← Chapters

ပကတိချေမှုန်းခြင်း

Vol. 65 Ch. 965

ပကတိချေမှုန်းခြင်း

Vol. 65 Ch. 965

“စီနီယာအစ်ကို... သတိထား...”

ဓားဂိုဏ်း၏ မူလနတ္ထိသည် ဟန်ချိုးယွီ၏ သတိပေးသံကိုကြားသောအခါ စိတ်ထဲကနေ သရော်ပြုံးလိုက်လေသည်။

သူ၏ မူပိုင်ဓမ္မလက်နက်၏ အားသာချက်နှင့် သူ့ဂိုဏ်း၏ ဓားပညာရပ်၏ စွမ်းအားအပေါ် မှီခိုပြီး သူက ကြာစေ့ ၄၅ စေ့ကို ပိတ်ဆို့တားဆီးနိုင်ခဲ့လေသည်။ စောစောက သူချိုးချေခဲ့သော အဆောင်လက်ဖွဲ့အချို့က လိုပင်မလိုအပ်ပေ။ သူက ဘာကိုဂရုစိုက်နေရဦးမှာလဲ။

ထိုသို့ သူတွေးလိုက်သည့်ခဏမှာပင် သူ၏အမူအရာက ပြောင်းလဲသွားခဲ့လေသည်။ တစ်စုံတစ်ရာက မူမမှန်ပေ။

​ကြာစေ့ ၄၅ စေ့သည် အပြင်ဘက်မှာရှိနေသော်လည်း သူတို့က အစိမ်းရောင်အလင်းများဖြင့် တောက်ပလာပြီး ထိုရောင်ခြည်အလင်းတန်းများက ဓားချီအကာအရံအလွှာနှင့် အဆောင်လက်ဖွဲ့များ၏ ခံစစ်ကိုထိုးဖောက်ကာ သူ၏အသိစိတ်ထဲသို့ ဝင်​ရောက်သွားခဲ့လေသည်။

ကြာစေ့များက အမြုတေစိတ်ဝိညာဥ်ဓမ္မလက်နက်များ ဖြစ်လေသည်။

ဓားအလင်းတန်းနှင့် အဆောင်လက်ဖွဲ့များက ကြာစေ့များ၏ပင်မကိုယ်ထည်ကို ပိတ်ဆို့တားဆီးနိုင်သော်လည်း သူတို့ကနေ ထုတ်ဖော်လိုက်သော စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုများ၏ သတ်ဖြတ်ခြင်းစွမ်းအားကို ပိတ်ဆို့တားဆီးနိုင်ခြင်းမရှိပေ။

ဓားဂိုဏ်း၏ မူလနတ္ထိက အဲ့ဒါကိုသတိထားမိချိန်တွင် နောက်ကျသွားခဲ့လေပြီ။

ဖောက်.. ဖောက်....ဖောက်...

ရောင်ခြည်တန်း ၄၅ ခုက သူ၏အသိစိတ်ထဲသို့ ဝင်ရောက်သွားပြီး သူ၏အမြုတေစိတ်ဝိညာဥ်ကို စကာပေါက်ဖြစ်အောင် ထိုးဖောက်လိုက်လေသည်။

ချွမ်....

သူ့ဓားက လွတ်ကျသွားပြီး အဆောင်လက်ဖွဲ့များ၏ ခံစစ်ကလည်း ပျက်ပြယ်သွားလေသည်။

ဓားဂိုဏ်းမှ မူလနတ္ထိ၏ မျက်လုံးများသည် ဦးတည်ချက်ကင်းမဲ့သွားပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမှ ရှိမနေပေ။ သို့သော်လည်း သူ၏ကိုယ်တွင်းတွင် အသက်ဓာတ်က ကုန်ဆုံးသွားပြီး မြေပြင်ပေါ်သို့ ပြိုလဲကျသွားလေသည်။

အဲ့ဒါက အမြုတေစိတ်ဝိညာဥ်ကို ပစ်မှတ်ထားသော သတ်ဖြတ်ကွက်တစ်ကွက် ဖြစ်လေသည်။

သူက အပေါ်ယံမှာ မည်သည့်ဒဏ်ရာမှ မရှိသော်လည်း သူ၏အမြုတေစိတ်ဝိညာဥ်က ပျက်သုန်းသွားခဲ့လေပြီ။

များစွာသောဓားကျင့်ကြံသူများသည် သူတို့ဘက်မှ မူလနတ္ထိတာအိုသက်ရှိတစ်ယောက် ကျဆုံးသွားသည်ကို မြင်သောအခါ ကြီးမားစွာ တုန်လှုပ်သွားပြီး ဖြူဖပ်ဖြူရော်မျက်နှာများနှင့် နောက်ဆုတ်လိုက်ကြလေသည်။

ဟန်ချိုးယွီတစ်ယောက်တည်းသာလျှင် တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုနှင့်အတူ ရှေ့ဆုံးမှာ ရပ်နေပြီး လေးတွဲစွာဖြင့် သက်ပြင်းချလိုက်လေသည်။

တစ်နည်းတစ်ဖုံအားဖြင့် သူက ကံကောင်းခဲ့လေသည်။

သူသည် ဆူဇီမို၏နည်းလမ်းများကို အရင်က တွေ့မြင်ခဲ့ဖူးလေသည်။

အဲ့ဒါကြောင့် သူသည် ကြောက်ရွံ့နေပြီး ထိုလူကို တစ်ဖန်ထပ်၍ စိန်ခေါ်ရဲခြင်းမရှိပေ။

သို့သော်လည်း များစွာသောလူများက အဲ့ဒါကို အရင်က တွေ့မြင်ဖူးခြင်းမရှိပေ။

အဲ့ဒါကြောင့် သူတို့သည် ထိုပြန်ဝင်စားမွန်းစတားကို သတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့ကြခြင်း ဖြစ်လေသည်။

သို့သော်လည်း ဤပြန်ဝင်စားမွန်းစတား၏ ခြေထောက်အောက်တွင် အလောင်းတွေဘယ်လောက်များများ ပုံထပ်နေခဲ့သလဲဆိုတာ သူတို့ထဲ မည်သူကမှ တွေ့မြင်ခဲ့ဖူးခြင်းမရှိပေ။

ထိုအလောင်းများသည် သူတို့အသက်ရှင်စဥ်က ဘယ်သူကများ ပြိုင်စံရှားမဟုတ်လို့လဲ။

သူနှင့် ကိုယ်တိုင်တိုက်ခိုက်ဖလှယ်ဖူးခြင်း မရှိလျှင် မွန်းကျပ်ဖွယ်ရာကောင်းသော ကြောက်ရွံမှုကို သူတို့ထဲမည်သူကမှ ခံစားမိလိမ့်မည်မဟုတ်ပေ။

ဟန်ချိုးယွီသည် အဲ့ဒါကို ဆက်လက်၍ တွေ့ကြုံခံစားလိုခြင်း မရှိတော့ပေ။

သူသည်သက်ပြင်းချပြီး မူလနတ္ထိ၏အလောင်းကို သိမ်းဆည်းလိုက်လေသည်။

သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ သူ့ကို ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်ပေးဖို့ပင်။ အဲ့ဒါက သူလုပ်နိုင်သမျှအကုန်ပင်။

တိုက်ပွဲနယ်မြေတွင်....

ဖြစ်စဥ်တစ်ခုလုံးက ရှည်ကြာသည်ဟု ထင်ရသော်လည်း တကယ်တော့ တစ်ခဏအတွင်းမှာ ဖြစ်ပျက်ခဲ့ခြင်းပင်။

မူလနတ္ထိနှစ်ယောက်က သေဆုံးသွားခြင်းနှင့်အတူ ဆူဇီမို၏ ဒေဝဓိတာအိုမီးသည် ငရဲမီးစံအိမ်မှ မူလနတ္ထိ၏ ရှေ့သို့ ရောက်ရှိလာခဲ့လေပြီ။

သူက ခဏမျှ တွေဝေတုံ့ဆိုင်းနေလေသည်။

ဆူဇီမိုက တာအိုမီးတစ်ခု ဆင့်ခေါ်ထုတ်ပြီး သူ့ကိုတိုက်ခိုက်လိုက်သည်ကိုမြင်သောအခါ သူ၏ပထမဆုံးတုံ့ပြန်မှုမှာ အထင်အမြင်သေးခြင်းပင်။ သူသည် ဆူဇီမို၏ ကိုယ်ကာယနှင့် အနီးကပ်တိုက်ခိုက်ရည်ကို ကြောက်ရွံ့သော်လည်း အခြားသောနည်းလမ်းများကိုတော့ သူက ကြောက်ရွံ့ခြင်းမရှိပေ။

ဘာပဲပြောပြော သူတို့အကြား အမြုတေစိတ်ဝိညာဥ်များနှင့် ဓမ္မစွမ်းအားများက အဆင့်ကြီးတစ်ဆင့် ကွာဟနေလေသည်။ ထိုကွာဟချက်ကို ဖာထေးနိုင်စရာအကြောင်းမရှိပေ။

အဲ့ဒါကြောင့် သူက ဓမ္မအတတ်တစ်ခုကို ဆင့်ခေါ်ထုတ်ပြီး ငရဲမီးနှင့်အတူ ခုခံတိုက်ခိုက်ဖို့ ပြင်ဆင်လိုက်လေသည်။

သို့သော်လည်း မကြာမီ ကစဉ့်ကလျားအမြုတေဂိုဏ်းနှင့် ဓားဂိုဏ်းမှ မူလနတ္ထိနှစ်ယောက် ကျဆုံးသွားရသည်ကို သူကတွေ့မြင်လိုက်ရလေသည်။ အဲ့ဒါက သူ့ကို တုန်လှုပ်သွားစေပြီး ထွက်ပြေးချင်လုနီးပါးပင်။

သိပ်မကြာမီ သူက သူ့ကိုယ်သူ တည်ငြိမ်စေလိုက်လေသည်။

ကစဉ့်ကလျားအမြုတေဂိုဏ်းနှင့် ဓားဂိုဏ်းမှ မူလနတ္ထိနှစ်ယောက်၏ သေဆုံးမှုသည် အဓိကအားဖြင့် ဖန်တီးခြင်းကြာပဒုမ္မာ၏ စွမ်းအားကြောင့် ဖြစ်လေသည်။

သို့သော် ယခုအခါမှာတော့ သူက ဤမီးဒြပ်စင်ဓမ္မအတတ်ကို ကြောက်ရွံ့နေစရာအကြောင်းမရှိပေ။ ဒါ့အပြင် သူသည် လူတိုင်း၏ရှေ့မှောက်မှာ သူ၏ဓမ္မအတတ်ကို ဆင့်ခေါ်ထားခဲ့ပြီဖြစ်လေသည်။ သူက အခုချိန်မှာလှည့်ထွက်ပြေးမည်ဆိုလျှင် လူတိုင်း၏ ဟားတိုက်စရာ ဖြစ်လာပေလိမ့်မည်။

ထိုသို့အတွေးဖြင့် သူသည် သူ့ဘဝ၏ အဆိုးဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့လေသည်။

အဲ့ဒါက သူဘဝ၏ နောက်ဆုံး ဆုံးဖြတ်ချက်လည်းဖြစ်ပေသည်။

“အရေးမပါတဲ့ လှည့်ကွက်လေးတွေနဲ့ ငါ့ကိုလာပြီး ခြိမ်းခြောက်ရဲတယ်ပေါ့လေ...”

ငရဲမီးစံအိမ်၏ မူလနတ္ထိက လှောင်ရယ်လိုက်ပြီး သူ၏လက်နှစ်ဖက်ဖြင့် ငရဲမီးလုံးတစ်လုံးကို ဆင့်ခေါ်လိုက်လေသည်။ အဲ့ဒါက မကောင်းဆိုးဝါးဆန်၍ အေးစက်နေသော အော်ရာတစ်ခုကို ထုတ်ပေးနေပြီး ဝင်ရောက်လာသော တာအိုမီးဆီသို့ ပြေးဝင်သွားလေသည်။

အဲ့ဒီမှာ လူတိုင်းမျှော်လင့်ထားသလို ကြီးမားပြင်းထန်သည့် ထိတွေ့ရိုက်ခတ်မှု မရှိပေ။

ရှဲ.....

ချက်ချင်းနီးပါးပင် သူ၏ငရဲမီးသည် အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို တွေ့ကြုံလိုက်ရသည့်အလား ငြိမ်း​သေသွားခဲ့လေသည်။

ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်နှစ်ခုကို ပေါင်းစည်းပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဥ်သည် မည်သည့်မူလနတ္ထိထက်မှ အားနည်းခြင်းမရှိပဲ ပို၍ပင် သန်မာ​လေသည်။

ဗုဒ္ဓတာအိုမီးတစ်ခုတည်းကပင် ငရဲမီးကို ဖိနှိမ်ဖို့လုံလောက်လေသည်။ ဒါ့အပြင် အဲ့ဒါက အင်မော်တယ်တာအိုမီးနှင့် ဗုဒ္ဓတာအိုမီးကို အတူတကွပေါင်းစည်းထားသော ဒေဝဓိတာအိုမီးဖြစ်လေသည်။

အဲ့ဒါက ဖိနှိမ်ခြင်းပင် ဖြစ်လေသည်။

ရွှစ်....

ငရဲမီးစံအိမ်မှ မူလနတ္ထိ၏မျက်လုံးများက ပြူးကျယ်နေစဥ်မှာ နှစ်ရောင်စပ်တာအိုမီးက လေထုကိုဖြတ်ကျော်ပြီး မီးတောက်များနှင့်အတူ သူ့ကိုလွှမ်းခြုံလာခဲ့လေသည်။

“အား....”

မီးတောက်များကြားမှ ချောက်ချားစရာကောင်းသော စူးစူးရှရှအော်သံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

အသက်ရှုချိန်အနည်းငယ်အတွင်း ထိုအော်သံက ပျောက်ကွယ်သွားခဲ့လေသည်။

မီးတောက်များက တဖြည်းဖြည်းငြိမ်း​သေသွားပြီး ဖုန်မှုန့်များက လွင့်ပျံသွားလေသည်။

အဲ့ဒီမှာ ငရဲမီးစံအိမ်မှ မူလနတ္ထိ၏ အငွေ့အသက်တချို့သာလျှင် ကျန်ရှိခဲ့လေသည်။

ဒေဝဓိတာအိုမီး၏စွမ်းအားက ကြောက်စရာကောင်းလွန်းပြီး မူလနတ္ထိတစ်ယောက်ကို ပြာအဖြစ်သို့ လောင်ကျွမ်းသွားစေခဲ့လေသည်။

တစ်ခဏအတွင်းမှာပင် မူလနတ္ထိ ၅ ယောက်ထဲမှ ၃ ယောက်က သေဆုံးသွားခဲ့လေပြီ။ ဖြစ်စဥ်တစ်ခုလုံးက အရမ်းကိုတိုတောင်းပြီး ဆူဇီမိုက တာအိုသက်ရှိချီကိုင်နှင့် ကောင်းကင်ဇင်ယော်ဂိုဏ်းမှ မူလနတ္ထိရှေ့သို့ ရောက်ရှိလာခဲ့လေပြီ။ သူက တိုက်ခိုက်လိုက်သည့်ခဏမှာပင် သူတို့နှစ်ယောက်စလုံးအပေါ်ကို လွှမ်းခြုံလာခဲ့လေသည်။

သူတို့နှစ်ယောက်က ခဏမျှတောင့်ခံဖို့အတွက် ပူးပေါင်းတိုက်ခိုက်မည်ဟု ပြင်ဆင်နေစဥ်မှာပင် မူလနတ္ထိ ၃ ယောက်က သေဆုံးသွားခဲ့လေပြီ။ ထိုမြင်ကွင်းက သူတို့နှစ်ယောက်ကို ကြီးမားစွာ တုန်လှုပ်သွားစေခဲ့လေသည်။ သူတို့က မတိုက်ခိုက်ခင်မှာပင် သူတို့သည် အနီးကပ်တိုက်ခိုက်ရည်မှာ ဆူဇီမိုကို ယှဥ်နိုင်ခြင်းမရှိဘူးဆိုသည်မှာ သေချာသွားလေသည်။

ယခုအချိန်တွင် သူတို့နှစ်ယောက်သည် ဆူဇီမိုနှင့် လက်မအနည်းငယ်သာ ကွာဝေးတော့လေသည်။ အဲ့ဒါက သေမင်းဂိတ်တံခါးကို ခြေလှမ်းဝက်ဝင်နေခြင်းနှင့်တူလေသည်။

“အား....”

ကောင်းကင်ဇင်ယော်ဂိုဏ်း၏ မူလနတ္ထိက ဟိန်းဟောက်အော်ဟစ်လိုက်ပြီး အသေအကြေတိုက်ခိုက်ဖိုပြင်ဆင်လိုက်လေသည်။

ဆူဇီမိုက သူ၏ခေါင်းကိုအနည်းငယ်စောင်းငဲ့၍ သူ့ကိုစိုက်ကြည့်လိုက်လေသည်။

ရုတ်တရက် သူ၏ညာဘက်မျက်လုံးက ဆွတ်ဆွတ်ဖြူသွားပြီး ခပ်​ဖျော့ဖျော့အရောင်အဝါတစ်ခုကို ဖြာထွက်လာစေလေသည်။ အဲ့ဒါက အရမ်းကိုထူးဆန်းလေသည်။

ကောင်းကင်ဇင်ယော်ဂိုဏ်းမှ မူလနတ္ထိသည် ရုတ်တရက် သူ၏ရင်ထဲမှာ ဒိန်းကနဲဆောင့်တက်သွားသည်ဟု ခံစားရလေသည်။

သူက မတုံ့ပြန်နိုင်ခင်မှာပင် ဆူဇီမို၏ ညာဘက်မျက်လုံးမှ ကျိန်းစပ်နေသော အလင်းတန်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး ချစ်ချစ်တောက်ပူလောင်သော အော်ရာတစ်ခုနှင့်အတူ သူ၏ဦးခေါင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။

သူက ဆူဇီမို၏ အနီးကပ်တိုက်ခိုက်မှုများကို ခုခံကာကွယ်ရန် သူ၏စွမ်းအားများအားလုံးကို စုစည်းထားစဥ်မှာ ထိုကဲ့သို့သော တိုက်ခိုက်မှုဖြင့် ရင်ဆိုင်ရလိမ့်မည်ဟု မျှော်လင့်မထားမိပေ။

ဖောက်...

ကောင်းကင်ဇင်ယော်ဂိုဏ်းမှ မူလနတ္ထိသည် တောက်လောင်နေသော အလင်းတန်း၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကပါ ပျက်စီးသွားခဲ့လေပြီ။ သူက သည့်ထက်ပိုပြီး မသေနိုင်တော့ပေ။

နောက်ထပ်လူတစ်ယောက်က မီးပဒေသာနဂါးမျက်လုံးကြောင့် သေဆုံးသွားခဲ့ရလေပြီ။

တစ်ခဏအတွင်းမှာပင် တာအိုသက်ရှိ ချီကိုင်တစ်ယောက်တည်းသာလျှင် ကျန်ရစ်ခဲ့လေတော့သည်။

ဆူဇီမို၏ လက်ဝါးက သူ၏ဦးခေါင်းထက်ကနေ ဆင်းသက်လာနေပြီး သူ့ဘေးရှိ ကောင်းကင်ဇင်ယော်ဂိုဏ်းမှ မူလနတ္ထိက သေဆုံးသွားသည်ကို ခံစားမိသောအခါ သူက လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခဲ့လေသည်။

သူ့မှာ ကီလိုဂရမ်ငါးရာ ခွန်အားရှိမည်ဆိုလျှင်တောင် ထိုအခိုက်အတန့်၌ သူက မည်သည့်သတ္တိကိုမှ စုစည်းလို့မရတော့ပေ။

တာအိုသက်ရှိချီကိုင်၏စိတ်သည် ဗလာကျင်းသွားပြီး သူကဤနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်ဖို့သာ ဆန္ဒရှိတော့လေသည်။ သူ၏မျက်လုံးများက ထိတ်လန့်ချောက်ချားမှုဖြင့် ပြည့်နှက်လာပြီး အလိုလိုအော်ဟစ်လိုက်လေသည်။

“ပကတိအရှင်... ကျေးဇူးပြုပြီး ကျုပ်ကိုချမ်းသာပေးပါလား...”

ဆူဇီမိုနှင့် ရင်ဆိုင်ရချိန်တွင် သူက လိပ်ပြာလွင့်မတက် ကြောက်လန့်သွားခဲ့လေပြီ။

ရွှစ်....

လောကကိုပင် ဖျက်ဆီးနိုင်သည်ဟုထင်ရသော လက်ဝါးက ရုတ်တရက် ရပ်တန့်သွားလေသည်။

အဲ့ဒါက သူ၏ဦးခေါင်းပေါ်မှာ မလှုပ်မယှက် ရပ်တန့်နေလေသည်။

ကျင့်ကြံသူများသည် ထိုသည်ကိုမြင်သောအခါ မမျှော်မှန်းနိုင်သော တုန်လှုပ်မှုတစ်ခုကို ခံစားလိုက်ရလေသည်။

အဲ့ဒါက ကောင်းကင်ဇင်ယော်ဂိုဏ်း၏ မူလနတ္ထိတစ်ယောက် ဖြစ်လေသည်။

သူက နိုးထဝိညာဥ်တစ်ယောက်၏ လက်ဝါးအောက်မှာ အသက်ချမ်းသာပေးဖို့အတွက် အသနားခံတောင်းပန်နေရ​လေသည်။

ဆူဇီမိုသည် မှင်သေသေအမူအရာတစ်ခုနှင့်အတူ ထိုသူကို တိတ်တဆိတ်ကြည့်ရင်း သူ၏နှုတ်ခမ်းက အနည်းငယ် ကွေးညွတ်သွားလေသည်။ သူက လှောင်ပြောင်သရော်မှုလိုသောပုံစံဖြင့် မေးလိုက်လေသည်။

“မင်းကို ချမ်းသာပေးရမှာလား...”

တာအိုသက်ရှိချီကိုင်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူက ခေါင်းကို ထပ်တလဲလဲ ညိတ်လိုက်ပြလေသည်။

ဆူဇီမိုထံမှ ဖြာထွက်လာသော သတ်ဖြတ်လိုစိတ်နှင့် ကမ္ဘာဦးခေတ်ကနေ ဆင်းသက်လာသည်ထင်ရသော မျိုးဆက်သွေးကို ခံစားမိသောအခါ သူ၏နှုတ်ခမ်းက တဆတ်ဆတ်တုန်ယင်လာပြီး ဆက်လက်၍ စကားမပြောဆိုနိုင်တော့ပေ။

“အဲ့ဒါက နောက်ကျလွန်းသွားပြီ”

ဆူဇီမိုက သက်ပြင်းချ၍ ရိုက်ချလိုက်လေသည်။

ဖြောင်း...

တာအိုသက်ရှိချီကိုင်၏ အမူအရာက အေးခဲသွားပြီး သူ၏မျက်လုံးများက ပြူးကျယ်သွားလေသည်။ သူ၏မျက်နှာပေါ်တွင် သွေးစီးကြောင်းများက ထွက်ပေါ်လာခဲ့လေသည်။

ထိုလက်ဝါးရိုက်ချက်ဖြင့် သူ၏ဦးခေါင်းက ကြေမွသွားခဲ့လေပြီ။

သူ၏အမြုတေစိတ်ဝိညာဥ်ကပါ ကြေမွသွားပြီး နေရာမှာပင်သေဆုံးသွားလေတော့သည်။

တစ်ခဏအတွင်းမှာပင် မူလနတ္ထိ ၅ ယောက်လုံးက တစ်ယောက်မကျန် သုတ်သင်ခြင်းခံလိုက်ရလေသည်။

All Chapters