၏အလယ်တွင်ရှိသော ဆူဇီမိုက သူ၏လက်ဝါးကို ပြန်ရုတ်သိမ်းလိုက်လေသည်။ သူ၏အကြည့်က ပင်လယ်ကဲ့သို့ နက်ရှိုင်းလာပြီး သူက ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်လာလေသည်။

သူ၏အနက်ရောင်ဆံပင်များက လေမတိုက်ပဲ တဖျပ်ဖျပ်လှုပ်ခတ်လာလေသည်။

တစ်ခဏအတွင်းမှာပင် သူ၏အနက်ရောင်ဆံပင်များကြားမှာ သွေးနီရောင်ဆံပင်များက ရောယှက်လာခဲ့လေသည်။

​ဆူဇီမို၏မျက်လုံးများကလည်း တစ်လုံးကသွေးနီရောင် တစ်လုံးကအနက်ရောင် ဖြစ်လာခဲ့လေသည်။

ဖြောက်ဖြောက်....

ဆူဇီမို၏ ခန္ဓာကိုယ်တွင်းမှ အရိုးများကျိုးကွဲသံကဲ့သို့ အသံများက ထွက်ပေါ်လာခဲ့လေသည်။

သူ၏ခန္ဓာကိုယ်က ပြန့်ကား၍ မြင့်မားလာခဲ့လေသည်။ ချောက်ချားစရာကောင်းသော ဖျက်ဆီးခြင်းအော်ရာတစ်ခုက သူ၏ခန္ဓာကိုယ်ထဲကနေ ဖြာထွက်လာလေသည်။

အဲ့ဒါက ကမ္ဘာဦးခေတ်ကနေရောက်ရှိလာသည့်အလား ရက်စက်ကြမ်းကြုတ်၍ အလွန်တရာရှေးကျနေလေသည်။ သားရဲချီများက တလိပ်လိပ်ထကြွလာပြီး အလွန်တရာအားကောင်းသည့် ကြမ်းကြုတ်ခက်ထန်မှုက နေရာတစ်ခွင် လွှမ်းခြုံသွားခဲ့လေသည်။

ဆူဇီမို၏ အဝတ်အစားများက ဆုတ်ပြဲသွားပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် နီရဲလောင်ကျွမ်းနေသော သတ္တုပြားများကဲ့သို့ သွေးနီရောင်ကြေးခွံများက ထွက်ပေါ်လာခဲ့လေသည်။

သူ၏မျက်လုံးများက ငရဲ၏ဝင်ပေါက်များကဲ့သို့ သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေလေသည်။

“ဘုရားရေ...အဲ့ဒါက ဘယ်လိုပြန်ဝင်စားမွန်းစတားပါလိမ့်..”

“ငါက ငါ့ရဲ့မျိုးဆက်သွေးကို ဘာလို့လှည့်ပတ်လို့မရတော့တာပါလိမ့်... ငါ့ရဲ့မျိုးဆက်သွေးကိုတောင် ဖိနှိမ်ထားနိုင်အောင် အဲ့ဒီလူက ဘယ်လိုမျိုး မျိုးဆက်သွေးကို ပိုင်ဆိုင်ထားတာပါလိမ့်”

“အဲ့.... အဲ့..ဒါက နဂါးတစ်ကောင်မလား...”

ကျင့်ကြံသူများသည် အကန့်သတ်မဲ့သော ကြောက်ရွံ့မှုများဖြင့် တုန်ရီလာကြလေသည်။

နတ်မိမယ်လောရွှယ် ၊ ဟန်ချိုးယွီနှင့် အခြားသူများကလည်း တဆတ်ဆတ်တုန်ယင်သွားကြလေသည်။

အသင်္ချေနယ်မြေမြို့တော်မှာတုန်းက ဆူဇီမိုသည် နဂါးတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းလဲပြီး အလွန်တရာကြောက်မက်ဖွယ်ရာကောင်းခဲ့သည်ကို သူတို့က မျက်မြင်ကိုယ်တွေ့ခဲ့ကြဖူးလေသည်။

သူ၏နဂါးအသွင်ပြောင်းမှုကြောင့်ပင် ဆူဇီမိုက နတ်ဘုရားမျိုးနွယ်ကို ကုန်စင်အောင် သတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်လေသည်။

သို့သော် ယခုအခါမှာတော့ သူတို့ရှေ့ရှိ ဆူဇီမိုသည် လွန်ခဲ့သည့်နှစ်တစ်ရာက အသင်္ချေနယ်မြေမြို့တော်တွင် နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲခဲ့သော တည်ရှိမှုထက် များစွာပို၍ ကြောက်စရာကောင်းနေလေသည်။

“သူတို့ကတော့... သေကုန်ကြတော့မှာပဲ...”

တစ်ချိန်တည်းနီးပါးမှာပင် နတ်မိမယ်လောရွှယ် ၊ ဟန်ချိုးယွီနှင့် အခြားသူများက ရေရွတ်လိုက်ကြလေသည်။

ဆူဇီမို၏ အသိစိတ်ထဲတွင် အမြုတေစိတ်ဝိညာဥ်နှစ်ခုက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့လေပြီ။

မူလနတ္ထိ ၈ ယောက်က တစ်ပြိုင်နက်တည်းမှာ တိုက်ခိုက်လိုက်ကြသောကြောင့် သူသည် အန္တရာယ်များသော ထိုအကျပ်အတည်းကနေ ခုခံတိုက်ခိုက်ဖို့အတွက် ဘာကိုမှဂရုမစိုက်နိုင်တော့ပဲ သူ၏အမြုတေစိတ်ဝိညာဥ်နှစ်ခုကို ပေါင်းစည်းလိုက်ရလေသည်။

ကစဉ့်ကလျားအမြုတေဂိုဏ်း ၊ ဓားဂိုဏ်း ၊ ကောင်းကင်ဇင်ယော်ဂိုဏ်း ၊ မိုးကြိုးလေပြည်နန်းတော်နှင့် ငရဲမီးစံအိမ်မှ မူလနတ္ထိ ၅ ယောက်၏ တိုက်ခိုက်မှုများသည် ဆူဇီမို၏ နှလုံးသားထဲရှိ သတ်ဖြတ်လိုစိတ်ကို လုံးလုံးလျားလျား နှိုးဆွမိသွားခဲ့လေပြီ။

တာအိုအရှင်လန်ယွဲ့ က မတရားမှုကို လျစ်လျူရှုထားချင်မှတော့ သူ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် ဘယ်သူကမှ အပြစ်တင်လို့ရနိုင်တော့မည် မဟုတ်ပေ။

All Chapters